No Exit by Taylor Adams
📕 Thriller
............. ဇာတ်လမ်းအကျဉ်း........
Darby Throne တစ်ယောက် သူ့အမေရဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် အမေဖြစ်သူဆီကို ပြန်လာတဲ့ Colorado တောင်တန်း တနေရာမှာ နှင်းမုန်တိုင်းမိပြီး ရှေ့ဆက်မရ၊ ပိတ်မိနေတယ်။
အဲ့ဒီ့ လမ်းခုလတ်က Rest Stop မှာ သူ့လိုပဲ ပိတ်မိ နေ တဲ့ သူစိမ်း ၄ယောက် နဲ့ ဆုံတယ်။ နှင်း မုန်းတိုင်းကျ နေတော့ ဖုန်းလိုင်းကမမိ၊ ဆက်သွယ်ဖို့၊ လိုင်းမိမလား မျှော်လင့်ချက်နဲ့ အပြင်ထွက် စမ်းနေတုန်း Rest Stop အပြင်ဘက် ဗန်ကားတစီး ထဲက လှောင်အိမ်တခုထဲမှာ ထည့်ထားတဲ့ ကလေးမ တစ်ယောက် ကိုတွေ့လိုက် ရ တယ်။
နှင်းမုန်တိုင်းကျပြီး ဒီလောက်အေးခဲနေတဲ့ ရာသီဥတုမှာ အဲ့ဒီကလေးမလေး ဟာ ဘာလို့ဗန်ကားနောက်ဖုံးထဲက လှောင်အိမ်ထဲရောက်နေရတာလဲ ။
ဒီ Rest Stop မှာရှိနေတဲ့ လူ ၄ယောက်ထဲက ဘယ်သူ က ကလေးမကို ပြန်ပေးဆွဲထားတဲ့ တရားခံဖြစ်မလဲ ။
တခြား ဘယ်သူတွေကရော ထပ်ပြီး ပတ်သတ်နေမလဲ ။ Darby Throne ကရော ကလေးမလေးကို ဘယ်လို ကယ်တင်မလဲဆိုတာ...
ဒီစာအုပ်မှာလည်း နှစ်ပါတီ ကွဲနေကြတာ။
Worst book and Boring လို့ပြောကြတာက တဖွဲ့ ၊
Heart pounding and nonstop thriller
လို့ ပြောကြတာက တဖွဲ့။
AudioBook နားထောင်ကြည့်တော့ အစပိုင်း စိတ်ဝင်စား ဖို့ကောင်းပြီး ဇာတ်ရှိန်တက်တော့မလို နဲ့
ဇာတ်လမ်း အစမှာတင် Darby တစ်ယောက် လူကဲခတ် မှားခဲ့တယ် ။
AudioBook နားထောင်ရင်း "ဟဲ့ ... Darby ...နင်တော့ လူမှား ပြောနေပြီ၊ ခံရတော့မယ်၊ ခေါင်းလေး နည်းနည်း သုံးပါ Darby ရဲ့ ၊ ဒီလောက် အယုံမလွယ်စမ်းပါနဲ့ " ဖြစ်နေရတယ် ။ 😏
အလယ်ပိုင်း မှာ ဇာတ် အီတဲ့ အခန်းတွေ များတယ်။ စာအုပ်က Book Group တွေထဲမှာ Hot ဖြစ်ခဲ့
သလောက် မဟုတ်ဘူး။
ဖတ်ရင်း နောက်ပိုင်းမှာ ကောင်မလေးကို စွန့်စားပြီး ကယ်တဲ့ အခန်းနည်းနည်းတော့ပါတယ်၊ အလယ်မှာ အီပြီး ဇာတ်ရှည်အောင် လုပ်ထားတဲ့ အခန်းတွေ များနေတဲ့အတွက်ထူးထူးခြားခြား emotional rollercoaster ride တွေ ဖြစ်မနေဘူး ပြောတာ ။
ဇာတ်လမ်း မကောင်းဘူး ပြောတာတော့ မဟုတ်၊ ဖတ်ပျော်ရုံပါပဲ ။ တစ်ယောက် နဲ့ တစ်ယောက်က အကြိုက်မတူကြတော့ ကိုယ်မကြိုက်ပေမယ့် သူများ ကြိုက်ချင်ကြိုက်မယ်ပေါ့လေ ။ ဖတ်ကြည့်ပါပေါ့ ။
No Exit ဇာတ်ကားလည်း Feb 25, Hulu မှာ streaming လုပ်တော့မှာဆိုတော့ movie ထဲမှာတော့ အသံနဲ့ အေးခဲနေတဲ့ နှင်းတောထဲမှာ စွန့်စားကယ်တဲ့ ရင်ထိတ်စရာ Action Pack ဖြစ်လာရင်တော့ ပိုကောင်းပေါ့ ။
Movie Trailer
https://fb.watch/aVsoJ87ewU/
E book link 📚
https://t.me/mobi_epub_ebook_and_Movie/1396?single
#No_Exit by Taylor Adams
#AudioBook_Review by Bookish In Fiction Land
1 February, 2022
No comments:
Post a Comment