Sunday, September 4, 2022

Salt To The Sea by Ruta Sepetys

📕 Salt To The Sea by Ruta Sepetys

📕 Historical Fiction


ဒီစာအုပ်ဟာ တခြားနိုင်ငံက စာဖတ်သူတွေကြားမှာ အကြိုက်များခဲ့တဲ့ စာအုပ်ပါ ။


🚢🛳 ဇာတ်လမ်းအကျဉ်း 🚢🛳️


1945 , Eastern Prussia (Poland) ကို Soviet ရဲ့ 

Red Army နီးကပ်လာတယ် ။ Red Army က လေကြောင်းကနေ ဗုံး တွေ ကျဲချတဲ့အချိန် ဒီထဲက ဇာတ်ကောင်တွေဟာ သူတို့ အသက်ရှင်ရေးအတွက် မျှော်လင့်ချက်တခုဖြစ်တဲ့ "သင်္ဘောတခုစီ " ရောက်ဖို့ ရုန်းကန်ရင်း  ပြေးနေရတယ်... သင်္ဘောနာမည်က

" The Wilhelm Gustloff " ဂျာမန်သင်္ဘော ။


အဲ့ဒီသင်္ဘောဆီရောက်ဖို့ တောထဲမှာ  အန္တရယ်မျိုးစုံ ကိုလည်း ရှောင်ရတယ်။ အေးခဲနေတဲ့ ရေခဲမြစ်လည်း ဖြတ်ရတယ်၊ ကြားထဲမှာ သင်္ဘောဆီမရောက်နိုင်တော့ပဲ အေးခဲပြီး သေသွားကြတဲ့သူတွေလည်း အများကြီး ။



ဒီစာအုပ်ထဲမှာ အဓိက ဇာတ်ကောင် လေးယောက် ရှိတယ်။ 

👩 Lithuanian သူနာပြု ၊ 

👩ကိုယ်ဝန်လွယ်ထားရတဲ့ ၁၅နှစ်အရွယ် Polish မိန်းကလေး ၊ 


👨လျှို့ဝှက် mission တခု ထမ်းဆောင်နေသလို ပုံဖမ်းထားပေမယ့် ၊ တကယ်က "Amber Room" က အဖိုးတန် ပစ္စည်းတွေ ကို ခိုးယူဖို့ အကြံအစည် ရှိတဲ့ East Prussia လူငယ်တစ်ယောက်၊  


👨အဝေးရောက်နေတဲ့ ရည်းစားကို စာရေးရင်း သူ့ကိုယ်သူ သင်္ဘောပေါ်မှာ အရေးကြီး တာဝန် ထမ်း‌ဆောင် နေရသလို ကြီးကျယ်ပြနေတဲ့ German သင်္ဘောသားလေး ...


စတဲ့   á€‡á€Źá€á€şá€€á€ąá€Źá€„် ၄ယောက်ရယ်၊ ဒုက္ခသည် အဖွဲ့တဖွဲ့ အတူ စစ်ဘေးရှောင်ကြ ရင်း ၊ တစ်ယောက်စီ ရဲ့ အမြင်ကို ရေးထားတယ်။  အပိုင်း ၁ခုစီဟာ မရှည်ဘူး၊ တိုတိုလေး တွေ နဲ့ ဇာတ်ကောင်တခုစီရဲ့ အဖြစ်အပျက် တွေကို ချိတ်ဆက် ထားတယ် ။


စစ်‌ဘေးဒုက္ခသည်တွေကို  ဘေးလွတ်ရာ ဒေသကို ရွှေ့ပေးတဲ့ ဂျာမန် တွေရဲ့ The Wilhelm Gustloff သင်္ဘောပေါ်ကို လူတိုင်း တက်ခွင့်မရှိဘူး ။ ခွင့်ပြုချက် စာရွက်စာတမ်းတွေ လိုတယ် ။ အဲ့အတွက် တချို့က အတုတွေ လုပ်ကြတယ် ။ စိစစ်ထားပြီး စာရွက်စာတမ်း ပါတဲ့သူမှ တက်လို့ရတာ ။



အဲ့တော့  ဒီထဲက လူစုထဲက တချို့ကစာရွက် စာတမ်း လုပ်ပြီးသား ၊ဒီထဲက ကိုယ်ဝန်ကြီး နဲ့ Prussia ကောင်မလေးသာ စာရွက်စာတမ်းမပါတော့၊ သူတို့လိုပဲ စစ်ဘေးရှောင်ရင်း လမ်းမှာ အေးခဲသေသွားတဲ့ အမျိုးသမီးတစ်ယောက်ဆီက မှတ်တမ်းစာရွက်နဲ့  ရုပ်ချင်းဆင်သလို လုပ်ပြီး သင်္ဘောပေါ်တက်ခွင့်ရဖို့ ကြံရဖန်ရတယ် ။ သူတို့ အားလုံးဟာ အသက်ဆက်ရှင် ဖို့အတွက် သင်္ဘောပေါ် တက် ခွင့်ရဖို့ ။


သင်္ဘောပေါ်တက်ခွင့်ရတဲ့ လူတွေကလည်း မိသားစုနဲ့ ပြန်ဆုံဖို့၊အသက်ရှင်လွတ်မြောက်ဖို့ မျှော်လင့်ချက် ကိုယ်စီနဲ့ ။


ဂျာမန်တွေရဲ့ ကယ်ဆယ်ရေး "The Wilhelm Gustloff" ဟာ ဒုက္ခသည် များများတင်နိုင်ဖို့ ဇိမ်ခံသင်္ဘောပေါ်က ပရိဘောဂတွေ အဆောင်အယောင်တွေ ဖယ်၊ ရေကူးကန်ထဲကရေတွေပါ စုပ်ထုတ်ပစ်လိုက်တယ် ။ 


သင်္ဘောပေါ်ကို သတ်မှတ်ထားတဲ့ လူဦးရေထက် အဆများစွာ တင်ခဲ့တယ် ။ တကယ်လို့များ  Soviet ရဲ့  Torpedoes သာ လာခဲ့ရင်  zig zag တောင် ရှောင်လို့မရနိုင်တဲ့ လူပမာဏ တင်လာခဲ့တယ် ။



🚫Spoiler Alert 🚫

🚫 Spoiler Ahead🚫


ဒါပေမယ့် Baltic Sea အောက် မှာ  ဆိုဗီယက် ရေငုပ်သင်္ဘာက ရှိနေတယ် ဆိုတာ သ‌င်္ဘောပေါ်က ဒုက္ခသည်တွေ မသိခဲ့ကြဘူး။  


အဲ့ဒီ ဆိုဗီယက် ရေငုပ်သင်္ဘောက ပစ်လိုက်တဲ့  torpedoes ၃ ခုဟာ The Wilhelm Gustloff ကိုထိမှန်ပြီး  ဇန်နဝါရီ၊ ၃၀၊ ၁၉၄၅ မှာ....


📌လူပေါင်း ၉၅၀၀ကျော်၊( အဲ့ထဲက ၅၀၀၀ကျော်ဟာ ကလေးတွေ)  ၊ အများစုက အမျိုးသမီးတွေ၊ ကလေးတွေ၊   áŠ တနာရီအတွင်း နစ်မြုပ်အသက်ဆုံးရှုံးခဲ့ရတယ်။ ၁၀၀၀ ကျော်လေးကိုပဲအသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့

တယ် ။


📌 Titanic  သင်္ဘော မြုပ်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ လူဦးရေထက်  ၆ဆ လောက် ပိုခဲ့တယ် ။ ဒါပေမယ့်

Titanic လောက် လူသိပ်မသိခဲ့ကြဘူး ။  လူနည်းစုသာ သိခဲ့ကြတယ်။


The Wilhelm Gustloff (သို့) The Ghost Ship မှာ သေဆုံးသွားခဲ့တဲ့ ၉၅၀၀ကျော်အတွက် အမှတ်ရစေဖို့

Ruta Sepetys က သူ့ရဲ့ Salt To The Sea စာအုပ်မှာ  Historical Fiction အဖြစ် ပြောင်းလဲရေးသားထားတယ်။


ဒီစာအုပ်Audiobook က တော်တော်လေး ကောင်းတယ် ။နောက်ဆုံးခန်းနားနီးလေ၊ ရင်ထဲ မကောင်းလေပဲ ။ ဒီထဲမှာ  Emilia ကို အရမ်းသနားတယ် ။

 đŸšŤ Spoiler Alert 🚫

 đŸšŤ Spoiler Ahead 🚫

 

Emilia ရဲ့ကိုယ်ဝန်ဟာလည်း  ရုရှားတပ်တွေ ၊"ပိုလန်" ထဲ ဝင်လာတော့ ရုရှားစစ်သားတွေက ပစ္စည်းတွေ၊ခိုးတယ်၊ယူတယ်။ အဲ့ထဲကတစ်ယောက်က မိန်းမ ပျော်ပါးချင်တယ်။


Emilia နေတဲ့ အိမ်က မိသားစုက  သူ့သမီးကို ရုရှားစစ်သား က မျက်စိကျနေတုန်း "သူ့သမီးထက်လှတဲ့ မိန်းကလေးရှိပါတယ်၊ သူ့သမီးတော့ မလုပ်ပါနဲ့ " ဆိုပြီး Emilia ကို ရုရှားစစ်သားဆီ ထိုးကျွေးလိုက်တယ်။ 


အသက် ၁၅ နှစ်ငယ်ငယ်ရွယ်ရွယ်နဲ့  ကိုယ်ဝန်ရ တယ်။ စစ်ဘေးရှောင်နေရတဲ့အချိန်မှာ ကိုယ်ဝန်ကြီးနဲ့ ။ Emilia ဟာ စိတ်ဒဏ်ရာရသွားတာကြောင့် ဒီကိုယ်ဝန်ဟာ တကယ်မရှိတဲ့ သူ့ရည်းစား (....) နဲ့ ရတာလို့ အမြဲ စိတ်ထဲ သွင်းနေတယ်။ တကယ်က Emilia ဟာရည်းစားမရှိတဲ့ နုနုထွတ်ထွတ်လေး။ ကိုယ်ဝန် လွယ်ပြီး စစ်ဘေးဒုက္ခသည် ၊ စစ်ရဲ့သားကောင် ဖြစ်ရတယ်။  နောက်ဆုံးထိ Emilia ကံမကောင်းခဲ့ရှာ ဘူး ။ 


🛳️🚢 အခုလ ဖတ်တဲ့စာအုပ်ထဲမှာ ကြိုက်မိတဲ့ စာအုပ်တအုပ်အနေနဲ့ ပါတယ် ။


📕📕 Ruta Sepetys ကို ကြိုက်သွားလို့ သူ့စာအုပ် တွေ ထပ်ဖတ်ဦးမယ် ။


🚢🛳စာရေးဆရာပြောပြတဲ့ The Wilhelm Gustloff (သို့) The Ghost Ship ဒီစာအုပ်နောက်ခံနဲ့ ရေးဖြစ်တဲ့အကြောင်း ။

📕 https://youtu.be/C8sROvInDBk


📕The Wilhelm Gustloff အမှတ်တရ website 

https://www.wilhelmgustloffmuseum.com/post_wwii_publications


#Salt_To_The_Sea by Ruta Sepetys

#AudioBook_Review by Bookish In Fiction Land 

18, April, 2022 

Before We Were Yours by Lisa Wingate

 đŸ“• Before We Were Yours by Lisa Wingate

📕 Historical Fiction

📕 Domestic Fiction


ဒီစာအုပ်ဟာ ၁၉၂၀ ကနေ ၁၉၅၀  အတွင်း

Georgia Tann ရဲ့ Tennessee Children's Home Society Orphanage မှာ တကယ် ဖြစ်ခဲ့တဲ့ 

အဖြစ်အပျက် တွေကို အခြေတည်ပြီး fictional character အဖြစ် ပြန်ပြောင်း‌ ရေးထားတာပေါ့ ။


Georgia Tann ဆိုတဲ့ မကောင်းတဲ့ မိန်းမကြီးဟာ ခြေတံလက်တံရှည်တယ်။ သူ့ကို မဖမ်းအောင်  နိုင်ငံရေးသမား၊တရားသူကြီး၊ ရဲက အစ ငွေနဲ့ ပေါက်ပြီး အပိုင်ပေါင်းထားတာ။


Georgia Tann တို့ ကလေးခိုးဂိုဏ်းဟာ  ဆင်းရဲတဲ့ မိသားစုက ကလေးတွေ၊ မိဘအဝေးထွက်နေတဲ့ အချိန်မျိုးတွေမှာ ကလေးတွေကို နည်းမျိုးစုံနဲ့ ဆွယ် ၊ ရအောင်ခိုးပြီးတော့ မိဘမဲ့ ကလေးတွေဆိုပြီး သူ့ဂေဟာမှာထား၊ ကလေးလိုချင်တဲ့ နိုင်ငံတဝှမ်းက ချမ်းသာတဲ့ မိသားစုတွေဆီ ရောင်းစားတယ်။



Georgia Tann တို့ဟာ  သူတို့ ကျွေးသလို စား၊ သူတို့ထား သလိုနေ ၊ မနာခံရင် အငတ်ထား ၊ မတိုင်ရဲအောင်၊ အမှန်မပြောရဲအောင် ဗီဒိုထဲ ထည့်လှောင်ပိတ် ၊ 

နိုင်ငံအနှံ့က မွေးစားမယ့် လူချမ်းသာတွေဆီက တခါ ရောင်း၊ အကြောင်းတခုပြပြီး ကလေးကိုပြန်ခေါ် ၊နောက်တခါ ပိုက်ဆံထပ်ရအောင် အမြတ်ထုတ်တယ်။


ကလေးတွေကို မိဘအရင်းတွေက ပြန်ရှာလို့မရအောင် အသက်နဲ့ နာမည် နဲ့ မြို့တွေပါ တခါတည်း ပြောင်းလိုက် တယ်။ ရောင်းစားခံရတဲ့ကလေးတွေမှာ အမြတ်ထုတ်ခံရ တာတွေ ၊ နှိပ်စက်ခံရတာတွေ၊ မတရားပြုခံရတာ လည်း ရှိတယ်။ Gegoria Tann ရဲ့ တကယ့် အပြင်က ကိစ္စမှာဆို သေဆုံးသွားတဲ့ ကလေးတွေကလည်း အများကြီး ။


The Gegoria Tann Adoption Scandal လို့ google မှာ ရှာကြည့်ရင် အချက်အလက်တွေ အများကြီး တွေ့ပါ လိမ့်မယ်။ ကလေး ၅၀၀၀ လောက် အခိုး ခံရပြီး၊ သူရဲ့ စောင့်ရှောက်မှု့ မကောင်းတာကြောင့် ကလေး ၅၀၀ကျော်လောက် သေဆုံးခဲ့ရတယ်ဆိုကြတယ်။


ဒီစာအုပ်ထဲမှာ ၁၉၃၉၊  Mississippi မြစ်ပေါ်က shanty boat house မှာ မိဘတွေနဲ့ နေတဲ့ မောင်နှမ၅ယောက် ရှိတဲ့  Foss family ။ 


တနေ့ တော့  အမေဖြစ်သူ ဆေးရုံ တက် နေလို့ အဖေဖြစ်သူ က စောင့်ရှောက်နေ‌တော့ အိမ်မှာ လူကြီးတွေမရှိကြဘူး ။ ၁၂ နှစ်အရွယ် Rill Foss က သူ့မောင်နှ‌မတွေကို စောင့်ရှောက်နေတုန်း Mississippi မြစ်ပေါ်က လှေအိမ်မှာ ရှိတဲ့ Rill တို့ မောင်နှမ‌တွေကို

ခိုးဖို့ မကောင်းတဲ့ ရဲတချို့ နဲ့ ကလေးခိုးဂိုဏ်းက လူတွေက ဖျား‌ယောင်းပြီး ခိုးသွားကြတယ်။  


Rill ဟာ အစတုန်းကတော့ အခိုးခံရတယ်လို့ မထင်ခဲ့မိ ဘူး ။ အချိန်တန်ရင် သူတို့ မိဘတွေဆီ ပြန်ရမယ်ပဲ တွေး တာ ။ တကယ်တမ်း ရောက်သွားတော့  အခြေအနေ Rill ထင်သလို မဟူတ်တဲ့အပြင် သူတို့ကို မိဘမဲ့အဖြစ် စာရင်း 

သွင်းပြီး  ရောင်းစားဖို့ ကလေးလိုချင် တဲ့သူတွေနဲ့ပေးတွေ့ 

တော့တယ်။  Rillတို့လိုပဲ ငယ်လွန်းလို့အခိုးခံရမှန်း‌တောင် မသိပဲ ရောက်နေတဲ့ ကလေးတွေလည်း အများကြီး။ 


Rill ရဲ့မောင်နှမတွေထဲက တချို့ဟာ ရောင်းစားခံရတယ်။

ရောင်းစားခံရတဲ့ မောင်နှမတွေနဲ့ မိဘတွေ ကို  Rillတစ်ယောက် ဘယ်တော့မှ ပြန်မတွေ့တော့ဘူး။

တစ်‌ယောက်ထဲ ရင်ထဲမှာ ဘယ်လောက်တောင် အထီးကျန် လွမ်းဆွတ်နေမလဲ။


Rill တစ်ယောက် ကွဲကွာသွားတဲ့ ညီမတစ်ယောက်နဲ့ အသက်တွေကြီးပြီး နှစ်ပေါင်းများစွာကြာတဲ့ အခါမှ

ပြန်လည်ဆုံတွေ့ရဖို့ ကံပါလာတဲ့အခါ ...


Timeline နှစ်ခုဖြစ်တဲ့  Memphis,Tennessee 1939 နဲ့ Aiken , South Carolina, present day ကို တလှည့်စီ ရေးထားတယ်။1939  က character က ပို ကောင်းတယ်။ စစချင်းတော့ နှေးသလိုရှိပေမယ့် timeline နှစ်ခုဟာ နောက်ဆုံးမှာ happy ending လေး ဖြစ်သွားတယ်။


အပြင်မှာ မိဘနဲ့ မောင်‌နှမချင်း သေကွဲ၊ရှင်ကွဲ၊ ခွဲခံရ နှိပ်စက်ခံရတဲ့ ကလေးတွေဘဝ ဆို ဘယ်လောက် ဝမ်းနည်း ကြေကွဲစရာ ကောင်းလိုက်မလဲ ။


နိုင်ငံခြား စာအုပ် ဂရုတွေထဲ က ဒီစာအုပ်ဖတ်တဲ့သူတွေရဲ့ မန့်အောက်ဝင်ဖတ်ကြည့်မိတော့ အမျိုးသမီးတစ်ယောက် ဆိုရင် သူ့အမေရဲ့ မောင်နှမတွေ ဒီ scandal ထဲမှာ ပါခဲ့ဖူး ကြောင်း၊ နှစ်ပေါင်း ၅၂ နှစ်ကြာမှ မောင်နှမတွေ ပြန်လည် ဆုံစည်းခဲ့ရကြောင်း ရေးထားတယ်။


ဒီစာအုပ်လည်း ထုံးစံအတိုင်း AudioBook ပဲ နားထောင် လိုက်တာ ။ AudioBook ကြာချိန်က 14hr ရှိပေမယ့် ဇာတ်လမ်းကကောင်းနေတော့ ကြာတယ်လို့တောင် မထင်ရဘူး ။ ဒီစာအုပ်ဖတ်ပြတဲ့ AudioBook Narrator ဟာလည်း အရမ်းကောင်းတယ်။ 


ဒီစာအုပ်မဖတ်ရသေးသူတွေ ဖတ်ကြည့်ပါ ။ တကယ် ကောင်းပါတယ်။


#Before_We_Were_Yours 

#AudioBook_Review byBookish In Fiction Land 

17 Feb, 2022

First_They_Killed_My_Father by Loung Ung

 đŸ“• First_They_Killed_My_Father 📕

#ခမာနီတွေရက်စက်ခဲ့သမျှ


ဒီဝတ္ထုကို Angelina Jolieက ဒါရိုက်တာအနေနဲ့ ရိုက်ထားတဲ့ ဇာတ်ကား Netflix မှာ ရှိပါတယ် ။


ဒီစာအုပ်ကို January 26, 2000 ခုနှစ်မှာ စတင် 

ထုတ်ဝေခဲ့ပါတယ်။


📝📝  Review အကျဉ်း 📝📝

ဒီစာအုပ်ဟာ  ၁၉၇၅ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အကြား 

#ခမာနီ တို့  ကမ္ဘောဒီးယားလူဦးရေရဲ့  လေးပုံတစ်ပုံသော လူနှစ်သန်းခန့်ကို သတ်ဖြတ် နှိပ်စက်မှု့ကနေ

လွတ်မြောက်လာတဲ့ Loung Ung နဲ့ သူ့မိသားစု အသက်ရှင်လွတ်‌မြောက်ရေးအတွက် ကြုံခဲ့ ခံစားခဲ့ရတဲ့ဒုက္ခတွေ၊ ငတ်မွတ်မှု့တွေ ၊သတ်ဖြတ်မှု့တွေကြားကနေအသက်ရှင်သန်ဖို့အရေး #၅နှစ်သမီးအရွယ်ကနေ ရုန်းကန်လာခဲ့ရတဲ့ 👧LoungUng ရဲ့

ရင့်နင့်ကြေကွဲစရာ ဘဝဇာတ်ကြောင်း ။    ။


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


ထုံးစံအတိုင်း စာအုပ်အကြောင်း 📚📚

ဇာတ်ရည်လည်အောင် ထပ်ရှည်ရရင်.....


👧LoungUng အသက်၅နှစ်မှာ သူတို့မိသားစု ရော၊ မြို့ထဲက တခြားမိသားစုတွေကိုပါ #PolPoltရဲ့ခမာနီတပ် က အတင်းနှင်ထုတ်လို့ Phnom_Penh မြို့ကနေ ရွာတွေကို စွန့်ခွာထွက်ပြေးကြရတယ်။ 



ထွက်ပြေး တိမ်းရှောင်ရင်း အစိုးရပြောင်းတဲ့အချိန် အာဏာသိမ်းတဲ့အချိန်မှာ ငွေစက္ကူဆိုတာ အသုံးမဝင်‌ လို့ လမ်းမှာ အိမ်သာသုံးစက္ကူအ နေနဲ့ သုံးခဲ့ရတာ။


👧၅နှစ်အရွယ်ကလေးဆိုတော့ ဘာကြောင့် ထွက်ပြေးရသလဲ မသိ။ စစ် ၊ဖျက်စီးရေးသမားသောင်းကျန်းသူဆိုတာ ဘာလဲ နားမလည်။သူ့မိသားစုနဲ့ အတူ ဘယ်ကိုသွားနေကြရတာလဲ မသိ ၊ ဘယ်တော့ အိမ်ပြန်ရမလဲ မသိ ။


ခမာနီစစ်သားဆိုသူတွေက  အမေရိကန်တွေ ဗုံးကြဲမယ်ဆိုပြီး မြို့က လူတွေ အကုန် မြို့ပြင်နှင်ထုတ်လိုက်တယ် ။အုံလိုက်ကျင်းလိုက်သာ ပြေးလာကြရတာ ။သူတို့ မိသားစု လမ်းပေါ်ရောက်နေရတာ ၃ရက်။

ဗုံးကြဲသံလည်း မကြားရ ၊လေယာဉ်လည်းမမြင် ။


မြို့ကထွက်လာကြပြီး ၈ရက်နေ့မြောက်မှာ 

#သူ့ဦးလေးလီအန်း ရဲ့ ရွာမှာ၂လ ကြာနေလို့ရလိုက်တယ် ။ ၂လကြာပြီးတဲ့နောက်မှာ မလုံခြုံတော့လို့ နောက်တနေရာပြောင်းဖို့ပြင်ရပြန်တယ် ။ 


ပြင်နေတုန်းပဲ လမ်း မှာ ခမာနီစစ်သားတွေ ခေါ်တဲ့ ထရပ်ကားပေါ်  တမိသားစုလုံး ငြင်းဆိုနိုင်စွမ်း မရှိပဲ လိုက်လာကြရတယ် ။


အရင်အစိုးအရလက်အောက်မှာ အမှူ့ထမ်းခဲ့တဲ့သူတွေ ကို ခမာနီတွေက စာရင်းကောက်ပြီး #သတ်ပြစ်ကြလို့ #သူ့အဖေတပ်ထိန်း ဆိုတာ ဖုံးကွယ်ပြီး လယ်သမားမိသားစု တစုလို နေရတယ် ။  


ဘယ်သူ့ကိုမှ ယုံကြည့်လို့ မရ ။

အရင်ဘဝအခြေအနေတွေကို လုံးဝ ပြောလို့မရကြောင်း သူ့ အကိုလေးက သတိပေးတယ် ။


#ပညာတက်တွေ ၊ အရင်အစိုးရအောက်မှာ 

အမှု့ထမ်းခဲ့သူတွေ ၊ဆရာဝန်တွေ သူ‌နာပြုတွေကို ‌

ရှာတွေ့ရင် ကျည်ချွေတာတဲ့အနေနဲ့ တချို့ကို

ဦးခေါင်းကို ပုဆိန်နဲ့ ခွဲတယ် ။ သတ်ပစ်တယ်။

တချို့ကို အရှင်လတ်လတ် မြေမြှုပ်ပစ်တယ် ။


တချို့ကို ဗီယက်နမ်တွေနဲ့ နေလို့ သစ္စာဖောက်ဆိုပြီး

ခမာနီတွေက ခေါင်းဖြတ်သတ်တယ် ။ 


တချို့ယောကျာ်းတွေရဲ့ အလောင်းတွေဆို 

ရင်ဘတ်ပွင့် အသည်းကလီစာတွေမရှိကြတော့ဘူး။  

ခမာနီစစ်သားတွေက ရန်သူ့အသည်းတွေကို စားရင် ခွန်းအားပြည့်ဝတယ်လို့ ယုံကြည်ကြတာတဲ့ ။


နို့စို့ကလေးတချို့ကိုလည်းလေထဲမြှောက်ပြီး 

လှံစွပ်နဲ့ ထိုးသတ်တယ် ။


ညတွင်းချင်း ကလေးပါမကျန်  မိသားစုလိုက်ပျောက်ဆုံးသွားကြရတာတွေပါရှိတယ် ။


ခမာနီစစ်သားတွေက မိသားစုထဲက ကျန်ရစ်သူတွေ.. တချိန်မှာ သူတို့ကို #ပုန်ကန်မှာစိုးလို့ တချို့ဆို 

မိသားစုလိုက် ကွပ်မျက်ခံကြရတယ် ။


ငယ်ရွယ်တဲ့ယောကျာ်းလေးတွေကို စစ်ထဲ ဆွဲသွင်းတယ်။ ငြင်းလျှင် သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး သတ်ပစ်တယ် ။


ညဆို မိန်းကလေးတွေကိုခေါ်သွားပြီး အတင်းဓမ္မပြုကျင့်တာတွေ ၊ အစိုးရအတွက် သားယောကျာ်း‌လေး မွေးပေးဖို့ ၊ ခမာစစ်သားတွေ နဲ့ ဆန္ဒမပါပဲ အတင်းအဓ္မ လက်ထပ်ခံရတာတွေပါရှိခဲ့တယ် ။ 

တချို့မိန်းကလေးတွေက အဲ့လို #လူတိရစ္ဆာန်ရန်တွေ က လွတ်ဖို့  ကိုယ့်ကိုယ်ကို  #အဆုံးစီရင်ကြတယ် ။


ခမာနီတွေ သိမ်းပိုက်ထားထားတဲ့ Democratic Kampuchea မှာ စိတ်ဓာတ်တွေကို ပျက်ပြားစေတယ်လို့ ယူဆလို့ ရောင်စုံအဝတ်အစားတွေကို ဝတ်ခွင့်မရှိ။

အနက်ရောင် ဘောင်းဘီ နဲ့ ရှပ်အင်္ကျီသာဝတ်ရတယ်။


နိုင်ငံခြားသားတွေကို နိုင်ငံကနေ နှင်ထုတ်တယ် ။


အစွန်းရောက်‌တဲ့  ခမာနီ တွေဟာ သူတို့ကိုယ်သူတို့

ဘုံစနစ်နဲ့ နေတဲ့ စင်ကြည်သန့်ရှင်းတဲ့ လူ့အဖွဲ့အစည်း ။

အရာရာမှာ ကိုယ်ပိုင်ဆိုတာမရှိဘူး။

အားလုံးကို #Angkarအစိုးရ သာပိုင်တယ် ။


#အန်ကောဝပ်ဘုရားကျောင်း ရှိရာ နယ်မြေကိုလည်း

ခမာနီတွေ အကြီီးအကျယ် ဖျက်ဆီးပြစ်ကြတယ်။


ကျောင်းတက်ရင် သူတို့ဦနှောက်ထဲမှာ ဘာမှ အသုံးမဝင်တဲ့ အသိတရားတွေနဲ့ ရှုပ်ထွေး သွားရုံမို့ ကလေးတွေ ကျောင်းနေစရာမလို ။အလုပ်ပဲလုပ်ရင် စိတ်ဓာတ်တွေနိုးကြားလာမယ်။အစိုးရခွင့်ပြုချက်မရှိပဲ ကျောင်းဖွင့်ခွင့်မရှိလို့ ခံယူထားတဲ့ #Angkarအစိုးရ ။ 


အားလုံးတန်းတူညီမျှလို့သာပြောတာ တကယ်တမ်း အခွင့်ထူးခံက ရွာလူကြီး၊သူ့လက်ထောက်တွေနဲ့ ခမာစစ်သားတွေ ။ ခမာနီတွေ က သူတို့ အလွှာကလွဲပြီး

သူတို့ အတင်းနှင်ထုတ်လို့ မြို့ကြီး‌တွေကရောက်လာကြရတဲ့ လူ‌တွေ အားလုံး ဟာ အပေါ်နှစ်လွှာက 

ခိုင်းသမျှ လုပ်ကြရမယ့်  အောက်တန်းစားလို့ 

ခမာနီ တွေက သတ်မှတ်ထားကြတယ် ။


1975 July မိုးလယ်ကာလ မှာ တောင်ပေါ်က 

 á€›á€˝á€Źá€œá€ąá€¸ တရွာ ကိုရောက်တယ် ။ တောင်ပေါ်ရာသီဥတုကဆိုးရွားတယ်။ဆရာဝန်မရှိ ၊ဆေးမရှိ ။စားစရာရှားပါး။ ဆန်လည်းဝယ်မစားနိုင်တော့လို့ မှိုတွေ ၊ ငှက်ပျောအူတိုင်တွေနဲ့ အရွက်တွေ ရောသမမွှေချက်စားရတယ်။ 


တနေရာနဲ့ တနေရာ  ကြာကြာမနေရ ရွာတွေ ပြောင်း

နေရတယ် ။ ဆာလာ‌မွတ်သိပ်မှု့ဒဏ်တွေ ခံကြရ ။ 

ငတ်သေတဲ့သူကသေ ၊ အစာအဆိပ်သင့်တဲ့ သူက အဆိပ်သင့်သေ။ တချို့က ငှက်ဖျားမိသေ ။


အစာရေစာပြတ်လပ်တဲ့အချိန်မှာ ပုတ်‌ဆွေးနေတဲ့ 

သစ်ရွက်ကအစ ကြွက်၊ပုတက်၊လိပ် ၊မြွေ၊ ကအစ ကိုယ်တွင်းကလီစာအကုန် သွေးက အစ ချက်ပြုတ်စားရတယ် ။ တချို့ဆို ခွေးသား၊ လူသားတောင် စားကြရတယ်။


#LoungUngရဲ့အမကြီး အရင်ဆုံးတယ် ။

#အဖေဖြစ်သူကိုလည်း ခမာနီစစ်သားတွေခေါ်သွားတယ် ။ 


သေသလား၊ရှင်သလားမသိသူကို စောင့်ဆိုင်းရင်း ကျန်ရစ်တဲ့ သားသမီးတွေနဲ့ မိန်းမဖြစ်သူက ငတ်ငတ်ပြတ်ပြတ် နေထိုင်ရှာဖွေရင်း  သောကပွားကြရတယ် ။


မိသားစုလိုက် စုနေရင် အကုန်အသတ်ခံရမှာမို့ 

#မိဘမဲ့အနေနဲ့  နာမည်အသစ်တွေ  ကိုယ်စီနဲ့

အရပ်လေးမျက်နှာက  #အလုပ်စခန်းတွေမှာ တကွဲတပြားစီခွဲ နေကြဖို့ ကျန်ရစ်တဲ့ အမေက ဆယ်ကျော်သက်အရွယ် သားသမီးတွေကို

စီစဉ်ပေးတယ်။ 


အဲ့အချိန်မှာ  မိသားစုတကွဲတပြားစီ ခြေဦးတည့်ရာ နေရာကို #အမလတ် နဲ့ထွက်လာရတဲ့  LoungUng

တစ်ယောက် 8နှစ်တောင်မပြည့်သေး။


အသက်၈နှစ် မပြည့်သေးတဲ့ ကလေးတစ်ယောက်ဖြစ်ပေမယ့် သူတို့ #မိသားစုတွေရဲ့ဘဝကိုဖျက်ဆီးခဲ့သူ၊ ကမ္ဘောဒီးယားပြည်သူတွေကို ဆင်းရဲဒုက္ခမျိုးစုံရောက်အောင် လုပ်သည့် #PolPolt ဆိုတဲ့ ခမာနီခေါင်းဆောင်

ကိုသူ မမြင်ဖူးပေမယ့် မုန်းတယ်၊နာကျင်အောင်နှိပ်စက်ပြီး သတ်ပြစ်ချင်တယ် ။


သူတို့ကို ဆန် ၊အသီးအနှံတွေစိုက်ခိုင်းတယ်။ 

ဒါပေမယ့် လုံးဝ  စားခွင့် ၊  ခိုးခွင့်  မရှိ ။ 

ခမာနီတွေက ဆန်၊ အသီးအနှံ‌‌တွေ တရုပ်ဘက်ကို

ပြန်ရောင်းပြီး လူသတ်ဖို့ လက်နက် ထပ်ဝယ်တယ် ။


အဲ့ဒီနောက်  👧LoungUng တစ်ယောက် 

စခန်းသစ်တခုကိုထပ်ရောက် ။


#ကလေးစစ်သားအဖြစ် ပုံသွင်းခံရတယ် ။


ညတိုင်း #Angkarအစိုးရ ရဲ့ ဝါဒဖြန့်တာတွေကိုနားထောင်ရတယ် ။


👧LoungUng တစ်ယောက် အသက်၈နှစ်ပေမယ့်

ဖြတ်သန်းခဲ့ရတဲ့ ဘဝကြမ်းကြောင့် 

အကုန်နားလည်နေပြီ ။


#သူ့အဖေ_အမေ_အမကြီး_ညီမလေး တို့ကိုသတ်ခဲ့တဲ့  အစိုးရအတွက်တော့စွန့်လွှတ်အနစ်နာ မခံချင်ပေမယ့်


အသတ်ခံရမှာစိုးလို့ အမုန်းတရားရင်ဝယ်ပိုက်ပြီး ကြိတ်မှိတ် သည်းခံ ရှင်သန်နေရသူ ။

ပျော့ညံ့နေဖို့ အချိန်မရှိ ။ 


1979ဗီယက်နမ်တပ်တွေ ဝင်လာ ၊ ခမာနီတွေကို

တိုက်ထုတ် ၊ မီးတွေ့ရှို့ ထွက်ပြေးကြရတဲ့ အချိန်မှာ  👧LoungUng ဟာလမ်းမှာ #သူ့အကိုလေးနဲ့အမလတ် ကို ပြန်ဆုံရတယ်။


အတူကျန်နေတဲ့ မောင်နှမ ၃ယောက်မွေးစားမယ့် မိသားစု ၂စု ပြောင်း ၊ ဒုက္ခတွေ တွေ့ ။

မွေးစားတယ်ဆိုသော်လည်း ကူဖော်လောက်ဖက်

ခိုင်းစားခံရတာ ။


နောက်ဆုံးမှာ ကျန်တဲ့မောင်နှမတွေ ပြန်ဆုံပြီး #BatDengကို ပြန်သွားဖို့လုပ်တယ် ။ 


အသက်ရှင်ကျန်တဲ့ သူ့ဦးလေးလီအန်းနဲ့ ပြန်ဆုံတယ်။


👧 Loung Ungရဲ့  အဖေ၊အမေ ၊အမကြီး၊ညီမလေး သေသွားတယ် ။ 


 đŸ‘§Loung Ung တစ်ယောက် ၅နှစ်အရွယ်ကစပြီး  အသက်နဲ့မလိုက် ကြုံခဲ့ရတဲ့ ဒုက္ခတွေ ၊အငတ်ဘေး။


ကလေးစစ်သားတစ်ယောက်အနေနဲ့ ခမာနီတွေ ဝါဒသွတ်သွင်းတာခံခဲ့ရတာတွေ ၊ မုဒိန်းကျင့်ခံရမယ့် အဖြစ်ကနေ လွတ်မြောက်ခဲ့တာ ။


အမေနဲ့ ညီမလေးဖြစ်သူ ကို ခမာနီတွေ ပစ်သတ်တာ သိလိုက်ရတော့ ၃ရက်လုံး ဘာမှမလုပ်နိုင် သူ့ကို တုန်လှုပ်ခြောက်ခြားစေခဲ့တာ ။


👧 LoungUng ရဲ့ ဘဝမှာနာကျည်းစရာတွေများလွန်းတာကြောင့် အမှတ်တရဆိုတာတွေကို  စိတ်နှလုံးထဲထည့်ရအောင်တောင် ခံနိုင်ရည်မရှိတော့ ။


#အကိုကြီးဖြစ်သူ နဲ့ #LoungUng  ငါးဖမ်းလှေနဲ့ ဗီယက်နမ်ကိုဝင်ဖို့လုပ်၊ အဲ့ကနေတဆင့် ထိုင်းပင်လယ်ဘက်ကို ငါးဖမ်းလှေနဲ့ ဖြတ် ။


ထိုင်းပင်လယ်ဓားပြတွေနဲ့ တွေ့။ ဒါ‌ပေမယ့်

ထိုင်းပင်လယ်ဓားပြတွေက ယဉ်ယဉ်ကျေးကျေးပဲ ပစ္စည်းတွေ ယူတယ် ။ပြီးတော့ အားလုံးကို ငါးဖမ်းလှေ‌ပေါ်ပြန်တက်ခိုင်းပြီး  ထိုင်းဒုက္ခစခန်းကိုတောင် ညွှန်ပြလိုက်သေးတယ် ။


ထိုင်းဒုက္ခသည်စခန်းမှာ ခဏနေကြတယ် ။


အဲ့ဒီနောက် ဒုက္ခသည်စခန်းကနေ ကံကောင်းစွာနဲ့

သူ့အကိုကြီး ၊သူ့မိန်းမEang 👧Loung Ung တို့ 

🇺🇸အမေရိကန် Vermont ကို သွားခွင့်ရသွားကြတယ်။


👧Loung Ungရဲ့ အကိုကြီးလင်မယားက 

🇺🇸အမေရိကမှာ အလုပ်လုပ် ၊ 

👩Loung Ungကတော့ အကို့ကြီးသမီးနှစ်ယောက်ကို ထိန်းပေးရင်း နိုင်ငံရေးဘာသာရပ်နဲ့ ဘွဲ့တခုရအောင်ယူပြီး အလုပ်ဝင်ခဲ့တယ် ။  ။


P.S -- ဖတ်ပြီးတော့ ပညာမဲ့ ခမာနီတွေ လက်နက်နဲ့

အာဏာ သိမ်းတော့ အေးချမ်းနေတဲ့ ပြည်သူတွေ အိုးအိမ်တွေ စွန့်ခွာရ ၊လူမျိုးတုန်းသတ်ဖြတ်မှု့‌မှာအသက်တွေသေကြရ  ။တချို့တွေ  ရှင်သန်ခဲ့ရတဲ့ ဘဝတွေဟာ တော်တော် ခါးသီးပါလားလို့ ။ 


ကိုယ်တွေ တခါ‌တလေ ဖြစ်ချင်တာမဖြစ်ရတာတွေ ၊ စိတ်ညစ်တာလေးကို စာဖွဲ့နေကြတာ....

ရှင်သန်ဖို့အတွက် မြောက်ကိုရီးယားကနေ 

ထွက်ပြေးလာရတဲ့လူတွေ အကြောင်းစာအုပ်၊

ဒီစာအုပ်လို ကမ္ဘောဒီးယား လူမျိုးတုန်းသတ်ဖြတ်မှု့ကနေ လွတ်မြောက်လာတဲ့ ကလေးမအကြောင်း ၊

ကျုဘား စစ်ပွဲက သူနာပြုဆရာမလေးအကြောင်းစာအုပ် ။ 


အဲ့ဒါတွေ ဖတ်ရင် ကိုယ်ရှင်သန်ရတဲ့ ဘဝဟာ ဘယ်လောက် တန်ဖိုးရှိသလဲ ဆိုတာ သိလာပါလိမ့်မယ်။ ။


#Book_Review_by  Hnin Yi Pwint

June 6, 2020

The Book Woman of Troublesome Creek by Kim Michele Richardson

 á€’ဎတခဍ အခုလ ဖတ်တဲ့ စာအုပ်ထဲမှာ ကိုယ်ကြိုက်မိတဲ့ စာအုပ်တအုပ်ဖြစ်တဲ့ Kim Michele Richardson ရဲ့ 

The Book Woman of Troublesome Creek  ဆိုတဲ့ စာအုပ်အကြောင်း ။ 


🔷ဒီစာအုပ်ဟာ ၂၀၁၉ တုန်းက ထွက်ခဲ့တာ ။ Book Group တွေ၊ Librarian တွေ ထဲမှာ သိပ်ရွေးခဲ့ပြီး ကြိုက်ခဲ့ကြတဲ့  စာအုပ်။


🔷ဒီစာအုပ်ထဲမှာ Eastern Kentucky မှာ တကယ်ရှိခဲ့တဲ့ အချက် ၂ ချက်ကို အခြေခံ‌ပြီး ဝတ္ထု အနေနဲ့ရေးထားတယ်။ 


🔷ပထမ တချက် " Book Woman" ဆိုတာ ၁၉၃၅ ကနေ ၁၉၄၃ ထိ သမ္မတ President Franklin D. Roosevelt ရဲ့ အစီအစဉ်နဲ့ လုပ်ခဲ့တဲ့ ပရောဂျက်တခုဖြစ်တဲ့ Works Project Administration  (WPA) program : အမျိုးသမီးတွေကို အလုပ်အကိုင် အခွင့်အလမ်းတိုးစေဖို့ အရှေ့ Kentucky ပြည်နယ်ဘက်မှာ တောင်တွေကြား မြင်းနဲ့  စာအုပ် လိုက်ငှား ၊ ပို့ပေးရတဲ့ Packhorse Librarians အလုပ် ။


( Comment မှာ ပုံတချို့ တင်ထားပါတယ် ) 


🔷 နောက်တချက်က  Eastern Kentucky ပြည်နယ်မှာ   á€á€€á€šá€şá€›á€žá€­á€á€˛á€ˇá€á€˛á€ˇ  genetic disorder ကြောင့် ဖြစ်ရတဲ့ 

အပြာရောင် အရေပြားနဲ့ Blue Skin People လူမျိုးစု တစုအပေါ် အသားအရောင် ခွဲခြားဆက်ဆံခံရတာတွေ၊ 


🔷အဲ့ခေတ်ကာလ၊ အရှေ့ Kentuckyပြည်နယ်ဘက်က လူတချို့ရဲ့ အတွေးအခေါ် ညဏ်တိမ်တာတွေ၊ငတ်မွတ် ခေါင်းပါးတာတွေကို တကယ့် Historical facts တွေအပေါ် အခြေတည်ပြီးရေးထားတဲ့ ဝတ္ထု Fiction တအုပ် ။ 


🔍🔍Note : 🔷🔷 Google မှာ Blue Skin People  of Kentucky လို့ ရှာလိုက်ရင် အချက်အလက်တွေ အများကြီး တွေ့ပါလိမ့်မယ်။


           



🔷Genre  တခုကြောင့် အရေပြား အပြာရောင်ဖြစ်နေတာပါ ။ သွေးက ချောကလက်အရောင် လို့ ဆိုပါတယ်။  ၁၉၃၀ ဝန်းကျင်က U.S .. Kentucky ပြည်နယ်မှာ တကယ်ရှိခဲ့တဲ့ လူမျိုးစုပါ ။ အခုကာလမှာတော့ Blue Skin လူမျိုးစု မကျန်တော့ဘူးဆိုပါတယ် ။


🔷ဒီစာအုပ်ထဲမှာ အဲ့ဒီခေတ်ကာလအတွင်းက  အရေပြား အပြာရောင် ဖြစ်နေလို့ ခွဲခြားဆက်ဆံခံရတာ ၊ အနှိမ်ခံရတာတွေ၊  မတူတဲ့ အရောင်ဖြစ်နေလို့  မကောင်းဆိုးဝါးလို ဆက်ဆံခံရတာအပြင် အဲဒီ့ ခေတ်ကာလက စာအုပ်တွေကို ချစ်မြတ်နိုးပြီး Pack Horse Librarian ဖြစ်ချင်တဲ့

အပြာရောင် အရေပြားရှိတဲ့ ၁၉နှစ်အရွယ်  "Cussy Mary"  ဆိုတဲ့ မိန်းကလေးတစ်ယောက် အကြောင်း ။ 

သူ့ကို Bluet လို့လည်း ခေါ်ကြတယ်။ 


🔷"Cussy Mary"  ဟာPack Horse Librarian  အလုပ် ကို  သူ့အမေ ဆုံးပြီးတဲ့နောက် ၁လကြာမှာ လျှောက်ခဲ့တယ်။


🔷စလုပ်ချင်းတော့ အဖေဖြစ်သူက မြင်းစီးပြီး ခက်ခဲကြမ်းတမ်းစွာ စာအုပ်ပို့ရမယ့် အလုပ်ကို  သဘောမတူ၊ 

မလုပ်စေချင်ဘူး။ 


🔷အဖေဖြစ်သူက သူမရှိတော့တဲ့နောက် ဒီခက်ခဲ ကြမ်းတမ်းတဲ့ဒေသမှာ တစ်ယောက်တည်း ထားခဲ့ဖို့ စိတ်မချဘူး။ အားကိုးဖို့ သမီးဖြစ်သူကို အိမ်ထောင်ပြုစေချင်တယ်။ ဒါပေမယ့် သမီးဖြစ်သူက အိမ်ထောင်မပြုချင်ဘူး။ သူ့လို Blue Peopleကို ဘယ်သူက လက်ထပ်မှာလဲလို့ပြောတယ်။  


🔷Cussy က အလုပ်ပဲ လုပ်ချင်တယ် ။ ဒီကြမ်းတမ်း‌တဲ့ ဒေသမှာ  အစိုးရရဲ့ အသစ်စတင်မယ့် Pack Horse Program မှာ စာအုပ်တွေကို ချစ်မြတ်နိုးပြီး စာအုပ်ပို့ပေးရမယ့် Pack Horse Librarian ဖြစ်ချင်တယ်။


🔷အဖေဖြစ်သူက coal miner၊ Blue people 

တစ်ယောက် ဖြစ်တဲ့အတွက် သူများ မလုပ်ချင်တဲ့ ခက်ခဲပင်ပန်းတဲ့ အရာမှန်သမျှကို လုပ်ရတယ်။


🔷Cussy တစ်ယောက် Pack Horse Librarian  အနေနဲ့ အလုပ်ရ လို့ စာအုပ် ပို့ ပြန်တော့  ဒေသထဲမှာ  စာအုပ်ပို့တဲ့ အလုပ်ကို အထင်သေးခံရတာတွေ၊ တချို့ မိန်းကလေးတွေ၊အိမ်ရှင်မတွေက အချက်အပြုတ် မဂ္ဂဇင်းငှားဖတ်ကြ.... 


🔷လတိုင်း Cussy စာအုပ် လာလဲတဲ့အချိန်မှာ သူတို့ ဖတ်ချင်တာလေးတွေကို  ယူလာခိုင်းတဲ့ ကလေးတွေ၊ ဂွတိုက် ပြောချင်တဲ့ တချို့လူတွေ၊  Cussy  ကို တချို့အတွေးခေါင်တဲ့သူတွေ က သူတို့ရဲ့ သား သမီးကို Cussy အနားမကပ်စေချင်ကြဘူး။





🔷တနေ့ မြို့က ဆရာဝန်က Cussy ကို စမ်းသပ်ပေးချင်တယ်ဆိုလို့ သွေးဖောက် စမ်းသပ်ပေးပြီး၊ ငတ်နေတဲ့ ကလေးတွေစားဖို့ မုန့် ရိက္ခာနဲ့ လဲယူလာပေးတယ် ။


🔷Cussy ရဲ့ အဖေဖြစ်သူကတော့ တောင်ပေါ်ဒေသက ကလေးတွေ ၊ သက်ကြီးရွယ်အိုတွေ အစာရေစာ ငတ်ပြတ်ပြီး သေနေကြတာ၊သူတို့အတွက်အဓိကလိုအပ်တာ စာအုပ်ထက် အစာရေစာလို့ပြောတယ်။


🔷သမီးဖြစ်သူ Cussy ကတော့" But folks tell me that books eases their burdens, it's the best thing that could happen to them,"လို့ ပြန်ငြင်းတယ်။


🔷Cussy Mary ခေါ်  Bluet ဟာ စာအုပ်တွေကို ချစ်တယ်။ 


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


🔷တနေ့တော့ Bluet ရဲ့ သူငယ်ချင်းAngeline  ဆိုတဲ့ 

သူတို့ အခေါ် Colored ( အရေပြား အပြာရောင် ကာလာ ) နဲ့ မိန်းကလေး  ဟာ သမီးလေး မွေးတယ်။ 


🔷 Angeline ရဲ့ ကလေး ဟာ ပုံမှန် white လည်း မဟုတ်သလိုအပြာရောင်ကြီးလည်း မဖြစ်သေးဘူး။ soft blue လေးဖြစ်နေပြီ။ သမီးလေးကို Angeline က  Honeyလို့ နာမည်ပေးလိုက်တယ်။


🔷Angeline ရဲ့ ရည်းစား လား ယောကျာ်းလားတော့

မသိ.. အဲ့လူက Angeline သာ အပြာရောင် သမီးလေးမွေးတာ သိရင် သတ်လိမ့်မယ်၊ အဲ့လူက သူဟာ လူဖြူကို ပဲ လက်ထပ်မယ်လို့ Angeline ကို ပြောထားတာ ၊ အဲ့ဒီလူ ကလေးကို တခုခု လုပ်လိုက်မှာ စိုးတယ်။ 


🔷Angeline ဟာ ကလေးမွေးရင်း မီးတွင်းထဲမှာ သွေးလွန်နေပြီ ။ သူသေတော့မှာသိတယ်။ မသေခင် သူ့သမီး Honey လေးကို စိတ်ချရတဲ့သူ လက်ထဲ ထားခဲ့ချင်တယ်။  


🔷အဲ့ဒါနဲ့ Cussy  ကို  Honey ရဲ့ အမေအဖြစ်နေပေးဖို့  Honey မွေးစား စောင့်ရှောက်ပေးဖို့ ကတိတောင်းတယ်။


🔷 Cussy လည်း ဘာလုပ်ရမှန်း မသိပေမယ့်Angeline ဆန္ဒ အတိုင်း လက်ခံလိုက်တယ်။ အဲ့နောက် Angeline ဟာ မီးတွင်းထဲ သွေးလွန်နေပေမယ့်  Honey ကို နို့တိုက်ပေးလိုက်သေးတယ်။ အဲ့ဒီအချိန်မှာ သူ့ကိူ စာအုပ်ဖတ်ပြခိုင်းလို့  Cussy က စာအုပ်ဖတ်ပြပေးတယ်။Cussy က မြို့က ဆရာဝန်သွားခေါ်ပေးမယ် ပြောပေမယ့် အချိန်မမှီတော့မှန်း နှစ်ယောက်လုံး သိတယ် ။အဲ့နောက် Angeline ဆုံးသွားတယ်။


🔷 Cussy ဟာ ကလေးကို  အိမ် ယူလာတယ်။

အဖေဖြစ်သူကတော့ အစပိုင်း သဘောမကျဘူးပေါ့။ နောက်ပိုင်းတော့ သူ့သမီး ဆန္ဒအတိုင်း ကလေးကို မွေးစားခွင့်ပြုလိုက်တယ်။ 


🔷Cussy အဖေက သူ့သမီးကို အိမ်ထောင်ပြုဖို့ ထပ်တိုက်တွန်းပြန်တယ် ။ 


🔷 Cussy ကတော့ ထုံးစံအတိုင်း သူဟာ  ကလေးကိုလည်း စောင့်ရှောက်နိုင်တယ် ။ မလိုပါဘူးပေါ့။


🔷Cussy ကို ချစ်ပြီး လက်ထပ်မယ့် လူဖြူတစ်ယောက် လည်း ရှိနေ တယ်။အဲ့ဒီလူဟာ Honey ကို မွေးစားထားတာကိုလည်း လက်ခံပေးမယ့် ယောကျာ်းမျိုး။


🔷အဲ့နောက်မှာ  Cussy အဖေဟာ မိုင်းတွင်း မတော်တဆမှု့ တခုကြောင့် သေသွားတယ်။


🔷သူ့သမီး ကို အရမ်း အိမ်ထောင်ပြုစေချင်ခဲ့တဲ့ ဖခင်ဖြစ်သူ ဟာ သမီးဖြစ်သူ လက်ထပ်မယ့်နေ့ထိတောင် 

မနေလိုက်ရရှာဘူး။ 😭


🔷အစစအရာရာ အဆင်ပြေလို့ လက်ထပ်၊မင်္ဂလာဆောင် တဲ့ နေ့မှာတော့ မင်္ဂလာဆောင်ကို လာတဲ့ လူတိုင်း ပျော်ရွှင်ပြီး ကောင်းချီးပေးနေတဲ့ အချိန်မှာ 

ရဲစုတ် တကောင် ရောက် လာတယ်။ 


🔷Blue ကို လက်ထပ်လို့ မရတဲ့ ဥပဒေ ဘာညာ သာရကာ ရစ်ပြီး သတို့သားကို လက်ထိပ်ခတ်လိုက်တယ်။


🔷သတို့သားကလည်း သူကျေနပ်လို့ လက်ခံနိုင်လို့ လက်ထပ်ပြီးသားဆိုတာ ပြောတယ် ။ မင်္ဂလာဆောင်က သူတွေ အကုန်ဝိုင်းပြောပေးကြတယ်။ 


🔷ဆရာဝန်ကလည်း Blue ဖြစ်ရတာ ဘာကြောင့်မို့သာ ဖြစ်ရတာ ရှင်းပြပေမယ့် ရဲစုတ်က နားမဝင်ဘူး။ ‌ဗြူး ဗြဲ လုပ်ပြီး ပြဿနာ ရှာတယ် ။ အဲ့နောက်  သတို့သားကို အချုပ်ထဲ ထည့်တယ်။  ဒါပေမယ့် သိပ်မကြာခင် နောက်ကနေ Cussy တို့ လိုက်ရှင်းလို့ ရလိုက်တယ်။


🔷နောက်ပိုင်းတော့Cussy ရယ် ၊ သူတို့ ချစ်တဲ့ စာအုပ်တွေရယ် ၊ သူ့ယောကျာ်းရယ်၊ မွေးစားထားတဲ့ Honey ဆိုတဲ့ သမီး လေးရယ် Ohioကို ပြောင်းသွားကြတာလား မသိ ( မမှတ်မိလို့ 😁 ) ။ 

ဇာတ်သိမ်းလေးလည်း ကောင်းပါတယ်။


🔷 E-bookရဲ့ နောက်ဆုံးမှာ  Historical Facts တချို့နဲ့ Packhorse Librarian ပုံ တွေ ပါသလို

Author's Note မှာလည်း Blue People of Kentucky အကြောင်း ပါပါတယ်။ 


📘📘📘 E- Book 📘📘📘

https://t.me/mobi_epub_ebook_and_Movie/1738?single


🔷 အောက်က ဒီစာအုပ် စာရေးဆရာရဲ့ ဗီဒီယို ထဲမှာ

Eastern Kentucky ပြည်နယ်က Packhorse Librarians တွေအကြောင်း ပုံ အနည်းငယ် ပါပါတယ်။

https://www.facebook.com/KimMicheleRichardson/videos/319190235689593/


P.S 🔷🔷🔷 ဒီစာအုပ် ရဲ့ နောက်အဆက်အနေနဲ့ 2022 May  3 ရက်မှာ The Book Woman's Daughterဆိုတဲ့ စာအုပ် အသစ်ထွက်မှာတဲ့။ ဒီစာအုပ်ကို ကြိုက်တဲ့ အတွက် ဆက်မျှော်ရဦးမယ်။


🎵🎶 မျှော်နိုင်သမျှတော့... မျှော်ဦး‌နော် 🎶🎵😁


The Book Woman Of Troublesome  Creek

⭐⭐⭐⭐

#Audiobook_Review_& Summary by Hnin Yi Pwint 

Nov 7. 2021

The Boy In The Striped Pajamas

 đŸ“˜The Boy In The Striped Pajamas

📕ညဝတ်အင်္ကျီအစင်းကြားလေးနဲ့ကောင်လေး 

(တင့်ဇော်)

📕 Historical fiction

 

ဒီစာအုပ်ဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း

ဂျူးလူမျိူးတွေရဲ့ အကျဉ်းစခန်းကို အုပ်ချုပ်ရတဲ့ဂျာမန်စစ်အရာရှိကြီးရဲ့ ၉နှစ်သားလေး #Bruno နဲ့ ခြံစည်းရိုး တဖက်ခြမ်းမှာရှိတဲ့ #ဂျူး  #အကျဥ်းသားလေး  #ဆမ်မြူရယ် တို့ရဲ့ ပတ်သတ်ခွင့်မရှိတဲ့ ၊

မတူညီတဲ့ကမ္ဘာ၂ခု ကြားကသူငယ်ချင်း သံယောဇဉ်...

ရင်နင့်စရာကောင်းလှတဲ့ အဖြစ်အပျက်လေး ....


ဇာတ်လမ်း အစ.. ဘာလင်မှာ ကြီးပြင်လာတဲ့

၉နှစ်သား #ဘရူနို  နဲ့  ၁၂နှစ်သမီး

#ဂရီတယ် မောင်နှမနှစ်ယောက်


 á€–ခင်ဖဟစ်သူရဲအ  အလုပ်နေရာ ‌အပြောင်းအရွှေ့ကြောင့်သာ ဘာလင်ကနေ အေးလွန်း ၊ နှစ်မြို့ဖွယ် မကောင်း၊

ဆိုးဝါးလှတဲ့ (အောက်ဝတ်‌ ) Auschwitz ဒေသကို 

 á€™á€•á€źá€ąá€Źá€„်းခဝင်ပဲ ပြောင်းလာရတယ်။


နေရာအသစ်ကို ရောက်စမှာ စိတ်ဝင်စားနေတာက 

ဘရူနို ရဲ့အခန်းပြတင်းပေါက်ကနေ မြင်ရတဲ့ မြင်ကွင်း ...သူတို့အိမ်ကနေ ပေ ၅၀လောက်တောင် 

မဝေးလှတဲ့နေရာမှာ သူတို့ အိမ်ထက်တောင်မြင့်တဲ့ သံဆူးကြိုးတွေနဲ့ ပတ်ကာထားတဲ့ ခြံစည်းရိုးကြီးတခု။

  

ခြံစည်းရိုးတဖက်ခြမ်းမှာ အစိမ်းအရာင်အပင်ရယ်လို့

မရှိ ၊သဲမြေခင်းထားတဲ့လမ်း၊ ခပ်နိမ့်နိမ့်တဲတွေ ၊

လေးထာင့်ကျကျ ဆောက်ထားတဲ့ အဆောက်အအုံတွေ ။ အထူးသဖြင့်  မီးခိုးရောင် ညဝတ်အင်္ကျီအစင်းကြားနဲ့ တူညီတဲ့ မီးခိုးရောင်အစင်းကျား ကက်ဦးထုပ် ဆောင်းထားကြတဲ့ ကလေးတွေ ၊ ယောကျာ်း ခပ်ငယ်ငယ်တွေ၊အရွယ်ခပ်ကြီးကြီးတွေ ။



အဲ့ဒီလူတွေက ဘယ်သူတွေလဲ ၊

ဘာတွေ လုပ်နေကြရတာလဲ ဆိုတာ #Bruno မသိ ။


 á€Ąá€†á€ąá€Źá€€á€şá€Ąá€Żá€śâ€Œá€á€˝á€ąá€›á€˛á€ˇ ခပ်လှမ်းလှမ်းမှာလည်း 

မီးခိုးထွက်နေတဲ့ ခေါင်းတိုင်အမြင့်ကြီးတွေ။ 

(အဲ့တုန်းကတော့ ဘာတွေ ရှို့နေမှန်းမသိခဲ့တဲ့ ဘရူနို နဲ့ သူရဲ့ဂျူး အကျဉ်းသားသူငယ်ချင်းလေး)


ဘာလင်ကနေ သူငယ်ချင်းတွေနဲ့ ခွဲခွာ ၊နေရာသစ်ကို ရောက်လာပြီး ရွယ်တူ စကားပြောဖော်မရှိ ၊ကစားဖော်မရှိ အထီးကျန်နေတဲ့ Bruno ။


ကာထားတဲ့ ခြံစည်းရိုးတလျှောက်ကို လျှောက်ရင်း 

ဆုံခဲ့ရတာက တဖက်ခြမ်းက ဂျူးအကျဉ်းသားလေး #ဆင်မြူရယ်


သူတို့နှစ်ယောက်ဟာ မတူညီတဲ့ ဘဝအခြေအနေတွေနဲ့ပေမယ့် တူညီတာကမွေးနေ့၊ ဧပြီလ တစ်ဆယ့်ငါးရက်၊ တစ်ထောင့်ကိုးရာသုံးဆယ့်လေးခုနှစ်.. မွေးနေ့တူ ။


ခြံစည်းရိုးနားမှာ တစ်နှစ်ကျော်လောက် နေ့တိုင်းသွားတွေ့ပြီးစကားပြောကြတဲ့ Brunoရဲ့ လျှို့ဝှက် ဂျူး

အကျဥ်းသားသူငယ်ချင်းလေး #ဆင်မြူရယ် ။


နောက်ဆုံး Bruno အမေ နဲ့ အဖေ ဘာလင်ပြန်ဖို့

အချင်းများ ၊  ကလေးတွေကို ရက်သတ္တပတ်အတွင်း ဘာလင်ပြန်ဖို့ သူ့အဖေ ကြော်ငြာပြီး သိပ်မကြာ ...


မပြန်ခင် ဂျုး သူငယ်ချင်းလေးနဲ့ တွေဖို့ နှုတ်ဆက်ဖို့ခြံစည်းရိုးနားမှာစောင့် ။ 

၂ရက်လောက် သွားစောင့်သော်လည်း မတွေ့ ။ 

၃‌ရက်မြောက်နေ့မှ ဂျုးသူငယ်ချင်းလေး တွေ့နေကျ

ခြံစည်းရိုးနား ပေါ်လာတယ် ။

သူ့ရဲ့ဝမ်းနည်းတဲ့ မျက်နှာကိုမြင်ရလို့ Bruno က

 á€™á€ąá€¸á€€á€źá€Šá€ˇá€şá€á€ąá€Źá€ˇá€™á€ž ..သူ့ ပါပါ(အဖေ) နဲ့ တခြားလူတွေ

တနင်္လာနေ့ကတည်းက အလုပ်သွားပြီး 

တစ်ယောက်မှ ပြန်မလာကြတော့တဲ့ အကြောင်း 


ဂျူးသူငယ်ချင်းလေးရဲ့ ဖခင်ကို ဝင်ရှာပေးချင်တဲ့

 á€…á€­á€á€şá€•á€ąá€Ťá€şá€œá€Źá€á€˛á€ˇ Bruno ...


ဘာလင်မပြန်ခင် ခြံစည်းရိုး တဖက်ခြမ်းက ကမ္ဘာကိုလေ့လာစူးစမ်းဖို့ရော ၊ သူငယ်ချင်း ဂျူးအကျဉ်းသားလေးရဲ့ ဖခင်ကို ရှာပေးဖို့ပါ စိတ်အားထက်သန်နေတဲ့  Bruno ။


နောက်ဆုံးနေ့ .....သောကြာနေ့..

မိုးတွေရွာပြီးစိုစွတ်တဲ့နေ့တနေ့..

သူတို့နှစ်ယောက်တွေ့နေကျ နေရာမှာ 


#ဆင်မြူရယ် က Bruno ကဖက်ခြမ်းဝင်ရင်ဝတ်ဖို့ အင်္ကျီအစင်းကြားနဲ့ညဝတ်တစုံရယ်၊ကတ်ဦးထုတ်ရယ် လှမ်းပေး ။


 á€žá€°á€ˇá€Ąá€–္ကိုရသဏပ္းဖိုအ မျှော်လင့်နေတဲ့ ဂျူးလေး


ဂျူးအကျဉ်းသားတွေ ထားတဲ့ ခြံတဖက်ကိုရောက်တော့ မြင်ရတဲ့မြင်ကွင်းတွေက Bruno မျှော်မှန်းထားသလို သာသာယာယာနွေးထွေးတဲ့ မြင်ကွင်းမျိုး မဟုတ်။ အားလုံး ကတုံးကိုယ်စီနဲ့ ....

(ကလေးပီပီ သန်းတွေများလို့ ကတုံးတုံးထားတာလို့တောင် Bruno စိတ်ထဲ ထင်နေမိသေး )။

ပိန်လှီသေးကွေးပြီး ချိုင့်ဝင်နေတဲ့ မျက်လုံးတွေ။ 


မြင်လိုက်ရတဲ့ မြင်ကွင်းတွေကြောင့် Brunoစိတ်ပျက်ပြီး ခြံစည်ရိုး တဖက်ပြန်ဖို့ ကြံနေတဲ့အချိန်မှာပဲ ခရာမှုတ်သံကြားလိုက်ရတယ် ။

အဲ့နောက်မှာတော့ ....


စာအုပ်ထဲမှာ ဆက်ဖတ်ပါ ။ 😁


Hnin Yi Pwint

#Book_Review

#The_Boy_In_The_Striped_Pajamas

May 17.2020

City Of Thieves by David Benioff

 đŸ“•City Of Thieves by David Benioff

📕 Historical Fiction


ဒီစာအုပ်အစမှာ L.A screen writer တစ်ယောက်ဖြစ်တဲ့ David ဟာ  Florida မှာနေတဲ့ အဖိုးဆီသွားလည်ရင်း စစ်အတွင်း  Leningrad ကို Nazi တွေ ဝန်းရံထား တုန်း က အဖြစ်အပျက် တွေကို  ပြောပြဖို့ အဖိုးဖြစ်သူကို တောင်းဆိုတယ်။


ဒုတိယကမ္ဘာစစ်အတွင်း Leningrad ကို ရက်ပေါင်း၉၀၀ နီးပါး Nazi တွေ ဝန်းရံထားတဲ့ အချိန်ကာလ.....


Lev Beniovဆိုတဲ့ ဆယ်ကျော်သက်အရွယ် ရုရှား ကောင်လေး တစ်ယောက်၊Lev က အသက်၁၇နှစ်အရွယ်  ညဏ်ထက်တယ်၊ တခါတလေတော့ ခပ်ကြောင်ကြောင် အတွေးတွေ ရှိတယ် ။ 


Lev ရဲ့ဖခင်ဖြစ်သူဟာ  Stalin ဆန့်ကျင်သူတွေထဲ မှာ  ဖမ်းဆီးခံရပြီး ပျောက်ဆုံးသွားတဲ့အထဲပါတဲ့ Soviet Jewish  ကဗျာ ဆရာတစ်ယောက်) ။


Lev ရဲ့ ကျန်တဲ့မိသားစုတွေကလည်း "မော်စကို" ကို ရောက်အောင် စစ်ရှောင်သွားနေကြပြီ ။ Lev ကတော့ နာဇီတွေရန်ကို ကာကွယ်ချင်လို့ " မော်စကို" ကိုမလိုက်ပဲ ကျန်ခဲ့တာ။

 


ဆောင်းတညမှာ Lev Beniov ဟာ ညကင်း စောင့်နေ‌တုန်း ကောင်းကင်ပေါ်က အရာဝတ္ထုတခုက မလှမ်းမကမ်းမှာ ပြုတ်ကျလာတာ မြင်လိုက်တယ်။


လေထီးနဲ့ ပြုတ်ကျလာတဲ့ ဂျာမန်လေထီးစစ်သား တစ်ယောက် ၊ curfew ထုတ်ထားတဲ့အချိန်မှာ စောင့်နေ တဲ့နေရာကိုခွာပြီး၊ ပြုတ်ကျလာတဲ့ ဂျာမန်စစ်သားဆီ သွားကြည့်တယ်၊ သေနေပြီ ။ အေးခဲပြီး သေသွားတာ လည်း ဖြစ်ချင်ဖြစ်မယ်လို့ Lev တွေးတယ် ။ 


‌ဂျာမန်စစ်သားပေါ်ကအကြွင်းအကျန်စားစရာသောက်စရာများတွေ့မလားရှာတယ်၊ ရတာယူတယ်။ ဓားတချောင်း ပါတွေ့လို့ ယူလိုက်တယ် ။ 


မကြာလိုက်ပါဘူး ။ ကင်းလှည့်လာတဲ့ ဆိုဗီယက် စစ်သား တွေ Lev တို့ကို တွေ့သွားလို့ လိုက်ဖမ်းတယ်၊မိသွားတယ် ။ Curfew မိန့်ကို ဖောက်ဖျက်လို့၊ ကျုးကျော် ဝင်ရောက် လို့၊ နာဇီစစ်သား ပြုတ်ကျလာတဲ့အကြောင်း သတင်း မပို့လို့ စတဲ့ စွပ်စွဲချက်တွေနဲ့ Lev တစ်ယောက်  အချုပ်‌

ထောင်ထဲရောက်တယ်။ 


Lev သူ့လို့ပဲ စွပ်စွဲခံပြီးအကြောင်း တခု ကြောင့် ပြစ်ဒဏ် ချခံရတဲ့Koylaဆိုတဲ့ လူငယ်တစ်ယောက်လည်းရှိတယ်။ Koylaက Lev ထက် ၃နှစ်လောက်ပိုကြီးတယ်၊ လူရည်ပိုလည်တယ်၊ သတ္တိရှိတယ် ။


သူတို့ နှစ်ယောက် ပြစ်ဒဏ်ချခံရတဲ့ အခြေအနေက

လွတ်အောင် Colonel Grechko ကြီးက

ကိစ္စအောင်မြင်‌ရင် နှစ်ယောက်လုံးကို လွှတ်ပေးမယ်ဆိုပြီး အချိုသပ်၊အကျပ်ကိုင်ပြီး ကိစ္စတခု ခိုင်းတယ်။


Colonel Grechko မိန်းမက သူ့သမီး မင်္ဂလာဆောင်မှာ ရိုးရာအတိုင်း မင်္ဂလာကိတ်တခုတော့ ပါမှ ရမယ်ဆိုတော့ 

သူ့သမီး မင်္ဂလာကိတ်မှာ အသုံးပြုဖို့ ကြက်ဥ ၁၂လုံး လိုနေတယ်၊ ကျန်တဲ့ ဂျုံတွေဘာတွေက ရပြီးပြီ။


Colonel Grechkoက Lev နဲ့ Koyla  ကို ပိုက်ဆံပေး၊  curfewကာလအတွင်း ဖြတ်သန်းခွင့် စာတွေဘာတွေ ပေးပြီး  ကြက်ဥ ၁၂လုံးရဖို့ ရှာခိုင်းလိုက်တယ်။ 


ကြက် ဥ ?????


ကျန်တဲ့အချိန်မှာတော့ ကြက်ဥ ၁၂လုံးဆိုတာ လွယ် လိမ့် မယ် ။ အစာရေစာငတ်ပြတ်အောင် ရိက္ခာပြတ်အောင် ရက်ပေါင်း ၉၀၀ နီပါး နာဇီ တွေ ဝန်းရံထားတဲ့ စစ်အတွင်း ဒီလောက်အစာရှာပါးနေတဲ့ ကာလမှာ ကြက်ဥဆိုတာ ရွှေထက်ရှားလိမ့်မယ် ။



 Lev  နဲ့ Koyla တို့ လမ်းကြောင်းကို အနှောင့်အယှက်ပေး မယ့် လူတစုကလည်း ရှိနေတယ် ။


Lev  နဲ့  Koyla လမ်းခရီးမှာ ဘာတွေရင်ဆိုင်ရမလဲ ။


နှစ်ယောက်စလုံး အသက်ရှင်လျှက် 

ပြန်လာနိုင် ကြပါ့မလား... ဆိုတာ....


စာအုပ်ထဲမှာ အခု အကျဉ်းချုံး ပြောပြတာထက် အ‌ကြောင်းအရာ အများကြီး ပို ကောင်းတယ်၊ပိုလေးနက်တယ် ။


ဆိုဗီယက် တွေရဲ့ အုပ်ချုပ်မှု့အောက်က အနိုင်ကျင့်ရက်စက်မှု့တွေ၊ နာဇီတွေ "လီနင်ဂရက်" ကို ရက်ပေါင်း ၉၀၀  လောက် ဝိုင်းထားတော့ အစာရေစာပြတ်၊ အေးခဲနေတဲ့ ဆောင်းတွင်းမှာ  အငတ်ဘေးဆိုက်ပြီး အများကြီး သေကြတာတွေ... ။


The Seige of Leningrad လို့ google မှာရှာလိုက်ရင်လည်း အချက်အလက်တွေ အများကြီး ထွက်လာပါလိမ့်မယ် ။


https://www.google.com/amp/s/www.history.com/.amp/news/the-siege-of-leningrad


#City_Of_Thieves_by_David_Benioff 

Book Review by Bookish In Fiction Land 

29 April 2022

Everything I Never Told You by Celeste Ng

 Everything I Never Told You by Celeste Ng

📕Fiction, Family Drama


.........ဇာတ်လမ်းအကျဉ်း.....

၁၉၇၀ ဝန်းကျင်ကာလ တရုပ်၊အမေရိကန် ဖြစ်တဲ့

"လီ" မိသားစု  ကို အခြေတည်ထားတယ်။


အဖေဖြစ်သူ James က "ကာလီဖိုးနီးယား" မှာ မွေးတဲ့ "တရုပ်_အ‌မေရိကန် ကပြား၊  "ဟားဗတ်" ကဘွဲ့ရ ထားတဲ့ ပါမောက္ခ တစ်ယောက်၊ 


အမေဖြစ်သူ Maryln ကတော့  "အမေရိကန်_ လူဖြူ အမျိုးသမီး "၊ သူဟာ ဆရာဝန်ဖြစ်ချင်တဲ့ ဆန္ဒကို စွန့်လွှတ်ပြီး တခြား မိန်းကလေးတွေ အတိုင်း အိမ်ထောင်ပြု၊ ကလေး ၃‌ယောက်အတွက် အချိန်ပေးခဲ့တဲ့ မိခင်တစ်ယောက် ။


တော်ပြီး အားကိုးရတဲ့ သားကြီး Nath ၊Marilyn တို့အရမ်းချစ်ပြီး မျှော်လင့်ချက်ကြီးတဲ့ သမီးလတ် Lydia  နဲ့ သမီးငယ် Hannah နဲ့အတူ မိသားစု အချင်းချင်း နားလည် ပျော်ရွှင်တယ်လို့ ထင်ကြရင်း နေထိုင်ကြတယ်။


အပြင်ကကြည့်ရင်တော့ ပြည့်စုံတဲ့ မိသားစုပေါ့။



တနေ့မှာတော့ သူတို့မိသားစုကို ကပြောင်းကပြန် ဖြစ် စေမယ့် ကိစ္စတခုဖြစ်လာခဲ့တယ်။ ဒါကတော့ spoiler မဟုတ်သေးဘူးနော်။ စာအုပ်အစမှာ ကတည်းကပါ ပါတယ်။


Lydia is dead. But they don't know yet.


Lydia ပျောက်ဆုံးသွားတာ ။ ပျောက်ဆုံးသွားတာကို သတိထားမိလို့ရှာကြရင်း ရေ‌ကန် မှာ  Lydia ရဲ့ အလောင်းကိုတွေ့ကြတယ်။ ရဲတွေကလည်း စုံစမ်းစစ်ဆေးမှု့တွေလုပ်တယ်။


Lydiaရဲ့အကိုကြီးNathကတော့ အိမ်နီးချင်းလည်းဖြစ် ငရှုပ်‌ငပွေလေးလို့ ယူဆထားကြတဲ့ Jack ကို မသင်္ကာဘူး။ Jackမှာ လည်း လူမသိစေချင်တဲ့ အရာတခုရှိတယ်။ 


Lydia တို့ မိသားစု တစ်ယောက်ချင်းစီမှာ ဖွင့်မပြောတဲ့ လျှို့ဝှက်ချက်တွေရှိတယ် ။

 

Lydia ရဲ့ အဖေဖြစ်သူ James ဟာ ကာလီဖိုးနီးယားမှာ မွေးလာတဲ့ Chinese, အမေဖြစ်သူ Marilyn က  White, American။ အဲ့ဒီ 50s/ 70s ဝန်းကျင် ကာလမှာ လူမျိုးမတူ လက်ထပ်တာတွေမှာ ကန့်သတ်ချက်တွေ ရှိသလို အဲ့ဒီအချိန်က ခွဲခြားဆက်ဆံခံရမှု့တွေကြောင့် လူမျိုး  မတူညီတဲ့ မိဘ‌ကမွေးဖွားလာတဲ့ သားသမီးတွေ ဟာလည်း ဖြစ်ထွန်းအောင်မြင်တာ သိပ်မရှိကြဘူး။ 


Marilyn ရဲ့ အမေဖြစ်သူဟာ တရုပ်လူမျိုးဖြစ်တဲ့ James နဲ့လက်ထပ်မယ်ဆိုကတည်းက သိပ်သဘောမကျဘူး။

မင်္ဂလာဆောင်တဲ့ နေ့မှာ တခုပြောခဲ့တယ်။


"You'll change your mind,"

"You'll regret it later."

" You'll be sorry for the rest of your life."


Marilyn ကတော့ James နဲ့ သူ့တို့ ဘဝသူတို့ ရပ်တည်နိုင်တယ်ပေါ့။ အဲ့ဒီနေ့ပြီးကတည်းက Marilyn နဲ့ သူ့အမေ ထပ်မတွေ့ဖြစ်ကြတော့ဘူး ။


🚫📌ဇာတ်ကြောင်း spoiler အနည်းငယ် ပါပါတယ်။🚫

🚫

 

သမီးဖြစ် Lydia အသုဘပြီးတဲ့နောက်မှာ Marilynဆီကို  သူ့အမေဆုံးသွားကြောင်း ဖုန်းတခုဝင်လာတယ်။ Marilyn တစ်ယောက် Virginia ကို ပြန်သွားတယ်။


သူ့အမေ အိမ်ထဲဝင်တော့ သူ့အမေပုံတွေထက် ဘောင်သွင်းထားတဲ့ Maryln ငယ်ငယ်တုန်းက ပုံတွေအများကြီးတွေ့ရတယ်။ အမေဖြစ်သူဟာ တစ်ယောက်တည်း အထီးကျန်စွာနေထိုင်ခံရတဲ့ပုံ ပါပဲ ။ 


အမေဖြစ်သူရဲ့ အသုဘ ကိစ္စ စီစဉ်ပြီးလို့ Virgina က ပြန်လာတဲ့ အခါMarilyn ခေါင်းထဲ အထီးကျန်မှု့တွေ၊ ဖြစ်ချင်တဲ့ ဆရာဝန်ဘဝ မဖြစ်ခဲ့ရတဲ့ မကျေနပ်မှု့တွေ၊


သူ့ရဲ့မျှော်လင့်ချက်ဖြစ်တဲ့ အချစ်ဆုံး သမီးလတ်လေး Lydia သေဆုံးသွား တဲ့အချိန်မှာဖြစ်တဲ့ ဝမ်းနည်း ပူဆွေးမှု့ တွေ၊ စတဲ့ 

အတွေးပေါင်း သောင်းခြောက်ထောင်နဲ့ ။


Lydia ဆုံးသွားတော့  အကိုကြီးဖြစ်တဲ့ Nath နဲ့ ညီမအငယ်ဆုံး Hannah တို့ ဟာ Lydia ဆုံးသွားတဲ့ ရေကန်ဘေးမှာ လှဲနေရင်း Nath ကအမေဖြစ်သူ Marilyn ဟာ Hannah ကိုယ်ဝန်မရှိခင်  Nath တို့ ငယ်စဥ် က အိမ်ကနေ အချိန်အတော်ကြာ 

ထွက်သွား ဖူးကြောင်း၊ Lydiaနဲ့Nathတို့ အဲ့ကာလမှာ မနည်းဖြတ်သန်းခဲ့ရတာတွေ၊ မိန်းမဖြစ်သူ Marilyn က ထွက်သွားတော့ အဖေဖြစ်သူက အလုပ်မှာ စိတ်မကြည် ၊အိမ်ပြန်ရောက်တော့ သားအပေါ် မဲတယ်။


Marilyn ဟာ ယောကျာ်းနဲ့ ကလေးနှစ်ယောက်ကို ထားပြီး အိမ်ကနေ ထွက်သွားတဲ့ ကာလမှာ ကျောင်းတွေဘာတွေ ပြန်တက်ပြီး၊သူဖြစ်ချင်တဲ့ ဆရာဝန်ဘဝ ရောက်အောင် လုပ်မယ်ပေါ့ ။ ဒါပေမယ့်  ဘဝက ထင်ထားသလိုမဟုတ်ခဲ့ဘူး ။ သူ့မှာ တတိယကိုယ်ဝန် (Hannah ) လွယ်ထားရပြီ။


အဲ့ဒါနဲ့ အိမ်ပြန်လာ၊ ကလေးမွေး၊ ယောကျာ်းဖြစ်သူ James ကလည်း နွေးနွေးထွေးထွေးပဲကြိုဆိုခဲ့တယ်။


ဒီကြားထဲမှာ Marilyn ရဲ့ ယောကျာ်းဖြစ်သူ Jamesဟာ သူ့ကျောင်းသူ(တရုပ်)တစ်ယောက်နဲ့ ကွယ်ရာမှာ ဖောက်ပြန်နေသေးတယ် ။


ရဲကလည်း Lydia သေဆုံးမှု့အတွက် စုံစမ်းစစ်ဆေးမှု့ တွေလုပ်တယ်။


Marilyn ကတော့ သူ့သမီးကို တခြားတစ်‌ယောက် ယောက် ရေကန်ဆီကို သွေးဆောင် ခေါ်သွားတာ ဖြစ်နိုင်တယ်ပေါ့ ။ရဲတွေကတော့  စုံစမ်းစစ်ဆေးရေး လုပ်ကြရင်း သမီးဖြစ်သူမှာ သူငယ်ချင်း တစ်ယောက်မှ မရှိတာ သိသွားကြတယ်။ 


သမီးဖြစ်သူ Lydia ပျော်ခဲ့လား၊ အထီးကျန်ခဲ့လား။

ရည်စားရှိလား ....စသဖြင့် မေးခွန်းပေါင်းစုံအောက်မှာ Marilyn တစ်ယောက်ကတော့ ခေါင်းချည်းခါရင်း "သူ့သမီးပျော်ခဲ့တယ်"၊ "ကျောင်းစာတွေများလို့သာ သူငယ်ချင်းအပေါင်းအသင်းဘာညာ မထားနိုင်တာ၊ ဘာညာ " ဖြေတွေးလေး တွေနဲ့...

 

Marilyn တစ်ယောက် Lydia အခန်းထဲမှာနေတယ်။

ရဲတွေ ရှာတုန်းက မတွေ့လိုက်တဲ့ ခဲတံအိတ်ထဲက အိတ်ထဲမှာ Marilynဘာတွေမိသွားတယ်ထဲလဲ ။ (............)

မနက် ရဲတွေ မေးတုန်းကတောင် သူ့သမီးဟာ ၁၆နှစ်ပဲရှိသေးတာမို့ ဘယ်လိုဖြစ်နိုင်မတုန်း လို့ ဖြေခဲ့သေးတယ်။(၁၉၇၀ ကာလဝန်းကျင်ကာလက ဆယ်ကျော်သက်)


အဖေဖြစ်သူက ဟားဗတ်မှာ ပရော်ဖက်ဆာ ။ သမီးဖြစ်သူLydia ကို အပေါင်းအသင်း ဝင်ဆန့်စေချင်တယ်။  Christmas တို့၊ မွေးနေ့တို့ လက်ဆောင်ပေးရင် Lydiaဟာ လူငယ်ပီပီ အမှတ်တရ ဖန်စီ လက်ဆောင် လေးတွေ လိုချင်တယ်၊ မျှော်လင့်တယ်။ ဒါပေမယ့် အဖေနဲ့ အမေက  ပေးလိုက်ရင် ကျောင်းနဲ့ပတ်သတ်တဲ့ စာအုပ်၊ အဖေဖြစ်သူကျ အပေါင်းအသင်းဝင်ဆန့်ဖို့ စာအုပ်မျိုးတွေ ။


အဖေဖြစ်သူ Jamesဟာ သမီးLydiaတစ်ယောက် ဖုန်းဘေးနားမှာ ဖုန်းခွက်ကိုင်ပြီး စကားပြောနေလို့ သမီးမှာ သူငယ်ချင်းတွေရှိတယ်ပဲထင်တာ။ တကယ်ကLydiaမှာ သူငယ်ချင်းမရှိဘူး။ အဖေဖြစ်သူ ထင်အောင်သာ ဖုန်းခွက်ကိုင်ပြီး စကားပြောနေသလို သူပြောချင်တဲ့စကားတွေ၊ ရင်ဖွင့်ချင်တဲ့ စကားတွေကို တဖက်က နားထောင်သူမဲ့နေတဲ့ ဖုန်းခွက်ကြီး ကိုင်ပြီးသာ ပြောနေတာ။  


Lydia မှာသူငယ်ချင်းရှာဖို့အချိန်မရှိဘူး။

အမေဖြစ်သူ ဖြစ်စေချင်တဲ့အတိုင်းgradeကောင်းဖို့၊ ဆရာဝန်ဖြစ်ဖို့ ၊ စာကိုပဲ‌လေ့လာနေရတယ်။


တနေ့ အကိုဖြစ်သူ Nath ဟားဗတ်မှာ တက်ဖို့ ဆင့်ခေါ်စာရောက်လာတယ်။ အဖေဖြစ်သူ  James နဲ့Marilyn တို့ သာ သားဖြစ်သူ Nath အတွက် ဂုဏ်ယူ ဝမ်းသာနေရတဲ့အချိန်မှာ သမီးဖြစ်သူ Lydiaက Physic ကျ တယ်ဆိုတော့ မကျေနပ်မှု့တွေ၊ အားမလို အားမရ ဖြစ်မှု့တွေနဲ့ မိသားစု အပျော်တွေ ပျောက်ရပြန် တယ်။

 

သားသမီးမှာ ဖြစ်လာတဲ့ ဖိအားတွေ၊ ပွင့်လင်းမှု့မရှိတဲ့ မိသားစု ဆက်ဆံရေးတွေဟာ ကိုယ်စီ ကျိတ်ခံစားကြရင်း ပွင့်ထွက်လာတဲ့အချိန်မှာတော့...


My P.O.V 📕📖

တခါတလေကျရင် စာအုပ်တွေဟာ ဖတ်တဲ့ အချိန်ကာလ အပေါ် မူတည်ပြီး ခံစားချက်ပြောင်းသွားတက်တယ် ။


ဒီစာအုပ်ကို အရင်နှစ်က ဖတ်တုန်းက အရေးအသား မကြိုက်ခဲ့လို့ 2 star  ပဲ ပေးခဲ့ဖူးတယ်။


အခု Audiobook နဲ့ နားထောင်ရင်း  ကိုယ်လည်း Marilyn တို့ရဲ့" လီ" မိသားစုထဲ ရောက်သွားသလို ခံစားလိုက်ရတယ်။


ဒီစာအုပ်ဖတ်ပြီး  သားသမီးနဲ့ မိဘ ဆက်ဆံရေး ပွင့်လင်းဖို့ လိုတယ်ဆိုတာ သိလာရမှာဖြစ်သလို ၊


အမျိုးသမီးတွေနဲ့အနေနဲ့လည်း အိမ်ထောင်မပြုခင် ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကို ဖြစ်အောင် အရင် လုပ်၊ အိမ်ထောင်ပြုပြီး မှ ဖြစ်ချင်တာဖြစ်အောင် လုပ်ဖို့ဆိုတာ မလွယ်ကူလှဘူး။ သားသမီး တွေ မွေးလာရင် ကလေးကိစ္စတွေနဲ့ ပိုဆိုး၊ 


တချို့အမေတွေဟာ အကြောင်းအမျိုးမျိုးကြောင့် သူတို့ဖြစ်ချင်တာတွေ  ဖြစ်မလာခဲ့တဲ့အခါ၊ သားသမီးအပေါ် ကိုယ်ဖြစ်လိုတဲ့ ဆန္ဒတွေ နဲ့ ရည်မှန်းချက်တွေ ချပေးပြီး၊ ကြိုးစားခိုင်းတော့တယ်။


သားသမီး ဖြစ်ချင်တဲ့ ဆန္ဒကို တချို့ မိဘတွေ မကြည့်၊မမြင်တက်ကြဘူး ။ တဖက်က ထိန်းချုပ်ခံရတဲ့ သားသမီးက၊ ကိုယ်ဖြစ်ချင်တာ ဘာမှန်းမသိ၊ မလွန်ဆန်ရဲ ၊ ပျော်ရွှင်မှု့ ဆိုတာ ဘာမှန်းမသိ ဖြစ်ချင်တာတွေ မျိုသိပ်ရင်း ၊ စိတ်ထဲ ဖိအားတွေ ဗရပွနဲ့ ။


မိဘနဲ့ သားသမီး၊ လင်နဲ့မယား အလုပ်ကိုရှေ့တန်းတင်၊  နွေးထွေးမှု့ မရှိရင်၊ အိမ်ထောင်ရေး၊ မိသားစုဟာ  အုံ့ပုန်းတွေ ကိုယ်စီ နဲ့ သာယာမှု့မရှိ ။


အမေဖြစ်သူ Marilynဟာ သူ့ငယ်စဉ်ဘဝက စွန့်လွှတ် ခဲ့ရတဲ့ ဆရာဝန် ဘဝကို သမီးဖြစ်သူ Lydiaဆီမှာ ဖိအားပေး ကြိုးစား စေလာတဲ့အခါ...


သားသမီးမှာ ဖြစ်လာတဲ့ ဖိအားတွေ၊ ပွင့်လင်းမှု့မရှိတဲ့ မိသားစု ဆက်ဆံရေးတွေဟာ ကိုယ်စီ ကျိတ်ခံစားကြရင်း ပွင့်ထွက်လာတဲ့အချိန်မှာတော့...


Lydia is dead. 

Lydia is dead


ကိုယ်တွေ မြန်မာနိုင်ငံမှာတော့ အခုထိ Marilyn လို အမေမျိုးတွေ အများကြီးရှိတယ်။


E-Book📚

Everything I Never Told You

https://t.me/mobi_epub_ebook_and_Movie/1524?single


အ‌ရေးအသားကို သဘောမကျလှပေမယ့်

ဇာတ်လမ်းအတွက် 4star ⭐⭐⭐⭐ ပါ။

Everything I Never Told You by Celeste Ng

Audiobook Review by Bookish In Fiction Land 

21 May 2022


Awards

Everything I Never Told You was a New York Times bestseller, Amazon's #1 Best Book of 2014, and named a best book of the year by over a dozen publications. It won the Massachusetts Book Award, the Asian/Pacific American Award for Literature, the American Library Association's Alex Award, and the Medici Book Club Prize.

The Island by Adrian McKinty

 đŸ“•The Island by Adrian McKinty

📕 Action-packed Thriller

📕ဒီစာအုပ်ဟာ May 17, 2022 ကမှ ထွက်ထားတဲ့ 

action-packed Thriller တအုပ် ။


........ဇာတ်လမ်းအကျဉ်း .....


အမေရိကန် မိသားစုတစု ၊ ကျွန်းတကျွန်းပေါ်ကို

အပန်းဖြေခရီးထွက်လာရင်း မမျှော်လင့်တာတွေ ဖြစ်လာတဲ့အခါ....


Tom  ဟာ ဆရာဝန်တစ်ယောက် ။ ပထမ ဇနီး မရှိတော့တဲ့နောက် Heather ဆိုတဲ့ အမျိုးသမီးနဲ့ နောက်အိမ်ထောင်ပြုပေါင်းဖက်နေတာကို သူ့ကလေး နှစ်ယောက်က သိပ်သဘောမတွေ့လှဘူး။



တနေ့ Tom ဟာ အလုပ်ကိစ္စ အစည်းအဝေး တခု အတွက်  Australia ကို သွားရမှာ ။ နောက်ဇနီးဖြစ်တဲ့ Heather နဲ့ ကလေးတွေ ပိုရင်းနှီး အဆင်ပြေသွား အောင် တခါတည်း ခရီးထွက်ကြမယ်ပေါ့။


Tom ရဲ့ ဆယ်ကျော်သက် အရွယ် ကလေးနှစ်ယောက် ဖြစ်တဲ့ Olivia(၁၄) နဲ့  Owen(၁၂) ဟာလည်း Australia ကို သွားရတော့မယ်ဆိုတော့ သူငယ်ချင်းတွေကို Australiaရဲ့ တောရိုင်းသဘာဝ စွန့်စားခန်းတွေကို ပြန်ဖောက်သည်ချခွင့် ရတော့မှာမို့ ပျော်နေကြတယ်။


ဒါပေမယ့် သူတို့‌ရောက်နေတဲ့မြို့ပေါ်မှာ ကလေးနှစ်ယောက် ထင်သလို Australia Wildlife ရဲ့ အရသာကို မရတဲ့အပြင် သူငယ်ချင်း တွေကို ပြန်ကြွားဖို့ ဓာတ်ပုံကောင်းကောင်းတောင် မရ၊ သူတို့ မြင်ချင်သလို Kangaroo တွေ၊ Koala တွေ မမြင်ရတော့ မကျေနပ် ကြဘူး။

 

အဲ့ဒီမှာTom ဟာ   Jacko ဆိုတဲ့ မော်တော်ဘုတ် ဖယ်ရီ မောင်းတဲ့သူနဲ့တွေ့တယ် ။


Tomဟာ သူ့မိသားစုကို Australia Wildlife ရဲ့ အရသာကိုလည်း ခံစားစေချင်တာကြောင့် Jackoရဲ့  အကူအညီနဲ့ ကျွန်းတကျွန်းပေါ်ကို အရောက်သွားခဲ့ ကြတယ် ။  ငှားလာတဲ့ ကားလေးကို အဲ့ကျွန်းပေါ်မှာ မောင်းရင်း သူတို့မြင်ချင်တဲ့ Koala တွေ တွေ့လို့ မိသားစုတွေ ဓာတ်ပုံရိုက်ရင်း ကျေနပ်နေကြတယ်။ 


Jacko ကတော့ ဒီကျွန်းဟာ အပြင်လူ မလာကြတဲ့ သီးသန့်ကျွန်းဖြစ်တာမို့ ကျွန်းပေါ်မှာ သိပ်မကြာဖို့နဲ့၊

သူ ဖယ်ရီ ပေါ်မှာ စောင့်နေမယ့်အကြောင်း ပြောခဲ့ တယ်။




Tomတို့ မိသားစုဟာ  ကျွန်းရဲ့ကြမ်းတမ်းတဲ့လမ်း‌ ပေါ် မှာ အရှိန်နဲ့ ကားမောင်းရင်း ၊ လမ်းတနေရာမှာ သူတို့ ကားရှေ့ကို ဖြတ်လာတဲ့ စက်ဘီးတစီးနဲ့ အမျိုးသမီး တစ်ယောက်ကို ဝင်တိုက်မိပြီး အဲဒီ့ အမျိုးသမီး သေသွားခဲ့တယ်။ 


အားလုံးတုန်လှုပ်ပြီးတဲ့နောက် အနားမှာ အကူအညီ ရလိုရငြား ရှာကြည့်ပေမယ့် ခပ်လှမ်းလှမ်း လယ်တောအိမ် မှာ မြင်နေရတဲ့ လူတွေဟာ ရိုင်ဖယ်တွေနဲ့  နှစ်လိုဖွယ်မရှိလှဘူး။ 


အဲ့လိုနဲ့ Tom တို့ မိသားစု ဘာလုပ်လို့ လုပ်ရမှန်း မသိတဲ့အချိန်မှာ သေသွားတဲ့အ‌လောင်းကို  သစ်ပင်သစ်ရွက်တွေနဲ့ လုံအောင် ဖုံးပြီး "ဖယ်ရီ"ဆီကို  ‌အရောက်ပြန်ဖို့ပဲ ဆုံးဖြတ်ရတော့တယ်။ 


ကျွန်းပေါ်မှာ ဖုန်းလိုင်းလည်း မမိတော့ မြို့ရောက်မှ ရဲကို အကြောင်းကြားမယ်ပေါ့ ။



ဖယ်ရီပေါ်ကို တော့ရောက်ပြီ။ဖယ်ရီမောင်းတဲ့လူ

ကလည်း အလောတကြီးပြန်လာတဲ့ သူတို့မိသားစုကို မသင်္ကာဘူး။ ကားမှာလည်း သွေးစက်နည်းနည်း ရှိတာကိုး ။ Tom တို့က ပိုက်ဆံ‌ပိုပေးပြီး ဖယ်ရီ ထွက်ခိုင်းဖို့ လုပ်နေတဲ့ အချိန်မှာပဲ ကျွန်းပေါ်က လူတွေက လိုက်လာတော့တယ် ။


ကျွန်းပေါ်က လူတစုဟာ Tom တို့ မတော်တဆ တိုက်သတ်မိသွားတဲ့ အမျိုးသမီးသေဆုံးမှု့နဲ့ ပတ်သတ်ပြီး  Tom တို့ မိသားစုကို ဖမ်းခေါ်သွားတယ်။


Tom တို့က သေဆုံးတဲ့ အမျိုးသမီးအတွက် ပိုက်ဆံပေးပါမယ်၊ ဒါမှ မ‌ကျေနပ်သေးရင်လည်း ရဲခေါ်လို့ရပါတယ်ဆို‌တာတောင် ကျွန်းပေါ်က လူတွေက လက်မခံကြဘူး ။


ကျွန်းပေါ်မှာ ရဲကို တရားစီရင် ခွင့်မပေးဘူး။

ကျွန်းပေါ်က မိသားစုကြီး ပေါ်မှာ ဩဇာညောင်းတဲ့ _ "Ma " ဆိုတဲ့ အမျိုးသမီးကြီးရှိတယ်။ 


" Ma"  ဆိုတဲ့ အမျိုးသမီးကြီး ဦးဆောင်ပြီး သူတို့ဘာသူတို့ပဲ  Tom တို့ မိသားစုကို  စီရင်ကြမှာ။ သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ ယောကျာ်းဖြစ်သူ  Danny ကလည်း မကျေနပ်ဘူး ။ 


Tom တို့ကို အမှုန့်ကြိတ်ပစ်ချင်နေတဲ့အပြင် Tomရဲ့ သမီး ဖြစ်သူ Oliviaကို  (သေသွားတဲ့ အမျိုးသမီးရဲ့ ယောကျာ်း )Danny က မျက်စိကျ လိုချင်နေတယ်။


အဲ့မှာ အငြင်းအခုန်တွေဖြစ်ကြရင်း Tomကို ဓားထိုး မိသွားပြီး သေမလို ဖြစ်သွားခဲ့တယ် ။ အဲ့ဒီတော့ 

Heather ကပဲ ဦးဆောင်ပြီး ကလေးနှစ်ယောက်နဲ့ ကျွန်းပေါ်က လွတ်မြောက်အောင် ကြိုးစားတော့တယ် ။


အစပိုင်းတော့ Tom ရဲ့ ကလေးနှစ်ယောက်ဟာ Heather ရဲ့ ထွက်ပြေးဖို့စီမံမှု့တွေကို လက်မခံဘူး။ 


နောက်ပိုင်းHeather ရဲ့ အနစ်နာခံမှု့တွေကို ကလေး နှစ်ယောက် ဘယ်လိုနားလည် လက်ခံသွားကြမလဲ ။


ကျွန်းပေါ်မှာနေတဲ့ လူ‌တွေရဲ့နောက်ကြောင်း ရာဇဝင် ဘာတွေရှိဦးမလဲ ။


ကျွန်းပေါ်မှာ ဘယ်သူတွေ စတေးပြီး ဘယ်သူတွေ ပြန်ထွက်ခွင့်ရမလဲ ဆိုတာ...


"You should not have come to the Island".


"You should not have been speeding".


"You should not have tried to hide the body" .


"You should not have told your children that you could keep them safe ".


"NO ONE CAN RUN FOREVER ".....


Australia ကျွန်းပေါ်က အပူချိန်မြင့်မားမှု့ရယ်၊

ကျွန်းပေါ်က လူစုကို ရှောင်ရင်းတိမ်းရင်း ၊ရေနဲ့ အစာရေစာပြတ်လပ်တဲ့ ဒဏ်တွေ... audiobook နားထောင်ရင်း ကိုယ်တောင် ရေငတ်လာသလိုပဲ ။


Audiobook နားထောင်ရင်း ‌ကျွန်းပေါ်က လူစုက ရိုင်ဖယ်တွေ တကားကား ၊ ကားတွေနဲ့ လိုက်၊ ကျွန်းပေါ်မှာ Heather တို့ ၃ယောက်က ထွက်ပြေး နဲ့ ဟောလိဝုဒ် အက်ရှင်ကားကြည့်နေရသလိုပါပဲ ။


လာတုန်းက အပျော်ခရီး၊ ဖြစ်သွားတာက တမျိုး ။

ကျွန်းပေါ်က အသက်ရှင်လွတ်မြောက်ဖို့  လွတ်လမ်း ရှာကြရမယ့် ခပ်သွက်သွက် action-packed Thriller မျိုး ဖတ်ချင်တဲ့ သူတွေအတွက် သင့်တော်ပါတယ်။


📕E-Book link⬇️⬇️⬇️

https://t.me/mobi_epub_ebook_and_Movie/1783


#The_Island by Adrian McKinty

#audiobook_review by Bookish In Fiction Land 

4 June 2022

Finlay Donovan Is Killing It by Elle Cosimano

 đŸ“• Finlay Donovan Is Killing It by Elle Cosimano 

Audiobook Review



📕 Finlay Donovan Series Book- 1

📕Mystery,Thriller,  Humorous Fiction

📕 Published - May 14,2021


 Finlay Donovan ဆိုတဲ့ အမျိုးသမီး ဟာ ငွေကြေး အဆင်မပြေတဲ့  single mom ၊  မအောင်မြင်သေး‌တဲ့ စာရေးဆရာ တစ်ယောက် ၊ ကလေးနှစ်ယောက် စရိတ် အတွက် အရင် ယောကျာ်း ဆီက တောင်းနေ ရသူ ။


တနေ့  စားသောက်ဆိုင် တဆိုင်မှာ Finlay Donovan ရဲ့ murder, mystery စာမူသစ်ကို မြန်မြန် အပြီးသတ် ပေးဖို့ ၊ Finlay ရဲ့Literary Agent ကပြောတယ် ။  မပြီးရင် ဘာညာသာရကာ သဟောက်သဟာ လုပ်ပြီး literary agent က  Finlay ကို နောက်ဆုံး စာမူအပ်ရမယ့်နေ့ due date ပေးပြီး ထွက်သွားတယ်။ 


Literary Agent နဲ့ Finlay တို့ murder,mystery စာမူကိစ္စပြောနေကြတာကို ဘေးစားပွဲက အမျိုးသမီးတစ်ယောက်က  ကြားပြီး Finlay ကို "contract killer"  ထင်သွားခဲ့တယ် ။ အဲ့နောက် သူ့ ဖုန်းနံပါတ်နဲ့ ပိုက်ဆံ စရံပေးပြီး သူယောကျာ်းကို  အစဖျောက်ပေးဖို့ တောင်းဆိုခဲ့တယ်။ 



Finlay ဟာ အမျိုးသမီးကို ပိုက်ဆံပြန်ပေးဖို့ စဉ်းစားခဲ့ ပေမယ့် အမျိုးသမီးက အလျင်အမြန်ထ ထွက်သွားခဲ့ တာကြောင့်  မမှီတော့ ဘူး။

 

အိမ်‌ပြန်ရောက်တော့ Finlayဟာ အမျိူသမီးရဲ့ ဖုန်းနံပါတ်ကို ဆက်ပြီး Finlay ဟာ contract killer မဟုတ်ကြောင်း၊ အထင်မလွှဲဖို့ ပိုက်ဆံပြန်ယူဖို့ ပြောပေမယ့် အမျိုးသမီးက လက်မခံခဲ့ဘူး ။ ခပ်ဆိုးဆိုး သူ့ယောကျာ်းကိုသာ ကိစ္စရှင်းပေးပြီးရင် ကျန်တဲ့ပိုက်ဆံ ထပ်ပေးမယ်ပေါ့ ။


နောက်ဆုံး Finlayဟာ ဘယ်လိုငြင်းငြင်း ငြင်းလို့မရ၊ ငွေကြေးခက်ခဲနေတဲ့အတူတူ လုပ်ကြည့်မယ်ဆိုပြီး

သူရှင်းပစ်ရမယ့် အမျိုးသား ထိုင်တက်တဲ့  "အရက်ဘား" ကို ဆံပင်တုတွေ နဲ့ ဒီဇိုင်းပြောင်းပြီး သွား လေ့လာတယ် ။ အဲ့လူကို ခပ်လှမ်းလှမ်းက လေ့လာ နေ တုန်း ၊ အဲ့အမျိုးသားဟာ ကောင်မလေး တစ်ယောက် သောက်မယ့်ခွက်ကို ဆေးခပ် လိုက်တာကို Finlay က မြင်လိုက်တယ် ။ 


အဲ့ဒါနဲ့ အမျိုးသားကို စကားရော ဖော‌ရောဝင်ရောပြီး ၊ ဆေးခပ်ထားတဲ့ ခွက်နဲ့ ခွက်ချင်းလဲထားလိုက်တယ် ။အဲ့အမျိုးသားဟာ  ဆေးခပ်ထားတဲ့ ခွက် မှားသောက်မိ ပြီး၊ မူး ၊သတိလစ်သွားတယ် ။ Finlay ဟာ အဲ့လူကို သူ့ဗန်ကား ထဲရောက်အောင် ထည့်ပြီး အိမ်က ကား ဂိုထောင်ကိုပဲ သယ်လာခဲ့တယ် ။ သတ်ဖို့တော့ ရည်ရွယ်ချက်မရှိဘူး။ 




အိမ်က ကားဂိုဒေါင်ထဲရောက်တော့  သတိလစ်နေတဲ့ အဲ့အမျိုးသားကို ကားပေါ်မှာပဲ ထားပြီး Finlay ကတော့ အိမ် ထဲ ခဏ ဝင်သွားခဲ့တယ်။


ပြန်ထွက်လာတဲ့အချိန်မှာ အဲ့အမျိုးသားက ကားပေါ်မှာ သေနေပြီ။  Finlayသတ်လိုက်တာတော့ မဟုတ်ဘူး။ တစ်ယောက်ယောက်က သူ့ကားဂိုဒေါင် တံခါးကို ဖွင့်ပြီး  သတ်သွားတာ။ ကျန်တဲ့အမှိုက်ကို Finlay ကရှင်းရဦး မယ်။ အဲအလောင်းကြီးနဲ့ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း Finlay တို့ကလေးနှစ်ယောက် ရဲ့ ကလေးထိန်း ကောင်မလေးက ရောက်လာပြန်တယ်။


ကလေးထိန်း နာမည်က Vero ။ ကျောင်းတက်ရင်း တဖက်က ဝင်ငွေရအောင် ကလေးထိန်း လုပ်နေသူ ။

Finlay ရဲ့ အရင်ယောကျာ်းက  Veroကို ပိုက်ဆံမပေးပဲ အလုပ်ထုတ်လိုက်တယ်။


အခုကလေးထိန်းက  Finlayရဲ့ အကြောင်းစုံကို သိသွား ပြန်‌တော့ အလောင်းဖျောက်ဖို့ သူပါ ကူညီပြီး လုပ်ပေး မယ်။ သူ့ကို ၄၀ရာခိုင်နှုန်းတော့ ငွေ ခွဲပေးရမယ် ပေါ့ ။အဲ့လိုနဲ့ ဟိုအမျိုးသားကို ကားဂိုဒေါင်ထဲ ဘယ်သူ လာသတ်သွားတာပဲဖြစ်ဖြစ်၊ Finlayနဲ့ Vero တို့

အလောင်းဖျောက်ပြီး ကိစ္စရှင်းပေးလိုက်တော့ ပိုက်ဆံရလာတယ်။


အဲ့နောက် ကိစ္စက မပြီးသေးဘူး။ ပထမသတ်ခိုင်းတဲ့ အမျိုးသမီးရဲ့ အသိ နောက် ရုရှား အမျိုးသမီး တစ်ယောက် ဟာလည်း  သူ့ယောကျာ်းကို ရှင်းချင် နေတာမို့ Finlay ကို အကူအညီတောင်းပြန်တယ် ။ 


ဒီတခါတော့Finlay ငြင်းမရအောင် တဖက်က အကျပ်ကိုင်တယ်။ ဒီတခါခိုင်းတဲ့အမျိုးသမီးဟာ ထက်ပြီး လည်သလို၊ သူ ရှင်း စေချင်တဲ့ သူ့ယောကျာ်းကလည်း ရုရှား မာဖီးယား ဂိုဏ်းက အင်မတန် ရက်စက်တဲ့ လူသတ်သမား။


ဒီကိစ္စတွေကို အကြောင်းပြုပြီး  နေ့ချင်းညချင်း နာမည်ကြီး စာရေးဆရာအဖြစ် Finlay ဘယ်လို ပြောင်းလဲသွားမလဲ ။


"Hit Mom" Finlay နဲ့ ကလေးထိန်း Vero တို့ နှစ်ယောက်  သူတို့ရှင်းပစ်ရမယ့်လူကို သတ်နိုင်ဖို့ ဘယ်လို အကြံဖန်တွေထုတ်ကြမလဲ ဆိုတာတော့ ဖတ်ကြည့်ကြပါ ။


ကြားထဲမှာ  Finlay နဲ့ ဘားဆိုင်မှာ လုပ်တဲ့ ဥပဒေကျောင်းသားလေးရဲ့ရိုမန့်စ် လေးလည်း ပါတယ်။


Finlay ရဲ့ ညီမက စုံထောက်၊သူတို့ရုံးက ခပ်ချောချော စုံထောက်နဲ့ Finlay ရဲ့ အီစီကလီ ဇာတ်လမ်းလေးလည်း ပါတယ်။


Finlay အရင်ယောကျာ်းရဲ့ နောက်မိန်းမဖြစ်သူ နဲ့  Finlayတို့ သတ်ရမယ့် လူ ရဲ့ ပတ်သတ်မှု့‌တွေလည်း ပါတယ်။


ဇာတ်ကြောင်း အကုန်ပြောပြလိုက်ရင် ဖတ်စရာလိုမှာ မဟုတ်တော့လို့ ကြားထဲမှာ ကောင်းခန်းတွေ အများကြီး မပြောပဲ ချန်ခဲ့တယ် ။ 😉


Finlay နဲ့ ကလေးထိန်း Vero တို့ရဲ့ ခင်မင်မှု့ဟာလည်း ချစ်စရာ ။ နှစ်ယောက်စလုံး တကယ့်ဗရုတ်သုတ်ခတွေ။


AudioBook နားထောင်ရင်း အစအဆုံး တချက်မှ မပျင်းရသလို Hit Mom ညဏ်ကြီးရှင် Finlay နဲ့   Vero တို့ ရဲ့ တလွဲတွေနဲ့ ရယ်နေရတယ် ။


ဇာတ်လမ်း တခုလုံး အစက အဆုံး ခပ်သွက်သွက်ပဲ ။

ကလေးနှစ်ယောက်ကလည်း အလည်လေးတွေ ။ 

Vero ရဲ့ ခပ်သောသော  ဒိုင်ယာလော့ တွေဟာလည်း ရယ်ရတယ် ။


နားထောင်နေရင်း တကယ်ကို တပြုံးပြုံးပါပဲ ။


ဒီစာအုပ်က ၂၀၂၁ မှာ ထွက်ခဲ့တဲ့ ပထမ စာအုပ်။

နိုင်ငံခြား စာအုပ်  ဂရုတွေ ထဲမှာ မနှစ်က အရမ်း "ဟော့ " ဖြစ်ခဲ့တဲ့ စာအုပ်။


အခု ၂၀၂၂ မှာ ဒုတိယတအုပ် ထွက်ထားတယ်။

ဒုတိယတအုပ်က ပိုကောင်းလာတယ်လည်း ပြောကြတယ်။ 


၂၀၂၃ မှာ တတိယ တအုပ် ထပ်ထွက်ဖို့ရှိတယ်။စာအုပ်ကာဗာလည်း ထွက်နေပြီ။


စာအုပ်ဖတ်ချင်စိတ်မရှိတဲ့အချိန်မျိုးမှာ  ခပ်သွက်သွက် ဟာသနှောပြီး ချစ်စရာ ဇာတ်လေးမျိုးလေးနဲ့ စိတ် အပန်းဖြေစရာ စာအုပ်မျိုး ဖတ်ချင်သူတွေအတွက် သင့်တော်ပါတယ်။


E Book Link ⬇️⬇️⬇️

https://t.me/mobi_epub_ebook_and_Movie/1385


#Finlay_Donovan_Is_Killing_It by Elle Cosimano #Audiobook Review by Bookish In Fiction Land 

10 Jun 2022

Hidden Pictures by Jason Rekulak

 đŸ“•Hidden Pictures by Jason Rekulak

📕 Thriller



📕ဒီတခါစာအုပ်ဟာ မေလ ၂၂ရက်ကမှ ထွက်ခဲ့ပြီး၊ book gp တွေထဲမှာ အရင်လကစပြီး အခုထိ hot ဖြစ်နေဆဲ စာအုပ် တအုပ် ။  ဒီစာအုပ်ရဲ့ ထူးခြားချက်က အထဲမှာ Drawing ပုံတွေ တော်တော်‌များများပါတယ်။

............ဇာတ်လမ်းအကျဉ်း .........

Mallory Quinn ဆိုတဲ့ မိန်းကလေးဟာ  အထက်တန်းကျောင်းမှာ "အားကစား စကော်လာ" တွေဘာတွေ ရခဲ့သူတစ်ယောက်။အထက်တန်းကျောင်း မှာ အခွင့်အလမ်းတွေ ၊ တက်လမ်း တွေ အများကြီး ရှိခဲ့တယ် ။  


ကားမတော်တဆမှု့ဖြစ်ရပ်တခုကြောင့် Mallory ရဲ့ ညီမဖြစ်သူ ဆုံးသွားခဲ့တယ် ။ မိခင်ဖြစ်သူနဲ့လည်း အကြောင်းတခုကြောင့် အတူမနေ စကားမပြော ဖြစ် တော့ဘူး ။ အဲ့ဒီနောက်  Mallory တစ်‌ယောက် စိတ်လေတာရော၊ ဆုံးရှုံးမှု့တွေကြောင့် အားကစား လုပ်ရင်း ပိုသွက်အောင်  Oxy Contin သုံးတယ်၊ ဆေးပါစွဲခဲ့တယ် ။

ဆေးဖြတ်ပြီး ၁၈လ လောက်ကြာတဲ့အခါမှာ Malloryရဲ့ နည်းပြ Russell က စိတ်အပြောင်းအလဲဖြစ်အောင်  အလုပ်တခုရှာပေးတယ်။ အဲ့အလုပ်က Ted Maxwell နဲ့  Caroline တို့  (**သားလေး) Teddy ကို ကလေးထိန်းအနေနဲ့ လုပ်ရမှာ ။


အင်တာဗျုးစဖြေခါစကတော့ ယောကျာ်းဖြစ်သူ

Ted Maxwell က ရစ်သလောက် မိန်းမဖြစ်သူ Caroline က သဘောကောင်းတယ် ။


Ted Maxwell က အင်ဂျင်နီယာ၊ Caroline က စိတ်ရောဂါကုဆရာဝန်တစ်ယောက် ၊ သူတို့ဘဝ ကို သိပ္ပံနည်းကျပဲ သွားတယ်၊သဘာဝလွန်ဖြစ်ရပ်တွေကို မယုံကြည်ကြဘူး ။ နှာချေရင်တောင် Oh!My God! မလုပ်ဖို့ ပြောထားကြတဲ့ အထိ  ။


Caroline က ချမ်းသာတယ် ။ Mallory အလုပ်ရပြီးတဲ့ နောက်မှာ Caroline က သူ ဝတ်ပြီးသား အသန့် ဈေးကြီး‌ ပါပေ့ ဆိုတဲ့ branded ဝတ်စုံတွေကို Mallory သူတို့အိမ်မှာ နေနေသရွေ့ဝတ်ဖို့ ပေးထားတယ်။


Mallory ဟာ ခြံကြီးထဲက cottage တလုံးမှာနေတယ် ။ Maxwell မိသားစုကတော့ အိမ်ကြီးထဲမှာ သီးသန့် နေကြတယ် ။ သူတို့ရဲ့ ကလေးဖြစ်တဲ့ Teddy ဟာ Mallory  နဲ့ လည်း အဆင်ပြေတယ်။


Caroline က တခုတော့ပြောတယ် ။ သူ့သား Teddy ဟာ အရင်က ပန်းချီဆွဲလေ့မရှိဘူး ။"ဘာစီလိုနာ"  က  ပြန်လာပြီးတဲ့နောက်မှ "ပီကာဆို"လက်သစ်လေးဖြစ်ပြီး ပန်းချီ လက်စွမ်းတွေပြနေတယ်လို့ဆိုတယ် ။


ဒါပေမယ့် အတူနေရင်း Mallory သတိထားမိလာတာက  **သားဖြစ်သူ Teddyက "ဘယ်သန်" ဒါပေမယ့် ပုံဆွဲတဲ့အချိန်မှာ ကြည့်လိုက်ရင် "ညာလက်" နဲ့ ဆွဲနေတယ် ။ 


အစပိုင်းတော့ ဘာမှ မဖြစ်ပေမယ့် နောက်ပိုင်း ထပ်ဆွဲ လာတဲ့ ပုံတွေဟာ ကလေးတစ်ယောက် ဆွဲတာနဲ့ မတူပဲ  ထိတ်လန့်စရာတွေဖြစ်လာတယ်။




      

ဒါ့အပြင် Teddy ဟာ သူ့အခန်းထဲမှာ  တစ်ယောက်တည်းရှိနေချိန် တစ်ယောက်ယောက်ကို စကားတွေပြောနေတယ်။  


ဒီဖြစ်ရပ်တွေဟာ ဆက်တိုက်ဖြစ်လာတဲ့အခါ Mallory ဟာ Teddy ပုံမှန်မဟုတ်ဘူး ၊ တစ်ယောက်ယောက်က သူ့ခန္ဓာကိုယ်ကို အသုံးချနေတယ်ဆိုတာ ယူဆလို့ 

Caroline ကိုပြောပြတယ် ။ ထုံးစံအတိုင်း Carolineက မယုံဘူး ။ 


Malloryက Teddy ကို စိတ်ပူတဲ့အတွက်ဆရာဝန်ပြ ပေးသင့်တယ် ဘာညာ ပြောပေမယ့် Caroline က သူ့စိတ်ရောဂါကုဆရာဝန် ဖြစ်တဲ့အတွက် သူ့သားအကြောင်း သူသိတယ်။ ကလေး‌တိုင်းမှာ imaginary friend ရှိတာ မဆန်းပါဘူးပေါ့ ။ 


အဲ့ဖြစ်ရပ်တွေတင်မကပဲ Mallory နေတဲ့ cottage ထိ ခြောက်ခြားမှု့တွေ လုပ်တဲ့အခါ  Mallory က ကောင်လေးတစ်ယောက် ကို အကူအညီ တောင်းရတော့တယ် ။


Maxwell နဲ့ Carolineတို့ ခြံကြီးနားက အိမ်နီးချင်း မြက်ရိတ်ပေးတဲ့ကုမ္မဏီက ကောင်လေးAdrian ရယ်၊ ဘေးအိမ်က ဆေးစွဲနေပြီး၊ တားရော့ဟောစားတဲ့ အမျိုးသမီးကြီးရယ် ပေါင်းပြီး အဖြေရှာတဲ့အခါ ....


တားရော့ဟော တဲ့ အမျိုးသမီးကြီး ( Caroline တို့ မကြိုက်တဲ့ အိမ်နီးချင်း၊) နဲ့ Mallory တို့ဟာ Ouija board နဲ့ သရဲခေါ်ကြည့်ကြတယ် ။


Teddy ပါးစပ်ကပြောပြောနေတဲ့ imaginary bff ဆိုသူက "Anya " ဆိုတဲ့ အမျိုးသမီး၊ 


တိုက်တိုက်ဆိုင်ဆိုင် ၊ " Annie Barrett "ဆိုတဲ့ အမျိုးသမီး ဟာလည်း Malloryနေတဲ့ cottageမှာ  သတ်ခံရဖူးတယ် လို့ ကောလဟာလ သတင်းထွက် တယ် ။ 


Mallory ရဲ့ကောင်လေးဖြစ်လာမယ့် Adrian က Annie Barrett မိသားစု နောက်ကြောင်းကို ရှာရင်း ကျန်ရစ်တဲ့ မိသားစုဝင်တွေရှိလို့ သွားမေးတဲ့အခါ  


Annie Barrett ရဲ့ မြေးဖြစ်သူက သူ့အဘွားဟာ သတ်ခံရတာ လုံးဝမဟုတ်ပဲ  လူကြီးရောဂါနဲ့သာ အသက်ကြီးတဲ့အထိ တခြားတနေရာမှာ သေဆုံး သွားတာမို့ သူ့အဘွားခြောက်မှာ စိတ်မပူရကြောင်း ပြောပြတယ်။


ဒါဆိုရင် Mallory တို့ကို ပုံတွေ ဆွဲပြီး ဆက်သွယ်နေတဲ့ အမျိုးသမီးသမီးဟာ ဘယ်သူဖြစ်မလဲ ။ 


သူအသတ်ခံရကြောင်း၊ကလေးတစ်ယောက်အကြောင်း၊ အသေးစိပ် ပုံဆွဲ ပေးသမျှကို  Mallory နဲ့ Adrian တို့ ပဟေဠိ အဖြေညှိရင်း  puzzle ဆက်သလို အဖြေရှာလိုက်တဲ့အခါမှာတော့ .....


မိသားစု တခုရဲ့ လျှို့ဝှက်ချက်တခု ၊ လူသတ်မှု့ တခု၊ သေသွားပြီး မကျွတ်တဲ့ အမျိုးသမီးနဲ့ (**** ) ရဲ့ ပတ်သတ်မှု့ကို ဘယ်လိုတွေ ရှိမလဲ 


ဘေးအိမ်က တားရော့ဟောတဲ့အမျိုးသမီး (....)၊

Mallory ရဲ့ မရှိမယ့်ရှိမယ့် အလုပ်ပြုတ်၊

အသက်အန္တရယ်ထိခိုက်မယ့်အထိ ဘာတွေ ရင်ဆိုင်ရမလဲ...


(.......) က အကွက်ကျကျ စီစဉ်ထားတာတွေကို Mallory တစ်ယောက် ဘယ်လိုကျော်ဖြတ်မလဲ ။


Mallory နဲ့ Adrian တို့ ဘာ လျှို့ဝှက်ချက်တွေ ရှာဖွေတွေ့ရှိမလဲဆိုတာ .....


📌📌 My.P.O.V...

စာအုပ်ရဲ့နောက်ဆုံးခန်းတွေ ရောက်လာတော့ ဇာတ်လမ်း  ပိုကောင်းလာတယ်။ နောက်ဆုံးမှာ ချပြလိုက်တဲ့ twistလေးလည်း ကောင်းတယ် ။ ဇာတ်အိမ်လည်း မ‌ဆိုးဘူး ။ ကောင်းတယ် ။ Drawing ပုံတွေ ပါတဲ့အတွက် စာအုပ်က ပုံမှန် Thrillerတွေထက် ပို ဆွဲဆောင်မှု့ရှိသလို ခံစားရစေတယ် ။


တခုပဲ သဘောမတွေ့တာ... အရေးအသားက အရမ်း လွယ်ပြီး YA Thriller ဆန်လွန်းတယ် ။ စာရေးဆရာက အရင်ကYA ရေးတဲ့သူမို့ အခုမှ Adult Thriller စပြောင်းတာ မို့ အရေးအသား ကို လွယ်လွယ်ရှင်းရှင်း ရေးတဲ့ အကျင့်ဖြစ်နေတာလည်း ဖြစ်ချင်ဖြစ်မယ် ။


 á€’ဍပ္မယအ် Adult Thrillerတွေလို "အရေးအသား"

 á€žá€­á€•á€şá€†á€˝á€˛á€†á€ąá€Źá€„á€şá€™á€žá€Żá€ˇá€™á€›á€žá€­á€žá€ąá€¸á€˜á€°á€¸á€œá€­á€Żá€ˇ မြင်မိတယ် ။

အရေးအသား ပိုဆွဲဆောင်မှု့ရှိရင် ဒီစာအုပ်က ပိုရှယ်၊ပိုကောင်းမယ်လို့ တွေးမိတယ် ။


ဒီစာအုပ်ဟာ အရေးအသား ရိုးရှင်းတဲ့အတွက်

အခုမှ Thriller လိုင်းကို စဖတ်ချင်သူတွေအတွက် သင့်တော်ပါတယ် ။ 


E-Book Link ⬇️⬇️⬇️

https://t.me/mobi_epub_ebook_and_Movie/1786


Hidden Pictures by Jason Rekulak

#AudiobookReview by Bookish In Fiction Land 

15 June 2022

The Shadow Of The Wind by Carlos Ruiz ZafĂłn

 The Shadow Of The Wind by Carlos Ruiz ZafĂłn

📕 Gothic, Mystery,Drama, Thriller
ယခုလအတွက် ကြိုက်မိတဲ့ 5 Star⭐⭐⭐⭐⭐ စာအုပ်တအုပ်ပါ ။
ဒီစာအုပ်ဟာ နိုင်ငံခြားက စာဖတ်အားကောင်းတဲ့ booktuberတချို့ အကြိုက်များခဲ့ကြတဲ့ စာအုပ်ပါ ။
ဘာအကြောင်းရေးထားတာလဲဆိုရင် စာအုပ် ထဲ က ဝတ္ထုစာအုပ်တအုပ်နဲ့ ၊စာရေးဆရာတစ်ယောက် ၊ သူရေးတဲ့ စာအုပ်တွေအကုန် မီးရှို့ခံရပြီး စာရေးဆရာ ကလည်း အစရှာမရ ပျောက်ဆုံးသွားရတဲ့ အကြောင်းအရင်း ကို လိုက်လံရှာဖွေမိတဲ့ Daniel ဆိုတဲ့ကောင်လေး နဲ့ Julián Carax ရဲ့ မိသားစု ၊အချစ်၊ အမုန်း ၊အာဃာတ နဲ့ ဘဝတွေအကြောင်း ။


၁၉၄၅ ခုနှစ် ဝန်းကျင် စပိန်နိုင်ငံ " ဘာစီလိုနာ " မှာ ဇာတ်အိမ်တည်ထားတယ်။ Daniel ဆိုတဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေးဟာ မိခင်ဆုံးပါး သွား ပြီမို့ စာအုပ်ဆိုင်ဖွင့်ထားတဲ့ ဖခင်ဖြစ်သူနဲ့ အတူ နေထိုင်တယ်။
ညတညမှာ Daniel ရဲ့ ဖခင်ဖြစ်သူဟာ သူ့သား Daniel ကို "ဘာစီလိုနာ " က လျှို့ဝှက် နေရာတခု ဖြစ်တဲ့ "Cementery Of Forgotten Books "ကို ခေါ်သွားခဲ့ တယ် ။



အဲ့ဒီနေရာဟာ ရှေးဟောင်းစာကြည့်တိုက်တခု၊ သက်ဆိုင်သူ အချင်းချင်းသာ ဝင်ခွင့်ရှိတဲ့နေရာ ၊
ဒီ‌နေရာမှာ မြင်သမျှကြုံသမျှကို ဘယ်သူ့မှ မပြောဖို့ ၊ Daniel ကိုမှာတယ်။
ရိုးရာ‌တခုအနေနဲ့ ပထမဆုံးလာတဲ့သူဟာ ဒီရှေ့ဟောင်း စာကြည့်တိုက်ထဲက စာအုပ်တအုပ်ကို ယူခွင့်ရှိတယ်၊ ဒါပေမယ့် အဲ့စာအုပ်ကို တဘဝလုံး မပျောက်အောင် အမြဲထိန်းသိမ်းထားရမယ်။
Daniel ရွေးလိုက်တဲ့ စာအုပ်က
"Julián Carax ရေးခဲ့တဲ့ The Shadow Of The Wind "
Julián Carax ရေးခဲ့တဲ့ Shadow Of The Wind စာအုပ် ကို ရပြီးတဲ့အချိန်မှာပဲ Daniel ဖတ်လိုက်တဲ့အခါ ကြိုက် သွားသလို အဲ့စာအုပ် ရေးတဲ့ စာရေးဆရာ‌ရဲ့ အကြောင်း ပါ စိတ်ဝင်စားလာလို့ စုံစမ်းကြည့်တဲ့အခါ ဘယ်သူမှ အဲ့စာရေးဆရာအကြောင်း မသိခဲ့ကြဘူး ။


ဘာလို့လဲဆိုတော့ အဲ့စာရေးဆရာရဲ့ စာအုပ်တွေရှိသမျှ ထွက်ခဲ့သမျှဟာ တချိန်က မီးရှို့ဖျက်ဆီးခံခဲ့ရသလို ၊စာရေးဆရာလည်း အစရှာမရ ၊ပျောက်ဆုံးသွားခဲ့တယ် ။
ပြင်သစ်ဘက်မှာ Julián Carax ရဲ့ စာအုပ်တွေကို ရသမျှ လိုက် ၊ ရှာ ၊စုနေတဲ့ လူတစ်ယောက်၊
Julián Carax ရဲ့ စာအုပ်ကို Daniel ရပြီးတဲ့ အချိန်
က စပြီး Daniel နောက်ကို ခိုးကြောင်ခိုးဝှက်လိုက်
နေတဲ့သူတွေ ၊ စာအုပ်ကို လိုချင်တဲ့သူတွေ၊
ရန်ပြုမယ့်သူတွေ ၊ Daniel ကလည်း Julián Carax စာအုပ် တွေ မီးရှို့ခံရတဲ့အကြောင်းအရင်း၊ ပျောက်ဆုံးသွားတဲ့ စာရေးဆရာတစ်ယောက်ရဲ့ နောက်ကြောင်း ကို တောက်လျှောက် ရေစုန်ရေဆန် လိုက်ပြီးရှာမိဖွေတဲ့အခါ.....
စာအုပ်ထဲမှာ မှတ်စရာ quotes လေးတွေ တော်တော်များတယ် ။ ဒီထဲကမှ Shadow Of The Wind ဆိုတာနဲ့ တွဲမြင်ကြတဲ့ quoteလေးတခုကို အောက်မှာ ရေးပြထားပါတယ် ။
Julián Carax ရဲ့ မိသားစုက ဖိနပ်ချုပ်ပြီး အသက်မွေး ရတာ ။ တနေ့ သူတို့ဆိုင်ကို "ဘာစီလိုနာ" က အချမ်းသာဆုံး သူဌေးကြီး Aldya က ဖိနပ်ဆိုင်ကို လာတော့ စာဖတ်နေတဲ့ Julián Carax ကို
သဘောကျ သွားတယ် ။သူ့ကို အကောင်းဆုံးကျောင်းမှာ ထားပေးမယ်ပေါ့ ။
အရင်ဆုံးစာဖတ်ဝါသနာပါတဲ့ Julián Carax ကို သူဌေးကြီးကသူ့အိမ်ကို ခေါ်လာတယ်။ သူဌေးကြီးရဲ့ သားအရင်းဖြစ်သူက စာဖတ်ဝါသနာမပါဘူး ။
အဖေဖြစ်တဲ့ သူဌေးကြီး Aldyaက သူ့ကိုယ်ပိုင် စာကြည့်တိုက်မှာ စာအုပ်တွေအများကြီးရှိတဲ့အကြောင်း ၊ သူ့သမီး Penélopeပဲ စာဖတ်ဝါသနာ ပါကြောင်း ၊ ( pg.171)
အဲ့မှာ သူဌေးကြီး Aldya ရဲ့ သား Jorge က
'Books are boring .'လို့ပြောတယ်။
Julián Carax က
"Books are mirrors: you only see in them what you; already have inside you ," လို့ ပြန်‌ဖြေတယ်။
အရွယ်မတူပေမယ့် Daniel အပေါ် သံယောဇဉ်ကြီးမား တဲ့ Fermín၊ ၊သူကလူကြီးဆို‌ တော့ လူပျိုလေး Daniel ကို သင်ပေးတဲ့ Fermín ရဲ့ တချို့အခန်းတွေ၊ ဒဿနတွေ ဟာလည်း ဖတ်ရင်း၊ နားထောင်ရင်း ပြုံးစရာပါ ။
Fermín နဲ့ Daniel ရဲ့ အရွယ်မတူတဲ့ သူငယ်ချင်း မိတ်ဆွေ နှစ်ယောက် Julián Carax အကြောင်း "ဘာစီလိုနာ "တခွင် ပြဲပြဲစင်‌အောင် သတင်းအစအန
လိုက်လံ ၊ တူးဆွကြ‌ရင်း Julián Carax ရဲ့
ဘဝ နောက်ကြောင်း ဘာတွေ ရှာဖွေ့တွေ့ရှိမလဲ ။
Daniel နဲ့ Julián Carax တို့ နှစ်ယောက်ရဲ့ မတူညီတဲ့ Timeline နှစ်ခုက အချစ်၊ အမုန်း၊ အာဃာတတွေ ဆန်းကြယ်မှု့တွေကို 'ဂေါ့သစ်' ဆန်ဆန် ရေးထားတဲ့ ဇာတ်လမ်း ။
ဒီစာအုပ်ဟာ ဇာတ်အိမ်လည်း ကျယ်တယ်၊ စပိန် နာမည်တွေ၊ Julián Carax ရဲ့အတိတ် timeline မှာလည်း ဇာတ်ကောင်တွေများတဲ့အတွက် တချို့က
ပျင်းလို့ ဆက်ပြီး မဖတ်နိုင်ကြတာတွေရှိတယ်။
အဲ့ဒီလူတွေအတွက် Audiobook နဲ့ စာအုပ် တွဲဖတ်ဖို့ အကြံပေးချင်ပါတယ် ။ Audiobook Narrator ဟာ အရမ်း ၊ အရမ်းကောင်းသလို ဖတ်ပြတဲ့ စပိန်နာမည် တွေကို နားထောင်ရတာ အရမ်း အရသာရှိပါတယ် ။ တချို့အပိုဒ်ခွဲတွေမှာ တီးလုံးသံငြိမ့်ငြိမ့်လေးတွေ ပါ ထည့်ပေးထားတယ်။
ဒီစာအုပ်မှာ timeline ၂ခုရှိပါတယ် ။ Julián Carax ရဲ့အကြောင်းက စာလုံးစောင်းတွေနဲ့ ရေးထားပါတယ်။
မူရင်း စပိန်ကနေ ဘာသာပြန်ထားတဲ့ Lucia Graves ရဲ့ အရေးအသားကလည်း တကယ် ကြိုက်ချင်စရာပါ ။ စာအုပ်ကအတွဲ ၄အုပ်ရှိပါတယ်။ အများစုကတော့ Shadow Of The Wind ကိုပဲ သီးသန့် stand alone အနေနဲ့ ဖတ်ကြတာ များပါတယ် ။
ဒီစာအုပ်မှာ လည်း နှစ်ဖွဲ့ ကွဲပါတယ် ။ ပျင်းစရာ‌ကောင်းလို့ မကြိုက်တဲ့သူတွေရှိသလို၊
ဖတ်ရင်း ကြိုက်မိ စွဲသွားတဲ့သူကတော့ စာအုပ်ထဲက ဇာတ်ကောင်တွေ နဲ့အတူ စီးမျောဝင်သွားပြီး
ကြယ်၅လုံးပါပဲ ⭐⭐⭐⭐⭐ ။
မူရင်း စပိန်စာရေးဆရာ Carlos Ruiz Zafón ကတော့ ဇွန်လ ၁၉၊ ၂၀၂၀ ၊ အသက်၅၅နှစ် အရွယ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီမို့ ဒီလို ဇာတ်အိမ်၊ ဒီလို လက်ရာအရေးအသားမျိုးကို ထပ်ပြီး ဖတ်ခွင့် မရှိတော့ပါဘူး ။
စာအုပ်ကောင်းတယ်၊ မကောင်းဘူးကတော့ ဖတ်တဲ့သူရဲ့ အကြိုက်နဲ့ပဲ ဆိုင်ပါတယ် ။
E- Book Link ⬇️⬇️⬇️
Ellias တို့ book gp ပြောတဲ့ Shadow Of The Wind
စာရေးဆရာ ပြောထားတဲ့ Angel's Games Vs Shadow Of The Wind
#The_Shadow_Of_The_Wind by #Carlos_Ruiz_ZafĂłn
AudioBook Review by Bookish In Fiction Land
June 18.2022

Mary : An Awakening Terror by Nat Cassidy

 đŸ“•Mary : An Awakening Terror by Nat Cassidy

🎧 Audiobook Review
📕Horror
ဒီစာအုပ် ဟာ ဇူလိုင် ၁၉၊ ၂၀၂၂ ကမှ ထွက်ခဲ့တဲ့ Horror စာအုပ် တအုပ် ။ အစမှာကတည်းက စာရေးဆရာက၊ သူဟာ Stephen Kingရဲ့ Carrie ဝတ္ထု နဲ့ နီးစပ်ခဲ့ရသူ ဖြစ်ကြောင်း ၊ အခုစာအုပ်မှာလည်း Carrie ဇာတ်အိမ် ကျောရိုးကို ယူထားကြောင်း ပြောထားတယ် ။
ဒါပေမယ့် Carrieနဲ့ တူသလားဆိုတော့ မတူပါဘူး ။ပြောင်းပြန်ပါပဲ ။ တူတာတခုတော့ ရှိပါတယ်။ Carrie မှာ မိန်းမပျိုတွေရဲ့ အပျိုဖော်ဝင်ချိန် ရာသီသွေးပေါ်တဲ့အချိန် "bully" လုပ် အရှက်ခွဲခံရတာ ။ Mary မှာက သတ်လတ်ပိုင်း ၅၀ အရွယ် သွေး‌ဆုံးကိုင် ခံစားရ တဲ့ အမျိုးသမီးတစ်ယောက်ရဲ့၊ စိတ်ကယောက် ဖြစ်တာ၊ ငယ်စဉ်က bully လုပ်ခံရတာတွေ ပြန်ပေါ်လာတာ တူတယ် ပေါ့ ။

မတူတာက Carrie မှာ က၊ သူ့မှာ ဘာသာရေး အစွန်း ရောက်တဲ့ မိခင်ရှိတယ်၊ Carrieမှာ မမြင်ရတဲ့ သဘာဝလွန် စွမ်းအားရှိတယ် ။

Mary မှာကော ... ။ Maryမှာက အခုလို ကယောက်ကယက် အချိန်မျိုးမှာ ခေါင်းထဲမှာ ရှိနေတဲ့ တခြားတစ်ယောက်ရဲ့ ထိန်းချုပ်ခြင်းကို ခံရတာ ။



............... ဇာတ်လမ်းအကျဉ်း ............
" Mary " ဟာ ငယ်စဉ်က ကျောင်းမှာ ရွယ်တူ တချို့ရဲ့ အနိုင်ကျင့်အရှက်ခွဲတာ ခံရဖူးတယ်။ သူ့ကို အနိုင်ကျင့် ခဲ့တဲ့ ကျောင်းသူ‌မိန်းကလေးထဲက တစ်ယောက်ကို Mary တစ်ယောက် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ခဲ့ ဖူးတယ် ။ (Arroyo မြိုလေးကို ပြန်လာတဲ့အချိန် အဲဒီ့အမျိုးသမီး၊သူ့အမေ နဲ့ Mary စာအုပ်ဆိုင်မှာ တွေ့ကြတဲ့ အခန်း စာအုပ်ရဲ့ အလယ်ကျော်လောက်မှာ ပါပါတယ် )။
Mary ရဲ့ မိဘတွေဟာလည်း Mary ငယ်စဉ်က အိမ် မီးလောင် မှု့ ဖြစ်ပြီး ဆုံးပါးသွားခဲ့ကြတယ် ။( ဘာကြောင့် သူ့မိဘတွေ မီးထဲ ဆုံးရသလဲဆိုတာ စာအုပ်ရဲ့ နောက်ပိုင်းမှာ ပါတယ် )
အသက် ၅၀အရွယ် Mary ဟာ သူငယ်ချင်း အပေါင်း
အဖော်မရှိဘူး ။ တိတ်ဆိတ်အေးဆေးစွာ နေတက်ပြီး ၊ အထီးကျန်နေတဲ့အပြင် ၊ သွေးဆုံးကိုင် ဝေဒနာ ခံစား နေရ တဲ့ အမျိုးသမီးတစ်ယောက်။
သူ့မှာ အဖော်ဆိုလို့ သူချစ်တဲ့ (porcelain) ကြွေထည်ရုပ် တွေပဲရှိတယ် ။ Mary ဟာ အဲ့ကြွေထည်
ရုပ် တွေကို သူ့သူငယ်ချင်းတွေလို စကားပြောသလို၊ ကြွေထည်ရုပ်တွေကလည်း သူ့ကို စကားပြန်ပြောတယ် လို့ Mary ထင်တယ် ။
အခုတော့ Mary ဟာ အသက်၅၀ အရွယ် အမျိုးသမီး တစ်ယောက် ဖြစ်နေပြီ ။ ဒီအရွယ်မှာ အမျိုးသမီးတိုင်း ခံစားရ၊ ဖြစ်တဲ့ သွေးဆုံးကိုင် ဝေဒနာ ကို Mary ခံစား နေ ရတယ် ။ စိတ်လှုပ်ရှားမယ်၊‌ ဒေါသတွေကြီးမယ် ၊ စိတ်ကယောက်ဂယက်တွေ ဖြစ်မယ် ။
Mary ကတော့ သူ့လိုပဲ တခြား သွေးဆုံးကိုင် ဝေဒနာ ခံစားရတဲ့ ရွယ်တူ အမျိုးသမီးတွေ ထက် သူ ပိုခံစားရ ကြောင်း သူ့ကိုယ်သူ သိတယ် ။
Mary နားထဲ မှာ သူ့စိတ်ကို ပူးကပ်ပြီး ထိန်းချုပ်ချင်‌ နေတဲ့ ၊ ပြောနေတဲ့ အသံတသံကြား‌နေရတယ် ။
ရေချိုးကန်ထဲမှာလည်း ခေါင်းပေါ်မှာ သွေးတွေနဲ့၊ အဝတ်စွပ်ထားတဲ့ အမျိုးသမီး တစ်ယောက် ကိုလည်း သူမြင်နေရတယ် ။
ဟုတ်တယ် ။ Mary တစ်ယောက် ရေချိုးကန်ထဲက အမျိုးသမီးလိုပဲ သရဲတစ္ဆေ တွေကို မြင်နေရတယ် ။
ပုံမှန်မဟုတ်တဲ့ အသံတွေကို နားထဲမှာ ကြားနေရ တယ်။
Mary ဟာ New York မြို့ကြီး က စာအုပ်ဆိုင် တဆိုင်ရဲ့ မြေအောက်ထပ်၊ စာအုပ် သိုလှောင်ခန်းမှာ အလုပ်လုပ် ရ တဲ့သူ ။ Maryဟာ ၅၀အရွယ် လူလွတ်အမျိုးသမီး၊ သူဟာ အပေါင်းအသင်းလည်း မရှိသလို ၊ ဘယ်သူ့ကိုမှ မယုံဘူး ။
သူ့ကိုလည်း တခြားသူတွေက စာအုပ်ဆိုင်မှာ သက်ရှိ ထင်ရှား ရှိတယ် ၊ အလုပ်လုပ်နေတယ်လို့ တောင် ဆက်‌ဆံအရေးပေး ခြင်း မခံရဘူး ။
တနေ့တော့ စာအုပ်ဆိုင်ရဲ့ မြေအောက်ခန်းမှာ အလုပ် လုပ်နေတဲ့ Maryတစ်ယောက် အလုပ်ဖြုတ် ခံရ တယ်။
သူတို့လို ၅၀အရွယ်ကို မြေအောက်ခန်းလိုနေရာမျိုးမှ လုပ်ရမယ့် အလုပ်တောင် မလုပ်စေချင်တော့ဘူး ။ငယ်ငယ်ရွယ်ရွယ်ကို အစားထိုး ခန့်မယ်ပေါ့ ။
အဲ့လိုနဲ့Mary အလုပ်ပြုတ်ပြီးတဲ့နောက်မှာ အဒေါ်ဖြစ်သူ Nadine ဆီက ဖုန်းဝင်လာတယ်။ သဲကန္တာရ မြို့လေး ဖြစ်တဲ့ Arroyo မှာ နေတဲ့ အဒေါ် Nadineက သူ့ဆီ လာဖို့ ၊ သူ့ကို စောင့်ရှောက်ပေးဖို့ ခေါ်တယ် ။
Arroyo မြို့လေးက သူ့အဒေါ်အိမ် ရောက်တော့ လည်း Maryတစ်ယောက် NY မှာလိုပဲ " ကြည့်မှန် " တွေကို မကြည့်ချင်ဘူး။ အဝတ်စနဲ့ ဖုံးထားတယ် ။
မှန်ထဲမှာ ပေါ်လာတဲ့ ၊ မြင်နေရတဲ့ တခြား မျက်နှာတွေ ကို သူ့မကြည့်နိုင်ဘူး ။ အိပ်မက်ဆိုးတွေလည်း မက် သလို၊ သူ့ခေါင်းထဲထိ နက်နက်ရှိုင်းရှိုင်း စီးဝင်ပြီး ပြောနေ တဲ့ အသံတခု ၊ Maryကို ခပ်ဆိုးဆိုးတွေ လုပ်ဖို့ တွန်းအားပေး နေတယ်။
Mary တစ်ယောက် ဆရာဝန်ပြတယ်။ သွေးဆုံးကိုင် ခံစားနေရတာမို့ ဆေးဝါးပေးပေမယ့် Mary မယူဘူး။ Maryတစ်ယောက် တခုခု မှားယွင်းနေပြီဆိုတာ သူ့ဘာသူ သိနေပြီ ။
လွန်ခဲ့တဲ့ အနှစ် ၅၀ Mary မွေးလာတဲ့အချိန်မှာပဲ Arroyo မြို့လေးမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့
( mid-life အမျိုးသမီးတွေကို ရွေးသတ်ပြီး ၊မျက်နှာက အစ အစရှာမရအောင် ဖျက်စီး ၊ အသားအရေခွံ နွှာပစ် တဲ့ )ကွင်းဆက်လူသတ်သမား "Damon Cross " သေဆုံးသွားခဲ့တယ် ။
Mary မြင်နေရတဲ့ အမျိုးသမီး‌ သရဲတစ္ဆေတွေက "Damon Cross " သတ်လိုက်တဲ့ အမျိုးသမီးတွေ၊ သူတို့ ဘာကြောင့် Mary ရှေ့ကို ပေါ်လာရပါလိမ့်။
Mary သာ မြင်နေတဲ့ သရဲတစ္ဆေ အမျိုးသမီးတွေဟာ
( Damon Cross 's Victims) Mary ကို ဘာများ လုပ်စေချင်ပါလိမ့် ။
Mary တစ်ယောက် သူ့ အဒေါ်ကြောင့် Arroyo မြို့လေး ကို ပြန်လာတဲ့အချိန်မှာ လူသတ်မှု့တွေ ပြန်ဖြစ်‌နေတာ ကို သိထားမိတယ် ။
လွန်ခဲ့‌သော အနှစ်၅၀ က Arroyo ဆိုတဲ့ ဘာသာရေး မြို့လေး မှာရှိခဲ့တဲ့ ၊ ရဲတွေ ပစ်လိုက်လို့ သေသွားတဲ့ နာမည်ကြီး ကွင်းဆက်လူသတ်သမား "Damon Cross" ကို ကိုးကွယ်ကြတဲ့ အဖွဲ့အစည်းတခု လည်း ရှိတယ် ။
"Damon Cross" လို ရက်ရက်စက်စက်သတ်ပြီး အသားနွှာပစ်တဲ့ လူသတ်မှု့တွေ ဘာကြောင့်ထပ် ဖြစ်လာရသလဲ ဆိုတာ Mary အဖြေရှာမိတဲ့ အခါမှာ.........
Copy-cat killer လား ။ဒါမှမဟုတ် Damon Cross က လူဝင်စားပြီး သတ်တာလား ဆိုတာကတော့......
ကွင်းဆက်လူသတ်သမား ၊ လူဝင်စား တာ၊ စိတ်နဲ့ လူသတ်တာ၊ မျက်နှာ အရေခွံကအစ မမှတ်မိအောင် ၊အစရှာမရအောင် ၊ဖျက်ဆီးပစ်တာ ရယ်၊ Maryရဲ့ သွေးဆုံးကိုင် စိတ် ကယောက်ကယက်ဖြစ်တာနဲ့ ပေါင်းလိုက်တော့ ....
အညွှန်းရေးသူတစ်ယောက်ကတော့ Mary ဇာတ်ကောင် ဟာ Carrie + Hereditary+ Silent Hill ပေါင်းထား သလို vibe မျိုး ခံစားရတယ် လို့ပြောပါတယ်။
supernatural Horror ,Cult Horror
Psychological Horror
Mid -life- crisis
📌#Spoiler_Keyword
📌#Reincarnation
📌 #Mary & #serial_killer_Damon_Cross
📌My .P.O .V... ဒီစာအုပ်ကို စာအုပ်ထက် Audiobook နားထောင်ဖို့ အကြံပေးချင်တယ် ။ Audiobook Narrator ဟာ အရမ်းကောင်းတယ် ပြောရမယ် ။
တကယ့် ဆိုက်ကို တစ်ယောက်လို Mary အသံရော၊ တခြား Mary ကြားနေရတဲ့ အသံတွေကို အသံ ကွဲပြား ချက်၊ ခြားနားချက်၊ပြောင်းလဲတာ အများကြီး ပေါ်လွင် တယ် ။ မုဒ်ပါပါ ရုပ်ရှင်ကြည့်နေရသလိုပဲ တကယ် အသက်ဝင်အောင်ပြောနိုင်တယ် ။
စာအုပ်ဖတ်ရင်လည်း ရတာတော့ ရပါတယ် ။ ဒါပေမယ့် စာအုပ်မှာ Mary နားထဲ ကြားနေရသလို အသံတွေရဲ့ ဆိုက်ကိုဆန်ဆန် အရသာ သိပ်ပေါ် လွင်မယ် မထင်ဘူး။
စာမျက်နှာ ၄၁၆ မျက်နှာ၊ Audiobook က ၁၅ နာရီကျော် ကြာမယ် ။ ကိုယ် ဒီစာအုပ် စဖတ်တုန်းက ပြောဖူးသလိုပဲ ၊သွေးဆုံးကိုင် အမျိုးသမီး တစ်ယောက် ရဲ့ ကယောက်ကယက် ခံစားချက်ကို ရေးပြသွားတဲ့ စာရေးဆရာက အမျိုးသားပါ ။
သူဘာကြောင့် ရေးရ သလဲဆိုတာ audiobook နောက်ဆုံးမှာလည်း သူ့အသံနဲ့ပြောထားသလို ၊ စာအုပ်ရဲ့နောက်ဆုံးမှာ လည်း ရေးထားပါတယ်။
သရဲကားကြည့်ရသလို ဝုန်းဒိုင်း ခြောက်မယ့် ဇာတ်လမ်း မျိုးမဟုတ်ဘူးနော် ။ ကိုယ်ပါ Mary ခေါင်းထဲက အသံကို အတူတူကြားနေရသလို တမြည့်မြည့်လောင် မယ့် ဇာတ်လမ်းမျိုးပါ ။
အခုနောက်ပိုင်းထွက်တဲ့စာအုပ်တွေမှာတော့ တခြား horror စာအုပ်တွေနဲ့ မတူပဲ ဇာတ်လမ်း ခပ်ဆန်းဆန်း ဖတ်ရမယ့် စာအုပ် တအုပ်ပါ ။
⭐⭐⭐⭐ 4 star Audiobook for me.
Mary : An Awakening Terror by Nat Cassidy
Audiobook Review by BookishInFictionLand
4 August 2022