Tuesday, September 6, 2022

One Italian Summer by Rebecca Serle

 One Italian Summer by Rebecca Serle

📕Contemporary romance

📕Domestic Fiction


Katy တစ်ယောက် သူ့မိခင် ကင်ဆာနဲ့ ဆုံးသွားတဲ့ အချိန် မှာဆောက်တည်ရာမရဖြစ်သွားခဲ့တယ် ။Katy အတွက် တော့ အမေဆိုတာအပြင် သူနဲ့အရင်းနှီးဆုံးသူငယ်ချင်း တစ်ယောက်လိုပဲ ။


Katy ဟာ သူ့မိခင် ၆၀နှစ်ပြည့်နှစ်မွေးနေ့မှာ သားအမိ  နှစ်ယောက် Positano ကို ခရီးအတူထွက်ဖို့စဉ်းစားထားပေမယ့်  သွားခွင့်မရခင် အမေဖြစ်သူက ကင်ဆာနဲ့ အရင် ဆုံးသွားခဲ့တယ် ။ 



Katy အမေ ဟာ သူ့အမျိုးသားနဲ့ ဖူးစာမစုံခင်မှာ Positano ကျွန်းလေးကို ရောက်ဖူးတယ်။


အခုတော့   ပူဆွေးနေတဲ့ အဖေနဲ့ သူ့ယောကျာ်း Eric (Katy စိတ်ထဲမှာ ပေါင်းဖြစ်၊မပေါင်းဖြစ် မသေချာတဲ့ သူ့ယောကျာ်း )ကိုထားခဲ့ပြီး Positanoကို Katy တစ်ယောက်တည်း သွားမယ်ပေါ့ ။


ယောကျာ်းဖြစ်သူ Ericက သူလည်း Katy အမေကို  သူ့အမေအရင်းလို ချစ်ခင်ရသူ ၊ အတူပူဆွေးသောက ရောက်‌နေသူမို့ ၊ သူလည်း အတူလိုက်ခဲ့မယ်ပြောပေမယ့် Katy က လက်မခံခဲ့ဘူး  ။


Katy ဟာ အမေဖြစ်သူနဲ့ အတူသွားမယ်လို့ စီစဉ်ထားတဲ့ ခရီးကို သူတစ်ယောက်တည်းပဲ သွားချင်တယ်ပေါ့ ။



Positano ကိုရောက်တဲ့အခါမှာ Katy ဟာ အမျိုးသမီး 

တစ်ယောက်နဲ့ တွေ့ပြီး ခင်ခဲ့ မိတ်ဆွေ ဖြစ်ခဲ့တယ် ။ 


ထူးဆန်းတာတခုက အဲ့ဒီအမျိုးသမီးဟာ Katyရဲ့ မကြာခင်ကမှ ဆုံးသွားတဲ့ အမေနဲ့ တပုံစံတည်း တထပ်တည်းပဲ၊ ကွာခြားချက်ဆိုလို့ သူနဲ့ အသက်မတိမ်းမယိမ်း ၃၀အရွယ် ဖြစ်နေတာတခုပဲ ။


Katy ဟာ time travel စတိုင်နဲ့ အတိတ်က သူ့အမေနဲ့ ဆုံလိုက်ရတာလား ....ဒါမှမဟုတ်...mental breakdown ကြောင့်လား ။


ကင်ဆာကြောင့် အမေဖြစ်သူဆုံးသွားလို့ ဆောက်တည်ရာ မရဖြစ်နေတဲ့အချိန်မှာ အမေဖြစ်သူနဲ့ချွတ်စွပ်တူတဲ့သူကို တွေ့လိုက်ရတဲ့အခါ.....


အမေနဲ့သမီးကြားက သံယောဇဉ်တွေ၊ချစ်ခြင်းမေတ္တာ တွေ ကို မြင်တွေ့ရမယ့် စာအုပ် ။


ဇာတ်လမ်း ကတော့ အားနည်းချက်တွေ၊ဟာကွက်‌

တွေ အများကြီးရှိတယ် ။ 



ဒါ့အပြင်  Katyဟာ Positano မှာပဲ Adamဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ တွေ့ပြီး(.....) 😏


ခရီးမှာပါမလာတဲ့ ယောကျာ်းဖြစ်သူ Eric လို Katyအပေါ် ကောင်းပြီး ဂရုစိုက်တဲ့သူမျိုးကိုတောင် ကွယ်ရာမှာ Katy လုပ်ရက်တယ်။ Katyဟာ အတ္တကြီးလွန်းတယ်လို့ ကိုယ် ထင်တယ် ။

 

စာအုပ်ထဲမှာ ဒီ Adam ဆိုတဲ့ ဇာတ်ကောင်မပါရင် ဇာတ်လမ်းက ပိုလှမယ်လို့ ကိုယ်ထင်တယ် ။


ဒီထဲမှာပါတဲ့ Positano မြို့လေးနဲ့ Amalfi coast, Italy ရဲ့ သဘာဝအလှတွေ၊ အစားအသောက်တွေ၊အဆောက်အအုံတွေ ၊ ရဲ့ ကမ်းခြေအလှအပ အစားအသောက် တွေ ရေးပြထားတာကတော့ သဘောကျစရာပါ ။



ဇာတ်လမ်း အားနည်းချက်တွေ၊ မကြိုက်တဲ့အချက်တွေ အများကြီး ရှိပေမယ့်...


ဖတ်ရင်း Italy, Positanoရဲ့ သဘာအလှအပတွေ၊အစားအ‌သောက်တွေ ကို တဝကြီး ခံစားပြီး ခဏတာ ခရီးထွက်ရသလို ခံစားရစေမယ့် စာအုပ် တအုပ်ပါ ။


📕စာအုပ်ကာဗာကတော့ လှတယ်။ 

🏖️Positano, Amalfi Coast ကမ်းခြေအလှကလည်း အံ့မခန်း၊ 


✍️ဇာတ်လမ်း မှာ အားနည်းချက်ရှိတာတခုပဲ ။


ဇာတ်လမ်းအတွက်တော့ ⭐⭐ ပါ ။


May be you'll like it .Who knows !


#One_Italian_Summer by Rebecca Serle

#AudioBook_Review by Bookish In Fiction Land 

24 April. 2022

No comments: