Tuesday, September 6, 2022

Marnie by Winston Graham ဘာသာပြန်က မာနီ - (တင်မောင်မြင့်)

 1961 မှာ စထုတ်တဲ့Marnie by Winston Graham ဘာသာပြန်က မာနီ - (တင်မောင်မြင့်)


Movieက 1964...ဒါရိုက်တာ က Alfred Hitchcock ၊

JamesBondမင်းသားSean Connery  နှင့်

မင်းသမီးTippi Herdran....


Movie Link 🎬 No Subtitle 🎬

https://dai.ly/x26u6n2


https://youtu.be/9i6TfHDXLqs


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑

📝📝 #မာနီ  ဇာတ်လမ်းအကျဉ်း 📝📝


မာဂရက်/အများခေါ် မာနီ/ မော်လီဂျက်ဖရီ ၊

မစ္စစ်အယ်လ်မာ/မာရီယံဟော်လန်/ ပဂ္ဂနီကိုလ်ဆင် /

မစ္စမေရီတေလာ...စတဲ့

 

နာမည်‌ပေါင်းများစွာ ပြောင်းပြီး ကုမ္မဏီတွေမှာ စာရင်းကိုင်၊ ငွေကိုင် ရာထူးနဲ့ အလုပ်ဝင်၊ကျင်လည်နေသည့် ငွေပဲ ခိုးတဲ့ သူခိုးမလေး #Marnie မာနီ...


ခိုးရာပါငွေနဲ့ ခြေတရွတ်တိုက်ဆွဲနေတဲ့ မိခင်ကြီးကို ထောက်ပံ့နေတဲ့ မာနီ။


ငွေ နဲ့ သင်္ချာပညာကို ကျွမ်းကျင်တဲ့ မာနီ...


ငွေကိုင် ၊စာရင်းကိုင် ဝင်လုပ်တယ် ၊ပြောင်းတဲ့ ကုမ္မဏီတိုင်းမှာ ယုံကြည်မှု့ရှိအောင် အချိန်တခုထိ လုပ်တယ်။


သူ ဝင် အလုပ်လုပ်တဲ့နေရာတိုင်းကနေ  ပိုက်ဆံ #ဘတ် ပြီးရတာနဲ့ အလုပ်တခု ကနေ နောက်တခုကို သေသေသပ်သပ်နဲ့ ခြေရာဖျောက်တက်သူ Marnie ..


သက်သေခံကဒ်ပြား ၊ဘဏ်စာရင်းက အစ 

ပိပိရိရိ အကွက်ကျကျ တစ်ကိုယ်တော် လုပ်နိုင်

တဲ့ Marnie....


Marnie မှာ ဒီခိုးတဲ့အလုပ်ကို မလုပ်မရမနေနိုင်တဲ့ စိတ်ရောဂါတမျိုး ရှိနေတယ် ။


၈နှစ်သမီးလောက်ကတည်းက သူများထက် လျင်တာ ၊ချောင်ပိတ်ခံရမယ့် ကိစ္စမျိုးဆို လက်တလုံးခြား ရှောင်တက်တာ Marnie တစ်ယောက် သူ့ကိုယ်သူ သိတယ် ။


၁၀နှစ်သမီးမှာ ခိုးမှု့နဲ့ နှစ်ခါ အမိခံရဖူးတယ်။

မိသွားတာက ..မာနီ ညံ့လို့တော့ မဟုတ်၊အတူလုပ်တဲ့ ကောင်မလေး တစ်ယောက်က သတ္တိကြောင်ပြီးဖော်ကောင်လုပ်လို့ မိ သွားရတာ ။


၁၀နှစ်သမီး မှာ အတူခိုးတဲ့သူက ဖော်ကောင်လုပ်လို့ အမိခံလိုက်ရပြီးနောက်ပိုင်း Marnie တစ်ယောက် အဖော်နဲ့ မလုပ်ပဲ တစ်ကိုယ်တော် စွန့်စားခန်းတွေပဲ 

ဖွင့်တော့တယ် ။


၁၉၄၃ မာနီ့ အဖေ စစ်ပွဲမှာ ဆုံးတယ် ။ အဲ့အချိန် မာနီက ၆နှစ်သမီး ၊မာနီ့ အမေက ဒုတိယကိုယ်ဝန်ကြီးနဲ့၊ အရပ်လက်သည်နဲ့ မွေးတော့ ၊ ကလေးအဖက်မတင်၊ အဲ့အချိန်ကစပြီး မာနီရဲ့ အမေဟာ ခြေတရွတ် ဆွဲဖြစ်သွားတယ် ။


မာနီ ဟာ ပါရမီညဏ်ထက်မြတ်ပေမယ့် အခြေအနေတွေကြောင့် ၁၄ နှစ်သမီး အထိပဲ ကျောင်းနေခဲ့တယ်။


ငယ်ငယ်ကတည်းက ဘဝကို ရုန်းကန်ခဲ့ရသူ ၊

အထီးကျန်ဘဝသမား၊ ဒါပေမယ့် သူက စိတ်ဓာတ်ပြင်းထန်တယ် ။ သူငယ်ချင်းအပေါင်းအသင်းမရှိဘူး၊အထီးကျန်တယ်လို့ မထင်‌ရအောင်နေတယ် ။

 သူများမိန်းကလေးတွေ ဒီအရွယ် ‌အပျော်အပါးမက် ၊ ယောကျာ်းတွေနဲ့ ပွေနေတဲ့ အချိန် မှာ Marnie ဟာ

ငွေပဲ စိတ်ဝင်စားတယ်။


လူတွေအတွက် ၊ တစုံတခုအတွက် စိတ်မကောင်းဖြစ်တာတွေ ၊ကရုဏာဖြစ်တာတွေမရှိတဲ့ မာနီတစ်‌ယောက် Rutland စာအုပ်ကုမ္မဏီမှာ ဝင်လုပ်ရင်းနဲ့  အလုပ်ရှင်ရဲ့ သား ဖြစ်သူ၊ မိန်းမဆုံးတာ သိပ်မကြာသေးတဲ့  မုဆိုးဖို ပူပူနွေးနွေး #Mark_Rutland နဲ့ တွေ့မှ...


#Mark_Rutland ဟာ တော်တယ် ၊ပါးနပ်တယ်။

သူ့အ‌ဖေပိုင် ကုမ္မဏီ ရတ္တလန်စာအုပ်တိုက် မှာ  မာနီက ငွေကိုင် ဝင်လုပ်ခဲ့တယ် ။


အဲ့ဒီမှာ ပိုက်ဆံ #ခိုး #ဘတ်ပြီး ခြေရာဖျောက်ခဲ့တာပဲ ။


ဒါပေမယ့် သူ့ထက်ပိုလည်တဲ့ Mark Rutlandနဲ့ တွေ့မှ ရှောင်လို့မရ ၊ Marnie ခြေရာဖျောက်သွားတဲ့ နေရာထိ  Mark Rutlandဟာ တွေ့အောင် ‌ရှာနိုင်ခဲ့တယ် ။


Mark Rutlandဟာ Marnieကို အမျိုးမျိုးစစ်မေးတယ်။ 


Marnie လိုထက်မြက်တဲ့မိန်းကလေးဟာ ဘဝကို တခြားနည်းနဲ့ ထူထောင်ဖို့ ဘာကြောင့် မစဉ်းစားသလဲပေါ့ ။ Marnie မှာလည်း မခိုးရမနေနိုင်တဲ့ စိတ်ရောဂါ ရှိတာကိုး ။


Mark Rutland ဟာ  သူ့ကုမ္မဏီက Marnie ခိုးသွားတဲ့ ပေါင်၂၂၀၀ထက် သူ့ကို အပိုင်ဖမ်းရင် ဒီထက်ပိုရနိုင်တယ်ဆိုတာ မစဉ်းစားမိဘူးလားမေးတယ်။


#Marnie----"နည်းနည်းကြောင်မလားမသိဘူး၊

ခုလိုနည်းနဲ့ ပိုက်ဆံခိုးရတာဟာ #ပိုက်ဆံအတွက်_ယောကျာ်းယူရတာထက်_ရိုးသားမှု့ရှိတယ်လို့ …" ဖြေတယ် ။


