Tuesday, September 6, 2022

ဝူဟန်ဒိုင်ယာရီ (တော်ကောင်းမင်း)

 đŸ“•#ဝူဟန်ဒိုင်ယာရီ 📕 #တော်ကောင်းမင်း 

Fang Fangက ကပ်ရောဂါကြီး စဖြစ်တဲ့အချိန်ကစပြီး အာဏာပိုင်တွေပေါ့လျော့ခဲ့တာတွေ ၊အာဏာပိုင်တွေက သတင်းထိန်ချန်၊ သတင်းအမှောင်ဖုံးထားတာတွေ ၊တာဝန်မဲ့ခဲ့တာတွေကိုဝူဟန် ၃မြို့ Lock downချခဲ့ရတဲ့ ရက် ၆၀ ကာလအတွင်း သူ  မြင်သမျှ တွေ့သမျှ ၊သတိထားမိသမျှ အတွေးတွေနဲ့ ပတ်ဝန်းကျင်က လူတွေခံစားနေရတာတွေ ၊ဝူဟန်ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို စာဖတ်သူပါ မြင်ရအောင် ရေးပြထားသလိုပါပဲ။ ။


Fang Fang ဟာ မိဘတွေနဲ့ ၂နှစ်သမီးအရွယ် နန်ကင်း ကနေ ရောက်လာပြီးကတည်း ဝူဟန်မှာ နေလာတာ နှစ်ပေါင်း၆၀ ကျော်ရှိတာကြောင့် သူမ ဒီဝူဟန်မြို့ကို ဘယ်လောက်သံယောဇဉ်ကြီးတယ် ၊ဒီမြို့ရဲ့ ကံကြမ္မာ ကို ဘယ်လောက်စိုးရိမ်သလဲဆိုတာ သူ့ ဒိုင်ယာရီကို ဖတ်ကြည့်ရင် ပေါ်လွင်ပါတယ် ။ 


Fang Fang ဟာတနေ့တနေ့ သေဆုံးသူတွေ သူနဲ့ 

နီးလာနေတယ်လို့ ခံစားရတယ် ။ အိမ်နီးချင်းရဲ့ ညီမဝမ်းကွဲဆုံးတယ် ။ အသိတစ်ယောက်ရဲ့မောင်လေးဆုံးတယ် ။ 



Fang Fangရဲ့ သူငယ်ချင်းတစ်ယောက်ဆိုရင် မိဘရော မိန်းမရော ဆုံးသွားပြီး နောက်ဆုံး သူကိုယ်တိုင်လည်း ဆုံးသွားရှာတယ် ။လူတွေ ငိုတောင် မငိုနိုင်တော့ပါဘူး။ 

မိတ်ဆွေသူငယ်ချင်းတွေ ဆုံးပါးသွားကြတာကို 

မကြုံဖူး‌လို့တော့မဟုတ် ။


ဒီတကြိမ်ကပ်ဘေး အစောပိုင်းကာလမှာ ပေါလျော့ခဲ့မှု့ကြောင့်ကူးစက်ခံရတဲ့သူတွေဟာ အသက်ဆုံးရှုံးရတာတင်မက၊ ဆေးလိုက်ရှာရင်းမျှော်လင့်ချက်ပါ မဲ့ခဲ့ရတယ်။


ကူပါ၊ကယ်ပါပြောပေမယ့် ဆေးကုပေးမယ့်သူမရှိ ၊လူနာများပြီး ကုတင်နေရာနည်းလွန်းတော့ အလျင်မမှီဖြစ်ခဲ့ရတယ် ။ 


သေဖို့စောင့်နေရုံကလွဲပြီး ဘာတက်နိုင်ဦးမလဲ။ 


ကပ်ရောဂါဟာ ထင်ထားတာထက် ကူးစက်နှုန်းမြန်ပြီး ပြင်းထန်ဆိုးရွားတယ်။ 


လျှို့ဝှက်ပြီး မာယာများတဲ့ ဒီဗိုင်းရပ်စ်ကို  အတွေ့အကြုံရင့်တဲ့ ဆရာဝန်တွေတောင် လိုက်မမှီနိုင်ဖြစ်ခဲ့ရတယ်။ တချို့လူတွေကအခြေအနေ‌ကောင်းပြီးမှ ရုတ်တရုတ် အသက်အန္တရယ်စိုးရိမ်လာကြရတာ‌တွေ ၊တချို့ကြတော့လည်း ကူးစက်ခံထားရတောင် ဘာမှ မဖြစ်ကြတာတွေ။



အစောပိုင်းကာလတွေမှာ ဗိုင်းရပ်စ်က တအားပြင်းထန်တယ် ။နောက်ပိုင်းကူးစက်ခံရတဲ့သူတွေမှာ ဗိုင်းရပ်စ်က တတိယ၊စတုတ္ထမျိုးဆက်‌ဖြစ်လာတာမို့ အားပျော့လာတယ် ။ကုသရင်လည်း ပျောက်ကင်းလာတယ် ။


အစောပိုင်းကာလ ဟူပေ၊ဝူဟန်မှာ လျန်ဟွေ့လို့ ခေါ်တဲ့ ညီလာခံတွေ ကျင်းပနေတဲ့ချိန်  အနုတ်လက္ခဏာဆောင်တဲ့ သတင်းတွေ တင်ပြခွင့်မပြုခဲ့တာရယ် ၊

လူလူချင်းမကူးစက်ပါဘူးလို့ဆိုခဲ့တာ‌တွေကြောင့် အကာအကွယ်အပြည့်အစုံ မဝတ်ခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံရပြီး  တချို့ ဆရာဝန်တွေကွယ်လွန်သွားကြတာ။ဒီကပ်ရောဂါကြောင့်ပဲ တချို့ပညာရှင်တွေ ဆုံးပါးသွားကြရတာ နှမြောစရာပါ။


နောက်ပိုင်းမှာတော့ ကာကွယ်ရေးဝတ်စုံတွေ အပြည့်အစုံ ဝတ်လာကြလို့ ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံရနှုန် နည်းပါးသွားတယ်။


သေဆုံးသူအများစုက အစောပိုင်းကာလတွေမှာ ကူးစက်ခံရသူတွေဖြစ်ပြီး ဆေးရုံလည်း တက်ခွင့်မရ ၊

ထိရောက်တဲ့ ကုသမှု့တွေလည်း မရခဲ့ကြသူတွေပါ ။


ကပ်ရောဂါ အစောပိုင်းကာလမှာ ကူးစက်ခံရပြီး သေဆုံးသွားကြရတဲ့  ဆရာဝန်တွေ၊ကျန်းမာရေးဝန်ထမ်းတွေ လည်း အများကြီးပါပဲ ။


လူ့ပယောဂကြောင့်ဖြစ်တဲ့ ကပ်ဘေး ဘယ်လောက်ဆိုးသလဲဆိုတာမိခင်သေပြီး၊အဖေရော ၊အကိုပါ ကူးစက်ခဲ့ရတဲ့ မိသားစု၊ဖခင်ဖြစ်သူ ကွာရန်တင်း ထိသွားလို့ဦးနှောက်သွက်ချာပါဒ လိုက်နေတဲ့ ကလေးငယ်တစ်ယောက်ဟာ အိမ်မှာတစ်ယောက်တည်း ၅ရက်နေခဲ့ရရှာတဲ့အခါ အစာငတ်ပြီး သေသွားရရှာတယ် ။ 


အချိန်ကြာကြီး Lock down ချခံနေရပေမယ့်

ဝူဟန်တမြို့လုံး စည်းကမ်းရှိနေဆဲပါ။ကန့်သတ်မဲ့သုံးနိုင်တဲ့ အင်တာနက်လိုင်းတွေရှိတယ်ဆိုပေမယ့် အချိန်ကြာလာတော့လည်း ငြီးငွေ့ပြီး စိတ်ရှုပ်လာကြတယ် ။


၉သန်းသော ဒုက္ခသည် ဝူဟန်ပြည်သူတွေဟာ 

အချိန်ကြာကြီး ပိတ်လှောင်ခံထားရတာ၊ 

ကိုယ်ချစ်ရတဲ့သူတွေကို လူသေအိတ်ထဲထည့်ပြီး 

ကားနဲ့ခေါ်သွားကြတာ မြင်ကြရတာ၊ 

လူနာတွေ ကိုယ့်ရှေ့မှာ တဖြုတ်ဖြုတ်သေနေတာကို

မကယ်နိုင်ပဲ ကြည့်နေခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အဝေးရောက် အိမ်ပြန်ခွင့်မရတဲ့ ဝူဟန်ပြည်သူ ၅သန်း သူတို့အားလုံးမှာလည်း  ဖိစီးမှု့နဲ့ မွန်းကျပ်မှု့တွေနဲ့ 

စိတ်ဒဏ်ရာကိုယ်စီ ရှိကြတယ်။ 


ဝူဟန်သူဝူဟန်သားတွေဟာ မြို့ထဲမှာ ပိတ်မိကြသလို အားလုံးရဲ့ အပယ်ခံ ၊ အနှိမ်ခံဖြစ် လာရတယ်။


ပညာရှင်တွေ ရောက်လာစဉ် #ဒီရောဂါဟာ_လူလူချင်း #မကူးဘူး_ကာကွယ်နိုင်တယ်_ထိန်းချုပ်နိုင်တယ်ဆိုပြီး_ပေါ့တန်တန်ပြောသွားတဲ့ မှတ်ချက်စကားတွေကို ဝူဟန်ပြည်သူတွေ မကျေနပ်ကြဘူး။


ဝူဟန်ကို ရောက် လာတဲ့ ပီကင်းကပညာရှင်တွေထဲက" လူလူချင်း မကူးပါဘူး၊ကာကွယ်နိုင်တယ်၊ထိန်းချုပ်နိုင်တယ်" ပြောခဲ့တဲ့ပညာရှင် ဒေါက်တာဝမ်ကွမ်ဖား တစ်ယောက်လည်း ကိုယ်တိုင် ကူးစက်ခံလိုက်ရတယ်။

 â€Œ


နောက်ပိုင်းမှာ ဒီရောဂါဟာ လူလူချင်းကူးစက်နိုင်တယ်ဆိုတာ သိလာကြပေမယ့် ဘယ်သူမှ ကျယ်ကျယ်မ‌ပြောရဲခဲ့ကြဘူး ။ဘာလို့လဲဆိုတော့ ပြောခွင့်မပြုခဲ့လို့။ 


အဲ့ဒါကြောင့်လည်း ဒေါက်တာလီဝန်လျန်သေဆုံးသွားတဲ့အချိန်မှာ ဝူဟန်ပြည်သူတွေ ဒေါသထွက်ခဲ့ကြတယ်။ အဖြစ်မှန်ကိုပြောခဲ့ အသိပေးခဲ့တဲ့ လီဝန်လျန်ကတော့ အရေးယူအပြစ်ပေးခံရပြီး ဗိုင်းရပ်စ်ကြောင့်ပဲ သေဆုံးသွားခဲ့ရတယ်။သေသွားတဲ့အထိတောင်

ဘယ်သူမှ သူ့ကို မတောင်းပန်သေးဘူး။   


ဒေါက်တာလီဝန်လျန်ရဲ့ နောက်ဆုံးခရီးကို ကား၈စီးနဲ့လိုက်ပို့ကြတယ် ။၈ဆိုတဲ့ ဂဏန်းဟာ သတိပေးဆုံးမခံရတဲ့ လီဝန်လျန်တို့ ၈ယောက်ကို ကိုယ်စားပြုတယ် ။ အားလုံးဆို့နင့်ပြီး မျက်ရည်ဝဲနေကြတယ် ။


အာဏာပိုင်တွေကဒေါက်တာလီဝန်လျန်ကို သတိပေးပြီးက‌တည်းက ဒီအကြောင်းနဲ့ ပတ်သတ်တာတွေကို  ကျန်းမာရေးဝန်ထမ်းအချင်းချင်းလည်းမပြောရဘူး ၊ဓာတ်ပုံမှတ်တမ်းအနေနဲ့ သိမ်းဆည်းထားတာတွေလည်း မလုပ်ရဘူး တားမြစ်ထားတော့ ဒီရောဂါနဲ့ ပတ်သတ်ပြီး  ဆေးရုံကို လာကုတဲ့ လူနာတွေကိုလည်း ပြောခွင့်မရ ၊ #ရေငုံနှုတ်ပိတ်ထိန်ချန်ထားခဲ့ကြရတယ် ။‌


အဲ့လိုထိန်ချန်မှု့တွေကြောင့်ပဲ နောက်ဆုံးကျန်းမာရေးဝန်ထမ်းတွေ အများကြီး ကူးစက်ခံရတယ် ။ 


အဓိက အဆိုးဝါးဆုံးက ဟွာနန် ပင်လယ်စာဈေးရဲ့

ဘေးက ဗဟိုဆေးရုံကြီး ။အဲ့ဆေးရုံဟာ ဗိုင်းရပ်စ်ရှိတဲ့ လူနာတွေကို စတင်ကုသပေးတဲ့ ဆေးရုံ ။


ဆေးရုံတွေမှာရော ဝူဟန်ပြည်သူတွေ သေမင်း နဲ့ အသက်လုနေရတဲ့အချိန်မှာတောင်အထက်ကိုဖော်လံဖားလုပ်ချင်တဲ့ စာရေးဆရာတွေ ..


ဘောလီဘောအပုတ်ကောင်းတဲ့ တာဝန်ရှိသူတွေ ..


ဒီလောက်ကြီးတဲ့ ကိစ္စမို့ အစိုးရက သတင်းအမှောင်

မချလောက်ပါဘူးလို့ ထင်မိခဲ့တာတွေ ။


အမှန်စကားကိုပြောရဲတဲ့ မီဒီယာတွေကမရှိသလောက်၊

ဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကို စုံစမ်းနေကြတဲ့ တချို့ သ‌တင်းထောက်တွေ ၊

သတင်းလွတ်လပ်ခွင့်မရှိတဲ့ အကြောင်းတွေ ၊


Fang Fangရဲ့ အကောင့်တွေ ခဏခဏ ပိတ်ခံရတာ။ လိုင်းပေါ်မှ တင်သမျှ ဖျက်ချခံရတာတွေများလာတော့ Fang Fangတို့ အတွက်တော့ မဆန်းတော့ပဲ 

ဒီအကွက်တွေ ရိုးအီလာပါပြီ။

တချို့ဟာတွေ တပုဒ်ရေး တပုဒ်ဖျက်ချခံနေရပေမယ့် Fang Fang ကတော့ ဆက်ရေးနေတုန်းပါပဲ ။ 


ဗဟိုကအရာရှိကြီးတဦးက ရပ်ကွက်တခုကိုသွားစစ်ဆေးတယ်တဲ့ ။အဲ့မှာ တိုက်ပေါ်က ပြောရဲတဲ့ သံမဏိလူသားတချို့ က"အင်တွေ ...အင်တွေ "လို့အော်ကြလို့ အဲ့ အရာရှိဟာ တဝက်တပျက်ပဲ စစ်ဆေးပြီး ပြန်သွားတယ်တဲ့ ။ 


လူကြီးလာစစ်တဲ့ နေရာတိုင်းမှာ အင်ထုတဲ့ "ဟန်ပြဝါဒီ" တွေ သူတို့ဆီ မှာလည်း ရှိကြတာပဲကိုးလို့ သိလိုက်ရတယ်။


ဒီကာလမှာ အတော့်ကို ပင်ပန်းတဲ့အောက်ခြေ‌ ရဲတွေရဲ့ဘဝ။ ရဲတွေလည်းရာနဲ့ချီ ကူးစက်ခံရတယ်လို့ ဆိုတယ်။


တချို့ လူနာတွေ အပေါ်ထပ်ကနေ အောက်ကို လုံးဝမဆင်းနိုင်တဲ့အချိန်တွေမှာ ရဲတွေက ကုန်းပိုးပြီး သယ်ချပေးရတာ။တစ်ယောက်ဆို ကုန်းပိုးသယ်ချပြီး အောက်ထပ်ရောက်မှ  သေသွားလို့ ရဲလည်း ငိုခဲ့ရတယ် ။


ကူးစက်ခံနိုင်ရတဲ့ အန္တရယ်ကို အမှု့မထားပဲ တာဝန်ထမ်းဆောင်နေကြရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ၊လမ်းတွေပေါ်မှာ ပြေးလွှားလှုပ်ရှား‌ပြီး ဝန်ဆောင်မှု့အမျိုးမျိုးပေးနေတဲ့ စေတနာ့ ဝန်ထမ်းတွေ ။


နောက်ပိုင်းlock downကာလကြာလာတဲ့အချိန်မှာ အစားအသောက်ပြဿနာအတွက် ရပ်ကွက်တွေမှာ ဈေးဝယ်အဖွဲ့တွေ ဖွဲ့ပြီး ဖြေရှင်းကြတာတွေ ။


ဖေဖော်ဝါရီ ၁၀မှာတော့ ဟူပေပြည်နယ်ကို 

တခြားပြည်နယ်တွေက ကျန်းမာရေးဝန်ထမ်းတွေ

လာရောက်အကူအညီပေးကြတယ် ။


ဒီဗိုင်းရပ်စ်ကို ကုတဲ့နေရာမှာ တရုပ်တိုင်း‌ရင်းဆေးရဲ့ အရေးပါပုံ ....


နှာခေါင်းစည်း ဝယ်ရခက်တာ၊ ပြတ်လပ်တာ၊

နှစ်သစ်ကူးမှာ ဝက်သားနေရာကို အစားထိုးပြီး 

အဝယ်အလိုက်ဆုံး ပစ္စည်းဖြစ်လာပုံ။


ကူးစက်ခံရသူ၊သေဆုံးသူတွေ စာရင်းဟာ အာဏာပိုင်တွေ  ထုတ်ပြန်တဲ့စာရင်းနဲ့ ကွာခြားမှု့ရှိတာ‌တွေ ။


#အစောပိုင်းမှာနှောင့်နှေးကြန့်ကြာခဲ့တာတွေကြောင့် ဗိုင်းရပ်စ်ပိုး ပိုပျံ့နှံ့လာခဲ့တာ။


သီးသန့်ခွဲခြားထားတဲ့ နည်းလမ်းတွေ မမှန်လို့ 

ကူးစက်မှု့ပိုပြင်းထန်လာတာ ။


ဆေးရုံတွေမှာ အရင်းအမြတ်‌တွေပြတ်လပ်ပြီး ကျန်းမာရေးဝန်းထမ်းတွေပါ ဖျားနာလဲကျကုန်လို့ 

ကုသပေးမှု့ နှောင့်နှေးသွားခဲ့တာ။


Fang FangရေးထားတာကJan 25 ။  ။

#ဝူဟန်lockdown_ချမယ့်_ရှေ့တစ်ညမှာ_လူနှစ်သိန်း #ကိုးသောင်း_ကိုးထောင်_ဝူဟန်က_ထွက်ခွာ။ 


ရောဂါဖြစ်စ အစောပိုင်းမှာ ပေါ့လျော့မှု့တွေ အများကြီးရှိခဲ့ပေမယ့် နောက်ပိုင်း lock downကာလမှာ ရပ်ကွက်တိုင်းရဲ့ #တင်းကြပ်တဲ့_LockDown_အစီအမံ တွေကိုလည်း မြင်ရမယ်။


ဒီစာအုပ်ကို ဖတ်ပြီး  ခပ်စွာစွာ ၊ ထက်ထက်မြက်မြက် ၊  ဒိုးဒိုးဒေါက်ဒေါက် နဲ့  ပြောရဲဆိုရဲ ၊သတ္တိရှိရှိရေးရဲတဲ့ အသက်၆၀ကျော် Fang Fangကို သဘောကျတယ်။


အစပိုင်းမှာ ဇာတ်ရှိန်မတက်သေးပေမယ့် နောက်ပိုင်းမှာ စိတ်ဝင်စားစရာ အချက်အလက်တွေနဲ့ ဖတ်ရတာ တော်တော်သွက်လာပါတယ် ။


မူရင်းကို မဖတ်ဖူးပေမယ့် ဘာသာပြန်တဲ့

#ဆရာတော်ကောင်းမင်း ရဲ့ အရေးအသားတွေ ၊စကေးတွေ ၊အသုံးအနှုန်းတွေကို သိပ်သဘောကျမိတယ် ။


#ဆရာတော်ကောင်းမင်း ရဲ့ အရေးအသားကောင်းချက်က ဘာသာပြန် ဖတ်နေရတယ်လို့ မခံစားရပဲ

အသက်၆၀ကျော် အဒေါ်ကြီး ရေးတဲ့ ဒိုင်ယာရီကို တိုက်ရိုက်ဖတ်နေရသလိုပါပဲ ။    ။


P.S. ကိုယ်စဥ်းစားနေတာတော့  ဒီလောက်တင်းတင်းကြပ်ကြပ် lock downချထားရက်နဲ့ virusက တခြားနိုင်ငံတွေကို ဘယ်လိုပျံ့သွားသလဲ ဆိုတာပဲ ...


📕ဝူဟန်ဒိုင်ယာရီ📕

#Book_Review_by Hnin Yi Pwint

June 16, 2020

A_River_In_Darkness_by_Masaji_Ishikawa #အမှောင်ထုထဲကမြစ်တစင်း_မိုးရှင်း(I.M.T)

 #A_River_In_Darkness_by_Masaji_Ishikawa

#အမှောင်ထုထဲကမြစ်တစင်း_မိုးရှင်း(I.M.T)


Tokyo မြို့ရဲ့တောင်ဘက် Mizonokuchi မြို့မှာ

ကိုရီးယားဖခင်နဲ့ ဂျပန်မိခင်ဖြစ်သူကနေ 

မွေးဖွားလာသူက Masaji Ishikawa ။Masaji မှာ

Eiko ၊Hifumi နဲ့ Masako ဆိုတဲ့ ညီမ ၃ယောက်ရှိတယ်။ 


ဂျပန်မှာသူတို့မိသားစုဟာ ဆင်းရဲတာကြောင့် Masajiတို့ မောင်နှမတွေဟာ ဆွေမျိုးတွေဆီမှာ 

ခွဲနေရတယ် ။


ဒုတိယကမ္ဘာစစ်မှာ ဂျပန်စစ်ရှုံးပြီးတဲ့နောက် ကိုရီးယားလူမျိုး ၂.၄သန်းဟာ ဂျပန်မှာ သောင်တင်ကျန်ခဲ့တယ်။


#Masaji ရဲ့ အဖေဟာ စာမတက်၊ အရက်သမားကြမ်းကြမ်းရမ်းရမ်းကြီးပေါ့၊ အရက်တွေသောက်တယ် ၊ သိမ့်မွေ့နူးညံ့တဲ့ မိန်းမဖြစ်ကိုလည်း ရန်ရှာတယ် ၊နှိပ်စက်တယ် ၊  ဒီကြားထဲ မယားငယ်ကိုလည်း 

အိမ်ပေါ်ခေါ်တင်‌ခဲ့သေးတယ်။ 

Masajiရဲ့မောင်နှမတွေ နှိပ်စက်ခံရတယ် ။


ဂျပန်မှာ Masajiဟာ ကိုရီးယားကျောင်း တက်ခဲ့ရ

တယ် ။အဲ့ဒီမှာကတည်းက ကင်အီဆွန်းအကြောင်း ဘုန်းတော်ဖွဲ့‌တွေ ခေါင်းထဲကို စနစ်တကျ ရိုက်သွင်း

ခံရတယ်။ 


အဲ့ဒီအချိန် ဂျပန်နေတဲ့ကိုရီယားလူမျိုး အများစုဟာ အောက်ခြေမှာ ဒုက္ခပင်လယ်ဝေနေကြသူတွေ ။ 


အဲ့လိုအချိန်တွေမှာ မြောက်ကိုရီးယားခေါင်းဆောင် #ကင်အီအွန်း ဟာ ဆိုရှယ်လစ် နိဗ္ဗာန်ဘုံ တည်ဆောက်နေတယ်၊ပျော်ရွှင်မှု့‌ရှိတဲ့အောင်မြေ၊ကမ္ဘာမြေပေါ်က နိဗ္ဗာန်ဘုံ စသဖြင့် ဝါဒတွေ ၊ မုသားတွေ ဖြန့်ကြတော့ မြောက်ကိုရီးယားဟာ သူတို့ကို ဒီအခြေအနေဆိုးထဲကနေ ကယ်ထုတ်ပေးမယ့် နေရာလို့ ဝါဒဖြန့်တာတွေကို ယုံကြည်လာကြတယ် ။


နိဗ္ဗာန်ဘုံဆိုတဲ့ဝါဒဖြန့်မှု့ကို ယုံကြည်ကြတာထက်၊

အမိမြေကို  ပြန်လာရင် အစိုးရက" တည်ငြိမ်တဲ့ဘဝကိုလည်း တည်ဆောက်ပေးမယ်၊ကလေးတွေကိုလည်း အဆင့်မြင့်ပညာရေး သင်ကြားစေမယ်" လို့ ကတိပြုတဲ့စကားကို ယုံကြည်မိတာလည်းပါမယ် ။


အဲ့ဒါကြောင့်လည်း 1960 မှာ Masaji တို့ မိသားစုလိုပဲ ပြောင်းလာကြတဲ့ ကျန်တဲ့ မိသားစု သိန်းကျော်

မြောက်ကိုရီးယားမှာ အရှင်လတ်လတ် ငရဲကျနေသလို ငတ်မွတ်မှု့တွေ   á€’ုကယခတွ္ ခံစားခဲ့ရတယ်။


‌‌မြောက်ကိုရီးယားအစိုးရဟာလည်း ‌ကိုရီးယားစစ်ပွဲ အပြီးမှာ နိုင်ငံပြန်လည်ထူထောင်ဖို့ လုပ်သားတွေ အများကြီးလိုအပ်နေတဲ့အချိန် ၊ ဂျပန်အစိုးရရဲ့ အားပေးမှု့တွေရော၊ ဂျပန်ရောက်ကိုရီးယားသမ္မဂ္ဂရဲ့ ဖိအားပေမှု့တွေကြောင့်ပါ ၊ Masaji တို့မိသားစုနဲ့ အတူ ၊

ကိုရီယားလူမျိုး ၁သိန်းနဲ့ ဂျပန်လူမျိုး ထောင်ကျော်၊ မြောက်ကိုရီးယားကိုပြောင်းရွှေ့ခဲ့ကြတယ် ။


သူတို့ကို ဝါဒမှိုင်းတိုက်ခဲ့တဲ့ ကမ္ဘာမြေပေါ်က 

နိဗ္ဗာန်ဘုံဆိုတဲ့ နေရာကို စခြေချမိတဲ့ အချိန်ကစပြီး

အဆိုးဝါးဆုံး‌တွေ ရင်ဆိုင်ရတော့တာပါပဲ ။


Masaji ၁၃နှစ်အရွယ် ကမ္ဘာ့အဆိုးအဝါးဆုံး နိဗ္ဗာန်ဘုံကို စရောက်တဲ့အချိန်မှာ ပထမဆုံးစားရတာက အနံ့ဆိုးပြီး မွှန်ထူနေတဲ့ ခွေးသား ၊ဗိုက်ဆာတော့လည်း နှာခေါင်းပိတ်ပြီး စားခဲ့ရတာပါပဲ ။ #မြောက် မှာက

ခွေးမွေးခွင့်မရှိဘူး ၊ခွေးတွေ့ရင် သတ်စားကြတာ ။


ဆက်ဖတ်ရင် မြောက်ကိုရီးယားရဲ့ နေထိုင်မှု့စနစ်တွေ ဘယ်လောက်ဆိုးရွားသလဲ ဆိုတာ မြင်ရမယ် ။


#မြောက် မှာ အတွေးတောင် လွတ်လွတ်လပ်လပ်တွေးခွင့်မရှိဘူး။ အပိုစကားတွေပြောမိရင် တောင်တွေထူထပ်တဲ့ဆီ အလုပ်ကြမ်းလုပ်ဖို့ပို့ခံရနိုင်သလို ၊နိုင်ငံရေးအကျဉ်းသားတွေအတွက် ဆောက်ထားတဲ့ ချွေးတပ်စခန်းလည်း ပို့ခံရနိုင်တယ် ၊နှိပ်စက်ခံရမယ် ၊ ကံမကောင်းရင် ၊အသတ်ခံရမယ် ။


ကျောင်းတွေမှာ အတက်ပညာထက်၊ ဘုရားသခင်အလား စွမ်းအားကြီးမားတဲ့ ခေါင်းဆောင် ကင်အီဆွန်းပြုလုပ်ခဲ့တဲ့ ပြောင်းလဲမှု့ကြီးတွေ ၊သင်ရတယ် ။ 

ဝါဒမှိုင်းတွေ သွင်းကြတယ် ။‌


မြောက်ကိုရီးယား လူငယ် အများစုက ငယ်ငယ်ကတည်းက #အစဉ်အဆက်ဝါဒမှိုင်းတိုက်ခံကြရသူတွေ၊လူ့အခွင့်အရေးဆိုတာ နားမလည်၊ရှာဖွေ ဖတ်ရှု့စရာ သတင်းအချက်အလက်‌တွေမရှိတဲ့အတွက်  ကိုယ့်နိုင်ငံနဲ့ သူများနိုင်ငံ ဘယ်လိုတွေ ကွာခြားသလဲဆိုတာလည်းမနှိုင်းယှဉ်နိုင်၊အစိုးရပြောသမျှ ယုံကြရတယ် ။



အာဏာရှင် အုပ်ချုပ်တဲ့နိုင်ငံမှာ ဘယ်လောက်တောင် ကပြောင်းကပြန် တလွဲတွေ ဖြစ်ရသလဲဆိုရင်...


ကျေးကျွန်ဘဝကို  ➡️ လွတ်လပ်ခြင်း တဲ့

ဖိနှိပ်ခြင်းကို ➡️လွတ်မြောက်ခြင်း တဲ့

ဖိနှိပ်အုပ်ချုပ်တဲ့နိုင်ငံကို➡️ဒီမိုကရက်တစ်ပြည်သူသမ္မတနိုင်ငံ တဲ့ ။


Masaji ဟာငယ်ပေမယ့် ဂျပန်မှာနေလာသူဖြစ်လာတာကြောင့် မြောက်အစိုးရရဲ့ မှိုင်းတိုက်တာတွေ သိတယ် ။ ဒါပေမယ့် သူတို့ပြောတဲ့အတိုင်းလက်မခံရင် အသတ်ခံရမှာပဲ။


ပြည်သူတွေရဲ့ ဘဝဟာ ခက်ခဲကြမ်းတမ်းနေတယ်၊အစားအစာတွေ ရှားပါးလို့ ပိန်ချုံးကြနေတာတောင် ကိုယ့်အတွက်ကိုယ် ဆိုတာ စဉ်းစားခွင့်မရှိတဲ့တိုင်းပြည် ။ ကိုယ့်အတွက် ကိုယ် စဉ်းစားမယ်ဆိုရင် ပြစ်ဒဏ်ကတော့သေဒဏ်ပဲ ။


ဘယ်လောက်တောင် ဆိုးဝါးတဲ့ တိုင်းပြည်လဲ။


စပါးစိုက်တာက အစ သူတို့နည်းလမ်းမှ အမှန်၊

#တလွဲနည်းလမ်းတွေနဲ့ စိုက်ကြရတော့ #စပါးမအောင် သီးနှံ မဖြစ်ထွန်း ၊နောက်ဆုံးကတော့ ပြည်သူတွေ 

ငတ်ပေါ့ ။


မြောက်ကိုရီးယား ပြည်သူတွေ ခံစားနေရတဲ့ 

ငတ်မွတ်မှု့တွေ။အစာရေစာဘယ်လောက်ငတ်ပြတ်သလဲဆိုရင်သွေးသွင်းဌာနမှာ သွေးသွားရောင်းရတယ်။  ရတဲ့ပိုက်ဆံနဲ့မှ ဆန်အိတ်ဝယ်စားရတယ်။


မြောက်ကိုရီးယားကျောင်းတွေမှာ ငယ်ငယ်တုန်းကဘာတွေ သင်ခဲ့ရသလဲဆိုရင်  တောင်ကိုရီးယားက 

လူတွေဟာ သူများပစ္စည်းတွေကိုခိုးလိုက် ၊

သူတို့သွေးတွေကို ရောင်းလိုက်နဲ့ အသက်ရှင်နေရတာတဲ့ ။ တကယ်တော့ ပြောင်းပြန် ။ အဲ့ဒါတွေက 

မြောက်ကိုရီးယားမှာ ဖြစ်ပျက်နေတာတွေ ။


တနေ့ Masaji တို့နေတဲ့ရွာလေးကို Kim Chan Bonရဲ့စစ်သားတွေက နယ်စောင့်တပ် ဆိုပြီး စခန်းချရောက်လာတဲ့အချိန် ၊ ရွာကလူတွေ စောင့်ရှောက်ထားတဲ့ တိရစ္ဆာန်တွေကို ခိုးပြီး သတ်စားတယ် ။ 

ရွာရဲ့ စားနပ်ရိက္ခာတွေကို ခိုးတယ် ၊ အမျိုးသမီးတွေကို လက်ထပ်မယ်ဆိုပြီး ကာမလိမ်လည်ယူကြတယ် ။ ရွာသားတွေကိုလည်း သူတို့ကျွန်လိုဆက်ဆံတယ် ။


Masaji အသက်၂၃မှာ အမြင်အာရုံချို့ယွင်းနေတဲ့ Lee He Sukuဆိုတဲ့ မိန်းကလေးနဲ့ အိမ်ထောင်ပြုဖြစ်သွားတယ် ။ကလေးက ယောကျာ်းလေး Ho-Chol ။

Masaji တစ်ယောက် သားလေးအသက် မသေဖို့ ရုန်းကန်နေရတယ် ။ 


Masajiရဲ့ အမေဟာလည်း အသက်၄၇နှစ်အရွယ်မှာ ဆုံးတယ် ။ အရွယ်နဲ့မလိုက်အောင် အိုမင်း‌နေတယ် ။ ဆုံးသွားတဲ့အချိန်မှာတောင် အဖာတရာအပေါက်အပြဲတွေနဲ့ဘောင်းဘီ စုတ်ပြတ်သတ်နေတဲ့ ဘဝနဲ့ သေရတယ် ။


 

မြောက်ကိုရီးယားကို ရောက်တဲ့အချိန်ကစပြီး

ဇိမ်ခံပစ္စည်း သုံးရဖို့ အဝေးကြီး၊ ငတ်ငတ်ပြတ်ပြတ်နဲ့ သူတောင်းစားတစ်ယောက်ရဲ့ ဘဝနဲ့ မခြား ရှင်သန်ခဲ့ရတယ်။


ဒုက္ခတွေချည်းခါးစည်းခံနေရတော့ သူရှင်သန်ရတဲ့ ဘဝကမျှော်လင့်ချက်မရှိ၊  အသက်ရှင်နေရတာ အဓိပ္ပာယ်မရှိသလို ။သူ သတ်သေဖို့တောင် ကြိုးစားခဲ့တယ် ။


1994ကင်အီဆွန်း ဖန်တီးထားတဲ့ ကမ္ဘာမြေပေါ်က နိဗ္ဗာန်ဘုံ ဆိုတာကြီးမှာ #Masaji တစ်ယောက် 

မသေရုံတမယ်  တိရစ္ဆာန်သာသာဆက်ဆံခံလာရတာ  #အနှစ်၃ဝကျော် ခဲ့ပြီပေါ့ ။အဖေ သေ၊ အမေသေ၊ မောင်နှမတွေ တကွဲတပြားစီဖြစ်ခဲ့ရတယ် ။


နောက်ဆုံး အရိုးပေါ်အရေတင် မခံနိုင်တဲ့အဆုံးမှာ နယ်စပ်ကိုဖြတ်ဖို့ ကြံတယ် ။


စာမျက်နှာ ၂၂၂‌ကစပြီး Masajiရဲ့ #ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားနေတဲ့ #စွန့်စားခန်း၊ 

Yalu မြစ်ကို ဖြတ်ပြီး တဖက်နိုင်ငံထဲရောက်တဲ့အထိ ဘာတွေ ဆက်ကြုံရမလဲကို ရင်တထိတ်ထိတ်နဲ့ စဖတ်ရလိမ့်မယ် ။


ဒီစာအုပ်ကိုဖတ်မယ်ဆိုရင်မြောက်ကိုရီးယားမှာ 

ပြည်သူတွေ အဓိက ကြုံနေရတဲ့  အငတ်ဘေးဒုက္ခဘယ်လောက်ကြီးသလဲဆိုတာ မြင်ရမယ် ။ 


ကိုယ်တွေလူမျိုးက ဒီမှာ ထမင်းကို ဝဝလင်လင်စားနေရလို့ စာအုပ်ထဲ #မြောက်ပြည်သူတွေငတ်တာ ပြတ်တာ ဖတ်ရဖတ်တဲ့အချိန်မှာ ဒီစာအုပ်က ဘာမှမဟုတ် ပေါ‌ပေါ့ပဲလို့ တွေးမိသူ‌တွေ ရှိပါလိမ့်မယ် ။ #ကိုယ်တိုင်ငတ်မှနေ့တိုင်း_သူတို့ကြုံတွေ့နေရတဲ့_အငတ်ဘေး ဒုက္ခ ဘယ်လောက်ကြီးသလဲ #စာနာ နိုင်မှာပါ ။


#Masaji တစ်ယောက်ငရဲတွင်းမှာ #၃၆နှစ်တာ 

မသေရုံတမယ် ရှင်သန်ခဲ့ရတယ်။ငရဲတွင်းနဲ့တူတဲ့ မြောက်ကိုးရီးယား ။


အာဏာရှင်ဆိုတာ အာဏာအတွက်  အစဉ်အဆက် ပြည်သူတွေကို အသုံးချခဲ့တယ် ။ ဝါဒတွေ အယုံသွင်း၊ မှိုင်းတိုက်ခဲ့တာတွေ သိရမယ် ။


ဖတ်ကြည့်ပါ ။ ရင်ထဲ တခုခုတော့ ကျန်ခဲ့ရမှာပါ ။


P.S. ဒီစာအုပ်ကို ဖတ်မိတော့ အရင်‌နေ့ကဖတ်တဲ့

First They Killed My Father စာအုပ်ကို သတိရမိတယ်။ အာဏာရှင်တွေ လက်နက်အားကိုးနဲ့  ပြည်သူတွေကိုဝါဒမှိုင်းတွေထည့်တာ၊ငတ်တာပြတ်တာ 

အဲ့စာအုပ်၂အုပ်က အဖြစ်အပျက်တွေနဲ့  တူတယ် ။


ဒါပေမယ့် အခု Masajiရဲ့ ဘဝထက် .....

First They Killed My Father စာအုပ်ထဲက Loung Ung 

ကြုံရတဲ့ ဘဝက ပိုခါးသီးတယ်၊ ဇာတ်ပိုနာတယ် ။


ဒါပေမယ့်လည်း ဖတ်ကြည့်ပါ ။ 

မတူတဲ့ ခံစားမှု့ တခုရမှာပါ ။


#Book_Review_by Hnin Yi Pwint

June 20.2020

Marnie by Winston Graham ဘာသာပြန်က မာနီ - (တင်မောင်မြင့်)

 1961 မှာ စထုတ်တဲ့Marnie by Winston Graham ဘာသာပြန်က မာနီ - (တင်မောင်မြင့်)


Movieက 1964...ဒါရိုက်တာ က Alfred Hitchcock ၊

JamesBondမင်းသားSean Connery  နှင့်

မင်းသမီးTippi Herdran....


Movie Link 🎬 No Subtitle 🎬

https://dai.ly/x26u6n2


https://youtu.be/9i6TfHDXLqs


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑

📝📝 #မာနီ  ဇာတ်လမ်းအကျဉ်း 📝📝


မာဂရက်/အများခေါ် မာနီ/ မော်လီဂျက်ဖရီ ၊

မစ္စစ်အယ်လ်မာ/မာရီယံဟော်လန်/ ပဂ္ဂနီကိုလ်ဆင် /

မစ္စမေရီတေလာ...စတဲ့

 

နာမည်‌ပေါင်းများစွာ ပြောင်းပြီး ကုမ္မဏီတွေမှာ စာရင်းကိုင်၊ ငွေကိုင် ရာထူးနဲ့ အလုပ်ဝင်၊ကျင်လည်နေသည့် ငွေပဲ ခိုးတဲ့ သူခိုးမလေး #Marnie မာနီ...


ခိုးရာပါငွေနဲ့ ခြေတရွတ်တိုက်ဆွဲနေတဲ့ မိခင်ကြီးကို ထောက်ပံ့နေတဲ့ မာနီ။


ငွေ နဲ့ သင်္ချာပညာကို ကျွမ်းကျင်တဲ့ မာနီ...


ငွေကိုင် ၊စာရင်းကိုင် ဝင်လုပ်တယ် ၊ပြောင်းတဲ့ ကုမ္မဏီတိုင်းမှာ ယုံကြည်မှု့ရှိအောင် အချိန်တခုထိ လုပ်တယ်။


သူ ဝင် အလုပ်လုပ်တဲ့နေရာတိုင်းကနေ  ပိုက်ဆံ #ဘတ် ပြီးရတာနဲ့ အလုပ်တခု ကနေ နောက်တခုကို သေသေသပ်သပ်နဲ့ ခြေရာဖျောက်တက်သူ Marnie ..


သက်သေခံကဒ်ပြား ၊ဘဏ်စာရင်းက အစ 

ပိပိရိရိ အကွက်ကျကျ တစ်ကိုယ်တော် လုပ်နိုင်

တဲ့ Marnie....


Marnie မှာ ဒီခိုးတဲ့အလုပ်ကို မလုပ်မရမနေနိုင်တဲ့ စိတ်ရောဂါတမျိုး ရှိနေတယ် ။


၈နှစ်သမီးလောက်ကတည်းက သူများထက် လျင်တာ ၊ချောင်ပိတ်ခံရမယ့် ကိစ္စမျိုးဆို လက်တလုံးခြား ရှောင်တက်တာ Marnie တစ်ယောက် သူ့ကိုယ်သူ သိတယ် ။


၁၀နှစ်သမီးမှာ ခိုးမှု့နဲ့ နှစ်ခါ အမိခံရဖူးတယ်။

မိသွားတာက ..မာနီ ညံ့လို့တော့ မဟုတ်၊အတူလုပ်တဲ့ ကောင်မလေး တစ်ယောက်က သတ္တိကြောင်ပြီးဖော်ကောင်လုပ်လို့ မိ သွားရတာ ။


၁၀နှစ်သမီး မှာ အတူခိုးတဲ့သူက ဖော်ကောင်လုပ်လို့ အမိခံလိုက်ရပြီးနောက်ပိုင်း Marnie တစ်ယောက် အဖော်နဲ့ မလုပ်ပဲ တစ်ကိုယ်တော် စွန့်စားခန်းတွေပဲ 

ဖွင့်တော့တယ် ။


၁၉၄၃ မာနီ့ အဖေ စစ်ပွဲမှာ ဆုံးတယ် ။ အဲ့အချိန် မာနီက ၆နှစ်သမီး ၊မာနီ့ အမေက ဒုတိယကိုယ်ဝန်ကြီးနဲ့၊ အရပ်လက်သည်နဲ့ မွေးတော့ ၊ ကလေးအဖက်မတင်၊ အဲ့အချိန်ကစပြီး မာနီရဲ့ အမေဟာ ခြေတရွတ် ဆွဲဖြစ်သွားတယ် ။


မာနီ ဟာ ပါရမီညဏ်ထက်မြတ်ပေမယ့် အခြေအနေတွေကြောင့် ၁၄ နှစ်သမီး အထိပဲ ကျောင်းနေခဲ့တယ်။


ငယ်ငယ်ကတည်းက ဘဝကို ရုန်းကန်ခဲ့ရသူ ၊

အထီးကျန်ဘဝသမား၊ ဒါပေမယ့် သူက စိတ်ဓာတ်ပြင်းထန်တယ် ။ သူငယ်ချင်းအပေါင်းအသင်းမရှိဘူး၊အထီးကျန်တယ်လို့ မထင်‌ရအောင်နေတယ် ။

 á€žá€°á€™á€ťá€Źá€¸á€™á€­á€”á€şá€¸á€€á€œá€ąá€¸á€á€˝á€ą ဒီအရွယ် ‌အပျော်အပါးမက် ၊ ယောကျာ်းတွေနဲ့ ပွေနေတဲ့ အချိန် မှာ Marnie ဟာ

ငွေပဲ စိတ်ဝင်စားတယ်။


လူတွေအတွက် ၊ တစုံတခုအတွက် စိတ်မကောင်းဖြစ်တာတွေ ၊ကရုဏာဖြစ်တာတွေမရှိတဲ့ မာနီတစ်‌ယောက် Rutland စာအုပ်ကုမ္မဏီမှာ ဝင်လုပ်ရင်းနဲ့  အလုပ်ရှင်ရဲ့ သား ဖြစ်သူ၊ မိန်းမဆုံးတာ သိပ်မကြာသေးတဲ့  မုဆိုးဖို ပူပူနွေးနွေး #Mark_Rutland နဲ့ တွေ့မှ...


#Mark_Rutland ဟာ တော်တယ် ၊ပါးနပ်တယ်။

သူ့အ‌ဖေပိုင် ကုမ္မဏီ ရတ္တလန်စာအုပ်တိုက် မှာ  မာနီက ငွေကိုင် ဝင်လုပ်ခဲ့တယ် ။


အဲ့ဒီမှာ ပိုက်ဆံ #ခိုး #ဘတ်ပြီး ခြေရာဖျောက်ခဲ့တာပဲ ။


ဒါပေမယ့် သူ့ထက်ပိုလည်တဲ့ Mark Rutlandနဲ့ တွေ့မှ ရှောင်လို့မရ ၊ Marnie ခြေရာဖျောက်သွားတဲ့ နေရာထိ  Mark Rutlandဟာ တွေ့အောင် ‌ရှာနိုင်ခဲ့တယ် ။


Mark Rutlandဟာ Marnieကို အမျိုးမျိုးစစ်မေးတယ်။ 


Marnie လိုထက်မြက်တဲ့မိန်းကလေးဟာ ဘဝကို တခြားနည်းနဲ့ ထူထောင်ဖို့ ဘာကြောင့် မစဉ်းစားသလဲပေါ့ ။ Marnie မှာလည်း မခိုးရမနေနိုင်တဲ့ စိတ်ရောဂါ ရှိတာကိုး ။


Mark Rutland ဟာ  သူ့ကုမ္မဏီက Marnie ခိုးသွားတဲ့ ပေါင်၂၂၀၀ထက် သူ့ကို အပိုင်ဖမ်းရင် ဒီထက်ပိုရနိုင်တယ်ဆိုတာ မစဉ်းစားမိဘူးလားမေးတယ်။


#Marnie----"နည်းနည်းကြောင်မလားမသိဘူး၊

ခုလိုနည်းနဲ့ ပိုက်ဆံခိုးရတာဟာ #ပိုက်ဆံအတွက်_ယောကျာ်းယူရတာထက်_ရိုးသားမှု့ရှိတယ်လို့ …" ဖြေတယ် ။


Marnie ဟာ လှတယ်၊ချောတယ် ၊ ထူးဆန်းတယ် ။


အလုပ်လုပ်တိုင်း ယောကျာ်းကိစ္စဆို  တက်နိုင်သမျှ ရှောင်တယ်။ သူ့ကိုယ်သူ မုဆိုးမ တစ်ယောက်အနေနဲ့ ပြောထားတယ် ။


Marnie စိတ်ဝင်စားတာက  ငွေခိုးမယ်၊ ဘတ်မယ် ၊လိမ်ဖို့ပဲ ။


အဲ့အချိန်ကတည်းက Mark Rutland ဟာ Marnie ကို ချစ်နေခဲ့တာ ။


Mark Rutland ဟာ သူ့ကို လက်ထပ်ဖို့ ထပ်ပြောတယ်။ Marnie မှာ ရွေးချယ်ခွင့်မရှိ ။


ခိုးမှု့နဲ့ ထောင်ထဲဝင်မလား၊လက်ထပ်မလား ။ 

ထောင်ထဲဝင်ရင်လည်း Marnie လိမ်ထားတဲ့ ကျန်တဲ့ လံကြုတ်ဇာတ်လမ်း တွေ၊ ခိုးမှု့ တွေထပ်ပေါ်မှာပဲ ။


ချစ်ဟန်ဆောင်ပြီး လက်ထပ်ခြင်းကသာ Marnie အခု ကြုံနေရတဲ့ ကျဉ်းထဲကျပ်ထဲကနေ ခံသာမယ်ပေါ့ ။


သူ့လို ခိုးတက်၊ လိမ်တက် တဲ့ မိန်းကလေးမျိုးကို တိုက်ခန်းပေး ၊  အပျော်မယားအနေနဲ့ မထားပဲ

 #Mark_Rutland တစ်ယောက် သိသိကြီးနဲ့ လက်ထပ်ယူဖို့ လုပ်တာကို Marnie ကိုယ်တိုင်ကလည်း အံဩတယ်။


#Mark_Rutland ဟာ #Marnie ကို သိပ်ချစ်မိသွားတာကိုး။ 


 #Mark_Rutland--"အချစ်ဆိုတာ သူဖြစ်ချင်သလို ဖြစ်လာတာ၊ ဘာနဲ့မှ တားမရဘူး ။"


အဲ့ဒီနောက် ဆက်ဖတ်ရင် Mark Rutland နဲ့ Marnie တို့ရဲ့ #အိပ်ရာပေါ်က_အဆင်မပြေတဲ့_အချစ်ဇာတ်လမ်းတွေ ။



Marnie ကတော့ Mark Rutland ကို မချစ်ဘူး ။

ထောင်ထဲ ထည့်မှာစိုးလို့သာ လက်ထပ်လိုက်ရတာ။


Marnie က လူတစ်မျိုး ။ သူ့ကိုယ်သူ ဘာကြောင့် ဖြစ်မှန်းမသိ တဲ့ စိတ်ရောဂါ ၊ စိတ်ဒဏ်ရာ တခုကMarnie တစ်‌ယောက် ယောကျာ်း၊ အိမ်ထောင်ရေး၊ လိင်ကိစ္စ၊  အချစ်၊ အဲ့ဒါတွေကို စိတ်ဝင်စားတာ လုံးဝမရှိဘူး ။


အဲ့လိုဖြစ်ရတာဟာ Marnie အမေ က လိင်ကိစ္စ၊ အိမ်ထောင်ရေးစက်ဆုပ်ရွံရှာ‌ဖွယ်ကောင်းကြောင်း Marnie ခေါင်းထဲကို ရိုက်သွင်းခံထားရတာကြောင့်လည်း ပါမယ် ။


ပျားရည်ဆမ်း ခရီးမှာ နှစ်ယောက် ဘာမှ အဆင်မပြေခဲ့ဘူး ။ Marnieဟာ ရေကူးရင်း ရေနှစ်သတ်သေဖို့တောင် ကြိုးစားခဲ့သေးတယ်။ Mark Rutland က လိုက်ကယ်တယ် ။


Marnie နေရာမှာ တခြားမိန်းကလေးတစ်ယောက်ဆို မိန်းကလေး တစ်ယောက်အနေနဲ့ ...

