About E- Reader / Kindle Or Android Base E reader
ဒီပိုစ့်က ဆရာလုပ်တဲ့ ပိုစ့် မဟုတ်ရပါနော်။မက်ဆေခ်ျ့
ကနေ ခဏခဏလာမေးသူများလို့ ကိုယ် မဝယ်ခင်
တုန်းက မှတ်ထားတာလေးတွေကို ပြန်မျှဝေပေးတာပါ။ ကိုယ် ဝယ်ထားတာက KindlePaperwhite 4 ပါ ။
E reader တွေ ဆိုတာက e ink( electronic ink) နည်းပညာနဲ့ လုပ်ထားတဲ့အတွက် စာရွက်ကိုကြည့်ရသလိုပဲ မျက်စိကို မထိခိုက်ဘူး။
🛑E reader တွေရဲ့ အားသားချက်က
နေရောင်ထဲမှာ ဖတ်လည်း tablet တို့ ဖုန်းတို့လို
အလင်းမပြန်ဘူး။
File transfer လုပ်တဲ့ အချိန်က လွဲပြီး wifi ပိတ်
Airplane mode လုပ်ထားရင်Battery က
အကြာကြီးခံတဲ့အတွက် စာအုပ်ဖတ်သလိုပဲ
အကြာကြီး ဖတ်လို့ရတယ်။
စာလုံးထိရုံနဲ့ Highlight တို့၊ Bookmark တို့ လုပ်လို့
ရတာတွေ၊ စာလုံးထိရုံနဲ့ Dictionary အလွယ်တကူ
ကြည့်လို့ရမယ် ။
Bluetooth earphone နဲ့ Audiobook ဖတ်လို့ရမယ်။
🛑 ကိုယ်က e reader တလုံး ဝယ်မယ် စိတ်ကူးပြီဆိုရင် မဝယ်ခင် အဓိက စဉ်းစားရမှာက ...
🛑ဘာကို အဓိကထားဖတ်မှာလဲ ။
Eng ebook တွေလား။
မြန်မာ ebook အဓိကလား ။
🛑Eng e book အဖတ်များရင် Kindle series တွေထဲက ရွေးချယ်တာ ပိုအဆင်ပြေတယ်။
🛑 မြန်မာ စာအုပ်/PDF ဖတ်တာများရင် Android base e reader တွေထဲကပဲ ဦးစားပေး စဉ်းစားသင့်တယ်။
ဝယ်တဲ့ဆိုင်မှာ kindle ဟာမြန်မာ စာအုပ်ဖတ်လို့ရသလား မေးရင် " ဟုတ်ကဲ့ ရပါတယ်ပဲ "ဖြေကြမှာပါ။
မရဘူးတော့မဟုတ်၊ ဖတ်လို့တော့ရတယ်။
ဒါပေမယ့် Kindle အတွက် သီးသန့် font ရိုက်ထားတဲ့ မြန်မာစာအုပ် ရှားတာကြောင့်၊
မြန်မာစာအုပ် တွေ ဖတ်ရင် font မမှန်တာ အများစု
ကြုံရတက်ပါတယ်။
ကိုယ်တွေ ဆီမှာ ရွေးချယ်စရာဆိုရင်
🛑 Kindle series တွေထဲမှာ
🛑 Kindle Paperwhite ရှိမယ်။
Kindle Paperwhiteကိုမှ 8gb/32gb ရှိမယ်။
ဈေးက 8 gb ဆိုရင် ၁သိန်း ၉သောင်းကျော်
32gb ဆိုရင် ၂ သိန်းကျော်
Kindle Paperwhite ကိုမှ နောက်ဆုံး
ထွက်တဲ့ဟာဆိုရင် waterproof ဘာညာပေါ့။
🛑 ရိုးရိုး kindle ဆိုရင် ၁သိန်းခွဲ ဝန်းကျင်
🛑 ရိုးရိုး Kindle က Kindle Paperwhite ထက်
resolution နိမ့်မယ်။
🛑 Feature ပိုစုံ၊ Screen sizeကြီးတဲ့ Kindle Oasis
ဆိုရင် ၅သိန်းနီးပါးရှိမယ် ။
🛑ကလေးတွေအတွက် Kindle for kidsရှိမယ်။
🛑Tablet ပုံစံ Android base Kindle Fire ရှိမယ်။
စာဖတ်တဲ့ gpတွေထဲမှာလည်း အများစုရွေးချယ်ကြတာက ဈေးသင့်တဲ့ Kindle Paperwhiteပေါ့။
တက်နိုင်တဲ့သူကတော့ Kindle Oasis ။
🛑 Android base e reader တွေဆို ၂သိန်းခွဲလောက်ကနေ စတယ် ။
screen size ကြီးပြီး Note taking pen ပါတဲ့ model
တွေဆို ဈေးပိုမြင့်မယ်။
🛑Android Base နဲ့ Kindle Series ကွာခြားချက်
Android Base e readerရဲ့ အားသားချက်က ကိုယ် ဖတ်ချင်တဲ့ ebook fileကို တန်း downloadဆွဲပြီး ဖတ်လို့ရမယ် ။ social network နဲ့လည်း ရတယ် ။ ဒါပေမယ့်လည်း black & white နဲ့တော့ social media သုံးချင်ကြမယ် မထင် ။
🛑 Android Base မှာလည်း Colour e reader တွေဆိုရင် 3သိန်းခွဲဝန်းကျင်ရှိမယ်။
🛑 Kindle series တွေကတော့ စာသီးသန့် ဖတ်ချင်သူတွေအတွက်ပဲ ပို အဆင်ပြေပါတယ်။ အထူးသဖြင့် eng e book အဖတ်များသူတွေ ပို အဆင်ပြေပါတယ်။
🛑Android base လို file တန်းဒေါင်း၊ တန်းဖတ်လို့မရဘူး ။ Kindle သုံးရင် လိုချင်တဲ့ file ကို down၊ kindle နဲ့ ကိုက်ညီတဲ့ format ပြောင်း ၊ Kindle accထဲကို ပြောင်းပြီးမှ ဖတ်လို့ရပါတယ် ။
🛑အဲ့ဒါကြောင့် ကိုယ်က Eng book အများစု ဖတ်မယ်
File/ format transfer အလုပ်ရှုပ်ခံနိုင်ရင် ၊ battery လည်းခံပြီး classic ဆန်တဲ့Kindle Series ထဲ က အရမ်း အဆင်ပြေပါတယ်။
🛑 Kindle မှာက sd card တွေဘာတွေ ထည့်လို့
မရပါ ဘူး။ စာအုပ် transfer လုပ်ဖို့ wifi ပါမယ်။
🛑 Bluetooth earphone နဲ့ Audio e Book သုံးလို့လည်း ရမယ်။ တကယ်ကို စာဖတ်ဖို့ သီးသန့်ပါပဲ ။
Kindle series ထဲက ဘယ် model ပဲ ဝယ်ဝယ်
8gb / 32gb ရှိမယ်။
8 gb ဆိုရင်တောင် eng e book fileတွေက file size ဘယ်လောက်မှ မရှိလို့ အနည်းဆုံး ၃ထောင်လောက်တောင် ထည့်လို့ရတယ် ပြောကြပါတယ်။
🛑 ဘာကိုရွေးချယ်သင့်သလဲ
🛑Eng e book အဖတ်များမယ်၊ Battery Life ပိုခံမယ်၊
file transfer/ format transfer ပြောင်းတာ လုပ်ရမှာ
မပျင်းရင် Kindle series ထဲက အဆင်ပြေပါတယ်။
Kindle က pdf file ဖတ်ရသိပ်အဆင်မပြေ၊
epub file မရပါဘူး ။
Mobi / azw3 /kfx format အဓိက သုံးပါတယ်။
Kindle ထဲကဆို ဒီမှာ အသွင်းများကြတာJapan set, US set ။သိပ်မထူးပါဘူး။ ဘယ်ပဲဝယ်ဝယ် Amazon Ads ပါလာရင်တော့ Amazon support ကို Ads လှမ်း ပိတ်ခိုင်းရတာရှိမယ်။
ကိုယ်ကတော့စာဖတ်ဖို့ သီးသန့်၊ eng ebook ပဲ ဖတ်မယ် ရည်ရွယ်ချက်ရှိတဲ့အတွက် ဈေးသင့်တဲ့ Kindle Paperwhite ကိုပဲ ရွေးချယ်လိုက်တာပါ။
🛑 PDf ဖတ်မယ် ၊ မြန်မာစာအုပ်တွေ အဖတ်များမယ်၊ဝန်ဇင်း app တွေ ဘာတွေ ထည့်ဖတ်မယ်။
ဘာ fileဖြစ်ဖြစ်၊ တန်း downပြီး၊ တန်းဖတ်ချင်မယ်၊ တခြား apk တွေအနည်းငယ် ထည့်သုံးချင်ရင်
Android Base e reader တွေနဲ့
Budget Tablet တမျိုးဖြစ်တဲ့ Amazon Fire HD Tablet
ပဲ အဆင်ပြေပါလိမ့်မယ်။
⬇️
⬇️
⬇️
🟥🟥🟥Kindle ရဲ့ Feature တခုဖြစ်တဲ့
Kindle Voice View Screen Reader နဲ့ပတ်သတ်၍ ⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://m.facebook.com/story.php?story_fbid=231361125204936&id=100049931507742
⬇️
⬇️
⬇️
🛑Android Base e reader တွေရောင်းတဲ့ page ဆိုရင်
Bonanza ရှိမယ်။
https://www.facebook.com/bonanzagadgetsstore/
⬇️
⬇️
⬇️
🛑 Kindle Paperwhiteရောင်းတဲ့ ဆိုင်တွေဆိုရင်
Winmobile World ရှိမယ်
https://www.facebook.com/winmobileworld/
⬇️
⬇️
Ebook city ရှိမယ်
https://www.facebook.com/ebookscity.ygn/
⬇️
⬇️
Dr .Mac ရှိမယ်။
https://www.facebook.com/dr.maccomputer/
⬇️
⬇️
Xenovia Deals
https://www.facebook.com/xenoviadeals/
⬇️
⬇️
⬇️
Amazon Fire HD Tablet ရောင်းတဲ့ဆိုင်ဆိုရင်
Globe
https://www.facebook.com/globe.trading/
⬇️
⬇️
⬇️
Ebook reader တွေအကြောင်း
https://www.facebook.com/nilar.zaw2/videos/1849207281861463/
⬇️
⬇️
⬇️
Kindle/ E -Reader Group
https://www.facebook.com/groups/myanmarkindleusers/?ref=share
ကိုယ် ဖတ်မယ့် စာအုပ် အမျိုးအစားအပေါ် မူတည်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့ e-reader ရွေးချယ်နိုင်ကြပါစေ ။
Dec 26,2020
Hnin Yi Pwint
No comments:
Post a Comment