Marnie ဟာ လှတယ်၊ချောတယ် ၊ ထူးဆန်းတယ် ။


အလုပ်လုပ်တိုင်း ယောကျာ်းကိစ္စဆို  တက်နိုင်သမျှ ရှောင်တယ်။ သူ့ကိုယ်သူ မုဆိုးမ တစ်ယောက်အနေနဲ့ ပြောထားတယ် ။


Marnie စိတ်ဝင်စားတာက  ငွေခိုးမယ်၊ ဘတ်မယ် ၊လိမ်ဖို့ပဲ ။


အဲ့အချိန်ကတည်းက Mark Rutland ဟာ Marnie ကို ချစ်နေခဲ့တာ ။


Mark Rutland ဟာ သူ့ကို လက်ထပ်ဖို့ ထပ်ပြောတယ်။ Marnie မှာ ရွေးချယ်ခွင့်မရှိ ။


ခိုးမှု့နဲ့ ထောင်ထဲဝင်မလား၊လက်ထပ်မလား ။ 

ထောင်ထဲဝင်ရင်လည်း Marnie လိမ်ထားတဲ့ ကျန်တဲ့ လံကြုတ်ဇာတ်လမ်း တွေ၊ ခိုးမှု့ တွေထပ်ပေါ်မှာပဲ ။


ချစ်ဟန်ဆောင်ပြီး လက်ထပ်ခြင်းကသာ Marnie အခု ကြုံနေရတဲ့ ကျဉ်းထဲကျပ်ထဲကနေ ခံသာမယ်ပေါ့ ။


သူ့လို ခိုးတက်၊ လိမ်တက် တဲ့ မိန်းကလေးမျိုးကို တိုက်ခန်းပေး ၊  အပျော်မယားအနေနဲ့ မထားပဲ

 #Mark_Rutland တစ်ယောက် သိသိကြီးနဲ့ လက်ထပ်ယူဖို့ လုပ်တာကို Marnie ကိုယ်တိုင်ကလည်း အံဩတယ်။


#Mark_Rutland ဟာ #Marnie ကို သိပ်ချစ်မိသွားတာကိုး။ 


 #Mark_Rutland--"အချစ်ဆိုတာ သူဖြစ်ချင်သလို ဖြစ်လာတာ၊ ဘာနဲ့မှ တားမရဘူး ။"


အဲ့ဒီနောက် ဆက်ဖတ်ရင် Mark Rutland နဲ့ Marnie တို့ရဲ့ #အိပ်ရာပေါ်က_အဆင်မပြေတဲ့_အချစ်ဇာတ်လမ်းတွေ ။



Marnie ကတော့ Mark Rutland ကို မချစ်ဘူး ။

ထောင်ထဲ ထည့်မှာစိုးလို့သာ လက်ထပ်လိုက်ရတာ။


Marnie က လူတစ်မျိုး ။ သူ့ကိုယ်သူ ဘာကြောင့် ဖြစ်မှန်းမသိ တဲ့ စိတ်ရောဂါ ၊ စိတ်ဒဏ်ရာ တခုကMarnie တစ်‌ယောက် ယောကျာ်း၊ အိမ်ထောင်ရေး၊ လိင်ကိစ္စ၊  အချစ်၊ အဲ့ဒါတွေကို စိတ်ဝင်စားတာ လုံးဝမရှိဘူး ။


အဲ့လိုဖြစ်ရတာဟာ Marnie အမေ က လိင်ကိစ္စ၊ အိမ်ထောင်ရေးစက်ဆုပ်ရွံရှာ‌ဖွယ်ကောင်းကြောင်း Marnie ခေါင်းထဲကို ရိုက်သွင်းခံထားရတာကြောင့်လည်း ပါမယ် ။


ပျားရည်ဆမ်း ခရီးမှာ နှစ်ယောက် ဘာမှ အဆင်မပြေခဲ့ဘူး ။ Marnieဟာ ရေကူးရင်း ရေနှစ်သတ်သေဖို့တောင် ကြိုးစားခဲ့သေးတယ်။ Mark Rutland က လိုက်ကယ်တယ် ။


Marnie နေရာမှာ တခြားမိန်းကလေးတစ်ယောက်ဆို မိန်းကလေး တစ်ယောက်အနေနဲ့ ...

Mark Rutlandလို ပြည့်စုံပြီး သိပ်ချစ်တက်တဲ့ သူမျိုးကို ရတာ ကံကောင်းတယ်တောင် ထင်ကြဦးမှာ ။


ပျားရည်ဆမ်း ခရီးက ပြန်လာကတည်းက Mark Rutland နဲ့ Marnie တခန်းစီ ခွဲနေကြတယ်။


#Mark_Rutland က...... "Marnie ၊ကိုယ့်ကို တခုပြောပြပါလား၊ မင်း..လက်ထပ်ပြီးကတည်းက ကိုယ်နဲ့အတူမအိပ်ချင်ဘူး ဆိုတာ ရှင်းရှင်းကြီးပြနေတယ်၊ဒီကိစ္စကို အမုန်းကြီး မုန်းနေသလိုပဲ ၊ကိုယ် သိချင်တာက.. မင်း..ဒီလိင်ကိစ္စကို မုန်းတာလား၊ကိုယ့်ကို မုန်းတာလား ဆိုတာပဲ ၊တခြားတစ်ယောက်နဲ့ ဆိုရင် မင်းပျော်နိုင်မလားဟင် " ။


#Marnie---"ဟင့်အင်း၊အဲ့ဒီလို လုံးဝမဟုတ်ဘူး "။



#Marnie ---- "ကျေးဇူးတင်ပါတယ်၊ဒီအတိုင်းနေပါရစေ၊ဘာမှဖြစ်တာမှမဟုတ်ပဲ၊ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးလေ၊ တချို့က ဂီတ ကို ချစ်တယ်၊ တချို့က မုန်းတယ်၊ အားလုံး အကြိုက်တူနေရင် လောကကြီးဟာ သိပ်ဆင်းရဲသွားမှာပေါ့ ။ "


#Mark_Rutland---" ဒီမယ် Marnie ၊အချစ်ကိစ္စဟာ ဂီတကို ကြိုက် မကြိုက်နဲ့ နှိုင်းယှဉ်လို့မရဘူး ၊

#အချစ်ဆိုတာ_နိယာမတရား ၊ #အဲ့ဒီစိတ်မရှိဘူးဆိုရင်တော့_တခုခုမှားနေလို့ပဲ ။ "


Marnie --- "အဲ့ဒါကို မုန်းတီးတာ မာနီတစ်ယောက်တည်း မဟုတ်ပါဘူး"


Mark Rutland ---" ထားပါတော့လေ၊ဒါပေမယ့် အဆင့်တော့ရှိလိမ့်မယ် ၊ မင်းက ပြင်းထန်လွန်းတယ် ။"


အဲ့လိုနဲ့  Mark Rutland ဟာ ပုံမှန်မဟုတ်တဲ့ Marnie ကို စိတ်ရောဂါကုဆရာဝန် ဒေါက်တာရိုမန်နဲ့ ပုံမှန် ပြခိုင်းစစ်‌ဆေးတယ် ။



Marnie တစ်ယောက်ဟာလည်း စိတ်ရောဂါကုဆရာဝန် နဲ့ မျိုးစုံစစ်တိုင်း လံကြုဇာတ်လမ်းတွေရော ၊

လံကြုတ် အိပ်မက်တွေပါ ထည့်ထည့်ရောတုန်းပဲ ။

 

Mark Rutland တစ်ယောက် Marnieကို ချစ်တဲ့စိတ်နဲ့ 

ဒီလောက်ပြောင်းလဲပေးချင်နေရက်နဲ့ Marnie 

တစ်ယောက် ဘာလို့ မပြင်နိုင်ရတုန်း။


ဟုတ်တယ် ..မာနီက လူတမျိုး ၊ ပုံမှန်မဟုတ်ဘူး။ 


သူများတွေ အိမ်ထောင်ရက်သားနဲ့ အတည်တကျ နေချင်ကြတယ် ၊ Marnieကျ အဲ့လိုဘဝ ရရဲ့သားနဲ့ လက်မခံဘူး။ ကလေးမလိုချင်ဘူး ။


Mark Rutland စိတ်ချမ်း‌သာအောင်သာ Marnie က စိတ်ရောဂါဆရာဝန်ဆီ ပုံမှန် သွားကုနေရတယ် ။


အဲ့အချိန်  Mark Rutland တစ်ယောက်ဟာလည်း သူသိပ်ချစ်တဲ့ Marnieရဲ့ အရင်က ငွေခိုးခဲ့တဲ့အရှုပ်တွေ၊


ခိုးမှု့နဲ့ မြို့၃မြို့ရဲတွေ လို အပ်နေတဲ့ Marnie ကို တခြားသူတွေမသိအောင်သိုသိုသိပ်သိပ် ဖုံးဖုံးဖိဖိ ထိန်းနေရတယ်။


နောက်ပိုင်း Marnie အမေ ဆုံးတယ် ။


အဲ့ဒီမှာ Marnieဟာ သူ့အဖေပုံများ တွေ့မလား ရှာရင်း ၊သူငယ်ငယ်က သတင်းစာ ဖျက်ပိုင်း တခု တွေ့မိတယ်။


အဲ့ဒီထဲမှာ မာနီ ဟာ သူ့အမေ ရဲ့ အတိတ်ကို သွားတွေ့တယ် ။ 


စိတ်ရောဂါကု ဆရာဝန် အဖြေရှာနေတဲ့ Marnieရဲ့

အခုလို ဘာကြောင့် ယောကျာ်း၊ အိမ်ထောင်ရေး ၊

လိင်ကိစ္စ စိတ်မဝင်စား ကြောက်ရသလဲ ဆိုတာကို အဖြေရှာတွေ့သွားတယ် ။

 

သူ တွေ့တဲ့ သတင်းစာဖျက်ပိုင်းလေးထဲမှာ Marnie ရဲ့အမေ ဒုတိယမွေးတဲ့ ကလေး ယောကျာ်‌လေးကို မွေးပြီးပြီးချင်း စိတ္တဇဆန်ဆန်  ကိုယ့်ဘာကိုယ် သတ်မိတဲ့ 

Marnie အမေ ရဲ့အတိတ် ဇာတ်ကြောင်း ။


အဲ့ဒီ ကလေးမွေးတဲ့ည မှာ မာနီဟာ ငယ်ပေမယ့် တဖက်ခန်းမှာရှိ‌နေတယ်၊ 

 

သူ ငယ်ငယ်က ကြုံခဲ့ရတဲ့ မိဘနှစ်ပါးရဲ့ အိမ်ထောင်ရေး အဆင်မပြေတာ တွေ၊ အဲ့ဒီအဖြစ်ဆိုးကြီးက မာနီရဲ့  ကလေးဘဝ စိတ်နုနုကို သွားထိပြီး


 #မာနီ မှာလည်း ယောကျာ်းတွေနဲ့ အသားချင်းထိတာ

မကြိုက်တာ၊လိင်ကိစ္စ ၊ကလေးမွေးရမယ့် ကိစ္စကြောက် တာတွေ ၊ စိတ္တဇဆန်ဆန် သန္ဓေပါသွားတာပေါ့။ 


Marnie ရဲ့အမေဟာ သူကြုံခဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝ

မှာ လိင်ကိစ္စဟာ ကောင်းကျိုးမပေး အနိဋ္ဌာအာရုံ ဖြစ်ခဲ့တော့ သမီးဖြစ်သူ မာနီကို လိင်ကိစ္စ ကို မုန်းအောင်လို့  ရိုက်သွင်းခဲ့တယ် ။


"လူတွေဟာ ချုပ်တည်းရတဲ့ အရာတွေကို မုန်းတက်ကြတယ်၊ရက်စက်မှု့ ထိန်းချုပ်လွန်းတဲ့သူဟာ ရက်စက်တက်တဲ့ သူဖြစ်သွားတယ် " ။


Mark Rutland နဲ့ Marnie ဟာ အိမ်ထောင်ရေးကို

မြင်တဲ့ အမြင် ကွာတယ် ။


#Marnieအတွက် သူဟာ စိတ်မပါပဲ အိမ်ထောင်ရေးထဲမှာ ချောင်ပိတ်ခံနေရတယ်လို့ထင်တယ် ၊ သူ့အနေနဲ့ စိတ်ဆင်းရဲနေရတယ် ။ ဝဋ်ခံနေရတယ်လို့ထင်တယ်။


#Mark_Rutland အတွက်ကတော့ Marnie ဟာ ထူးဆန်းတဲ့ မိန်းကလေးမှန်း သိပေမယ့် သူချစ်သလို Marnie ပြန်ချစ်လိမ့်မယ် ပဲတွေးတယ်၊ သူမကို အဖြစ်ဆိုးကနေ ကယ်တင်ပေးမယ် ၊ ချစ်တဲ့စိတ်နဲ့ အရာရာ ဖြတ်ကျော် နိုင်မယ် လို့ ယုံတယ် ။


ဒါပေမယ့်လည်း Marnie လုပ်ခဲ့တဲ့ ခိုးမှု့တွေရဲ့ အတိတ်ဟာ အရိပ်လို လိုက်ပါလာတယ် ။


#Mark_Rutland ဘယ်လိုရှင်းပေးမလဲ ။

#Marnie ကရော #Mark_Rutland အပေါ် 

အချစ်စိတ်တွေ ဖြစ်သွားမလား ဆိုတာ .....


Mystery , Crime Novel ဆိုပေမယ့် မှု့ခင်းထက်

ဇာတ်ကောင်ကြုံခဲ့ရတဲ့ အတိတ် ၊ ဇာတ်ကောင် ကြုံရတဲ့ စိတ်ကစဉ့်ကလျားဖြစ်တဲ့ စိတ်ကျန်းမာရေး အခြေအနေ၊ ဖြေရှင်းတာ အဓိကထား ရေးထားတယ် ။


ထုံးစံအတိုင်း ပဲ စာအုပ်နဲ့ ဇာတ်ကား နောက်ဆုံး 

ဇာတ် သိမ်းမှာ ကွာခြားမှု့ နည်းနည်းရှိတယ် ။


ဒီ စာအုပ်က ဆွဲဆောင်မှု့ ရှိတယ် ။ဖတ်ရင်း...

တခါတည်း မျောပါသွားတာတော့ အမှန် ။ 


ကိုယ် မနေ့ညအလုပ်ပြီး မနက်1နာရီ လောက်က စ

ဖတ်လိုက်တာ မနက် 4 နာရီလောက်မှာပြီးသွားတယ် ။


ဖတ်ရင်းဘာဖြစ်မလဲ သိချင်စိတ်နဲ့ ဆက်ဖတ်ဖြစ်သွားတာ ။


မိဘတွေ အထူးသဖြင့် အမေတွေဟာ ကိုယ် အိမ်ထောင်ရေး၊ လိင်ကိစ္စ တခုခုမှာ အဆင်မပြေတာ တခုခုကြုံခဲ့ရင်ပဲ ကိုယ့် သားသမီးကို အဲ့လို မကြုံစေချင်လို့ အဲ့ဒါနဲ့ ပတ်သတ်ပြီး မကောင်းကြောင်း၊ 

မသင့်တော်ကြောင်းတွေ ခေါင်းထဲ ရိုက်သွင်းရင်း

သားသမီးက   ဆိုက်ကို ဝင်ပြီး အဲ့ဒီအရာကို မလုပ်ရဲ၊

မဆက်ဆံရဲတော့ပဲ  ကြောက်သွားတာ ....


ဒီစာအုပ် ဖတ်ပြီး အရင်ဖတ်နေကျ စာအုပ်တွေနဲ့

မတူတဲ့ ရသတခု ရသွားမှာ အမှန်ပါ ။


#Book_Review_by Hnin Yi Pwint

July 6, 2020

No comments: