Tuesday, September 6, 2022

The Midnight Library by Matt Haig

 đŸ“˜The Midnight Library by Matt Haig 📘


2020 Augustမှာ စတင်ထုတ်‌ဝေတဲ့ နာမည်ကြီး Bestseller ဖြစ်တဲ့ ဒီစာအုပ်ဟာ  2020 Good Reads Choice for Best Fiction Award လည်းရထားသလို၊ Sunday Time Bestseller list မှာလည်း ၁၆ပတ်တောင် နံပါတ် ၂ နေရာရောက်ခဲ့တယ်၊ NewYork Time Bestseller list Top 10 ဝင်ခဲ့တဲ့ စာအုပ် တအုပ်။ နိုင်ငံခြား စာအုပ် gp တွေထဲမှာ အရမ်းညွှန်းခဲ့ကြတဲ့ စာအုပ် တအုပ် ။


စာမျက်နှာ 288 ပဲရှိပြီး၊ အရေးအသား လွယ်ပြီး ဇာတ်လမ်းသွက်လို့  ဖတ်ရတာအဆင်ပြေပါတယ် ။


Review 📖📖📖📖📖📖📖📖📖📖


စာအုပ်ထဲက ဇာတ်ကောင် နာမည်ကNora Seed ... 👩🏻

အသက် ၃၅နှစ်အရွယ် Nora ဟာ  သူဖြစ်ချင်ခဲ့တဲ့ 

အိပ်မက်တွေကို ‌အကောင်ထည်‌ဖော်ခဲ့ဖို့ထက်...


သူ့အဖေ၊ သူ့ရည်းစား၊ သူ့အမေ ဖြစ်စေချင်တဲ့ အိပ်မက်တွေနဲ့ ရှင်သန်လာရတော့ အခု အလုပ်ပြုတ်တဲ့အချိန်မှာ ဘဝ ဦးတည်ချက်မရှိသလို ၊ အသက်ရှင်ဖို့အတွက် အကြောင်းပြချက်မဲ့နေသလို Nora စိတ်ထဲ ခံစားနေရတယ်။

📖

📖


Neil.... It's never too late to  purse a dream.

Nora..I didn't have much of a choice.

Neil ...We all have choices,Nora.There's such a thing as free will . (Pg.10)

📖

📖


"Go confidentely in the direction of your dreams," Thoreau had said. "Live the  life you've imagined."(Pg.17)


📖

Nora ရဲ့ ဖခင်ဖြစ်သူဟာ Heart Attack နဲ့ Noraငယ်စဥ်ကတည်းက ဆုံးသွားတယ်။  မိခင် ဖြစ်သူကလည်း Nora မင်္ဂလာမဆောင်ခင် ၃လ အလိုမှာ ကင်ဆာနဲ့ ဆုံးသွားတယ်။ 


Relationship ကြည့်ပြန်တော့လည်းNora ဟာ သူ့ဘာသူ 

အတွေးတွေများပြီး  သူနဲ့ မကြာခင် ‌အိမ်ထောင်ပြုမယ့် Danနဲ့ မင်္ဂလာ ကိစ္စကို Nora ဖက်က ဖျက်လိုက်ပြန်တယ်။ 


Gay ဖြစ်တဲ့ သူ့မောင် Joe နဲ့ လည်း အဆင်မပြေ၊ စကားမပြောဖြစ်ဘူး။  


Nora တစ်ယောက် သူ့ social media ပေါ် ကြည့်ပြန်တော့လည်း သူများတွေ အဆင်ပြေနေပေမယ့် သူကျ ဆက်ဆံရေးကညံ့။ friend request အသစ်မရှိ၊ follower အသစ်မရှိ၊ messages မရှိ၊   comment မရှိ၊ ကိုယ့်ဘာကိုယ် သနားစိတ်က ဝင်။  


Nora ဟာ သူငယ်ချင်း  Izzy နဲ့ Austalia  လိုက်နေမယ့် အစီအစဉ် ပျက်ကတည်းက အရင်က အခင်ဆုံး သူငယ်ချင်းဖြစ်ခဲ့တဲ့ Izzy နဲ့လည်း စကားမပြောဖြစ်တော့ပဲ ခပ်တန်းတန်းဖြစ်နေပြီ ။


📖


သူဖြစ်ချင်သလို Swimmer,Musician,Philosopher,

Spouse, Traveller, Glaciologist, Happy, Loved ???

သူစိတ်ကူးခဲ့သလို ဘာတခုမှ ဖြစ်မလာဘူး ။


📖


ဒီကြားထဲ  အဖော်ရအောင် မွေးတဲ့ သူ့ဘဝအဖော်

လို ဖြစ်နေတဲ့ ကြောင်လေး Voltaire လမ်းမပေါ်မှာ သေနေကြောင်း ၊  ကားတိုက်ခံရပြီး သေတာထင်တယ်လို့ အိမ်နီးချင်းAshကလာပြောတယ်။(တကယ်တော့ Nora ရဲ့ ကြောင်လေးမှာ မွေးရာပါ restrictive cardiomyopathy ရှိတယ် )


Nora ချစ်သလို၊ ကြောင်လေးဟာလည်း Noraကိုချစ်တယ်၊ ကြောင်လေးဟာ ရောဂါကြောင့် သူသေတော့မှာသိလို့၊ သူသေတာကို Noraကို မမြင်စေချင်လို့ လမ်းပေါ်ထွက်သွားခဲ့တာ ။ လမ်းပေါ်မှာ သေနေတာတွေ့လို့သာ အိမ်နီးချင်းကတော့ ကားတိုက်ခံရလို့ သေတယ်ထင်ပြီး Noraကို လာပြောတာ ။


နောက်ဆုံး Noraဟာ သူချစ်တဲ့ ကြောင်လေး Voltaire ရဲ့ ကြောင်ပိုင်ရှင် တစ်ယောက်အနေနဲ့တောင် ဂရုစိုက်၊ အဖြစ်ရှိအောင် မလုပ်နိုင်ဘူးလို့တွေးမိတယ်။

📖


အလုပ်ကပြုတ်၊ ငွေကြေးက အဆင်မပြေ၊ စိတ်ဓာတ်ကကျ၊ ကြောင်တကောင်ကိုတောင် အဖြစ်‌ရှိအောင် ဂရုစိုက် မကြည့်နိုင်လို့ Nora တစ်ယောက် ကိုယ့်ဘာကိုယ် အပြစ်တင် ။ 


နောက်ဆုံး အိမ်နီးချင်းဖြစ်တဲ့  သူဆေးထည့်ပေးနေတဲ့ အဖိုးကြီးကတောင် သူ့ကို ဆေးထည့်ပေးမယ့်သူ ရှိလာပြီဖြစ်လို့ Nora ကို မလိုအပ်တော့ ။


ဒီဘ၀ မှာ  ဘယ်သူမှ သူ့ကို မလိုအပ်၊ သူဟာ လူတိုင်းကို 

စိတ်ပျက်စေတယ်၊ လူပိုကြီး တစ်ယောက်လိုဖြစ်နေပြီလို့တွေးမိ၊စိတ်ဓာတ်ကျ ၊အထီးကျန်၊ အရာရာ အဆင်မပြေ၊ သူ့မှာ သေချင်စိတ်ပဲ ရှိတယ်။ သူ့မှာ အသက်ဆက်ရှင်ဖို့အတွက်၊ ဦးတည်ချက်မဲ့ ၊ အကြောင်းပြချက်မဲ့နေတယ်။


အဲ့ဒီနောက် ဝိုင်သောက်တယ်၊ သူ့မောင်ကို ချစ်ကြောင်း 

မက်ဆေ့ခ်ျ ပို့ခဲ့တယ်။ သူငယ်ချင်း Izzy ဆီကိုလည်း 

မက်ဆေ့ခ်ျ ပို့လိုက်တယ်။ အနားမှာ ဘောလ်ပင်နဲ့ စာရွက်တွေ့လို့ သေတမ်းစာ လည်း ရေးခဲ့လိုက်သေးတယ်။

📖


သန်းခေါင်ယံ ကျတော့မယ်။   á€žá€ąá€–ိုအဥက္ဏင်းဆုလးဥခဝိန်ဆိုပဟဎး Nora တစ်ယောက် ဆုံးဖြတ်လိုက်တယ် ။

ဆေးအလွန်အကြူးသောက်ပြီးတဲ့ နောက်... ....

🚦🚦🚦🚦🚦🚦🚦


သန်းခေါင်ယံ 0️⃣0️⃣ :0️⃣0️⃣:0️⃣0️⃣ အချိန်မှာတော့ သေဖို့ကြိုးစားခဲ့တဲ့ Nora တစ်ယောက် Life & Death ကြားမှာ

ရှိတဲ့  Midnight Library ဆိုတဲ့ စာကြည့်တိုက် တခုကို 

ရောက်သွားခဲ့တယ်။ အဲ့ဒီမှာ သူငယ်ငယ်တုန်းက စာကြည့်တိုက်မှုးဖြစ်တဲ့  Mrs.Elm နဲ့ တွေ့တယ်။



Nora က သူသေပြီလား လို့ မေးတော့...

Mrs.Elm က မသေသေးကြောင်း.... 

အခု Noraရောက်‌နေတဲ့ နေရာဟာ Life နဲ့ Deathကြား က နေရာဖြစ်ကြောင်း၊ Death ဟာ ဒီ စာကြည့်တိုက်ရဲ့ အပြင်ဘက် မှာဖြစ်ကြောင်း ပြောတော့...


အရမ်းသေချင်နေတဲ့ Nora ဟာ  အဲ့ဒါဆို သူ 

သေခြင်းတရားဘက် ကို သွားတော့မယ်ပြောပြီး ခြေလှမ်းပြင်တယ်။


Mrs.Elm ကတော့ ခေါင်းခါပြီး " သေခြင်းတရားဆီကို မင်းအဲ့လိုသွားလို့ မရဘူး၊ သေခြင်းတရားကသာ မင်းဆီ လာရှာလိမ့်မယ်" လို့ပြောတယ်။

📖


Nora က  သူဟာ သူ့ဘဝအိပ်မက် တွေ Olympics Swimmer, Glaciologist,သူ့ချစ်သူ Danရဲ့ ဇနီးတစ်ယောက်အဖြစ်၊ မိခင်တစ်ယောက်အဖြစ်၊ သူဖွဲ့ချင်တဲ့ Rock ဂီတအဖွဲ့ The Labyrinthsရဲ့ ခေါင်းဆောင် အဆိုတေယ်တစ်ယောက်အဖြစ်၊ တကယ် ပျော်ပျော် ရွှင်ရွှင် နေတက်တဲ့ လူကောင်းတစ်ယောက် အဖြစ် သူ ဘာတခုကိုမှ အကောင်အထည် မဖော်နိုင်ခဲ့လို့၊ သူ့ဘဝဟာ ဦးတည်ချက် ပျောက်ခဲ့လို့ အသက်ရှင်သန်စရာ အကြောင်းမရှိလို့၊ ဘဝဟာ နေချင်စရာမရှိ၊ သေပဲ‌

သေချင်နေတယ် လို့  Mrs.Elm ကို ပြောပြတယ်။

📖


Midnight Library က Mrs. Elmကတော့ မင်းတကယ်နေချင်တဲ့ ဘ၀တစ်ခုတော့ ရှိမှာပါ ဆိုပြီး Noraကို ဖြောင်းဖျပြောတယ်။


📗📗📗📗📗


Midnight Library မှာ မတူညီတဲ့ အစိမ်းရောင်မျိုးစုံနဲ့ စာအုပ်တွေ သန်းပေါင်းများစွာမရေမတွက်နိုင်အောင် ရှိတယ်။ အဲ့ဒီစာအုပ်တွေထဲက multiverse , Parallel Lives တွေက Nora ဘဝ အနာဂတ် ဖြစ်နိုင်ချေတွေ ..


သန်းပေါင်းများစွာသော အစိမ်းရောင် စာအုပ်တွေထဲမှာ မီးခိုးရောင်စာအုပ်တအုပ်ပဲ မတူညီတဲ့အရောင် နဲ့ ...စာအုပ် နာမည်က  The Book of Regrets..


ဒီ Midnight Library စာကြည့်တိုက်မှာ ရှိနေတဲ့ စာအုပ်တွေဟာ အခု ညသန်းခေါင်က စပြီး တချိန်တည်းမှာ စတင် ဖြစ်ပျက်နေပြီး  အခုဖြစ်နေတဲ့ ဘဝနဲ့ မတူ ကွဲပြားခြားနားစွာ အဆုံးသတ်လို့ရတဲ့ Noraရဲ့ ဘဝ ဖြစ်နိုင်ချေတွေ။


📖

📖


The Book of Regrets ထဲမှာ Nora မွေးကတည်း

က ဆုံးဖြတ်ချက်အမှားတွေ၊ နောင်တတွေ ကိုရေးထားတယ်။ စာအုပ်က လေးလွန်းလို့ စာကြည့်တိုက် ကြမ်းပြင်‌ပေါ် ဖင်ထိုင်ချပြီးမှ  ဖတ်ကြည့်ရတယ်။ 


📖


The Book of Regrets ကိုဖတ်ပြီးတော့  Nora ရဲ့ ဘဝမှာ မလုပ်လိုက်ခဲ့ရတဲ့ နောင်တတွေ ၊ဖြစ်ချင်တဲ့ အရာအိပ်မက်တွေကို ဒီ Midnight Libraryက စာအုပ်တွေ/Parallel Lives တွေကတဆင့်  Nora တစ်ယောက် နေခွင့်၊ ဖြစ်ခွင့် ရမယ်။   


ဒီ Midnight Library စာအုပ်တွေထဲက parallel lives တွေမှာ စည်းကမ်းချက်တခုရှိတယ်။ စာအုပ်တအုပ်၊ ဘဝ တခုမှာ တစ်ကြိမ်ပဲ နေခွင့်ရှိတယ်။ 


အဲ့ဘဝကိုကြိုက်တယ်ဆိုရင် အပြီးနေ၊ ပြန်မလာနဲ့ ။ 

အဲ့ဘဝမှာ အပြီးနေဖို့ ဆုံးဖြတ်လိုက်တာနဲ့ Mrs.Elm နဲ့ Nora အတွက် ဖြစ်တည်နေတဲ့ ဒီMidnight Libraryကြီးလည်း အပြီး ပျောက်ကွယ်သွားမယ်။ 


📖


ရွေးချယ်မှု့တိုင်းဟာလည်းNora ရဲ့ (root life) မူလဘဝ ကို သက်ရောက်မှု့ရှိတယ်ဆိုတာပဲ ။


Midnight Libraryကို မရောက်ခင် နဂိုမူလဘဝ (root life) မှာ နောင်တတွေ ဆုံးဖြတ်ချက်အမှားတွေအပေါ် ခံစားမှု့တွေများခဲ့ပြီး ၊ သေချင်နေတဲ့ အရှုံးသမား Nora တစ်ယောက် စာအုပ် တအုပ်ပြီးတအုပ် ဘဝ တစ်ဘဝပြီး တစ်ဘဝ ပြောင်းနေလိုက်တာ...

🚦🚦🚦🚦🚦🚦🚦

 

Midnight Library စာအုပ် တွေထဲက  ဘယ် Life က

 á€žá€°á€ˇá€€á€­á€Żá€€á€ťá€ąá€”á€•á€şá€…á€ąá€™á€œá€˛ ။ ပျော်ရွှင်စေမလဲ ။ 


သတ်သေချင်တဲ့ ဆန္ဒပြောင်းသွားမလား..

Mrs.Elm ကရော Noraကို ဘဝအကြောင်း ဘာတွေ သင်ပေးမလဲ...


နောက်ဆုံးပိုင်း  Nora ဘာဆက်ဖြစ်မလဲ..

Midnight Libraryကြီးရော ‌ဘယ်လိုဆက်ဖြစ်သွားလဲ...


သူဖြစ်ချင်တဲ့ ဘဝအိပ်မက်တွေကို အကောင်ထည်ဖော်ခွင့်ရသွားမလား...


Midnight Library ရဲ့စာအုပ်ထဲက သူ ရှင်သန်ချင်တဲ့ ဘဝမှာရော ရှင်သန်ခွင့်ရပါ့မလား....

 


ကိုယ့်ဘဝထဲက ချစ်ခင်သူတွေနဲ့ တွေ့ကြုံ၊ဆုံကွဲ

ခွဲခွာ နှုတ်ဆက်ရမှု့ကို Nora တစ်ယောက် နားလည်လက်ခံသွားမလား....


Nora တစ်ယောက် ဘဝဖြစ်တည်မှု့ပေါ်  မိသားစု၊ ပတ်ဝန်းကျင်အပေါ် မကောင်းတဲ့ဘက်ကနေ  ထားတဲ့ / မြင်တဲ့ အမြင်တွေ ပြောင်းလဲသွားမလား ဆိုတာ.... 


ဆက်ဖတ်ကြည့်ပါ ။


“the prison wasn’t the place, but the perspective”; ( Pg .284)

ကိုယ့်အတွေးတွေထဲမှာ အကျဉ်းကျ ပိတ်မိနေမယ့် အစားကိုယ် အခု ရှင်သန်နေရတဲ့ ဘဝအပေါ် ထားတဲ့ 

ကိုယ့် ရှု့ထောင့် အမြင်ကိုပြောင်းပြီး ဖြစ်ချင်တဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း ရှင်သန်ကြတာ 

ပိုကောင်းပါတယ်။


Sometimes,  the only way to learn is to "live".

Never understimate  the big importance of small things.


အခု ကိုယ့်ဘဝမှာ ဖြစ်နေတဲ့အရာတွေ ကရော ကိုယ်တကယ်ဖြစ်ချင်နေတဲ့ ဘဝရည်မှန်းချက် အိပ်မက် ဆန္ဒတွေလား..


မိသားစု အသိုင်းအဝိုင်း(အဖေ ၊အမေ၊ခင်ပွန်း၊အိမ်ထောင်ဖက်) ထဲက ဖြစ်စေချင်တဲ့ အိပ်မက်ကို ကိုယ့် ဘဝရည်မှန်းချက် အိပ်မက်အနေနဲ့  ရှင်သန်နေရတဲ့ လူလား ..


နောင်တတွေ ၊မလုပ်လိုက်ရတွေ ၊ အတွေးလွန်တာတွေ များလာရင် စိတ်ကို ဒဏ်ရာ ရစေပြီး စိတ်ကျတက်တာ


 Matt Haig က သူပြောချင်/ ပေးချင် တဲ့ မက်ဆေ့ခ်ျကို အတိအကျ ရေးမထားပေမယ့် တွေးရင် တွေးသလောက်  လက်ရှိ ဘဝအပေါ် အဓိပ္ပာယ် အမျိုးမျိုး၊ ခံယူချက် အမျိုးမျိုး ပေါ်နိုင်တဲ့  စာအုပ်ကောင်း လေး တအုပ်ပါ ။


📗📙📘📗📘📙📗📘📙

📚The Midnight Library by Matt Haig  📚 e- book 

https://t.me/mobi_epub_ebook_and_Movie/1329?single


‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️

🟥 🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥


စာအုပ် ဆက်ဖတ်မယ် စိတ်ကူးရှိရင် အောက်က ဝတ္ထုအကြောင်း summary ကို ဆက် ဖတ်စရာမလိုပါဘူး။

ဘယ်လို ဇာတ်သိမ်းလဲ ရေးမထားပေမယ့် စာအုပ်အကြောင်း spoiler တွေ ပါပါတယ် ။


စာအုပ်မဖတ်ပဲ ဇာတ်ကြောင်း သိချင်ရုံဆိုရင်တော့ ဆက်ဖတ်ပါ ။


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


🟥🟥‼️🟥🟥‼️🟥🟥‼️🟥🟥‼️🟥🟥‼️


📚Summary 📚


Midnight Libraryစာအုပ်တွေထဲက မတူညီတဲ့ဘဝတွေထဲမှာ နေခွင့်ရပါတယ်ဆိုတာတောင် Nora က သူ့ရဲ့ တခြား ဘဝတွေမှာလည်း ပျော်မှာမဟုတ်ပါဘူး၊ သေပဲ သေချင်တယ်၊သေခြင်းတရားကသာ သူခံစားနေရတဲ့ နာကျင်မှု့တွေ၊ အဆင်မပြေမှု့တွေကနေ သက်သာရာ ရစေမှာလို့ Nora တစ်ယောက် တွေးမိတယ် ။ 


အဲ့တော့ Mrs.Elm က အဲ့ဒါဆို အခု ဘယ်ကို သွားမလဲ (midnight libraryစာအုပ်တွေထဲက Parallel Universe /life ) မေးတော့Nora တစ်ယောက်ကတော့  Nowhere ဆိုတာချည်းပါပဲ။ 


တကယ်တော့ Nora တစ်ယာက် သူ့ချစ်သူ Danနဲ့နေဖို့ စိတ်ကူးယဉ် ဖူးတယ်လေ ။


အဲ့တော့ ပထမဆုံး အဲ့ဒီ့ ဘဝကို  အရင်သွားကြည့်တာပေါ့။

🚦🚦🚦🚦🚦


သူ့ချစ်သူနဲ့  First Life မှာDanနဲ့ လက်ထပ်ပြီး

ချစ်သူDanရဲ့ အိပ်မက်ဖြစ်တဲ့ Oxfordshire countryside မှာ Pub ဆိုင်လေးတဆိုင် ဖွင့်တယ်။  


Midnight Library ကနေ ဒီfirst life ကို စရောက်တော့ မြင်သမျှ ဒီlife က Nora ဘဝဟာ အရာရာ အဆင်ပြေတယ်လို့ ထင်ရတယ်။


သူ့အရင် Root Life မှာ  ၆လကြာတောင် စာအုပ် ၁ အုပ် ကောက်မကိုင်ဖြစ်တဲ့ Nora တစ်ယောက် ပထမlife မှာ စာအုပ်တွေအများကြီး ဖတ်ဖြစ်၊ လက်တွေ့မှာ  Nora အဆင်မပြေ၊ Dan ကဖောက်ပြန် အဲ့တော့ စကားများ၊ 


လက်တွေ့ First Life က ဘဝမှာ  Dan နဲ့ ဘဝတခု တည်ထောင်ကြည့်တော့ သူစိတ်ကူးယဉ် မျှော်မှန်းသလိုမျိုး မဟုတ်ပြန်ဘူး။


အဲ့လိုနဲ့ Nora  ဒီ first lifeကို စိတ်ပျက်မှု့ပေါ်လာတာနဲ့ midnight libraryကို ပြန်ရောက်သွားတယ်။ 


🚦🚦🚦🚦🚦


နောက်ဘဝ တခုမှာ Australiaက သူ့သူငယ်ချင်း Izzy နဲ့ အတူ သွားနေထိုင်ရတဲ့ ဘဝမျိုး လိုချင်တယ်။ အဲ့ဘဝမှာလည်း သူ့သူငယ်ချင်း Izzy နဲ့ မျှော်မှန်းသလိုမျိုး ဖြစ်မလာဘူး။ 


ဒီဘဝမှာ  သူငယ်ချင်း Izzy က ဒီဘဝမှာ Car Accident နဲ့ ဆုံးသွားတာသိရတော့ Nora သူမျှော်မှန်း သလို ဖြစ်မလာဘူး၊ပျော်စရာမကောင်းဘူး။


အဲ့ဘဝရဲ့ ဖြစ်တည်မှု့ကို စိတ်ပျက်လိုက်တာနဲ့ Nora တစ်ယောက် Midnight Library က Mrs.Elm ရှေ့ကို ပြန်ရောက်လာတယ်။ 


🚦🚦🚦🚦🚦


ဒီတခါတော့ Nora ဟာ အောင်မြင်တဲ့ ဘဝကို လိုချင်တယ်လို့ Mrs.Elmကိုတောင်းဆိုလိုက်တယ်။


Mrs.Elm ကတော့ ဘယ်လိုအောင်မြင်မှု့မျိုးကိုဆိုလိုတာလဲ ။ ငွေကြေးလား ဆိုတော့လည်း  အောင်မြင်မှု့ဆိုတာ ဘာမှန်းမသိ၊ အရှူံသမား ဘဝနဲ့ အကြာကြီး နေလာရတဲ့ Nora အတွက် အဖြေဟာမရှိ ။

 

Mrs.Elm ကတော့ The Book of Regrets ထဲက  နောင်တတွေ၊ ရွေးချယ်မှု့ အမှားတွေ၊ ဆုံးဖြတ်ချက် အမှားတခုခုကို ပြန်ကြည့်ပြီး အောင်မြင်အောင် ကြိုးစားချင်သလား မေးတယ် ။


Nora ဟာ ရေကူးတော်တယ်။ငယ်ငယ်ကလည်း ချန်ပီယံဆုတွေ အများကြီးရခဲ့တယ်။ သူ့အဖေဟာ Nora ကို ရေကူးကန်ကိုအမြဲလိုက်ပို့ခဲ့တယ် ။ 


ဒါပေမယ့် Nora တစ်ယောက်  ရေကူးတာကို စွန့်လွှတ်လိုက်တယ်။ Nora က Mrs.Elmကို မေးတယ်။ သူ့အဲ့ဘဝမှာ စွန့်လွှတ်ဖို့မတွေးပဲ၊ ခက်ခက်ခဲခဲ လေ့ကျင့်ပြီး သူ့အဖေ ဖြစ်စေချင်တဲ့အတိုင်း  အိုလံပစ်ထိရောက်အောင်ကြိုးစားမယ်ဆိုရင်ရော။...


🚦🚦🚦🚦🚦


ဒီ lifeမှာတော့ Nora Seedဟာ ရေကူးချန်ပီယံ၊ 

အသက် ၂၂ကတည်းက ဆုတွေအများကြီးရလာပြီး အမျိုးသမီးအလွတ်တန်း မီတာ ၄၀၀ မှာတောင် ကမ္ဘာ့ ချန်ပီယံဆုတွေ ဘာတွေ ယူနိုင်ခဲ့တဲ့သူ ။


အသက် ၂၈အရွယ် ပြိုင်ပွဲတွေကနေ နားပြီး‌တာတောင် event တွေ၊ Ted Talkတွေ၊ swimming coach တွေအနေနဲ့ လက်ဖျားငွေသီအောင် ရှာနိုင်၊ သူ့အကြောင်း စာအုပ်ကို စာရေးဆရာ တစ်ယောက်နဲ့ တွဲ‌ရေး၊ ထုတ်ပြီး

အောင်မြင်နေ တဲ့ ဘဝ။  


သူ့မောင်Joeဟာ လည်း ဒီဘဝမှာ  Nora နဲ့တွဲအလုပ် လုပ်ပြီး ပျော်ရွှင်အောင်မြင်နေတဲ့ ဘဝဖြစ်နေပြီ။ 


Noraကိုယ်တိုင်ကလည်း သူ ဒီ life မှာ ဒီလို ဘဝမျိုး  ရလာလိမ့်မယ် ထင်တောင် မထင်မိဘူး ။ 


ပြီးတော့  Nadia ဆိုတဲ့ အမျိုးသမီး ဖုန်းဆက်လို့ အရင်ဘဝမှာ Nora ငယ်ငယ်ကတည်းက သေသွားတဲ့ အဖေဟာဒီဘဝမှာ တော့ အသက်ရှင်နေသေးတယ် ဆိုတာ သိရပြီး သူ့အဖေနဲ့ ဖုန်းပြောခွင့်ရခဲ့တယ်။ 

📖


ဒါပေမယ့် Nadiaဆိုတဲ့ အမျိုးသမီးဟာ သူ့အဖေရဲ့ လက်တွဲဖော်အသစ် (love of my life ဆိုတာ ) သိလိုက်ရတယ်။ 


Noraစိတ်ထဲတော့ မကျေနပ်ပဲ အဖေကို မေးမိတယ်။ "What about Mum?" Wasn't she the love of your life ?ဆိုတော့


Nora အဖေက"Once upon a time she was. But things change, Nora... " (ဪ ..ယောကျာ်းတွေပြောင်းလဲတက်ပုံများပြောပါတယ်။ 😆)


Nora အဖေဟာ Nadiaဆိုတဲ့ အမျိုးသမီးနဲ့ တွေ့လို့ Nora အမေနဲ့ ကွာရှင်းခဲ့တယ် ။ နောက်ပိုင်း Nora ရဲ့အမေဟာလည်း ဆုံးသွားခဲ့တယ် ။


ဒီဘဝမှာ သူ့အဖေနဲ့ဖုန်းပြောခွင့်ရ၊ သူ့မောင်နဲ့ အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ရနေပေမယ့်လည်း Nora တစ်ယောက် အဖေ ဖြစ်သူက သူ့အမေကိုထားပြီး အချစ်သစ်တွေ့၊ နောက်မိန်းမ ယူသွားတာကို ဒေါသထွက်တယ် ၊


📖


ဒီဘဝမှာ သူ့အမေနဲ့ တွေ့ခွင့်မရလိုက်ပဲ အမေ ဆုံးသွားတာကိုလည်း မကြိုက်ဘူး။


📖


အဲ့လိုနဲ့ ဒီဘဝကြောင်း ဂဃနနမသိပဲ Talk show တခုမှာ အူတိအူကြောင်ပြောရင်းဟောရင်း system error ဖြစ်ပြီး  Midnight Library က Mrs.Elmရှေ့ကို ပြန်ရောက်လာခဲ့တယ် ။ 😁😁


🚦🚦🚦🚦🚦🚦🚦🚦


နောက် life တခုမှာ Noraဟာ ကမ္ဘာလှည့်ပြီး ဖျော်ဖြေ နေတဲ့ နာမည်ကြီး Rock Band The Labyrinth က Rock Star တစ်ယောက် ။ 


Instagram မှာလည်း 11.3 million followers တွေနဲ့ ။ နာမည်ကြီး Celebrity Ryan Bailey နဲ့တောင် ဒိတ်လုပ်ခဲ့သေးတာ ။


အောင်မြင် ကျော်ကြားပြီး လူတွေရဲ့အချစ်ကိုလည်း ခံရတယ်ဆိုတော့ ဒီဘဝကို ကျေနပ်ပြီး Midnight Library ကိုတောင် ပြန်သွားစရာမလိုလောက်ဘူးလို့ တွေးမိတယ်။ 

📖


ဒါပေမယ့် ဘုမသိဘမသိနဲ့ Midnight Library ကနေ ဒီဘဝကိုရောက်လာတော့ Rock star အနေနဲ့ အင်တာဗျုးဖြေရင်း  အောင်မြင်ကျော်ကြားမှူ့ရဲ့ နောက်ကွယ်မှာရှိတဲ့ အခက်အခဲတွေ၊ အဆင်မပြေမှု့တွေကို Nora သိလာတယ်။  နောက်ပိုဆိုးတာက အင်တာဗျုးမေးတဲ့သူ သူ့မောင် Joe အကြောင်းမေးကာမှ 

📖


Noraရဲ့ Rock Star life မှာသူ့မောင် Joeဟာ အရက်သောက် ဆေးလွန်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်က သေသွားတယ် ဆိုရတာ သိလိုက်ရတာပဲ ။

 

ဒီအခြေအနေကို စိတ်ပျက်ကြေကွဲလိုက်တဲ့အချိန်မှာ Midnight Library က Mrs Elmရှေ့ကို ရောက်သွားတော့တာပဲ။ 

📖


Noraဟာ သူနာကျင်လွန်းလို့ ဒီအ‌ခြေနေတွေကို ရပ်တန့်ချင်ပြီ၊Library Card ပြန်အပ်ပြီး ၊library member အဖြစ်ကနေထွက်ချင်နေပြီလို့ Mrs.Elmကိုပြောတယ်။  

📖


Mrs.Elmက မင်းကိုယ်တိုင်ဟာ Library Card ဖြစ်နေတဲ့အပြင် ဒီLibraryဟာ မင်းရဲ့ ဖြစ်တည်မှု့ ဖြစ်လို့ ရပ်လို့မရဘူးလို့ ပြောတယ်။


😆ဖတ်ရင်း တခု ပြုံးမိရတာကတော့ Nora တစ်ယောက် Midnight Libraryထဲက  ဘဝတခုထဲက အဖြစ်အပျက်တွေကို မကြိုက်လို့ နောက်ဘဝ တခုပြောင်းတိုင်း အဲ့ဘဝ စရောက်ရောက်ချင်း အူတိအူကြောင်နဲ့ လက်ရှိရောက်နေတဲ့ Life ကို ခန့်မှန်းနိုင်ဖို့  သူ့နာမည်၊ သူ့သူငယ်ချင်း၊ သူ့ရည်းစား ၊သူ့အကြောင်းကအစ Google, Wikipedia, နဲ့ Facebook မှ လိုက်ရှာနေရတာပဲ။😆


🚦🚦🚦🚦🚦🚦🚦🚦


နောက်Life တခုမှာတော့ Nora ဟာ အရာအာလုံးနဲ့ ဝေးတဲ့နေရာမှာ ဦးတည်ချက်၊ ရည်ရွယ်ချက် တခုနဲ့  အလုပ်လုပ်နေချင်တယ်။ ကမ္ဘာကြီးအတွက် အကူအညီဖြစ်မယ့်အလုပ်မျိုး၊ ရှေ့တန်းကနေ ရာသီဥတု ပြောင်းလဲမှု့ကို သု‌တေသနပြုမယ့် Arctic Researcher လိုမျိုးပေါ့။ 

📖


Mrs.Elmကတော့ အဲ့လိုဘဝမျိုးကို မင်းအတွက် ရှာပေးစေချင်တာလား လို့ Nora ကိုမေးတယ်။ 


📖


သူ့ကိုယ်သူ ဘာဖြစ်ချင်နေမှန်း မသိတဲ့ Nora ကလည်း  Arctic Circle ဟာ တမူထူးခြား ပြောင်းလဲလောက်တယ်ဆိုပြီး Yes လို့ဖြေပြီး Mrs.Elm ကို အဲ့ဘဝ အတွက် စာအုပ် ရှာခိုင်းလိုက်တယ်။


🥶  🐻 🥶 🐻 🥶 🐻


အဲ့လိုနဲ့ နောက်Life တခုဖြစ်တဲ့  အသဲခိုက်အောင် အေးခဲ နေတဲ့ အာတိတ်ဒေသကို ရောက်သွားတယ်။ အဲ့ဒေသမှာ သူတို့ scientists ၉ယောက်အဖွဲ့က ရာသီဥတုပြောင်းလဲမှု့နဲ့ ပိုလာ ဝက်ဝံတွေကို လေ့လာရတာ။ 


အဲ့မှာ လူစုကွဲပြီး Nora တစ်ယောက် ပိုလာ ဝက်ဝံ အတိုက်အခိုက်ခံရတယ် ။ 

📖

📖

Nora တစ်ယောက် Library  နဲ့ Mrs.Elm ကို တမ်းတ၊ အော်ဟစ် ပြီး

🥶  🐻 🥶 🐻 🥶 🐻


'LIBRARY '. 'MRS.ELM! PLEASE SEND ME BACK!! THIS IS WRONG LIFE ! IT IS REALLY ,REALLY, REALLY WRONG! TAKE ME BACK ! I DON'T WANT ADVENTURE ! WHERE'S THE LIBRARY ! ' 


(ဪ...သေချင်တော့ လည်း နင်ပဲ၊ အခု ကြောက်ချင်တော့လည်း နင့်အပြင်မရှိဘူး၊ မိNoraရယ်၊ နင့်အကြောင်းဖတ်ရင်း ငါလည်း ခဏခဏ ပြုံးမိပါတယ်...)


🥶  🐻 🥶 🐻 🥶 🐻


ဘယ်သူမှ သူ့ကို လာမကယ်ရင် ပိုလာဝက်ဝံရဲ့ အစာဖြစ်တော့မှာပဲ။ သူ့နှလုံးဟာ ဒရမ်တီးသလို ခုန်နေတယ်။အဲ့ဒါပြဿနာပဲ ။ 


📖


သေခြင်းတရားကို နဖူးတွေ့ ဒူးတွေ့ကြုံရတော့ ဘဝဟာ ပိုပြီး ဆွဲဆောင်မှု့ရှိလာတယ်။ နောက် စာအုပ် တအုပ်ထဲက ဘဝတခုမှာ ဝင်နေဖို့ Midnight Libraryကို သူဘယ်လို ပြန်ရမလဲ။ 

📖


သေမှာ ကြောက်နေရုံနဲ့  Midnight Libraryကို‌ပြန်မရောက်ဘူး။ ဒီ life ကို disappointed ဖြစ်မှသာ Library ကို ပြန်ရောက်မှာ ။

 đŸ“–


ဒီလိုအခြေအနေမှာ သိလိုက်တာက  " သူမသေချင်သေးဘူး"။ သေဖို့အဆင်သင့် မဖြစ်သေးဘူး။

📖


Nora တစ်ယောက် ပိုလာဝက်ဝံကို ရှိတာလေးနဲ့  ရင်ဆိုင်နေတဲ့အချိန် ကျန်တဲ့ သူ့အဖွဲ့သားတွေက သူ့နာမည်ကို ခေါ်ပြီး လာကယ်ကြတယ်။ Nora တစ်ယောက် ဒီတခါတော့ တော်တော်တုန်လှုပ်သွားတယ်။ ပိုလာဝက်ဝံ တိုက်ခိုက်ခံရပြီး သေခြင်းတရားနဲ့ နီးသွားလို့တော့မဟုတ်ဘူး။ 

📖

📖


Midnight Library မရောက်ခင်ရော၊ Mrs.Elm နဲ့ တွေ့ပြီး  နေချင်တဲ့ ဘဝကို ရွေးနေလို့ရတာတောင်  သေချင်တယ်၊ တချိန်လုံးသေချင်နေခဲ့တဲ့ Nora တစ်ယောက် အခုမှ၊

 á€žá€°á€Ÿá€Ź တကယ် အသက်ဆက်ရှင်သန်ချင်နေသေးပါလားဆိုတာကို သိလိုက်ရတဲ့အတွက် တုန်လှုပ်သွားတာ။

📖

📖


အဲ့ဒီဘဝမှာ သူ့လိုပဲ parallel lives တွေမှာ ရှင်သန်ပြီး အဖြေရှာနေတဲ့ Hugo ဆိုတဲ့ လူက သူတို့ဟာ Sliders တွေလို့ခေါ်ကြောင်း ၊ multiverse အကြောင်း၊ Quantum wave အကြောင်း၊ ဘဝအကြောင်းကို Nora  နားလည်အောင် အများကြီး ရှင်းပြသွားတယ် ။


🚦🚦🚦🚦🚦🚦🚦🚦


နောက် Life အတွက် Nora ဟာ နူးညံ့ကြင်နာတက်တဲ့ ဘဝမျိုးလေးမှာနေချင်တယ်။ရက်စက်ကြမ်းတမ်းမှူ့မရှိတဲ့ ကမ္ဘာကြီးမှာနေချင်တယ်။ 


ဒီတခါတော့ Nora တစ်ယောက် ခွေးဂေဟာကို ရောက်သွားတယ် ။ အဲ့ဒီခွေးဂေဟာမှာ အလုပ်လုပ်တဲ့ နူးညံ့ကြင်နာတက်တဲ့ Dylan ဆိုတဲ့ ကောင်လေးနဲ့  ရည်းစား ။ 


ဒီဘဝကိုလည်း Nora စိတ်ထဲ ကျေကျေနပ်နပ်မရှိပြန်ဘူး ။ အဲ့ဒါနဲ့ Midnight Library က Mrs.Elm ရှေ့ရောက်သွားပြန်တယ်။


🚦🚦🚦🚦🚦🚦🚦🚦


နောက်ဘဝမှာတော့ ဝိုင် ထုတ်လုပ်သူနဲ့ အိမ်ထောင်ကျ ။

🚦🚦🚦🚦🚦🚦🚦🚦


အဲ့နောက်.. နောက်ပိုင်း..နောက်ပိုင်း ဘဝတွေမှာ အကျယ်မချဲ့တော့ပဲ  Nora နေခဲ့တဲ့ ဘဝတွေ အများကြီး တန်းစီ ရေးထားတယ် ။


📖 📖 📖 📖 📖

Nora ရဲ့ ပြဿနာက" Life fright "

Bertrand Russell wrote that " To fear love is to fear life, and those who fear life are already three-parts dead ".(Pg.36)


📖


နောက် ဘဝမှာတော့ အိမ်နီးချင်း Ash နဲ့ ကော်ဖီဒိတ်လုပ်၊ အဆင်တွေပြေ ၊သမီးလေး တစ်ယောက်မွေး ၊ ဒီဘဝမှာ သူ့မောင်ကလည်း အသက်ရှင်နေမှန်းသိရ၊ Platoဆိုတဲ့ ခွေးတစ်ကောင်ရယ် ၊ သာယာတဲ့ မိသားစု ဘဝလေးရယ်၊ မိခင်တစ်ယောက်၊ အချစ်ခံရ၊ပျော်ရွှင်‌စရာ‌ကောင်းတာထက်တောင် ပိုနေသေးတယ်။ 

📖

📖


Nora တစ်ယောက် ..ဒီဘဝမှာတော့ တော်တော်လေး အဆင်ပြေ ကျေနပ်စရာ ကောင်းနေပြီ။ ဒီဘဝမှာပဲ အခြေချတော့မယ် ၊ Midnight Library ကို မပြန်တော့ဘူး။ 


📖


Mrs.Elmက‌တော့ Noraကျေနပ်တဲ့ ဘဝတခုကို ရွေးချယ်ပြီးရင် အဲ့ဘဝမှာ ဆက်ရှင်သန်လို့ရတယ်၊ Library ဟာလည်း အပြီး ပျောက်ကွယ်သွားမယ်ဆိုတော့ ဒီဘဝကို ကျေနပ်ပီတိတွေ ဖြစ်ပြီး တွေးနေတုန်းမှာပဲ Nora တစ်ယောက်  Midnight Library က  Mrs.Elm ရှေ့ကို ဗြုန်းခနဲရောက်သွားပြီး၊ မမျှော်လင့်တာတွေ ဖြစ်လာတဲ့ အခါ..


📖

📖

....အပေါ်ဆုံးက စာကြောင်း ပြန်ကူးထားပါတယ်။ 


Midnight Libraryကို မရောက်ခင် နဂိုမူလဘဝ (root life) မှာ နောင်တတွေ ဆုံးဖြတ်ချက်အမှားတွေအပေါ် ခံစားမှု့တွေများခဲ့ပြီး ၊ သေချင်နေတဲ့ အရှုံးသမား Nora တစ်ယောက် စာအုပ် တအုပ်ပြီးတအုပ် ဘဝ တစ်ဘဝပြီး တစ်ဘဝ ပြောင်းနေလိုက်တာ....

 

Midnight Library စာအုပ် တွေထဲက  ဘယ် Life က

 á€žá€°á€ˇá€€á€­á€Żá€€á€ťá€ąá€”á€•á€şá€…á€ąá€™á€œá€˛ ။ ပျော်ရွှင်စေမလဲ ။ 


သတ်သေချင်တဲ့ ဆန္ဒပြောင်းသွားမလား..


Mrs.Elm ကရော Noraကို ဘဝအကြောင်း ဘာတွေ သင်ပေးမလဲ...


နောက်ဆုံးပိုင်း  Nora ဘာဆက်ဖြစ်မလဲ..


Midnight Libraryကြီးရော ‌ဘယ်လိုဆက်ဖြစ်သွားလဲ...


Nora သူဖြစ်ချင်တဲ့ ဘဝအိပ်မက်တွေကို အကောင်ထည်ဖော်ခွင့်ရသွားမလား...


Midnight Library ရဲ့စာအုပ်ထဲက သူ ရှင်သန်ချင်တဲ့ ဘဝမှာရော ရှင်သန်ခွင့်ရပါ့မလား....

 


ကိုယ့်ဘဝထဲက ချစ်ခင်သူတွေနဲ့ တွေ့ကြုံ၊ဆုံကွဲ

ခွဲခွာ နှုတ်ဆက်ရမှု့ကို Nora တစ်ယောက် နားလည်လက်ခံသွားမလား....


Nora တစ်ယောက် ဘဝဖြစ်တည်မှု့ပေါ်  မိသားစု၊ ပတ်ဝန်းကျင်အပေါ် မကောင်းတဲ့ဘက်ကနေ  ထားတဲ့ / မြင်တဲ့ အမြင်တွေ ပြောင်းလဲသွားမလား ဆိုတာ.... 


ဆက်ဖတ်ကြည့်ပါ ။


Sometimes,  the only way to learn is to "live".

Never understimate  the big importance of small things.


Mrs.Elm က Midnight Libraryထဲက စာအုပ်တွေထဲက ဘဝ တခုချင်းစီကို Nora မရွေးချယ်ခင် Nora 

တစ်ယောက် ဘဝအကြောင်း၊ ရှင်သန်ခြင်းအကြောင်း နားလည်အောင်၊ နားဝင်အောင် လမ်းညွှန်ပေးတာလေးတွေ ကောင်းပါတယ်။


P.S. ➡️ my P.O.V ➡️

Nora နေခဲ့တဲ့ Parallel Lives တွေ၊ အောင်မြင်ကျော်ကြားသူ၊ (ဘဝပေါင်းများစွာ )တိုင်းမှာ အားနည်းချက် ၊လိုအပ်ချက် ကိုယ်စီရှိတာချည်းပဲ ။ 


ပြီးပြည့်စုံတဲ့ ဘဝဆိုတာ မရှိဘူး ။ 


ဘဝတိုင်းဟာ ချမ်းသာ တဲ့သူလည်း ချမ်းသာတဲ့အလျောက်၊ ဆင်းရဲတဲ့သူလည်း ဆင်းရဲ တဲ့သူအလျောက်၊ ကျော်ကြားတဲ့သူလည်း ကျော်ကြားတဲ့သူအလျောက်၊ မိသားစုရှိတဲ့သူလည်း အနှောင်အဖွဲ့တွေ၊ နောင်တတွေ၊ အဆင်မပြေမှု့တွေ၊ ‌ချစ်တဲ့သူတွေနဲ့ သေကွဲ၊ရှင်ကွဲ ခွဲခွာရခြင်းတွေ ၊ရှိကြတာချည်းပါပဲ ။ 


ဘဝမှာ မလုပ်လိုက်ရတဲ့ ဆန္ဒတွေ...

ဆုံးဖြတ်ချက် အမှားတွေ၊  နောင်တရစရာ‌တွေ....


ငါ ဟာ အသုံးမကျတဲ့သူကြီးပါလား၊ ငါ့ကို ဘယ်သူမှ 

မလိုအပ်ပါလား၊ ငါ့အနား ဘယ်သူမှ မရှိပါလား လို့ 

ခဏခဏ တွေးပြီး  ကိုယ့်ဘာကိုယ်အပြစ်တင်၊ စိတ်ဓာတ်ကျမှု့တွေနဲ့ ရှင်သန်နေမယ့်အစား ၊ 

📖


‼️ “the prison wasn’t the place, but the perspective”; (Pg.284)‼️


‼️ ကိုယ့်အတွေးတွေထဲမှာ အကျဉ်းကျ ပိတ်မိနေမယ့် အစား ၊ ကိုယ် အခု ရှင်သန်နေရတဲ့ ဘဝ အပေါ် ထားတဲ့ ကိုယ့် ရှု့ထောင့် အမြင်ကိုပြောင်းပြီး ဖြစ်ချင်တဲ့ 

အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း ရှင်သန်ကြတာ ပိုကောင်းပါတယ်။  ။ ‼️


Book Review & Summary by Hnin Yi Pwint 

June 3. 2021

Present Book from Rose's Books 💜

No comments: