Tuesday, September 6, 2022

The Push by Ashley Audrain

 The Push by Ashley Audrain

📕 Psychological Thriller


၂၀၂၁ နှစ်စ မှာ စထွက်ခဲ့၊ တော်တော်ပေါက်ပြီး ၊ Bestseller တန်း ဖြစ်ခဲ့တဲ့ စာအုပ်။ mix review တွေနဲ့ ကောင်းတယ်၊ မကောင်းဘူး ဝေဖန်ခဲ့ကြတဲ့ စာအုပ် ။


မှတ်ချက် 📌 သင်ဟာ မိခင် တစ်ယောက် ဖြစ်နေ မယ်ဆိုရင်တော့ ဒီစာအုပ်ကို ဖတ်ချင်မယ်လို့ မထင်ဘူး ။


Blythe ဟာ မိခင်ကောင်းတစ်ယောက် ဖြစ်အောင် နေမယ်လို့ ဆုံးဖြတ်ထားပေမယ့်  Violent ဆိုတဲ့ မိန်းကလေး ကိုမွေးပြီးတဲ့အချိန်မှာ ကလေးဟာ 

Blythe ကိုမချစ်ဘူး ၊ မတွယ်တာဘူး ၊ ဖခင်ဖြစ်သူ 

အပေါ်ပဲ ချစ်ပြီး တွယ်တာတဲ့အခါ၊ မိခင်ဖြစ်သူ မှာ အပယ်ခံဖြစ်သွားတဲ့ စိတ်ခံစားချက် ဖြစ်လာတယ်။ 


ယောကျာ်းဖြစ်သူ Fox ကတော့ Blythe ဟာ သူ့မိခင် (မျိုးဆက်၂ဆက် ) မိခင်ကောင်းမပီသခဲ့မှု့တွေ လို Blythe မှာ ဖြစ်မှာစိုးလို့ စိတ်ပင်ပန်း လွှမ်းမိုးမှု့ကို ခံနေရတာလို့ပဲ တွေးတာ ။


Blythe ရဲ့ အမေနဲ့ အဘွားဖြစ်သူဟာ မိခင်ကောင်း မပီသခဲ့တဲ့အပြင် ကလေးအပေါ် ဆိုးဝါးတဲ့ အပြုအမူ တွေပါ လုပ်ခဲ့တယ်။



နောက် Blythe ဟာ Sam ဆိုတဲ့ ကလေးကို ထပ် မွေးတယ်။ Sam နဲ့ Blythe ဟာ ကီးကိုက်တယ်၊  

Blythe အပေါ်လည်း ချစ်တယ်၊ Blythe ဟာလည်း ဒီကလေး Sam နဲ့ကျ မှ မိခင်ဖြစ်ရတဲ့ ခံစားချက် ပီတိ

ကို နားလည် ခံစားလာရတယ်။


စာအုပ်က cover  ၂ မျိုး၊ ကလေး ကစားကွင်းပါတဲ့  ကာဗာ တခုမှာ မမျှော်လင့်တာ တခု ( .....) ဖြစ်ခဲ့တယ် ။


Sam ကို  မွေးလာတဲ့အချိန်မှာ သမီးကြီး Violent ဟာ မောင်လေး Sam အပေါ် ချစ်သလိုရှိလာပေမယ့်


 အဲ့ဒီအချိန်မှာပဲ  Violent ဟာ မမျှော်လင့်တာ ထပ် လုပ်လာတဲ့အခါ.. wow.... မိခင်ဖြစ်သူအတွက် အိပ်မက်ဆိုးလို့ ပြောရမလားပဲ ။


Thrillerဆိုတော့ ပြောပြလို့မရဘူး..


အဲ့ဒီအချိန်မှာ အမေ ဖြစ်သူက Violent ဘာလုပ်လိုက် တယ် ဆိုတာ သိလိုက်တယ်၊ သိလိုက်တဲ့အချိန်မှာ Blythe ဟာ ယောကျာ်းဖြစ်သူ Foxကို သမီးဖြစ်သူ Violent အကြောင်း၊ သူလုပ်လိုက်တဲ့အရာကို ပြောလိုက်တယ်။ 

 

ဒါပေမယ့် ယောကျာ်းဖြစ်သူက မယုံဘူး။ အဖေချစ် သမီး တစ်ယောက်ဖြစ်တဲ့အတွက် Violent ဘာပဲလုပ်လုပ်မှန် တယ်၊ သံသယမရှိဘူး ။ 


ယောကျာ်း Fox က Blythe ကိုပဲ မယုံတာ ။

အဲ့ဒီနောက် Fox နဲ့  Blythe ကွာရှင်းလိုက်တယ်။


Fox က Gemma ဆိုတဲ့ အမျိုးသမီး နဲ့ နောက်အိမ်ထောင် ထပ်ပြုတယ်။ ကလေးတစ်ယောက်ထပ်ရတယ်။ သမီးကြီး Violent ဟာ အဖေဖြစ်သူ Fox ၊နောက်အိမ်ထောင် Gemmaနဲ့ မွေးလာတဲ့ ကလေးနဲ့ အတူ လိုက်နေတယ်။


အဲ့ဒီအချိန်မှာရော  Violent ဟာ အမကြီး တစ်ယောက် ပီသစွာ Gemmaရဲ့ ကလေးကို ချစ်မှာလား ၊ မှားယွင်းတဲ့ အရာတခုခုကို Violent ထပ်လုပ်ဦးမလား.....။


ဒါမှမဟုတ် Blythe ကပဲ သူ့မိခင် အရင်မျိုးဆက်တွေလို သားသမီးအပေါ်ပဲ အုပ်ထိန်းမှု့မကောင်း၊ မှားယွင်းခဲ့တာလား ဆိုတာ...


ဖတ်ကြည့်ပါ ။ 

  


 📕 e book link📕

 https://t.me/mobi_epub_ebook_and_Movie/1381?single

 

#The_Push by Ashley Audrain

22. Feb. 2022

#AudioBook_Review by Bookish In Fiction Land

No comments: