Tuesday, September 6, 2022

The Overnight Guest by Heather Gudenkauf

 The Overnight Guest by Heather Gudenkauf

📕 Thriller, Crime Fiction


အခု ၂၀၂၂ နှစ်စမှာ ထွက်ခဲ့တဲ့ Thriller စာအုပ်အသစ်။  Thriller ဂရုတွေ‌ထဲမှာ လူကြိုက်များပြီး  တော်တော် ညွှန်းခဲ့ကြတဲ့စာအုပ် ။


ဇာတ်လမ်း အစမှာ ... ဖြစ်ရပ်မှန် မှုခင်းစာရေးဆရာ အမျိုးသမီးတစ်ဦးဖြစ်တဲ့ Wylie Lark ဟာ

သူ့စာအုပ်အသစ်ရေးဖို့အတွက် လယ်တောအိမ်လေးမှာ အေးအေးဆေးဆေး စာရေးရအောင် တစ်ယောက်တည်း လာနေတယ်။ 


နှင်းမုန်တိုင်းကျနေတဲ့ တညမှာ   Wylie အိမ်နားကို

ကလေး တစ်ယောက် ရောက်လာတယ်။ သူ နဲ့  အတူ  ဒဏ်ရာတွေဗရပွနဲ့ အမျိုးသမီးတစ်ယောက်လည်း   ထပ်ရောက်လာခဲ့တယ် ။ 



သူတို့ နှစ်ယောက်ကို အိမ်ထဲ ခေါ်ထားရင်း ၊ ဘယ်သူ၊ ဘယ်ကဆိုတာရယ် ၊   ဒီလောက် နှင်းမုန်တိုင်း ပြင်းထန်နေတဲ့ကာလမှာ ဘာကိုကြောက်ပြီး မှောင်မှောင်မဲမဲထဲ ထွက်ပြေးလာကြသလဲဆိုတာ Wylie တစ်ယောက် အဖြေရှာရဖို့ ဖြစ်လာတယ် ။


Wylie ဟာလည်း လွန်ခဲ့တဲ့ အနှစ် ၂၀ဝန်းကျင် Wylie ဆယ်ကျော်သက်အရွယ်၊ သူ့ မိသားစု မှာလည်း ပြန်မတွေးချင်တဲ့ အတိတ်ဆိုးတခု ဖြစ်ပျက်ခဲ့တယ် ။


Wylie တစ်ယောက် အဖြေရှာရင်း လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် က ဖြစ်ခဲ့တဲ့ ရက်ရက်စက်စက် မိသားစုလိုက် အသတ်ခံရတဲ့လူသတ်မှု့ ၊  Wylie နဲ့ အခု နှင်းမုန်တိုင်းထဲက ကယ်တင်ထားရတဲ့ အမျိုးသမီးရယ် ဘယ်လိုတွေ ပတ်သတ် ဆက်နွယ် နေမလဲဆိုတာ ...


AudioBook နားထောင်စကတော့ တဝက် မရာက်ခင် 

အထိ အဆက်အစပ် မရှိသလို ခံစားရအောင် စာရေးဆရာက လုပ်ထားနိုင်တယ်။ 


အို.....တဝက်ကျော်တဲ့အချိန်ကစပြီး ဘာဖြစ်မလဲ သိချင်စိတ်နဲ့ အဖြေတွေ ရှာလိုက်ရတာ၊ (.....)အတွက်  ရင်နာစရာလည်းကောင်းသလို သနားစရာ လည်း ကောင်းတယ်။ ချပြတဲ့  twistလေးလည်း ကောင်းတယ် ။ 

 

အခုနှစ်စ ထွက်တဲ့  Thriller စာအုပ်ထဲမှာ ဇာတ်လမ်းလေး လည်း ကောင်းတယ်ပြောရမယ့် စာအုပ် တအုပ်။ 


#The_Overnight_Guest by Heather Gudenkauf

#AudioBook_Review by Bookish In Fiction Land 

26 Mar, 2022

No comments: