Wednesday, November 14, 2012

1976-1977 ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းမှ ကဗျာများ

ဆန့် ကျင် ဘက်
ထက်ကောင်းကင်ဆီ နေလုံးသည်
တည်ငြိမ်ခြင်းကိုဆောင်သော်လည်း
သမုဒ္ဒရာ ပင် လယ်ပြာသည်
သာယာခြင်းကိုဆောင်သော်လည်း
ညခါပတ်ဆမ်း လရောင်တန်းသည်
အေချမ်းခြင်းကိုဆောင်သော်လည်း
သုံးခုကြားမှ လူသားလောဘ
မုန်တိုင်းထသော်
လောက အားလုံးလောင်မီးတည်း။
(ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် နှစ် လည် မဂ္ဂဇင်း)
(၁၉၇၆-၁၉၇၇)

အားသစ်
အာရုဏ်လဲကျင်း
အလင်းလဲဖြာ
လေပြေလာပြီ
လျင်စွာသွက်သွက်
ခရီးဆက်ဖို့
တက်ရွက်ပြင်ပါ
လှေငယ်ရှင် ။
(ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် နှစ် လည် မဂ္ဂဇင်း)
(၁၉၇၆-၁၉၇၇)

ကမ္ဘာကြီးပြားနေပါသည်

အကယ်၍သာ မြေကမ္ဘာသည်
သေချာလုံးခဲ့ရိုးမှန်လျှင်
ကျောခိုင်းရှောင်ထွက်၊ အနောက်ဖက်သို့
ခရီးဆက်သူ ချစ်သဲဖြူကို
မျက်နှာမူလျက် အရှေ့ဘက်မှ
တရက်ရက် တွင် တွေ့သင့် သည်
ယခုတွင်မူ
ကျောခိုင်းသူလည်း၊ဝေးနေဆဲမို့
အတွေးထဲမှာ၊မြေကမ္ဘာ သည်
သေချာပြား၍နေသည် ဟု ။ ။

(ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် နှစ် လည် မဂ္ဂဇင်း)
(၁၉၇၆-၁၉၇၇)

နာတာရှည်
ကြည်နူးမှု့များ
ခာံးရသည်….တဒင်္ဂ
ပျော်ရွှင်မှု့များ
ခံစားရသည်…တခဏ၊
အချစ်နာဖျား
သဲလှိုက်စားသည်…ရှည်လျားလှ။ ။
(ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် နှစ် လည် မဂ္ဂဇင်း)
(၁၉၇၆-၁၉၇၇)


လိုအပ်ချက်
လမင်းတရာ၊ထိန်ထိန်သာလည်းကြယ်ပြာရှိမှတင့်တယ်၏ ။
ရေခင်းပြာပြာ၊ကန်သာယာလည်း၊ရွှေကြာရှိမှတင့်တယ်၏ ။
ပန်းမျိုးစုံဖြာ၊ဥယျာဉ်သာလည်းလိပ်ပြာရှိမှတင့်တယ်၏ ။
မြကျွန်းညိုညို၊တက္ကသိုလ်လည်း၊ပျိုမျစ်နုထွေး၊ရင်သွေးရှိမှတင့်တယ်၏ ။
ရင်သွေးစုံစွာရှိနေပါလည်း၊ပညာခူးမှထူးတင့်စွ ။ ။

(ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် နှစ် လည် မဂ္ဂဇင်း)
(၁၉၇၆-၁၉၇၇)

ငွေဝန်းသော်တာ

ခိုးကြည့် ချောင်းကြည့်
ပြောင်ပြောင်တင်းတင်းကြည့်
ရုတ်တရက်ကြည့်ကြည့်
သေသေချာချာကြည့်ကြည့်
ကြည်နူးစရာအပြည့်
ချစ်စရာအတိပြီးတဲ့မျက်နှာ ။

(ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် နှစ် လည် မဂ္ဂဇင်း)
(၁၉၇၆-၁၉၇၇)

စကားလက်ဆောင်

"ချစ်ညီမငယ်"တက္ကသိုလ်နယ်မှာ
ထယ်ဝါခံ့ငြား ကိုယ်ပိုင်ကားကြီး
ငြိမ့်သားစီးပြီး၊ဖီးလိမ်းခြယ်သ
အလှပြကာ ၊မနေသာလို့
စိတ်မှာ အားငယ်မနေလင့် ။
ပညာသင်လာ ကားမပါလည်း
မဟာဘွဲ့တွေရနိုင်တယ် ။
ပညာရှာစဉ် လှမထင်လည်း
ပညာအလှပြနိုင် တယ်။
အလှကိုဖက် ၊ဂုဏ်ကိုမက်တဲ့
ဆယ်သက်ရွယ်ကျော်၊ကျောင်းတော်သူများ
စိတ်ထားယိုင်အောင်ညှို့ဆွဲဆောင်သော
အကောင်ကြီးစား၊ကိုယ်ရွှေကြားတို့
ကားကြီးစီးပြီး၊ကျောင်းကြီးထဲမှာချောင်းနေတယ်။
ထို " ကျား " မာယာ၊သူ့အထာကား
ဝတ်စားလှလှ ၊ရှိုးကျကျနှင့်
ဂုဏ်ဓနမင်၊ " မ " လှချင်တို့
လိုအင်ဆန္ဒ ငွေဗန်းပြပြီး
ရာဂမှောင်တွင်းထောင်ချောက်သွင်း၍
အတင်းကိုက်ဖြတ်စားတက်တကား။ ။

(ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် နှစ် လည် မဂ္ဂဇင်း)
(၁၉၇၆-၁၉၇၇)

















ဧရာဝတီ (သိပ္ပံမောင်ဝ )

ရေးသူ =ဦးစိန်တင်(သိပ္ပံမောင်ဝ) (၁၈၉၉-၁၉၄၂)

ဝန်ထောက်မောင်လူအေးသည်ရုံးတွင်နေ့ခင်းကအမှု့ကစစ်ဆေးရာနှစ်ဖက်စလုံးကပင်သက်သေခိုင်လုံနေသဖြင့် စဉ်းစားရကျပ်လှသောကြောင့်စိတ်အိုက်၍နေ၏။ထိုနေ့ပင်စီရင်ချက်ချကာမှားမည်စိုးသောကြောင့်နောက်တစ်နေ့ 
မှစီရင်ချက်ချမည်ဟူ``၍အမှု့သည်တို့အာားပြောပြီးလျှင်တရားခွင်မှဆင်း၍အိမ်သို့ပြန်လာခဲ့လေသတည်း။

တစ်လမ်းလုံးတွင်အမှု့အကြောင်းကိုသာသို့လောသို့လောတွေးတောလျှက်လာ၏။အိမ်သို့ရောက်ပြန်လာပါလည်း ဤအမှု့အကြောင်းကိုပင်တွေးတော၏။ညနေလက်ဖက်ရည်သောက်သောလက်ဖက်ရည်စားပွဲတွင်လည်းအမှု့
အကြောင်းကိုသာတွေး၏ထိုင်နေသည်ဖြစ်စေ၊ထနေသည်ဖြစ်စေ၊လမ်းလျှောက်နေသည်ဖြစ်စေယင်းအမှု့အကြောင်း
မှာရစ်ဝရစ်ဝဲနှင့်စိတ်ထဲတွင်နေ၏။သို့သော်ဆုံ့းဖြတ်ချက်ကိုကားတွေးတော၍မရသဖြင့်အခက်နှင့်တွေ့ကြုံရ၏။
အကြံကောင်းများရလိုရငြားနေစောင်းသွားလျှင်အိမ်မှထွက်၍ဧရာဝတီမြစ်ကမ်းခြေသို့လမ်းလျှောက်ထွက်သွား၏
ထိုအခါသည်ကားဧရာဝတီမြစ်ထဲတွင်ရေနည်းသောတပေါင်းလကုန်ခါစအခါတည်း။ကမ်းခြေတစ်လျှောက်တွင်
သောင်ပြင်ကြီးထွန်းလျက်နေ၏။ထိုသို့ထွန်းလျက်နေသောသောင်ပြင်ကြီးမှာကမ်းခြေမှပေသုံးရာခန့်မြစ်ထဲ ဘက်သို့ ထွန်းလျက်ရှိနေ၏ ။
ကမ်းနားတစ်လျောက် အရှေ့ မှ အနောက်သို့ အစဉ် အတိုင်း လျောက် ၍ သွားရာအစိုးရ ဆေးရုံ ၊အေဘီအမ် မိန်းကလေးကြောင်း၊ စက်ရှင် မင်းကြီးအိမ်၊အရေးပိုင်မင်းအိမ် ၊ဘိုတဲ ၊၊ဆရာဝန်ကြီးအိမ် ၊အရာရှိများ၏ အသင်းရုံး တို့ ကို အစဉ် အတိုင်းကျော်လွန်လာခဲ့၏ ။အသင်းရုံးသို့ ရောက်လျင်ကမ်းနားလမ်းဆုံးတော့ သည်။ကမ်းပါးအောက်သို့ ဆင်းကာ အေ နာက် ဘက်သို့ ဆက်လက်၍လျှောက်သွားပြန်၏။အတန်ကလေးသွားမိလျင် ခံတပ်ပျက်သို့ရောက်၏ ။ဤ ခံတပ်ကား မြန်မာမင်းလက်ထက်ကဆောက်လုပ်ထားသောခံတပ်ဖြစ်လေသည်။ပျက်ဆီးလျက်နေပေပြီ။လမ်းလျောက်ရင်း

တစ်လျောက်လုံးအမှု့အကြောင်းစဉ်းစား၍လာသောကြောင့်ဘာအကြောင်းကိုမျှသတိမရနိုင်။ဘာအကြောင်းကို
မျှမတွေးတောနိုင်။အမှု့အကြောင်းနှင့်သာအချိန်ကုန်ခဲ့၏။သို့သော်ဤခံတပ်အဟောင်းသို့ရောက်သောအခါ၌မူ
ကားရှေးဟောင်းနှောင်းဖြစ်မြန်မာမင်းတို့၏အကြောင်းများကိုပြန်လည်ကာစဉ်းစားမိ၏။စစ်ဖြစ်စဉ်ကမည်သို့
 á€á€Żá€­á€€á€šá€á€Żá€­á€€á€šá€™á€Šá€ˇá€š အကြောင်း မည်သို့ ကျဆုံး ကြ မည့်အကြောင်းတို့ ကို စိတ်ကူးမိ၏ ။ဤ အခါကျမှ ယခင် စဉ်းစားနေရင်းအမှု့အကြောင်းမှာ စိတ်ကူးထဲ မှ ပျောက်၍ သွားတော့ သတည်း ။

ခပ်မောမောရှိသဖြင့်ခံတပ်အစွန်းနားရှိအုတ်များပေါ်တွင်တက်၍ထိုင်ကာဧရာဝတီမြစ်ဘက်သို့လှမ်း၍ကြည့်၏။။
ထိုင်နေရာ အနောက် ဘက် မနီးမဝေးရှိရွာမှ ဆင်း၍ ပျော်ပါးစွာရေ ခပ်နေကြသည်ကိုမြင်ရလျှင် စိတ်ပျော်၍ရွှင်လာလေ၏။ရေအိုးကိုရွက်သူကရွက်၊ဆိုင်းနှင့်ဦးပဲ့ထမ်းသူကထမ်း၊ရေအိုးနှလုံးကိုဆင့်ပြီးရွက်သူက ရွက် ၊လူနှစ်ယောက် အိုးကြီးကြီးတစ်လုံးကို ထမ်းပိုးနှင့် ထမ်းသူတွေက ထမ်း။အသက် အရွယ်မှာ လည်းကြီးကြီးလည်းပါ၊ငယ်ငယ် လည်းရှိ။ယောကျာ်း မိန်းမမကျန်၊အားလုံးပင် ပျားပန်းခပ်ဘိသကဲ့ သို့ သောင်ပြင် ကြီးတွင် ဆင်းသူ ဆင်း ၊ တက် သူ တက် နေ ကြ၏ ။ အသက်အရွယ် ငယ်သူတို့ အနက်
သုံးလေးနှစ်မျှရှိသောကလေးများပင်ပါ၏။အသက်ကြီးသူတို့အနက်လည်းခုနှစ်ဆယ်ကျော်တို့ပင်ပါလေသည်။
လူအများတက်ကြဆင်းကြသည်မှာများလှသောကြောင့်သောင်ပြင်တစ်လျှောက်လုံးဖုန်တထောင်းထောင်းထ
လျှက်ရှိနေ၏။ဆောင်းတွင်း၌မြူများအုပ်နေသကဲ့သို့ဖြစ်လေသည်။သီချင်းအော်ဆိုသူကလည်းဆို။စကားပြော
သူုကလည်းပြော။တစ်ယောက်ကိုတစ်ယောက်အော်ပြီးခေါ်သူတွေကလည်းခေါ်။ပျော်လိုက်ကြသည့်ဖြစ်ခြင်း။
ရေကူးသူတို့ ကလည်းမရှား။ကစားနေ သူတို့ ကလည်းအပုံပင် ။ခုန်ပေါက်နေသူ တို့ကလည်း အနန္တ ။ပြေးလွှားသူတို့ကလည်းစံမရအောင်များလှစွာ၏။ပွဲအကြောင်းလည်းပြောကြ၊ရုပ်ရှင်အကြောင်းလည်းပြောကြ၊မီးလောင်
သည့် အကြောင်းလည်းပြောကြ၊ဓားပြတိုက် သည့် အကြောင်းလည်းပြောကြ၊ ဆူညံ၍နေပေသည်။
အချို့ က သဲထဲ တွင် တောင်ပုံ တောင်ပုံလုပ် နေကြ၏ ။အချို့ က သဲ ပုံ စေတီတည်ထားကြ၏ ။ကလေးများကလည်းဘုရားဖူးသွားဟန် ဆူညံနေ၏။လူများ ဆူညံ၍နေသည့်အကြောင်းတွင်ခွေးများကပါ ပျော်ရှာလွန်းဟိုပြေးသည်ပြေးတပြေးတည်းပြေးလျက်နေကြ၏။ထိုသောင်ပြင်ပေါ်တွင်တဲံငါလုပ်စားနေကြသောတံငါတွေ၏
ကလေးများမှာလည်းသုံးလေးဆယ်ခန့်။ရွာကလေးတစ်ရွာပင်။ထိုတဲကလေးတို့၏အနားတွင်ပျော်ပါးစွာကစား၍ နေကြသေကလေးတို့လည်းသံပုံးများကိုဆူညံစွာတီးနေကြ၏။ လုံးကွင်းများ၊အင်္ကျီစုတ်များကို အလံထူကာ ဘုရားပွဲလှည့်သကဲ့ သို့ စိတ်ထင်ရာ လုပ်၍နေကြကုန်၏ ။အရပ်ထဲတွင် သံပုံးတီးသံကိုကြားရလျှင် ဒေါသထွက်ပေလိမ့်မည်။ သို့သော်ဤ အချိန် ၊ဤ အခါ၊ဤ နေရာ၌ ကားသံပုံးတီးသံကို သာယာသကဲ့သို့ ထင်မှတ်မိ၏ ။

ရေကူးသူတို့မှာလည်း ရိုးရိုးကူးကြသည်မဟုတ်။လိုက်ကြ ၊ပြေးကြ၊သီချင်းဆိုကြ ၊စောင်းမြောင်း ပြောဆိုကြ။
ဤအခိုက်တွင်လှေကြီး၊လှေငယ်၊ငှက်ငယ်ကလေးများမကြာမကြာစုန်၍သွားကြ၏ ။ဆန်၍ လည်းလာကြ၏။
ထိုလှေတို့တွင်ပါလာသောသူတို့ အားသောင်ပြင်ပေါ်တွင်ရှိနေကြသောသူတို့ ကလှမ်း၍စကားပြောကြ၏။
လှမ်း နောက် တောက် တောက် ပြော ကြ၏ ။လှမ်း၍ စောင်းမြောင်းကာသီချင်းဆိုကြ၏ ။

လှေပေါ်တွင်ပါလာသူတို့ကလည်းစိတ်ဆိုးခြင်းမရှိ။ပြန်လှန်ကာပျော်ပါးစွာသီချင်းဆိုကြ၊နောက်ကြ၊ပျော်စရာကြီး
ဖြစ်လေသည်။အနီးအနားတွင်လှေများဖြတ်သွားလျှင် လည်ားရေကူးနေသူတို့မှာလှေနားသို့ရောက်အောင်
ကူးသွားကြပြီးလျှင်လှေတွင်တွယ်၍လိုက်သွားကြ၏။လှေပေါ်တွင်ပါလာသူတို့ကလည်းထိးုဝါးဖြင့်ရိုက်မယောင်
လုပ်ကာကစားကြ၏။ အချို့ က လှေ ပေါ်သို့တက်၍၀ိုင်းဝန်းကာ လှေထိုးကြကုန်၏။ အတော်ဝေးဝေး ကျမှလှေပေါ်မှခုန်ဆင်းကာကမ်းခြေသို့ကူး၍လာကြကုန်၏ ။အချို့လှေတို့မှာလည်းမိမိတို့တွင်ပါလာသော
ခရမ်းချဉ်သီးအစရှိသည်တြို့ဖင့်သောင်ပြင်ပေါ်တွင်ကစားနေကြသူတို့အားပစ်ခတ်ကာကစားကြ၏ ။ သောင်ပြင်မှလည်းပြန်လှန်ပစ်ကြ၏။ပျော်စရာကြီးတစ်ရပ် ဖြစ်ပေ သည်.။

ဤသို့ပျော်ပါးစွာကစားနေကြသောသူတို့အားထိုအခိုက်တွင်အပူအပင်မရှိ။ပြန်ရောက်သွားကြပြန်လျှင်လည်း
အပူအပင်မရှိ။မိမိတို့အိမ်သို့လုပ်ကိုင်၍ရသမျှသောပစ္စည်းဥစ္စာတို့ဖြင်သာတင်းတိမ်၍နေကြကုန်၏။အစား
အသောက်မှာလည်းထမင်းနှင့်ပဲပြုတ်၊ပဲဟင်းကိုရလျှင်ကျေနပ်ကြပေပြီ။သွားလာရန်မှာလည်းမိမိတို့တွင်ရှိသော
ခြေနှစ်ချောင်းကိုပင်အားကိုးကြ၏။ဖျားနာပြန်လျှင်လည်းဆရာဝန်ခေါ်ရန်ငွေကြေးများစွာမလို။အရပ်ထဲတွင်ရှိ
သောဆေးမီးတိုနှင့်ပင်ပျောက်ြက၏ ။

ဤသို့ကြည့်ရှု့နေရင်းထိုသူတို့၏ပျော်ရွှင်ခြင်းကိုအားကျမိ၏။မိမိလုပ်ရသောအလုပ်အကိုင်၏တာဝန်ကြီးခြင်း
စိတ်ပင်ပန်းစရာကောင်းခြင်းတို့ကိုတွေးတောမိ၏။ဤသို့တွေးတောနေရင်းပင်လျှင်မိုးချုပ်လာ၏။နေလည်းဝင်၍
သွားတော့မည့်ဆဲဆဲနေ၏။နေ၏နီသောအရောင်သည်မြစ်တစ်မြစ်လုံးတွင်ကျနေသောကြောင့်မြစ်တစ်မြစ်လုံး
နီရဲရဲကြီးဖြစ်နေ၏။သောင်ပြင်နှင့်သဲများအပေါ်သို့ကျနေသောနေရောင်၏ပုံပန်းကိုကားပြောမပြနိုင်အောင်ရှိ၏
စိတ်ကြည်နူးစရာကြီးပင်။စိတ်ကြည်နူး၍နေစဉ်ပင်နေ၀င်၍ သွား၏ ။မှောင်၍လာ၏။ရေခပ်သူများလည်းပါး၍
သွား၏ ။ထိုအခါကျမှ ထိုင်နေရာမှ ထပြီးလျှင် အိမ်သို့ပြန်ခဲ့၏ ။အမှု့အကြောင်းစိတ်ထဲတွင်ပြန်၍ ပေါ်၏ ။

(ဂန္တလော က ၊၁၂၉၂ တပေါင်းလ )