Mark Rutlandလို ပြည့်စုံပြီး သိပ်ချစ်တက်တဲ့ သူမျိုးကို ရတာ ကံကောင်းတယ်တောင် ထင်ကြဦးမှာ ။


ပျားရည်ဆမ်း ခရီးက ပြန်လာကတည်းက Mark Rutland နဲ့ Marnie တခန်းစီ ခွဲနေကြတယ်။


#Mark_Rutland က...... "Marnie ၊ကိုယ့်ကို တခုပြောပြပါလား၊ မင်း..လက်ထပ်ပြီးကတည်းက ကိုယ်နဲ့အတူမအိပ်ချင်ဘူး ဆိုတာ ရှင်းရှင်းကြီးပြနေတယ်၊ဒီကိစ္စကို အမုန်းကြီး မုန်းနေသလိုပဲ ၊ကိုယ် သိချင်တာက.. မင်း..ဒီလိင်ကိစ္စကို မုန်းတာလား၊ကိုယ့်ကို မုန်းတာလား ဆိုတာပဲ ၊တခြားတစ်ယောက်နဲ့ ဆိုရင် မင်းပျော်နိုင်မလားဟင် " ။


#Marnie---"ဟင့်အင်း၊အဲ့ဒီလို လုံးဝမဟုတ်ဘူး "။



#Marnie ---- "ကျေးဇူးတင်ပါတယ်၊ဒီအတိုင်းနေပါရစေ၊ဘာမှဖြစ်တာမှမဟုတ်ပဲ၊ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးလေ၊ တချို့က ဂီတ ကို ချစ်တယ်၊ တချို့က မုန်းတယ်၊ အားလုံး အကြိုက်တူနေရင် လောကကြီးဟာ သိပ်ဆင်းရဲသွားမှာပေါ့ ။ "


#Mark_Rutland---" ဒီမယ် Marnie ၊အချစ်ကိစ္စဟာ ဂီတကို ကြိုက် မကြိုက်နဲ့ နှိုင်းယှဉ်လို့မရဘူး ၊

#အချစ်ဆိုတာ_နိယာမတရား ၊ #အဲ့ဒီစိတ်မရှိဘူးဆိုရင်တော့_တခုခုမှားနေလို့ပဲ ။ "


Marnie --- "အဲ့ဒါကို မုန်းတီးတာ မာနီတစ်ယောက်တည်း မဟုတ်ပါဘူး"


Mark Rutland ---" ထားပါတော့လေ၊ဒါပေမယ့် အဆင့်တော့ရှိလိမ့်မယ် ၊ မင်းက ပြင်းထန်လွန်းတယ် ။"


အဲ့လိုနဲ့  Mark Rutland ဟာ ပုံမှန်မဟုတ်တဲ့ Marnie ကို စိတ်ရောဂါကုဆရာဝန် ဒေါက်တာရိုမန်နဲ့ ပုံမှန် ပြခိုင်းစစ်‌ဆေးတယ် ။



Marnie တစ်ယောက်ဟာလည်း စိတ်ရောဂါကုဆရာဝန် နဲ့ မျိုးစုံစစ်တိုင်း လံကြုဇာတ်လမ်းတွေရော ၊

လံကြုတ် အိပ်မက်တွေပါ ထည့်ထည့်ရောတုန်းပဲ ။

 

Mark Rutland တစ်ယောက် Marnieကို ချစ်တဲ့စိတ်နဲ့ 

ဒီလောက်ပြောင်းလဲပေးချင်နေရက်နဲ့ Marnie 

တစ်ယောက် ဘာလို့ မပြင်နိုင်ရတုန်း။


ဟုတ်တယ် ..မာနီက လူတမျိုး ၊ ပုံမှန်မဟုတ်ဘူး။ 


သူများတွေ အိမ်ထောင်ရက်သားနဲ့ အတည်တကျ နေချင်ကြတယ် ၊ Marnieကျ အဲ့လိုဘဝ ရရဲ့သားနဲ့ လက်မခံဘူး။ ကလေးမလိုချင်ဘူး ။


Mark Rutland စိတ်ချမ်း‌သာအောင်သာ Marnie က စိတ်ရောဂါဆရာဝန်ဆီ ပုံမှန် သွားကုနေရတယ် ။


အဲ့အချိန်  Mark Rutland တစ်ယောက်ဟာလည်း သူသိပ်ချစ်တဲ့ Marnieရဲ့ အရင်က ငွေခိုးခဲ့တဲ့အရှုပ်တွေ၊


ခိုးမှု့နဲ့ မြို့၃မြို့ရဲတွေ လို အပ်နေတဲ့ Marnie ကို တခြားသူတွေမသိအောင်သိုသိုသိပ်သိပ် ဖုံးဖုံးဖိဖိ ထိန်းနေရတယ်။


နောက်ပိုင်း Marnie အမေ ဆုံးတယ် ။


အဲ့ဒီမှာ Marnieဟာ သူ့အဖေပုံများ တွေ့မလား ရှာရင်း ၊သူငယ်ငယ်က သတင်းစာ ဖျက်ပိုင်း တခု တွေ့မိတယ်။


အဲ့ဒီထဲမှာ မာနီ ဟာ သူ့အမေ ရဲ့ အတိတ်ကို သွားတွေ့တယ် ။ 


စိတ်ရောဂါကု ဆရာဝန် အဖြေရှာနေတဲ့ Marnieရဲ့

အခုလို ဘာကြောင့် ယောကျာ်း၊ အိမ်ထောင်ရေး ၊

လိင်ကိစ္စ စိတ်မဝင်စား ကြောက်ရသလဲ ဆိုတာကို အဖြေရှာတွေ့သွားတယ် ။

 

သူ တွေ့တဲ့ သတင်းစာဖျက်ပိုင်းလေးထဲမှာ Marnie ရဲ့အမေ ဒုတိယမွေးတဲ့ ကလေး ယောကျာ်‌လေးကို မွေးပြီးပြီးချင်း စိတ္တဇဆန်ဆန်  ကိုယ့်ဘာကိုယ် သတ်မိတဲ့ 

Marnie အမေ ရဲ့အတိတ် ဇာတ်ကြောင်း ။


အဲ့ဒီ ကလေးမွေးတဲ့ည မှာ မာနီဟာ ငယ်ပေမယ့် တဖက်ခန်းမှာရှိ‌နေတယ်၊ 

 

သူ ငယ်ငယ်က ကြုံခဲ့ရတဲ့ မိဘနှစ်ပါးရဲ့ အိမ်ထောင်ရေး အဆင်မပြေတာ တွေ၊ အဲ့ဒီအဖြစ်ဆိုးကြီးက မာနီရဲ့  ကလေးဘဝ စိတ်နုနုကို သွားထိပြီး


 #မာနီ မှာလည်း ယောကျာ်းတွေနဲ့ အသားချင်းထိတာ

မကြိုက်တာ၊လိင်ကိစ္စ ၊ကလေးမွေးရမယ့် ကိစ္စကြောက် တာတွေ ၊ စိတ္တဇဆန်ဆန် သန္ဓေပါသွားတာပေါ့။ 


Marnie ရဲ့အမေဟာ သူကြုံခဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝ

မှာ လိင်ကိစ္စဟာ ကောင်းကျိုးမပေး အနိဋ္ဌာအာရုံ ဖြစ်ခဲ့တော့ သမီးဖြစ်သူ မာနီကို လိင်ကိစ္စ ကို မုန်းအောင်လို့  ရိုက်သွင်းခဲ့တယ် ။


"လူတွေဟာ ချုပ်တည်းရတဲ့ အရာတွေကို မုန်းတက်ကြတယ်၊ရက်စက်မှု့ ထိန်းချုပ်လွန်းတဲ့သူဟာ ရက်စက်တက်တဲ့ သူဖြစ်သွားတယ် " ။


Mark Rutland နဲ့ Marnie ဟာ အိမ်ထောင်ရေးကို

မြင်တဲ့ အမြင် ကွာတယ် ။


#Marnieအတွက် သူဟာ စိတ်မပါပဲ အိမ်ထောင်ရေးထဲမှာ ချောင်ပိတ်ခံနေရတယ်လို့ထင်တယ် ၊ သူ့အနေနဲ့ စိတ်ဆင်းရဲနေရတယ် ။ ဝဋ်ခံနေရတယ်လို့ထင်တယ်။


#Mark_Rutland အတွက်ကတော့ Marnie ဟာ ထူးဆန်းတဲ့ မိန်းကလေးမှန်း သိပေမယ့် သူချစ်သလို Marnie ပြန်ချစ်လိမ့်မယ် ပဲတွေးတယ်၊ သူမကို အဖြစ်ဆိုးကနေ ကယ်တင်ပေးမယ် ၊ ချစ်တဲ့စိတ်နဲ့ အရာရာ ဖြတ်ကျော် နိုင်မယ် လို့ ယုံတယ် ။


ဒါပေမယ့်လည်း Marnie လုပ်ခဲ့တဲ့ ခိုးမှု့တွေရဲ့ အတိတ်ဟာ အရိပ်လို လိုက်ပါလာတယ် ။


#Mark_Rutland ဘယ်လိုရှင်းပေးမလဲ ။

#Marnie ကရော #Mark_Rutland အပေါ် 

အချစ်စိတ်တွေ ဖြစ်သွားမလား ဆိုတာ .....


Mystery , Crime Novel ဆိုပေမယ့် မှု့ခင်းထက်

ဇာတ်ကောင်ကြုံခဲ့ရတဲ့ အတိတ် ၊ ဇာတ်ကောင် ကြုံရတဲ့ စိတ်ကစဉ့်ကလျားဖြစ်တဲ့ စိတ်ကျန်းမာရေး အခြေအနေ၊ ဖြေရှင်းတာ အဓိကထား ရေးထားတယ် ။


ထုံးစံအတိုင်း ပဲ စာအုပ်နဲ့ ဇာတ်ကား နောက်ဆုံး 

ဇာတ် သိမ်းမှာ ကွာခြားမှု့ နည်းနည်းရှိတယ် ။


ဒီ စာအုပ်က ဆွဲဆောင်မှု့ ရှိတယ် ။ဖတ်ရင်း...

တခါတည်း မျောပါသွားတာတော့ အမှန် ။ 


ကိုယ် မနေ့ညအလုပ်ပြီး မနက်1နာရီ လောက်က စ

ဖတ်လိုက်တာ မနက် 4 နာရီလောက်မှာပြီးသွားတယ် ။


ဖတ်ရင်းဘာဖြစ်မလဲ သိချင်စိတ်နဲ့ ဆက်ဖတ်ဖြစ်သွားတာ ။


မိဘတွေ အထူးသဖြင့် အမေတွေဟာ ကိုယ် အိမ်ထောင်ရေး၊ လိင်ကိစ္စ တခုခုမှာ အဆင်မပြေတာ တခုခုကြုံခဲ့ရင်ပဲ ကိုယ့် သားသမီးကို အဲ့လို မကြုံစေချင်လို့ အဲ့ဒါနဲ့ ပတ်သတ်ပြီး မကောင်းကြောင်း၊ 

မသင့်တော်ကြောင်းတွေ ခေါင်းထဲ ရိုက်သွင်းရင်း

သားသမီးက   á€†á€­á€Żá€€á€şá€€á€­á€Ż ဝင်ပြီး အဲ့ဒီအရာကို မလုပ်ရဲ၊

မဆက်ဆံရဲတော့ပဲ  ကြောက်သွားတာ ....


ဒီစာအုပ် ဖတ်ပြီး အရင်ဖတ်နေကျ စာအုပ်တွေနဲ့

မတူတဲ့ ရသတခု ရသွားမှာ အမှန်ပါ ။


#Book_Review_by Hnin Yi Pwint

July 6, 2020

Behind Closed Doors by B.A Paris

 đŸ“•Behind Closed Doors  by B.A Paris


ဇာတ်လမ်းအစ။     á‹

ညတစ်ည... Jack နဲ့  Grace က အတွဲနှစ်တွဲကို အိမ်အသစ်မှာ  ညစာဖိတ်ကျွေးတာက အစပြုတယ် ။

 Adam နဲ့ Diane အတွဲက Jack ရဲ့မိတ်ဆွေဟောင်း ဖြစ်ပြီး ၊Rufus နဲ့ #Esther တို့အတွဲက Jack နဲ့ မိတ်ဆွေဖြစ်တာ သိပ်မကြာသေးဘူး ။

🛑Spoiler Alert...🛑


#Jack_ဆိုသည်မှာ ။   á‹

အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ ကိစ္စတွေကို ကိုင်‌တွယ်ပေးတဲ့သိပ်တော်တဲ့ ရှေ့နေ့တစ်ယောက်၊ သူ ကိုင်တွယ်တဲ့ အမှု့တိုင်း ရှုံးတယ်ဆိုတာ

မရှိ ။ Jack ..ရုပ်ရည်ကလည်း ချောမောတယ်၊ သဘောထားပြည့်တယ်၊ ကူညီတက်တယ်၊ အဖက်ဖက်က အရာရာပြည့်စုံတဲ့ သူတစ်ယောက် ။


Jack ရဲ့ မိန်းမ Grace ဆိုသည်မှာလည်း ချောတယ် ၊တော်တယ်၊  သူ့အလုပ်ကိုတောင် စွန့်ပြီး Jackကို လက်ထပ်ခဲ့သူတစ်ယောက် ။ အစားအသောက်တွေကို ဖွယ်ဖွယ်ရာရာ သေချာစီမံတက်သူ  ဖြစ်ပေမယ့်

သူမ ဟာ သိပ် ပိန်လွန်းနေတယ်။  


Graceဟာ အလုပ်မရှိပေမယ့် မိတ်ဆွေတွေ နဲ့ အပြင်ထွက် စားဖို့ တောင် ခက်ခဲနေတယ်။ Grace မှာ ဟန်းဖုန်း မရှိဘူး ၊ အိမ်ဖုန်းကိုဆက်ရင်လည်း ဖုန်းကိုင်လေ့ မရှိဘူး ။ နောက်ပြီး ဒီလောက်လှပတဲ့ အိမ်ရဲ့ အိပ်ခန်း တခန်းမှာ ဘာလို့ သံတိုင်တွေ ရှိနေရတာလဲ။


Jack ဟာ Graceကို မျက်စိအောက်က လုံးဝအပျောက် မခံဘူး။ email တောင် တခုတည်းသုံးကြတယ်။ နောက်ဆုံး အိမ်သာ သွားတာကအစ အိမ်သာထိပ်

အ ထိလိုက်စောင့်တဲ့ သူ Jack ။

သိပ်ချစ်ကြတဲ့အတွဲလား ။

 

The Perfect Marriage or The Perfect Lie ?


Esther နဲ့ Diane တို့ အတွဲနှစ်တွဲ ညစာစားရင်း Jack နဲ့ Grace  ဘယ်လို စတွေ့ကြလဲ နဲ့ Grace အကြောင်း 

စပ်စုကြတယ် ။



#Jack_နဲ့_Grace_စတွေ့ပုံ ။    ။

Grace မှာ သူ့မိဘတွေ အသက်ကြီးမှ မွေးလာတဲ့ Mille ဆိုတဲ့  Downsyndrome ဖြစ်နေတဲ့ ညီမ တစ်ယောက်ရှိတယ် ။ သူ့ကို Graceကပဲ စောင့်ရှောက်လာတယ် ။


တရက် သူတို့ညီမနှစ်ယောက် ပန်းခြံမှာ အပန်းဖြေနေတုန်း Milleက ရောဂါထလာတယ်။ အဲ့ဒီအချိန် အဲ့ပန်းခြံမှာပဲ ရောက်နေတဲ့ Jack ကနေ ကူညီပေးရင်း အချင်းချင်း ခင်သွားကြတယ် ။


Grace က Jack ကို အပေါ်ယံ အကဲခတ်ကြည့်လိုက်တဲ့အခါ  ရှေ့နေ့တစ်ယောက် ၊ သဘောထားပြည့်၊

ကူညီတက် ၊ အဖက်ဖက်က အရာရာပြည့်စုံတဲ့သူ

တစ်ယောက်၊ အိမ်ထောင်ရှိမယ်လို့ ထင်ထားပေမယ့် စကားပြောကြည့်ရင်း Jackမှာ အိမ်ထောင်မရှိဘူး

ဆိုတာ သိလာရတယ် ။ 


Jack နဲ့ Grace ရင်းနှီးမှု့ယူရင်း Jackက လက်ထပ်ဖို့တောင်းဆိုလာတဲ့အခါ Grace က သူ့ ညီမ Milleရဲ့ အားနည်းချက်တွေကိုတောင် နားလည်လက်ခံပေးတဲ့သူမျိုး၊  အိမ်ထောင်ကျပြီးသွားရင် တောင် Graceရဲ့ ညီမ Milleကို Grace နဲ့ အတူ ထားပေးမယ်‌ပေါ့။ 


ဒါပေမယ့် Jack တခု တောင်းဆိုတာက Grace ဟာ DownSyndrome ဖြစ်နေတဲ့ သူ့ညီမ Millie ကို စောင့်ရှောက်ဖို့ရော ၊ Jack ရဲ့ အရာရာ ပြည့်စုံတဲ့ အိမ်ရှင်မ ဖြစ်ဖို့  အလုပ်ထွက်ခိုင်းတယ်။


Jackလို အဖက်ဖက်က ငြင်းရက်စရာမရှိ၊အစစအရာရာ ပြည့်စုံတယ်လို့ သတ်မှတ်ထားတဲ့

Grace တစ်ယောက် လပိုင်း‌လောက်နဲ့  Jackကို အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်တယ် ။ 


#မင်္ဂလာဆောင် ။   á‹

မင်္ဂလာဆောင်တဲ့နေမှာ Grace ဟာ Downsyndrome ဖြစ်နေတဲ့ သူ့ညီမ Millie ကို သတို့သမီးအရံအနေနဲ့  ထားချင်တယ် ။ Jackက သဘောမတူဘူး ။

ဒါပေမယ့်Grace စိတ်တိုင်းကျ ခွင့်ပြုပေးလိုက်တယ် ။


မင်္ဂလာရက်မှာ ....ကားပေါ်က ဆင်းလာကြတဲ့ Grace နဲ့ သူ့ညီမ Mille.. Jack ကတော့ အားလုံးရဲ့ အလယ်မှာ သဘောထားပြည့်ဝတဲ့လူကြီးလူကောင်း တစ်ယောက်ပေါ့ ။


အဲ့ဒီမှာပဲ Mille မတော်တဆဖြစ်ပြီး ဆေးရုံရောက်သွားတယ် ။ Grace က လိုက်သွားချင်ပေမယ့် Jack က မင်္ဂလာပွဲပြီးအောင် ဆက်လုပ်မယ်ဆိုတော့ ဆက်လုပ်ဖြစ်တယ် ။


မင်္ဂလာဆောင် ပြီးတဲ့ ညနေ ၊ ဟိုတယ်မှာ Grace

တစ်ယောက်ရေချိုးပြီးတဲ့အချိန် အခန်းထဲမှာ Jackကိုမတွေ့ဘူး ။ အဆက်အသွယ် မလုပ်ပဲ သတို့သား Jack ပျောက်သွားတယ် ။ Grace ဆက်သွယ်တယ်၊ လိုက်ရှာတယ် ၊မရဘူး ။


နောက်မှ Jackဆီကနေ အခုညနေ အလုပ်ကိစ္စနဲ့မို့ 

ပြန်မလာနိုင်ကြောင်း မနက်မှ ပြန် လာ မယ်ဆိုပြီး

မက်ဆေ့ခ်ျပို့တယ် ။ မင်္ဂလာဆောင်တဲ့နေ့မှာသတို့သမီးထက်အရေးကြီးတာ ဘာရှိမလဲ။ Grace တစ်ယောက် အရမ်းစိတ်ဆိုးပြီး ငိုတာပေါ့ ။ 

🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


#Honeymoon

သူတို့ရဲ့ Honeymoonကို Thailand ကိုသွားဖို့ လုပ်ထားတဲ့အတွက် သူ့ညီမ Mille ရဲ့ ဆေးရုံဆီကို သွားလို့လည်းမရဘူး ။ အဲ့မနက် လေဆိပ်သွားဖို့ Jackလာကြိုတဲ့အချိန်မှာ Graceက သူ့ညီမMilleကို ဆေးရုံဝင်တွေ့ချင်ပေမယ့် လေယာဉ်အချိန် မမှီတော့လို့ Jack က ဆေးရုံကို  မဝင်ခိုင်းဘူး။  


အဲ့လိုနဲ့ Thailand ကို Honeymoon ခရီးကိုစတယ်။ 


အဖက်ဖက် က ငြင်းရက်စရာမရှိ ပြည့်စုံတယ်၊

ကူညီတက် ၊သဘောကြီးတဲ့ လူတစ်ယောက်လို့ 

အရင်က သတ်မှတ်ထားတဲ့ #Jackရဲ့_DarkSide ကို Grace တစ်ယောက်  တဖြည်းဖြည်း သိလာရတယ် ။


ချောမောပြီး အလွန်ပါးနပ်လှတဲ့ ထင်ရက်စရာမရှိအောင် #Psychopath တစ်ယောက်ဖြစ်တဲ့ #Jack...


Honeymoon မှာ Jack ဟာ သူ့ ငယ်ဘဝအကြောင်း Graceကို ပြောပြလိုက်တယ် ။ အဲ့အ‌ကြောင်းကို Grace ကြားပြီးတဲ့အချိန် ဘယ်လောက် တုန်လှုပ်ခြောက်ခြားသွားမလဲ ဆိုတာ တွေးကြည့်လို့ရတယ်။


#JACK_ရဲ့_ငယ်ဘဝ ။    ။ 

Jack ဟာ ငယ်စဉ်က ဖခင်ဖြစ်သူရဲ့ လွှမ်းမိုးချုပ်

ကိုင်မှု့ကို ကြောက်ခဲ့ရတယ် ။  အမေကို ချစ်ပေမယ့် 

သူ့အမေဟာ အားနွဲ့လွန်းတယ်၊အသုံးမကျဘူး၊ သူ့အဖေလက်ထဲကနေတောင် သူ့ကို မကာကွယ်နိုင်တာကို အထင်သေးတယ်။ 


#jackရဲ့_အဖေဟာ သူ့မိန်းမကို သိပ်ချစ်တယ် ။

ဒါပေမယ့် Jack ရဲ့ဖခင်ဖြစ်သူဟာ #Jack_အမေ ကို မြေအောက်ခန်းထဲမှာ ကြွက်တွေနဲ့ ပိတ်လှောင်ထားခဲ့ဖူးတယ် ။ မြေအောက်ထပ်ကနေ အ‌မေ ဖြစ်သူရဲ့ အော်ဟစ်နေသံတွေဟာ Jack အတွက်တော့ ဂီတသံတွေလိုပဲ ။


တနေ့ Jack ၁၃ နှစ်အရွယ်ရောက်လာတဲ့ အချိန်မှာ Jack ရဲ့ အမေဟာလည်း မြေအောက်ထပ်ကနေ ထွက်ပြေးဖို့ကြိုးစားတယ်။ အဲ့ဒီအချိန်မှာ Jack အဖေဟာ အလုပ်သွားနေတဲ့အချိန်၊ Jackကို အစောင့်‌အနေနဲ့ထားခဲ့တယ် ။


#အမေကိုသတ်မိတဲ့Jack ။   á‹

Jack တစ်ယောက် သူ့အမေ ထွက်ပြေးလွတ်မြောက်သွားရင် သူ့အမေရဲ့ကြောက်ရွံ့၊ အော်ဟစ်သံ တွေကို 

မကြားရတော့မှာစိုးတယ်။ အဲ့ဒါကြောင့် တားတယ်၊ 

ထုမိတယ် ၊Jackဟာ စိတ် ထိန်းမရဖြစ်ပြီး အမေဖြစ်သူကို မတော်တဆ သတ်မိသွားတယ် ။


JACK ရဲ့ အဖေပြန်ရောက်လာတဲ့အချိန် မှာ သိပ်နောက်ကျသွားပြီ။  အဖြစ်အပျက်ကိုမြင်တော့ ဖခင်ဖြစ်သူက ဒေါသထွက်တယ်။Jack ကို ထိုးတယ် ။Jackကလည်း ဖခင်ဖြစ်သူကို ပြန်ထိုးတယ်။ 


#အဖေကိုထောင်ထဲထည့်တဲ့Jack

ရဲတွေ ရောက်လာတော့ Jack ဂာ သူဟာ သူ့အမေကို ကာကွယ်တာဖြစ်ကြောင်း၊  မိခင်ဖြစ်သူကို သတ်လိုက်တဲ့သူဟာ သူ့အဖေဖြစ်ကြောင်း ထွက်ဆိုလိုက်တယ်  ။ Jack အဖေ ထောင်ကျသွားတယ်။ 

အဲ့ဒါကို Jack သိပ်ဝမ်းသာမိတယ် ။


Wow.. Psychopath Jack...


#Honeymoon ။     á‹

မင်္ဂလာဆောင်ပြီး မင်္ဂလာဦးညမရောက်ခင်မှာပဲ Jack ဟာ ပျောက်သွားခဲ့တယ်။ Graceဟာလိုက်ရှာတယ် ။ နောက်တနေ့ကျမှ ဘုမသိ ဘမသိနဲ့ Thailandကို Honeymoon တန်းထွက်လာရတယ် ။အဲ့ကျမှ Jack ဘာဆိုတာသိတယ် ။ 


Jackအတွက် သူ့အမေကို သတ်ခဲ့တာ ၊သူ့အဖေကို ထောင်ထဲထည့်ခဲ့တာကမှ စိတ်ပျော်ဖို့ ကောင်းသေးတယ် ၊လွယ်သေးတယ် ။Jackအတွက် လုပ်ဖို့အခက်အဆုံးအရာ၊ မလုပ်ချင်ဆုံးအရာက Grace နဲ့ လိင်ဆက်ဆံဖို့ပဲ၊၊ အဲ့ဒါကြောင့် မင်္ဂလာဦးည မရောက်ခင် Jackပျောက်သွားခဲ့တာ ။


 Jack တစ်ယောက် #Graceကို_ဘာလို့_အိမ်ထောင်ပြုလိုက်တာလဲ ။


Grace ဟာပြည့်စုံတယ် ၊လှတယ်။  အဲ့ဒါကြောင့် Jackဟာ Grace ကို အများအမြင်မှာ အမြင်တင့်တဲ့ Perfect Wife ဖြစ်စေချင်တယ် ။ 


ဒါပေမယ့် #အမည်ခံသက်သက်ပဲ။ 


Jack ဟာ Grace ကိုအများအမြင်မှာ ကြည့်ကောင်းတဲ့ သင့်တော်တဲ့  #အမည်ခံမယားတစ်ယောက် အနေနဲ့သာ အသုံးချဖို့ပဲ ။ 


Jack တကယ်မျက်စိကျတာက Downsyndrome ဖြစ်နေတဲ့ Grace ရဲ့ ညီမ Millie...


Wow...


Millie ဆီက ကြောက်ရွံ့ထိန့်လန့်တာကို အရသာခံချင်တဲ့ Psychopath Jack....


#Graceရဲ့_ညီမ_Millie ။    ။ 


Mille ဟာ Graceရဲ့မိဘတွေ အသက်ကြီးလာမှ မွေးလာတဲ့ကလေးဖြစ်တယ်။DownSyndrome လည်းဖြစ်နေတော့ မိဘတွေက စောင့်ရှောက်ဖို့မလွယ်လို့  Graceကပဲ ညီမ ဖြစ်သူကို စောင့်ရှောက်ခဲ့တာ ။ 


အခုအိမ်ထောင်ကျတော့ လည်း Grace နဲ့ သူ လက်ထပ်ပြီးရင် Millie ကိုပါ ဂရုစိုက်ဖို့ Graceအတူထားပေးမယ်ဆိုတော့ Grace ရဲ့ မိဘတွေက ရုပ်ချောသဘောကောင်း ၊ ရှေ့နေ့တစ်ယောက်လည်းဖြစ်တဲ့ Jackကို Psychopath လို့ ဘယ်ထင်မိမတုန်းလေ ။ 


အဲ့ဒါကြောင့် သားမက်ဖြစ်သူJack နဲ့ သမီးဖြစ်သူ Graceကို ညီမလေး Millie ကို တရားဝင်အုပ်ထိန်းခွင့် စာရွက်စာတမ်းနဲ့ လုပ်ပေးခဲ့တယ် ။ 


သေသပ် ပိရိပြီး အပေါ်ယံဟန်ဆောင်ကောင်းလှတဲ့ Jackဟာ အဲ့အချက်ကို အသုံးချပြီး Grace ကို အမည်ခံမယား‌အနေနဲ့ထား ၊ Millieကို  မျက်စိကျပြီး သူ့စိတ်အဆာဖြေဖို့ ဘယ်လို အသုံးချမလဲ ။


Millie အိမ်လာနေရင် ဆေးသုတ်ပေးမယ်ပြောတာက Millie ကြိုက်တဲ့ အဝါရောင် ၊ ဧည့်သည်လာရင်ပြတာက ဟန်ပြ အဝါရောင်အခန်း ၊ တကယ်နေရမှာက အနီရောင်အခန်း ။


Grace က ပန်းချီဆွဲတက်တယ် ။ Jack ရဲ့အမှု့သည် အမျိုးသမီးတွေ၊သူတို့ယောကျာ်းတွေ နှိပ်စက်လို့ သွေးသံတရဲရဲ ဖြစ်နေတဲ့ပုံတွေကို Graceကို အကျပ်ကိုင်ပြီး ပန်းချီဆွဲခိုင်းတယ်။ အဲ့ဒါတွေကို Millie လာနေရင် နေရမယ့် အဲ့ဒီ အနီ‌ရောင်အခန်းထဲမှာ ချိတ်ထားတယ်။ 


ညီမဖြစ်သူMillie၊ Graceတို့ဆီရောက်ဖို့ ၊ လာနေဖို့ ၇၅ရက် လိုသေးတယ်။ 


Grace ကရော  Jack အိမ်ကို သူ့ညီမ လာမနေခင်

လွတ်မြောက်အောင် ဘယ်လိုကြံမလဲ ။


ဒီ၆လကျော် ကာလအတွင်းမှာJackရဲ့ လက်ထဲကနေGrace တစ်ယောက်ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားနိုင်ပါ့မလား ။


#Grace ။      ။

Grace ဟာ Jackရဲ့ သရုပ်မှန်ကို စသိရတဲ့  Honeymoon မှာပဲ ထွက်ပြေးဖို့ကြိုးစားတယ်။

မအောင်မြင်ဘူး။အိမ်ကနေရော ထွက်ပြေးဖို့ ကြိုးစားသလားဆို့တော့ Jackက မျက်ခြေပြတ်မခံဘူး ။


မင်္ဂလာမဆောင်ခင် အယုံသွင်းပြီး အလုပ်ထွက်ခိုင်းတော့ Grace တစ်ယောက်အလုပ်ထွက်လိုက်ရတယ် ။ Jack ဟာ အလုပ်သွားရင် Graceကို အခန်းထဲသော့ခတ်ခဲ့တယ် ။ဟန်းဖုန်းရှိမယ်ထင်သလား  နိုး။အဆက်အသွယ်လုပ်လို့မရအောင် email တခုထဲပဲ ပေးသုံးတယ် ။ 


စာရွက်မရှိ၊ဘောပင်မရှိ ။ သတ်သေလို့မရအောင် ထွက်ပြေးလို့မရအောင် ကြွေပန်းကန်၊ ကြွေပစ္စည်း အသုံးပြုခွင့်မပေးဘူး ။ ပလတ်စတစ်ပန်းကန်/ရေခွက်ပဲ သုံးရတယ်။ 


အိမ်အသစ်ကို ဧည့်သည်မိတ်ဆွေလင်မယား၂တွဲလာလို့ ဟင်းချက်ပြုတ်ပေး အချိုပွဲလုပ်ပေးတဲ့အချိန် ဓားဝှက်ထားလို့မရအောင် Jack နဲ့ ပတ်သတ်ပြီး Grace စကားအပိုမပြောအောင် Jackက လုံးဝ မျက်ခြေပြတ်မခံဘူး။


TVမရှိ ၊သီချင်းဖွင့်မထား၊ အချိန်မှန်းလို့မရအောင် 

နာရီထားမပေးဘူး ။ မီးဖွင့်မထားဘူး။

နေ့မှန်းညမှန်း မသိအောင် ကာထားတယ် ။


Grace က Jackကို ဆေးတွေစုပြီး ဆေးခတ်သတ်ချင်ရင်တောင် ဆေးမရှိဘူး။ ခေါင်းကိုက်လို့ဆေးတောင်းရင် Jackကဆေးပေးတယ် ။ သူ့ရှေ့မှာ ဆေးကို 

မျိုချပြီး သောက်ပြရတယ် ။


Jackအလုပ်သွားတဲ့အချိန်မှာ Graceကို သံတိုင်တွေခပ်စိပ်စိပ်တပ်ထားတဲ့ အခန်းထဲမှာ သော့ခတ်ပိတ်လှောင်ထားတယ် ။Jack စားစရာ ယူလာကျွေးရင် စားရတယ်။ တခါတလေ မကျွေးပဲ အငတ်ထားသေးတာ ။ 


#Gentleman_Psychopath_Jack ။   á‹

Jack ဟာ Psychopathပေမယ့် လူလည်။ အပြင်ထွက်ရင် လူကြီးလူကောင်းတစ်ယောက်လို၊ Grace အပေါ်

အချမ်းချစ်တဲ့ ယောကျာ်းတစ်ယောက်လို ဆက်ဆံ

ပြတယ် ။ 


Grace တစ်ယောက် နေမကောင်းဖြစ်အောင် လုပ်ပြီး

ဆရာဝန်လာအောင် လုပ်တယ် ။ဆရာဝန်လာတဲ့အခါ ၊ ကူညီပါ၊သူ့ယောကျာ်းက Psychopath တစ်ယောက် ဖြစ်ကြောင်း ပြောတာကို ဆရာဝန်က မယုံဘူး ။


Jack ဟာ ဆရာဝန် က အစ shopping ထွက်လို့ 

Jack လစ်တဲ့အချိန်   Grace အကူအညီတောင်းမိတဲ့ ရဲ အဆုံး Jack ဟာ သူ့မိန်းမဟာ သိပ်မကြာခင်ကမှ suicide လုပ်ဖို့ကြိုးစားနေခဲ့သူဖြစ်ကြောင်း၊ စိတ်ပုံမှန် မဖြစ်သေးကြောင်း ရှင်းပြနေတော့ Grace ရဲ့ စကားကို ဘယ်သူမှ မယုံကြဘူး ။


သူ့ညီမ Millieရှိတဲ့နေရာကို Jack သိနေတဲ့အတွက်

Grace ကိုMillie နဲ့ပဲ အကျပ်ကိုင်တယ် ။

Millie ကို အန္တရယ်ပြုမှာ စိုးရိမ်တဲ့အတွက် Grace ဟာ စိတ် ထင်တိုင်းလည်း မလုပ်ဝံ့ဘူး ။


 #လူလည်_Psychopath_Jack ။    ။

ဇာတ်လမ်းအစ အိမ် မှာ ညစာ ဖိတ်ကျွေးတုန်းက

အဲ့ဒီမှာEsther က Grace အကြောင်းတွေကို မေးရင်း Grace ရဲ့ ဖြစ်တည်မှု့ကို သိပ်မသင်္ကာဘူး။


တနေ့ Jackက Graceဆီကို စာအုပ်တအုပ်

ယူလာပေးတယ် ။ အဲ့စာအုပ်နာမည်က

"My Life With A Psychopath "


Graceက သူစိတ်မဝင်စားဘူးပြောပေမယ့်၊Jack က ဒီစာအုပ်ကို Esther က ပို့လိုက်တာဖြစ်ကြောင်း၊ ပုံမှန်ဆိုရင်တော့ Jack  ဒီစာအုပ်ကို အမှိုက်ပုံးထဲ ထည့်လိုက်မှာဖြစ်ပေမယ့် နောက်အပတ်စနေနေ့ ချိန်းထားတဲ့ Dinner မှာ Esther က ဒီစာအုပ်အမြင်ကို သိချင်မှာမို့ Graceကို ပေးဖတ်လိုက်တာ ။ 


ဖတ်ရင်း Grace တစ်ယောက် သတိထားမိလာတာ စာအုပ်ထဲကPageတွေမှာ ခပ်မှိန်မှိန်လိုင်းတားထားတဲ့ စာလုံးလေးတွေ ...ဖတ်ကြည့်တော့

Is everything  alright ?

Grace ရဲ့ နှလုံးခုန်သံ မြန်လာတယ် ။


Page တွေထဲ မှာစာလုံး‌တွေကို ဆက်ရှာကြည့်တော့

Do You Need Help ?


Jack ဟာ အဆက်အသွယ်လုပ်မှာစိုးလို့

ခဲတံတချောင်းတောင် မထားတဲ့အတွက်

Grace တစ်ယောက် Esther ကို အကူအညီလိုကြောင်း  ဘယ်လို အကြောင်းပြန်မလဲ ။


လိုင်းတာဖို့ ခဲတံရှိခဲ့ရင်တောင် Esther ကို ဒီစာအုပ်

ပြန်မပေးခင် Jack က လှန်လှော စစ်ဆေးဦးမှာ အသေအချာပဲ ။


Grace က လည်း ခံရပေါင်းများတော့ ပြန်စဉ်းစားတယ်။ စာအုပ်ထဲက မသိမသာ လိုင်းတာထားတာတွေဟာ တကယ်ပဲ....

Esther ပို့တဲ့ မက်ဆေ့ခ်ျ လား ....ဒါမှမဟုတ်

JACK က သူ့ကို့ အပြစ်ပေးချင်လို့ ဂွင်ဆင်ထားတာလားဆိုတာ ။


Esther သံသယရှိလို့ စာအုပ်ပေးတာတော့ မှန်တယ်

Esther ပို့တဲ့စာအုပ်ကို Jack က လိုင်းတားပြီး Graceကို အပြစ်ပေးချင်လို့ ဂွင်ဆင်တာ။ 


တော်သေးတယ် ။ Grace တစ်ယောက် Jack ဆင်တဲ့

ဂွင်ထဲ ရောက်မသွားဘူး။😊


Jack က #ဘယ်လိုအပြစ်ပေးတက်တာလဲ ။

Grace ကို အလင်းရောင်မရှိတဲ့ မြေအောက်ခန်းထဲမှာ အစာမပေးပဲ ပိတ်လှောင်ထားတာ ။Jack လိုချင်တာက Grace ရဲ့ ကြောက်ရွံ့မှု့ ၊အော်ဟစ်တုန်လှုပ်နေတာကို လိုချင်တာ ။


 á€’ဍပ္မယအ် Graceဟာ သူထင်သလို ဖြစ်မလာတဲ့အတွက် Graceကို အမည်ခံမယားအနေနဲ့ထားပြီး Downsyndrome ဖြစ်နေတဲ့ Grace ရဲ့ ညီမ Millie 

သူ့အိမ်ကို ရောက်လာတဲ့အချိန်မှာ အော်ဟစ် ၊ကြောက်ရွံ့တုန်လှုပ်မှု့တွေကို ခံစားစေချင်တာ၊ 

အဲ့ဒါကို Jack က အရသာခံချင်တာ ။

 

တရက်Millie ကို Jack နဲ့ Grace သွားတွေ့တုန်း 

ညီမနှစ်ယောက် တိုင်ပင်လို့ရမယ့် နေရာက စားသောက်ဆိုင် က အမျိုးသမီး အိမ်သာထဲ၊ 

အဲ့တနေရာပဲ Jack ဝင်လိုက်လို့မရတာ ၊

ကျန်တဲ့နေရာမှန်သမျှ မျက်ခြေပြတ် လုံးဝမခံဘူး ။


Millie တစ်ယောက် Downsyndrome ဖြစ်နေပေမယ့် အခုနောက်ပိုင်း တော်တော်တိုးတက်လာတယ် ။

အိမ်သာထဲမှာ Millie ကGrace ကိုပြောတယ်။

Grace မင်္ဂလာဆောင် တဲ့ရက်မှာ Millie ကို လှေကားပေါ်က တွန်းချသူဟာ Jack ဖြစ်ကြောင်း ၊

Jack..Jack..a bad man...အဲ့စကားကို Millie ထပ်ခါထပ်ခါပြောတယ် ။


Grace နားလည်တာက ထွက်ပြေးဖို့ ကိစ္စမအောင်မြင်ခင် Jack ဒီစကားကြားလို့ မဖြစ်ဘူး ။

သိသွားရင် Millie အန္တရယ်ရှိတယ် ။


အဲ့ဒါကြောင့် Jack လို့ မပြောရပဲJack..Jack..a badman အစား George Clooney...a bad man

လို့ပဲ ပြောခိုင်းတယ် ။ 😆


အိမ်သာအပြင်ထွက်လာတော့ Jackက လူလည်။အကဲခတ်တယ် ။အိမ်သာထဲ ဘာတွေပြောကြလဲ Millieကိုမေးတယ် ။

 

 Millie က Secret လို့ပြောပေမယ့် မယုံဘူး။ဆက်မေးတော့ George Clooney...a bad man လို့ဖြေတယ် ။(အမှန်ဆိုလိုချင်တာ Jack..a bad man )


Grace က Millieဟာ သူ့ ကြည့်မိတဲ့ကားGeorge Clooney...a bad man ကိုပြောပြနေတယ်ရှင်းပြတော့မှ Jack မသင်္ကာ မဖြစ်တော့ဘူး။


 á€”္ဏက်တခဍ အဲ့လိုပဲ ထပ်‌တွေ့တဲ့အချိန် ၊ အိမ်သာထဲမှာပဲ Millie က Grace ကို အိပ်ဆေး အလုံး ၂၀ ဝှက်ပေးတယ် ။


Downsyndrome ဖြစ်နေပေမယ့် Jack မကောင်း တာ သိပြီး Jackကိုသေစေချင်နေတဲ့ Millie ။


Jack ဆိုသည်မှာလည်း Graceကို အဝတ်လဲတဲ့အချိန်ကအစ အိမ်သာတက်တဲ့ အထိ မျက်ခြေပြတ် လုံးဝ မခံတဲ့အ‌တွက် အိပ်ဆေး အလုံး ၂၀ ကို Jack မမြင်အောင် ဝှက်သယ်ဖို့ဆိုတာ Grace တော်တော်စွန့်စားရတဲ့ အလုပ်။


#Jackကို_ဘယ်လိုသတ်မလဲ

အဲ့ဒီ့ အိပ်ဆေး အလုံး ၂၀ နဲ့ Jackကို ဘယ်လိုသတ်

မလဲ ။ သတ်ပြီးရင်တောင် တစ်အိမ်တည်းမှာ 

နှစ်ယောက်ပဲရှိတဲ့အတွက် အမှု့မပတ်အောင်

ဘယ်လိုစီစဉ်မလဲ ။


အမှု့မပတ်အောင် Grace ဟာ Esther စီစဉ်ပေးတဲ့ Thailandကို သွားဖို့ ခရီးမတိုင်ခင် Jack လို ဆေးအခတ်မခံ တဲ့ လူလည်တစ်ယောက် ကို ဝီစကီအတူသောက်ခွင့်ရအောင်လုပ်ပြီး အိပ်‌ဆေးခပ်လက်စတုံးဖို့  အကြံထုတ်တယ် ။ စီစဉ်တယ် ။


Esther စီစဉ်ပေးတဲ့ Thailand ခရီးနဲ့ အလီဘိုင် လုပ်တယ် ။  Grace ဟာ သူ့ကို အမှု့မပတ်အောင် ပါပါးနပ်နပ် ကြံသွားတယ် ။


#ပါးနပ်ပြီး_မိတ်ဆွေကောင်းပီသတဲ့_Esther

နောက်ဆုံး Estherစီစဉ်ပေးတဲ့ Thailand ခရီးစဉ်ကနေ Grace ပြန်ရောက်လာတဲ့အချိန် မှာ Esther က Jack ဘယ်လိုဆုံးသွားရသလဲ ပြောပြတယ် ။


ဆရာဝန်တွေကတော့ Jack အိပ်ဆေးအလွန်အကြူးသောက်ပြီး အဆုံးစီရင် သွားတယ်လို့ပြောတယ် ။


Jackဟာ တခါမှ မရှုံးဘူးတဲ့ အမှု့တခု ရှုံးသွားလို့ ကိုယ့်ကိုယ်ကို အိပ်ဆေးသောက် အဆုံးစီရင်တဲ့ ပုံစံမျိုးဖြစ်အောင် Grace က ဖန်တီးသွားတယ် ။


Esther ကအဓိပ္ပာယ်ပါပါပြောတယ်။

"ဘာလို့ မင်းကို ဝင်မကူညီစေချင်တာလဲ Graceရယ် တဲ့ " ။


Jack တကယ်သေသွားရတဲ့အကြောင်းက အိပ်ဆေးတွေကြောင့် မဟုတ်ဘူး ။ နောက်ဆုံး Jack ဟာ 

Grace နဲ့ Millie ကို အပြစ်ပေးဖို့အတွက် လုပ်ထားတဲ့  အပြင်ကပဲသီးသန့်ဖွင့်လို့ရတဲ့ မြေအောက်ခန်းထဲမှာ ပိတ်မိပြီး ၊ အိပ်ဆေးအရှိန်ရော အဓိက ရေဓာတ်ဆုံးရှုံးပြီး သေသွားရတာ ။ 


ဇာတ်သိမ်း ။   á‹

အဲ့ဒီ့ မြေအောက်ခန်းထဲကို  Jack ဘယ်လိုရောက်သွားတာလဲ ။ Downsyndromeဖြစ်နေတဲ့ Millie အကူအညီတောင်းလို့  #Esther_တို့အတွဲ ဟာ  #Grace ဝီစကီထဲအိပ်ဆေးခတ်ထားတဲ့ အရှိန်နဲ့ မေ့နေတဲ့ 

#Psychopath_Jack ကို မြေအောက်ခန်းထဲ ထည့်

ပိတ်ပြီး Graceကို ကူညီပေးလိုက်တာလား ။  ။😊


ပြီးပါပြီ ။ 😁


ဒီစာအုပ်ဟာလည်း Book GPတွေမှာ အဖတ်များခဲ့ကြတဲ့ စာအုပ် ။ ဒီစာအုပ်မှာ Graceဆိုတဲ့ အမျိုးသမီး

တစ်ယောက်ရဲ့နေရာကနေ ကနေ Past နဲ့ Present အဖြစ်အပျက်ကို တလှည့်စီရေးထားတယ်။


ဇာတ်လမ်း‌လေးကတော့ ကောင်းတယ် ။ ဒါပေမယ့်

အီတဲ့အပိုင်းတွေလည်း အများကြီး ပါတဲ့အတွက်

ကိုယ် အရမ်း ကြိုက်နှစ်သက်တဲ့ အထဲ မပါဘူး  ။


Present မှာ ဇာတ်ရှိန်တက်မယ်ကြံတိုင်း Pastကို ပြန်ပြောတဲ့ အခန်း ရောက်ပြန်တာတော့ သိပ်မကြိုက်လှဘူး။စာမျက်နှာ ၇၀လောက်ထိက အီနေသေးတယ် ။


၁၀၀ကျော်လောက်မှ ဇာတ်ရှိန်တက်လာတယ် ။

စာမျက်နှာ ၂၀၀ ကျော်ပဲ ရှိလို့ မအားလို့ဆက်တိုက်

မဖတ်နိုင်ရင်တောင် ၂ရက်လောက် ခွဲဖတ်တာနဲ့ ပြီးမယ့် စာအုပ်လေးပါ ။


🟥Last ebook update - July 23.2021 🟥

Behind Closed Doors by B.A.Paris e-book link⬇️

https://t.me/mobi_epub_ebook_and_Movie/1477


#Book_Summary_By Hnin Yi Pwint

Aug 11.2020

The_Family_Upstairs_by_Lisa_Jewell

 #The_Family_Upstairs_by_Lisa_Jewell


ဒီစာအုပ်မှာ past နဲ့  present  ကို  Libby ,Lucy, Henry တို့ လူ ၃ယောက်ရဲ့ တစ်ဦးစီ ပြောပြချက်တွေကနေ ရေးထားတယ် ။ ဇာတ်လမ်းက ထင်မထားတဲ့ မိသားစုအရှုပ်တွေ ။ 


သေဆုံးသွားပြီဖြစ်တဲ့( Henry & MartinaLamb) 

Libby ရဲ့ မိဘဆိုသူတွေက ယုံ ကြည်ရတဲ့သူကို အပ်ထားခဲ့တဲ့  အမွေ စာရွက်စာတမ်း ဟာ Libby ဆီကို သူ့အသက်၂၅နှစ်ပြည့် ပြီး နောက်ရက်မှာ ရောက်လာခဲ့တယ် ။


စာထဲမှာLondon, Chelsa က သန်းချီတန်ဖိုးရှိတဲ့ 

အိမ်ကြီး ၁လုံး ကိုအမွေဆက်ခံဖို့ ပေါ့ ။


ဒီလိုနေ့ကိုပဲ စောင့်နေတဲ့ တခြားသူတွေလည်း ရှိတယ်။


အတိတ် ...လွန်ခဲ့သော ၂၅နှစ် အခု Libby အမွေရမယ်ဆိုတဲ့ London, Chelsa , No16, Cheyne Walk က အိမ်ကြီးမှာ လူသတ်မှု့ ဖြစ်ခဲ့တယ် ။ 



ရဲတွေရဲ့ အစီရင်ခံစာအရ သူတို့ရောက်သွားတဲ့အချိန်၊   á€’ုတိယထပ် အိပ်ခန်းထဲက ပုခက်ထဲမှာ ၁၀လအရွယ် ကလေးမလေးတစ်ယောက်သာ အသက်ရှင်ကျန်ခဲ့ပြီး ငိုနေတာ တွေ့လိုက်ရတယ်။


အောက်ထပ် မီးဖိုခန်းထဲမှာ အနက်ရောင် အဝတ်အစားတွေ ဝတ်ထားတဲ့ လူ ၃ယောက် သေဆုံးနေတာကို

တွေ့ရတယ် ။ suicide note နဲ့ ရဲတွေက လူသတ်မှု့ထက် သတ်သေမှု့လို့ပဲ ဆုံးဖြတ်ခဲ့ကြတယ် ။ 


အဲ့ဒီအိမ်မှာနေကြတယ်ဆိုတဲ့ လူငယ် ၄ယောက်ကလည်း ပျောက်ဆုံးနေခဲ့တယ်။ ရဲတွေကလည်း 

အဲ့ဒီ့ ကလေးတွေကို  ရှာမတွေ့ခဲ့ဘူး ။


မိသားစု ၂ ခုပတ်သတ်ရှုပ်ထွေးနေတဲ့  ဘယ်လို

အိမ်တွင်း‌ရေးအရှုပ်က လူသတ်မှု့ကိုဖြစ်စေသလဲ ...


အိမ်ကိုအမွေဆက်ခံရမယ့် Libby က ဒီအိမ်ကြီးကို 

စရောက်တဲ့ အချိန်၊ ညဘက်မှာ ထပ်ခိုးထပ်က အသံကြားလိုက်ရတယ် ။ 


ဒီအိမ်ကြီး အကြောင်း စိတ်ထဲမှာ မသင်္ကာဖြစ်မိပြီး အိမ်ထဲကို ရှာပြီး စုံစမ်းဖို့ လုပ်တော့တယ်။  



သူ့သူငယ်ချင်းမလေး Dido နဲ့ အိမ်ထဲရှာကြည့်တော့  သူ့ကလေးဘဝ ပုခက်ထဲမှာ ယုန်ခြေထောက်တခု (ဘယ်လိုအစီအရင်မျိုးလဲ) နဲ့  ခြံထဲမှာ ဆေးပင်စိုက်ခင်းဟောင်းကိုလည်းတွေ့ရတယ် ။


အဲ့ထဲက ဆေးပင်တမျိုးနဲ့ မိသားစုဝင်တွေကို ဆေးခတ်ခဲ့ဖူးတဲ့ Henry...


နောက် Lucy Character မှာလည်း သမီးရင်း (Libby) ဆီ အသက် ၂၅ နှစ်ပြည့်ပြီးမှာ ပြန်ဆုံနိုင်ဖို့ ပြင်သစ်

ကနေ လန်ဒန်ကို လာဖို့ ကြိုးစားနေတဲ့ Lucy...  


Lucy အသက်၁၄ နှစ် မှာ Chelsea အိမ်မှာရှိတဲ့ အသက်၄၀အရွယ်နဲ့ လူ ရခဲ့တဲ့ ကလေး Libby..


Lucy မှာလည်း ပထမအိမ်ထောင်က နှိပ်စက်၊ နောက်အိမ်ထောင်ကျ သူ့နဲ့ကလေးနှစ်ယောက်ကို

ထားသွားပြန်တယ်။ 


Lucy ဟာ နောက်အိမ်‌ထောင်နဲ့ရတဲ့သား Marco၊ သမီးStella ၊Fitz ဆိုတဲ့ ခွေးတကောင်နဲ့ ကြုံသလိုနေ ၊အလုပ်လက်မဲ့ဖြစ်နေတယ်။


သမီးရင်းဆီကို သွားနိုင်ဖို့ အဆင်တွေပြေ ၊ 

ကောင်းစားနေတဲ့ ပထမယောကျာ်း Michael ဆီကိုသွား၊ passport ရနိုင်ဖို့ အကူအညီတောင်းခဲ့တယ်။

 

အဆင်ပြေတော့မလိုလိုနဲ့ Michaelက ဇာတိရုပ်ပေါ်၊ရုန်းရင်းကန်ရင်း Lucy က မတော်တဆ သတ်မိသွားတယ်။


ဒါပေမယ့် Lucy တစ်ယောက် Ex-husband ကို မတော်တဆ သတ်မိတဲ့ လူသတ်မှု့ကို သက်သေမကျန်အောင်လက်စဖျောက်နိုင်ခဲ့တယ် ။


သက်တမ်းလွန် passport ၊ကလေးနှစ်ယောက်၊ 

ခွေးတကောင်နဲ့ ပြင်သစ်ကနေ Londonကို ရထားနဲ့ရောက်အောင်လာ၊ သမီးဖြစ်သူ Libby နဲ့ ဆုံနိုင်အောင် ၊ Chelsea က အိမ်ကိုသွားစောင့်တယ်။


အဲ့ဒီအိမ်မှာပဲ Lucyကို ‌စောင့်နေတဲ့ တခြားသူတစ်ယောက် လည်းရှိ‌နေတယ် ။


Libby ...ဒီအိမ်ကို အမွေပေးခဲ့တဲ့ သူ့မိဘဆိုသူတွေ ဘယ်လိုသေသွားကြရတာလဲဆိုတာ Libby အရမ်းသိချင်နေမိတယ် ။


ဒါကြောင့် ရှာရင်း Guardian သတင်းစာမှာ သူ့မိဘတွေ အသတ်ခံရတဲ့အကြောင်း ရေးခဲ့တဲ့ ဂျာနယ်လစ် Miller ကို သွားတွေ့၊ အကူအညီတောင်းပြီး Libby၊ သူငယ်ချင်းမ‌လေး Dido ၊ ဂျာနယ်လစ် William တို့နဲ့ စုံစမ်းရေးစတင်တော့တယ် ။


Chelsa က Libby အမွေရမယ်ဆိုတဲ့ အိမ်ကြီးရဲ့ လျှို့ဝှက်ချက်..


1980 ဝန်းကျင်ကစပြီး အဲ့အိမ်မှာ ဖြစ်ပျက်ခဲ့တဲ့  အကြောင်းတွေ ...


ဘာကြောင့် လူသတ်မှု့ ဖြစ်ရတာလဲ ဆိုတာကို Libby အဖြေ ရှာလို့တွေ့မလား....


သူ့အမေအရင်း နဲ့ အဲ့အချိန်တုန်းက ပျောက်သွားခဲ့တဲ့ မောင်နှမတွေနဲ့ ပြန်ဆုံစည်းနိုင်မလား ဆိုတာ......


ဒီစာအုပ်ထဲမှာပါတဲ့ Character နဲ့ နာမည်ပြောင်း က များတယ် ။ စ စဖတ်ချင်းကတော့ နာမည်တွေ များလို့  နည်းနည်းစိတ်ပျက်မိတယ် ။


ဇာတ်လမ်း ဇာတ်ရှိန်က တရှိန်ထိုး တက်တဲ့ဇာတ်လမ်း မျိုးတော့မဟုတ်ဘူး ။ဖြေးဖြေးမှန်မှန်လေးနဲ့ ရေးပြထားတဲ့ ဇာတ်လမ်း ။


ကိုယ့်အကြိုက်မဟုတ်ပေမယ့် မဆိုးပါဘူး ။

စာအုပ်ထဲက  Characterတွေက...⬇️⬇️

Libby or Serenity Lamb

Dido

Miller

Henry


Lucy Smith or Marie Caron or Lucy Amanda Lamb

Marco

Stella

Fitz(Dog)


Samiar

Michael (Ex-husband)

Joy (Ex-husband's son)


David

Birdie

Sally

Justin

Phin

Mindy(Cat)


The Family Upstairs by Lisa Jewell

#Book_Review_By Hnin Yi Pwint

Sept 29,2020

The Sun Down Motel by Simone St.James

 đŸšď¸The Sun Down Motel 🏚️ စာအုပ်အကျဉ်းချုပ်

👻  Ghosts... 🔪 Murder... 👻 so creepy

👻🔪👻🔪  Spooky Thriller  👻🔪👻🔪

(စာအုပ်အကျဉ်းဆိုတော့ ရှည်မယ်နော် )။



ဒီစာအုပ်က ဖတ်ရတာသွက်တယ် ။ သရဲပါမယ်၊ 

လူသတ်မှု့ပါမယ်၊ စုံထောက်ပါမယ် ။ အမှတ်မထင် အခုရက် ဖတ်မိတဲ့ စာအုပ်တွေဟာ အမျိုးသမီးစာရေးဆရာတွေ ရဲ့ စာအုပ်တွေ များတယ်။


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


ဒီစာအုပ်ထဲမှာ 1982 နဲ့ 2017 အချိန်၂ ခုက အမျိုးသမီး နှစ်ယောက် ၊ NewYork ဆင်ခြေဖုံး

ဒေသ၊ Highway လမ်းမကြီးဘေးက Fell မြို့လေး ၊ SunDown Motel  မှာ ကြုံရတဲ့ တုန်လှုပ်ခြောက်ခြားစရာ အဖြစ်အပျက်တွေ ကို  ဖတ်ရမယ် ။


🛑 1982 ခုနှစ်....Vivian Delaney 🛑

၁၉၈၂ မှာ အသက် ၂၀ အရွယ် Vivian ဟာ  Sundown Motelမှာ ညဆင်း ဆင်းနေတယ် ။ သူ ညဆင်း ဆင်းနေတဲ့ အချိန်  မိုတယ် ထဲမှာ ထူးဆန်းတာတွေ ဖြစ်လာခဲ့တယ်။ 



ပြောရရင်   á€Šá€˜á€€á€ş ၊ အထူးသဖြင့် လူတစ်ယောက် လာတည်းအချိန်ဆို မိုတယ် ကြီး ဟာ အသက်ဝင်လာတယ်။ 


မီးတွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်တာတွေ ၊အခန်းတံခါးတွေ တဝုန်းဝုန်းနဲ့ ဖွင့်လိုက် ပိတ်လိုက်ဖြစ်တာတွေ ၊ 

လူမရှိဘဲ ရလာတဲ့ စီးကရက်အနံ့ နဲ့ မီးခိုးငွေ့တွေ ၊

ခပ်ဖျော့ဖျော့ရေမွှေးနံ့  ၊ floral dress နဲ့ အမျိုးသမီးသရဲ၊ ရေကူးကန်က ကောင်လေးသရဲ ...

အဲ့ဒါတွေကို Vivian တစ်ယောက် ညဆင်း ဆင်းတိုင်း ကြုံလာရတယ် ။


 Fell ဒေသလေးမှာ အမျိုးသမီး တွေ အသတ်ခံရလာတယ်။  Betty Graham, Cathy Caldwell  , Victoria Lee တို့ အသတ်ခံရပြီး စွန့်ပစ်ခံရတယ်။


ရဲကလည်းအသုံးမကျ၊ လူသတ်မှု့တွေဟာ လက်သည်မပေါ်ဘူး ။ Motel မှာ ညဆင်းဝင်လုပ်နေတဲ့Vivian တစ်ယောက်အဲ့ဒီ့ လူသတ်မှု့တွေကို   á€™á€”္နိုင်မထိုင်နိုင် လိုက်ပြီး စုံစမ်းရေး လုပ်တော့တယ် ။



အဲ့ဒီနောက် 1982 November မှာ Vivian တစ်ယောက် အစရှာမရ ပျောက်ဆုံးသွားတယ် ။


🛑 2017 ကတူမ Carly နဲ့ 1982 က အဒေါ် Vivian 🛑


အဒေါ်ဖြစ်သူ Vivian ပျောက်ဆုံးပြီး ၃၅ နှစ် အကြာ ၂၀၁၇ မှာ  တူမဖြစ်သူ Carly ဟာ အဒေါ်ဖြစ်သူရဲ့ ပျောက်ဆုံးမှု့ကို  Fell ဒေသလေးမှာ စုံစမ်းဖို့  ၊အဖြေရှာဖို့ ရောက်လာခဲ့တယ်။


🛑  2017 ခုနှစ် ...Carly  (Vivian ၏တူမ)🛑


🛑Carly Kik ,  Fell , New York, November 2017🛑


Illinois ကနေ ကားမောင်းလာပြီး Fell က Motel မှာ ဝင်နားနေတဲ့ Carly Kik..Carly ရဲ့ မိခင်ဖြစ်သူဟာ သိပ်မကြာခင်ကပဲ ကင်ဆာ နဲ့ ဆုံးသွားရှာတယ် ။ သူ့အမေ ချန်ထားခဲ့တဲ့ ငွေအနည်းငယ်ကို သူ့အကို Graham နဲ့ ခွဲယူကြရမှာ ။ 


Carly ကောလိပ်စတက်တုန်းကတော့ သူလုပ်ချင်တဲ့အရာတွေအတွက် အချိန် လုံလုံလောက်လောက်ရှိခဲ့မယ်လို့ ထင်ခဲ့ဖူးတယ် ။ သူ့အမေ အသက်၅၁ အရွယ်၊ ကင်ဆာရောဂါ နဲ့ ဆုံးသွားပြီးတဲ့နောက်  သူထင်သလို ဘဝမှာ အချိန်တွေ အများကြီးရှိမှာ မဟုတ်ဘူးဆိုတာ သိလာတယ် ။


Carly မှာ မေးစရာ မေးခွန်းတွေရှိတယ်။

အဲ့မေးခွန်းတွေအတွက် အဖြေကို အခု သူရှာရ‌တော့မယ် ။ အဲ့ဒီနောက်မှာ Laptop ထဲမှာ scan ဖတ်ထားတဲ့ ၁၉၈၂ က သတင်းစာဖြတ်ပိုင်းလေးကို သူရွေးလိုက်တယ်။ 


" ရဲတွေက ပျောက်ဆုံးနေတဲ့ ဒေသခံ အမျိူသမီးကို ရှာဖွေနေ" ဆိုတဲ့ သတင်းစာ ခေါင်းစီး ၊ အောက်မှာတော့ ပျောက်နေတဲ့ အမျိုးသမီးရဲ့ ဓာတ်ပုံ ၊ပုံအောက်က caption မှာတော့ "အသက်၂၀အရွယ် Vivian Delaney ဟာ  ၁၉၈၂ ၊ နိုဝင်ဘာ၂၉ ရက် ည ကတည်းက မမြင်တွေ့ရတော့ပဲ ပျောက်ဆုံးသွားတယ် ၊တွေ့ရှိပါက ရဲတွေထံ ဆက်သွယ်အကြောင်းကြားရန်" ရေးထားတယ်။


အဲ့ဒါပဲ ။ Carly သိချင်တဲ့ အဖြေဟာ အဲ့ဒီအရာ...



Carlyတစ်ယောက် ငယ်ငယ်ကတည်းက တခြားကလေးတွေ J.K.Rowling ဖတ်နေတဲ့အချိန် သူက Stephen King စာအုပ်‌တွေ ဖတ်နေတဲ့သူ ၊


ဖြစ်ရပ်မှန်တွေ၊ လျှို့ဝှက်ဆန်းကြယ်တွေ၊လူသတ်မှူ့ခင်း စာအုပ်တွေ စိတ်ဝင်စားတဲ့သူ ။ 

သူ့အမေ ထုတ်မပြောချင်တဲ့အရာ ၊ သူ့မိသားစုထဲမှာ

မဖြေရှင်းနိုင်တဲ့ လူသတ်မှု့ကို Carly တစ်ယောက် သူ့ဘာသူ ပဲ ရှာဖွေရင်း သိခဲ့တယ် ။


၁၉၈၂  နိုဝင်ဘာလ မနက်၃ နာရီမှာ Sundown Motel မှာ အစအနရှာမရ ပျောက်ဆုံးသွားတဲ့Viv Delaney ဆိုတာ အခု Carly ရဲ့ အဒေါ်၊ Carly အမေရဲ့ ညီမ ။ 


သေလားရှင်လားတောင် မသိ ၊အလောင်းလည်းမတွေ့၊

၃၅နှစ်တောင် အစရှာမရ ပျောက်ဆုံးနေတဲ့ အဒေါ်  

Viv Delaney..


Carly သိရသလောက် သူ့အဒေါ်ဟာ ညဆင်းဆင်းနေတဲ့အချိန် ညလယ်မှာ ပျောက်ဆုံးသွားရတယ်။ ကား၊ပိုက်ဆံအိတ်၊ ပိုင်ဆိုင်တဲ့အရာတွေ ထားခဲ့တာကို တွေ့တယ် ။ Viv Delaney ရဲ့ အခန်းဖော်ကတော့ Viv ဟာ လှတယ်၊ဖျတ်ဖျတ်လတ်လတ်ရှိတယ် ၊ ရည်းစားမရှိ၊ အရက် ၊ဆေး ဘာတခုမှ သုံးတာလည်း မရှိဘူး။ 


သူ့အဒေါ်လို အဲ့လို လူမျိုးဟာ ပျောက်ဆုံး သွားရတယ်၊ သေတယ်လို့ သတ်မှတ်ခံရတဲ့အတွက် Calry စိတ်ထဲ

မကျေနပ်ဘူး ။ သိချင်တဲ့ အဖြေအတွက် Sundown Motel ကို လာပြီး စုံစမ်းဖို့ ပြင်တယ် ။


Vivရဲ့ ပျောက်ဆူံမှု့ဟာ  နိုင်ငံတဝှမ်းသတင်းအနေနဲ့ ဝေးစွ၊ အဲ့ပြည်နယ် သတင်းမှာတောင် အာရုံစိုက်မခံခဲ့ရဘူး ။ Carly ရှာရှာဖွေဖွေလုပ်လို့သာ  ဖြစ်ရပ်မှန် မှူ့ခင်း ဘလော့ဂ် တွေထဲမှာ သူ့အဒေါ် အမှု့ကို  ရှာတွေ့ခဲ့ရတာ။ အဲထဲမှာ သူ့အဒေါ် ပျောက်ဆုံးမှု့အပြင် ၊ Fell ဒေသ ကနေ ပျောက်ဆုံးနေတဲ့ မဖြေရှင်းနိုင်တဲ့ လူသတ်မှူ့မှတ်တမ်း တွေကိုပါ Carly ရှာတွေ့ခဲ့တယ် ။


🛑  Vivian  , November 1982  🛑


Fell ,New York ...Highway လမ်းမကြီးဘေးက Sundown Motel,အဲ့ဒီ မိုတယ် မှာ ညဆင်း ဆင်း‌ရ သူလေး အသက်၂၀ အရွယ် Viv Delaney


Viv ညဆင်းဆင်းတဲ့အချိန် ၊ဘာသံမှ မကြားရပဲ 

အသက်ရှုသံပဲ ကြားရတဲ့ ညလယ်ခေါင်မှာ ‌ခေါ်တဲ့ 

ဖုန်း ၊   á€‘á€˝á€€á€şá€œá€Źá€á€˛á€ˇ ဆေးလိပ်မီးခိုးအငွေ့တွေ၊ ပိုက်က စနစ်တခုခုချွတ်ယွင်းပြီး ထွက်လာတဲ့ အခိုးအငွေ့တွေလား၊ ဒါမှမဟုတ် Viv တစ်ယောက်ပဲထင်ယောင် 

ထင်မှား ဖြစ်နေတာများလား ။ 


အဲ့အခိုးအငွေ့တွေဟာ သူ့ကို ရင်တထိတ်ထိတ် စိတ်အနှောင့်အယှက်ဖြစ်စေပေမယ့်  သူတစ်ယောက်တည်း  ရှိနေတယ်လို့ မခံစားရလို့  သဘောကျမိတယ် ။ သူ့ကို ဘယ်သူက ‌အဖော်လုပ်ပေးနေတာလဲ သိချင်မိလာတယ် ။


တနေ့ ညဘက် အလုပ်ဆင်းဖို့ လာရင်း မိုတယ်ကနေ ၁၀မိုင်ခန့်အကွာ ၊Melborn လမ်းမကြီးဘေးကမြောင်းထဲမှာ  စွန့်ပစ်ထားထားတဲ့ မိန်းကလေးအလောင်း တလောင်း  အကြောင်း လွှင့်နေတာကိုကား ရေဒီယိုကနေ နားထောင်နေမိတယ် ။


အဲ့ဒီ စွန့်ပစ်ခံထားရတဲ့ မိန်းကလေး အလောင်း နာမည်က  အသက်၁၈နှစ်အရွယ် Tracy Walter၊ ကိုယ်လုံးတီးနဲ့ မြောင်းထဲမှာ စွန့်ပစ်ထားခံရတယ် ။ ဒီလောက် အေးခဲနေတဲ့ အချိန်မှာ ကိုယ်လုံးတီးနဲ့ စွန့်ပစ်ခံထားရတာ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ လို့ Viv တစ်ယောက် တွေးမိသေးတယ် ။


ဒီမှာလုပ်နေတာ ၃လလောက်ရှိနေပြီဖြစ်တာတောင် Viv တစ်ယောက် ကြောက်နေတုန်းပဲ။ 


နောက်၈ နာရီအတွင်း၊အမှောင်ထဲမှာတစ်ကိုယ်တည်း...

နောက် တခြားသူတွေနဲ့ ‌ နေရဦးမယ် ။


Motel ထဲရောက်တော့ ကောင်တာမှာရှိနေတဲ့ Johnny ကိုတွေ့တယ် ။Motel ပိုင်ရှင်Janice ဟာ ဒီမှာ မနေဘူး။ ညဘက်ဆို ပိုတောင် မလာသေးတယ် ။ တခါတလေ လပိုင်းလောက်ထိတောင် ပိုင်ရှင်ကို မတွေ့ရဘူး ။ 


Viv တို့ကို ပေးစရာရှိတဲ့ လစာကိုလည်း ခုံပေါ်တင်ပေးခဲ့တာ တွေ့ရတယ် ။ ပိုင်ရှင်နဲ့ သူတို့  ပြောစရာရှိရင် Notesထဲရေး၊ကပ်ထားခဲ့ကြ ပြီး ဆက်သွယ်ကြတယ်။ 


အခုလည်း Viv တစ်ယောက် အခန်း ၁၀၃ က တံခါးအကြောင်း ၊ ပိုင်ရှင်ကို ပြောစရာရှိလို့ note ထဲ ရေးနေတယ် ။  တံခါးကိုViv လော့ချပြီး ပိတ်ခဲ့တာတောင် ပြန်ပြန်ပွင့်နေလို့ ။ ပိုင်ရှင်ပြန်ပြင်သင့်တယ်လို့လည်း Johnny ကလည်း ထောက်ပြသေးတယ် ။  Johnny ရော Viv ပါ  ဒါဟာ ထူးဆန်းနေတယ်ဆိုတာ သိတယ် ။ 


ဒီ Motel မှာ နေ့ဆင်းနဲ့ ညနေပိုင်း ဆင်းတဲ့ ဝန်ထမ်းတွေကတော့ ဒါမျိုးကြုံချင်မှ ကြုံကြမှာပေါ့လေ ။

ခဏနေတော့ Johnny  အလုပ်ဆင်းသွားတယ်။ 

Viv က မှတ်စုစာအုပ်ထဲမှာ ရေးလိုက်တယ် ။


ည ၁၁_၁၃ ။  ။ အခန်း၁၀၃ က က တခါး ထပ်ပွင့်တော့မယ် ။ နောက်ပြောင်‌ခေါ်တဲ့ ဖုန်းကောလ်တွေ ၊ ဒီမှာ ဘယ်သူမှလည်း မရှိကြဘူး ။ Tracy Walters ကလည်း သေပြီ ။အပြင်က အသံ ကြားလိုက်ရတယ် ။


ခဏနေတော့ လေနဲ့အတူ အခန်း၁၀၃ တံခါး ပွင့်ပြီး နံရံကို တဗုန်းဗုန်း နဲ့ တံခါး ရိုက်သံကို ကြားလိုက်ရတယ် ။

Viv ဆက်ရေးပြန်တယ် ။ တစ္ဆေ(Ghost) တွေဟာ ညဘက် မှ နိုးထလာကြတယ် ၊ သူတို့ တွေဟာ မရပ်မနားနဲ့ ။ ဒါတွေ သိပ်မကြာခင်မှာ ပြီးဆုံးသွားမှာပဲလို့ တွေးမိတယ် ။ သူမ လက်တွေကို ငြိမ်အောင် ထား‌ပေမယ့် တုန်ခါနေတယ် ။ ငါတောင်းပန်ပါတယ် Tracy... ငါရှုံးသွားခဲ့ပြီ ။ နိုဝင်ဘာ၂၉ ၊၁၉၈၂ ၊၁၁နာရီ၂၄ မိနစ်၊ မနက် ၃နာရီ ။   á‹ Viv Delaney တစ်ယောက် ပျောက်ကွယ်သွားခဲ့တယ် ။



ဒါဟာ အစပဲ ရှိသေးတာ ။  ။


👻👻 ခြေသံတွေ၊တချပ်ချင်းပွင့်နေတဲ့ တံခါးတွေ ၊အသံတွေ၊မီးခိုးငွေ့တွေ ၊ ရေကူးကန်မှာတွေ့လိုက်ရတဲ့ ၉နှစ်အရွယ်ကောင်လေး၊ Floral Dress နဲ့ အမျိုးသီးတစ်ယောက်ရဲ့  Run ..... ဆိုတဲ့ အသံ ..👻👻


🛑 Carly ... November , 2017🛑


၂၀၁၇ ခုနှစ် တူမဖြစ်သူ Carly ရဲ့🕵️  ရှာဖွေရေး   đŸ•ľď¸


သူ့အဒေါ် Vivian ကို ရှာဖို့ Sundown Motelကိုရောက်လာတဲ့အချိန်မှာ အင်တာနက်ကရှာထားတဲ့ Sundown Motelရဲ့ပုံတွေအရ၊ 1982 ကအခြေအနေနဲ့ သိပ်ကွာခြားမနေတာက Carlyရဲ့ စုံစမ်းရေးအတွက် ကံကောင်းတာပဲ ။


သတင်းစာတွေအရ လွန်ခဲ့တဲ့၃၅ နှစ်က ပျောက်သွားခဲ့တဲ့ သူ့အဒေါ် Vivဟာ ကားကိုလည်း ထားခဲ့တယ် ။ ရဲထွက်ဆိုချက်တွေအရ ရုန်းကန်ထားတာတွေ ၊သွေးကွက်တွေ ဘာတွေလည်း မတွေ့ဘူး ။

 

Carly အတွေးက သူ့အဒေါ်အသိစိတ်မရှိတော့တဲ့အချိန်မှာများ တစ်ယောက်ယောက်က ကားတစီးပေါ်ခေါ်တင်သွားခဲ့တာလား ။ ဒါမှမဟုတ် တစ်ယောက်ထဲ ထွက်ပြေးသွားခဲ့တယ်ဆိုရင် Motelရဲ့ နောက်ဘက်မှာရှိတဲ့ ‌တောအုပ်လေးနဲ့ စိုက်ခင်းတွေဘက် သွားခဲ့တာများလား ။


Carly တစ်ယောက် Fell မြို့လေးကိုရောက်လာတဲ့အချိန်မှာ Heather ဆိုတဲ့ ဒေသခံမိန်းကလေးနဲ့ ဆုံ ။ Heatherကလည်း ဖြစ်ရပ်မှန်မှု့ခင်းတွေကို စိတ်ဝင်စားတယ် ။Carly ကလည်း  ၁၉၈၂ မှာပျောက်သွားတဲ့ အဒေါ် Viv ကို ရှာဖို့ Fellကို ထွက်လာတဲ့  သူများတွေအမြင်ဆို စာကြမ်းပိုး၊ ခပ်ကြောင်ကြောင်ပေါ့၊

 

ဒေသခံ သူငယ်ချင်း Heather ကိုထပ်မေးကြည့်တော့ လမ်းမကြီးဘက်ကိုသွားခဲ့ရင် ဂက်စ်ဆိုင်ဘက်၊ Fell မြို့အထွက် မိုင်နည်းနည်းသွားရမယ့် အမှတ်၆လမ်းမကြီး‌ပေါ်ရောက်သွားနိုင်တယ်ပေါ့ ။


ဒေသခံHeatherရဲ့ပြောပြချက်အရ Motel ဝင်းထဲက ရေကူးကန် မှာ လူတစ်ယောက် သေဖူးတယ် ။သန့်ရှင်းရေးလုပ်၊အပြောင်ရှင်းပြီး၊ ကန်ကိုလည်းပိတ်ထားလိုက်တယ်၊ပြီးတော့ အဲ့နေရာကိုလည်း ဘယ်သူမှ မသွားကြဘူး ။ ရေကူးကန်မှာ လူသေသွားတဲ့အတွက်ကြောင့်လည်း Sundown Motel မှာလာတည်းသူ မရှိသလောက်ဖြစ်သွားတယ် ။


အဲ့နောက် Carly နဲ့ Heather တို့ Motel ထဲ ဝင်စပ်စုရင်း အလုပ်ဝင်တဲ့ လအနည်းငယ်လောက်ကြာပြီဖြစ်တဲ့ Oliver ဆိုတဲ့ အသက်၃၀ အရွယ် Motel ဝန်ထမ်း တစ်ယောက် နဲ့တွေ့တယ် ။


ညဆိုင်းအတွက် လူတစ်ယောက်ခေါ်နေတယ်ဆိုလို့ Carly ဟာ Heather နဲ့ တိုင်ပင်ပြီး လျှောက် ဖို့ ပြင်လိုက်တယ် ။


Carly တစ်ယောက် ညဆိုင်းဝင်လုပ်ရမှာတော့ကြောက်သား၊ Motel ကအမှောင်ထုများပြီး သရဲခြောက်တဲ့ အိမ်ထဲ ဝင်သွားသလို ခံစားရတယ် ။


သူ့အဒေါ်ပျောက်သွားခဲ့တာ ၃၅ နှစ်ရှိနေတာ မှန်ပေမယ့် ၊ အဒေါ်အလုပ် လုပ်ခဲ့တဲ့နေရာမှာ ညဆင်း ဝင်လုပ်ရင်း ဘာတွေ ဖြစ်နေသလဲ သိချင်သူ Carly...


အလုပ်သွားလျှောက်တော့ရတယ် ။

ညဆင်းအလုပ်ကို  မနှစ်မြို့စရာကောင်းတဲ့ အသက်၅၀အရွယ် Chrisဆိုတဲ့သူကသင်ပေးတယ် ၊သူက အရင် Motel Owner ရဲ့ သားဖြစ်တဲ့သူလို့သိရတယ်။


ဒီဘက်ခေတ်ရောက်နေတာတောင် ငွေကုန်ကြေးကျများတယ်ဆိုပြီး၊ မိုတယ်မှာ wifi မရှိ၊အင်တာနက် သုံးလို့မရ၊ smart cardတွေ ပြောင်းဖို့ မလုပ်ဘူး။


ဧည့်သည်လာရင် နာမည်စာရင်းမှတ်ဖို့ Leather Guest Book ကြီးရှိမယ်၊ ဖုန်းဟောင်း တလုံးရှိမယ်။


Chrisက သူ့မိဘတွေမရှိတော့တဲ့အချိန်  ဒီmotelကို ဈေးချိုချိုနဲ့ ရောင်းဖို့ လုပ်ခဲ့ပေမယ့် ဝယ်မယ့်သူမရှိဘူး ။ 


Chris ကကားမအာမခံလည်း ရောင်းကြောင်း Carly ကိုပြောတယ် ။ Chris သူ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီmotel ကို မုန်းတယ်။ ဒီနေရာမှာ ကြုံခဲ့ရတဲ့ အမှတ်ရစရာတွေဟာ ဆိုးဝါးလွန်းတယ်။ လိုအပ်ရင် ရဲခေါ်ဖို့လည်းပြောခဲ့တယ် ။


🛑 Motel ကို လာတဲ့သူတွေ 🛑

Motel မှာလာတည်းတဲ့ ပွေချင်တဲ့Robert White နဲ့ Helen ဆိုတဲ့ အမျိုးသမီး

Robert White ကိုBlackmail လုပ်ပြီး Mr.Whiteဆီက ငွေခြူချင်တဲ့ Helenတို့လင်မယား၊ Balckmailပို့ဖို့ ဓာတ်ပုံ‌အထောက်အထားယူပေးရတာက လူမည်းအမျိုးသမီး ဓာတ်ပုံဆရာ Marnie ။


🛑ညဆိုင်း အမြဲ ဆင်းရတဲ့ ရဲအရာရှိ အမျိုးသမီး 

Alma Trent 🛑 

အဲ့ခေတ်က အရေးပေးမခံရတဲ့ အမျိုးသမီး ရဲအရာရှိ တွေရဲ့ ဘဝ၊ ညဆိုင်းဆင်းနိုင်ရင် ရဲလုပ်၊ မဆင်းနိုင်ရင် ရဲမလုပ်နဲ့ဆိုတဲ့ ပုံစံ။


🛑Vivian နဲ့  ရဲအရာရှိ Alma Trent 🛑


Motel ဝင်းထဲမှာ Trucker ဆရာနှစ်ယောက် ရန်ဖြစ်နေကြလို့ Vivian တစ်ယောက် အကြောင်းကြားရင်း ရောက်လာတာက အမျိုးသမီးရဲအရာရှိ Alma Trent


တခြားအနှောင့်အယှက်ရှိသေးလားမေးတော့

အမှောင်ကျသွားတဲ့အချိန်ရယ် ၊သရဲထွက်လာတဲ့အချိန်ကလွဲရင် အနှောင့်အယှက် မရှိပါဘူးလို့ စိတ်ထဲက ပြောလိုက်မိတယ် ။


ရဲ အရာရှိ ပြန်ခါနီး Vivian က ရေကူးကန်မှာ 

ဘယ်သူသေသွားသေးလဲ မေးလိုက်တယ် ။ 

ရဲအရာရှိ Alma က နည်းနည်းတော့ငြိမ်သွားတယ် ။ 


"လွန်ခဲ့တဲ့ ၂နှစ်လောက်က  ကောင်လေးတစ်ယောက် ရေကူးကန်ဘောင် နဲ့ ဆောင့်မိပြီး  ၊သတိလစ်သွားတယ်၊ ပြီးတော့  သတိပြန်လည်မလာတော့ပဲ  ဆုံးသွားတယ် ။ "


"မင်း ဘယ်ကကြားလဲတော့ မသိပေမယ့်

Janice ကတော့ ဒီအကြောင်း ဘယ်တော့မှ ထပ်ပြောမှာမဟုတ်ဘူး။ Henry ကလည်း ပြောပြနိုင်တော့ မှာ မဟုတ်ဘူး ။"


Viv က Henry ဆိုတာကို တအံ့တဩနဲ့..

ရဲအရာရှိ Almaက" ဟုတ်တယ်လေ... Henry ဟိုနားက ထိုင်ခုံမှ အမြဲလိုလို ထိုင်တဲ့ Henry..လွန်ခဲ့တဲ့ ၆လလောက်ကပဲHeart Attack ဖြစ်ပြီး ဆုံးသွားတာလေ"


VIV တစ်ယောက်ငြိမ်ကျသွားတယ် ။


ရဲအရာရှိ AlmaကViv ကို တနေ့တော့ မင်း ဒီအကြောင်း ဘယ်လို သိလာတယ်ဆိုတာပြောပြရမယ်။ 


ဒါတွေဟာ ဒီMotel မှာဖြစ်ပျက်နေတဲ့ အဆိုးဆုံးတွေ မဟုတ်သေးဘူး‌ဆိုတာ မင်းခန့်မှန်းနိုင်မှာလို့ ပြောခဲ့တယ် ။ အကူအညီလိုရင်ပြော လို့ ခေါ်လိုက်ပါလို့ ပြောပြီး ပြန်သွားတယ်။


🛑 🏚️  Sundown Motel 🛑 🏚️ 

၁၉၇၀ပြည့်နှစ်ဝန်းကျင်လောက်မှာ ဆောက်ခဲ့တယ် ။ အဆောက်အအုံက L ပုံစံအ‌ဆောက်အုံ။ ခြောက်တယ်လို့ပြောကြတယ် ။


ဟုတ်တယ်။ တကယ်လည်း ခြောက်နေတာ ။


1978 မှာ အသတ်ခံရပြီး Sundown motel 

မဆောက်ခင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ  အလောင်း စွန့်ပစ်ခံရသူ၊ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့တဲ့ Betty Graham ...Flowered Dress၊ ခပ်ဖျော့ဖျော့ရေမွှေးနံ့ နဲ့ညဘက် Vivian ရှေ့ ပေါ်လာတဲ့ အမျိုးသမီးသရဲ ။ 


သူက motel မှာ လူတစ်ယောက် လာတည်းပြီဆိုရင် ဒေါသထွက်ပြီး တဝုန်းဝုန်းတဒိုင်းဒိုင်းတွေလုပ်ပြတယ်။


🛑အဲ့လူက မထင်ရက်တဲ့ ကွင်းဆက်လူသတ်သမား၊

Betty ကို သတ်သွားတဲ့သူ ။ Motel မှာ ခဏခဏ လာတည်းပြီး အမြဲ နာမည်အတုတွေနဲ့   check in လုပ်တဲ့ Travelling Salesman  Mr.Simon Hess, (သို့)  James March ဆိုတဲ့လူ ။ 🛑 


Psycho သမားမျိုးပေါ့ Simon Hess ဟာ အိမ်ထောင်ရှိပေမယ့် ‌‌ကျောင်းဆရာမ Betty ကို ချစ်မိတော့ ကားနဲ့ခေါ်ပြေးရင်း Betty ကလက်မခံ အော်ဟစ်နေလို့  သတ်မိသွားတယ် ။


အလောင်းကို  Sundownmotel မဆောက်ခင်က ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ပြစ်ထားခဲ့တာ ။


Simon Hess ကလည်း သူချစ်မိတဲ့ Betty ရှိနေမှန်း

သိလို့ မိုတယ်ကို လာလာတည်းတယ် ။

 

Betty ခမျာလည်း မကျွတ်ရှာပဲ ၊သူ့ကို သတ်သွားတဲ့

Simon Hess လာတည်းတိုင်း ဒေါသတွေထွက်ပြီး

မိုတယ်ဟာ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ အသက်ဝင် ခြောက်ခြားစရာဖြစ်လာတယ်။


သွေးအေးတဲ့ အဲ့လူသတ်သမားနောက်ကို နောက်ယောင်ခံလိုက်တဲ့ Vivian ရဲ့ စွန့်စားခန်းတွေဟာ ရင်တထိတ်ထိတ် ။ 


Tracy Walter ဟာ Simon Hess မျက်စိကျနေတဲ့ နောက်သားကောင်ဖြစ်မှာကို  Vivian က ကြိုသိနေလို့ Tracy ရဲ့ မိဘတွေကိုလည်း စာနဲ့အကြောင်းကြားပေးတယ် ၊ဖုန်းဆက်ခဲ့တယ် ။ စနောက်တယ်လို့ပဲ ထင်ကြတယ် ၊ မယုံကြဘူး ။ရဲအရာရှိ Alma ကလည်း   á€™á€šá€Żá€śá€˜á€°á€¸ ။


နောက်တော့ Tracy Walter လည်း သေသွားတယ်။


ရဲက မှ မယုံတော့ မိုတယ်မှာ လာလာတည်းတဲ့

🛑 Traveling Salesman လူသတ်သမား Mr.Simon Hess ကို Vivian က  အကွက်ဆင်ဖမ်းဖို့ကြံတယ် ။

ကြံရင်း သတ်မိသွားတယ် ။


🛑 အဲ့အခန်းက ညဘက်ဖတ်ရင် သိပ်မိုက်တယ်။

ရုန်းရင်းကန်ရင်း ရင်တထိတ်ထိတ်ပဲ ။


🛑 Motel အခန်းထဲ Simon Hess အသတ်ခံနေရတဲ့အချိန်မှာ သရဲ Betty က တံခါးလာခေါက်တဲ့အခန်း၊

Simon Hess ကို သတ်ပြီးတော့  ရေကူးကန်မှာသေသွားတဲ့ ၉နှစ်အရွယ် ကောင်လေး သရဲက မင်းလုပ်နိုင်ခဲ့ပြီလို့ ပြောတဲ့အခန်း  ၊ဇာတ်လမ်း ကြည့်နေရသလိုပဲ။ 


VIV တစ်ယောက်ကတော့ အာဂပဲ။ လူသတ်သမား Simon Hessကို ဓားနဲ့ ညှင်းရင်း Betty Graham, 

Cathy Caldwell နဲ့ Tracy Walter တို့ကို သတ်ရ‌တဲ့အကြောင်းအရင်းကိုပါ မေးသေးတာ ။


ကဲ...ရဲကအသုံးမကျတော့ ကွင်းဆက်လူသတ်သမား Simon Hess ကို Vivian က ရှင်းလိုက်တယ်။

Fell ရဲဌာနက Alma ကို လှမ်းအကူအညီတောင်းတယ်။

 

သွေးတွေ ဗရပွနဲ့  Simon Hess ကို ဆွဲချလာတဲ့အချိန် 

Motel တံခါး လာ‌ခါက်တဲ့သူကို ကြည့်လိုက်တော့

ဓာတ်ပုံရိုက်တဲ့ Marnie .

နောက် ရဲအရာရှိ Alma ရောက်လာတယ်။


ရဲလက်ကို အပ်ရင်လည်း Simon Hess ဟာ ကွင်းဆက်လူသတ်သမားပါဆိုတဲ့ ခိုင်မာတဲ့ သက်သေမရှိဘူး ။  


အခန့်မသင့်ရင်  ကိုယ့်ဘာကိုယ် ကာကွယ်ရင်း Simon Hess ကို သတ်မိတဲ့ Vivian တစ်ယောက်  ထောင်ထဲရောက်မယ့်အဖြစ် ။


ဘေးက Marnie နဲ့ ရဲအရာရှိ Alma လည်း ကျဉ်းထဲကြပ်ထဲရောက်မယ့် အဖြစ် ။


🛑 အဲ့ဒီအခြေအနေက လုံးဝလွတ်မြောက်ဖို့ Vivian  သတ်လိုက်တဲ့ ကွင်းဆက်လူသတ်သမားSimon Hess ကို Marnie နဲ့  ညဆိုင်းရဲအရာရှိAlma က ဘယ်နေရာမှာ အလောင်းကိုသွားဝှက်ထားမလဲ။ Vivian ကိုရော fell ကနေ အမှု့မပတ်ပဲ ပျောက်ကွယ်သွားအောင် ဘယ်လို အကူအညီပေးမလဲ။ 


2017  မှာ အဒေါ်ကို လာရှာတဲ့ Carly က

သူ့အဒေါ်ပျောက်တဲ့အချိန်က ရှိခဲ့တဲ့ Marnie နဲ့

ရဲအရာရှိကနေ အနားယူသွားပြီဖြစ်တဲ့ Alma ကို

သူ့အဒေါ်ကြောင်း မေးခဲ့ပေမယ့် အဖြေမပေးခဲ့ကြဘူး။


🛑 Simon Hess သေပြီးတဲ့နောက် သရဲဖြစ်သွားပြီး

2017 Carly ညဆိုင်းဆင်းနေတဲ့အချိန် Motel မှာcheck in လုပ်ပြီး တည်းပြန်တယ် ။ စာအုပ်ထဲတော့ နာမည်မရေးဘူး။ (ဘယ်ရေးနိုင်းမတုန်း၊ သရဲကိုး )


သူချစ်တဲ့ Betty ရှိနေမှန်းသိလို့ လာတည်းတာ။ 

သူ့ရဲ့သားကောင်ဖြစ်ခဲ့တဲ့ Betty ကတော့ ဒေါသတွေ ထွက်တုန်း ။


🛑 2017 မှာ Carly ၊   Nick နဲ့  Heather တို့

လွန်ခဲ့တဲ့ ၃၅ နှစ်က Vivian တို့ ဝှက်ထားခဲ့တဲ့ကွင်းဆက် လူသတ်သမား Simon Hess ရဲ့ 

အလောင်းကို ရှာတွေ့မလား ။ 


🛑 သူ့အဒေါ်  Vivian ကရော တကယ် သေသွားပြီလား၊ ဒါမှမဟုတ် Carly နဲ့ အဒေါ်ဖြစ်သူ Vivian 

ပြန်ဆုံနိုင်ဦးမလား ဆိုတာ....


1982  နဲ့ 2017 တလှည့်စီရေးထားတာဆိုတော့

ဇာတ်ကြောင်းနည်းနည်းထပ်တာပါပေမယ့် စာအုပ်က ဖတ်မိရင် ဆက်တိုက်ဖတ်ချင်နေတဲ့စာအုပ်။

တကယ့် Spooky Thriller ပဲ 👻🔪👻🔪


🛑ဒီစာအုပ်ထဲမှာ ပါတဲ့ Character တွေက 

Vivian Delaney (အဒေါ်)

Carly  Kik (တူမ)


Viv's roommate...Jenny Summer

Carly roommate...Heather


Nick


အသတ်ခံရတာက

Betty Graham, Cathy Caldwell  , Victoria Lee ,Tracy Walter


မိုတယ်မှာ ခြောက်သူ  သရဲ Betty 


1980 မှာ ရေကန်ဘောင်နဲ့ရိုက်မိပြီး ဆုံးသွားတဲ့

၉နှစ်အရွယ် ကောင်လေးသရဲ


စီးကရက်ခဲထားတဲ့ အမြဲဆေးလိပ်အငွေ့တွေပြ၊ Goddamn bitch လို့ အမြဲဆဲတဲ့ ခပ်ပိန်ပိန် အဘိုးကြီး သရဲ Henry (ကောင်လေးဆုံးပြီးတဲ့နောက်

ဖိစီးမှု့တွေများပြီး Heart Attactဖြစ်ကာ ဆုံးသွားတဲ့ Sundown ကဝန်ထမ်း) 


Mr.White နဲ့ ဖောက်ပြန်ပြီး Balckmailပို့ ငွေညှစ်ချင်တဲ့Helen ဆိုတဲ့ ခပ်ဖြောင့်ဖြောင့်အမျိုးသမီး။


ဓာတ်ပုံရိုက် သူ Marnie


ရဲအရာရှိအမျိုးသမီး Alma Trent


Libraryမှာတွေခဲ့တဲ့Fell collegeက Prof ရဲ့ သား

ဖြစ်သူ Callum : Callum က Travel Salesman Simon Hess ရဲ့မြေး 


Jamie Blaknik..pot dealer( Vivian ကို ကူညီခဲ့သူ)


The Sun Down Motel by Simone St.James

#Book_summary_by Hnin Yi Pwint

Oct 20.2020

A Good Marriage by Stephen King

 A Good Marriage by Stephen King


Good Reads မှာရော၊ King gp တွေထဲမှာပါ ကြိုက်တဲ့သူတွေက ကောင်းတယ် ပြောဖူးကြတဲ့ Full Dark, No Stars စာအုပ်ထဲက ဝတ္ထုလတ် တပုဒ်ပေါ့ ။ ဇာတ်ကားလည်းရှိတယ် ။ အောက်ဆုံးမှာ link ပေးထားပါတယ် ။


Portland, Maine ပြည်နယ်မှာ Bob နဲ့ Darcy ဆိုတဲ့ ဇနီးမောင်နှံ နှစ်ယောက်ရှိတယ်။ 


ယောကျာ်းဖြစ်သူ Bob Andersonက Accountant အလုပ် အပြင် ရှားပါး အကြွေ‌စေ့ တွေဘာတွေလည်း အရောင်းအဝယ်လုပ်တယ် ၊ ဇနီးဖြစ်သူ နာမည်က Darcy၊သားဖြစ်သူ Donnie ရော သမီးဖြစ်သူ Petraရော ကိုယ့်ဘဝကိုယ် လျှောက်လှမ်းဖို့ပြင်နေတဲ့ အရွယ်‌ရောက်နေကြပြီ ။ 


ပျော်ရွှင်စရာ မိသားစု ဘဝနဲ့  သူတို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက်၂၇ နှစ်နီပါးရှိပြီ။


၂၇ နှစ်ဆိုတဲ့ အိမ်ထောင်သက်ဟာ တစ်ယောက် အကြောင်း တစ်ယောက် အကုန်အစင် သိပြီလို့ ယူဆလို့ ရတယ် ။ 


ဂိုဒေါင်ထဲမှာ  ဓာတ်ခဲရှာရင်း Bob Anderson ရဲ့ လျှို့ဝှက်ချက် ကို ရှာမတွေ့ခင် အချိန်ထိပေါ့လေ။ 


တနေ့ Bob Anderson က အလုပ်ကိစ္စနဲ့ ခရီးထွက်သွားရတယ်။ Darcy တစ်ယောက် TVကြည့်ရင်း TV remote အလုပ်မလုပ်တာနဲ့  ဓာတ်ခဲလဲဖို့ ကားဂိုထောင်ထဲက 

စတိုပစ္စည်းတွေ ထားတဲ့နေရာမှာဓာတ်ခဲ သွားရှာတယ် ။ 


ယောကျာ်းဖြစ်သူ Bob ဟာ Accountant လို့မပြောရဘူး။ ပစ္စည်းထည့်ထားတဲ့ box အားလုံးကို စနစ်တကျ သူ့ ခေါင်းစဉ်နဲ့သူ ဂိုဒေါင်ထဲမှာ သိမ်းထားတယ် ။


အဲ့ဒီ့အချိန်မှာ ပစ္စည်းတွေတင်ထားတဲ့ စားပွဲအောက်က  box တခုကို အမှတ်မထင် တိုက်မိရင်း ယောကျာ်းဖြစ်သူ Bob Anderson ရဲ့ လျို့ဝှက်သေတ္တာကို ရှာတွေ့လိုက်တယ် ။ ‌


အထဲမှာပါတာတွေကို ကြည့်ရင်း  Darcy တစ်ယောက် အိမ်ထောင်သက် ၂၇ နှစ်အတွင်းသူ မသိသေးတဲ့ 

သူ့ယောကျာ်း Bob ရဲ့ လျှို့ဝှက်ချက်  Dark Side ကို 

ရိပ်မိသွားတော့တယ် ။


အဲ့boxတွေထဲမှာ ရှာရင်းဈေးမပါ၊ bar code မပါတဲ့ Bondage Bitches ဆိုတဲ့ မဂ္ဂဇင်းကို ရှာတွေ့တယ် ။


ဝတ်လစ်စလစ် နဲ့ အမျိုးသမီးတစ်ယောက်ကို ကြိုး

အမည်းနဲ့ မလုံ တလုံ ချည်ထားပြီး၊ ရင်ဘက်ပေါ်မှာ 

သွေးတွေနဲ့၊ သွေးကတော့ သွေးတု ပုံစံမျိုးပဲ။




ယောကျာ်းလေးရှိတဲ့ အိမ်မှာ ဒီလို မဂ္ဂဇင်း တွေရှိတာ

မဆန်းဘူးဆိုတာ Darcy သိတယ် ။


ဒါပေမယ့် ဓာတ်ပုံထဲက အမျိုးသမီး အော်ဟစ်နေပုံက ဓာတ်ပုံ ရိုက်လို့ ပိုစ့်ပေး ဟန်ဆောင်နေတာမျိုး မဟုတ်ပဲ အသက်ပါလွန်းနေတယ် ။ 


အဲ့အမျိုးသမီးနောက်က Ginsu ဓားနဲ့၊ သားရေ အောက်ခံဘောင်းဘီ နဲ့ အမျိုးသားပုံကလည်း Bondage sex လို ပုံစံမျိုးထက် Accountant ပုံစံမျိုး ပေါက်နေတာလည်း ရယ်စရာကောင်းတယ်။


Accountant ဆိုမှ Bob ဟာလည်း Accountant ပါလား လို့ Darcy တွေးမိတယ် ။


ဈေးမပါ၊ barcode မပါတဲ့ ဒီလို မဂ္ဂဇင်းမျိုးကို  Bob 

တစ်ယောက် ဘယ်က ဝယ်တာပါလိမ့်ပေါ့ ။ 


နောက် တဖြည်းဖြည်းစပ်စုကြည့်ရင်း Links ဆိုတဲ့ ခေါင်းစဉ်အောက်က  box တခုကို အမှတ်မထင် ရှာတွေ့သွားတယ် ။ Bob Anderson ဖွက်ထားတဲ့ အဲ့ box ထဲက Darcy ရှာ‌တွေ့သွားတာ ဘာဖြစ်မလဲ ။


အဲ့အချိန်မှာပဲ ခရီးသွားနေတဲ့ Bob ဆီကနေ ဖုန်းဝင်လာတယ် ။ Bob က လူလည် ၊ Darcy အသံကို နားထောင် တာနဲ့ တခုခု မှားနေမှန်း သိတယ် ။


ခရီးကနေ အချိန်မတိုင် ခင် ပြန်လာခဲ့တယ် ။


အဲ့ဒီ့နောက် ဘာဆက်ဖြစ်မလဲ ...


ကိုယ့်အိမ်ထောင်ဖက်အကြောင်း ကိုယ်ဘယ်လောက်ထိ

သိတယ်လို့ ထင်ပါသလဲ ။


Darcy တစ်ယောက် အိမ်ထောင်သက် ၂၇ နှစ်ကြာမှ 

သူဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် နှိပ်စက်ပြီးမှ သတ်တဲ့  ကွင်းဆက်လူသတ်သမားကို လက်ထပ်ထားမိပါလားလို့  သိလိုက်တဲ့အချိန်မှာ...


ဖြစ်လာတဲ့ ခြောက်ခြားစရာစိတ်၊ သားသမီး တွေက

သူတို့ရဲ့ အဖေဟာ ကွင်းဆက်လူသတ်သမား ဆိုတာ

သိသွားခဲ့ရင်ရော....



ဒါမှမဟုတ်  Darcy တစ်ယောက် ရဲကို အကြောင်းကြားလိုက်လို့  သူ့သား သမီးတွေ အခုမှစလုပ်မယ့် စီးပွားရေး/အိမ်‌ထောင်ရေးမှာ ကွင်းဆက်လူသတ်သမားရဲ့ သားသမီးဆိုပြီး အဟန့်အတား တွေ ဖြစ်ခဲ့ရရင်ရော....


ကလေးတွေသာ သူတို့အဖေဟာ ကွင်းဆက်လူသတ်သမားဆိုတာ သိသွားခဲ့ရင် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတဲ့  အတွေးတွေ....


သူ့ယောကျာ်းကို ဘယ်လို ရင်ဆိုင်ရမလဲ၊ ရှေ့ဆက် ဘယ်လို လုပ်သင့်သလဲ ၊ Darcy တောက်လျှောက် စဉ်းစားတယ် ။ 


❗(character တခုစီရဲ့ အတွေးတွေကို သေချာရေးပြတက်တဲ့ ဦးကင်းရဲ့ ထုံးစံအတိုင်း  Darcy ရဲ့ အတွေးတွေကတော့ တသီကြီးပါပဲ  ) ❗


Darcy တစ်ယောက် Bob ဟာ တကယ့် ကွင်းဆက်လူသတ်သမားလား၊ ဒါမှမဟုတ် အထင်မှားမိတာ

ဖြစ်မလား ဆိုတာ သိရဖို့ 


အင်တာနက်ကရော မှတ်စုစာအုပ်တွေကနေ ခရီးသွားခဲ့တဲ့ Dateတွေ နဲ့ လူသတ်မှု့ဖြစ်ခဲ့တဲ့ ရက်တွေကို ကြည့်ပြီး   á€›á€žá€Źá€–ွ္ရ္း စတင်တော့တယ် ။


ဘာလို့လဲ ဆိုတော့  ၂၇ နှစ်လုံး Bob ဟာ သူ့ကို လက်နဲ့တောင် မရွယ်ဖူးဘူး ။ တချို့အခြေအနေမှသာ အသံမာမာ ပြောတာလေးပဲ ရှိခဲ့ဖူးတယ် ။


အဲ့ဒီနောက် Darcy ဟာ သူသံသယ ဝင်တဲ့ အတိုင်း Beadie ဆိုတဲ့ ကွင်းဆက်လူသတ်သမား အကြောင်းကိုရှာတော့တယ် ။ 


သူ့ဘာသူဖြေတွေးလေးနဲ့ " No.he's not. It's a mistake .My husband is not Beadie ." ပြောမိတယ်။

ဒါပေမယ့် သူ့စိတ်ထဲတော့ တုန်လှုပ် ခြောက်ခြားနေပြီ။ 


အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြီး မှ သတ်ခဲ့တဲ့ လူသတ်မှု့  ၁ဝခု နဲ့ မမျှော်လင့်ပဲ သတ်ခံလိုက်ရတဲ့ ၁၀နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့

အမှု့နဲ့ဆို ၁၁ ခု ။ 


I'm a man with a man's needs and I've always been highly sexed  Some women sense that and like to play on it. It gets them off.

(Bob Anderson - Chapter 9 )


Darcy နဲ့ အိမ်ထောင်ကျပြီး ၁၆ နှစ်လုံး Beadie လို့

အမည်ခံတဲ့  လူသတ်မှု့တွေ ထပ် ပေါ်မလာတော့ဘူး ။


Darcy တွေးမိတာက Bob Anderson တစ်ယောက် မိသားစုအပေါ်ချစ်လို့ လူကောင်းအဖြစ် စိတ်ပြောင်းသွားတာလား ။


Beadie ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်လာပုံနဲ့ ၊ သေသွားတဲ့ Bob ရဲ့ ငယ်သူငယ်ချင်း Brian Delahanty တို့ ဆက်နွယ်မှု့ ။


Darcy  က Bob Andersonရဲ့ ကွင်းဆက်လူသတ်သမား လျှို့ဝှက်ချက်ကို သိသွားတဲ့ အခါ ကလေး နှစ်ယောက်

မသိစေ ဖို့  လင်မယားနှစ်ယောက် ဘယ်လို အပေးအယူနဲ့ ရှေ့ဆက်မလဲ ။


❗Old habits died hard.Often, she thought they don't until we do.(Chapter 13 )❗


Darcy ကရော တကယ် ခွင့်လွှတ်နိုင်ပါ့မလား။


❗ဒါမှမဟုတ် ကလေးနှစ်ယောက်လည်းမသိအောင် ၊ သူ့ 

ယောကျာ်း Bob Andersonဟာ Beadie ဆိုတဲ့ကွင်းဆက် လူသတ်သမားဆိုတာ တခြားသူတွေ မသိခင် Darcy 

တစ်ယောက် Bob ကို ဘယ်လို လက်စဖျောက်မလဲ ။ ❗


ဇာတ်လမ်း တည်‌နေရာ က Anderson နေအိမ်မှာပဲ လင်မယားနှစ်ယောက် အဓိက‌အခြေပြုပြီး 


အဲ့ဒီနေအိမ်မှာပဲ လျှို့ဝှက်ချက်တွေ့၊ အဲ့ဒီ အိမ်မှာပဲ ပြီးတဲ့ ဇာတ်လမ်း။ ဝတ္ထုလတ်‌ခေါ်ရမလားပဲ။ သိပ်မရှည်ဘူး ။


ညတွင်းချင်းဖတ်ရင်တောင် ပြီးမယ့် ဇာတ်လမ်း တပုဒ် ။


ကိုယ့်အကြိုက်ထဲ‌တော့ မပါဘူး။ ရင်ထိတ်ရတဲ့အခန်းက ၂ခန်းလောက်ပဲ ပါတယ် ။ ကျန်တာက ဘာဖြစ်မလဲ ကြိုသိနေရတယ် ။ Stephen King မို့သာ အဆုံးထိအောင် ဖတ်လိုက်တဲ့ ဝတ္ထုလတ် တပုဒ် ။

 

🎬 ဇာတ်ကား link 🎬

https://youtu.be/gZ7D9mgB3Ok


Book Review by Hnin Yi Pwint 

Jan 18. 2021

The Midnight Library by Matt Haig

 đŸ“˜The Midnight Library by Matt Haig 📘


2020 Augustမှာ စတင်ထုတ်‌ဝေတဲ့ နာမည်ကြီး Bestseller ဖြစ်တဲ့ ဒီစာအုပ်ဟာ  2020 Good Reads Choice for Best Fiction Award လည်းရထားသလို၊ Sunday Time Bestseller list မှာလည်း ၁၆ပတ်တောင် နံပါတ် ၂ နေရာရောက်ခဲ့တယ်၊ NewYork Time Bestseller list Top 10 ဝင်ခဲ့တဲ့ စာအုပ် တအုပ်။ နိုင်ငံခြား စာအုပ် gp တွေထဲမှာ အရမ်းညွှန်းခဲ့ကြတဲ့ စာအုပ် တအုပ် ။


စာမျက်နှာ 288 ပဲရှိပြီး၊ အရေးအသား လွယ်ပြီး ဇာတ်လမ်းသွက်လို့  ဖတ်ရတာအဆင်ပြေပါတယ် ။


Review 📖📖📖📖📖📖📖📖📖📖


စာအုပ်ထဲက ဇာတ်ကောင် နာမည်ကNora Seed ... 👩🏻

အသက် ၃၅နှစ်အရွယ် Nora ဟာ  သူဖြစ်ချင်ခဲ့တဲ့ 

အိပ်မက်တွေကို ‌အကောင်ထည်‌ဖော်ခဲ့ဖို့ထက်...


သူ့အဖေ၊ သူ့ရည်းစား၊ သူ့အမေ ဖြစ်စေချင်တဲ့ အိပ်မက်တွေနဲ့ ရှင်သန်လာရတော့ အခု အလုပ်ပြုတ်တဲ့အချိန်မှာ ဘဝ ဦးတည်ချက်မရှိသလို ၊ အသက်ရှင်ဖို့အတွက် အကြောင်းပြချက်မဲ့နေသလို Nora စိတ်ထဲ ခံစားနေရတယ်။

📖

📖


Neil.... It's never too late to  purse a dream.

Nora..I didn't have much of a choice.

Neil ...We all have choices,Nora.There's such a thing as free will . (Pg.10)

📖

📖


"Go confidentely in the direction of your dreams," Thoreau had said. "Live the  life you've imagined."(Pg.17)


📖

Nora ရဲ့ ဖခင်ဖြစ်သူဟာ Heart Attack နဲ့ Noraငယ်စဥ်ကတည်းက ဆုံးသွားတယ်။  မိခင် ဖြစ်သူကလည်း Nora မင်္ဂလာမဆောင်ခင် ၃လ အလိုမှာ ကင်ဆာနဲ့ ဆုံးသွားတယ်။ 


Relationship ကြည့်ပြန်တော့လည်းNora ဟာ သူ့ဘာသူ 

အတွေးတွေများပြီး  သူနဲ့ မကြာခင် ‌အိမ်ထောင်ပြုမယ့် Danနဲ့ မင်္ဂလာ ကိစ္စကို Nora ဖက်က ဖျက်လိုက်ပြန်တယ်။ 


Gay ဖြစ်တဲ့ သူ့မောင် Joe နဲ့ လည်း အဆင်မပြေ၊ စကားမပြောဖြစ်ဘူး။  


Nora တစ်ယောက် သူ့ social media ပေါ် ကြည့်ပြန်တော့လည်း သူများတွေ အဆင်ပြေနေပေမယ့် သူကျ ဆက်ဆံရေးကညံ့။ friend request အသစ်မရှိ၊ follower အသစ်မရှိ၊ messages မရှိ၊   comment မရှိ၊ ကိုယ့်ဘာကိုယ် သနားစိတ်က ဝင်။  


Nora ဟာ သူငယ်ချင်း  Izzy နဲ့ Austalia  လိုက်နေမယ့် အစီအစဉ် ပျက်ကတည်းက အရင်က အခင်ဆုံး သူငယ်ချင်းဖြစ်ခဲ့တဲ့ Izzy နဲ့လည်း စကားမပြောဖြစ်တော့ပဲ ခပ်တန်းတန်းဖြစ်နေပြီ ။


📖


သူဖြစ်ချင်သလို Swimmer,Musician,Philosopher,

Spouse, Traveller, Glaciologist, Happy, Loved ???

သူစိတ်ကူးခဲ့သလို ဘာတခုမှ ဖြစ်မလာဘူး ။


📖


ဒီကြားထဲ  အဖော်ရအောင် မွေးတဲ့ သူ့ဘဝအဖော်

လို ဖြစ်နေတဲ့ ကြောင်လေး Voltaire လမ်းမပေါ်မှာ သေနေကြောင်း ၊  ကားတိုက်ခံရပြီး သေတာထင်တယ်လို့ အိမ်နီးချင်းAshကလာပြောတယ်။(တကယ်တော့ Nora ရဲ့ ကြောင်လေးမှာ မွေးရာပါ restrictive cardiomyopathy ရှိတယ် )


Nora ချစ်သလို၊ ကြောင်လေးဟာလည်း Noraကိုချစ်တယ်၊ ကြောင်လေးဟာ ရောဂါကြောင့် သူသေတော့မှာသိလို့၊ သူသေတာကို Noraကို မမြင်စေချင်လို့ လမ်းပေါ်ထွက်သွားခဲ့တာ ။ လမ်းပေါ်မှာ သေနေတာတွေ့လို့သာ အိမ်နီးချင်းကတော့ ကားတိုက်ခံရလို့ သေတယ်ထင်ပြီး Noraကို လာပြောတာ ။


နောက်ဆုံး Noraဟာ သူချစ်တဲ့ ကြောင်လေး Voltaire ရဲ့ ကြောင်ပိုင်ရှင် တစ်ယောက်အနေနဲ့တောင် ဂရုစိုက်၊ အဖြစ်ရှိအောင် မလုပ်နိုင်ဘူးလို့တွေးမိတယ်။

📖


အလုပ်ကပြုတ်၊ ငွေကြေးက အဆင်မပြေ၊ စိတ်ဓာတ်ကကျ၊ ကြောင်တကောင်ကိုတောင် အဖြစ်‌ရှိအောင် ဂရုစိုက် မကြည့်နိုင်လို့ Nora တစ်ယောက် ကိုယ့်ဘာကိုယ် အပြစ်တင် ။ 


နောက်ဆုံး အိမ်နီးချင်းဖြစ်တဲ့  သူဆေးထည့်ပေးနေတဲ့ အဖိုးကြီးကတောင် သူ့ကို ဆေးထည့်ပေးမယ့်သူ ရှိလာပြီဖြစ်လို့ Nora ကို မလိုအပ်တော့ ။


ဒီဘ၀ မှာ  ဘယ်သူမှ သူ့ကို မလိုအပ်၊ သူဟာ လူတိုင်းကို 

စိတ်ပျက်စေတယ်၊ လူပိုကြီး တစ်ယောက်လိုဖြစ်နေပြီလို့တွေးမိ၊စိတ်ဓာတ်ကျ ၊အထီးကျန်၊ အရာရာ အဆင်မပြေ၊ သူ့မှာ သေချင်စိတ်ပဲ ရှိတယ်။ သူ့မှာ အသက်ဆက်ရှင်ဖို့အတွက်၊ ဦးတည်ချက်မဲ့ ၊ အကြောင်းပြချက်မဲ့နေတယ်။


အဲ့ဒီနောက် ဝိုင်သောက်တယ်၊ သူ့မောင်ကို ချစ်ကြောင်း 

မက်ဆေ့ခ်ျ ပို့ခဲ့တယ်။ သူငယ်ချင်း Izzy ဆီကိုလည်း 

မက်ဆေ့ခ်ျ ပို့လိုက်တယ်။ အနားမှာ ဘောလ်ပင်နဲ့ စာရွက်တွေ့လို့ သေတမ်းစာ လည်း ရေးခဲ့လိုက်သေးတယ်။

📖


သန်းခေါင်ယံ ကျတော့မယ်။   á€žá€ąá€–ိုအဥက္ဏင်းဆုလးဥခဝိန်ဆိုပဟဎး Nora တစ်ယောက် ဆုံးဖြတ်လိုက်တယ် ။

ဆေးအလွန်အကြူးသောက်ပြီးတဲ့ နောက်... ....

🚦🚦🚦🚦🚦🚦🚦


သန်းခေါင်ယံ 0️⃣0️⃣ :0️⃣0️⃣:0️⃣0️⃣ အချိန်မှာတော့ သေဖို့ကြိုးစားခဲ့တဲ့ Nora တစ်ယောက် Life & Death ကြားမှာ

ရှိတဲ့  Midnight Library ဆိုတဲ့ စာကြည့်တိုက် တခုကို 

ရောက်သွားခဲ့တယ်။ အဲ့ဒီမှာ သူငယ်ငယ်တုန်းက စာကြည့်တိုက်မှုးဖြစ်တဲ့  Mrs.Elm နဲ့ တွေ့တယ်။



Nora က သူသေပြီလား လို့ မေးတော့...

Mrs.Elm က မသေသေးကြောင်း.... 

အခု Noraရောက်‌နေတဲ့ နေရာဟာ Life နဲ့ Deathကြား က နေရာဖြစ်ကြောင်း၊ Death ဟာ ဒီ စာကြည့်တိုက်ရဲ့ အပြင်ဘက် မှာဖြစ်ကြောင်း ပြောတော့...


အရမ်းသေချင်နေတဲ့ Nora ဟာ  အဲ့ဒါဆို သူ 

သေခြင်းတရားဘက် ကို သွားတော့မယ်ပြောပြီး ခြေလှမ်းပြင်တယ်။


Mrs.Elm ကတော့ ခေါင်းခါပြီး " သေခြင်းတရားဆီကို မင်းအဲ့လိုသွားလို့ မရဘူး၊ သေခြင်းတရားကသာ မင်းဆီ လာရှာလိမ့်မယ်" လို့ပြောတယ်။

📖


Nora က  သူဟာ သူ့ဘဝအိပ်မက် တွေ Olympics Swimmer, Glaciologist,သူ့ချစ်သူ Danရဲ့ ဇနီးတစ်ယောက်အဖြစ်၊ မိခင်တစ်ယောက်အဖြစ်၊ သူဖွဲ့ချင်တဲ့ Rock ဂီတအဖွဲ့ The Labyrinthsရဲ့ ခေါင်းဆောင် အဆိုတေယ်တစ်ယောက်အဖြစ်၊ တကယ် ပျော်ပျော် ရွှင်ရွှင် နေတက်တဲ့ လူကောင်းတစ်ယောက် အဖြစ် သူ ဘာတခုကိုမှ အကောင်အထည် မဖော်နိုင်ခဲ့လို့၊ သူ့ဘဝဟာ ဦးတည်ချက် ပျောက်ခဲ့လို့ အသက်ရှင်သန်စရာ အကြောင်းမရှိလို့၊ ဘဝဟာ နေချင်စရာမရှိ၊ သေပဲ‌

သေချင်နေတယ် လို့  Mrs.Elm ကို ပြောပြတယ်။

📖


Midnight Library က Mrs. Elmကတော့ မင်းတကယ်နေချင်တဲ့ ဘ၀တစ်ခုတော့ ရှိမှာပါ ဆိုပြီး Noraကို ဖြောင်းဖျပြောတယ်။


📗📗📗📗📗


Midnight Library မှာ မတူညီတဲ့ အစိမ်းရောင်မျိုးစုံနဲ့ စာအုပ်တွေ သန်းပေါင်းများစွာမရေမတွက်နိုင်အောင် ရှိတယ်။ အဲ့ဒီစာအုပ်တွေထဲက multiverse , Parallel Lives တွေက Nora ဘဝ အနာဂတ် ဖြစ်နိုင်ချေတွေ ..


သန်းပေါင်းများစွာသော အစိမ်းရောင် စာအုပ်တွေထဲမှာ မီးခိုးရောင်စာအုပ်တအုပ်ပဲ မတူညီတဲ့အရောင် နဲ့ ...စာအုပ် နာမည်က  The Book of Regrets..


ဒီ Midnight Library စာကြည့်တိုက်မှာ ရှိနေတဲ့ စာအုပ်တွေဟာ အခု ညသန်းခေါင်က စပြီး တချိန်တည်းမှာ စတင် ဖြစ်ပျက်နေပြီး  အခုဖြစ်နေတဲ့ ဘဝနဲ့ မတူ ကွဲပြားခြားနားစွာ အဆုံးသတ်လို့ရတဲ့ Noraရဲ့ ဘဝ ဖြစ်နိုင်ချေတွေ။


📖

📖


The Book of Regrets ထဲမှာ Nora မွေးကတည်း

က ဆုံးဖြတ်ချက်အမှားတွေ၊ နောင်တတွေ ကိုရေးထားတယ်။ စာအုပ်က လေးလွန်းလို့ စာကြည့်တိုက် ကြမ်းပြင်‌ပေါ် ဖင်ထိုင်ချပြီးမှ  ဖတ်ကြည့်ရတယ်။ 


📖


The Book of Regrets ကိုဖတ်ပြီးတော့  Nora ရဲ့ ဘဝမှာ မလုပ်လိုက်ခဲ့ရတဲ့ နောင်တတွေ ၊ဖြစ်ချင်တဲ့ အရာအိပ်မက်တွေကို ဒီ Midnight Libraryက စာအုပ်တွေ/Parallel Lives တွေကတဆင့်  Nora တစ်ယောက် နေခွင့်၊ ဖြစ်ခွင့် ရမယ်။   


ဒီ Midnight Library စာအုပ်တွေထဲက parallel lives တွေမှာ စည်းကမ်းချက်တခုရှိတယ်။ စာအုပ်တအုပ်၊ ဘဝ တခုမှာ တစ်ကြိမ်ပဲ နေခွင့်ရှိတယ်။ 


အဲ့ဘဝကိုကြိုက်တယ်ဆိုရင် အပြီးနေ၊ ပြန်မလာနဲ့ ။ 

အဲ့ဘဝမှာ အပြီးနေဖို့ ဆုံးဖြတ်လိုက်တာနဲ့ Mrs.Elm နဲ့ Nora အတွက် ဖြစ်တည်နေတဲ့ ဒီMidnight Libraryကြီးလည်း အပြီး ပျောက်ကွယ်သွားမယ်။ 


📖


ရွေးချယ်မှု့တိုင်းဟာလည်းNora ရဲ့ (root life) မူလဘဝ ကို သက်ရောက်မှု့ရှိတယ်ဆိုတာပဲ ။


Midnight Libraryကို မရောက်ခင် နဂိုမူလဘဝ (root life) မှာ နောင်တတွေ ဆုံးဖြတ်ချက်အမှားတွေအပေါ် ခံစားမှု့တွေများခဲ့ပြီး ၊ သေချင်နေတဲ့ အရှုံးသမား Nora တစ်ယောက် စာအုပ် တအုပ်ပြီးတအုပ် ဘဝ တစ်ဘဝပြီး တစ်ဘဝ ပြောင်းနေလိုက်တာ...

🚦🚦🚦🚦🚦🚦🚦

 

Midnight Library စာအုပ် တွေထဲက  ဘယ် Life က

 á€žá€°á€ˇá€€á€­á€Żá€€á€ťá€ąá€”á€•á€şá€…á€ąá€™á€œá€˛ ။ ပျော်ရွှင်စေမလဲ ။ 


သတ်သေချင်တဲ့ ဆန္ဒပြောင်းသွားမလား..

Mrs.Elm ကရော Noraကို ဘဝအကြောင်း ဘာတွေ သင်ပေးမလဲ...


နောက်ဆုံးပိုင်း  Nora ဘာဆက်ဖြစ်မလဲ..

Midnight Libraryကြီးရော ‌ဘယ်လိုဆက်ဖြစ်သွားလဲ...


သူဖြစ်ချင်တဲ့ ဘဝအိပ်မက်တွေကို အကောင်ထည်ဖော်ခွင့်ရသွားမလား...


Midnight Library ရဲ့စာအုပ်ထဲက သူ ရှင်သန်ချင်တဲ့ ဘဝမှာရော ရှင်သန်ခွင့်ရပါ့မလား....

 


ကိုယ့်ဘဝထဲက ချစ်ခင်သူတွေနဲ့ တွေ့ကြုံ၊ဆုံကွဲ

ခွဲခွာ နှုတ်ဆက်ရမှု့ကို Nora တစ်ယောက် နားလည်လက်ခံသွားမလား....


Nora တစ်ယောက် ဘဝဖြစ်တည်မှု့ပေါ်  မိသားစု၊ ပတ်ဝန်းကျင်အပေါ် မကောင်းတဲ့ဘက်ကနေ  ထားတဲ့ / မြင်တဲ့ အမြင်တွေ ပြောင်းလဲသွားမလား ဆိုတာ.... 


ဆက်ဖတ်ကြည့်ပါ ။


“the prison wasn’t the place, but the perspective”; ( Pg .284)

ကိုယ့်အတွေးတွေထဲမှာ အကျဉ်းကျ ပိတ်မိနေမယ့် အစားကိုယ် အခု ရှင်သန်နေရတဲ့ ဘဝအပေါ် ထားတဲ့ 

ကိုယ့် ရှု့ထောင့် အမြင်ကိုပြောင်းပြီး ဖြစ်ချင်တဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း ရှင်သန်ကြတာ 

ပိုကောင်းပါတယ်။


Sometimes,  the only way to learn is to "live".

Never understimate  the big importance of small things.


အခု ကိုယ့်ဘဝမှာ ဖြစ်နေတဲ့အရာတွေ ကရော ကိုယ်တကယ်ဖြစ်ချင်နေတဲ့ ဘဝရည်မှန်းချက် အိပ်မက် ဆန္ဒတွေလား..


မိသားစု အသိုင်းအဝိုင်း(အဖေ ၊အမေ၊ခင်ပွန်း၊အိမ်ထောင်ဖက်) ထဲက ဖြစ်စေချင်တဲ့ အိပ်မက်ကို ကိုယ့် ဘဝရည်မှန်းချက် အိပ်မက်အနေနဲ့  ရှင်သန်နေရတဲ့ လူလား ..


နောင်တတွေ ၊မလုပ်လိုက်ရတွေ ၊ အတွေးလွန်တာတွေ များလာရင် စိတ်ကို ဒဏ်ရာ ရစေပြီး စိတ်ကျတက်တာ


 Matt Haig က သူပြောချင်/ ပေးချင် တဲ့ မက်ဆေ့ခ်ျကို အတိအကျ ရေးမထားပေမယ့် တွေးရင် တွေးသလောက်  လက်ရှိ ဘဝအပေါ် အဓိပ္ပာယ် အမျိုးမျိုး၊ ခံယူချက် အမျိုးမျိုး ပေါ်နိုင်တဲ့  စာအုပ်ကောင်း လေး တအုပ်ပါ ။


📗📙📘📗📘📙📗📘📙

📚The Midnight Library by Matt Haig  📚 e- book 

https://t.me/mobi_epub_ebook_and_Movie/1329?single


‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️

🟥 🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥


စာအုပ် ဆက်ဖတ်မယ် စိတ်ကူးရှိရင် အောက်က ဝတ္ထုအကြောင်း summary ကို ဆက် ဖတ်စရာမလိုပါဘူး။

ဘယ်လို ဇာတ်သိမ်းလဲ ရေးမထားပေမယ့် စာအုပ်အကြောင်း spoiler တွေ ပါပါတယ် ။


စာအုပ်မဖတ်ပဲ ဇာတ်ကြောင်း သိချင်ရုံဆိုရင်တော့ ဆက်ဖတ်ပါ ။


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


🟥🟥‼️🟥🟥‼️🟥🟥‼️🟥🟥‼️🟥🟥‼️


📚Summary 📚


Midnight Libraryစာအုပ်တွေထဲက မတူညီတဲ့ဘဝတွေထဲမှာ နေခွင့်ရပါတယ်ဆိုတာတောင် Nora က သူ့ရဲ့ တခြား ဘဝတွေမှာလည်း ပျော်မှာမဟုတ်ပါဘူး၊ သေပဲ သေချင်တယ်၊သေခြင်းတရားကသာ သူခံစားနေရတဲ့ နာကျင်မှု့တွေ၊ အဆင်မပြေမှု့တွေကနေ သက်သာရာ ရစေမှာလို့ Nora တစ်ယောက် တွေးမိတယ် ။ 


အဲ့တော့ Mrs.Elm က အဲ့ဒါဆို အခု ဘယ်ကို သွားမလဲ (midnight libraryစာအုပ်တွေထဲက Parallel Universe /life ) မေးတော့Nora တစ်ယောက်ကတော့  Nowhere ဆိုတာချည်းပါပဲ။ 


တကယ်တော့ Nora တစ်ယာက် သူ့ချစ်သူ Danနဲ့နေဖို့ စိတ်ကူးယဉ် ဖူးတယ်လေ ။


အဲ့တော့ ပထမဆုံး အဲ့ဒီ့ ဘဝကို  အရင်သွားကြည့်တာပေါ့။

🚦🚦🚦🚦🚦


သူ့ချစ်သူနဲ့  First Life မှာDanနဲ့ လက်ထပ်ပြီး

ချစ်သူDanရဲ့ အိပ်မက်ဖြစ်တဲ့ Oxfordshire countryside မှာ Pub ဆိုင်လေးတဆိုင် ဖွင့်တယ်။  


Midnight Library ကနေ ဒီfirst life ကို စရောက်တော့ မြင်သမျှ ဒီlife က Nora ဘဝဟာ အရာရာ အဆင်ပြေတယ်လို့ ထင်ရတယ်။


သူ့အရင် Root Life မှာ  ၆လကြာတောင် စာအုပ် ၁ အုပ် ကောက်မကိုင်ဖြစ်တဲ့ Nora တစ်ယောက် ပထမlife မှာ စာအုပ်တွေအများကြီး ဖတ်ဖြစ်၊ လက်တွေ့မှာ  Nora အဆင်မပြေ၊ Dan ကဖောက်ပြန် အဲ့တော့ စကားများ၊ 


လက်တွေ့ First Life က ဘဝမှာ  Dan နဲ့ ဘဝတခု တည်ထောင်ကြည့်တော့ သူစိတ်ကူးယဉ် မျှော်မှန်းသလိုမျိုး မဟုတ်ပြန်ဘူး။


အဲ့လိုနဲ့ Nora  ဒီ first lifeကို စိတ်ပျက်မှု့ပေါ်လာတာနဲ့ midnight libraryကို ပြန်ရောက်သွားတယ်။ 


🚦🚦🚦🚦🚦


နောက်ဘဝ တခုမှာ Australiaက သူ့သူငယ်ချင်း Izzy နဲ့ အတူ သွားနေထိုင်ရတဲ့ ဘဝမျိုး လိုချင်တယ်။ အဲ့ဘဝမှာလည်း သူ့သူငယ်ချင်း Izzy နဲ့ မျှော်မှန်းသလိုမျိုး ဖြစ်မလာဘူး။ 


ဒီဘဝမှာ  သူငယ်ချင်း Izzy က ဒီဘဝမှာ Car Accident နဲ့ ဆုံးသွားတာသိရတော့ Nora သူမျှော်မှန်း သလို ဖြစ်မလာဘူး၊ပျော်စရာမကောင်းဘူး။


အဲ့ဘဝရဲ့ ဖြစ်တည်မှု့ကို စိတ်ပျက်လိုက်တာနဲ့ Nora တစ်ယောက် Midnight Library က Mrs.Elm ရှေ့ကို ပြန်ရောက်လာတယ်။ 


🚦🚦🚦🚦🚦


ဒီတခါတော့ Nora ဟာ အောင်မြင်တဲ့ ဘဝကို လိုချင်တယ်လို့ Mrs.Elmကိုတောင်းဆိုလိုက်တယ်။


Mrs.Elm ကတော့ ဘယ်လိုအောင်မြင်မှု့မျိုးကိုဆိုလိုတာလဲ ။ ငွေကြေးလား ဆိုတော့လည်း  အောင်မြင်မှု့ဆိုတာ ဘာမှန်းမသိ၊ အရှူံသမား ဘဝနဲ့ အကြာကြီး နေလာရတဲ့ Nora အတွက် အဖြေဟာမရှိ ။

 

Mrs.Elm ကတော့ The Book of Regrets ထဲက  နောင်တတွေ၊ ရွေးချယ်မှု့ အမှားတွေ၊ ဆုံးဖြတ်ချက် အမှားတခုခုကို ပြန်ကြည့်ပြီး အောင်မြင်အောင် ကြိုးစားချင်သလား မေးတယ် ။


Nora ဟာ ရေကူးတော်တယ်။ငယ်ငယ်ကလည်း ချန်ပီယံဆုတွေ အများကြီးရခဲ့တယ်။ သူ့အဖေဟာ Nora ကို ရေကူးကန်ကိုအမြဲလိုက်ပို့ခဲ့တယ် ။ 


ဒါပေမယ့် Nora တစ်ယောက်  ရေကူးတာကို စွန့်လွှတ်လိုက်တယ်။ Nora က Mrs.Elmကို မေးတယ်။ သူ့အဲ့ဘဝမှာ စွန့်လွှတ်ဖို့မတွေးပဲ၊ ခက်ခက်ခဲခဲ လေ့ကျင့်ပြီး သူ့အဖေ ဖြစ်စေချင်တဲ့အတိုင်း  အိုလံပစ်ထိရောက်အောင်ကြိုးစားမယ်ဆိုရင်ရော။...


🚦🚦🚦🚦🚦


ဒီ lifeမှာတော့ Nora Seedဟာ ရေကူးချန်ပီယံ၊ 

အသက် ၂၂ကတည်းက ဆုတွေအများကြီးရလာပြီး အမျိုးသမီးအလွတ်တန်း မီတာ ၄၀၀ မှာတောင် ကမ္ဘာ့ ချန်ပီယံဆုတွေ ဘာတွေ ယူနိုင်ခဲ့တဲ့သူ ။


အသက် ၂၈အရွယ် ပြိုင်ပွဲတွေကနေ နားပြီး‌တာတောင် event တွေ၊ Ted Talkတွေ၊ swimming coach တွေအနေနဲ့ လက်ဖျားငွေသီအောင် ရှာနိုင်၊ သူ့အကြောင်း စာအုပ်ကို စာရေးဆရာ တစ်ယောက်နဲ့ တွဲ‌ရေး၊ ထုတ်ပြီး

အောင်မြင်နေ တဲ့ ဘဝ။  


သူ့မောင်Joeဟာ လည်း ဒီဘဝမှာ  Nora နဲ့တွဲအလုပ် လုပ်ပြီး ပျော်ရွှင်အောင်မြင်နေတဲ့ ဘဝဖြစ်နေပြီ။ 


Noraကိုယ်တိုင်ကလည်း သူ ဒီ life မှာ ဒီလို ဘဝမျိုး  ရလာလိမ့်မယ် ထင်တောင် မထင်မိဘူး ။ 


ပြီးတော့  Nadia ဆိုတဲ့ အမျိုးသမီး ဖုန်းဆက်လို့ အရင်ဘဝမှာ Nora ငယ်ငယ်ကတည်းက သေသွားတဲ့ အဖေဟာဒီဘဝမှာ တော့ အသက်ရှင်နေသေးတယ် ဆိုတာ သိရပြီး သူ့အဖေနဲ့ ဖုန်းပြောခွင့်ရခဲ့တယ်။ 

📖


ဒါပေမယ့် Nadiaဆိုတဲ့ အမျိုးသမီးဟာ သူ့အဖေရဲ့ လက်တွဲဖော်အသစ် (love of my life ဆိုတာ ) သိလိုက်ရတယ်။ 


Noraစိတ်ထဲတော့ မကျေနပ်ပဲ အဖေကို မေးမိတယ်။ "What about Mum?" Wasn't she the love of your life ?ဆိုတော့


Nora အဖေက"Once upon a time she was. But things change, Nora... " (ဪ ..ယောကျာ်းတွေပြောင်းလဲတက်ပုံများပြောပါတယ်။ 😆)


Nora အဖေဟာ Nadiaဆိုတဲ့ အမျိုးသမီးနဲ့ တွေ့လို့ Nora အမေနဲ့ ကွာရှင်းခဲ့တယ် ။ နောက်ပိုင်း Nora ရဲ့အမေဟာလည်း ဆုံးသွားခဲ့တယ် ။


ဒီဘဝမှာ သူ့အဖေနဲ့ဖုန်းပြောခွင့်ရ၊ သူ့မောင်နဲ့ အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ရနေပေမယ့်လည်း Nora တစ်ယောက် အဖေ ဖြစ်သူက သူ့အမေကိုထားပြီး အချစ်သစ်တွေ့၊ နောက်မိန်းမ ယူသွားတာကို ဒေါသထွက်တယ် ၊


📖


ဒီဘဝမှာ သူ့အမေနဲ့ တွေ့ခွင့်မရလိုက်ပဲ အမေ ဆုံးသွားတာကိုလည်း မကြိုက်ဘူး။


📖


အဲ့လိုနဲ့ ဒီဘဝကြောင်း ဂဃနနမသိပဲ Talk show တခုမှာ အူတိအူကြောင်ပြောရင်းဟောရင်း system error ဖြစ်ပြီး  Midnight Library က Mrs.Elmရှေ့ကို ပြန်ရောက်လာခဲ့တယ် ။ 😁😁


🚦🚦🚦🚦🚦🚦🚦🚦


နောက် life တခုမှာ Noraဟာ ကမ္ဘာလှည့်ပြီး ဖျော်ဖြေ နေတဲ့ နာမည်ကြီး Rock Band The Labyrinth က Rock Star တစ်ယောက် ။ 


Instagram မှာလည်း 11.3 million followers တွေနဲ့ ။ နာမည်ကြီး Celebrity Ryan Bailey နဲ့တောင် ဒိတ်လုပ်ခဲ့သေးတာ ။


အောင်မြင် ကျော်ကြားပြီး လူတွေရဲ့အချစ်ကိုလည်း ခံရတယ်ဆိုတော့ ဒီဘဝကို ကျေနပ်ပြီး Midnight Library ကိုတောင် ပြန်သွားစရာမလိုလောက်ဘူးလို့ တွေးမိတယ်။ 

📖


ဒါပေမယ့် ဘုမသိဘမသိနဲ့ Midnight Library ကနေ ဒီဘဝကိုရောက်လာတော့ Rock star အနေနဲ့ အင်တာဗျုးဖြေရင်း  အောင်မြင်ကျော်ကြားမှူ့ရဲ့ နောက်ကွယ်မှာရှိတဲ့ အခက်အခဲတွေ၊ အဆင်မပြေမှု့တွေကို Nora သိလာတယ်။  နောက်ပိုဆိုးတာက အင်တာဗျုးမေးတဲ့သူ သူ့မောင် Joe အကြောင်းမေးကာမှ 

📖


Noraရဲ့ Rock Star life မှာသူ့မောင် Joeဟာ အရက်သောက် ဆေးလွန်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်က သေသွားတယ် ဆိုရတာ သိလိုက်ရတာပဲ ။

 

ဒီအခြေအနေကို စိတ်ပျက်ကြေကွဲလိုက်တဲ့အချိန်မှာ Midnight Library က Mrs Elmရှေ့ကို ရောက်သွားတော့တာပဲ။ 

📖


Noraဟာ သူနာကျင်လွန်းလို့ ဒီအ‌ခြေနေတွေကို ရပ်တန့်ချင်ပြီ၊Library Card ပြန်အပ်ပြီး ၊library member အဖြစ်ကနေထွက်ချင်နေပြီလို့ Mrs.Elmကိုပြောတယ်။  

📖


Mrs.Elmက မင်းကိုယ်တိုင်ဟာ Library Card ဖြစ်နေတဲ့အပြင် ဒီLibraryဟာ မင်းရဲ့ ဖြစ်တည်မှု့ ဖြစ်လို့ ရပ်လို့မရဘူးလို့ ပြောတယ်။


😆ဖတ်ရင်း တခု ပြုံးမိရတာကတော့ Nora တစ်ယောက် Midnight Libraryထဲက  ဘဝတခုထဲက အဖြစ်အပျက်တွေကို မကြိုက်လို့ နောက်ဘဝ တခုပြောင်းတိုင်း အဲ့ဘဝ စရောက်ရောက်ချင်း အူတိအူကြောင်နဲ့ လက်ရှိရောက်နေတဲ့ Life ကို ခန့်မှန်းနိုင်ဖို့  သူ့နာမည်၊ သူ့သူငယ်ချင်း၊ သူ့ရည်းစား ၊သူ့အကြောင်းကအစ Google, Wikipedia, နဲ့ Facebook မှ လိုက်ရှာနေရတာပဲ။😆


🚦🚦🚦🚦🚦🚦🚦🚦


နောက်Life တခုမှာတော့ Nora ဟာ အရာအာလုံးနဲ့ ဝေးတဲ့နေရာမှာ ဦးတည်ချက်၊ ရည်ရွယ်ချက် တခုနဲ့  အလုပ်လုပ်နေချင်တယ်။ ကမ္ဘာကြီးအတွက် အကူအညီဖြစ်မယ့်အလုပ်မျိုး၊ ရှေ့တန်းကနေ ရာသီဥတု ပြောင်းလဲမှု့ကို သု‌တေသနပြုမယ့် Arctic Researcher လိုမျိုးပေါ့။ 

📖


Mrs.Elmကတော့ အဲ့လိုဘဝမျိုးကို မင်းအတွက် ရှာပေးစေချင်တာလား လို့ Nora ကိုမေးတယ်။ 


📖


သူ့ကိုယ်သူ ဘာဖြစ်ချင်နေမှန်း မသိတဲ့ Nora ကလည်း  Arctic Circle ဟာ တမူထူးခြား ပြောင်းလဲလောက်တယ်ဆိုပြီး Yes လို့ဖြေပြီး Mrs.Elm ကို အဲ့ဘဝ အတွက် စာအုပ် ရှာခိုင်းလိုက်တယ်။


🥶  🐻 🥶 🐻 🥶 🐻


အဲ့လိုနဲ့ နောက်Life တခုဖြစ်တဲ့  အသဲခိုက်အောင် အေးခဲ နေတဲ့ အာတိတ်ဒေသကို ရောက်သွားတယ်။ အဲ့ဒေသမှာ သူတို့ scientists ၉ယောက်အဖွဲ့က ရာသီဥတုပြောင်းလဲမှု့နဲ့ ပိုလာ ဝက်ဝံတွေကို လေ့လာရတာ။ 


အဲ့မှာ လူစုကွဲပြီး Nora တစ်ယောက် ပိုလာ ဝက်ဝံ အတိုက်အခိုက်ခံရတယ် ။ 

📖

📖

Nora တစ်ယောက် Library  နဲ့ Mrs.Elm ကို တမ်းတ၊ အော်ဟစ် ပြီး

🥶  🐻 🥶 🐻 🥶 🐻


'LIBRARY '. 'MRS.ELM! PLEASE SEND ME BACK!! THIS IS WRONG LIFE ! IT IS REALLY ,REALLY, REALLY WRONG! TAKE ME BACK ! I DON'T WANT ADVENTURE ! WHERE'S THE LIBRARY ! ' 


(ဪ...သေချင်တော့ လည်း နင်ပဲ၊ အခု ကြောက်ချင်တော့လည်း နင့်အပြင်မရှိဘူး၊ မိNoraရယ်၊ နင့်အကြောင်းဖတ်ရင်း ငါလည်း ခဏခဏ ပြုံးမိပါတယ်...)


🥶  🐻 🥶 🐻 🥶 🐻


ဘယ်သူမှ သူ့ကို လာမကယ်ရင် ပိုလာဝက်ဝံရဲ့ အစာဖြစ်တော့မှာပဲ။ သူ့နှလုံးဟာ ဒရမ်တီးသလို ခုန်နေတယ်။အဲ့ဒါပြဿနာပဲ ။ 


📖


သေခြင်းတရားကို နဖူးတွေ့ ဒူးတွေ့ကြုံရတော့ ဘဝဟာ ပိုပြီး ဆွဲဆောင်မှု့ရှိလာတယ်။ နောက် စာအုပ် တအုပ်ထဲက ဘဝတခုမှာ ဝင်နေဖို့ Midnight Libraryကို သူဘယ်လို ပြန်ရမလဲ။ 

📖


သေမှာ ကြောက်နေရုံနဲ့  Midnight Libraryကို‌ပြန်မရောက်ဘူး။ ဒီ life ကို disappointed ဖြစ်မှသာ Library ကို ပြန်ရောက်မှာ ။

 đŸ“–


ဒီလိုအခြေအနေမှာ သိလိုက်တာက  " သူမသေချင်သေးဘူး"။ သေဖို့အဆင်သင့် မဖြစ်သေးဘူး။

📖


Nora တစ်ယောက် ပိုလာဝက်ဝံကို ရှိတာလေးနဲ့  ရင်ဆိုင်နေတဲ့အချိန် ကျန်တဲ့ သူ့အဖွဲ့သားတွေက သူ့နာမည်ကို ခေါ်ပြီး လာကယ်ကြတယ်။ Nora တစ်ယောက် ဒီတခါတော့ တော်တော်တုန်လှုပ်သွားတယ်။ ပိုလာဝက်ဝံ တိုက်ခိုက်ခံရပြီး သေခြင်းတရားနဲ့ နီးသွားလို့တော့မဟုတ်ဘူး။ 

📖

📖


Midnight Library မရောက်ခင်ရော၊ Mrs.Elm နဲ့ တွေ့ပြီး  နေချင်တဲ့ ဘဝကို ရွေးနေလို့ရတာတောင်  သေချင်တယ်၊ တချိန်လုံးသေချင်နေခဲ့တဲ့ Nora တစ်ယောက် အခုမှ၊

 á€žá€°á€Ÿá€Ź တကယ် အသက်ဆက်ရှင်သန်ချင်နေသေးပါလားဆိုတာကို သိလိုက်ရတဲ့အတွက် တုန်လှုပ်သွားတာ။

📖

📖


အဲ့ဒီဘဝမှာ သူ့လိုပဲ parallel lives တွေမှာ ရှင်သန်ပြီး အဖြေရှာနေတဲ့ Hugo ဆိုတဲ့ လူက သူတို့ဟာ Sliders တွေလို့ခေါ်ကြောင်း ၊ multiverse အကြောင်း၊ Quantum wave အကြောင်း၊ ဘဝအကြောင်းကို Nora  နားလည်အောင် အများကြီး ရှင်းပြသွားတယ် ။


🚦🚦🚦🚦🚦🚦🚦🚦


နောက် Life အတွက် Nora ဟာ နူးညံ့ကြင်နာတက်တဲ့ ဘဝမျိုးလေးမှာနေချင်တယ်။ရက်စက်ကြမ်းတမ်းမှူ့မရှိတဲ့ ကမ္ဘာကြီးမှာနေချင်တယ်။ 


ဒီတခါတော့ Nora တစ်ယောက် ခွေးဂေဟာကို ရောက်သွားတယ် ။ အဲ့ဒီခွေးဂေဟာမှာ အလုပ်လုပ်တဲ့ နူးညံ့ကြင်နာတက်တဲ့ Dylan ဆိုတဲ့ ကောင်လေးနဲ့  ရည်းစား ။ 


ဒီဘဝကိုလည်း Nora စိတ်ထဲ ကျေကျေနပ်နပ်မရှိပြန်ဘူး ။ အဲ့ဒါနဲ့ Midnight Library က Mrs.Elm ရှေ့ရောက်သွားပြန်တယ်။


🚦🚦🚦🚦🚦🚦🚦🚦


နောက်ဘဝမှာတော့ ဝိုင် ထုတ်လုပ်သူနဲ့ အိမ်ထောင်ကျ ။

🚦🚦🚦🚦🚦🚦🚦🚦


အဲ့နောက်.. နောက်ပိုင်း..နောက်ပိုင်း ဘဝတွေမှာ အကျယ်မချဲ့တော့ပဲ  Nora နေခဲ့တဲ့ ဘဝတွေ အများကြီး တန်းစီ ရေးထားတယ် ။


📖 📖 📖 📖 📖

Nora ရဲ့ ပြဿနာက" Life fright "

Bertrand Russell wrote that " To fear love is to fear life, and those who fear life are already three-parts dead ".(Pg.36)


📖


နောက် ဘဝမှာတော့ အိမ်နီးချင်း Ash နဲ့ ကော်ဖီဒိတ်လုပ်၊ အဆင်တွေပြေ ၊သမီးလေး တစ်ယောက်မွေး ၊ ဒီဘဝမှာ သူ့မောင်ကလည်း အသက်ရှင်နေမှန်းသိရ၊ Platoဆိုတဲ့ ခွေးတစ်ကောင်ရယ် ၊ သာယာတဲ့ မိသားစု ဘဝလေးရယ်၊ မိခင်တစ်ယောက်၊ အချစ်ခံရ၊ပျော်ရွှင်‌စရာ‌ကောင်းတာထက်တောင် ပိုနေသေးတယ်။ 

📖

📖


Nora တစ်ယောက် ..ဒီဘဝမှာတော့ တော်တော်လေး အဆင်ပြေ ကျေနပ်စရာ ကောင်းနေပြီ။ ဒီဘဝမှာပဲ အခြေချတော့မယ် ၊ Midnight Library ကို မပြန်တော့ဘူး။ 


📖


Mrs.Elmက‌တော့ Noraကျေနပ်တဲ့ ဘဝတခုကို ရွေးချယ်ပြီးရင် အဲ့ဘဝမှာ ဆက်ရှင်သန်လို့ရတယ်၊ Library ဟာလည်း အပြီး ပျောက်ကွယ်သွားမယ်ဆိုတော့ ဒီဘဝကို ကျေနပ်ပီတိတွေ ဖြစ်ပြီး တွေးနေတုန်းမှာပဲ Nora တစ်ယောက်  Midnight Library က  Mrs.Elm ရှေ့ကို ဗြုန်းခနဲရောက်သွားပြီး၊ မမျှော်လင့်တာတွေ ဖြစ်လာတဲ့ အခါ..


📖

📖

....အပေါ်ဆုံးက စာကြောင်း ပြန်ကူးထားပါတယ်။ 


Midnight Libraryကို မရောက်ခင် နဂိုမူလဘဝ (root life) မှာ နောင်တတွေ ဆုံးဖြတ်ချက်အမှားတွေအပေါ် ခံစားမှု့တွေများခဲ့ပြီး ၊ သေချင်နေတဲ့ အရှုံးသမား Nora တစ်ယောက် စာအုပ် တအုပ်ပြီးတအုပ် ဘဝ တစ်ဘဝပြီး တစ်ဘဝ ပြောင်းနေလိုက်တာ....

 

Midnight Library စာအုပ် တွေထဲက  ဘယ် Life က

 á€žá€°á€ˇá€€á€­á€Żá€€á€ťá€ąá€”á€•á€şá€…á€ąá€™á€œá€˛ ။ ပျော်ရွှင်စေမလဲ ။ 


သတ်သေချင်တဲ့ ဆန္ဒပြောင်းသွားမလား..


Mrs.Elm ကရော Noraကို ဘဝအကြောင်း ဘာတွေ သင်ပေးမလဲ...


နောက်ဆုံးပိုင်း  Nora ဘာဆက်ဖြစ်မလဲ..


Midnight Libraryကြီးရော ‌ဘယ်လိုဆက်ဖြစ်သွားလဲ...


Nora သူဖြစ်ချင်တဲ့ ဘဝအိပ်မက်တွေကို အကောင်ထည်ဖော်ခွင့်ရသွားမလား...


Midnight Library ရဲ့စာအုပ်ထဲက သူ ရှင်သန်ချင်တဲ့ ဘဝမှာရော ရှင်သန်ခွင့်ရပါ့မလား....

 


ကိုယ့်ဘဝထဲက ချစ်ခင်သူတွေနဲ့ တွေ့ကြုံ၊ဆုံကွဲ

ခွဲခွာ နှုတ်ဆက်ရမှု့ကို Nora တစ်ယောက် နားလည်လက်ခံသွားမလား....


Nora တစ်ယောက် ဘဝဖြစ်တည်မှု့ပေါ်  မိသားစု၊ ပတ်ဝန်းကျင်အပေါ် မကောင်းတဲ့ဘက်ကနေ  ထားတဲ့ / မြင်တဲ့ အမြင်တွေ ပြောင်းလဲသွားမလား ဆိုတာ.... 


ဆက်ဖတ်ကြည့်ပါ ။


Sometimes,  the only way to learn is to "live".

Never understimate  the big importance of small things.


Mrs.Elm က Midnight Libraryထဲက စာအုပ်တွေထဲက ဘဝ တခုချင်းစီကို Nora မရွေးချယ်ခင် Nora 

တစ်ယောက် ဘဝအကြောင်း၊ ရှင်သန်ခြင်းအကြောင်း နားလည်အောင်၊ နားဝင်အောင် လမ်းညွှန်ပေးတာလေးတွေ ကောင်းပါတယ်။


P.S. ➡️ my P.O.V ➡️

Nora နေခဲ့တဲ့ Parallel Lives တွေ၊ အောင်မြင်ကျော်ကြားသူ၊ (ဘဝပေါင်းများစွာ )တိုင်းမှာ အားနည်းချက် ၊လိုအပ်ချက် ကိုယ်စီရှိတာချည်းပဲ ။ 


ပြီးပြည့်စုံတဲ့ ဘဝဆိုတာ မရှိဘူး ။ 


ဘဝတိုင်းဟာ ချမ်းသာ တဲ့သူလည်း ချမ်းသာတဲ့အလျောက်၊ ဆင်းရဲတဲ့သူလည်း ဆင်းရဲ တဲ့သူအလျောက်၊ ကျော်ကြားတဲ့သူလည်း ကျော်ကြားတဲ့သူအလျောက်၊ မိသားစုရှိတဲ့သူလည်း အနှောင်အဖွဲ့တွေ၊ နောင်တတွေ၊ အဆင်မပြေမှု့တွေ၊ ‌ချစ်တဲ့သူတွေနဲ့ သေကွဲ၊ရှင်ကွဲ ခွဲခွာရခြင်းတွေ ၊ရှိကြတာချည်းပါပဲ ။ 


ဘဝမှာ မလုပ်လိုက်ရတဲ့ ဆန္ဒတွေ...

ဆုံးဖြတ်ချက် အမှားတွေ၊  နောင်တရစရာ‌တွေ....


ငါ ဟာ အသုံးမကျတဲ့သူကြီးပါလား၊ ငါ့ကို ဘယ်သူမှ 

မလိုအပ်ပါလား၊ ငါ့အနား ဘယ်သူမှ မရှိပါလား လို့ 

ခဏခဏ တွေးပြီး  ကိုယ့်ဘာကိုယ်အပြစ်တင်၊ စိတ်ဓာတ်ကျမှု့တွေနဲ့ ရှင်သန်နေမယ့်အစား ၊ 

📖


‼️ “the prison wasn’t the place, but the perspective”; (Pg.284)‼️


‼️ ကိုယ့်အတွေးတွေထဲမှာ အကျဉ်းကျ ပိတ်မိနေမယ့် အစား ၊ ကိုယ် အခု ရှင်သန်နေရတဲ့ ဘဝ အပေါ် ထားတဲ့ ကိုယ့် ရှု့ထောင့် အမြင်ကိုပြောင်းပြီး ဖြစ်ချင်တဲ့ 

အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း ရှင်သန်ကြတာ ပိုကောင်းပါတယ်။  ။ ‼️


Book Review & Summary by Hnin Yi Pwint 

June 3. 2021

Present Book from Rose's Books 💜