Tuesday, September 6, 2022

Libby (US) Library Card လုပ်ချင်သူများအတွက်

 📌Libby (US) Library Card  လုပ်ချင်သူများအတွက်


 Library Card  ရှိရင် 📌  " Libby" App  အပြင်

 

📌 "Hoopla " App ကနေလည်း movie, ebook,    Audiobook, comic, TV series, musicတွေ

Libby လို စောင့်စရာမလိုပဲ  ငှားလို့ရပါတယ် ။

ကလေး သုံးမယ်ဆိုရင် အပေါ်ဆုံးထောင့်က "Kid" Mode " on "  ထားလို့ရပါတယ်။ ( "Hoopla" အကြောင်း ပုံ  မန့်တွင်ကြည့်ပါ )


📌   "Simple E " App ကနေ E bookတွေ၊ ကလေးစာအုပ်‌တွေ ၊တခြား အသစ်ထွက်စာအုပ် genre မျိုးစုံကအစ အရင် အဟောင်းတွေ အထိရပါတယ် ။ 

Audiobook တွေ နားထောင်လို့ ရသလို

အသစ်ထွက် Magazineတွေလည်း ဖတ်လို့ရပါတယ်။


Libby လောက်တော့ မစောင့်ရဘူး။စောင့်ရတဲ့ စာအုပ်၊ 

မရသေးရင် ရက်ဘယ်လောက် စောင့်ရမယ် ဆိုတာ ပေါ်တယ် ။


စောင့်ချင်တဲ့စာအုပ်ဆို Reserved လုပ်ထားလို့ရတယ် ။


   ............. Library Card ထပ် လုပ်ချင်ရင် .........

 

📌 အခုပြတဲ့ Library မှ မဟုတ်ဘူး ။ US က ကြိုက်တဲ့ ပြည်နယ်ရဲ့  Public Library webite တိုင်းက  E CARD

 ခွင့်ပြုတဲ့ Library မှန်သမျှ E Card ဝင်လုပ်လို့ရပါတယ်။


📌ကိုယ်အသစ် လုပ်ချင်တဲ့ Public library ရဲ့ website ကို ဝင်။ VPNကို USA ပြောင်း၊တချို့ ပြည်နယ်တွေက 

GPS ပါ လိုတယ်


📌site ထဲမှာ  E-card လုပ် လို့ရမယ့် ဟာကိုရှာ ။


📌 ကိုယ်လုပ်ချင်တဲ့ပြည်နယ်ရဲ့Fake Address ရှာဖြည့်။

  (ဒီနေရာပဲ စိတ်ရှည်ဖို့ လိုတာပါ )

📌 တဖက်က သေချာ confirmပြီးရင် ရပါပြီ။


📌 Library Card ရရင်Libby, Overdrive,Simple E တို့မှာ 

Audiobook / E-Book ငှားလို့ရပါပြီ ။


Audiobook ညွှန်းတာ ကိုယ်က Audiobook နားထောင်

ရတာ အားသန်တဲ့သူမိုလို့ပါ ။ 😁


ဒီနေ့   စာဖတ်တဲ့ သူငယ်ချင်းတွေအတွက် အရမ်း ကောင်းပြီး အဖိုးတန်တဲ့ အရာတခုကို မျှဝေပေးချင်တယ်။ သိပြီးသားမို့/ စိတ်မဝင်စားရင် ကျော်သွားပါ ။

( ပြီးမှ.. တစ်ယောက်တည်း တိတ်တိတ်လေး

စမ်းသပ်မကြည့်နဲ့ နော် .. ဟိ.. ဟိ..စတာပါ 🤪 )


🌺Fbမှာ ကိုယ်ရှာကြည့်သလောက်တော့ Libby မှာ စာအုပ်ငှားဖို့ Library card ဘယ်လို လုပ်ရတယ် ဆိုတာ ရှင်းပြတာ  ၂ခုပဲ တွေ့သေးတယ် ။ 


တခုက လုပ်နည်း ပြောပြတာ မရှင်းလင်းဘူး ။ 


🌺အခုညီမလေးက လုပ်နည်း သေချာရှင်းပြပေးတဲ့အတွက် ပိုအဆင်ပြေတယ်။ အဲဒီ့ ညီမကို ဒီကနေ ကျေးဇူးလည်း တင်ပါတယ်။


