#A_River_In_Darkness_by_Masaji_Ishikawa
#အမှောင်ထုထဲကမြစ်တစင်း_မိုးရှင်း(I.M.T)
Tokyo မြို့ရဲ့တောင်ဘက် Mizonokuchi မြို့မှာ
ကိုရီးယားဖခင်နဲ့ ဂျပန်မိခင်ဖြစ်သူကနေ
မွေးဖွားလာသူက Masaji Ishikawa ။Masaji မှာ
Eiko ၊Hifumi နဲ့ Masako ဆိုတဲ့ ညီမ ၃ယောက်ရှိတယ်။
ဂျပန်မှာသူတို့မိသားစုဟာ ဆင်းရဲတာကြောင့် Masajiတို့ မောင်နှမတွေဟာ ဆွေမျိုးတွေဆီမှာ
ခွဲနေရတယ် ။
ဒုတိယကမ္ဘာစစ်မှာ ဂျပန်စစ်ရှုံးပြီးတဲ့နောက် ကိုရီးယားလူမျိုး ၂.၄သန်းဟာ ဂျပန်မှာ သောင်တင်ကျန်ခဲ့တယ်။
#Masaji ရဲ့ အဖေဟာ စာမတက်၊ အရက်သမားကြမ်းကြမ်းရမ်းရမ်းကြီးပေါ့၊ အရက်တွေသောက်တယ် ၊ သိမ့်မွေ့နူးညံ့တဲ့ မိန်းမဖြစ်ကိုလည်း ရန်ရှာတယ် ၊နှိပ်စက်တယ် ၊ ဒီကြားထဲ မယားငယ်ကိုလည်း
အိမ်ပေါ်ခေါ်တင်ခဲ့သေးတယ်။
Masajiရဲ့မောင်နှမတွေ နှိပ်စက်ခံရတယ် ။
ဂျပန်မှာ Masajiဟာ ကိုရီးယားကျောင်း တက်ခဲ့ရ
တယ် ။အဲ့ဒီမှာကတည်းက ကင်အီဆွန်းအကြောင်း ဘုန်းတော်ဖွဲ့တွေ ခေါင်းထဲကို စနစ်တကျ ရိုက်သွင်း
ခံရတယ်။
အဲ့ဒီအချိန် ဂျပန်နေတဲ့ကိုရီယားလူမျိုး အများစုဟာ အောက်ခြေမှာ ဒုက္ခပင်လယ်ဝေနေကြသူတွေ ။
အဲ့လိုအချိန်တွေမှာ မြောက်ကိုရီးယားခေါင်းဆောင် #ကင်အီအွန်း ဟာ ဆိုရှယ်လစ် နိဗ္ဗာန်ဘုံ တည်ဆောက်နေတယ်၊ပျော်ရွှင်မှု့ရှိတဲ့အောင်မြေ၊ကမ္ဘာမြေပေါ်က နိဗ္ဗာန်ဘုံ စသဖြင့် ဝါဒတွေ ၊ မုသားတွေ ဖြန့်ကြတော့ မြောက်ကိုရီးယားဟာ သူတို့ကို ဒီအခြေအနေဆိုးထဲကနေ ကယ်ထုတ်ပေးမယ့် နေရာလို့ ဝါဒဖြန့်တာတွေကို ယုံကြည်လာကြတယ် ။
နိဗ္ဗာန်ဘုံဆိုတဲ့ဝါဒဖြန့်မှု့ကို ယုံကြည်ကြတာထက်၊
အမိမြေကို ပြန်လာရင် အစိုးရက" တည်ငြိမ်တဲ့ဘဝကိုလည်း တည်ဆောက်ပေးမယ်၊ကလေးတွေကိုလည်း အဆင့်မြင့်ပညာရေး သင်ကြားစေမယ်" လို့ ကတိပြုတဲ့စကားကို ယုံကြည်မိတာလည်းပါမယ် ။
အဲ့ဒါကြောင့်လည်း 1960 မှာ Masaji တို့ မိသားစုလိုပဲ ပြောင်းလာကြတဲ့ ကျန်တဲ့ မိသားစု သိန်းကျော်
မြောက်ကိုရီးယားမှာ အရှင်လတ်လတ် ငရဲကျနေသလို ငတ်မွတ်မှု့တွေ ဒုက္ခတွေ ခံစားခဲ့ရတယ်။
မြောက်ကိုရီးယားအစိုးရဟာလည်း ကိုရီးယားစစ်ပွဲ အပြီးမှာ နိုင်ငံပြန်လည်ထူထောင်ဖို့ လုပ်သားတွေ အများကြီးလိုအပ်နေတဲ့အချိန် ၊ ဂျပန်အစိုးရရဲ့ အားပေးမှု့တွေရော၊ ဂျပန်ရောက်ကိုရီးယားသမ္မဂ္ဂရဲ့ ဖိအားပေမှု့တွေကြောင့်ပါ ၊ Masaji တို့မိသားစုနဲ့ အတူ ၊
ကိုရီယားလူမျိုး ၁သိန်းနဲ့ ဂျပန်လူမျိုး ထောင်ကျော်၊ မြောက်ကိုရီးယားကိုပြောင်းရွှေ့ခဲ့ကြတယ် ။
သူတို့ကို ဝါဒမှိုင်းတိုက်ခဲ့တဲ့ ကမ္ဘာမြေပေါ်က
နိဗ္ဗာန်ဘုံဆိုတဲ့ နေရာကို စခြေချမိတဲ့ အချိန်ကစပြီး
အဆိုးဝါးဆုံးတွေ ရင်ဆိုင်ရတော့တာပါပဲ ။
Masaji ၁၃နှစ်အရွယ် ကမ္ဘာ့အဆိုးအဝါးဆုံး နိဗ္ဗာန်ဘုံကို စရောက်တဲ့အချိန်မှာ ပထမဆုံးစားရတာက အနံ့ဆိုးပြီး မွှန်ထူနေတဲ့ ခွေးသား ၊ဗိုက်ဆာတော့လည်း နှာခေါင်းပိတ်ပြီး စားခဲ့ရတာပါပဲ ။ #မြောက် မှာက
ခွေးမွေးခွင့်မရှိဘူး ၊ခွေးတွေ့ရင် သတ်စားကြတာ ။
ဆက်ဖတ်ရင် မြောက်ကိုရီးယားရဲ့ နေထိုင်မှု့စနစ်တွေ ဘယ်လောက်ဆိုးရွားသလဲ ဆိုတာ မြင်ရမယ် ။
#မြောက် မှာ အတွေးတောင် လွတ်လွတ်လပ်လပ်တွေးခွင့်မရှိဘူး။ အပိုစကားတွေပြောမိရင် တောင်တွေထူထပ်တဲ့ဆီ အလုပ်ကြမ်းလုပ်ဖို့ပို့ခံရနိုင်သလို ၊နိုင်ငံရေးအကျဉ်းသားတွေအတွက် ဆောက်ထားတဲ့ ချွေးတပ်စခန်းလည်း ပို့ခံရနိုင်တယ် ၊နှိပ်စက်ခံရမယ် ၊ ကံမကောင်းရင် ၊အသတ်ခံရမယ် ။
ကျောင်းတွေမှာ အတက်ပညာထက်၊ ဘုရားသခင်အလား စွမ်းအားကြီးမားတဲ့ ခေါင်းဆောင် ကင်အီဆွန်းပြုလုပ်ခဲ့တဲ့ ပြောင်းလဲမှု့ကြီးတွေ ၊သင်ရတယ် ။
ဝါဒမှိုင်းတွေ သွင်းကြတယ် ။
မြောက်ကိုရီးယား လူငယ် အများစုက ငယ်ငယ်ကတည်းက #အစဉ်အဆက်ဝါဒမှိုင်းတိုက်ခံကြရသူတွေ၊လူ့အခွင့်အရေးဆိုတာ နားမလည်၊ရှာဖွေ ဖတ်ရှု့စရာ သတင်းအချက်အလက်တွေမရှိတဲ့အတွက် ကိုယ့်နိုင်ငံနဲ့ သူများနိုင်ငံ ဘယ်လိုတွေ ကွာခြားသလဲဆိုတာလည်းမနှိုင်းယှဉ်နိုင်၊အစိုးရပြောသမျှ ယုံကြရတယ် ။
အာဏာရှင် အုပ်ချုပ်တဲ့နိုင်ငံမှာ ဘယ်လောက်တောင် ကပြောင်းကပြန် တလွဲတွေ ဖြစ်ရသလဲဆိုရင်...
ကျေးကျွန်ဘဝကို ➡️ လွတ်လပ်ခြင်း တဲ့
ဖိနှိပ်ခြင်းကို ➡️လွတ်မြောက်ခြင်း တဲ့
ဖိနှိပ်အုပ်ချုပ်တဲ့နိုင်ငံကို➡️ဒီမိုကရက်တစ်ပြည်သူသမ္မတနိုင်ငံ တဲ့ ။
Masaji ဟာငယ်ပေမယ့် ဂျပန်မှာနေလာသူဖြစ်လာတာကြောင့် မြောက်အစိုးရရဲ့ မှိုင်းတိုက်တာတွေ သိတယ် ။ ဒါပေမယ့် သူတို့ပြောတဲ့အတိုင်းလက်မခံရင် အသတ်ခံရမှာပဲ။
ပြည်သူတွေရဲ့ ဘဝဟာ ခက်ခဲကြမ်းတမ်းနေတယ်၊အစားအစာတွေ ရှားပါးလို့ ပိန်ချုံးကြနေတာတောင် ကိုယ့်အတွက်ကိုယ် ဆိုတာ စဉ်းစားခွင့်မရှိတဲ့တိုင်းပြည် ။ ကိုယ့်အတွက် ကိုယ် စဉ်းစားမယ်ဆိုရင် ပြစ်ဒဏ်ကတော့သေဒဏ်ပဲ ။
ဘယ်လောက်တောင် ဆိုးဝါးတဲ့ တိုင်းပြည်လဲ။
စပါးစိုက်တာက အစ သူတို့နည်းလမ်းမှ အမှန်၊
#တလွဲနည်းလမ်းတွေနဲ့ စိုက်ကြရတော့ #စပါးမအောင် သီးနှံ မဖြစ်ထွန်း ၊နောက်ဆုံးကတော့ ပြည်သူတွေ
ငတ်ပေါ့ ။
မြောက်ကိုရီးယား ပြည်သူတွေ ခံစားနေရတဲ့
ငတ်မွတ်မှု့တွေ။အစာရေစာဘယ်လောက်ငတ်ပြတ်သလဲဆိုရင်သွေးသွင်းဌာနမှာ သွေးသွားရောင်းရတယ်။ ရတဲ့ပိုက်ဆံနဲ့မှ ဆန်အိတ်ဝယ်စားရတယ်။
မြောက်ကိုရီးယားကျောင်းတွေမှာ ငယ်ငယ်တုန်းကဘာတွေ သင်ခဲ့ရသလဲဆိုရင် တောင်ကိုရီးယားက
လူတွေဟာ သူများပစ္စည်းတွေကိုခိုးလိုက် ၊
သူတို့သွေးတွေကို ရောင်းလိုက်နဲ့ အသက်ရှင်နေရတာတဲ့ ။ တကယ်တော့ ပြောင်းပြန် ။ အဲ့ဒါတွေက
မြောက်ကိုရီးယားမှာ ဖြစ်ပျက်နေတာတွေ ။
တနေ့ Masaji တို့နေတဲ့ရွာလေးကို Kim Chan Bonရဲ့စစ်သားတွေက နယ်စောင့်တပ် ဆိုပြီး စခန်းချရောက်လာတဲ့အချိန် ၊ ရွာကလူတွေ စောင့်ရှောက်ထားတဲ့ တိရစ္ဆာန်တွေကို ခိုးပြီး သတ်စားတယ် ။
ရွာရဲ့ စားနပ်ရိက္ခာတွေကို ခိုးတယ် ၊ အမျိုးသမီးတွေကို လက်ထပ်မယ်ဆိုပြီး ကာမလိမ်လည်ယူကြတယ် ။ ရွာသားတွေကိုလည်း သူတို့ကျွန်လိုဆက်ဆံတယ် ။
Masaji အသက်၂၃မှာ အမြင်အာရုံချို့ယွင်းနေတဲ့ Lee He Sukuဆိုတဲ့ မိန်းကလေးနဲ့ အိမ်ထောင်ပြုဖြစ်သွားတယ် ။ကလေးက ယောကျာ်းလေး Ho-Chol ။
Masaji တစ်ယောက် သားလေးအသက် မသေဖို့ ရုန်းကန်နေရတယ် ။
Masajiရဲ့ အမေဟာလည်း အသက်၄၇နှစ်အရွယ်မှာ ဆုံးတယ် ။ အရွယ်နဲ့မလိုက်အောင် အိုမင်းနေတယ် ။ ဆုံးသွားတဲ့အချိန်မှာတောင် အဖာတရာအပေါက်အပြဲတွေနဲ့ဘောင်းဘီ စုတ်ပြတ်သတ်နေတဲ့ ဘဝနဲ့ သေရတယ် ။
မြောက်ကိုရီးယားကို ရောက်တဲ့အချိန်ကစပြီး
ဇိမ်ခံပစ္စည်း သုံးရဖို့ အဝေးကြီး၊ ငတ်ငတ်ပြတ်ပြတ်နဲ့ သူတောင်းစားတစ်ယောက်ရဲ့ ဘဝနဲ့ မခြား ရှင်သန်ခဲ့ရတယ်။
ဒုက္ခတွေချည်းခါးစည်းခံနေရတော့ သူရှင်သန်ရတဲ့ ဘဝကမျှော်လင့်ချက်မရှိ၊ အသက်ရှင်နေရတာ အဓိပ္ပာယ်မရှိသလို ။သူ သတ်သေဖို့တောင် ကြိုးစားခဲ့တယ် ။
1994ကင်အီဆွန်း ဖန်တီးထားတဲ့ ကမ္ဘာမြေပေါ်က နိဗ္ဗာန်ဘုံ ဆိုတာကြီးမှာ #Masaji တစ်ယောက်
မသေရုံတမယ် တိရစ္ဆာန်သာသာဆက်ဆံခံလာရတာ #အနှစ်၃ဝကျော် ခဲ့ပြီပေါ့ ။အဖေ သေ၊ အမေသေ၊ မောင်နှမတွေ တကွဲတပြားစီဖြစ်ခဲ့ရတယ် ။
နောက်ဆုံး အရိုးပေါ်အရေတင် မခံနိုင်တဲ့အဆုံးမှာ နယ်စပ်ကိုဖြတ်ဖို့ ကြံတယ် ။
စာမျက်နှာ ၂၂၂ကစပြီး Masajiရဲ့ #ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားနေတဲ့ #စွန့်စားခန်း၊
Yalu မြစ်ကို ဖြတ်ပြီး တဖက်နိုင်ငံထဲရောက်တဲ့အထိ ဘာတွေ ဆက်ကြုံရမလဲကို ရင်တထိတ်ထိတ်နဲ့ စဖတ်ရလိမ့်မယ် ။
ဒီစာအုပ်ကိုဖတ်မယ်ဆိုရင်မြောက်ကိုရီးယားမှာ
ပြည်သူတွေ အဓိက ကြုံနေရတဲ့ အငတ်ဘေးဒုက္ခဘယ်လောက်ကြီးသလဲဆိုတာ မြင်ရမယ် ။
ကိုယ်တွေလူမျိုးက ဒီမှာ ထမင်းကို ဝဝလင်လင်စားနေရလို့ စာအုပ်ထဲ #မြောက်ပြည်သူတွေငတ်တာ ပြတ်တာ ဖတ်ရဖတ်တဲ့အချိန်မှာ ဒီစာအုပ်က ဘာမှမဟုတ် ပေါပေါ့ပဲလို့ တွေးမိသူတွေ ရှိပါလိမ့်မယ် ။ #ကိုယ်တိုင်ငတ်မှနေ့တိုင်း_သူတို့ကြုံတွေ့နေရတဲ့_အငတ်ဘေး ဒုက္ခ ဘယ်လောက်ကြီးသလဲ #စာနာ နိုင်မှာပါ ။
#Masaji တစ်ယောက်ငရဲတွင်းမှာ #၃၆နှစ်တာ
မသေရုံတမယ် ရှင်သန်ခဲ့ရတယ်။ငရဲတွင်းနဲ့တူတဲ့ မြောက်ကိုးရီးယား ။
အာဏာရှင်ဆိုတာ အာဏာအတွက် အစဉ်အဆက် ပြည်သူတွေကို အသုံးချခဲ့တယ် ။ ဝါဒတွေ အယုံသွင်း၊ မှိုင်းတိုက်ခဲ့တာတွေ သိရမယ် ။
ဖတ်ကြည့်ပါ ။ ရင်ထဲ တခုခုတော့ ကျန်ခဲ့ရမှာပါ ။
P.S. ဒီစာအုပ်ကို ဖတ်မိတော့ အရင်နေ့ကဖတ်တဲ့
First They Killed My Father စာအုပ်ကို သတိရမိတယ်။ အာဏာရှင်တွေ လက်နက်အားကိုးနဲ့ ပြည်သူတွေကိုဝါဒမှိုင်းတွေထည့်တာ၊ငတ်တာပြတ်တာ
အဲ့စာအုပ်၂အုပ်က အဖြစ်အပျက်တွေနဲ့ တူတယ် ။
ဒါပေမယ့် အခု Masajiရဲ့ ဘဝထက် .....
First They Killed My Father စာအုပ်ထဲက Loung Ung
ကြုံရတဲ့ ဘဝက ပိုခါးသီးတယ်၊ ဇာတ်ပိုနာတယ် ။
ဒါပေမယ့်လည်း ဖတ်ကြည့်ပါ ။
မတူတဲ့ ခံစားမှု့ တခုရမှာပါ ။
#Book_Review_by Hnin Yi Pwint
June 20.2020
No comments:
Post a Comment