The Nothing Man by Catherine Ryan Howard
📕 Crime -Thriller
ဒီရက်ထဲမှာ ဖတ်သမျှစာအုပ်တွေက နည်းနည်း ပျင်းစရာတွေ ဖြစ်နေလို့ Thriller Audiobook လေး ပြောင်းနားထောင်ကြည့်တယ်။
Catherine Ryan Howard ...သူက Ireland စာရေးဆရာ ၊ သူ့ရဲ့ ဒီ"The Nothing Man " စာအုပ်ကို ၂၀၂၀ ဩဂုတ်လ မှာ ထွက်ထားတယ် ။
အခုနှစ် ဩဂုတ်လထဲမှာလည်း ၁အုပ်ထွက်ထား သေးတယ် ။ ဒါပေမယ့် ဒီ "The Nothing Man "စာအုပ်လောက် အကြိုက်မများကြဘူး ။
၂၀၂၁ က ထွက်ခဲ့တဲ့ "56Days" ဆိုတဲ့ စာအုပ်ကတော့ တော်တော်ပေါက်ခဲ့သေးတယ် ။
ဒီစာအုပ်က "The Nothing Man" စာအုပ်ထဲက "The Nothing Man " စာအုပ် အကြောင်း ။
စာအုပ်ထဲက စာအုပ် ၁အုပ်အကြောင်း ဆိုပါတော့ ။
.....ဇာတ်လမ်းအကျဉ်း ....
ဒီစာအုပ်ထဲမှာက Eve Black ဆိုတဲ့ အမျိုးသမီးက True Crime Memoir ပုံစံ စာအုပ် တအုပ် ရေးပြီးထုတ်လိုက်တယ် ။ စာအုပ် နာမည်က "The Nothing Man"။
Eve Black က သူ့ စာအုပ်ထဲမှာ ဘာတွေရေးထားသလဲဆိုရင် လွန်ခဲ့တဲ့ အနှစ် ၂၀ ၊သူ့ အသက် ၁၂နှစ်အရွယ် ၊ ညတညမှာ သူတို့မိသားစု အိမ်ကို လူတစ်ယောက်က ကျုးကျော်ဝင်ရောက် လာပြီး သူ့အဖေ၊ အမေနဲ့ ညီမလေးကိုလည်း သတ်သွားခဲ့တယ် ။ (မုဒိန်းကျင့်သွားသေးတယ်ထင်တယ်၊ သေချာမမှတ်မိတော့လို့ )
Eve Blackကတော့ အိမ်သာသွားနေချိန်မို့ သူရောက်နေတဲ့ အဲ့အခန်းကို မစစ်ခဲ့တဲ့အတွက် မိသားစုထဲမှာ သူတစ်ယောက်ပဲ သေဘေးကနေလွတ်ခဲ့တယ် ။
အဲ့လူဟာ အိမ်တွေထဲကို ဝင်ရောက် ကျုးလွန် သတ်ဖြတ်ပြီး သဲလွန်စ ၊ ဘာအစအနမှ မထားခဲ့တဲ့အတွက် သူ့ကို Nothing Man လို့ခေါ်ကြတယ် ။
အဘွားဖြစ်သူကပဲ Eve Black ကို စောင့်ရှောက်ပေးခဲ့တယ် ။ Eve Black ကတော့ ဘဝတစ်လျှောက်လုံး နာကျင်စရာတွေ နဲ့ဖြတ်သန်းခဲ့ရတယ် ။
သူ့အသက် ၂၀ကျော်တဲ့အချိန်မှာတော့ အဘွားဖြစ်သူလည်း ဆုံးသွားခဲ့တယ် ။ Eve Blackက သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို စာအုပ်ရေးဖို့ဆုံးဖြတ်လိုက်တယ်။ သူ့မိသားစုကို သတ်သွားတဲ့ လူသတ်သမားဟာ သက်ရှိထင်ရှားရှိနေသေးသလား၊ ဒါမှမဟုတ်ပဲ သေသွားပြီလား ၊ သူ ရေးထားတဲ့ စာအုပ်ကို
ဖတ်များဖတ်နေမလား ၊မရေမရာ ခန့်မှန်းချက်ပေါင်းစုံနဲ့ပေါ့ ။
She can’t stop writing until she finds the killer.
He can’t stop reading because the killer is him.
– The Nothing Man
တကယ်လည်း အဲဒီ့ Nothing Man က သူ့စာအုပ်ကို မတော်တဆ တွေ့မိပြီး ဖတ်နေတယ် ။ အဲ့လူက စူပါးမားကတ် တခုမှာ လုံခြုံရေးလုပ်နေတဲ့ Jim Doyle....(ဒါက spoiler မဟုတ်ဘူးနော်၊ စာအုပ် description မှာ ပါပြီးသားပါ )
အခုတော့ Jim Doyle ဟာ အသက်၆၀ ဝန်းကျင်ရှိပြီ ။ သမီးလေးတစ်ယောက်နဲ့ မိသားစုလည်းရှိတယ် ။ဒီစာအုပ်ထဲမှာ မသေပဲ ကျန်ခဲ့တဲ့ မျက်မြင်သက်သေက သူ့အကြောင်း ဘာတွေများ မှတ်မိလဲ၊ ရေးထားမလဲ သိချင်ဇော နဲ့ Jim Doyle တစ်ယောက် Eve Black ရေးတဲ့ "Nothing Man" စာအုပ်ကို ဖတ်နေတယ် ။ ဖတ်ရင်းနဲ့လည်း ဒေါသတွေ ထွက်နေသလို၊ စာအုပ် နောက်ပိုင်း ရောက်လေလေ အကြီးအကျယ် တုန်လှုပ် ခြောက်ခြားလေပေါ့။
စာအုပ်အကြောင်း မိတ်ဆက် လက်မှတ်ထိုးပွဲမှာတောင် Jim Doyle က Eve Black အနားမှာ ရှိနေသေးတာ ။ စူပါးမားကတ်လုံခြုံရေး Jim Doyle ဟာ Nothing Man ဆိုတာ လူတွေ မသိခင် အချိန်အထိပေါ့ ။
မိသားစုဝင်တွေ အကုန်အသတ်ခံရတဲ့ Eve Black ကလည်း Jim Doyle ကို ထောင်ဖမ်းချင်ပြီး သူ့အပြစ် တွေကို ခံယူစေချင်တာ ။
I was the girl who survived the Nothing Man. Now, I am the woman who is going to catch him.
Eve Black ကလည်း Nothing Man ဘယ်သူဆိုတာ သိရဖို့ သဲလွန်စတွေ လိုက်ရှာနေသလို ၊
Jim Doyle ကလည်း သူဆိုတာ Eve Black ရိပ်မိသွားမယ့် အချိန် မတိုင်ခင် Eve Black ဆီကို သွားပြီး လက်စပျောက်အောင် ရှင်းပစ်ဖို့ လုပ်တော့တယ် ။
ဘယ်သူက လက်ဦးမှု့ရမလဲ ဆိုတာကတော့ ဖတ်ကြည့်ပါနော် ..... ။ 😁
ဇာတ်လမ်းမှာက စာအုပ်ဖတ်နေတဲ့ Jim Doyle ရဲ့ အမြင်၊
Eve Black ကလည်း သူကြုံခဲ့ရတဲ့အခြေအနေတွေကို ပြောပြနေတာကတမျိုး တလှည့်စီ ရေးထားတယ် ။
ဇာတ်လမ်းနဲ့ နောက်ပိုင်း twist လေးလည်း ကောင်းသလို ၊Audiobook Narrator ဟာလည်း ဆွဲဆောင်မှု့ရှိတယ်။
📕E Book Download link📕
The Nothing Man by Catherine Ryan Howard Audiobook Review by BookishInFictionLand
13 September 2022