🌱🌺🌿💐🌷🌱🌺🌿💐🌺🌱🌿💐🌷🌱


အခု ပြန်မျှဝေမှာက စာအုပ်ကို illegal မဒေါင်းပဲ 

 Library Card နဲ့   ebook/ Audio book ငှားဖတ်မှာပါ။ 


📌📌E bookတင် မဟုတ်ပါဘူး၊အသစ်ထွက် မဂ္ဂဇင်း က အစ၊ ကလေးစာပေ၊ genre မျိုးစုံ ၊ အပြင်မှာ ရှာမရတဲ့ 

e book , Audiobook တွေ ရှာတက်ရင်ရှာနိုင်သလို တွေ့ပါလိမ့်မယ်။


🌺လုပ်မယ်ဆိုရင် လုပ်နည်း သေချာဖတ်ပါ ။


🌺လုပ်ရမယ့်အဆင့်လေးတွေ များပေမယ့်

    ရလာတာက တကယ် ထိုက်တန်ပါတယ် ။🌺


Youtube က Booktuber တွေရော၊ နိုင်ငံခြားစာဖတ် gp တွေထဲက လူတွေပါ အခုထိ တွင်တွင်ကျယ်ကျယ် သုံးနေကြတဲ့Libby or Overdrive မှာ (အတူတူပါပဲ၊ Libby က 

သုံးရတာ ပိုလွယ်ပါတယ် )၊  Library Card သုံးပြီး ebookစာအုပ်၊  audio book ငှားဖတ်ရတာ ။ 


အခုနည်းက z library တို့ ဘာတို့ထဲက ကိုယ်တွေ ဒေါင်းနေကျ ❌ illegal စာအုပ် down ဖတ်တာ မျိုး❌ မဟုတ်ပါဘူး။❌


🌺US ကပြည်နယ် တခုခုရဲ့ Library Card နဲ့ 

တရားဝင် စာအုပ်ငှားဖတ်တဲ့ သဘောပါ ။


🌺 US ပြင်ပကဖြစ်တဲ့ အတွက် card ရဖို့ မလွယ်ပါဘူး ။ E library Card ရဖို့တော့ အကြံအဖန်လုပ် ရပါမယ် ။


လုပ်နည်း‌ပြောပြတဲ့ ညီမလေးရဲ့ pagelink ကို 

အောက်ဆုံးမှာ ချထားပါမယ်။ 


E library Card လုပ်လို့ အောင်မြင်သွားပြီဆိုရင်

Libby App ထဲကို ကိုယ်ရထားတဲ့ library ရဲ့ 

e card နံပါတ်နဲ့ pin ထည့်။


🌺အပြင်က Library တွေလိုပဲ ကိုယ် e Library card  လုပ်ထားတဲ့စာကြည့်တိုက် မှာ ကိုယ်ငှား ဖတ်ချင်တဲ့   ebook / audio book က သူများငှားဖတ်နေရင် ကိုယ့် အလှည့်ရောက်ဖို့ စာအုပ်စောင့်ရပါတယ်။


🌺အဲ့တော့ သူတို့ဆီက လူတွေလည်း  ဖတ်ချင်တဲ့ စာအုပ် မစောင့်ရအောင်  US  ပြည်နယ်အနှံ့က Library တော်တော်များများရဲ့ e card လုပ်ပြီး ဆောင်ထားကြ

ပါတယ်။


🌺ကိုယ်က အလုပ်လုပ်တဲ့အချိန် လက်က ကိတ်မုန့်လုပ်ရင် နားက အားနေတော့  အိပ်ချင်ပြေ audio book တွေ, You Tubeက review တွေ နားထောင်‌လေ့ရှိပါတယ် ။ 


 

အရင်ကတည်းက အဲဒီ့ Libby ထဲက  customize လုပ်ပြီး အသံသွင်းထားတဲ့  Audio Books တွေ နားထောင်ချင်ခဲ့တာပါ ။ 


🌺You Tube က တချို့ Booktuberတွေဆို စာအုပ်လည်း ဝယ်ဖတ်တယ် ။ စာအုပ်မဖတ်‌နိုင်တဲ့အချိန်မှာ  audiobook တွေ နားထောင်ပြီး "အဲဒီ့စာအုပ်အတွက် အသံသွင်းတဲ့သူ ပြောတာ  နားထောင်ရ အရမ်းကောင်းတာ " ဘာညာ  ပြန်မျှဝေရင်  အားကျရပါတယ် ။  )


🌺ဒါပေမယ့် Library Card အတွက် မြန်မာနိုင်ငံကနေ vpn ကျော်ပြီး လုပ်ကြည့်ခဲ့ပေမယ့် အဆင်မပြေခဲ့ဘူး။ အခု  fbမှာ တွေ့တဲ့ ညီမ တစ်ယောက်ရဲ့ နည်းလမ်းလေးက အသေးစိတ် ပြောပြထားတော့ လုပ်ရတာ အဆင်ပြေပါတယ်။


💕လုပ်နည်း သေချာရှင်းပြပေးတဲ့အတွက်  အဲ့ညီမကို 

ဒီကနေ ထပ်ပြီး ကျေးဇူး တင်ပါတယ်။ 💕


အောက်ဆုံးမှာ သေချာ ရှင်းပြပေးတဲ့ အဲ့ဒီ ညီမရဲ့ post Link ပေးထားပါတယ် ။ 


💛💙 အခုဆို Library card နဲ့  e-book  / audiobook ၂၁ရက် ငှားလို့ရပါတယ်။ 💙💛


💙💛တချို့ library တွေမှာ အချိန်ကန့်သတ်ချက် မတူပါဘူး။ တချို့  e-book/ audiobook ဆို ၇ ရက်နဲ့ အပြီး ပြန်အပ်ရတာတွေလည်း ရှိပါတယ် ။ 💙💛


 🌺ကြားထဲ ကိုယ် ဖတ်ပြီးလို့ နောက်လူ မစောင့်‌စေချင်ရင်Library မှာ စောစော ပြန်အပ်လို့ရတယ် ။ 


🌺🌺ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို Libby  search bar မှာ ရှာပြီး စာအုပ် အားရင် / ငှားမယ့်သူမရှိသေးရင် Borrow 

ငှားထားတဲ့သူရှိလို့ မအားသေး/ မရသေးရင်

Hold ပေါ်ပါမယ် ။ 🌺🌺 


🌺ကိုယ်ဖတ်ချင်တဲ့  ebook/ audio book က သူများ

ငှားထားလို့ မအား သေးရင် ကိုယ့်အလှည့် ရောက်အောင် တန်းစီပြီး Hold လုပ်ထားလို့ရတယ်။ ကိုယ်Hold လုပ်ထားတဲ့  e bookစာအုပ် / Audio Book ငှားလို့ ရပြီဆို ရင် Noti ပို့ပေးပါတယ်။


🌺Hold လုပ်ထားရင် ဘယ်နှစ်ပတ်အတွင်းမှာ ရနိုင်မယ်ဆိုတာ ရေးပေးထားတယ် ။  ကိုယ်ဖတ်ချင်တဲ့ ebook နားထောင်ချင်တဲ့ audiobook ဟာ Library တခုမှာ မအားသေးရင် ကိုယ် လုပ်ထားတဲ့ တခြားပြည်နယ်က Cardနဲ့  USတခြား ပြည်နယ် library တွေမှာ စာအုပ် ပတ်ရှာလို့ရပါတယ် ။


သူတို့နိုင်ငံသားအတွက်ကတော့ Library ဆိုတာ

 National Treasure ...


🌺စာအုပ် Illegal မdown ချင်ပဲ Libby /Overdrive က

တဆင့် Library card နဲ့ ငှားဖတ်ချင်ရင်


🌺US ပြည်နယ် တခုခုရဲ့E Library Card ရှိဖို့လိုပါတယ်။ (၅ခုလောက် လုပ်ထားနိုင်မှ  စာအုပ် မအားလို့ ငှားမရ အကြာကြီး စောင့်ရတဲ့ ဒုက္ခကနေ ကင်းလွတ်မှာပါ ။) 


🌺ပိုက်ဆံပေးစရာမလိုပဲ US library card ရှိရင် ရတဲ့

Libby App လိုပါတယ်။



🌺 Libby မှာ  ebook ငှားပြီးရင် ဖုန်းထဲက Libby app မှာလည်း ဖတ်လို့ရသလို 


🟥ကိုယ့် Kindle မှာ ဖတ်ချင် တယ်ဆိုရင်လည်း ငှားပြီးသား ebook ရဲ့ Manage Loan က တဆင့်Kindle acc login ဝင်ပြီး  ကိုယ့်Kindle ဆီ ပို့လို့ရပါတယ် ။ 


🟥ထူးခြားချက်ကတော့ Library Card နဲ့  Libby မှာ ebook တွေကို ငှားပြီး  Kindle ကိုပို့/Kindle မှာ  ကိုယ်ဖတ်နေတဲ့ libby က အဲ့စာအုပ် coverဟာ Kindle Lock screen  မှာပါ ပေါ်တယ်နော် ။ 


Kindle Deviceတွေ ရဲ့ နောက်ဆုံး Update မှာပါတဲ့ Display Book cover On ထားရင် (Kindle မှာကိုယ်ဖတ်နေတဲ့စာအုပ် cover ဟာLock screen wallpaper/ saver အနေနဲ့ ထားလို့ရတာ )


အပြင်က illegal down တဲ့ စာအုပ်တွေဆို kindleမှာ lockscreen wallpaperအနေနဲ့  ဒီအတိုင်း မပေါ်ပါဘူး။ Calibre နဲ့ပြင်မှ/Region ချိန်းမှ ပေါ်တယ်ပြောကြပါတယ် ။


အခု Libbby ကငှားတဲ့ စာအုပ်တွေကတော့ Kindle Device Lock screen မှာ ကိုယ်ဖတ်နေတဲ့စာအုပ်

cover အဖြစ် autoတန်း ချိန်းပါတယ် ။ 


🟥Audio books တွေဆိုလည်း Libby မှာ ငှားပြီးတာနဲ့ သူက တခါတည်း  autoတန်း down ပြီး libby  မှာ Offline နားထောင်လို့ရပါတယ် ။ 


🌺Libby ဆိုတာလည်း audiobook တွေ ဖြန်တဲ့ Overdriveကပဲ ဆင်းသက်လာတာမို့  Libby or Overdrive ကြိုက်တာ down လို့ရပါတယ် ။ Booktuber တွေကတော့  Libby က သုံးရတာ ရိုးရှင်းပြီး ပိုအဆင်ပြေတယ် ပြောကြပါတယ် ။


🌺ကိုယ့်အတွက်ကတော့ စာအုပ်/ Kindle မကိုင်နိုင်တဲ့/ မကိုင်ချင်တဲ့ အချိန်ကျ  Audiobook ကအရမ်း အသုံးဝင်ပါတယ်။ စာအုပ်ဖတ်ပြတဲ့ အသံက ဖုန်းထဲက ဖတ်ပြသလို Robotics အသံမျိုးမဟုတ်ပဲ customize လုပ်ပြီး  စာအုပ်အတွက် သေချာ အသံသွင်းထားတာတွေမို့ နောက်ခံက အစ နားထောင်ရတာ အရမ်းမိုက်ပါတယ်။ 🌺


💕US Library Card လုပ်နည်း ပြော ပြထားတဲ့ 

ညီမလေးရဲ့ ပိုစ့် 💕⬇️⬇️

🟥မလုပ်ခင် သူပြောတာ လေးတွေ downပြီး သူပြောပြထားတဲ့ လုပ်နည်းသေချာဖတ်ပါနော်။ 🟥


https://m.facebook.com/story.php?story_fbid=167619544970860&id=107924020940413


 🌱🌷🌱🌺🌿💐🌺🌿🌷🌱💐🌺🌿💐🌱🌷🌺


ဒီbroရဲ့ ပိုစ့်က  ဗဟုသုတ ဖတ်ချင်ဖတ်ရအောင် ထည့်ပေးထားတာပါ ။သူပြောပြတာက  သိပ် မရှင်းလင်းဘူး။ 

https://m.facebook.com/groups/myanmarkindleusers/permalink/921653244931706/


🌺ကိုယ်လုပ်ထားတဲ့ Library card အပိတ်ခံရတော့လည်းအသစ်ထပ်လုပ်ပေါ့လေ ။


🌺Library Cardလုပ်ရင် အရမ်းနာမည်ကြီးတဲ့မြို့ဆို စာအုပ်ငှားဖတ်သူများလို့ စောင့်ရ ။


🌺အရမ်းချောင်ကျတဲ့မြို့ကLibraryဆို ဖတ်ချင်တဲ့

စာအုပ် မရှိ နဲ့ မို့ ရှာရမလွယ်ပါဘူး။


🌺Library card လုပ်ဖို့ မြို့ရွေးတာ လည်း အဆင်‌ပြေပါစေ။


🌺လုပ်ရမယ့်အဆင့်လေးတွေ များပေမယ့်

    ရလာတာက တကယ် ထိုက်တန်ပါတယ် ။🌺


🌺စာပေဗဟုသုတ အများကြီး ရှာဖွေနိုင်ကြပါစေ ။ 🌺


Libby အကြောင်း ပထမ ပိုစ့်...

https://m.facebook.com/story.php?story_fbid=350927773248270&id=100049931507742


🤎💛 Libby Account ဒုတိယ ပိုစ်

https://m.facebook.com/story.php?story_fbid=377860483888332&id=100049931507742


Libby_Review_by Hnin Yi Pwint 

Aug 11.2021

No comments: