Tuesday, September 6, 2022

The End Of Men by Christina Sweeney Baird

 📕The End Of Men by Christina Sweeney Baird

📕 Dystopian fiction


စာရေးဆရာက ဒီစာအုပ်ကို  အခု COVID-19 pandemic မဖြစ်ခင်ကတည်းက အကြမ်းရေး ပြီးခဲ့ တယ်လို့ ဆိုတယ်။ pandemic ကာလကြီးမှာ စာအုပ်ထွက်လာတယ်။


ကံဆိုးတာကတော့ အပြင်‌‌လောကမှာ COVID-19 

Pandemic ဖြစ်ပြီး မိသားစုဝင်တွေ တချို့  သေကြ၊ ပူဆွေးကုန်ကြတော့ ဒီလိုPandemic ဇာတ်လမ်း ကို လူတွေ သိပ်စိတ်မဝင်စားလို့ အရမ်းမပေါက်ခဲ့တာဖြစ် မယ်။ 


ဟုတ်တယ်။ ဒီလို ကပ်ရောဂါ မပြီးသေးတဲ့ ကာလမှာ ‌နောက်ထပ် pandemic ဇာတ်လမ်း မျိုးကို ဖတ်ချင်

ကြမယ် မထင်ဘူး။


စာအုပ်ထဲမှာ 2025 ကနေ 2032 ကာလကို အခြေတည် ထားတယ်။ ၂၀၂၅ ခုနစ်၊ Scotland မှာ ဖျားနာ ကူးစက်မှု့ တခုဖြစ်တယ်။

 


"Male Plague "အဲ့ဒါဟာ ယောကျာ်းတွေကိုပဲ ကူးစက် တက်တဲ့ ရောဂါ တမျိုး ။ ဒီကာလမှာ မိန်းမတွေဟာ ဗိုင်းရပ်စ် သယ်ဆောင်သူဖြစ်နိုင်ပေမယ့် ကူးစက်ခံရပြီး သေကျေကြတာကတော့ ယောကျာ်းတွေပဲ ။


The virus impacts only men.

Flu ပုံစံနဲ့ပဲ စပြီး ၃နာရီလောက်အတွင်း သေဆုံးနိုင်၊အသက်အန္တရယ်ရှိတယ် ။


Dr.Amanda Mclean ဟာ ဆေးရုံက လူနာအမျိုးသား တစ်ယောက်မှာ ပုံမှန်မဟုတ်ပဲ စဖြစ်တဲ့ လက္ခဏာကို စတွေ့လို့ မသင်္ကာဖြစ်ပြီး သတိပေးခဲ့ပေမယ့် သူ့စကား ကို အရာမသွင်းခဲ့ကြဘူး။


‌နောက်ပိုင်း Virus အနေနဲ့ global pandemic အဖြစ် 90% ယောကျာ်းတွေအကုန် ကူးစက်သွားတဲ့အခါ...


‌လင်ယောကျာ်း၊ သား၊ အဖေ  virus ကူးစက်ခံရမှု့

ကြောင့် ယောကျာ်းအများစု ကို ဆုံးရှုံးရတဲ့အခါ 90% ယောကျာ်းတွေမရှိတဲ့ လူ့ဘောင် အဖွဲ့အစည်းဟာ ဘယ်လိုဖြစ်လာမလဲ။


Virus ကူးစက်မှု့ကနေ  ရှင်သန်ကျန်ခဲ့တဲ့ ယောကျာ်း အနည်းစုနဲ့ မိန်းမတွေ ပဲ အများစုကျန်တော့တဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ ဘယ်လိုတွေ ရှင်သန် ရပ်တည်သွားကြမလဲ ဆိုတာ...


စာအုပ်က 413 pg၊  AudioBook ‌ဆိုရင် 12hr ဆိုတော့ နည်းနည်းရှည်တယ်။


စာအုပ်ထဲမှာ ပါတဲ့ character များတဲ့အပြင် ကမ္ဘာအနှံ့က ရောဂါဖြစ်တဲ့နေရာတွေက လူတွေရဲ့ ခံစားချက်တွေ၊ pandemic အတွင်း မိန်းမတွေရဲ့ ရပ်တည်မှု့တွေ၊ လင်ယောကျာ်း၊သား၊အဖေ ဆုံးရှုံးခဲ့ရသူတွေရဲ့ ပူဆွေးမှု့တွေ တွေ့ရမယ်။


Characterတွေ များ တဲ့အတွက် ရင်ထဲ မစွဲတဲ့အပြင်၊ ဇာတ်ကြောင်းထက် scientific facts ,medical facts တွေ , research..တွေပါ အများကြီး ထည့်ရေးထား တော့ ဖတ်ရတဲ့သူက ဒံပေါက်စားပြီး သွေးလေး

နေသလိုပဲ ... ဖတ်ရင်း အီစလံ ဝေပြီး လည်ထွက်

နေတယ်။ 


AudioBook နားထောင်တာတောင် မသွက်ဘူး။

ကိုယ့်အကြိုက်တော့ မဟုတ်ဘူး။


ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူ တော့ ကိုယ်မကြိုက်ပေမယ့် သူများကြိုက်ချင် ကြိုက် 

နိုင်ပါတယ်။ Dystopian fiction မျိုး စိတ်ဝင်စားရင် ဖတ်ကြည့်ပါ ။


#The_End_Of_Men by Christina Sweeney Baird

#AudioBook_Review by Bookish In Fiction Land 

10, Feb, 2022

No comments: