Tuesday, September 6, 2022

A Good Marriage by Stephen King

 A Good Marriage by Stephen King


Good Reads မှာရော၊ King gp တွေထဲမှာပါ ကြိုက်တဲ့သူတွေက ကောင်းတယ် ပြောဖူးကြတဲ့ Full Dark, No Stars စာအုပ်ထဲက ဝတ္ထုလတ် တပုဒ်ပေါ့ ။ ဇာတ်ကားလည်းရှိတယ် ။ အောက်ဆုံးမှာ link ပေးထားပါတယ် ။


Portland, Maine ပြည်နယ်မှာ Bob နဲ့ Darcy ဆိုတဲ့ ဇနီးမောင်နှံ နှစ်ယောက်ရှိတယ်။ 


ယောကျာ်းဖြစ်သူ Bob Andersonက Accountant အလုပ် အပြင် ရှားပါး အကြွေ‌စေ့ တွေဘာတွေလည်း အရောင်းအဝယ်လုပ်တယ် ၊ ဇနီးဖြစ်သူ နာမည်က Darcy၊သားဖြစ်သူ Donnie ရော သမီးဖြစ်သူ Petraရော ကိုယ့်ဘဝကိုယ် လျှောက်လှမ်းဖို့ပြင်နေတဲ့ အရွယ်‌ရောက်နေကြပြီ ။ 


ပျော်ရွှင်စရာ မိသားစု ဘဝနဲ့  သူတို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက်၂၇ နှစ်နီပါးရှိပြီ။


၂၇ နှစ်ဆိုတဲ့ အိမ်ထောင်သက်ဟာ တစ်ယောက် အကြောင်း တစ်ယောက် အကုန်အစင် သိပြီလို့ ယူဆလို့ ရတယ် ။ 


ဂိုဒေါင်ထဲမှာ  ဓာတ်ခဲရှာရင်း Bob Anderson ရဲ့ လျှို့ဝှက်ချက် ကို ရှာမတွေ့ခင် အချိန်ထိပေါ့လေ။ 


တနေ့ Bob Anderson က အလုပ်ကိစ္စနဲ့ ခရီးထွက်သွားရတယ်။ Darcy တစ်ယောက် TVကြည့်ရင်း TV remote အလုပ်မလုပ်တာနဲ့  ဓာတ်ခဲလဲဖို့ ကားဂိုထောင်ထဲက 

စတိုပစ္စည်းတွေ ထားတဲ့နေရာမှာဓာတ်ခဲ သွားရှာတယ် ။ 


ယောကျာ်းဖြစ်သူ Bob ဟာ Accountant လို့မပြောရဘူး။ ပစ္စည်းထည့်ထားတဲ့ box အားလုံးကို စနစ်တကျ သူ့ ခေါင်းစဉ်နဲ့သူ ဂိုဒေါင်ထဲမှာ သိမ်းထားတယ် ။


အဲ့ဒီ့အချိန်မှာ ပစ္စည်းတွေတင်ထားတဲ့ စားပွဲအောက်က  box တခုကို အမှတ်မထင် တိုက်မိရင်း ယောကျာ်းဖြစ်သူ Bob Anderson ရဲ့ လျို့ဝှက်သေတ္တာကို ရှာတွေ့လိုက်တယ် ။ ‌


အထဲမှာပါတာတွေကို ကြည့်ရင်း  Darcy တစ်ယောက် အိမ်ထောင်သက် ၂၇ နှစ်အတွင်းသူ မသိသေးတဲ့ 

သူ့ယောကျာ်း Bob ရဲ့ လျှို့ဝှက်ချက်  Dark Side ကို 

ရိပ်မိသွားတော့တယ် ။


အဲ့boxတွေထဲမှာ ရှာရင်းဈေးမပါ၊ bar code မပါတဲ့ Bondage Bitches ဆိုတဲ့ မဂ္ဂဇင်းကို ရှာတွေ့တယ် ။


ဝတ်လစ်စလစ် နဲ့ အမျိုးသမီးတစ်ယောက်ကို ကြိုး

အမည်းနဲ့ မလုံ တလုံ ချည်ထားပြီး၊ ရင်ဘက်ပေါ်မှာ 

သွေးတွေနဲ့၊ သွေးကတော့ သွေးတု ပုံစံမျိုးပဲ။




ယောကျာ်းလေးရှိတဲ့ အိမ်မှာ ဒီလို မဂ္ဂဇင်း တွေရှိတာ

မဆန်းဘူးဆိုတာ Darcy သိတယ် ။


ဒါပေမယ့် ဓာတ်ပုံထဲက အမျိုးသမီး အော်ဟစ်နေပုံက ဓာတ်ပုံ ရိုက်လို့ ပိုစ့်ပေး ဟန်ဆောင်နေတာမျိုး မဟုတ်ပဲ အသက်ပါလွန်းနေတယ် ။ 


အဲ့အမျိုးသမီးနောက်က Ginsu ဓားနဲ့၊ သားရေ အောက်ခံဘောင်းဘီ နဲ့ အမျိုးသားပုံကလည်း Bondage sex လို ပုံစံမျိုးထက် Accountant ပုံစံမျိုး ပေါက်နေတာလည်း ရယ်စရာကောင်းတယ်။


Accountant ဆိုမှ Bob ဟာလည်း Accountant ပါလား လို့ Darcy တွေးမိတယ် ။


ဈေးမပါ၊ barcode မပါတဲ့ ဒီလို မဂ္ဂဇင်းမျိုးကို  Bob 

တစ်ယောက် ဘယ်က ဝယ်တာပါလိမ့်ပေါ့ ။ 


နောက် တဖြည်းဖြည်းစပ်စုကြည့်ရင်း Links ဆိုတဲ့ ခေါင်းစဉ်အောက်က  box တခုကို အမှတ်မထင် ရှာတွေ့သွားတယ် ။ Bob Anderson ဖွက်ထားတဲ့ အဲ့ box ထဲက Darcy ရှာ‌တွေ့သွားတာ ဘာဖြစ်မလဲ ။


အဲ့အချိန်မှာပဲ ခရီးသွားနေတဲ့ Bob ဆီကနေ ဖုန်းဝင်လာတယ် ။ Bob က လူလည် ၊ Darcy အသံကို နားထောင် တာနဲ့ တခုခု မှားနေမှန်း သိတယ် ။


ခရီးကနေ အချိန်မတိုင် ခင် ပြန်လာခဲ့တယ် ။


အဲ့ဒီ့နောက် ဘာဆက်ဖြစ်မလဲ ...


ကိုယ့်အိမ်ထောင်ဖက်အကြောင်း ကိုယ်ဘယ်လောက်ထိ

သိတယ်လို့ ထင်ပါသလဲ ။


Darcy တစ်ယောက် အိမ်ထောင်သက် ၂၇ နှစ်ကြာမှ 

သူဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် နှိပ်စက်ပြီးမှ သတ်တဲ့  ကွင်းဆက်လူသတ်သမားကို လက်ထပ်ထားမိပါလားလို့  သိလိုက်တဲ့အချိန်မှာ...


ဖြစ်လာတဲ့ ခြောက်ခြားစရာစိတ်၊ သားသမီး တွေက

သူတို့ရဲ့ အဖေဟာ ကွင်းဆက်လူသတ်သမား ဆိုတာ

သိသွားခဲ့ရင်ရော....



ဒါမှမဟုတ်  Darcy တစ်ယောက် ရဲကို အကြောင်းကြားလိုက်လို့  သူ့သား သမီးတွေ အခုမှစလုပ်မယ့် စီးပွားရေး/အိမ်‌ထောင်ရေးမှာ ကွင်းဆက်လူသတ်သမားရဲ့ သားသမီးဆိုပြီး အဟန့်အတား တွေ ဖြစ်ခဲ့ရရင်ရော....


ကလေးတွေသာ သူတို့အဖေဟာ ကွင်းဆက်လူသတ်သမားဆိုတာ သိသွားခဲ့ရင် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတဲ့  အတွေးတွေ....


သူ့ယောကျာ်းကို ဘယ်လို ရင်ဆိုင်ရမလဲ၊ ရှေ့ဆက် ဘယ်လို လုပ်သင့်သလဲ ၊ Darcy တောက်လျှောက် စဉ်းစားတယ် ။ 


❗(character တခုစီရဲ့ အတွေးတွေကို သေချာရေးပြတက်တဲ့ ဦးကင်းရဲ့ ထုံးစံအတိုင်း  Darcy ရဲ့ အတွေးတွေကတော့ တသီကြီးပါပဲ  ) ❗


Darcy တစ်ယောက် Bob ဟာ တကယ့် ကွင်းဆက်လူသတ်သမားလား၊ ဒါမှမဟုတ် အထင်မှားမိတာ

ဖြစ်မလား ဆိုတာ သိရဖို့ 


အင်တာနက်ကရော မှတ်စုစာအုပ်တွေကနေ ခရီးသွားခဲ့တဲ့ Dateတွေ နဲ့ လူသတ်မှု့ဖြစ်ခဲ့တဲ့ ရက်တွေကို ကြည့်ပြီး   ရှာဖွေရေး စတင်တော့တယ် ။


ဘာလို့လဲ ဆိုတော့  ၂၇ နှစ်လုံး Bob ဟာ သူ့ကို လက်နဲ့တောင် မရွယ်ဖူးဘူး ။ တချို့အခြေအနေမှသာ အသံမာမာ ပြောတာလေးပဲ ရှိခဲ့ဖူးတယ် ။


အဲ့ဒီနောက် Darcy ဟာ သူသံသယ ဝင်တဲ့ အတိုင်း Beadie ဆိုတဲ့ ကွင်းဆက်လူသတ်သမား အကြောင်းကိုရှာတော့တယ် ။ 


သူ့ဘာသူဖြေတွေးလေးနဲ့ " No.he's not. It's a mistake .My husband is not Beadie ." ပြောမိတယ်။

ဒါပေမယ့် သူ့စိတ်ထဲတော့ တုန်လှုပ် ခြောက်ခြားနေပြီ။ 


အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြီး မှ သတ်ခဲ့တဲ့ လူသတ်မှု့  ၁ဝခု နဲ့ မမျှော်လင့်ပဲ သတ်ခံလိုက်ရတဲ့ ၁၀နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့

အမှု့နဲ့ဆို ၁၁ ခု ။ 


I'm a man with a man's needs and I've always been highly sexed  Some women sense that and like to play on it. It gets them off.

(Bob Anderson - Chapter 9 )


Darcy နဲ့ အိမ်ထောင်ကျပြီး ၁၆ နှစ်လုံး Beadie လို့

အမည်ခံတဲ့  လူသတ်မှု့တွေ ထပ် ပေါ်မလာတော့ဘူး ။


Darcy တွေးမိတာက Bob Anderson တစ်ယောက် မိသားစုအပေါ်ချစ်လို့ လူကောင်းအဖြစ် စိတ်ပြောင်းသွားတာလား ။


Beadie ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်လာပုံနဲ့ ၊ သေသွားတဲ့ Bob ရဲ့ ငယ်သူငယ်ချင်း Brian Delahanty တို့ ဆက်နွယ်မှု့ ။


Darcy  က Bob Andersonရဲ့ ကွင်းဆက်လူသတ်သမား လျှို့ဝှက်ချက်ကို သိသွားတဲ့ အခါ ကလေး နှစ်ယောက်

မသိစေ ဖို့  လင်မယားနှစ်ယောက် ဘယ်လို အပေးအယူနဲ့ ရှေ့ဆက်မလဲ ။


❗Old habits died hard.Often, she thought they don't until we do.(Chapter 13 )❗


Darcy ကရော တကယ် ခွင့်လွှတ်နိုင်ပါ့မလား။


❗ဒါမှမဟုတ် ကလေးနှစ်ယောက်လည်းမသိအောင် ၊ သူ့ 

ယောကျာ်း Bob Andersonဟာ Beadie ဆိုတဲ့ကွင်းဆက် လူသတ်သမားဆိုတာ တခြားသူတွေ မသိခင် Darcy 

တစ်ယောက် Bob ကို ဘယ်လို လက်စဖျောက်မလဲ ။ ❗


ဇာတ်လမ်း တည်‌နေရာ က Anderson နေအိမ်မှာပဲ လင်မယားနှစ်ယောက် အဓိက‌အခြေပြုပြီး 


အဲ့ဒီနေအိမ်မှာပဲ လျှို့ဝှက်ချက်တွေ့၊ အဲ့ဒီ အိမ်မှာပဲ ပြီးတဲ့ ဇာတ်လမ်း။ ဝတ္ထုလတ်‌ခေါ်ရမလားပဲ။ သိပ်မရှည်ဘူး ။


ညတွင်းချင်းဖတ်ရင်တောင် ပြီးမယ့် ဇာတ်လမ်း တပုဒ် ။


ကိုယ့်အကြိုက်ထဲ‌တော့ မပါဘူး။ ရင်ထိတ်ရတဲ့အခန်းက ၂ခန်းလောက်ပဲ ပါတယ် ။ ကျန်တာက ဘာဖြစ်မလဲ ကြိုသိနေရတယ် ။ Stephen King မို့သာ အဆုံးထိအောင် ဖတ်လိုက်တဲ့ ဝတ္ထုလတ် တပုဒ် ။

 

🎬 ဇာတ်ကား link 🎬

https://youtu.be/gZ7D9mgB3Ok


Book Review by Hnin Yi Pwint 

Jan 18. 2021

No comments: