Tuesday, September 6, 2022

Tender is the Flesh by Agustina Bazterrica

 📕 Tender is the Flesh by Agustina Bazterrica


📕 Dystopian Horror


📌 🚫 မှတ်ချက် ။  ။ cannibalism , sexual assault, animal  cruelty , brutality တွေပါလို့ "သားသတ်လွတ် သမား" တွေ မဖတ်ဖို့ အကြံပြုချင်ပါတယ် ။


Dystopian ကာလ တခုမှာ အခု လူတွေ ပုံမှန်စားသုံး နေ တဲ့ တိရစ္ဆာန် တွေဟာ virus တခုကြောင့် စားလို့ မရ တော့ဘူး။ စားမိရင် အဆိပ်ဖြစ်မယ်။ အဲ့ဒါကြောင့် လက်လှမ်း မှီသမျှ တိရစ္ဆာန် တွေကို ဖျက်ဆီး ပစ်ရ တော့တယ်။


အဲ့ဒီအချိန်မှာ ဆရာဝန်တွေဟာလည်း ပရိုတိန်း ဓာတ်ဟာ လူတွေအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ပြောလာ ကြ တယ် ။



အသားဈေးကွက်ကို အစားထိုးဖို့ အတွက် လူသားကို သားဖောက်ပြီး ရောင်းချမယ့် breeding center တွေ၊ သားသတ်ရုံတွေ ပေါ်ပေါက်လာတယ် ။


တိရစ္ဆာန် တွေ ကိုစားဖို့ မဖြစ်နိုင်တော့ တဲ့အတွက် အစိုးရတွေဟာ "လူသား " ကို  Special Meat အနေနဲ့  တရားဝင်ရောင်းချလာတဲ့အခါ....


လူသားတွေဟာ တိရစ္ဆာန် အသား စားစရာ မရှိတော့တဲ့အခါ cannibalism ဖြစ်လာပြီး လူသားအချင်းချင်းစားဖို့ သွေး‌ဆာလာကြတယ်။


လူသားကိုမှ ၂မျိုးကွဲသွားမယ်။ တမျိုးက feeders ၊ နောက်တမျိုးက  eaters ။


လူသားကိုမှ အသားပေါ်မူတည်ပြီး  အဆင့်တွေ(Grade)  အမျိုးမျိုးသတ်မှတ်ထားတယ် ။


လူသားကို  သတ်ဖြတ်ပြီး စား‌သောက်နေကြ ပေမယ့် "လူသား " လို့ ဘယ်သူမှ မခေါ်ကြဘူး၊ "special meat " လို့ပဲ ခေါ်ကြတယ်။  ခေါ်ရမယ့် အသုံးအနှုန်းတွေ လည်း ရေးထားတယ် ။


 အသား ဈေးကွက် လိုအပ်ချက်ကို ဖြည့်ဖို့ Special meat  ထုတ်လုပ်တဲ့  Breeding Center မှာ လုပ်တဲ့ Marcos...


Marcos ၊ သူဟာ ဒီအလုပ်လုပ်ပေမယ့် လူသား မစား သေး ဘူး ။


သူ့သားငယ်ဟာလည်း (အကြောင်းတခုကြောင့် ဆုံးသွားတယ် )၊ Marcos ဟာ သူ့ မိန်းမနဲ့လည်း ခဏတာကွဲနေတယ် ။


Human Slaughter House အသားထုတ်တဲ့နေရာမှာ လုပ်တဲ့  Marcos ကနေ ၊  သားဖောက်တာ၊ သားဖောက်၊ သတ်ပြီး အသားအနေနဲ့ ရောင်းမယ့် လူသား (gradeအလိုက်) ကို ဘယ်လို ထိန်းသိမ်း သိုလှောင် ထားတာ၊ ဘယ်အပိုင်းက လူကြိုက်များတာ ၊ 

နောက်ဆုံး ဈေးကွက်ထဲ ကုန်ချောအနေနဲ့ ပါကင်

ဘယ်လိုထုတ်တယ်ကအစ စာအုပ်ထဲမှာ  Marcosက သေချာ အသေးစိပ် ရှင်းပြပေးလိမ့်မယ်။  


 

မကြာခင် ကာလမှာ ဘာသာပြန် ထွက်မယ်လို့ ပြောထားတဲ့ စာအုပ်မို့ spoil ဖြစ်မှာစိုးလို့ စာအုပ်ထဲက  ရက်စက်မှု့တွေအကြောင်း အများကြီး ရေးမပြတော့ဘူး။ 


( ကြားထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ တခြား အကြောင်း၊ အချက်တွေ အများကြီး ကျန်သေးတယ် ။)


အရေးအသားကောင်းတယ်။ ဇာတ်လမ်းအရဆိုရင်

တအုပ်လုံး  နောက်ဆုံးစာမျက်နှာ အထိ  ဆွဲဆောင်ထားတယ်။


မနှစ်မြို့စရာတွေချည်း ဖြစ်ပေမယ့် လူဆိုတဲ့အမျိုးဟာ စားစရာမရှိတဲ့ကာလကို ရောက်ရင် ၊ လူ သား ချင်း ကြီးနိုင်ငယ်ညှင်း၊ တိရစ္ဆာန်လို မွေး၊ သတ်၊ စား နိုင်တဲ့ အရိုင်းဆန်တဲ့ လူ့ သဘော သဘာဝ‌ကို စာရေးဆရာက ပြချင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ 


ဒါ ဖတ်နေတုန်း Taste Life ကနေ အမဲဖော်တာ၊ အသားဖျက်တာကို အစအဆုံးပြနေတာ၊ အဲ့နေရာမှာ " လူသား" သာဆိုလျှင် ဆိုတဲ့အ‌တွေးနဲ့ ၊ မြင်ရတာ

အသည်းတွေယားချက် ။ 


လူသားအချင်းချင်း ရဲ့ ရက်စက်မှု့တွေ  သရဖူဆောင်းမယ့် စာအုပ်ပေါ့။ 


အသည်းငယ်တဲ့သူဆိုရင်တော့ ဒီစာအုပ်ဖတ်ပြီးတာနဲ့  သားသတ်လွတ်သမားတောင် ဖြစ်ချင် ဖြစ်သွားနိုင်ပါတယ်။ 😁


#Tender_is_the_Flesh by Agustina Bazterrica

#BookReview by Bookish In Fiction Land 

26.Mar. 2022

No comments: