Tuesday, September 6, 2022

The Maidens by Alex Michaelides

 The Maidens by Alex Michaelides

Genres: Thriller / Suspense, Psychological Thriller

Pages: 368


ဒီစာအုပ်ဟာ The Silent Patient ရေးတဲ့စာရေးဆရာ Alex Michaelides ရဲ့ စာအုပ် အသစ်ပါ ။အခု 2021 June လ လယ်မှ ထွက်ထားတာပါ ။


Good Reads က The Maidens စာအုပ်အကြောင်းအကျဉ်း ⬇️

Edward Fosca is a murderer. Of this Mariana is certain. But Fosca is untouchable. A handsome and charismatic Greek Tragedy professor at Cambridge University, Fosca is adored by staff and students alike—particularly by the members of a secret society of female students known as The Maidens. 


Thriller စာအုပ်အများစုဟာ အစပိုင်း ဇာတ်ကောင် အခင်းအကျင်းတွေများပြီး  စာမျက်နှာ 70ကနေ 100 လောက်ထိ စိတ်ဝင်စားစရာ သိပ်မကောင်းတာများပါတယ်။ 


ဒီစာအုပ်ရဲ့ ထူးခြားချက်က စကတည်းက ဖတ်ရတာ

တအားသွက်ပါတယ်။ အလယ်ပိုင်းမှာ..ဇာတ် အီတာ.. နည်းနည်းလေး‌တော့ ရှိတယ်။ 


Chapter 1ကနေ Chapter 6 ထိ ကြားမှာ အပိုင်းလေးတွေ ခွဲထားတယ်။ တပိုင်းနဲ့ တပိုင်း ဖတ်ရတာ တအားမြန်ပါတယ်။


ဖတ်ရင်း မသိတဲ့အပိုင်းဆိုလို့ Greek Mythology နဲ့ 

ပတ်သတ်တဲ့ အခန်းတွေပဲရှိပါလိမ့်မယ်။ 

အရေးအသား အသုံးအနှုန်းလည်း လွယ်တယ်။


နောက်ဆုံးခန်းကျမှ စာရေးဆရာက မထင်မှတ်တဲ့  ဆက်ဆံရေးနဲ့ လူသတ်မှု့ဖြစ်စေတဲ့ Twist လေးကို ချပြလိုက်တော့ wow..😮( ဟေ..အဲ့လိုကြီးလားဟ) ဖြစ်သွားရတာတော့အမှန်ပါ ။


🟥Thriller ဖတ်ကြတယ်ဆိုတာ  စာရေးဆရာချပြ မယ့် Twist ကိုရောက်အောင် ရင်တထိတ်ထိတ် နဲ့  နောက်ဆုံး ဘာဖြစ်မလဲ၊ ဘယ်သူတရားခံလဲ၊ အဲ့လို သည်းထိတ်ရင်ဖို ဖြစ်ရမယ့် ခံစားချက်ကို လိုချင်ကြတာပါ ။ 

အဲ့ဒါကြောင့် review ထဲမှာ Spoiler မပါမိဖို့  ၊ မဖတ်မိဖို့ လိုပါတယ် ။🟥


‼️‼️‼️အခု review ရဲ့ အောက်ဆုံး MY P.O.V မှာပဲ spoilerအနည်းငယ်ပါပါတယ်။ ကျန်တဲ့ စာပိုဒ်တွေမှာ spoiler လုံးဝ မပါ ပါဘူး ။( အာမခံပါတယ်😁 )‼️‼️‼️


📗📘📙The Maidens e_book download link📙📘


https://t.me/mobi_epub_ebook_and_Movie/1369?single


                   đŸ“– ဇာတ်လမ်းအကျဉ်း 📖 


Mariana ဆိုတဲ့ အမျိုးသမီးဟာ Group Psycho Therapist တစ်ယောက်။ အရင်နှစ်က Mariana ရဲ့ ခင်ပွန်းဖြစ်သူ Sebastian ဟာ Greek , Naxos က ကမ်းခြေ တခုမှာ ရေကူးရင်း မတော်တဆဖြစ်ပြီး

ဆုံးသွားတယ်။


အဲ့ကတည်းက ချစ်ခင်ပွန်းဖြစ်တဲ့ Sebastian အတွက် 

ပူဆွေးမှု့တွေ နဲ့ Maraina တစ်ယောက် စိတ် သောကရောက်နေရတုန်းပဲ ။



Mariana ရဲ့ ငယ်ဘဝအကြောင်း၊ သူ့မိဘအကြောင်း၊ရက်စက်လှတယ်ဆိုတဲ့ သူ့အဖေအကြောင်း၊

သူချစ်လှတဲ့ ခင်ပွန်း Sebastian အကြောင်း၊ စာရေးဆရာက ရှေ့မှာ အများကြီးချပြလိမ့်မယ်။


ခင်ပွန်းဖြစ်သူ Sebastian နဲ့ Cambridge မှာ တက္ကသိုလ်တက်ရင်း အချင်းချင်း ချစ်ကြိုက်ပြီး ယူခဲ့တာ။ 


Mariana အဖေကတော့  Sebastian ဟာ သိုက်တူးသမားလို့ထင်တယ်။ အခုတော့ Sebastian ကို တစက်မှ မနှစ်သက်ခဲ့တဲ့ Marianaရဲ့အဖေလည်း ဆုံးသွားခဲ့ပြီ။ (Marianaရဲ့အဖေ ‌ဘာကြောင့်ဆုံးသွားရသလဲ ဆိုတာ နောက်ဆုံးခန်းမှာပါတယ်။ )


Sebastian တစ်ယောက်လည်း မနှစ်ကမှ ‌Naxos ကကမ်းခြေမှာ လှိုင်းတွေထန်တဲ့တနေ့ ရေကူးရင်း အသက်ဆုံးရှုံး သွားရတယ်။ 


Sebastian တစ်ယောက် စီးပွားရေးတွေ ချဲ့ရင်း ငွေကြေးအဆင်မပြေတွေဖြစ်ခဲ့တယ်။  Marianaရဲ့ အဖေဟာ Marianaကိုပဲ အမွေတွေလွှဲခဲ့တယ်။  


Marianaအဖေဟာ Sebastianကို သိုက်တူးသမားလို့  ထင်ခဲ့သူဖြစ်လို့ Sebastianတစ်ယောက် ငွေကြေးအခြေအနေတွေ မကောင်းဖြစ်ခဲ့တာတောင် Marina ဆီက တပြားမှ မယူခဲ့ဘူး ဆိုတာ Sebastian သေပြီးမှ Mariana သိရတဲ့အခါ စိတ်မကောင်း ယူကျုံးမရဖြစ်နေရတယ်ပေါ့ ။ (တကယ်က......?)


တနေ့ Marianaတစ်ယောက် Group Therapy လုပ်နေတုန်း သူ့ရဲ့ လူနာတစ်ယောက်ဖြစ်တဲ့ Henry က ထဖောက်တယ် ။ ‌နှောက်ယှက်တယ်။  


အဲ့ဒီအချိန်မှာ Cambridge, St.Christopher College မှာ တက်နေတဲ့ တူမဖြစ်သူ Zoe ဆီက ဖုန်းလာတယ်။ ကြောက်ရွံ့ တုန်လှုပ်နေတဲ့အသံနဲ့.. Mariana ကို  တီဗီဖွင့်ကြည့်ခိုင်းတယ်။


တီဗီဖွင့်ကြည့်လိုက်တော့ သတင်းမှာ တူမဖြစ်သူ Zoe တက်နေတဲ့ Cambridge , St.Christopher's College  မှာ ကျောင်းသူတစ်ဦး အသတ်ခံရတယ်။


ရဲတွေက စုံစမ်းစစ်ဆေးရေး လုပ်နေတယ်။ အသတ်ခံရသူက Zoe ရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ Tara..


Mariana ဟာ စိတ်ပူပြီး Cambridge ကို လိုက်သွားတယ်။  Cambridgeကို ရောက်တော့ မနှစ်က သေသွားပြီဖြစ်တဲ့ ခင်ပွန်း Sebastian နဲ့ ကျောင်းတက်ရင်း ဆုံခဲ့ ကြည်နူးခဲ့ရတဲ့ အမှတ်တရတွေကို သတိရမိပြန်တယ်။


ခင်ပွန်း Sebastian မရှိတော့တဲ့နောက်  တူမဖြစ်သူ Zoe ဟာ Marianaအတွက် အရေးကြီးတယ်။ တခုခုဖြစ်လို့မရဘူးပေါ့ ။


Mariana တစ်ယောက် Cambridge မှာတက်ခဲ့တဲ့ ကျောင်းသူဟောင်းဖြစ်လို့  တူမဖြစ်သူ Zoe ကို ကြည့်ရှု့စောင့်ရှောက်ဖို့ Cambridge က အဆောင်တခုမှာ ခဏနေဖို့ လုပ်တယ်။ 


သူငယ်ချင်း Tara အသတ်ခံရတဲ့အပေါ် တူမဖြစ်သူ Zoe ရဲ့ထင်မြင်ချက် ၊ ပြောပြချက်အရတော့ Greek Mythology, Greek Tragedy သင်တဲ့ Professor Fosca ကို သံသယရှိကြောင်း ပြော‌တယ်။ 


Mariana တစ်‌ယောက် Cambridge မှာ Zoeကိုစောင့်ရှောက်ဖို့ နေရင်း Professor Edward Fosca ကို လေ့လာတယ်။ 


စုံစမ်းရင်း Cambridge မှာ မဟာတန်း တက်နေတဲ့ ကျောင်းသားလေး Fred နဲ့ ဆုံတယ်။ Fred က Mariana ကိုသဘောကျတယ်။ Fred က 29 ဝန်းကျင်၊ Mariana က 36 ဝန်းကျင် .. တူမ Zoe က 20အရွယ်..


Professor Edward Fosca ဆိုတာက Greek Mythology, Greek Tragedy နဲ့ ပတ်သတ်ပြီး  အသင်အပြကောင်းလှတဲ့  လူချော၊ သူ့အတန်းဆို ခန်းလုံးပြည့် လာတက်အောင် ဆွဲဆောင်နိုင်တဲ့ ထက်မြက်တဲ့ Professor တစ်ယောက် ။


အဲ့လို လူမျိုးဟာ  ဒီအသက် ၂၀အရွယ် Cambridge က ကျောင်းသူလေး အသတ်ခံရမှု့မှာ အဓိက သံသယရှိသူလို့ စွပ်စွဲခံရတော့ သူကိုယ်တိုင်ကလည်း ခံပြင်းတယ်။


ရဲမှုး ကတော့ Professor Fosca သတ်တယ်ဆိုတာ

 á€™á€šá€Żá€śá€˜á€°á€¸ ။


တူမဖြစ်သူ Zoe ဟာ အစကတော့ Professor Fosca ဟာ  သံသယရှိတယ်လို့ ထင်ကြေးပေးတယ်။ 


နောက်‌ပိုင်းတော့ Fosca ဟာ အပြစ်ကင်းပါတယ်။ Mariana ကသာ Professor Fosca ကို လူသတ်တရားခံလို့ အတင်းဇွတ်ထင်နေတော့ Zoe ကတောင် သဘော

မကျဖြစ်လာရတယ်။


Professor Fosca မှာ  အလီဘိုင်ရှိတယ်။ လူသတ်မှူ့ဖြစ်နေတဲ့အချိန်  သူဟာ Private class မှာ ကျောင်းသူတွေနဲ့ရှိနေ တယ်လို့ အလီဘိုင်က ပြနိုင်တယ် ။


Mariana တစ်ယောက် Professor Foscaနဲ့ ပတ်သတ် လို့ စုံစမ်း လေ့လာရင်း Fosca မှာ " Maidens"  ဆိုတဲ့

လျှို့ဝှက် ကျောင်းတွင်း အဖွဲ့အစည်းတခုရှိမှန်းသိလာရတယ်။  Madiens ဆိုတဲ့အဖွဲ့အစည်းမှာ ပါတဲ့ ကျောင်းသူ တွေဟာ Fosca ရဲ့ အနှစ်သက်ဆုံးတွေ၊ အချောအလှ နဲ့ မိဘ အခြေအနေကလည်း ဒိတ်ဒိတ်ကြဲတွေချည်းပဲ ။


နောက် Professor Fosca ရဲ့ Maidens အဖွဲ့ထဲက မိန်းကလေးတွေ နောက်ထပ် အသတ်ခံလာရတဲ့အခါ...


Mariana အနေနဲ့လည်း "သက်သေ" လက်ဆုပ်လက်ကိုင်ပြမရသေးတာ၊ သူ့ မသိစိတ်ထဲတော့   Professor Foscaရဲ့ အပြူအမူတွေကို လေ့လာရင်း ဒီလူဟာ

တကယ့်တရားခံ လူသတ်တရားခံ ။ လူသတ်မှု့တွေရဲ့  တရားခံဟာ Fosca မှ  Fosca ဖြစ်လာတဲ့အခါ ...


Mariana နဲ့ Fosca ဆရာကြီးနှစ်ယောက် တဖက် က စွပ်စွဲလိုက် တဖက်က ချေပလိုက်နဲ့ Mariana တစ်ယောက် Fosca ဟာ  လူသတ်တရားခံပါလို့ပြနိုင်မယ့် သက်သေကိုရှာတယ်။ 


Mariana တစ်ယောက် လူသတ်မှု့ဖြစ်တဲ့ Cambridge မှာနေတဲ့ ကာလအတွင်း  ‌နောက်ကအလိုက်ခံရတာ‌တွေ၊ ခြိမ်းခြောက်ခံရတာတွေ ၊အခန်းဖောက်ခံရတာတွေရှိတယ်။


ရဲက သတိမထားမိပေမယ့် လူသတ်မှု့ဖြစ်တိုင်း အဲ့ဒီ့နားမှာ Ancient Greek လိုရေးထားတဲ့ စာသားတွေနဲ့ postcard တခု ထားခဲ့တက်တာကို  Mariana 

တစ်ယောက် သိထားမိတယ်။ 


Cambridge, St.Christopher College က  လည်လှီးပြီးသတ်ခံရတဲ့ လူသတ်မှု့တွေမှာ ထားခဲ့တက်တဲ့ အဲ့လို Ancient Greek နဲ့ရေးထားတဲ့ Postcard ကို နောက်ပိုင်းမှာ Mariana ရော၊ Zoe ပါ ရလာတယ် ။


Mariana တစ်ယောက် ဒေါသတကြီး နဲ့ Professor Fosca ဆီသွားပြီး postcardရဲ့အဓိပ္ပာယ်ကို ဘာသာပြန်ခိုင်းတဲ့အခါ...


Fosca smiled, and stared into Mariana's eyes.'It means: "The gods have willed your death_ and soon, from your throat, streams of blood shall gush forth at the sword."( Loc. 3677)


အဲ့လို အဓိပ္ပာယ်ကို Foscaက ပြောပြီးတဲ့အခါ Mariana တစ်ယောက် Fosca ဟာ သွေးအေးအေးနဲ့ လူသတ်သမား ပါလို့တွေးပြီးစိတ်မထိန်းနိုင်ပဲ Fosca မျက်နှာကို ထုနှက်၊ ထိုးလိုက်တဲ့အခါ မလှမ်းမကမ်းက  ရဲတွေက လာပြီး Marianaကို လာထိန်းရတယ် ။


Fosca က သူ့အခန်းမှာ Marianaကို ညစာစား ဖိတ်ရင်း 

စားသောက်ပြီးလို့ အချိုတည်းဖို့ Fosca သွားယူနေတဲ့အချိန် Fosca ရဲ့ စာအုပ်စင်မှာ တွေ့လိုက်ရတဲ့ စာအုပ်

တအုပ်..စာအုပ်နာမည်က The Collected Works of Euripides...အဲ့ဒီ စာအုပ်အလယ် အနီရောင်Leather Bookmark နဲ့ မှတ်ထားတဲ့ နေရာကို Mariana လှန်ကြည့်လိုက်တဲ့အခါ လိုင်းတားထားတဲ့ Greek စာလုံးတွေ...သူ Postcard တွေမှာ မြင်ရတဲ့ Ancient Greek စာသားတွေ လိုင်းတားထားတာ..😮


Professor Fosca ဟာာ တကယ့် လူသတ်သမားလား ? 


Cambridge , St.Christopher College မှာ ဖြစ်ခဲ့တဲ့ 

လူသတ်မှု့တွေရဲ့ တရားခံ လူသတ်သမားဟာ 


Taraရဲ့ ရည်းစား Conrad သတ်တာလား..


Maiden အဖွဲ့ဝင်တဦးဦးကပဲ သတ်တာလား ...


Cambridge က တံခါး‌စောင့်၊ ဂိတ်စောင့်တဲ့ Morrisလား။ (Morris ဟာလည်း အပြင်ပန်းကသာ လူကြီးလူကောင်းပုံဖမ်းထားပေမယ့် Maidens  အဖွဲ့ထဲက မိန်းကလေး တစ်ယောက်နဲ့ ငြိနေတာ ။)


Mariana ကိုကြိုက်နေတဲ့ Fred လား။


Marianaထင်နေတဲ့ Professor Fosca ကရော တကယ့် လူသတ်သမားလား ?...


ဒါမှမဟုတ် ထင်မှတ်မထားသူ တဦးတစ်ယောက်ရဲ့ စနစ်တကျ  အကွက်ချခံရတာလား ဆိုတာ...


တကယ့်အဖြစ်မှန် သရုပ်မှန်က  နောက်ဆုံးခန်းကျမှ 

ပေါ်တာ ။


တရားခံဟာ ( ?  ) အဲ့တစ်ယောက်တော့ ဖြစ်ချင်ဖြစ်မှာ

ဆိုပြီး ခန့်မှန်းမိတယ်။


ဒါပေမယ့် မထင်မှတ်ပဲ စာရေးဆရာချပြလိုက်တဲ့ ဆက်ဆံရေး တခုက စာဖတ်သူကို Wow ဖြစ်စေတယ်။


‼️Warning ‼️ My P.O.V မှာ ‼️spoiler ‼️စာလုံး နည်းနည်းလေး ပါ ပါတယ် ။ စာအုပ်  ဖတ်မယ် ရည်ရွယ်ချက်ရှိရင် ဆက်မကြည့်ပါနဲ့ ။ ‼️‼️


‼️ ‼️


‼️‼️


‼️‼️


‼️‼️


‼️‼️


‼️Spoiler နည်းနည်းပါတဲ့ My P.O.V‼️


အချစ်ဆိုတာ ၊ပေးဆပ်ခြင်း‌ဆိုတာ နှစ်တွေအကြာကြီးချစ်မှ မဟုတ်ဘူး ။ Fred လို Mariana နဲ့ ခဏလေးပဲ ဆုံရပေမယ့် Mariana ကို စိတ်ပူပန်ပြီး နောက်ဆုံးပိုင်းမှာ အသက်နဲ့ရင်းပြီး ကာကွယ်ပေးခဲ့တာမျိုး...


တချို့ အိမ်ထောင်ရေးတွေမှာ  အပို လူ ပါလာရင်၊ မွေးစားတာတွေ ၊ အနေနီးတာတွေများရင် အိမ်ထောင်ရေး အခြေအနေကို ပြောင်းပြန်‌ဖြစ်စေတယ်။  ဖောက်ပြန်စေတယ်။


တချို့အိမ်ထောင်ရေးတွေမှာ Marina လို့ပေါ့၊

တက္ကသိုလ်မှာ တွေ့ပြီး နှစ်တွေအကြာကြီး တွဲ၊ အချင်းချင်းချစ်ကြိုက်လို့ ယူခဲ့တယ်။


ကိုယ့်အပေါ် မဖောက်ပြန်ဘူး ထင်ခဲ့ပေမယ့်၊ 


ကိုယ်ချစ်လို့ ယူခဲ့သူက ( *မဖြစ်လောက်ဘူးထင်ပြီး စိတ်ချလက်ချ လွှတ်ထားမိတဲ့ * )  တစ်ဦးတစ်ယောက်နဲ့ အနေနီးသွားတဲ့အခါ ကိုယ်က အပြင်လူဖြစ်သွားပြီး


သူတို့အတွက် ကိုယ်ဟာ အသုံးချခံ သက်သက်ဖြစ်သွားတဲ့ အခြေအနေမျိုးတွေရှိတယ်။ 


ဖတ်ကြည့်ပါ ။ စာအုပ်က ဆွဲဆောင်မှု့ရှိပါတယ် ။ 


အမှန်က အခုရက် စာအုပ်ဖတ်ချင်စိတ် မရှိတဲ့အချိန်မျိုး မှာ  အလုပ်ပြီးတိုင်း Kindle ကောက်ကိုင်ပြီး ဖတ်ချင် စိတ်ပေါ်စေတဲ့ Page Turner လို့ပြောရမယ့် Thriller  စာအုပ်ကောင်းလေး တအုပ်ပါ ။


စာအုပ် ဖတ်ပြီး ဘာကျန်ခဲ့လဲဆိုတော့ ဖတ်ပြီး ရင်ထဲ ဟာတာတာကြီး ဖြစ်ကျန်ခဲ့တယ် ။ 😁


The Maidens Book Review by Hnin Yi Pwint 

June 21.2021

No comments: