လူတို့တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေး ကိရိယာ အဖြစ် ဘာသာစကားသည် အဦးဆုံးပေါ်ပေါက်လာရသည်။နောက်ပိုင်းတွင်
ဘာသာ စကားထက် ပို၍ကြာရှည်ခံမည့် ၊ပြည့်စုံမည့် ဆက်သွယ်ရေးကိရိယာ အဖြစ်ဘာသာစာပေပေါ်ပေါက်လာရပြန်သည်။
စာပေ အရေးအသားပေါ်ပေါက်လာသည်မှစ၍ မိမိတို့၏ မြို့ရွာသမိုင်း ၊ယဇ်ပူဇော်ပွဲ အစဉ်အလာ ၊ပုံပြင်ထိုးဇာတ် ၊ဘုရားရှိခိုး
ဆေးမီးတို အစရှိသည် တို့ကို မျိုးဆက် တဆက်မှ တဆက်သို့ စာပေသင်္ကေတများဖြင့် လက်ဆင့်ကမ်း အမွေပေးကြသော
စံနစ်ထွန်းကားလာတော့သည်။ မမြင်ရသော ပြောစကားမှနေ၍ မြင်သာသော သင်္ကေတများကိုသုံး၍ မှတ်တမ်းတင်ရသော
စာအရေးအသားပေါ် ပေါက် လာခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ငါးထောင်ပင် ကျော်ချေပြီ ။
လူသားတို့၏ ပထမဆုံး စာပေများမှာ ကျောက်တုံး ၊ကျောက်ခဲများ၊သစ်ခေါက်များ ၊သတ္တုပြားများ ၊ရွှံ့ပြားချပ်များ ၊ (သို့)
လက်လှမ်းမှီသမျှ အရာဝတ္ထု အားလုံးတို့ ပေါ်တွင် ချွန်ထက်သော ပစ္စည်းတစ်ခုခုဖြင့် ရေးခြစ်ကြသောရုပ်ပုံကြမ်းများ
ဖြစ်သည်။ ယခုလက်ရှိ လူသားတို့ အသုံးပြုနေကြသော စာရေးသားမှု့ နည်းစနစ်များအားလုံးမှာ ထိုရုပ်ပုံကြမ်း ၊စာကြမ်းများမှ
ဆင်းသက်လာ ကြောင်းကို သမိုင်း ပညာရှင် အများစုက လက်ခံ အတည်ပြုထားကြသည် ။
စာပေများပေါ်ပေါက်လာပြီးသည်နှင့်တဆက်တည်းမှာပင် ယင်းစာပေများကိုထားရန် နေရာပြဿနာက နောက်ဆက်တွဲ
ကပ်ပါလာ တော့သည်။ စာပေအရေအတွက် မြောက်မြားလာသည်နှင့် အမျှစနစ်တကျ ထိန်းသိမ်းရေးအပိုင်းသည်
်ပိုမိခက်ခဲလာတော့သည်။ လူမျိုးတစ်မျိုး၏ မျိုးစဉ် မျိုးဆက်တစ်လျှောက် ထိန်းသိမ်းရေးမှသည် ရေရှည်လူသား မျိုးနွယ်
တစ်ခုလုံးသို့ တိုင် ထိန်းသိမ်းရေးနှင့် ဖြန့်ဖြူးရေးအပိုင်းတို့တွင် ပိုမို စနစ်ကျမှု့များရှိရန်လိုအပ်လာတော့ သည် ။ သို့ဖြင့်
စာကြည့်တိုက်များသည် ခေတ် အဆက်ဆက် ပေါ်ထွန်းလာရတော့ သည် ။စာကြည့်တိုက်များ အဆင့် ဆင့် ပြောင်းလဲ
တိုးတက်လာမှု့ သမိုင်းကိုပိုမိုရှင်းလင်းစေရန် စာအုပ်များ ဖြစ်ပေါ်တိုးတက်လာမှု့ သမိုင်းကို ပြန်ကောက်ကြည့်ကြရ
မည်ဖြစ်သည်။
ခရစ်မပေါ်မီ နှစ် ၃၆၀၀ မှ ဘီစီ ၂၃၅၇အထိ တိုင်ဂရစ်-ယူဖရေးတီးစ် တောင်ကြားဒေသတွင်(Tigras-Euphrates Valley)
"ဆူမားရီးယန်း ယဉ်ကျေးမှု့" ထွန်းကားခဲ့သည် ။ ဆူမားရီးယန်းသမိုင်းဆရာတို့သည် သူတို့၏ သမိုင်းကို
စနစ်တကျမှတ်တမ်း တင်ခဲ့ကြသည် ။ဆူမားရီးယန်းတို့၏ စာရေးသားမှု့ စနစ်သည် ကမ္ဘာ ပေါ်တွင် ရှေးအကျ ဆုံးဖြစ်၏ ။
သူတို့၏ စာရေးနည်းကို ကျူနီဖောင်း စာရေးနည်း ( Cuneiform )ဟုခေါ်သည် ။ "ကျူနီ " ဆိုသော လက်တင် ဘာသာ
စကား၏ အဓိပ္ပာယ်မှာ "သပ်ချွန်" ဟူ၍ ဖြစ်သည် ။ သပ်ချွန်များဖြင့် ရွှံ့ပြားများ ၊သစ်သားများ ၊ဆင်စွယ်များ ၊သတ္တုပြား
များပေါ်တွင် စာရေးကြခြင်းဖြစ်သည် ။ ရွှံပြားများပျော့နေတုန်းတွင် စာကူးရေးကြပြီးနောက် စာရေးပြီးလျှင်ယင်းရွှံ့ပြားများကို
ကျောက်ခဲတမျှ မာအောင် မီးဖုတ်ကာ ထိန်းသိမ်းထားကြသည် ။ ယင်းတို့ ကို ရွှံ့ပြားစာ( Tablet )ဟုခေါ်သည် ။
ကမ္ဘာ့ ပထမဆုံး စာအုပ်များပင်ဖြစ်လေသည် ။ဘီစီ ၂၇၀၀ ခန့် က တည်ထားသော ဆူမားရီးယန်းစာကြည့် တိုက်များအနက်
"တယ်လိုမြို့ " မှတူးဖော်ရရှိသော စာကြည့်တိုက်ဟောင်းတွင် ရွှံ့ ပြားစာချပ် ၃၀,၀၀၀ မျှရှိ သည်ကိုရှေးဟောင်းသုတေသန
ဌာနက ရှာဖွေတွေ့ရှိ ခဲ့ သည်။ထိုစာကြည့်တိုက်မှာ ကမ္ဘာပေါ်တွင် ရှေး အကျဆုံးစာကြည့် တိုက်တိုက် တစ် ခုဖြစ်နိုင်
စရာရှိ၏။ ဆူမားရီးယန်းယဉ်ကျေးမှု့ ကို ဆက်လက်အမွေ ဆက်ခံသူများမှာ မက် ဆိုပိုတေးမီးယားအောက်ပိုင်းမှ
ဘေဘီလုံးနီးယား လူမျိုးများဖြစ်ကြသည်။ ထိုယဉ်ကျေးမှု့မှာ ဘီစီ၆၈၉ သို့တိုင်တည်မြဲခဲ့သည်။ ထိုယဉ်ကျေးမှု့
ခေတ်အတွင်းတွင်လူသားတို့အတွက် ဟာမူရာဘီ၏ နာမည်ကျော်ကိုဓ ဥပဒေ (Hammurabi's code of laws)များထွက်ပေါ်
လာခဲ့သည်။ ထိုခေတ်က ပေါ်ထွန်းခဲ့ သော ဘော်စီပါ (Borsippa ) စာကြည့်တိုက်သည် အဆီးရီးယားဘုရင်
အဆာဘန်နီးပါးလ်(Assurbanipal) ၏ လက်ရေးစာ များကိုစုဆောင်းထားသော စာကြည့်တိုက်ဖြစ်သည်။ ထိုဘုရင်
တည်ထောင်ခဲ့သော နီနီဘေး (Nineveh )စာကြည့်တိုက်မှာ ထိုခေတ် က အထင်ရှားဆုံးဖြစ်သည်။ ထိုစာကြည့်တိုက်တွင်
စာအုပ်စာရင်း ကတ်တလောက် ပုံစံကိုပင် အစောဆုံးတွေ့ရှိရသည် ။
အီဂျစ်ယဉ်ကျေးမှု့ခေတ်တွင် အစောဆုံး စာအရေးအသားများကိုဘီစီ၃၀၀၀ မှစ၍တွေ့ရသည် ။ ပါပိုင်းရပ်စ် (Papyrus)
အီဂျစ်ယဉ်ကျေးမှု့ခေတ်တွင် အစောဆုံး စာအရေးအသားများကိုဘီစီ၃၀၀၀ မှစ၍တွေ့ရသည် ။ ပါပိုင်းရပ်စ် (Papyrus)
ခေါ် ကျူရွက်များပေါ်တွင် ကျူပင်ရိုးကိုထိပ်ထုကာ စုတ်တံဖွယ်လုပ်ထားသော စုတ်တံမျိုးဖြင့်ရေးကြသည် ။မြေထဲပင်လယ်
ကမ္ဘာ တစ်ခု လုံးတွင် ထိုစာရေးနည်းကို အေဒီ ၁၀၂၂ ခုထိအသုံးပြုခဲ့ကြသည် ။ ရှေးခေတ်အီဂျစ်စာအုပ်စံမှာ ဗျက်၁၂ လက်မ၊
အရှည်ပေ၂၀ခန့် ရှိသောစာလိပ်ရှည်ကြီး ပင်ဖြစ်သည်။ စာအရေးအသားမှာ ဟီရိုဂလစ် (Hieroglyphic )စာအရေး
အသားဖြစ်သည်။ ဂရိဘာသာ စကားအရ ဟီရို ဆိုသည်မှာ အထွတ်အမြတ် ဂလစ်ဖိန်း၏အဓိပ္ပာယ်မှာ ထွင်းထုခြင်း ဟု
အဓိပ္ပာယ်ဆောင်ပုံရသည်။ ထိုစာရေးနည်း ကို အေဒီ ၃၉၄ ခုနှစ် အထိ အသုံးပြုခဲ့ကြသည် ။ ယခု ပါရီရှိ အမျိုးသား
စာကြည့်တိုက်တွင်သိမ်းဆည်းထားသော ပရစ်စေး ပါပိုင်းရပ်စ်မှာ ရှေးအကျဆုံး အီဂျစ်စာအုပ်တစ်အုပ်ဖြစ်သည် ။
ဘီစီ ၂၀၀၀ ခန့်က ရေးသားခဲ့ပုံပေါ်သည် ။
ဘီစီ ၂၅၀၀ ခန့်တွင် ဂီဇက် ဒေသ၌ စာကြည့်တိုက် တစ်ခု ရှိခဲ့ကြောင်း အထောက် အထားများကို တွေ့ကြရသည် ။ ဘီစီ
၁၂၅၀ ခန့်ကလည်း ဒုတိယမြောက် " ရာမာစက် " ဘုရင် သည် သီးဘီးစ် ဒေသ { Thebes } တွင် စာကြည့် တိုက်တစ်ခု
တည်ထောင်ခဲ့ ကြောင်းသိကြရသည်။ ထို စာကြည့်တိုက်များတွင် စာလိပ်များကို ရွှံ့ အိုးများ ( သို့)သတ္တုအိုး များတွင်
ထည့်ကာ ကြပ်ခိုးစင်များ ပေါ်တွင် အစီအရီ တင်၍ သိမ်းဆည်းတက်ကြသည်ဟု သိရသည် ။
ဘီစီ ၂၈၀၀ ခန့် တွင် တရုပ်ပြည်၌ စာအရေးအသား အတက် ပေါ်နေပေပြီ ။ အရိုးခွံများ ၊ လိပ်ခွံများ ၊ ၀ါးလုံးများ ၊
သစ်သားပြား များ ၊ပိုးထည်စများ ၊ချည်စများ ပေါ်တွင် ငှက် မွှေး ၊စုတ်တံ ၊ကညစ်များဖြင့် ရေးသားကြသည် ။ ရှေးခေတ်
တရုတ်ပြည် စာကြည့် တိုက် များ နှင့် ပတ်သတ်၍ ကား အသိရ နည်းလှ ၏ ။
ဘီစီ ၅ရာစု ခန့်တွင် " ပါ ပိုင်းရပ်စ် " { Papyrus } ကို မသုံးတော့ ဘဲ နွားသားရေများကို အထူးပြု ပြင် စီမံကာ
စာရေးသားနိုင် အောင် ပြုလုပ်ထားသော "ပါ့ခ်ျ မင့် " { Parchment } များပေါ်တွင် စာရေးကြသည် ။ နွားပေါက်စ
(သို့ )သိုးပေါက် စအရေ များကို ဆုတ်ကာ စာရေးနိုင်အောင် စီမံ ထားသော သားရေချပ်များ ဖြစ်သည် ။ { Vellum }
ဗယ်လန် မှာကား ပါ့ခ်ျမင့် ထက် ပို ပြီးလေးကာ ပိုပြိးတန်ဖိုးကြီးစွာ စီ မံထားသာ နွားပေါက်စ အရေခွံပင် ဖြစ်သည် ။
စာအုပ်များရေးရန် အလှပဆုံး နှင့် ကြာရှည် အခံဆုံး ပစ္စည်းပင် ဖြစ်သည် ။
ဘီ စီ ၅ ရာစုနောက် ပိုင်းတွင် ဂရိ၌ ကိုယ်ပိုင် စာကြည့် တိုက် ၊အစိုးရ စာကြည့် တိုက် ၊ နန်းတွင်းစာကြည့် တိုက်များ
ပေါ်လာကြ သည် ။ အီဂျစ်တွင် အကြီးဆုံးစာကြည့်တိုက်မှာ ပထမမြောက် တိုလမီ ဘုရင် ( ၃၂၃ -၂၈၅ ဘီစီ )
တည်ထောင်ခဲ့သော အလက် ဇန္ဒြားမြို့ ရှိ မြူစီယွန် စာကြည့် တို က် { Museion Library } ဖြစ်သည် ။ စာလိပ်ပေါင်း
၂၀၀,၀၀၀ ခန့် ရှိသည် ။ တတိယ မြောက် တိုလမီ ဘုရင် (၂၄၆ -၂၁ ဘီစီ ) တည်ထောင် ခဲ့ သော ဆာရာပီ ယန် စာကြည့်
တိုက် တွင် { Serapeum Library }ကား စာလိပ် ပေါင်း ၁၀၀ , ၀၀၀ ခန့် ရှိသည် ။ ဒုတိယမြောက် ယူမီးနိစ် ဘုရင်
် (၁၉၇ -၁၅၉ ဘီ စီ )တည်ထောင် ခဲ့သော ပါ ဂေမန် စာကြည့် တိုက် { Pergamun Library } မှာ လည်း အထူး ထင်
ရှားပါ သည် ။ ရာဇ၀င် လာအရ ထိုစာကြည့် တိုက် ကြီး တစ်ခုလုံးကို စာလိပ် ရေ ၂၀၀,၀၀၀ နှင့် အတူ " အင်ထော်နီ "
သည် "ကလီ ယိုပါထရာ" ထံ ပေးဆက် ခဲ့ သည် ဟု စွပ် စွဲ ချက် များပင် ရှိ ခဲ့၏ ။
ဂရိပြည် ကို ရောမ လူမျိုး တို့ သိမ်းပိုက် ခဲ့ ပြီး နောက် ရောမ တို့သည် ဂရိစာပေ အစဉ် အလာများကို ပါ ထိန်းသိမ်းယူ
လိုက် ကြသည် ။ ဘီ စီ ၂ရာစု တွင် လက် တင်စာပေလည်းပေါ်ပေါက် လာသည် ။ စစ်အောင်နိုင် သူ ရောမ ဗိုလ်ချုပ်
ကြီးများသည် ဂရိ စာကြည့်တိုက်ကြီးများကို တစ်ခုလုံးသယ်မ ယူခဲ့ ကြသည် ။ ထို့ နောက် စစ်အောင် နိင်ခြင်း အထိမ်း
အမှတ် အဖြစ် မိမိတို့ ပိုင် ပစ္စည်း များအဖြစ် ထိန်းသိမ်းထားကြတော့ သည် ။ ထိုခေတ်က စာကြည့်တိုက် ဆို သည်မှာ
လူကုံထံ တို့ အတွက် ကြွားစရာ ၊ ၀ါးစရာ အဆောင် တစ်ခု ပင် ဖြစ် သည် ။ စာ မဖတ် တက် သူ လူ ကုံ ထံ တို့ သည် ပင်
လျှင် မိမိ တို့ အိမ်များတွင် စာကြည့် တိုက် များ ကို တခမ်းတနား တည်ထောင်ပြ သ ထားကြ သည် ။ ထိုခေတ်က လူကုံ ထံ
များ၏ အိမ် တိုင်းတွင် စာကြည့် တိုက် ဟူ သည် မရှိ မဖြစ် သော တန်ဆာပစ္စည်း တစ်ခု ပင် ဖြစ်နေတော့ သည် ။
" ဂျူးလီးယက် ဆီဇာ" လက် ထက် တွင် အများပြည် သူ တို့ အတွက် စာကြည့် တိုက် များကို ဖွင့် လှစ်ရန် စီစဉ် ခဲ့ သည်။
သို့ သော် " အော်ဂတ်စတပ်ဆီဇာ " လက် ထက် တိုင် အောင် အကောင် အထည် မပေါ် ခဲ့ သေးပေ ။ ဘီ စီ ၃၉ မှ၂၇
အတွင်းရောက် သော အခါ ကျ မှ ရောမ တွင် " အစီးနီးယပ် ပိုလီယို '' က အများပြည်သူ သုံး စာ ကြည့် တိုက်တစ်ခု ကို
ပထမဆုံး ဖွင့် လှစ် နိုင် ခဲ့ သည် ။ အေဒီ ၄၇ာစု အ လယ် ပိုင်းလောက် တွင် ကား ရောမ တွင် အများပြည်သူ ပိုင်
စာကြည့် တိုက် ၂၈ ခုပင် ပေါ်နေပေပြီ ။ ထိုစာကြည့် တိုက် များ သည် လူ တိုင်းအ တွက် တံ ခါးဖွင့် ထား ၏ ။အမျိုး ဂုဏ် ၊
အ ဆင့် အတန်းမရွေး ၊ သခင် ဖြစ်စေ ၊ ကျွန်ဖြစ်စေ၊ စာ ဖတ်တက် သူ အားလုံး မည်သူမ ဆို အသုံးပြု နိုင် ကြသော ကမ္ဘာ့
ပထမဆုံး စာကြည့် တိုက် များ ပင် ဖြစ် သည် ။ ထို ခေတ်က စာ အုပ် တစ်အုပ် ပြီးမြောက် ရန် စရိတ် စက အလွန်ကြီးမား
လှသည် ။
သမ္မာ ကျမ်းစာ အကြီး တစ်အုပ် ကို ဒေါ်လာ တစ်သောင်းခန့်ပင် အကုန် အကျခံပြု လုပ် ရ ၏ ။ ဘုရင်ဂျီ ပရိတ်ကြီး စာအုပ်
တစ်အုပ်နှင့် စပျစ်ခြံ တစ်ခြံ လဲ လှယ်၍ ရ သည်။ စာကြည့် တိုက် များ တွင် စာ အုပ် များ ကို စင် ပေါ်တွင် လည်းကောင်း ၊
သေတ္တာ များထဲ တွင် လည်းကောင်း ဘာသာရပ် အလိုက် ခွဲ ၍ သိမ်းထားကြသည် ။အချို့ သော တန်ဖိုးကြီး သည့်
စာအုပ် များ ကို မူ သံကြိုးများခတ်၍ ပင် သိမ်းဆည်းထား ကြရသည် ။
၁၂ ရာ စု အလည်ပိုင်းလောက်တွင် တက္ကသိုလ် များပေါ်ပေါက် လာသည် ။ ပါရီ တက္ကသိုလ် ၊ ပါရာဟာ တက္ကသိုလ် ၊
အောက်စဖို့်ဒ် တက္ကသိုလ် ၊ ကင်းဗရစ်ရှစ် တက္ကသိုလ် တို့ သည် ထို စဉ် အခါ က ထင် ရှားခဲ့ သော တက္က သိုလ် များ ဖြစ်
သည်။ တက္ကသိုလ် များ ပေါ် ပေါက် လာသော အခါ စာ သင် သားများ အတွက် ဖတ်ရှု့ ရ မည့် စာ အုပ်ရေ ခပ်များများ
လိုအပ်လာ သည် ။ စာအုပ် တစ်အုပ် ထွက် ဖို့  နှစ် နှင့် ချီ ၍ ပြု လုပ်နေကြရသော အချိန် တွင်စသင် သားတို့ အတွက် စာ
အုပ် များ လိုသလောက်နှင့် အလျှင် မီအောင် ထုတ်လုပ် နိုင်ရေးမှာ တကယ့် ပြဿနာကြီးတစ်ခု ဖြစ်လာတော့ ၏ ။
စာသင်သားတို့အ လဲ အလှယ်နှင့် ဖတ်ရှု့ နိုင်ကြရန် စာကြည့် တိုက် များလည်း အမြောက် အမြားလို အပ် လာသည် ။
တက္ကသိုလ် တိုင်းတွင် ကိုယ်ပိုင် စာကြည့် တိုက်များကို ထူထောင်ကြသည် ။ သို့ ဖြင့် စာအုပ် ဖြန့် ဖြူးမှု့ စနစ် တစ်ခု
တိတိကျကျ ပေါ်ပေါက် လာသည် ။ စာအုပ်ငှား စည်းမျဉ်းများ စာငှား စနစ်များ သတ်သတ် မှတ် မှတ် ပေါ်ပေါက် လာသည်။
အရေးကြီးသော စာအုပ် များ ကို မူ သံကြိုး များခတ်၍ ထိန်းသိမ်းရ ဆဲ ။
ူ
ိ