Tuesday, September 6, 2022

The Book of Cold Cases by Simone St. James

 📕The Book of Cold Cases by Simone St. James 

📕 Mystery, Thriller


📕 ဒီစာအုပ်ဟာ အခု ၂၀၂၂ ၊ မတ်လ ၁၅ရက်နေ့ကမှ

 အသစ်ထွက်လာတဲ့ စာအုပ် ။ အထူးသဖြင့်

 Simone St. James fanတွေ စောင့်မျှော်နေကြတဲ့ စာအုပ်တအုပ် ။

 

ဇာတ်လမ်းအကျဉ်း....


1977, Claire Lake, Oregon  မှာ "Lady Killer"  လူသတ်မှု့ဟာ တော်တော် လူသိများ ထင်ရှား ခဲ့ တယ်။ အမျိုးသား နှစ်ယောက်ဟာ တူညီတဲ့ သေနတ်နဲ့ အသတ်ခံရတယ်လို့ ကောက်ချက် ချထားခဲ့ကြတယ်။ အသတ်ခံရသူ ယောကျာ်းနှစ်ဦး ရဲ့ ဘေးမှာ မှတ်စုလေးလည်းချန်ခဲ့တယ် ။


 Greer စံအိမ်ရဲ့ မီးဖိုခန်းထဲမှာ Bethရဲ့ အဖေဖြစ်သူ လည်း အသတ်ခံရတော့ စုံထောက်တွေဟာ ၊ အချက်အလက်‌ တချို့ ပေါ် မူတည်ပြီး  ကျန်ခဲ့တဲ့ သမီးဖြစ်သူ Beth Greerကို " Lady Killer "  အနေနဲ့ စွပ်စွဲ ပြီး တရားခွင် ထိရောက်ခဲ့တယ် ။

 


Beth Greer မိဘတွေက အရမ်းချမ်းသာကြွယ်ဝ တော့  အမှု့စွပ်စွဲမှု့တွေကနေ လွတ်ကင်းခဲ့တယ်။ ဒါပေမယ့် အမှု့ကိုတော့ ရဲတွေ သေချာမဖြေရှင်းနိုင်ခဲ့ဘူး။ 


ချမ်းသာတဲ့ မိသားစုအတွင်းရေးမို့ လူတွေ အားလုံး 

သိပ်မသိလိုက်ကြတာက Beth Greer ရဲ့ အမေဖြစ်သူမှာ လင်မပေါ်ပဲ မွေးလိုက်တဲ့ နောက် သမီးတစ်ယောက် ရှိသေးတယ်ဆိုတာပဲ ။


Beth နဲ့ဆို အဲ့မိန်းကလေးဟာ  မအေတူ၊ ဖအေကွဲ ဝမ်းကွဲအမပေါ့ ။ ဒါပေမယ့် ညီအမ  နှစ်ယောက်စလုံးဟာ ချစ်ချစ်ခင်ခင်ရှိကြတယ် ။


2017, Oregon မှာ True Crime Blogger တစ်‌ယောက် ဖြစ်တဲ့ Shea ဟာ နေ့ဘက်ကိုအလုပ်လုပ်၊ ညဘက်ကို သူရဲ့ website ဖြစ်တဲ့ "The Book Of Cold Case " မှာ မဖြေရှင်းနိုင်တဲ့အမှု့တွေကို အစဖော်ရေးရင်း ၊ Bethနဲ့

ချိတ်ဆက်မိသွားတယ်။


Beth က သူရဲ့ Greer စံအိမ်ကြီးမှာ Sheaနဲ့တွေ့ပြီး၊အင်တာဗျုး ဖြေဖို့၊ သူ့အကြောင်းအချို့ကို ထုတ်ပြောဖို့ လုပ်လာခဲ့တယ်။


Beth ဟာ အခုအခါ အသက် ၆၂နှစ်အရွယ် ရှိပြီ ဖြစ် ပေ မယ့်  Greerစံအိမ်ကြီးမှာ သူ့မိဘတွေ အသက်ရှင်စဉ်က  အခန်း၊ အဝတ်အထည် အသုံးအဆောင်ကအစ အခန်းတိုင်းမှာ  ဒီအတိုင်း၊ ထားရှိထားတယ် ။  


Greer စံအိမ်ကြီးမှာ ခြောက်လှန့်နေတဲ့ အခန်း ၁ခန်း လည်းရှိသေးတယ် ။ 


Shea အနေနဲ့ Bethတစ်ယောက် နှစ်ပေါင်းများစွာ ကြာ အောင် ဒီအိမ်ကြီးမှာ တစ်ယောက်ထဲ အထီးကျန် ခြောက်ခြားစွာ ဘယ်လိုများ နေနိုင်ပါလိမ့်လို့  တွေးမိတယ်။ 


Beth ဟာ ငယ်စဉ်ကတည်းက မိသားစုနွေးထွေးမှု့မရှိပဲ တစ်ယောက်တည်း အထီးကျန်စွာနေလာခဲ့ရတော့ Sheaအတွက် Beth ဟာ သွေးအေးလွန်းတယ်၊ အကဲခတ် တော်ပြီး ထူးဆန်းလွန်းတဲ့ အမျိုးသမီး တစ်ယောက် ။


၁၉၇၇ ကနေ ၂၀၁၇ အထိ ဘယ်သတင်းသမားကိုမှ အင်တာဗျုး ခွင့် မပေးခဲ့တဲ့ Beth ဟာ Shea ကို 


ဘာကြောင့် အခွင့်အရေးပေးခဲ့တာလဲ ။


ဘယ်သူ့စိတ်ကြိုက် Sheaကို ရွေးခဲ့တာလဲ ။


Shea ကရော Beth ရဲ့Greer စံအိမ် အပေါ်ထပ် ကအခန်းတခန်းကို ရောက်ခဲ့ပြီး ကိုယ်တိုင် သဘာဝလွန် ခြောက်ခြားမှူ့တွေ၊ ဘယ်လိုမျိုးထိ  ကြုံတွေ့ခဲ့ရမလဲ ။


၁၉၇၇ ခုနှစ်က ဖြစ်ခဲ့တဲ့" Lady Killer" လူသတ်မှု့ အကြောင်း Sheaဘယ်လောက်ထိ ဖော်ထုတ်နိုင်မလဲ ။


Beth ကရော Lady Killer လူသတ်မှု့ရဲ့ တကယ့် တရားခံလား၊ တခြား လူသတ်သမားတစ်ယောက် ရှိဦးမလား ဆိုတာရယ်၊  Beth ဟာ  ၁၉၇၇ မှာဖြစ်ခဲ့တဲ့ အမှု့မှာ ဘယ်လောက်ထိ ပါဝင်ပတ်သတ်နေသလဲ ဆိုတာ....... ။


ထုံးစံအတိုင်းပဲ 1977  နဲ့ 2017 Timeline နှစ်ခု တလှည့်စီ ရေးထားတယ်။   Simone St.James ရဲ့ စတိုင် အတိုင်း creepy ဖြစ်စရာ တွေ ပါမယ် ။


ချပြတဲ့ Twistကတော့ အဲ့လောက်ကြီး ရင်ခုန်စရာ မကောင်းဘူး။ ဒီစာအုပ်ကို Simone St.Jame ရဲ့

အရင်လက်ရာတွေလောက် သိပ်မကြိုက်မိပေမယ့်

အရင်စာအုပ်တွေနဲ့ မယှဉ်ပဲ သူ့ချည်းသီးသန့် ဖတ်မယ်ဆိုရင်တော့ ဖတ်ပျော်တဲ့ Thriller စာအုပ် တအုပ် ပါ ။


#The_Book_of_Cold_Cases by Simone St. James #AudioBook_Review by Bookish In Fiction Land 

Mar.26. 2022

No comments: