Tuesday, September 6, 2022

🏳️‍🌈Yes, Daddy by Jonathan Parks Ramage

 🏳️‍🌈Yes, Daddy by Jonathan Parks Ramage

🏳️‍🌈 LGBTQ , Modern Gothic Thriller


️‍🌈 ငယ်ရွယ်ပြီး တက်သစ်စ ပြဇာတ်ရေးဆရာ တစ်ယောက် ဖြစ်ချင်တဲ့ Jonah ။ သူဟာ ဘဝကို တိုးတက်လိုဇောနဲ့  Illinois ကနေ  New York ကို တက်လာတဲ့ Gay  တစ်ယောက် ။  


🌈Illinois မှာနေတုန်းက Jonah အဖေဖြစ်တဲ့သူ က  Jonah " Gay " ဖြစ်တာကို လက်မခံနိုင်လို့  Therapist ဆီ အတင်းသွားခိုင်း ၊ Jonahရဲ့  Gay ဖြစ်တည်မှု့ကို ကပြောင်းကပြန်ဖြစ်အောင်၊ စိတ်ညစ်အောင် အတင်းတွန်းအားပေးခဲ့တယ် ။   Therapist ဆီ ခဏခဏ သွားပေမယ့် ဘာမှ ထူးခြား မလာလို့ အဖေဖြစ်သူက Jonahရဲ့   Therapistကိုလည်း ရန်ရှာတယ် ။ 


🌈Therapist ကတော့  ဘာကြောင့် ၊ ဘာရဲ့ စေ့ဆော်မှု့တွေကြောင့်Jonah တစ်ယောက်


Gay ဖြစ်လာရတယ်ဆိုတာ သိရဖို့ အတင်းဖိအား ပေးလာတယ် ။Jonah ဟာ ငယ်ဘဝက တပါးသူ (သို့ ) မိသားစုထဲက တစ်ယောက်ယောက်က များ ထိကပါး ရိကပါး sexual abuse လုပ်ခံရလို့ gayဖြစ်တာလား ၊ဘာ‌လားပေါ့၊ 


🌈 အတင်းတွေ ဇွတ်ဖိအားပေး၊ Jonah ကလည်း ဖိအားတွေများ၊ စိတ်တွေညစ် ၊ ပြီးပြီးရော သူ့အဖေက သူ့ကို  sexual abuse သဘောမျိုး လုပ်ခဲ့တယ်လို့ ဖြေခဲ့တယ် ။ (🚫 တကယ်တော့ သူ့‌အဖေကJonah ကို ဘာမှ မလုပ်ခဲ့ဘူး၊ သားဖြစ်သူ Gay တစ်ယောက်ရဲ့ ဖြစ်တည်မှု့ကိုသာ လက်မခံနိုင်တဲ့ အဖေ တစ်ယောက်သာ ။ 



🌈 သူ့အဖေလည်း ကဲ့ရဲ့ခံရ ပိုက်ဆံတွေယူပြီး ရှောင်ပြေးခဲ့ရတယ် ။ jonah နဲ့ သူ့အမေလည်း အကြွေးတွေနဲ့ ခက်ခက်ခဲခဲ ရပ်တည်ခဲ့ရတယ် ။


🌈အခုတော့ Jonah တစ်ယောက် New York ကို တက် လာခဲ့ပြီ ။ စားပွဲထိုးလုပ်ရင်း ပြဇာတ်လေး ဘာလေး ရေး ကြည့်ရင်း  NY မြို့ပြဘဝမှာနေရတာ ဘယ်လောက် ခက်ခဲ လာတယ်ဆိုတာ သိလာတယ်။ အကြွေးတွေလည်း တင်လာတယ် ။ ဘာတခုမှ မအောင်မြင်သေးဘူး ။



🌈 တနေ့တော့ နာမည်ကြီး ပြဇာတ်ရေးဆရာ တစ်ယောက်၊ အသက်ကြီးပိုင်းရောက်နေပြီဖြစ်တဲ့  Richard နဲ့ ဆုံတယ် ။ Richard ကချမ်းသာတယ်၊ အောင်မြင်တဲ့ Gay အဘိုးကြီးတစ်ယောက် ။


🌈Jonah က ၂၅နှစ်ဝန်းကျင် ၊ ဟို Richard က အဘိုးကြီးပေါက်စဖြစ်နေပြီ ။ အဲ့လိုနဲ့  Richard က Jonahကို ချစ်တယ် ဘာညာ ဖြစ်သွားပြီး ချစ်သူတွေလို စားသောက်ဆိုင်ထိုင်၊  Jonah က ဘိုင်ပြတ်နေတဲ့ ငမွဲလေး‌ဆိုတော့ Richard ကပဲ sugardaddy   အကုန်ရှင်းပေး ၊ တိုက်ခန်းငှားခကအစ ပေးတယ်။ 


🌈ဘဝကို အလွယ်လမ်းက တက်ချင်တဲ့ Jonah တစ်ယောက်  Richard ကိုသာမှီလိုက်ရင်၊ အပိုင်ချည်နိုင်ရင် သူ့ဘဝတော့ အေးဆေး၊ သူ ရေးချင်တဲ့ ပြဇာတ်ရေးဆရာဘဝကို လည်း Richard ကိုမှီရင်း  တက်သွားလို့ရမယ်လို့ တွေးတယ် ။


🌈Richard က သူ့ကို ချစ်တယ် ဆိုတာလည်း ယုံလိုက်တာပဲ ။ အချိန်တခုအထိပေါ့ ...



🌈နွေရာသီမှာ Richard ရဲ့  Hampton စံအိမ်ကို ဖိတ်ခေါ်ခံရတဲ့အချိန်ထိ ။ အဲ့မှာချစ်ကြ၊ အိပ်ကြ၊ နဲ့  Jonah တစ်ယောက်ကို စားနေကြ ကြောင်ပါးကြီး" ဖြစ်တဲ့ Richard က သုခ ဘုံရောက်နေသလို ဖြစ် အောင် ဖန်တီးပေးတယ် ။


🚫

🚫

🚫Spoiler နည်းနည်းလေးပါတယ်နော် ။


🌈နောက်ရက်ပိုင်းရောက်တော့  Hampton စံအိမ် မှာတွေ့တဲ့ တခြား ကောင်လေးတွေအများကြီး ရဲ့ဘဝ တွေဟာ လည်း Jonahလိုပဲ ၊  Richardရဲ့အသုံးချ၊ အသုံးတော်ခံတွေ ။


🌈ပိုက်ဆံမရှိတဲ့ ကောင်လေးတွေကို  sugar daddyတွေ လို  ချစ်လို့ ၊ သနားလို့ ပေးသလိုလိုနဲ့ နောက်ပိုင်းမှာ 

သူတို့ ပေးသမျှဟာ အလကား ပေးတာမဟုတ်ဘူး ။  Dollar  ဘယ်လောက် မင်းတို့ ငါ့ကို ပေးရမှာ ။ အဲ့အတွက်  Hamptonစံအိမ်ကGay Barမှာ ညဘက် လူတစု အတွက်

sexual assault, rape လုပ်ပြီး  Jonah လို ကောင်လေး တွေရဲ့ စိတ်ကို ဖျက်ဆီးပစ်တာ။ 


🌈သူတို့ ထွက်ပြေးချင်ရင်တောင် သူတို့ အပြင်မှာ နေစရာ အိမ်မရှိ၊ အပေါင်းအသင်းမရှိ၊ NY မြို့ကြီးမှာ အလုပ်မယ်မယ်ရရမရှိ ပိုက်ဆံမရှိကြတော့ Richard လုပ်ရပ်တွေ မကောင်းမှန်း သိနေပေမယ့် ပြန်ပတ်သက် နေကြတာ။


🌈နောက်ပိုင်းမှာ Jonah တစ်ယောက် ၊သူ့အပေါ် ဆက်ဆံတဲ့ Richardရဲ့ ပုံစံအမှန်  မြင်လာခဲ့ပြီး မုန်းတီး လက်စားချေလိုစိတ်တွေ ဖြစ်လာခဲ့တယ် ။


🌈လူချမ်းသာ အသိုင်းအဝိုင်းက လူတစုက  Jonah လို ကောင်လေးတွေ၊ အခြားကောင်လေးတွေ အများကြီးကို အသုံးချပျော်ပါးဖို့ Hampton မှာ သီးသန့်ကမ္ဘာ ဖန်တီးထားတာ။


🌸အမှန်က ဒီ စာအုပ် ကာဗာ ကို မြင်ကတည်းက  LGBTQ ဇာတ်လမ်းမျိုးမို့ အဆုံးထိ ဖတ်ဖြစ်၊မယ်တောင် မထင်ခဲ့ဘူး ။ ဒါပေမယ့် ဇာတ်က တအား သွက်နေတော့ ဘာဖြစ်မလဲ သိချင်စိတ်နဲ့ အဆုံးထိ နားထောင် ဖြစ်သွားတယ်။

 


🚫⛔🚫⛔🚫 ဒီစာအုပ်ထဲမှာ ကြမ်းတမ်းတဲ့ Gay , 

sexual abuse, assault, rape , taboo words တွေ  အများကြီးပါတာမို့ ဒါမျိုးတွေ ပါတာ မကြိုက် သူတွေအတွက်တော့ ဖတ်ဖို့ မ‌သင့်တော်ပါဘူး။🚫⛔🚫


🌸Audiobookကို နားထောင်လိုက်တော့ Audiobook Narratorက အရမ်းကောင်းနေတယ် ။ Richard အသံကလည်း စားနေကြ ကြောင်ပါးကြီး အသံမျိုး ။


🌸Jonah အသံလေးကလည်း ညုတုတု ၊ Jonathan Parks Ramage ရဲ့ အရေးအသား ကလည်း Gay Dialogue တွေ နဲ့အရမ်းသွက်တယ် ။ 


🌸Jonah ရဲ့ ခေတ်သစ် Gay Rebecca ဆန်ဆန် Richard  ရဲ့ အရင်ရည်းစားတွေအပေါ် သဝန်တိုတာ၊ နှိုင်းယှဉ်တာ ။ 


🌸Gayတစ်ယောက်ကို လူရာ မသွင်း အလုပ်မပေး ချင်ကြတဲ့ လူတွေ။


🌸Jonah တစ်ယောက် ပိုက်ဆံမရှိ၊ မိဘနဲ့ဝေး၊ NY‌ 

နေစရိတ်၊စားစရိတ် အပြင် အမေဖြစ်သူကို ပိုက်ဆံ ပြန်ပေးရ၊  Richard နဲ့ တွေ့မှ အချစ်ခံရမလား မှတ်တယ်၊ အချစ်ဆိုတာကို အလွဲသုံးစားလုပ်ပြီး အုပ်စုလိုက် Rape, Sexual assault လုပ်ခဲ့ကြလို့  စိတ်ဒဏ်ရာ ထပ်ရတဲ့ Jonah လိုမျိုး ဘဝတွေ ။ 


🌈လောကမှာ ဘယ်အရာမှ အလကား မရဘူးကိုး။

တခုခုက အရမ်းရက်ရော နေရင်တော့ တချိန်မှာ တန်ရာတန်ကြေး တခုတော့ ပြန်လည် ပေးဆပ် ရတာ ချည်းပါပဲ ။


🌈Jonahတစ်ယောက်  Richard ရဲ့ အရိပ်မည်းအောက် က ရုန်းထွက်နိုင်မလား ဆိုတာကတော့....


#Yes_Daddy by Jonathan Parks Ramage

#Audiobook_Review by  Bookish In Fiction Land 

May 1 , 2022

No comments: