Tuesday, September 6, 2022

The Children On The Hill by Jennifer McMahon

 The Children On The Hill by Jennifer McMahon

📕Thriller, Horror

📕Modern Frankenstein

📕 Audiobook Review


စာအုပ်ဖတ်ရင်း Twistလေးကို အရသာခံစေချင်တဲ့ အတွက်  အခု အညွှန်းမှာ.....

🚫❌Spoiler လုံးဝရေးမထား/မပါပါဘူး ။🚫❌


April 26.2022 က မှ ထွက်ခဲ့တဲ့ ဒီစာအုပ်ဟာ

Mary Shelle ရဲ့" Frankenstein " Theme ပုံစံ  ရေးထားတာပါ ။  


မနှစ် က Jennifer McMahon ရဲ့The Winter People ကို  အရမ်းကြိုက်ခဲ့ပါတယ်။

 

လူကြိုက်များခဲ့တဲ့ The Winter People မှာလည်း  သေပြီးသူကို အသက်ပြန်သွင်းပြီး ၊ နေလို့ရတဲ့ "Sleepers " တွေနဲ့ ပတ်သတ်ပြီး ရေးထားတာပါ။ အရင် The Winter Peopleစာအုပ်က Pet  Cemetery နဲ့ ဆင်ပါတယ်။

 

အခု The Children On The Hill က Modern Frankenstein ပါ ။


နောက်မှရေးရင် စာအုပ်အပေါ် ခံစားချက်ပြောင်းသွား မှာစိုးတာရယ် ၊ နောက်တအုပ်မပြောင်းခင် ဇာတ်လမ်း မေ့သွားမှာစိုးလို့ ၊ ပူပူနွေးနွေး လာရေးထားတာပါ ။ 😁



📕📕📕📕ဇာတ်လမ်းအကျဉ်း 📕📕📕📕📕


 ဒီစာအုပ်ထဲမှာလည်း ထုံးစံအတိုင်း ၁၉၇၈ နဲ့ ၂၀၁၉ Timeline ၂ခု ၊ Violent ကနေ ပြောပြထားတဲ့ ပုံစံ နဲ့ရေးထားပါတယ်။


၁၉၇၈ အခန်းတွေမှာ Dr.Hildreth ရဲ့ စံအိမ်ကြီးမှာ  Violent, Eric, Iris တို့ ရဲ့ ငယ်ဘဝဖြတ်သန်း ခဲ့ တာတွေ၊ Dr.Hildreth ဆေးရုံကလူတွေ၊ အဘွားဖြစ်သူရဲ့ စမ်းသပ်ချက်တွေတွေ့ရပါမယ်။


 ၂၀၁၉  Timeline မှာတော့ မိန်းကလေးတွေအများကြီး ပျောက်‌ဆုံးမှု့ကို လိုက်နေတဲ့ Monster Blogger တစ်ယောက်ဖြစ်တဲ့ Lizzyရဲ့ စုံစမ်းလေ့လာမှု‌တွေ၊

 


Timeline၂ ခု ဟာ နောက်ဆုံး ဘယ်လိုချိတ်ဆက်သွား မလဲ ဆိုတာ တွေ့ရပါမယ်။


Dr.Helen Hildreth ရဲ့ မြေးနှစ်ဦး၊ မောင်နှမ နှစ်ယောက်ဖြစ်တဲ့ (? ??) Violent နဲ့ Eric ဟာ တောင်ကုန်းပေါ်က စံအိမ်ကြီးမှာနေကြတယ်။ 


သူတို့မောင်နှမ နှစ်ယောက်ဟာ တခြားကလေးတွေလို ကျောင်းတက်ခွင့်မရပေမယ့် ၊ အိမ်ကနေ သင်ယူလေ့လာခွင့် အပြည့် ရှိတယ်။ အဘွားဖြစ်သူ Dr  Hildreth  က စာကြည့်တိုက်တွေ ဘာတွေလည်း သွားခွင့်ပြုတယ်။ 


သူတို့နှစ်ယောက်ဟာ ကလေးဆို ပေမယ့် တကယ့် လူကြီးပေါက်စလို အရမ်းတက်၊ သွက်လက်ပြီး၊ အရမ်း တော်ကြတယ်ပြောရမယ်။



Violent  နဲ့ Eric တို့ နှစ်ယောက်စလုံးဟာ Monster Hunting တို့၊Classic Monster movie တွေ ကြည့်ရတာ ဝါသနာပါတယ်။ သူတို့ကြည့်ဖူးတဲ့ ဇာတ်ကားဖြစ်တဲ့ Frankenstein အကြောင်းလည်း မကြာကြာ ပြောဖြစ် ကြတယ် ။ 


ဒါ့အပြင် Monster တွေ အကြောင်း အရမ်းစိတ်ဝင်စား တဲ့ မောင်နှမနှစ်ယောက်ဟာ The Book of Monster ဆိုတဲ့ စာအုပ်လည်း ရေးနေကြသေးတာ။


အဘွားဖြစ်သူ Dr.Hildreth ဟာ စိတ်ရောဂါကုဆရာဝန် လည်းဖြစ် ၊တောင်ကုန်းပေါ်မှာ သူ့ဆေးရုံလည်းရှိ‌သလို ကုနေဆဲ လူနာတွေလည်းရှိတယ် ။



တနေ့တော့ အဘွားဖြစ်သူ Dr.Hildrethဟာ  Iris ဆိုတဲ့ ‌ကလေးမလေး တစ်ယောက် ကိုအိမ်ခေါ်လာပြပြီး သူတို့  မောင်နှမ နှစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်။ 


Iris ဟာ သူတို့နဲ့ အတူနေမှာဖြစ်ကြောင်း၊ မောင်နှမအရင်းတွေ လို အချင်းချင်း ဂရုစိုက်နေကြဖို့ ၊ အပြင် ကလူတွေကို Iris အကြောင်း မပြောဖို့ Dr.Hildreth က မှာတယ် ။


Iris ဟာ Violent တို့ အိမ်ကြီးကို ရောက်ခါစမှာ  စကားမပြောတက်/ မပြောနိုင်ဘူး ။ နောက်ပိုင်းမှာတော့ Dr.Hildreth ကဆေးတွေပေးရင်း Iris စကားပြောနိုင် လာတယ်။


Violent ၊  Eric, Iris တို့ တွေဟာ ကလေးပီပီ ပြောကြ ဆိုကြရင်း  Violent က သူနဲ့ Eric ရဲ့ မိဘတွေဟာ ကားမတော်တဆမှု့ မှ အသက်ဆုံးရှုံးသွား တာ ဖြစ် ကြောင်း၊ သူနဲ့ Ericကို အဘွားဖြစ်တဲ့ Dr.Hildreth က မွေးစားထားတာဖြစ် ကြောင်း၊  Iris ကို ရှင်းပြတယ် ။


Iris ကိုလည်း Violent က မိဘတွေ ဘယ်က၊ ဘယ်မှာ နေခဲ့တယ်ဆိုတာ မှတ်မိလား မေးကြည့်ပေမယ့် Iris လုံးဝ မမှတ်မိဘူး။ သူမှတ်မိတဲ့ အခန်းတခုကိုပဲ ပုံဆွဲ နေခဲ့ တယ်။ Irisဟာ သူ့မိဘတွေ ဘယ်သူဆိုတာ မှတ်မိ‌ချင်တယ်။ ဒါပေမယ့် ဆေးတွေသောက်ရတော့ ဘာမှ မမှတ်မိဘူး။


အဲ့လိုနဲ့ Violentနဲ့ Eric ဟာ Iris ဘယ်က ရောက်လာ တယ် ဆိုတာ သိရဖို့ ၊သူတို့ ဝင်ခွင့်မရှိတဲ့  အဘွားဖြစ်သူ Dr.Hildrethရဲ့ အထူးကန့်သတ်ထားတဲ့ မြေအောက်ခန်း ကို ဝင်ရောက်နိုင် ဖို့ ဆေးခန်းက သူနာပြုအသစ်ရဲ့ အကူအညီယူခဲ့တယ်။


Violent တို့ မောင်နှမတွေဟာ အခက်အခဲတွေမျိုးစုံ ဖြတ်ကျော် အဘွားဖြစ်သူ Dr.Hildreth ရဲ့ အိတ်ထဲ မှာပဲရှိတဲ့ သော့တွေကို ခိုး၊ မြေအောက်ခန်းကိုဝင်တယ်။ 


မြေအောက်ခန်းထဲက စာရွက်စာတမ်းတွေ၊ ဖွက်ထားတဲ့ ဖိုင်တွေထဲ ကနေ Iris မိဘတွေ အကြောင်း၊  Iris ဘယ်က ရောက်လာတယ်ဆိုတာများ သိရမလား မျှော်လင့်ချက်နဲ့  Violent တစ်ယောက် သိရဖို့ ကြိုးစားတော့တယ်။ (AudioBook ဒီအခန်းတွေမှာ အသံတွေလည်းကောင်းသလို၊ မိများမိသွားမလား  ရင်တထိတ်ထိတ်ပဲ )


ရှာရင်းဖွေရင်း Dr.Hildreth နဲ့အတူ အပေါင်းအပါတွေရဲ့ စမ်းသပ်မှု့ ဖိုင် တွေ လည်းရှိသလို ၊ သူတို့တွေရဲ့ စမ်းသပ်မှု့မှာ အထူးအရမ်းတိုးတက်နေတဲ့(Patient S) ရဲ့ ဖိုင်လည်း တွေ့ရတယ်။


 Violent ဟာ တွေးမိတယ်"Patient S"  ဆိုတာ ဘယ်သူပါလိမ့် "ပေါ့။


Irisအကြောင်း ရှာပေးရင်းနဲ့မှ အဘွားဖြစ်သူ Dr.Hildreth ရဲ့ ဖုံးကွယ်ထားတဲ့ ၊ လုံးဝမသိစေချင်တဲ့ ၊ စမ်းသပ်ချက်၊ လျှို့ဝှက်ချက် တခုကို ဖိုင်ထဲမှာ Violent တစ်ယောက် တွေ့သွားတဲ့အခါ ....


ဖန်တီးခံရတဲ့ Monster မှာ အပြစ်ရှိလား၊ Monster ကို ဖန်တီးတဲ့သူက ပို အပြစ်ရှိသလား ဆိုတာ.....


My..P.O.V

Frankenstein Theme နဲ့သွားတယ်လို့ အပေါ်မှာ

ပြောထားတဲ့အတွက် ဒီထဲ က တစ်ယောက် ယောက် ဟာ  ဖန်တီးခံရတဲ့Monster တစ်ယောက်ဆိုတာ ဖတ်ရင်း ရိပ်မိမှာပါ ။ 


ဒါပေမယ့် Monster ဟာ သင်ထင်ထားမိသလို၊ မျှော်လင့်ထားသလိုတော့  မဟုတ်ဘူး။


Audiobook ရဲ့ 85% လောက်မှာ Twist ကြီးကို ချပြလိုက်တော့ ထင်တောင် မထင်မိတာပါ။ ဘယ်လို...ဘယ်လို(အို..အမ်..ဂျီ..ဘယ်လိုတောင် ..)😳😳😳


Winter Peopelနဲ့ ကြိုက်ခဲ့ရတဲ့ Queen of Creepy ဖြစ်တဲ့  Jennifer McMahonဟာ ဒီစာအုပ်မှာလည်း သူ့ပရိတ်သတ်ကို စိတ်မပျက်စေရပါဘူး။  


Twist ကလည်း ထင်မထားတဲ့အချိန်မှ "ဗြုံး" ဆို ရောက်လာတယ်။ စာအုပ်အစကနေတောက်‌လျောက် ထင်ခဲ့သမျှတွေဟာ တကယ်ကို(.......)မှားခဲ့ မိတာပါ ။


AudioBookရဲ့ ကလေးသံကအစ၊ ဖတ်ပြတဲ့ Narrator ရဲ့ အသံကကောင်းလွန်းတော့Twist လာမယ်လို့တောင် မထင်ခဲ့မိပါဘူး ။


ဒီစာအုပ်မှာ တခုပဲ အပြစ်ပြောစရာရှိတယ် ။ အစပိုင်းမှာ ဇာတ်အိမ်‌ဆောက်ပြရတာတွေနဲ့ နည်းနည်းနှေး တာရယ်၊ နောက်ဆုံးခန်းမှာ  မဆိုသလောက်လေး ဇာတ်သိမ်း နည်းနည်းလေး flat ဖြစ်သွားတယ်လို့ ခံစားရတာလေးတခုပဲ ။


🚫တခုပဲ သတိပေးပါရစေ ။ ဒီစာအုပ်ကိုဖတ်ရင်း twist သိချင်စိတ်ဇောနဲ့ ကျော်ဖတ်မိရင် မှားပါလိမ့်မယ်နော် ။


ဇာတ်လမ်းကိုတော့ ကြိုက်တယ်။ တကယ်မိုက်တယ် ။ နောက် အချိန်ရရင်လည်း   မဖတ်ရသေးတဲ့ Jennifer McMahon စာအုပ်တွေ ဖတ်ရဦးမယ်။


⭐⭐⭐⭐4 star for me..

The Children On The Hill by Jennifer McMahon AudioBook Review by Bookish In Fiction Land 

12 May 2022


📕E Book Link 

https://t.me/mobi_epub_ebook_and_Movie/1775

No comments: