Saturday, November 17, 2012

တို့တောရွာ (သိပ္ပံမောင်ဝ)

တို့တောရွာကားအထက်အညာတွင်ရှိလေသည်။အညာဆိုသည်မျာလည်း အလွန်အညာကျ သော အညာမဟုတ်။ မန္တလေးနှင့်မြင်းခြံအကြားဧရာဝတီ
မြစ်ကမ်းတွင်တည်ရှိ၍ ရွာလည်းမက မြို့လည်းမကျသော မြို့လေးတစ်မြို့ကိုဆိုလေသည်။နံနက်စောစော မန္တလေးမှ မြင်းခြံ သဘောင်္ဖြင့်ထွက်လာရာ
အဆိုပါမြို့ကလေးသို့၁၁နာရီခွဲခန့် အချိန်တွင် ရောက်၏ ။ နေပူကျဲကျဲ ဖုန်တထောင်းထောင်း ထနေ သော ကမ်းပါးပေါ်တွပေါ်ဖြင့် မြင်းခြံ၏သဘောင်္၏
အလာကို စောင့်စားနေကြသော လူထုကြီးကိုသဘောင်္ပေါ်မှနေ၍ မြင်ရသော် ယင်းသဘောင်္ပေါ်တွင် ပါလာသော အမတ်ချူပ်ကြီးသော်လည်းကောင်း၊ခရိုင်
မင်းကြီးသော်လည်ကောင်း တစ်ယောက်ယောက်အားကြိုဆိုရန် စောင့်စားနေကြသည်ဟု ထင်မှတ်မိ၏ ။ ။

ဤသို့ကားမဟုတ်ပေ ။ထိုမြို့သားတစ်ယောက် တက္ကသိုလ်ကျောင်းမှ ပြန်လာသည် ကို အထူးအဆန်းလုပ်ကာ အကြီးအကျယ် ကြိုဆိုကြခြင်းဖြစ်လေ သည်။
ရှေးအခါက ထိုမြို့မှ တက္ကသိုလ် ကျောင်းသို့ ရောက်ဖူးသူ တစ်ယောက်မျှ မရှိခဲ့ပေ။ယခုမှသာလျှင် မိမိတို့ အရပ်မှ ထူးထူးချွန်ချွန် တက္ကသိုလ်ပြည်သို့စာသင်
သွားပေသည်ဟူ၍  အားရနှစ်သက် ကာ ကြိုဆိုကြခြင်းပေတည်း။ဘုရင်ခံချူပ် လာစဉ်က ရန်ကုန်သူ ရန်ကုန်သားတို့ ခရီးဦးကြိုပြုကြသည်ထက်ပင် ပိုမို၍
နှစ်သက်အားရစွာ ကြိုဆိုကြလေ သည်။

တက္ကသိုလ်ကျောင်းသားတစ်ယောက် မိမိနေရပ် သို့ ပြန်လာသည်ကိုပင်  အရေးတကြီးဦးကြိုပြုကြသည်မှာ ရယ်စရာပါတကားဟု မြို့ကြီးသားတို့ က ရယ်ချင်
ရယ်ကြပေလိမ့် မည်။ ဤသို့ ပျက်ချောချော် သရော်တော်တော်လုပ်ကာ မရယ်သင့်ပေ ။မြန်မာပြည်မှ အင်္ဂလန်ပြည်သို့ "ပညာတော်သင် "များ သွားကြခါနီးတွင်
ထမင်းကျွေးလိုကျွေး ၊အငြိမ့်ခံလိုခံ ။အင်မတန်မှပင် ကြီးကြီးကျယ်ကျယ်လုပ်ကြသည် မဟုတ်ပါလော ။ဤ အကြောင်းကိုကြားလျှင် အင်္ဂလိပ်များက ရယ်ကြမည်
လား မပြောတက်ပေ ။သို့ရာတွင် သူ့နေရာနှင့်သူ ထင်ရာလုပ်ကြ တမ်းပေပလေ  ။

တို့တောရွာဓလေ့က တစ်မျိုး ၊မြို့ကြီးသားတို့ ဓလေ့ က တခြား ။တူနိုင်ပါ့ မလားမောင်ရို့ ။ နံနက်ခင်းတဲ အနီး မီးလှုံကာ ထန်းမြစ်ဖုတ်စား ။ပဲပြုတ်နှင့် ထမင်း
ကြမ်းကို လက်ဖက်ရည်ကြမ်းနှင့်မြည်း ။ဆိမ့် တိမ့်တိမ့် ၊အီတီ တီ   နတ်သုဒ္ဓါမီပါ့မလား ။ထမင်းစားပြီးလျှင်  ယာခင်းထဲသွား ပျော်ပါးစွာ ပလွေမှုတ်သူမှုတ် ။
သီချင်းတကြော်ကြော်အော်ဆိုသူဆို ။ပျော်စဖွယ်လိ ။နွားကျောင်းသွားသူတွေက မရှား။ငှက်ခါးထောင်သူတွေက ထောင် ။ချိုးပစ်သူပစ် ။ စစ်တလင်းမှ စစ်ခင်းကြသလို ။

ညနေခင်းတွေ မြစ်ဆိပ်မှာ အပျိုတစ်သင်း ရေခပ်ဆင်းရှာ ။ တစ်ယောက် ကို တစ်ယောက် ခေါ်သူခေါ် ။ပျော်လိုက်ကြတဲ့ အပျိုတွေ ။အတင်းပြောလိုပြော ။ရည်းစား
အကြောင်းဆွေးနွေးလိုဆွေးနွေး ။ က္ကနြေ္ဒရရ သွားသူသွား  ။စကားများသူကများ ။တစ်ယောက်ကို တစ်ယောက် ကျီစားသူက ကျီ်စား  ။ထိုအပျိုတွေမှာရုပ်ချောသူချော၊
ရုပ်ဆိုးသူဆိုး ။မည်းမည်းလည်းရှိ ၊ဖြူဖြူလည်းပါ ။အကျည်းတန်သူတွေက  မရှား  ။ သနားကမားတွေက လည်းအပုံ ပင် ။

ကြွယ်ဝသူမိန်းကလေးတို့ ကား ရှက်ကြလို့ထင့် ။ရေခပ်မသွား ၊ရေစည်ကိုငှား၍   သုံးကြ သတဲ့ ။တကယ့်မိန်းကလေးတွေ ။လူတကာ ရေခပ်သွားလျှင် သနပ်ခါး
ပိန်းကျားရိုက် ၊လူပျိုကလေးတွေ အသွားအလာကို အိမ်ထဲမှနေ၍ မျကိစိအရသာ ကိုခံကြလေသည် ။

ကာလသားလူပျိုတစ်သင်းကမူကား မြစ်ဆိပ်သို့ဆင်းကာ အပျိုတွေ ရေခပ် အလာကိုကြည့်ကြ ။မြို့ဆန်ကြသူ ကို ဟ၀ါတို့ က မာဖလာကိုစီးလိုစီး ၊ဘိုကေ ကို သလိုသ
က္ကနြေ္ဒရရ နေလိုနေ ၊အဲသည် လိုဟန်ပါပါနှင့်  စံရှာနေကြ၏  ။မြို့နှင့် မနီး တောမှာကြီးရသော ကိုလူပျိုတို့ က မူကား တောသားပီပီ အင်္ကျီ နတ္ထိ ၊"ပလာတိပလာတာ"
မည်းကျိကျိ ကိုယ်ပြာပြာနှင့် အပျိုတကာ ရေဆိပ်ဆင်းလျှင်  ပလွေပြင်းပြင်းမှုတ်သတက် ။

မိန်းကလေးအပျို ကညာတို့ ကလည်း ကိုဟ၀ှာတို့ ကို မြင်ကြလျှင်  အသံပေးလိုပေး။ပြုံးသလိုပြုံးသွား ။ ရှက်လို့ ခြေလှမ်းမှားသူက မှား။ကစားသလို စောင်းပါးရိပ်ခြည်
ပြောသွားသူက ပြောသွား ။ပျော့်စရာ ပျော်စရာ ၊ပျော်စရာကြီးဖြစ်လေသည်။

မြစ်ဆိ ပ်သို့ရောက်ကြလျှင် ရေကူးသူကူး ၊ရေခပ်သူခပ် ၊ပျော်စရာပင် ။သီချင်းဆိုသူဆို  ။ မ  သံပေးလိုက်ကြသည်မှာလည်း  တကြော်ကြော် ။ဖိုသံပေးလိုက်ကြသည်မှာလည်း
အလွန်ပျော်။ တစ်ယောက်နှင့် တစ်ယောက် များစွာရင်းနှီးကျပေ၏ ။သူစိမ်းတစ်ယောက် အနားသို့ရောက်သွားလျှင် သီချင်းဆိုသူတို့ က တိတ် ။ မ  သံပေးသူ တို့ ကလည်း ဆိတ် ။
ကစားနေသူတို့ က လည်းရပ်  ။ ရှက်တက်တက် ရွံ့တွံ့တွံ့နှင့်   မျက်နာများကို အသာ ငုံနေကြလေသည် ။

မြို့မှာလို မော်တော် ကားစီးချင်သော စိတ်လည်းမရှိ ။ဘီ အေ ၊အမ်အေ အောင်ချင်သောစိတ်တို့လည်းမလာ ။ဆရာ ၊၀တ်လုံ လုပ်ချင်သော ၊စိတ်တို့မှာလည်းဝေး။ရုပ်ရှင်သို့ပြေးချင်သော
စိတ်တို့မှလည်းကင်း ။မင်းကတော်ဖြစ်ဖို့ ရာ စိတ်ကူးထဲပင်မ ထည့် ။ဖုန်တထောင်းထောင်းနှင့် လမ်းပေါ်မှာ  လှည်းကြမ်းကြီးကို စီးရလျှင် ပင် နတ်ပြည်က ဝေဇယန္တာ ရထားကို စီးရ
သည် ဟု ထင်  ။လှည်းဘီးမှ တအီအီ မည်နေသည် ကိုလည်း  ပဉ္စသိင်္ခ နတ်သား၏  စောင်းသံ ဟု မှတ်ကြ လေသည် ။

စားရသမျှ ၊ကြားရသမျှ ၊သွားရသမျှ တို့နှင့်ပင် ကျေနပ် ရှာကြ ကုန် ၏ ။လောကတွင် ကျေနပ်လျှင် စိတ်ချမ်းသာ ။စိတ်ချမ်းသာလျှင် သုခကြီးပင် တည်း ။

 ( ၁၂၉၁- တပေါင်းလ )









A Positive Risk Mind -Set

Your mind-set defines

What you think about

What you think about defines

What you talk about

What you talk about defines

What you do .

What you do defines your direction

Your direction defines your character

Your character defines your future.

သီတာရေစင် (အရှင်သီရိကဉ္စနာဘိဝံသ)

ုတောရကျောင်းလေးတစ်ခုတွင်  တရားစခန်းဝင်တုန်း   ရဟန်းတစ်ပါးက   ဒီစာအုပ်လေး   ကျွန်မအား
ငှားလိုက်သည်။   ဘုန်းကြီး   ငှားသော  စာအုပ်  ဖြစ်၍စာအုပ်ကောင်းတစ်အုပ် တော့ဖြစ်လိမ့်ဟုတော့တွေးမိ
သည်။ဖတ်ကြည့်တော့မှ မိဘမေတ္တာအေ ကြာင်းကို မရိုးမအီအောင် ဖာတ်လမ်းသာဓကများစွာဖြင့်ရေး ဖွဲ့ ထား၏။  ယခု တင်သော  စာအုပ်လေးသည်   (ဧကဒဿမ)    အကြိမ်မြောက်    ထုတ်ဝေသည့်   စာအုပ်
ဖြစ်သည်။    ဤစာအုပ်    ဖတ်ပြီး  ၀မ်းသာမှုခံစားရ၏  ။   ၀မ်းနည်းရ၏။   မျက်ရည်ပင်ကျရ၏။ ရသမျိုးစုံပေး
စွမ်းနိုင်၏။   အရမ်းကြိုက်သွားသဖြင့်   အိမ်သို့ဆွမ်းခံ ကြွသောရဟန်းအားလှုဖြစ်၏  ။   ထို ဦးပဉ္စင်းလည်း
အရမ်းကောင်းသည်ဆို၍   ကျောင်းတိုက်ရှိ     သံဃာများအား  ဝေမျှ၏ တဲ့ ။   ၀မ်းသာပေ၏။ကျွန်မကတော့
 á€‘á€Żá€­á€…á€Źá€Ąá€Żá€•á€šá€ąá€œá€¸á€€á€Żá€­   ဆိုးသောမောင်ဝမ်းကွဲလေးတွေ  ဖတ်ဖို့အမျိုးတွေကို ပေးသည် ။သူငယ်ချင်းတွေကို
လည်းပေးဖတ်သည် ။   ဤစာအုပ်လေးသည် သားသမီးအတွက်သာရည်ရွယ်ပြီးရေးသားထားသည်မဟုတ်၊
မိဘအပိုင်း၊   သားသမီးအပိုင်း ၊  သားသမီးများအတွက်    ဆုံးမချက်   ၊မိဘတို့အတွက်လမ်းညွှန်ချက်တို့ကို
ဆရာတော်က     ဝေါဟာရကြွယ်ကြွယ်၊    ဘုရားဟောကျမ်းဂန်နဲ့လည်း   မလွတ်စေရ၊    စာဖတ်သူလည်း
မပျင်းရအောင် ၊ လောကီ သာဓကများစွာဖြင့်   ခပ်သွက်သွက်လေး  ရေးသားထားသောစာအုပ်ကောင်းလေး
တစ်အုပ်ဖြစ်ပါ၏ ။    မိဘတွေ သက်ရှိ ထင်ရှားရှိနေ စဉ်မှာ မိမိကြောင့်မိဘစိတ်မဆင်းရဲအောင်၊မိဘမေတ္တာ
ကို အချိန်လွန်မှသိပြီ်း ကျေးဇူးမဆပ်လိုက်ရလေခြင်းမဖြစ်အောင်    ဤစာအုပ်လေးကို ဖတ်ပြီး သင် ခန်းစာ
 á€šá€°á€žá€„ယအ ပေ သည်။  ဤစာအုပ် လေးကို ဖတ်ပြီး စာဖတ်သူ မပျင်းစေရ ။အရမ်းကောင်း ၍ ညွှန်းခြင်းဖြစ်ပါ သည် ။  ဖတ်ဖြစ်အောင်  ဖတ်ကြည့်ကြပါ  ။    ။

တို့တိုင်းပြည်(ဇော်ဂျီ)

ထလော့ မြန်မာ၊အိုမြန်မာတို့
တို့ရွာ တို့ မြေ၊တို့ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ ၊တမွဲမွဲနှင့်
ဆင်းရဲကာသာ ၊ ကာလကြာလျှင်
ယာစကာမျိုး ၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း ၊ ကျောင်းကြို ကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ ၊ ၀မ်းမ၀၍
ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း။


ထလော့မြန်မာ ၊ အိုမြန်မာတို့
တို့ရွာတို့ မြေ ၊ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန် ၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပြား၊ များလည်းများ၏
များပါလေလဲ ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ ၊ ကာလကြလျှင်
မြင်သာမြင်ရ ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။


ထလော့ မြန်မာ ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျော့လုံ့လ
သူကစ၍ ၊ ငါကအားလုံး
လက်ရုံးမြားမြောင် ၊ ညဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ၊ ဆောင်ကြလေတော့
ဤမြေ ဤရွာ ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး ၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ၊ ပွန်လော့ လုပ်ငန်း
ညဏ်ရှေ့ပန်း၍
တ၀မ်းတစိတ် ညီစေသတည်း ။ ။


အတွဲ(၃)၊အမှတ်(၁၁) ၁၉၃၅သြဂုတ်လ၊ကြီးပွားရေးမဂ္ဂဇင်း