Tuesday, September 6, 2022

The Sun Down Motel by Simone St.James

 đŸšď¸The Sun Down Motel 🏚️ စာအုပ်အကျဉ်းချုပ်

👻  Ghosts... 🔪 Murder... 👻 so creepy

👻🔪👻🔪  Spooky Thriller  👻🔪👻🔪

(စာအုပ်အကျဉ်းဆိုတော့ ရှည်မယ်နော် )။



ဒီစာအုပ်က ဖတ်ရတာသွက်တယ် ။ သရဲပါမယ်၊ 

လူသတ်မှု့ပါမယ်၊ စုံထောက်ပါမယ် ။ အမှတ်မထင် အခုရက် ဖတ်မိတဲ့ စာအုပ်တွေဟာ အမျိုးသမီးစာရေးဆရာတွေ ရဲ့ စာအုပ်တွေ များတယ်။


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


ဒီစာအုပ်ထဲမှာ 1982 နဲ့ 2017 အချိန်၂ ခုက အမျိုးသမီး နှစ်ယောက် ၊ NewYork ဆင်ခြေဖုံး

ဒေသ၊ Highway လမ်းမကြီးဘေးက Fell မြို့လေး ၊ SunDown Motel  မှာ ကြုံရတဲ့ တုန်လှုပ်ခြောက်ခြားစရာ အဖြစ်အပျက်တွေ ကို  ဖတ်ရမယ် ။


🛑 1982 ခုနှစ်....Vivian Delaney 🛑

၁၉၈၂ မှာ အသက် ၂၀ အရွယ် Vivian ဟာ  Sundown Motelမှာ ညဆင်း ဆင်းနေတယ် ။ သူ ညဆင်း ဆင်းနေတဲ့ အချိန်  မိုတယ် ထဲမှာ ထူးဆန်းတာတွေ ဖြစ်လာခဲ့တယ်။ 



ပြောရရင်   á€Šá€˜á€€á€ş ၊ အထူးသဖြင့် လူတစ်ယောက် လာတည်းအချိန်ဆို မိုတယ် ကြီး ဟာ အသက်ဝင်လာတယ်။ 


မီးတွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်တာတွေ ၊အခန်းတံခါးတွေ တဝုန်းဝုန်းနဲ့ ဖွင့်လိုက် ပိတ်လိုက်ဖြစ်တာတွေ ၊ 

လူမရှိဘဲ ရလာတဲ့ စီးကရက်အနံ့ နဲ့ မီးခိုးငွေ့တွေ ၊

ခပ်ဖျော့ဖျော့ရေမွှေးနံ့  ၊ floral dress နဲ့ အမျိုးသမီးသရဲ၊ ရေကူးကန်က ကောင်လေးသရဲ ...

အဲ့ဒါတွေကို Vivian တစ်ယောက် ညဆင်း ဆင်းတိုင်း ကြုံလာရတယ် ။


 Fell ဒေသလေးမှာ အမျိုးသမီး တွေ အသတ်ခံရလာတယ်။  Betty Graham, Cathy Caldwell  , Victoria Lee တို့ အသတ်ခံရပြီး စွန့်ပစ်ခံရတယ်။


ရဲကလည်းအသုံးမကျ၊ လူသတ်မှု့တွေဟာ လက်သည်မပေါ်ဘူး ။ Motel မှာ ညဆင်းဝင်လုပ်နေတဲ့Vivian တစ်ယောက်အဲ့ဒီ့ လူသတ်မှု့တွေကို   á€™á€”္နိုင်မထိုင်နိုင် လိုက်ပြီး စုံစမ်းရေး လုပ်တော့တယ် ။



အဲ့ဒီနောက် 1982 November မှာ Vivian တစ်ယောက် အစရှာမရ ပျောက်ဆုံးသွားတယ် ။


🛑 2017 ကတူမ Carly နဲ့ 1982 က အဒေါ် Vivian 🛑


အဒေါ်ဖြစ်သူ Vivian ပျောက်ဆုံးပြီး ၃၅ နှစ် အကြာ ၂၀၁၇ မှာ  တူမဖြစ်သူ Carly ဟာ အဒေါ်ဖြစ်သူရဲ့ ပျောက်ဆုံးမှု့ကို  Fell ဒေသလေးမှာ စုံစမ်းဖို့  ၊အဖြေရှာဖို့ ရောက်လာခဲ့တယ်။


🛑  2017 ခုနှစ် ...Carly  (Vivian ၏တူမ)🛑


🛑Carly Kik ,  Fell , New York, November 2017🛑


Illinois ကနေ ကားမောင်းလာပြီး Fell က Motel မှာ ဝင်နားနေတဲ့ Carly Kik..Carly ရဲ့ မိခင်ဖြစ်သူဟာ သိပ်မကြာခင်ကပဲ ကင်ဆာ နဲ့ ဆုံးသွားရှာတယ် ။ သူ့အမေ ချန်ထားခဲ့တဲ့ ငွေအနည်းငယ်ကို သူ့အကို Graham နဲ့ ခွဲယူကြရမှာ ။ 


Carly ကောလိပ်စတက်တုန်းကတော့ သူလုပ်ချင်တဲ့အရာတွေအတွက် အချိန် လုံလုံလောက်လောက်ရှိခဲ့မယ်လို့ ထင်ခဲ့ဖူးတယ် ။ သူ့အမေ အသက်၅၁ အရွယ်၊ ကင်ဆာရောဂါ နဲ့ ဆုံးသွားပြီးတဲ့နောက်  သူထင်သလို ဘဝမှာ အချိန်တွေ အများကြီးရှိမှာ မဟုတ်ဘူးဆိုတာ သိလာတယ် ။


Carly မှာ မေးစရာ မေးခွန်းတွေရှိတယ်။

အဲ့မေးခွန်းတွေအတွက် အဖြေကို အခု သူရှာရ‌တော့မယ် ။ အဲ့ဒီနောက်မှာ Laptop ထဲမှာ scan ဖတ်ထားတဲ့ ၁၉၈၂ က သတင်းစာဖြတ်ပိုင်းလေးကို သူရွေးလိုက်တယ်။ 


" ရဲတွေက ပျောက်ဆုံးနေတဲ့ ဒေသခံ အမျိူသမီးကို ရှာဖွေနေ" ဆိုတဲ့ သတင်းစာ ခေါင်းစီး ၊ အောက်မှာတော့ ပျောက်နေတဲ့ အမျိုးသမီးရဲ့ ဓာတ်ပုံ ၊ပုံအောက်က caption မှာတော့ "အသက်၂၀အရွယ် Vivian Delaney ဟာ  ၁၉၈၂ ၊ နိုဝင်ဘာ၂၉ ရက် ည ကတည်းက မမြင်တွေ့ရတော့ပဲ ပျောက်ဆုံးသွားတယ် ၊တွေ့ရှိပါက ရဲတွေထံ ဆက်သွယ်အကြောင်းကြားရန်" ရေးထားတယ်။


အဲ့ဒါပဲ ။ Carly သိချင်တဲ့ အဖြေဟာ အဲ့ဒီအရာ...



Carlyတစ်ယောက် ငယ်ငယ်ကတည်းက တခြားကလေးတွေ J.K.Rowling ဖတ်နေတဲ့အချိန် သူက Stephen King စာအုပ်‌တွေ ဖတ်နေတဲ့သူ ၊


ဖြစ်ရပ်မှန်တွေ၊ လျှို့ဝှက်ဆန်းကြယ်တွေ၊လူသတ်မှူ့ခင်း စာအုပ်တွေ စိတ်ဝင်စားတဲ့သူ ။ 

သူ့အမေ ထုတ်မပြောချင်တဲ့အရာ ၊ သူ့မိသားစုထဲမှာ

မဖြေရှင်းနိုင်တဲ့ လူသတ်မှု့ကို Carly တစ်ယောက် သူ့ဘာသူ ပဲ ရှာဖွေရင်း သိခဲ့တယ် ။


၁၉၈၂  နိုဝင်ဘာလ မနက်၃ နာရီမှာ Sundown Motel မှာ အစအနရှာမရ ပျောက်ဆုံးသွားတဲ့Viv Delaney ဆိုတာ အခု Carly ရဲ့ အဒေါ်၊ Carly အမေရဲ့ ညီမ ။ 


သေလားရှင်လားတောင် မသိ ၊အလောင်းလည်းမတွေ့၊

၃၅နှစ်တောင် အစရှာမရ ပျောက်ဆုံးနေတဲ့ အဒေါ်  

Viv Delaney..


Carly သိရသလောက် သူ့အဒေါ်ဟာ ညဆင်းဆင်းနေတဲ့အချိန် ညလယ်မှာ ပျောက်ဆုံးသွားရတယ်။ ကား၊ပိုက်ဆံအိတ်၊ ပိုင်ဆိုင်တဲ့အရာတွေ ထားခဲ့တာကို တွေ့တယ် ။ Viv Delaney ရဲ့ အခန်းဖော်ကတော့ Viv ဟာ လှတယ်၊ဖျတ်ဖျတ်လတ်လတ်ရှိတယ် ၊ ရည်းစားမရှိ၊ အရက် ၊ဆေး ဘာတခုမှ သုံးတာလည်း မရှိဘူး။ 


သူ့အဒေါ်လို အဲ့လို လူမျိုးဟာ ပျောက်ဆုံး သွားရတယ်၊ သေတယ်လို့ သတ်မှတ်ခံရတဲ့အတွက် Calry စိတ်ထဲ

မကျေနပ်ဘူး ။ သိချင်တဲ့ အဖြေအတွက် Sundown Motel ကို လာပြီး စုံစမ်းဖို့ ပြင်တယ် ။


Vivရဲ့ ပျောက်ဆူံမှု့ဟာ  နိုင်ငံတဝှမ်းသတင်းအနေနဲ့ ဝေးစွ၊ အဲ့ပြည်နယ် သတင်းမှာတောင် အာရုံစိုက်မခံခဲ့ရဘူး ။ Carly ရှာရှာဖွေဖွေလုပ်လို့သာ  ဖြစ်ရပ်မှန် မှူ့ခင်း ဘလော့ဂ် တွေထဲမှာ သူ့အဒေါ် အမှု့ကို  ရှာတွေ့ခဲ့ရတာ။ အဲထဲမှာ သူ့အဒေါ် ပျောက်ဆုံးမှု့အပြင် ၊ Fell ဒေသ ကနေ ပျောက်ဆုံးနေတဲ့ မဖြေရှင်းနိုင်တဲ့ လူသတ်မှူ့မှတ်တမ်း တွေကိုပါ Carly ရှာတွေ့ခဲ့တယ် ။


🛑  Vivian  , November 1982  🛑


Fell ,New York ...Highway လမ်းမကြီးဘေးက Sundown Motel,အဲ့ဒီ မိုတယ် မှာ ညဆင်း ဆင်း‌ရ သူလေး အသက်၂၀ အရွယ် Viv Delaney


Viv ညဆင်းဆင်းတဲ့အချိန် ၊ဘာသံမှ မကြားရပဲ 

အသက်ရှုသံပဲ ကြားရတဲ့ ညလယ်ခေါင်မှာ ‌ခေါ်တဲ့ 

ဖုန်း ၊   á€‘á€˝á€€á€şá€œá€Źá€á€˛á€ˇ ဆေးလိပ်မီးခိုးအငွေ့တွေ၊ ပိုက်က စနစ်တခုခုချွတ်ယွင်းပြီး ထွက်လာတဲ့ အခိုးအငွေ့တွေလား၊ ဒါမှမဟုတ် Viv တစ်ယောက်ပဲထင်ယောင် 

ထင်မှား ဖြစ်နေတာများလား ။ 


အဲ့အခိုးအငွေ့တွေဟာ သူ့ကို ရင်တထိတ်ထိတ် စိတ်အနှောင့်အယှက်ဖြစ်စေပေမယ့်  သူတစ်ယောက်တည်း  ရှိနေတယ်လို့ မခံစားရလို့  သဘောကျမိတယ် ။ သူ့ကို ဘယ်သူက ‌အဖော်လုပ်ပေးနေတာလဲ သိချင်မိလာတယ် ။


တနေ့ ညဘက် အလုပ်ဆင်းဖို့ လာရင်း မိုတယ်ကနေ ၁၀မိုင်ခန့်အကွာ ၊Melborn လမ်းမကြီးဘေးကမြောင်းထဲမှာ  စွန့်ပစ်ထားထားတဲ့ မိန်းကလေးအလောင်း တလောင်း  အကြောင်း လွှင့်နေတာကိုကား ရေဒီယိုကနေ နားထောင်နေမိတယ် ။


အဲ့ဒီ စွန့်ပစ်ခံထားရတဲ့ မိန်းကလေး အလောင်း နာမည်က  အသက်၁၈နှစ်အရွယ် Tracy Walter၊ ကိုယ်လုံးတီးနဲ့ မြောင်းထဲမှာ စွန့်ပစ်ထားခံရတယ် ။ ဒီလောက် အေးခဲနေတဲ့ အချိန်မှာ ကိုယ်လုံးတီးနဲ့ စွန့်ပစ်ခံထားရတာ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ လို့ Viv တစ်ယောက် တွေးမိသေးတယ် ။


ဒီမှာလုပ်နေတာ ၃လလောက်ရှိနေပြီဖြစ်တာတောင် Viv တစ်ယောက် ကြောက်နေတုန်းပဲ။ 


နောက်၈ နာရီအတွင်း၊အမှောင်ထဲမှာတစ်ကိုယ်တည်း...

နောက် တခြားသူတွေနဲ့ ‌ နေရဦးမယ် ။


Motel ထဲရောက်တော့ ကောင်တာမှာရှိနေတဲ့ Johnny ကိုတွေ့တယ် ။Motel ပိုင်ရှင်Janice ဟာ ဒီမှာ မနေဘူး။ ညဘက်ဆို ပိုတောင် မလာသေးတယ် ။ တခါတလေ လပိုင်းလောက်ထိတောင် ပိုင်ရှင်ကို မတွေ့ရဘူး ။ 


Viv တို့ကို ပေးစရာရှိတဲ့ လစာကိုလည်း ခုံပေါ်တင်ပေးခဲ့တာ တွေ့ရတယ် ။ ပိုင်ရှင်နဲ့ သူတို့  ပြောစရာရှိရင် Notesထဲရေး၊ကပ်ထားခဲ့ကြ ပြီး ဆက်သွယ်ကြတယ်။ 


အခုလည်း Viv တစ်ယောက် အခန်း ၁၀၃ က တံခါးအကြောင်း ၊ ပိုင်ရှင်ကို ပြောစရာရှိလို့ note ထဲ ရေးနေတယ် ။  တံခါးကိုViv လော့ချပြီး ပိတ်ခဲ့တာတောင် ပြန်ပြန်ပွင့်နေလို့ ။ ပိုင်ရှင်ပြန်ပြင်သင့်တယ်လို့လည်း Johnny ကလည်း ထောက်ပြသေးတယ် ။  Johnny ရော Viv ပါ  ဒါဟာ ထူးဆန်းနေတယ်ဆိုတာ သိတယ် ။ 


ဒီ Motel မှာ နေ့ဆင်းနဲ့ ညနေပိုင်း ဆင်းတဲ့ ဝန်ထမ်းတွေကတော့ ဒါမျိုးကြုံချင်မှ ကြုံကြမှာပေါ့လေ ။

ခဏနေတော့ Johnny  အလုပ်ဆင်းသွားတယ်။ 

Viv က မှတ်စုစာအုပ်ထဲမှာ ရေးလိုက်တယ် ။


ည ၁၁_၁၃ ။  ။ အခန်း၁၀၃ က က တခါး ထပ်ပွင့်တော့မယ် ။ နောက်ပြောင်‌ခေါ်တဲ့ ဖုန်းကောလ်တွေ ၊ ဒီမှာ ဘယ်သူမှလည်း မရှိကြဘူး ။ Tracy Walters ကလည်း သေပြီ ။အပြင်က အသံ ကြားလိုက်ရတယ် ။


ခဏနေတော့ လေနဲ့အတူ အခန်း၁၀၃ တံခါး ပွင့်ပြီး နံရံကို တဗုန်းဗုန်း နဲ့ တံခါး ရိုက်သံကို ကြားလိုက်ရတယ် ။

Viv ဆက်ရေးပြန်တယ် ။ တစ္ဆေ(Ghost) တွေဟာ ညဘက် မှ နိုးထလာကြတယ် ၊ သူတို့ တွေဟာ မရပ်မနားနဲ့ ။ ဒါတွေ သိပ်မကြာခင်မှာ ပြီးဆုံးသွားမှာပဲလို့ တွေးမိတယ် ။ သူမ လက်တွေကို ငြိမ်အောင် ထား‌ပေမယ့် တုန်ခါနေတယ် ။ ငါတောင်းပန်ပါတယ် Tracy... ငါရှုံးသွားခဲ့ပြီ ။ နိုဝင်ဘာ၂၉ ၊၁၉၈၂ ၊၁၁နာရီ၂၄ မိနစ်၊ မနက် ၃နာရီ ။   á‹ Viv Delaney တစ်ယောက် ပျောက်ကွယ်သွားခဲ့တယ် ။



ဒါဟာ အစပဲ ရှိသေးတာ ။  ။


👻👻 ခြေသံတွေ၊တချပ်ချင်းပွင့်နေတဲ့ တံခါးတွေ ၊အသံတွေ၊မီးခိုးငွေ့တွေ ၊ ရေကူးကန်မှာတွေ့လိုက်ရတဲ့ ၉နှစ်အရွယ်ကောင်လေး၊ Floral Dress နဲ့ အမျိုးသီးတစ်ယောက်ရဲ့  Run ..... ဆိုတဲ့ အသံ ..👻👻


🛑 Carly ... November , 2017🛑


၂၀၁၇ ခုနှစ် တူမဖြစ်သူ Carly ရဲ့🕵️  ရှာဖွေရေး   đŸ•ľď¸


သူ့အဒေါ် Vivian ကို ရှာဖို့ Sundown Motelကိုရောက်လာတဲ့အချိန်မှာ အင်တာနက်ကရှာထားတဲ့ Sundown Motelရဲ့ပုံတွေအရ၊ 1982 ကအခြေအနေနဲ့ သိပ်ကွာခြားမနေတာက Carlyရဲ့ စုံစမ်းရေးအတွက် ကံကောင်းတာပဲ ။


သတင်းစာတွေအရ လွန်ခဲ့တဲ့၃၅ နှစ်က ပျောက်သွားခဲ့တဲ့ သူ့အဒေါ် Vivဟာ ကားကိုလည်း ထားခဲ့တယ် ။ ရဲထွက်ဆိုချက်တွေအရ ရုန်းကန်ထားတာတွေ ၊သွေးကွက်တွေ ဘာတွေလည်း မတွေ့ဘူး ။

 

Carly အတွေးက သူ့အဒေါ်အသိစိတ်မရှိတော့တဲ့အချိန်မှာများ တစ်ယောက်ယောက်က ကားတစီးပေါ်ခေါ်တင်သွားခဲ့တာလား ။ ဒါမှမဟုတ် တစ်ယောက်ထဲ ထွက်ပြေးသွားခဲ့တယ်ဆိုရင် Motelရဲ့ နောက်ဘက်မှာရှိတဲ့ ‌တောအုပ်လေးနဲ့ စိုက်ခင်းတွေဘက် သွားခဲ့တာများလား ။


Carly တစ်ယောက် Fell မြို့လေးကိုရောက်လာတဲ့အချိန်မှာ Heather ဆိုတဲ့ ဒေသခံမိန်းကလေးနဲ့ ဆုံ ။ Heatherကလည်း ဖြစ်ရပ်မှန်မှု့ခင်းတွေကို စိတ်ဝင်စားတယ် ။Carly ကလည်း  ၁၉၈၂ မှာပျောက်သွားတဲ့ အဒေါ် Viv ကို ရှာဖို့ Fellကို ထွက်လာတဲ့  သူများတွေအမြင်ဆို စာကြမ်းပိုး၊ ခပ်ကြောင်ကြောင်ပေါ့၊

 

ဒေသခံ သူငယ်ချင်း Heather ကိုထပ်မေးကြည့်တော့ လမ်းမကြီးဘက်ကိုသွားခဲ့ရင် ဂက်စ်ဆိုင်ဘက်၊ Fell မြို့အထွက် မိုင်နည်းနည်းသွားရမယ့် အမှတ်၆လမ်းမကြီး‌ပေါ်ရောက်သွားနိုင်တယ်ပေါ့ ။


ဒေသခံHeatherရဲ့ပြောပြချက်အရ Motel ဝင်းထဲက ရေကူးကန် မှာ လူတစ်ယောက် သေဖူးတယ် ။သန့်ရှင်းရေးလုပ်၊အပြောင်ရှင်းပြီး၊ ကန်ကိုလည်းပိတ်ထားလိုက်တယ်၊ပြီးတော့ အဲ့နေရာကိုလည်း ဘယ်သူမှ မသွားကြဘူး ။ ရေကူးကန်မှာ လူသေသွားတဲ့အတွက်ကြောင့်လည်း Sundown Motel မှာလာတည်းသူ မရှိသလောက်ဖြစ်သွားတယ် ။


အဲ့နောက် Carly နဲ့ Heather တို့ Motel ထဲ ဝင်စပ်စုရင်း အလုပ်ဝင်တဲ့ လအနည်းငယ်လောက်ကြာပြီဖြစ်တဲ့ Oliver ဆိုတဲ့ အသက်၃၀ အရွယ် Motel ဝန်ထမ်း တစ်ယောက် နဲ့တွေ့တယ် ။


ညဆိုင်းအတွက် လူတစ်ယောက်ခေါ်နေတယ်ဆိုလို့ Carly ဟာ Heather နဲ့ တိုင်ပင်ပြီး လျှောက် ဖို့ ပြင်လိုက်တယ် ။


Carly တစ်ယောက် ညဆိုင်းဝင်လုပ်ရမှာတော့ကြောက်သား၊ Motel ကအမှောင်ထုများပြီး သရဲခြောက်တဲ့ အိမ်ထဲ ဝင်သွားသလို ခံစားရတယ် ။


သူ့အဒေါ်ပျောက်သွားခဲ့တာ ၃၅ နှစ်ရှိနေတာ မှန်ပေမယ့် ၊ အဒေါ်အလုပ် လုပ်ခဲ့တဲ့နေရာမှာ ညဆင်း ဝင်လုပ်ရင်း ဘာတွေ ဖြစ်နေသလဲ သိချင်သူ Carly...


အလုပ်သွားလျှောက်တော့ရတယ် ။

ညဆင်းအလုပ်ကို  မနှစ်မြို့စရာကောင်းတဲ့ အသက်၅၀အရွယ် Chrisဆိုတဲ့သူကသင်ပေးတယ် ၊သူက အရင် Motel Owner ရဲ့ သားဖြစ်တဲ့သူလို့သိရတယ်။


ဒီဘက်ခေတ်ရောက်နေတာတောင် ငွေကုန်ကြေးကျများတယ်ဆိုပြီး၊ မိုတယ်မှာ wifi မရှိ၊အင်တာနက် သုံးလို့မရ၊ smart cardတွေ ပြောင်းဖို့ မလုပ်ဘူး။


ဧည့်သည်လာရင် နာမည်စာရင်းမှတ်ဖို့ Leather Guest Book ကြီးရှိမယ်၊ ဖုန်းဟောင်း တလုံးရှိမယ်။


Chrisက သူ့မိဘတွေမရှိတော့တဲ့အချိန်  ဒီmotelကို ဈေးချိုချိုနဲ့ ရောင်းဖို့ လုပ်ခဲ့ပေမယ့် ဝယ်မယ့်သူမရှိဘူး ။ 


Chris ကကားမအာမခံလည်း ရောင်းကြောင်း Carly ကိုပြောတယ် ။ Chris သူ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီmotel ကို မုန်းတယ်။ ဒီနေရာမှာ ကြုံခဲ့ရတဲ့ အမှတ်ရစရာတွေဟာ ဆိုးဝါးလွန်းတယ်။ လိုအပ်ရင် ရဲခေါ်ဖို့လည်းပြောခဲ့တယ် ။


🛑 Motel ကို လာတဲ့သူတွေ 🛑

Motel မှာလာတည်းတဲ့ ပွေချင်တဲ့Robert White နဲ့ Helen ဆိုတဲ့ အမျိုးသမီး

Robert White ကိုBlackmail လုပ်ပြီး Mr.Whiteဆီက ငွေခြူချင်တဲ့ Helenတို့လင်မယား၊ Balckmailပို့ဖို့ ဓာတ်ပုံ‌အထောက်အထားယူပေးရတာက လူမည်းအမျိုးသမီး ဓာတ်ပုံဆရာ Marnie ။


🛑ညဆိုင်း အမြဲ ဆင်းရတဲ့ ရဲအရာရှိ အမျိုးသမီး 

Alma Trent 🛑 

အဲ့ခေတ်က အရေးပေးမခံရတဲ့ အမျိုးသမီး ရဲအရာရှိ တွေရဲ့ ဘဝ၊ ညဆိုင်းဆင်းနိုင်ရင် ရဲလုပ်၊ မဆင်းနိုင်ရင် ရဲမလုပ်နဲ့ဆိုတဲ့ ပုံစံ။


🛑Vivian နဲ့  ရဲအရာရှိ Alma Trent 🛑


Motel ဝင်းထဲမှာ Trucker ဆရာနှစ်ယောက် ရန်ဖြစ်နေကြလို့ Vivian တစ်ယောက် အကြောင်းကြားရင်း ရောက်လာတာက အမျိုးသမီးရဲအရာရှိ Alma Trent


တခြားအနှောင့်အယှက်ရှိသေးလားမေးတော့

အမှောင်ကျသွားတဲ့အချိန်ရယ် ၊သရဲထွက်လာတဲ့အချိန်ကလွဲရင် အနှောင့်အယှက် မရှိပါဘူးလို့ စိတ်ထဲက ပြောလိုက်မိတယ် ။


ရဲ အရာရှိ ပြန်ခါနီး Vivian က ရေကူးကန်မှာ 

ဘယ်သူသေသွားသေးလဲ မေးလိုက်တယ် ။ 

ရဲအရာရှိ Alma က နည်းနည်းတော့ငြိမ်သွားတယ် ။ 


"လွန်ခဲ့တဲ့ ၂နှစ်လောက်က  ကောင်လေးတစ်ယောက် ရေကူးကန်ဘောင် နဲ့ ဆောင့်မိပြီး  ၊သတိလစ်သွားတယ်၊ ပြီးတော့  သတိပြန်လည်မလာတော့ပဲ  ဆုံးသွားတယ် ။ "


"မင်း ဘယ်ကကြားလဲတော့ မသိပေမယ့်

Janice ကတော့ ဒီအကြောင်း ဘယ်တော့မှ ထပ်ပြောမှာမဟုတ်ဘူး။ Henry ကလည်း ပြောပြနိုင်တော့ မှာ မဟုတ်ဘူး ။"


Viv က Henry ဆိုတာကို တအံ့တဩနဲ့..

ရဲအရာရှိ Almaက" ဟုတ်တယ်လေ... Henry ဟိုနားက ထိုင်ခုံမှ အမြဲလိုလို ထိုင်တဲ့ Henry..လွန်ခဲ့တဲ့ ၆လလောက်ကပဲHeart Attack ဖြစ်ပြီး ဆုံးသွားတာလေ"


VIV တစ်ယောက်ငြိမ်ကျသွားတယ် ။


ရဲအရာရှိ AlmaကViv ကို တနေ့တော့ မင်း ဒီအကြောင်း ဘယ်လို သိလာတယ်ဆိုတာပြောပြရမယ်။ 


ဒါတွေဟာ ဒီMotel မှာဖြစ်ပျက်နေတဲ့ အဆိုးဆုံးတွေ မဟုတ်သေးဘူး‌ဆိုတာ မင်းခန့်မှန်းနိုင်မှာလို့ ပြောခဲ့တယ် ။ အကူအညီလိုရင်ပြော လို့ ခေါ်လိုက်ပါလို့ ပြောပြီး ပြန်သွားတယ်။


🛑 🏚️  Sundown Motel 🛑 🏚️ 

၁၉၇၀ပြည့်နှစ်ဝန်းကျင်လောက်မှာ ဆောက်ခဲ့တယ် ။ အဆောက်အအုံက L ပုံစံအ‌ဆောက်အုံ။ ခြောက်တယ်လို့ပြောကြတယ် ။


ဟုတ်တယ်။ တကယ်လည်း ခြောက်နေတာ ။


1978 မှာ အသတ်ခံရပြီး Sundown motel 

မဆောက်ခင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ  အလောင်း စွန့်ပစ်ခံရသူ၊ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့တဲ့ Betty Graham ...Flowered Dress၊ ခပ်ဖျော့ဖျော့ရေမွှေးနံ့ နဲ့ညဘက် Vivian ရှေ့ ပေါ်လာတဲ့ အမျိုးသမီးသရဲ ။ 


သူက motel မှာ လူတစ်ယောက် လာတည်းပြီဆိုရင် ဒေါသထွက်ပြီး တဝုန်းဝုန်းတဒိုင်းဒိုင်းတွေလုပ်ပြတယ်။


🛑အဲ့လူက မထင်ရက်တဲ့ ကွင်းဆက်လူသတ်သမား၊

Betty ကို သတ်သွားတဲ့သူ ။ Motel မှာ ခဏခဏ လာတည်းပြီး အမြဲ နာမည်အတုတွေနဲ့   check in လုပ်တဲ့ Travelling Salesman  Mr.Simon Hess, (သို့)  James March ဆိုတဲ့လူ ။ 🛑 


Psycho သမားမျိုးပေါ့ Simon Hess ဟာ အိမ်ထောင်ရှိပေမယ့် ‌‌ကျောင်းဆရာမ Betty ကို ချစ်မိတော့ ကားနဲ့ခေါ်ပြေးရင်း Betty ကလက်မခံ အော်ဟစ်နေလို့  သတ်မိသွားတယ် ။


အလောင်းကို  Sundownmotel မဆောက်ခင်က ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ပြစ်ထားခဲ့တာ ။


Simon Hess ကလည်း သူချစ်မိတဲ့ Betty ရှိနေမှန်း

သိလို့ မိုတယ်ကို လာလာတည်းတယ် ။

 

Betty ခမျာလည်း မကျွတ်ရှာပဲ ၊သူ့ကို သတ်သွားတဲ့

Simon Hess လာတည်းတိုင်း ဒေါသတွေထွက်ပြီး

မိုတယ်ဟာ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ အသက်ဝင် ခြောက်ခြားစရာဖြစ်လာတယ်။


သွေးအေးတဲ့ အဲ့လူသတ်သမားနောက်ကို နောက်ယောင်ခံလိုက်တဲ့ Vivian ရဲ့ စွန့်စားခန်းတွေဟာ ရင်တထိတ်ထိတ် ။ 


Tracy Walter ဟာ Simon Hess မျက်စိကျနေတဲ့ နောက်သားကောင်ဖြစ်မှာကို  Vivian က ကြိုသိနေလို့ Tracy ရဲ့ မိဘတွေကိုလည်း စာနဲ့အကြောင်းကြားပေးတယ် ၊ဖုန်းဆက်ခဲ့တယ် ။ စနောက်တယ်လို့ပဲ ထင်ကြတယ် ၊ မယုံကြဘူး ။ရဲအရာရှိ Alma ကလည်း   á€™á€šá€Żá€śá€˜á€°á€¸ ။


နောက်တော့ Tracy Walter လည်း သေသွားတယ်။


ရဲက မှ မယုံတော့ မိုတယ်မှာ လာလာတည်းတဲ့

🛑 Traveling Salesman လူသတ်သမား Mr.Simon Hess ကို Vivian က  အကွက်ဆင်ဖမ်းဖို့ကြံတယ် ။

ကြံရင်း သတ်မိသွားတယ် ။


🛑 အဲ့အခန်းက ညဘက်ဖတ်ရင် သိပ်မိုက်တယ်။

ရုန်းရင်းကန်ရင်း ရင်တထိတ်ထိတ်ပဲ ။


🛑 Motel အခန်းထဲ Simon Hess အသတ်ခံနေရတဲ့အချိန်မှာ သရဲ Betty က တံခါးလာခေါက်တဲ့အခန်း၊

Simon Hess ကို သတ်ပြီးတော့  ရေကူးကန်မှာသေသွားတဲ့ ၉နှစ်အရွယ် ကောင်လေး သရဲက မင်းလုပ်နိုင်ခဲ့ပြီလို့ ပြောတဲ့အခန်း  ၊ဇာတ်လမ်း ကြည့်နေရသလိုပဲ။ 


VIV တစ်ယောက်ကတော့ အာဂပဲ။ လူသတ်သမား Simon Hessကို ဓားနဲ့ ညှင်းရင်း Betty Graham, 

Cathy Caldwell နဲ့ Tracy Walter တို့ကို သတ်ရ‌တဲ့အကြောင်းအရင်းကိုပါ မေးသေးတာ ။


ကဲ...ရဲကအသုံးမကျတော့ ကွင်းဆက်လူသတ်သမား Simon Hess ကို Vivian က ရှင်းလိုက်တယ်။

Fell ရဲဌာနက Alma ကို လှမ်းအကူအညီတောင်းတယ်။

 

သွေးတွေ ဗရပွနဲ့  Simon Hess ကို ဆွဲချလာတဲ့အချိန် 

Motel တံခါး လာ‌ခါက်တဲ့သူကို ကြည့်လိုက်တော့

ဓာတ်ပုံရိုက်တဲ့ Marnie .

နောက် ရဲအရာရှိ Alma ရောက်လာတယ်။


ရဲလက်ကို အပ်ရင်လည်း Simon Hess ဟာ ကွင်းဆက်လူသတ်သမားပါဆိုတဲ့ ခိုင်မာတဲ့ သက်သေမရှိဘူး ။  


အခန့်မသင့်ရင်  ကိုယ့်ဘာကိုယ် ကာကွယ်ရင်း Simon Hess ကို သတ်မိတဲ့ Vivian တစ်ယောက်  ထောင်ထဲရောက်မယ့်အဖြစ် ။


ဘေးက Marnie နဲ့ ရဲအရာရှိ Alma လည်း ကျဉ်းထဲကြပ်ထဲရောက်မယ့် အဖြစ် ။


🛑 အဲ့ဒီအခြေအနေက လုံးဝလွတ်မြောက်ဖို့ Vivian  သတ်လိုက်တဲ့ ကွင်းဆက်လူသတ်သမားSimon Hess ကို Marnie နဲ့  ညဆိုင်းရဲအရာရှိAlma က ဘယ်နေရာမှာ အလောင်းကိုသွားဝှက်ထားမလဲ။ Vivian ကိုရော fell ကနေ အမှု့မပတ်ပဲ ပျောက်ကွယ်သွားအောင် ဘယ်လို အကူအညီပေးမလဲ။ 


2017  မှာ အဒေါ်ကို လာရှာတဲ့ Carly က

သူ့အဒေါ်ပျောက်တဲ့အချိန်က ရှိခဲ့တဲ့ Marnie နဲ့

ရဲအရာရှိကနေ အနားယူသွားပြီဖြစ်တဲ့ Alma ကို

သူ့အဒေါ်ကြောင်း မေးခဲ့ပေမယ့် အဖြေမပေးခဲ့ကြဘူး။


🛑 Simon Hess သေပြီးတဲ့နောက် သရဲဖြစ်သွားပြီး

2017 Carly ညဆိုင်းဆင်းနေတဲ့အချိန် Motel မှာcheck in လုပ်ပြီး တည်းပြန်တယ် ။ စာအုပ်ထဲတော့ နာမည်မရေးဘူး။ (ဘယ်ရေးနိုင်းမတုန်း၊ သရဲကိုး )


သူချစ်တဲ့ Betty ရှိနေမှန်းသိလို့ လာတည်းတာ။ 

သူ့ရဲ့သားကောင်ဖြစ်ခဲ့တဲ့ Betty ကတော့ ဒေါသတွေ ထွက်တုန်း ။


🛑 2017 မှာ Carly ၊   Nick နဲ့  Heather တို့

လွန်ခဲ့တဲ့ ၃၅ နှစ်က Vivian တို့ ဝှက်ထားခဲ့တဲ့ကွင်းဆက် လူသတ်သမား Simon Hess ရဲ့ 

အလောင်းကို ရှာတွေ့မလား ။ 


🛑 သူ့အဒေါ်  Vivian ကရော တကယ် သေသွားပြီလား၊ ဒါမှမဟုတ် Carly နဲ့ အဒေါ်ဖြစ်သူ Vivian 

ပြန်ဆုံနိုင်ဦးမလား ဆိုတာ....


1982  နဲ့ 2017 တလှည့်စီရေးထားတာဆိုတော့

ဇာတ်ကြောင်းနည်းနည်းထပ်တာပါပေမယ့် စာအုပ်က ဖတ်မိရင် ဆက်တိုက်ဖတ်ချင်နေတဲ့စာအုပ်။

တကယ့် Spooky Thriller ပဲ 👻🔪👻🔪


🛑ဒီစာအုပ်ထဲမှာ ပါတဲ့ Character တွေက 

Vivian Delaney (အဒေါ်)

Carly  Kik (တူမ)


Viv's roommate...Jenny Summer

Carly roommate...Heather


Nick


အသတ်ခံရတာက

Betty Graham, Cathy Caldwell  , Victoria Lee ,Tracy Walter


မိုတယ်မှာ ခြောက်သူ  သရဲ Betty 


1980 မှာ ရေကန်ဘောင်နဲ့ရိုက်မိပြီး ဆုံးသွားတဲ့

၉နှစ်အရွယ် ကောင်လေးသရဲ


စီးကရက်ခဲထားတဲ့ အမြဲဆေးလိပ်အငွေ့တွေပြ၊ Goddamn bitch လို့ အမြဲဆဲတဲ့ ခပ်ပိန်ပိန် အဘိုးကြီး သရဲ Henry (ကောင်လေးဆုံးပြီးတဲ့နောက်

ဖိစီးမှု့တွေများပြီး Heart Attactဖြစ်ကာ ဆုံးသွားတဲ့ Sundown ကဝန်ထမ်း) 


Mr.White နဲ့ ဖောက်ပြန်ပြီး Balckmailပို့ ငွေညှစ်ချင်တဲ့Helen ဆိုတဲ့ ခပ်ဖြောင့်ဖြောင့်အမျိုးသမီး။


ဓာတ်ပုံရိုက် သူ Marnie


ရဲအရာရှိအမျိုးသမီး Alma Trent


Libraryမှာတွေခဲ့တဲ့Fell collegeက Prof ရဲ့ သား

ဖြစ်သူ Callum : Callum က Travel Salesman Simon Hess ရဲ့မြေး 


Jamie Blaknik..pot dealer( Vivian ကို ကူညီခဲ့သူ)


The Sun Down Motel by Simone St.James

#Book_summary_by Hnin Yi Pwint

Oct 20.2020

No comments: