Monday, September 5, 2022

In the Dream House by Carmen Maria Machado

 In the  Dream House by Carmen Maria Machado 



🏳️‍🌈 Memoir about  an abusive, same- sex relationship 🏳️‍🌈 LGBTQ ( Lesbian, Gay, Bisexual, Transgender, Queer)


🏳️‍🌈Non-fiction book ( Good Reads မှာတော့ Rating 4.49) ဆိုတော့ rating ကောင်းတယ်။


🏳️‍🌈Non-fictionစာအုပ်ကို Fiction တအုပ်လို ရေးသွားတယ်။ 


ရည်းစားနဲ့ အဆင်မပြေတာတွေများရင် မိန်းကလေးတော်တော်များများ ပြောကြတာ ရှိတယ်။ ယောကျာ်းတွေက တချို့ ရှုပ်တယ်၊ တချို့ နှိပ်စက်တယ်၊ မိန်းမချင်း ကြိုက်တာမှ ကောင်းသေးတယ်၊အန္တရယ်ကင်းတယ်တို့..ဘာညာ..ပြောတက်ကြတယ်။

 

🏳️‍🌈 ဒါပေမယ့် ဒီစာအုပ်မှာ LGBTQ Queer woman တစ်ယောက်က သူ ဖြတ်သန်းရတဲ့ ဘဝမှာ ကြုံခဲ့ရတဲ့ relationship တွေ.. lesbian အချင်းချင်းမှာလည်း ဖြစ်တဲ့ သွေးသားဆန္ဒတွေ...


🏳️‍🌈 မိန်းမချင်းကြိုက်ခဲ့ ၊ချစ်ခဲ့ကြပေမယ့် တဖက်က နောက်တစ်ယောက်ထပ်တွဲ ၊ သဝန်တိုတာ၊ လွှမ်းမိုးတာ က ပုံမှန် ယောကျာ်း မိန်းမ ချစ်တာ ထက် အများကြီးပိုတယ် ။


🏳️‍🌈 နောက်ပိုင်း Psychological Abuse လုပ်ခံရတာတွေ၊ အမျိုးသမီးချင်းကြိုက်တာဆိုတော့ သူချစ်တဲ့ တဖက်အမျိုးသမီးရဲ့ မိဘတွေဘက်က် အထင်သေးခံ အနှိမ်ခံရတာတွေ...


🏳️‍🌈 စိတ်ပိုင်းဆိုင်ရာ၊ ဘာတွေးနေသလဲ ဆိုတာ ကအစ 

     á€Ąá€á€˝á€ąá€¸á€á€˝á€ą အထိ အရမ်း.. အရမ်း လွှမ်းမိုးခံရတာ။


🏳️‍🌈 စာအုပ်ကို  စဖတ်ချင်းတော့ ကြောင်သွားလိမ့်မယ်။

ဘာလို့လဲဆို‌တော့ Memoir ကိုSecond Person အနေနဲ့ ရေးထားတယ်။ You ဆိုတာ ( ပြန်ပြောပြ နေတဲ့  အတိတ်က "သူ" ) နဲ့ သူချစ်ခဲ့ကြိုက်ခဲ့တဲ့ ကောင်မလေးကိုကျ "  She "..


🏳️‍🌈ဒီစာအုပ်ကိုYouTube BookTuber Clockwork reader  Hannah ကညွှန်းလွန်းလို့ အရေးအသားလေးလည်း 

တမျိုးလေးဆိုလို့ ဖတ်ဖြစ်တယ်။ 


🏳️‍🌈 ကဗျာ လိုလည်းမဟုတ် ၊ စာလုံးတွေကို လည်း  ထပ်ခါထပ်ခါ သုံးထားတယ်။  


🏳️‍🌈 စာရေးသူကိုယ်တိုင် ဖတ်ပြတဲ့ Audiobook အသံကတော့ တစက်ကလေးမှ ဆွဲဆောင်မှု့ မရှိဘူး။


🏳️‍🌈စာအုပ်ကတော့  ကိုယ့်အကြိုက်မဟုတ်ပေမယ့် 

ဖတ်လို့ မဆိုးပါဘူး။ 


🏳️‍🌈 LGBTQ မိန်းမတစ်ယောက်ရဲ့ relationshipတွေ၊

စိတ်ပိုင်းဆိုင်ရာ အထိ လွှမ်းမိုးချုပ်ချယ်ခံရတဲ့

Psychological Abuse တွေ...

 


🏳️‍🌈သူ့လိုပဲ တခြားLGBTQလူတွေ နှိပ်စက်ခံရရင် လိင်တူချင်းမို့ အရေးယူမှု့မရှိတာတွေ.. 


🏳️‍🌈queer woman တစ်ယောက်  ကျော်ဖြတ်ခဲ့ရတဲ့ ပတ်ဝန်းကျင်ရဲ့ အထင်အမြင်သေးခံရတာတွေ၊ အချစ်‌ရေး အခက်အခဲတွေ၊ဒုက္ခတွေ၊ ကို ခံစားနားလည်ချင် ဖတ်ချင်ရင်တော့ ဖတ်ကြည့်ပါ ။


ကိုယ့်အကြိုက်တော့ မဟုတ်ပါဘူး။


E Book link🏳️‍🌈🏳️‍🌈

https://t.me/mobi_epub_ebook_and_Movie/1672?single


#Audiobook_Review by Hnin Yi Pwint 

September 10.2021

My Brilliant Life by Ae Ran Kim

 My Brilliant Life by Ae Ran Kim

Translated by Chi Young Kim


ဒီ ကိုရီးယား ဝတ္ထု မှာ  အသက် ၂နှစ်လောက်စပြီး Progeria ခံစား နေရတဲ့ Areum ဆိုတဲ့ ကောင်လေး 

တစ်ယောက် နဲ့ သူ့မိဘနှစ်ယောက် ရဲ့  အကြောင်း ။


Areum ဟာ ပုံမှန် အသက်အရွယ်နဲ့မလိုက်အောင်

ကြီးပြင်းမှု့နှုန်းမြန်နေတာ။  Areum ရဲ့ အသက်၁၆နှစ်ဟာ ၈၀‌ကျော် အဘိုးကြီး ရုပ်ရည်လိုဖြစ်နေတာမျိုး။


ဒီရောဂါဟာ ဖြစ်ခဲပေမယ့်  တကယ်လည်း အပြင်‌

လောကမှာ ဖြစ်နေကြဆဲဖြစ်တဲ့ရောဂါ တမျိုး။


 Progeria( Progeroid syndromes are a group of diseases that cause victims to age faster than usual, leading to them appearing older than they are. Patients born with progeria typically live to an age of mid-teens to early twenties.


ဒီစာအုပ်ဟာ မူရင်းဘာသာစကား နဲ့ ကိုရီယားမှာ ၂၀၁၁ တုန်းကထွက်ခဲ့တယ်။ ၂၀၁၄ မှာတော့ Song Hye Kyo က Areum ရဲ့ အမေနေရာ (Mira) မှာ သရုပ်ဆောင်ထားတဲ့ movie ထွက်ခဲ့တယ်။  



စာအုပ်ထဲမှာတော့ Areum ရဲ့ ခံစားချက်တွေနဲ့  တခြားအချက်တွေ ပိုစုံတယ်။ 


အင်္ဂလိပ် လို စာအုပ် ဘာသာပြန် က 2021 Jan (သို့ ) Feb  ကမှ ထွက်ခဲ့တာ ။ ဘာသာပြန်တဲ့ Chi Young Kim ကလည်း ကိုရီးယား နာမည်ကြီး စာအုပ်တော်တော်များများ ပြန်ခဲ့ဖူးတယ်။

 

Areum ဟာ ကျောင်းမတက်ရဘူး။ သူ့အသက် ၁၆နှစ်ပြည့်ပြီးတဲ့ အချိန် ၊ အသက် ၁၇နှစ်အတွက် အသက်ရှင်ဖို့ မသေချာတဲ့အချိန်မှာ သူ့မိဘတွေအတွက် အမှတ်တရအနေနဲ့ တခုခုချန်ခဲ့ချင်လို့ ဝတ္ထုသဘောမျိုး ရေးခဲ့တယ်။


Areumရဲ့ မိဘတွေဟာ အသက်၁၆နှစ်အရွယ် ကျောင်းသား ဘဝမှာတင် အမှတ်မထင် ကိုယ်ဝန်ရပြီး အခက်အခဲတွေ၊ ဒုက္ခတွေ၊ ဝေဖန်အပြစ်တင်မှု့တွေကြားထဲက Areum ကို မွေးဖွားလာခဲ့တယ်။ 



မွေးလာမယ့် သားလေးကို မျိုးစုံ  စိတ်ကူးယဉ်ခဲ့ကြပေမယ့် Areum ၂ နှစ်သား မှာတင် Progeria ရောဂါ ခံစားနေရတာကို သိလာခဲ့တယ် ။

 

လူငယ် မိဘဖြစ်ပေမယ့် ဒီလိုရောဂါအခြေအနေနဲ့ မွေးလာတဲ့ သားဖြစ်သူကို ၁၆နှစ်အရွယ်ထိ ရောက်အောင် ကြံ့ကြံ့ခိုင်ပြီးတော့ ဂရုစိုက် စောင့်ရှောက် လာခဲ့ကြတယ်။


Areum ဟာ ရောဂါကြောင့် ကျောင်းမနေရ၊

မိဘဖြစ်သူတွေကို ငွေတွေ၊ ဘွဲ့တွေ မပေးနိုင်တော့ သူ့အသက် ၁၇နှစ်မှာ သူ့ကို စောင့်ရှောက်လာခဲ့တဲ့ မိဘနှစ်ပါးရဲ့အကြောင်းကိုရေးပြီးတော့ နောက်ဆုံး လက်ဆောင်အနေနဲ့ ပေးခဲ့ချင်တယ်။


Areum ဟာ  ရောဂါကြောင့် ကျောင်းမနေရပေမယ့် စာ အရမ်းဖတ်တယ်။ စာဖတ်ရတာ ကြိုက်တယ်။ သူဖတ်သမျှကိုလည်း သူ့အဖေနဲ့ အမေက အမြဲ ဘာတွေဖတ်လဲမေးပြီး၊Areum ကောင်းတယ်လို့ ပြောတဲ့စာအုပ်တွေကို သူတို့လည်းလိုက်ဖတ်တယ်။ Areum ဟာ သူ့ကို computer ဝယ်ပေးဖို့တောင်းဆိုတယ်။ အဲ့ဒါနဲ့ပဲ စာတွေရေးတယ်။ 


Areum မှာ အိမ်နီးချင်း အဘိုးကြီးတစ်ယောက်ဖြစ်တဲ့ Grandpa Jang နဲ့ မိတ်ဆွေလုပ်ပြီး စကားတွေ အများကြီးပြောသလို Areum က သူသိချင်တဲ့  မေးခွန်းတွေ အများကြီးမေးတယ်။ အရွယ်မတူတဲ့ သူတို့ရဲ့ ခင်မင်မှု့ဟာလည်း အရမ်းချစ်ဖို့ကောင်းတယ်။


Areum ဟာ အသက် ၁၆နှစ်ပြည့်ပြီးရုံပဲ ရှိပေမယ့် ရောဂါကြောင့် အပြင်ရုပ်ရည်ကတော့  အဘိုးကြီးပေါက်စလို ဖြစ်နေပြီ ။


ဒီလိုနဲ့ Areum ရဲ့ ရောဂါဟာ တဖြည်းဖြည်းနဲ့ ဆိုးလာတယ်။ ပထမ မျက်စိတဖက် မမြင်ရတော့ဘူး။ အဲ့တော့ ဆေးရုံသွား တက်ရပြန်တယ်။ နှစ်ရှည် ဆေးကုလာရတော့ မိဘတွေလည်း ဆေးဖိုး အတွက် အခက်အခဲ ဖြစ်လာကြတယ်။  


တနေ့ တီဗီ အစီအစဉ် တခုကနေ Areumတို့ မိသားစုကို အင်တာဗျုး လုပ်ပေးပြီး ဆေးဖိုး အလှုရှင် ရှာပေးဖို့ ကူညီပေးတယ်။


အဲ့ဒီ ပရိုဂရမ်က အစီစဉ် တင်ဆက်သူဟာ Areum အမေ Mira ရဲ့ ကျောင်းနေဖက် သူငယ်ချင်း။


သူ့တို့ မိသားစု အင်တာဗျုးဟာ လူသိများလာပြီး ဆေးဖိုး အထောက်အပံ့တွေလည်း ရသလို  Areum ဆီကို အားပေး စကားပြောကြတဲ့ email တွေအများကြီးလည်းရောက်လာတယ်။ 


အဲ့ဒီ့ email တွေထဲကမှ Lee Seoha လို့ သူ့ကိုယ်သူ ပြောလာတဲ့မိန်းကလေးတစ်ယောက်နဲ့ အချိန်ကြာကြာ email ပို့ပြီး Lee Seoha နဲ့ Areum ဟာ ရင်းနှီး သံယောဇဉ် တွယ်လာခဲ့တယ်။


Lee Seoha ဟာ ၁၆နှစ်အရွယ်၊ ဆေးရုံတက်ပြီး ရောဂါခံစားနေရတယ် လို့ ဆိုတယ်။ ဒါပေမယ့် တကယ့် Lee Seoha ရဲ့ သရုပ်မှန်က ၁၆နှစ် (?..........?) (Lee Seoha လို့ နာမည်ခံထားသူက ) သူ့ရည်ရွယ်ချက် ကိုယ်ကျိုးတခုအတွက် Areum ရဲ့ ခံစားချက် အချစ်ကို အသုံးချခဲ့တယ်။


အဲ့အခန်းမှာ Areum အရမ်းသနားဖို့ကောင်းတယ်။  ရောဂါခံစားနေရတဲ့အပြင် အလိမ်ခံရတော့ ဆယ်ကျော်သက်အရွယ်အလေးမှာ အသဲပါကွဲ ။ 


ဆေးရုံပေါ်မှာစိတ်ညစ်ညစ်နဲ့တဖက်ပဲမြင်ရတော့တဲ့ မျက်လုံးနဲ့ ဂိမ်းထပ်‌ဆော့ ၊စာအုပ်တွေအများကြီး ဖတ်၊ မိဘတွေကတော့ Areum မျက်လုံးကို သိပ်အသုံးမချစေချင်ဘူး။ 


ဒါပေမယ့်Areumက သူ့မျက်လုံးမြင်နေရတုန်း ဖတ်ချင်တာလေးတွေ ဖတ်သွားခဲ့ချင်၊ လုပ်ချင်တာလေးတွေ 

လုပ်ခဲ့ချင်တာ ။ 


ဒီလိုနဲ့  Areum မျက်လုံး နောက်တဖက်ကွယ်ခဲ့တယ်။  ဘာမှမမြင်ရပေမယ့် သူ့အဖေကို အကူအညီနဲ့ မေးလ်တွေဘာတွေပို့တယ်။


 á€™á€­á€˜á€”á€žá€…á€şá€•á€Ťá€¸á€œá€Żá€śá€¸á€”á€˛á€ˇ အခင်ဆုံးသူငယ်ချင်းတစ်ယောက်က Lee Seoha  ဘယ်သူ လဲဆိုတာ  သိသွားကြတယ် ။ Areum  စိတ်ထိခိုက်သွားမှာစိုးလို့ မပြောကြပေမယ့်  Areum ကိုယ်တိုင်ကလည်း Lee Seoha ဘယ်သူဆိုတာ သိလိုက်တယ် ။ 


တနေ့တော့ ဆေးရုံမှာ Areum မျက်စိနှစ်ဖက်လုံး  မမြင်တော့ တဲ့အချိန်မှာ  သူ့အခန်းကို အခန်းမှားဝင်သလိုနဲ့ သူ့အနားမှာ လူတစ်ယောက် ရောက်လာပြီး အခန်းမှားသလိုနဲ့ ဘာအကြောင်းမှာမပြောပဲ စိတ်မကောင်းတဲ့အသံ၊ ရှိုက်သံနဲ့ တောင်းပန်သွားတယ်။  Areum သိလိုက်တယ် ဒါဟာ (Lee Seoha ဆိုတဲ့ သူ )။


Areum ရဲ့ရောဂါအခြေအနေဟာ တဖြည်းဖြည်းဆိုးဝါးလာခဲ့တယ်။  ဇာတ်သိမ်းဘာဖြစ်မလဲဆိုတာ ခန့်မှန်းလို့ လွယ်ပါတယ်။


အရှေ့တိုင်း ဝတ္ထုတွေရဲ့ ထုံးစံအတိုင်းCharacter ကို ဦးစားပေးတယ်။ ဒါပေမယ့် ဒီစာအုပ်မှာ ဇာတ်လမ်းလေးလည်း မဆိုးဘူး ကောင်းတယ်။ 


ဒီခေတ်ကြီးထဲမှာ  သာမန် ကလေးတစ်ယောက်ကိုတောင် ကြီးပြင်းအောင်  မွေးဖို့မလွယ်ဘူး။  သူတို့ကလေး ဟာရောဂါကြောင့် အမြဲ ဆေးရုံနဲ့ ကူးသန်းခတ်နေရ ၊ အသက်ရှည်ရှည်မနေရဘူး ဆိုတာ သိပေမယ့် စိတ်မလျှော့ပဲအခက်အခဲ ကြားထဲကနေ မိသားစုလေး ပျော်အောင်ကြံဖန်နေခဲ့ကြတယ် ။


Areum မိဘနှစ်ပါးဟာ အသက် ၁၆နှစ်အရွယ် မှာ ကိုယ်ဝန်ရပြီး Areum အသက်၂အရွယ် အရွယ် မှာ ရောဂါဆိုးကြီးခံစားနေရတာဆိုတာ သိခဲ့ပေမယ့် စွန့်မပြစ်ခဲ့ဘူး ။ စီးပွားရေး အဆင်မပြေတဲ့ကြားထဲက Areum အပေါ် နွေးထွေးတဲ့ မေတ္တာတွေ အများကြီးပေးခဲ့တယ်။ 


ဒီစာအုပ်ဖတ်ပြီး ရင်ထဲနွေးရတယ်။

စာအုပ်ဖတ်ရတာထက် အလုပ်လုပ်ရင်း Audiobook နားထောင်ရင်း ပြီးသွားတယ်။  ဒီ Audiobook က အသံတွေကလည်း အသံနဲ့ ရုပ်ရှင်ကြည့်နေရသလိုပါပဲ ။ ကောင်းတယ်။


Note 🔷 🔷 ကိုယ်တွေဆီမှာ ကလေးခြေစုံလက်စုံ ရောဂါမပါ ၊ အကောင်းအတိုင်း မွေးလာတာတောင်  

တာဝန်မယူ၊ ကလေးတွေ ကို  စွန့်ပစ်နေကြတဲ့ မိန်းမတွေ၊ ယောကျာ်းတွေ၊ ဒီဝတ္ထုထဲက Areum ရဲ့ မိဘတွေကိုကြည့်ပြီး ရှက်သင့်တယ်။


My Brilliant Life by Ae Ran Kim

Translated by Chi Young Kim

⭐⭐⭐⭐ 4 Star

#Audiobook_Review_by Hnin Yi Pwint

Nov 17. 2021


E-book 📕

https://t.me/mobi_epub_ebook_and_Movie/1741?single


Movie

https://youtu.be/uWCN8RwbrVw

The Hole by Hye Young Pyun

 đŸ“•The Hole by Hye Young Pyun

📕Thriller


📕“To be human is to be saddled with emptiness.”


ကိုရီယား လူမျိုး စာရေးဆရာမ Hye Young Pyun ရဲ့  The Hole ဝတ္ထုဟာ claustrophobic  horror ၊

ဒီစာအုပ်ကို ကိုရီးယားက‌နေ အင်္ဂလိပ်ကို ဘာသာပြန်တဲ့ စာရေးဆရာ Sora Kim-Russell  ကတော့   â€œgripping psychological thriller "လို့ပြောတယ်။




2017  Shirley Jackson Awardလည်း ရထားတယ်။


ကိုရီးယား ၊ ဂျပန် ဘာသာပြန် ဝတ္ထုတွေကို ဖတ်ရတာ သဘောကျတာတခုက  ဝတ္ထု အများစုဟာ စာမျက်နှာ ၂၀၀ နီးပါးလောက်ပဲရှိတယ် ။


ဒီစာအုပ်ဟာ fast-pacedမဟုတ်ဘူး ၊ slow-moving literary novel တအုပ် ဖြစ်တယ်ဆိုတာ မဖတ်ခင် သိထားရမယ်။ အရှေ့တိုင်း ဝတ္ထု တွေရဲ့ ထုံးစံအတိုင်း  Character ကို ဦးစားပေးတယ်။


ဇာတ်သိမ်း မှာလည်း အနောက်တိုင်း ဝတ္ထုအများစုလို ၊ ဘယ်သူက ဘာဖြစ်တယ်၊ ဘယ်လိုဖြစ်သွားတယ် ဆိုတာမျိုး ရှင်းရှင်းလင်းလင်း ရေးထားမှာ မဟုတ်ဘူး။အရှေ့တိုင်း ဝတ္ထု အများစုရဲ့ ထုံးစံအတိုင်း ကိုယ့် ဘာကိုယ် တွေးပြီး ဇာတ်သိမ်းရမယ်။ 


📕 ဒီစာအုပ် ထဲက ဇာတ်ကောင်  Oghi ဟာ တနေ့မှာ 

ကား မတော်တဆမှု့ တခုကြောင့် ဆေးရုံပေါ်မှာ  Coma ဖြစ်ပြီးမှ နိုး ထလာခဲ့တယ် ။ သူသိလိုက်ရတာက မိန်းမဖြစ်သူဟာ ကား အက်စီးဒန့် မှာပဲ ပွဲချင်းပြီး ဆုံးသွားပြီ ဆိုတာပဲ ။ 


Oghi ကိုယ်တိုင်ကလည်း" paralyzed " ဖြစ်ပြီး ကုတင်ပေါ်မှာပဲ မလှုပ် မရှားနိုင် ဖြစ်သွားတယ်။ အက်စီးဒန့် 

မဖြစ်ခင်တော့ ၊ Oghi ဟာ  အသက် ၄၀ ဝန်းကျင်တက္ကသိုလ်က ဆရာတစ်ယောက်။ 


Oghi မှာ လည်းမိဘတွေ မရှိတော့သလို   á€Ąá€€á€şá€…ဎးဒနအ်မသဏ သေသွားတဲ့ မိန်းမ ဘက်မှာလည်း ..မိန်းမရဲ့ အမေတစ်ယောက်ပဲ ရှိတော့တယ် ။  မိန်းမရဲ့ အဖေ ဖြစ်သူကလည်း လွန်ခဲ့တဲ့ နှစ်များက ကွယ်လွန်ခဲ့ပြီ။ ( အဲ့လူကလည်း ဇာတ်လမ်းရှိခဲ့ဖူးတယ်။)


မိန်းမက သေ ၊ မိဘက မရှိတော့ ၊ အက်စီးဒန့်ဖြစ်ပြီး 

မလှုပ်မရှားနိုင် ဖြစ်နေတဲ့အချိန်မှာ သူ့ကို ပြုစု စောင့်ရှောက်ဖို့ ယောက္ခမပဲ ရှိတော့တယ်။


Oghi ဟာ  ဆေးရုံမှာ သူ့ကို မေးသမျှ မျက်လုံးပုတ်ခတ်.. ပုတ်ခတ် (blink)  လုပ်ပြီး‌တော့သာ  ဖြေရတယ်။ လုပ်ခိုင်းစရာရှိတဲ့ ချီး၊သေး  ၊ အစာ‌ကျွေးတာကအစ ၊ကိစ္စ အဝဝကို ဝစီ မှုတ်ပြီးတော့ ခေါ် လုပ်ခိုင်းရတယ်။ 


Oghi ဟာ ‌ယောက္ခမနဲ့ မနေချင်ဘူး။ ဆေးရုံ ဆက်တက်နေရင် သူ့အခြေအနေ ကောင်းလာ‌နိုင်ချေ အများကြီးရှိလို့  ဆေးရုံပေါ်က မဆင်းချင်ဘူး။ 


ဒါပေမယ့် အခြေအနေ အရပ်ရပ်ကြောင့် ဆေးရုံက ဆင်းလာပြီး အိမ်ကို ပြန်ရောက်လာတဲ့အချိန်မှာ ယောက္ခမက  အစွမ်းတွေ ပြတော့တာပဲ ။


Horror ဆိုတဲ့နေရာမှာ တစ်စုံတစ်ယောက်၊ ( သို့) အရာဝတ္ထု တခုခု က အပြင် ကနေ ခြောက်လှန့်ပြမှ Horror မဟုတ်ဘူး။


ကိုယ့် ဘာကိုယ် ဘာမှ  မလှုပ်ရှားနိုင်၊ စကားတောင် ‌

မပြောနိုင် ဖြစ်နေတဲ့အခြေအနေမျိုးမှာ တဦးတစ်ယောက် ရဲ့ ထိန်းချုပ်ခံရတာလည်း ကြောက်ရွံ့ တုန်လှုပ်စရာပဲ။


The Hole, its focus is on the horror of the human condition.


အိမ်ပြန်ရောက်တဲ့အချိန်မှာ ယောက္ခမဖြစ်သူဟာ သေသွားတဲ့  သူ့သမီး မပြီးပြတ်သေးတဲ့ ဆန္ဒကို ဆက်ပြီး အကောင်အထည်ဖော်ပေးနေတယ်။


Oghi မိန်းမ ဟာ သစ်ပင် ၊ပန်းပင်တွေ စိုက်ရတာ သဘော ကျတယ်။ အခုလည်း ယောက္ခမဖြစ်သူဟာ သူ့သမီးမပြီးသေးတဲ့ တွင်း တခု၊ ခြံကွက်လပ် ပန်းခြံလုပ်မယ့် နေရာမှာ ဧရာမ တွင်း အကြီးကြီး ကို သူ့ဘာသူ  ဆက်တူးနေတယ်။  


Oghi ကိုလည်း အကြောင်းမျိုးစုံ ပြပြီး ၊ ဝှီးချဲနဲ့ အပြင် ထွက်ခွင့် မပေးဘူး။အခန်းထဲ က အိပ်ရာမှာပဲ ထားတယ်။ 


တဖြည်းဖြည်း နဲ့  Oghi ဆီကို မိတ်ဆွေတွေ လာလည်လို့မရအောင် ကန့်သတ်လိုက်တယ်။ ဆေးရုံကို ထပ်ပြီး မပြရအောင် အကြောင်းမျိုးစုံပြတယ်။ 


မလှုပ်မရှားနိုင် ၊စကားတောင်မပြောနိုင်တဲ့ Oghi အခန်းကို သံတိုင်တွေ တပ်လိုက်တယ်။


📕 ဒီစာအုပ်ဟာ ဘာမှ မတွေးပဲ ဒီအတိုင်း ဖတ်လိုက်ရင်တော့ 3 🌟 star လောက်ပဲ ပေးလို့ရတယ်။


📕ဒါပေမယ့် ဖတ်နေရင်း၊ Audiobook နားထောင်နေရင်း ငါသာ Oghi နေရာမှာ ဖြစ်ခဲ့ရင်ကော..ငါ ဘယ်လို ထွက်ပြေးမတုန်း.... Oghi ယောက္ခမရဲ့ အပြုအမူတွေ၊ ဆက်ဆံပုံတွေ၊ မိတ်ဆွေတွေရှေ့မှာ အရှက်ခွဲပုံတွေကို ဖတ်ရင်း တွေးမိရင်  ကြက်သီးထတယ် ။ ကိုယ့်အတွက်တော့ 4 🌟 star ပေးလို့ရတယ် ။


စာအုပ် cover မှာ "  A Korean take on Misery "-Time

က ရေးထားတယ်။ 


📕Stephen King ရဲ့ Misery  နဲ့ တူတာဆိုလို့  မလှုပ်မရှားနိုင် အခြေအနေမှာ တဦးတစ်ယောက်ရဲ့ ထိန်းချုပ်ခံရတာ တူတယ်။ ခြေတရွတ်တိုက်ဆွဲပြီး ထွက်ပြေးဖို့ ကြိုးစားတာ တူတယ်။


Misery ထဲက Paul Sheldon က စကားပြောနိုင်သေးတယ်။ Misery ထဲက Annie Wilkes ကပိုပြီးpsychopath ဆန်တယ်။


📕ဒီ The Hole စာအုပ်ထဲက Oghi ဟာ စကား တောင်မပြောနိုင်တော့ဘူး။ 


ယောက္ခမ ဖြစ်သူ မှာ အကြောင်း တခုရှိတယ် ။  

"I want you to get better.  What else could I possibly want?  That’s what my daughter would have wanted.  So that’s what I’ll do.  What my daughter couldn’t.  What she meant to do.  What she wanted to do.  I have to do it for her.  And I will.  You know she was all I had.”


သူ့သမီး မလုပ်ခဲ့ရတဲ့ဆန္ဒ တခုအတိုင်း သားမက်ဖြစ်သူ Oghi ကို တခုခု လုပ်ချင်တာ ။ အဲ့ဆန္ဒ တခုက ဘာဖြစ်

မတုန်း.... ။


Oghi ဟာ ကားအက်စီးဒန့်မဖြစ်ခင်မှာ သူ့မိန်းမအပေါ် ဘယ်လိုတွေ ဆက်ဆံခဲ့လဲ၊ လင်မယားနှစ်ယောက်အတွင်း ဘာအကြောင်း၊ အထင်လွဲစရာတွေ ရှိခဲ့လဲ။


📕တနေ့တော့ ညနေ မှောင်ခါနီး ယောက္ခမ အပြင်ထွက်သွားတုန်း Oghi ဟာ တရွတ်တိုက် နဲ့ အခန်းအပြင်ကို မရရအောင် ကြိုးစားထွက်တယ်။ အခန်းအပြင်က လေကိုရှုလိုက်ရတာ လန်းဆန်းသွားတယ်။ 


သူ့ယောက္ခမ တူးထားတဲ့ ဧရာမ တွင်း ကြီး ကို တွေ့တယ် ။တရွတ်တိုက်ဆွဲပြီး ခြံထိပ်ဘက်ကို ရောက်အောင် သွားတယ်။ 


လမ်းသွားလမ်းလာ တစ်ယောက်ယောက်က သူ့ကို မြင်ပြီး အကူအညီရအောင် တောင်းမယ်ပေါ့ ။ ခက်တာက အသံမထွက်၊ စကားမပြောနိုင်၊ တရွတ်တိုက် ၊ ခြံထိပ်‌နားရောက်ချိန်မှာပဲ ယောက္ခမဖြစ်သူ ကပြန်လာတယ်။  


Oghi မှောင်ရိပ်ကွယ်နေလိုက်တယ် ။ အဲ့ဒီနောက်မှာ ယောက္ခမ က အတွင်း တံခါးမကြီး ပွင့်နေတာ သတိထား မိသွားတယ်။ 

အဲဒီ့နောက်.........

ဘာဆက်ဖြစ်မလဲ ဆိုတာ........

😁


📕 The Hole by Hye Young Pyun e-book 📕

https://t.me/mobi_epub_ebook_and_Movie/1735?single


The Hole by Hye Young Pyun


#Audiobook_Review_by Hnin Yi Pwint 

Nov 4. 2021

Winter in Sokcho by Elisa Shua Dusapin

 đŸ“” Winter in Sokcho by Elisa Shua Dusapin

📔Literary Fiction


ဒီစာအုပ်ဟာ  National Book Award for Translated Literature ဆုရထားတဲ့ စာအုပ် တအုပ် ။



ဒီဝတ္ထုမှာ   á€™á€źá€ąá€Źá€€á€şá€€á€­á€Żá€›á€Žá€¸á€šá€Źá€¸á€”ယ်စပ်နဏးက 

( sixty kilometers ပဲ ဝေးတဲ့ ) Sokcho ဆိုတဲ့ တောင်ကိုရီးယား မြို့လေးမှာ ဇာတ်အိမ် တည်ထား တယ်။


ဇာတ်ဆောင် အမျိုးသမီး ( နာမည်ရေးမထား )ရဲ့ ရည်းစား Jun-Oh ဟာ Plastic surgery နည်းနည်း လုပ်ပြီး Seoul က modelling agency မှာ သွားလုပ် တော့မှာ။ ရည်းစားဖြစ်သူကတော့ သူနဲ့  seoul မှာ လိုက်နေဖို့ ခေါ်တယ်။ 


ဒါပေမယ့် ဇာတ်ဆောင် အမျိုးသမီးဟာ အမေ ဖြစ်သူကို  Sokcho မှာ တစ်ယောက်ထဲ မထားခဲ့ချင်တာကြောင့် Sockcho မြို့လေး က Mr.Park ရဲ့ Guest House တခုမှာပဲ အလုပ် ဝင်လုပ်နေတယ် ။


ဇာတ်ဆောင် အမျိုးသမီးရဲ့အဖေဖြစ်သူက ပြင်သစ်၊ အမေက ကိုရီးယား ။ သူ့ကို မမွေးခင်မှာ ပြင်သစ်လူမျိုး အဖေက ထွက်သွားခဲ့တယ်လို့ ဆိုတယ် ။ အဲ့ဒါကြောင့် အဖေဖြစ်သူကို မမြင်ဖူးဘူး။ 


တနေ့တော့ Graphic Cartoon တွေ ဆွဲတဲ့ 

ပြင်သစ်လူမျိုး တစ်ယောက်ဖြစ်တဲ့  "Yan Kerrand" ဟာ ပြင်သစ် ကနေ Sokcho ကို အလည်ရောက် လာ တယ် ။ သူ့ရဲ့  နောက်ထွက်မယ့်  Graphic series တခုကို Sokcho မှာ အခြေတည်ပြီး  ပုံတွေဆွဲချင်တယ်။ 


Kerrand ရဲ့ ထွက်ပြီးသား Graphic series တိုင်းဟာ  နေရာတခုခုကို ကိုယ်စားပြုထားတာချည်းပဲ ။


Kerrand က နယ်စပ်ကို သွားလေ့လာချင်တယ်ဆိုလို့ ကန့်သတ်ချက်များတဲ့ နယ်စပ်နားကို သွားဖို့  ဇာတ်ဆောင် အမျိုးသမီးက ကားနဲ့ လိုက်ပို့ပေးတယ်။


ဒီစာအုပ်ထဲမှာ ဇာတ်လမ်းထက် ၊character ဦးစားပေး မို့ ထူးထူးခြားခြားတွေတော့ ဆက်ဖြစ်မှာ မဟုတ်ဘူး ။အေးအေးဆေးဆေးလေးပဲ ဆက်သွားမှာ ။


သူနဲ့ အဲဒီ့ပြင်သစ် လူမျိုး ရဲ့ ခင်မင်မှု့တွေ၊ သံယောဇဉ် တွေ၊  ဇာတ်ဆောင်အမျိုးသမီးမှာ မွေးကတည်းက မတော်တဆမှု့တခုကြောင့် ရခဲ့တဲ့ အမာရွတ်လေးရယ်၊ ပြင်သစ်လူမျိုး Kerrandဆွဲခဲ့တဲ့ ပုံတွေ ၊


Guest Houseက ဇာတ်ဆောင်အမျိူးသမီးရဲ့ နေ့စဉ်ဘဝ

၊ Lunar Year မှာ ဆုံကြတဲ့ ဇာတ်ဆောင် အမျိုးသမီး ရဲ့ ဆွေမျိုးတွေ ပုံစံတွေ၊ သူ့အမေကဇာတ်ဆောင်

အမျိုးသမီး ကို surgery လုပ်ပြီး seoul မှာ အလုပ် ကောင်းကောင်း လုပ်စေချင်တာလည်း တွေ့ရမယ် ။


ဒီစာအုပ် ကို စဖတ်ကတည်း ကိုရီးယားအငွေ့အသက် တွေရတယ် ။ ကိုရီးယား ဒရမ်မာကား ထဲက အခန်းတခန်းကို ကြည့်နေရသလို ခံစားရ တယ်။  


စာအုပ်ဖတ်နေရင်း အရှေ့အရပ်က ပင်လယ်ကြီးနဲ့ 

အနောက်အရပ် တောင်တန်းတွေကြားက 

လေကောင်းလေသန့်ရတဲ့ ဆောင်းတွင်းဒေသ Sokcho ရဲ့ သဘာဝ အလှတွေ ဖတ်ရင်း ခံစားရမယ်။



Sokcho ၊ ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့အတွက်   á€Ąá€€á€„်တွ္၊ ပင်လယ်စာ အစားအသောက်မျိုးစုံ အကြောင်း အများကြီးပါတယ် ။ soju ပါမယ်၊ ဒီထဲမှာ ထပ်ခါထပ်ခါ ပါတာက  " tteok" ။


ရေးတဲ့သူက ပြင်သစ်၊ ကိုရီးယားကပြားအမျိုးသမီး 

Elisa Shua Dusapin ဖြစ်တယ်။ ၂၀၁၆ သူ့အသက်၂၄ ဝန်းကျင် မှာရေးတဲ့  ပထမဆုံး စာအုပ်ဖြစ်တဲ့  ဒီစာအုပ်မှာပဲ ဆုတွေရထားတယ်။  


ဒီစာအုပ်ကို ပြင်သစ်ကနေ အင်္ဂလိပ်ကို ဘာသာပြန် ထားတာ ။ သူ ပြင်သစ်လို ထွက်ပြီးသား စာအုပ်  

၃အုပ်ရှိတယ် ဆိုတယ်။ နောက်ဆုံး တအုပ်က သိပ်မကြာခင်ကာလ တွေမှာ အင်္ဂလိပ်ဘာသာပြန် ထွက်မယ်ပြောတယ်။

 

စာအုပ်က ၁၅၉ မျက်နှာပဲရှိတယ်။ အရေးအသား လွယ်တယ် ။ Kindle Paperwhite Typical Reading Time နဲ့ဆို 1 hour and 23minutes လောက်ပဲ 

အချိန်ပေးဖတ်ရင် ရတယ်။


#Winter_in_Sokcho by Elisa Shua Dusapin

#Book_Review by Bookish In Fiction Land 

7 Feb, 2022

Heaven by Mieko Kawakami

 đŸ‘Ť Heaven by Mieko Kawakami

🎧 AudioBook Review

📕 Literary Fiction     


 

👫 ဒီစာအုပ်ဟာ ကျောင်းသား ဘဝက ကြီးနိုင် ငယ်ညှင်း Bullying လုပ်ခံရတဲ့ တချို့တွေရဲ့ ဘဝကို အမှတ်ရစေတယ် ။ 


👫စာအုပ်ထဲမှာ lazy eyes ရှိတဲ့ ၁၄ နှစ်အရွယ် ကျောင်းသားလေး နဲ့  ဆင်းရဲပြီး နွမ်းဖတ်ဖတ် ဖြစ်နေတဲ့ အပြင် standard hygiene မရှိလို့ဆိုပြီး Bullying လုပ်ခံရတဲ့  Kojima ဆိုတဲ့ ကျောင်းသူတစ်ဦး၊ သူတို့ နှစ်ယောက် သူငယ်ချင်းဖြစ်သွားကြပြီး 

စာပေးစာယူ လုပ်ပြီး အချင်းချင်း ဆက်သွယ်ကြတယ်။ အပြင်ထွက်လည်ကြတယ်၊ 



👫သူတို့ နှစ်ယောက်ကို Bully လုပ်သူတွေထဲမှာ အဆိုးဆုံးက Momose တို့ အုပ်စု ပေါ့ ။


👫Bully လုပ်တာ ဘယ်လောက်ဆိုးသလဲ ဆိုရင်

အရိုက်ခံရတယ်၊အကန်ခံရတယ်၊အိမ်သာရေ သောက်ခိုင်းတယ်၊ မြေဖြူတွေစားခိုင်းတယ်၊ မျက်လုံးတွေဖူးယောင်ပြီးဆေးရုံတက်လောက်အောင် အလုပ်ခံရတယ်၊ 


👫Kojima ရော ကောင်လေးကိုရော နောက်ဆုံး အဝတ်အစားတွေ အကုန်ချွတ်ခိုင်းတယ်။ Momose ကျောင်းသား ကျောင်းသူတွေက အုပ်စုဖွဲ့ပြီး အမြဲအနိုင်ကျင့်တယ်။ 


👫နှစ်ယောက်စလုံးက မတွန်းလှန်ရဲလေ၊ ဘယ်သူ့ကိုမှ မပြောလေ၊ တဖက်က ပို အနိုင်ကျင့်လို့ ကောင်းတဲ့ 

အပြင်၊ Momose အတွက် ဒီbully လုပ်တဲ့ လုပ်ရပ်ဟာ မှားတဲ့ လုပ်ရပ်လို့၊ ‌ယောင်လို့တောင် မတွေးမိဘူး ။


👫Heaven  ဆိုတာ နွေရာသီပိတ်ရက်မှာ Kojima နဲ့ Eyes ဆိုတဲ့ ကောင်လေး museum တခုကို အလည်သွားကြရင်း Kojima က သူကြိုက်တဲ့  "Heaven " ဆိုတဲ့ပန်းချီကားလေး ကောင်လေးကိုပြတာ ( A painting of two lovers eating cake on a room with a red carpet and a table.)   á‹


👫စာအုပ် နာမည်က "Heaven" ဆိုပေမယ့်  စာအုပ်ထဲ မှာတော့ သာယာတဲ့ ဘ‌ဝတွေ မဟုတ်ဘူး။

အားနည်းသူ ကို အင်အားကြီးသူက ပျော်ပျော်ကြီး

Bully လုပ်ကြတာတွေ ခံရတယ်၊ Eyes ဆိုတဲ့ ကောင်လေးဟာ သူ့ကိုယ်သူ သတ်‌သေ ဖို့ တောင် စဉ်းစားခဲ့သေးတယ် ။ နောက်ဆုံး ကျ Eyes နဲ့ Kojima ဘယ်လိုရုန်းထွက်ကြမလဲ ။


👫 ၁၉၂ မျက်နှာပဲရှိတဲ့ အတွက် စာအုပ်က ခပ်ပါးပါး ပါပဲ။


👫အရင်အတိုင်းပြန်ပြောရရင် ဂျပန်ဝတ္ထုတွေဟာ သူများ နားလည်အောင် ရှင်းပြရခက်တာမို့ ကိုယ့်ဘာ ကိုယ် ဖတ်ရင်း တွေးရင်း၊ ခံစားတာ ပိုကောင်းပါတယ်။


👫"The weak can't handle  reality. They can't deal with the pain or sadness let alone the obvious fact that nothing in life actually had any meaning. "


👫"My eyes was behind all my problems."


👫"We do it  for everyone who's weak everywhere, in the name of actual strength. Everything we take , all of the abuse, we do it to rise above."


👫"We all see the world in our own way "(Kojima)


👫"After everything, after all the pain, they made it here. It looks like a normal room, but it's really  heaven."


📚Heaven by Mieko Kawakami E-Book 📚

https://t.me/mobi_epub_ebook_and_Movie/1766?single


#Heaven_by_Mieko_Kawakami

#AudioBook_Review by Bookish In Fiction Land 

Feb 8.2022

The Good Son by Jeong You Jeong

 đŸ“•The Good Son by Jeong You Jeong

🇰🇷Psychological Thriller, Suspense


မနက်ခင်းတခုမှာ Yu Jin တစ်ယောက်  သွေးအလိမ်း လိမ်းနဲ့ အိပ်ရာက နိုးထလာခဲ့တယ် ။ သတိထားမိတဲ့ အချိန်မှာ သူ့မိခင် က အိမ်ထဲမှာပဲ လည်ပင်းပြတ်ရှ ဒဏ်ရာ နဲ့ သေဆုံးနေပြီ။


သူ့အမေ ဘာကြောင့် သေသွားရသလဲဆိုတာ မှတ်မိ နိုင် ဖို့  Yu Jin တစ်ယောက် အရင် ညက အဖြစ်အပျက် ကို ပြန် စဉ်းစားနေရပြီ ။


ဒီဝတ္ထု မှာ "ဘယ်သူ " သတ်သလဲဆိုတာ အစပိုင်းက တည်းက ပြောထားတဲ့အတွက် လူသတ်သမား ဘယ်သူ ဆိုတာ ထွေထွေထူးထူး စဉ်းစားစရာမလိုဘူး။


ဒါပေမယ့် "ဘာကြောင့် " သတ်ရသလဲဆိုတာ အဖြေရှာ ရမယ့် စာအုပ် ။



နောက် ၃ရက်အတွင်း Yu Jin ရဲ့ သိစိတ် နဲ့ မသိစိတ် ထဲမှာ အပြန်အလှန် ဖြစ်နေတဲ့ အတွေးတွေ ၊ သူ့အမေ ရဲ့ နေ့စဉ်မှတ်တမ်းမှာ ရေးထားတဲ့ Yu Jin အကြောင်း။ 


Yu Jin  နဲ့ သူ့မိခင် ဆက်ဆံရေး၊ ရေကူး ဝါသနာပါ တာ ကို မလုပ်ရ ပဲ ထိန်းချုပ်ခံနေရတဲ့ Yu Jin ။ 


သူ့အဒေါ် Psychological Therapist ။ Yu Jin သောက်ရတဲ့ဆေးတွေ နဲ့ ဆေးရဲ့ ဆိုးကျိုးတွေ ။


လွန်ခဲ့တဲ့ ၁၆နှစ်က မိသားစု အပန်းဖြေခရီး ထွက်ရင်း 

ဖြစ်ခဲ့တဲ့မတော်တဆမှု့ ( အဲ့မှာ Yu Jin အကိုအရင်း(YuMin)နဲ့ အဖေ သေဆုံးခဲ့တယ် )။


အမေဖြစ်သူ အသတ်ခံရတာကို သူ့အဒေါ်၊ သူ့မွေးစားအကို တို့ မသိအောင်  Yu Jin တစ်ယောက် ဘယ်လို ဖုံးကွယ်ထားမလဲ ။  


Yu Jin တစ်ယောက် သူ့အမေ အလောင်းကို သူများတွေ မသိအောင် ဘယ်လိုဖျောက်ထားမလဲ။


နောက် လူသတ်မှု့တွေ ထပ်ဖြစ်လာဦးမလား ။



Yu Jin၊ အမေ ၊ အဒေါ်၊ လွန်ခဲ့တဲ့ ၁၆နှစ်က ဖြစ်ခဲ့တဲ့ မိသားစု မတော်တဆမှု့ နဲ့ Yu Jin ဘယ်လိုတွေ ဆက်စပ်နေသလဲ  ။ လူသတ်မှု့ကရော ဘာအကြောင်းကြောင့် ဖြစ်သွားရသလဲ‌ ။


ရဲစခန်းကို ခေါ်သွားမယ့် အကိုဝမ်းကွဲ  Hae Jin ကို လှည့်ရင်း ပတ်ရင်း နောက်ဆုံး  Yu Jin  တစ်ယောက် ဘယ်လိုတွေ ရှောင်ပြေးမလဲ ဆိုတာ...


🔪🔪🔪🔪🔪🔪🔪🔪🔪🔪🔪


ဒီစာအုပ်ဟာ Psychological Thriller တအုပ်ဆိုပေမယ့် ရင်ခုန်စိတ်လှုပ်ရှားစရာ Thriller တအုပ်တော့ မဟုတ်ဘူး ။


အစပိုင်းက စပြီး တော်တော်လေး နှေး၊ ပျင်းဖို့ ကောင်း တယ် ။ Audiobook Narratorက ဖတ်ပြတဲ့ အသံ ကောင်းနေ တာတောင် မူရင်း ဇာတ်လမ်းကိုက နှေးနေတဲ့အတွက် နားထောင်ရင်း တချက်တချက် ငိုက်မိသေးတယ် ။


ဘယ်နေရာက စကောင်းသလဲဆိုရင် Audiobook ရဲ့ 75% နဲ့ 80% လောက်ကျမှ ဇာတ်က သွက်လာတယ်။

အဲဒီ့နောက်ပိုင်း အခန်းတွေတော့ ကြိုက်တယ်။အရှေ့ပိုင်းခန်းတွေကတော့ တကယ်ကို အိပ်ငိုက်ရလောက်အောင် ပျင်းဖို့ကောင်းတယ် ။


ဘယ်သူသတ်သလဲဆိုတာ ရှေ့မှာတင်ပြထားတဲ့ အတွက်၊ စာအုပ်က သိသိသာသာ ရင်ခုန် စိတ်လှုပ်ရှားစရာမရှိသလို ၊  Thriller တအုပ်မှာ ပါရမယ့် Twist လည်း ဟုတ်တိပတ်တိ မရှိလှဘူး ။


ကိုယ့်အတွက်တော့....

ရှေ့ပိုင်းကနေ 75% ထိ 2 star  ⭐⭐

75% နောက်ခန်းတွေအတွက်တော့ 3 star⭐⭐⭐


#The_Good_Son by Jeong You Jeong

#AudioBook_Review by Bookish In Fiction Land 

4 May 2022

The Paris Apartment by Lucy Foley

 đŸ“• The Paris Apartment by Lucy Foley

📕 Mystery,Thriller


ဒီစာအုပ်က ၂၀၂၂ ၊ ဖေဖော်ဝါရီ လမှ ထွက်ထားတဲ့ Lucy Foley ရဲ့ အသစ်။  Lucy Foley ရဲ့စာအုပ်တွေဟာ slow paced  Thriller တွေ များတယ်။ 


ဒီမှာရော ၊ နိုင်ငံခြားက စာဖတ်သူ ၊ စာအုပ် review ရေးတဲ့သူတွေ တချို့မှာ bestseller စာရေးဆရာအစွဲပေါ် မူတည်ပြီး အဲ့ စာရေးဆရာ ဘာရေးရေး ကောင်းတယ် ညွှန်းတဲ့သူ တချို့လည်းရှိတယ်။ ဒါပေမယ့်  ဒီစာအုပ် ဟာ mix review တွေ ပြည့်နေတဲ့ စာအုပ် ။  


......................ဇာတ်လမ်းအကျဉ်း .....................


ဒီစာအုပ်ထဲက ဇာတ်ကောင် Jess ဆိုတဲ့ အမျိုးသမီးဟာ ဘဝကို အသစ်ကပြန်စဖို့ လိုအပ် နေတယ်။ ပိုက်ဆံက ပြတ်၊ တကိုယ်တည်းဖြစ်၊ နေစရာကမရှိ၊ အလုပ်က ထွက်ရ ၊ အဲ့တော့ သူ့အတွက် အသက်ရှုချောင်စေမယ့် လမ်းဟာ  ပဲရစ်က Luxury apartment တခုမှာနေတဲ့

"အကိုဝမ်းကွဲ " ဖြစ်သူ Ben ဆီမှာ ခဏသွားနေဖို့ပဲ။


မောင်နှမ ဝမ်းကွဲ နှစ်ယောက် အဆက်အသွယ် သိပ်မရှိကြပေမယ့် အခု Jess လိုအပ်နေတဲ့အချိန်မှာ

Ben ကလည်း မငြင်းဘူး၊ "လာခဲ့ပေါ့ "။ 


တခုပဲ...ဒီလောက် ဈေးကြီးတဲ့ တိုက်မှာ Benတစ်ယောက် အခန်းဝယ်ဖို့ တက်နိုင်ပါ့မလား....။



Ben က တိုက်ရဲ့ တတိယထပ်မှာနေတယ် ။ တိုက်ရဲ့ ၄ထပ်ထိ နေတဲ့သူ တချို့ရှိတယ် ။ Jess အကိုဝမ်းကွဲ Benဟာလည်း ဒီတိုက်ကို မကြာသေးခင်ကမှ ရောက် လာတာ၊ Ben ရောက်လာတဲ့နေ့စပြီး အဲ့တိုက်မှာနေတဲ့ 

လူတစ်ယောက်စီရဲ့ Ben အပေါ် အမြင်ကို တလှည့်စီ ရေးထားတယ်။


Jess မရောက်ခင်မှာ Ben ဆီဖုန်းဆက်တော့ တိုက်ခန်း နံပါတ် ပြောပြီး လာခဲ့၊ ရောက်ရင် ဘဲလ်တီးလိုက်ပဲ ပြောခဲ့တယ် ။ ပြောနေရင်း အဲ့ဖုန်းနောက်ခံမှာ အသံ သဲ့သဲ့ တခုကြားခဲ့တယ်။ 


နောက် တညနေ Jess ရောက်လာတယ် ။ ဘဲလ်တီးတယ်၊ ဖုန်းဆက်တယ် ၊ မက်ဆေ့ခ်ျ ပို့တယ်။


ဒါပေမယ့် Ben ကို ဆက်သွယ်လို့မရတော့ဘူး။


ဘဲလ်တီးပေမယ့် Ben လည်း လာမဖွင့်သလို တိုက်က လူတွေ ကလည်း မသိချင်‌ယောင် ဆောင်ပြီး Jess 

လို လူစိမ်းတစ်ယောက်ကို သူတို့ တိုက်ခန်းထဲ အဝင် မခံ ၊ မလာ‌စေချင်ဘူး ။ နောက်တော့ လူတစ်ယောက် ကြောင့် ဝင်လို့ရသွားတယ်။


တတိယထပ် Ben အခန်းကို ရောက်တဲ့အချိန်ကစပြီး 

Ben ကို မတွေ့ရ၊ ဆက်သွယ်လို့မရတဲ့ Jess ဟာ တိုက်က လူတွေဆီကနေ အစအန ရလိုရငြား သိရဖို့ ရှာဖွေရေး စလုပ်တော့တယ်။ 


Ben ပျောက်နေတာကိုရှာရင်း ဒုတိယထပ်ကလူချောလေး Nick၊ စတုတ္ထထပ်က MiMi၊ အောက်ထပ်က အမျိုးသမီး Sophieတို့ ဆီမှာ မေးရင်းမြန်းရင်း ဒီတိုက်က လူတွေရဲ့ လျှို့ဝှက်ချက်ကို Jessတဖြည်းဖြည်း ရိပ်မိလာတဲ့ အခါ ...


အကိုဝမ်းကွဲ ဖြစ်သူ Ben ကို ပြန်တွေ့ရဖို့၊   Jess တစ်ယောက် အပြင်ဘက်ကBen မိတ်ဆွေလို့ ယူဆရသူ တွေဆီမှာလည်း သတင်း ရလိုရငြား လိုက်ရှာတယ် ။ 

 

ဒီတိုက် မှာ Ben နေတဲ့ အထပ်ကို တခြားအထပ်ကနေ လာလို့ရတဲ့ လျို့ဝှက် တံခါး၊ လမ်းတွေရှိသလို ၊တိုက်က လူတွေမှာလည်း လူမသိစေချင်တဲ့ လျှို့ဝှက်ချက်၊ အတိတ်ခါးခါးတွေရှိတယ် ။


မြေအောက်ထပ်မှာလည်း တံခါး သော့ခတ်မထားတဲ့ ဝိုင်တွေရှိတယ် ။ 


ဒီတိုက်မှာ နေတဲ့သူတွေက ဘယ်သူက ရိုးသားလဲ ၊တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ဆက်နွယ်မှု့ 

တွေ ရှိကြသလဲ ။ 


Ben ပျောက်ဆုံးမှု့မှာ ဒီ တိုက်က လူတွေ ဘယ်လိုတွေ ပတ်သတ်နေသလဲ ။ 


Ben တစ်ယောက် ဒီတိုက်ခန်းကို ဘယ်သူ့ကြောင့် ရောက်လာရသလဲ၊  ဒီ တတိယထပ်က အခန်းကရော Ben အခန်း ဟုတ်ရဲ့လား... ။


Benတစ်ယောက် တိုက်ကနေ ရုတ်တရက်ကြီး ဘာအကြောင်းကြောင့် ပျောက်ဆုံးသွားရသလဲ .....။


Jessတစ်ယောက် Ben ကို ပြန်ရှာတွေ့နိုင်ပါ့မလား။

ဒီတိုက်ကလူတွေ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲဆိုတာ.....။


📕📕📕📕📕📕📕📕📕📕


AudioBook  length က ၁၂ နာရီကြာတယ်။ 

AudioBook နားထောင်တာတောင် ဇာတ်အသွားအလာ က တော်တော်လေး နှေးတယ်။ 70%နောက်ပိုင်းမှာတော့

ဇာတ်လမ်းက ပိုကောင်းလာတယ်။


အဲ့ တိုက်ထဲကလူတွေရဲ့" ပတ်သတ်ဆက်နွယ်မှု့"ကို ရေးပြထားတာလေးက ကောင်းပါတယ် ။ ဒါပေမယ့်

နာမည်ကြီး စာရေးဆရာ တစ်ယောက်ရဲ့ရေးဟန်၊ဒီစာအုပ်ထဲကဇာတ်လမ်း နဲ့ ဇာတ်ကောင်တွေက ရိုးလွန်းတယ်။ အဆုံးထိ ထူးထူးခြားခြား  ဘာမှ ဖြစ်မသွားဘူး။ Thriller ထက်  Mystery, suspense ပိုဆန်တယ်။ 


ကိုယ့်အကြိုက်အရဆိုရင် အစောပိုင်းနှေးတာ နဲ့ 

ဇာတ်သိမ်း ထူးထူးခြားခြား ဘာမှ မဖြစ်ပဲ အမြန်သိမ်း သွားတာတွေတော့ သိပ်မကြိုက်လှဘူး ။


📌ဒါပေမယ့် အဲ့ဒီတိုက်က လူတွေရဲ့ ပတ်သတ် 

ဆက်နွယ် မှု့ ကို ရေးပြတဲ့ အခန်းလေး၊ သူတို့အချင်းချင်း ပတ်သတ်မှု့ ဇာတ်ကြောင်းလေးကို ရေးထားတာတော့ သဘောကျမိ တယ်။  


Lucy Foley ကြိုက်‌ရင်တော့ ဖတ်ကြည့်ပါ ။ နှေးပေမယ့် တမျိုးလေးပေါ့ ။ 😁


#The_Paris_Apartment by Lucy Foley

#AudioBook_Review by Bookish In Fiction Land 

5 April , 2022

The Maid by Nita Prose

 đŸŽThe Maid by Nita Prose 

 AudioBook Review

🍎Heartwarming Lock Room Murder Mystery


🍎  အခု ၂၀၂၂ မှာ ထွက်ထားတဲ့ စာအုပ်။ Movie   á€›á€­á€Żá€€á€şá€™á€šá€ş ပြောကြတယ်။


🍎အသက် ၂၅ နှစ်အရွယ် Molly ဆိုတဲ့ မိန်းကလေး ဟာ  အဘွားရဲ့ လက်အောက်မှာ ကြီးပြင်းလာခဲ့ရသူ ။ အဘွားဖြစ်သူက လွန်ခဲ့တဲ့ ၆လ ဝန်းကျင်က ဆုံးသွား ပြီ။ တစ်ယောက်ထဲ အခန်းငှားနေရတဲ့ Molly ဟာ သနားဖို့လည်း ကောင်းတယ်။ Molly တစ်ယောက် 

ရုန်းကန်နေရတဲ့ ဘဝအခက်အခဲတွေက အများကြီး ။



🍎အခုတော့ The Grand Regency Hotel မှာ Maid အဖြစ် အလုပ်ဝင်လုပ်နေတယ် ။ Molly ဟာ အသက်မွေးဝမ်းကြောင်း‌အတွက် အလုပ်တွေ အများကြီးရှိပေမယ့် Maid အဖြစ်ကို ဂုဏ်ယူစွာနဲ့ ဝင်လုပ်တဲ့သူ ။


🍎Molly က ရိုးသားလွန်းတဲ့အပြင် အမြဲ 

လူကဲခတ်မှား တယ်။ Molly က လူတိုင်းကို သူ့လိုပဲ ရိုးသားပြီး ပွင့်လင်းလိမ့်မယ်ပဲ ထင်တာ။


🍎တနေ့တော့ Hotelက Bartender တစ်ယောက် ဖြစ်တဲ့  Rodneyနဲ့ ခင်မင်သွားတဲ့အပြင်၊ Molly က Rodney ကို တဖက်သတ်ကြွေနေတယ်။ Rodney က Molly ကို သူ့ကိုယ်ကျိုးတခုအတွက် အသုံးချချင်လို့ ကပ် နေတာ။


🍎တနေ့တော့ အေးချမ်းနေတဲ့ Molly ဘဝလေးကို ကမောက်ကမ ဖြစ်စေမယ့် ကိစ္စ တခုဖြစ်လာတယ်။ အဲ့ဒါကတော့  Molly အလုပ်လုပ်နေတဲ့ ဟိုတယ်ရဲ့ VIP ဖောက်သည် တစ်ယောက်ဖြစ်တဲ့ Mr. Black ဟာ အခန်းတခုထဲမှာ သေဆုံးနေတယ် ။ 


🍎Mr.Black ဆိုတာလည်း တကယ်တော့ မနှစ်မြို့စရာ ကောင်းတဲ့သူ၊မယားငယ်လည်းထားတယ်၊ 

မယားငယ် ပေါ် ကောင်းလားဆိုတော့ လည်း မကောင်းဘူး။


🍎အဲ့မယားငယ်ဟာလည်း ဟိုတယ်မှာလာနေတယ်။Molly  နဲ့လည်း ခင်တယ်။


🍎Mr.Black ဟာ မယားကြီးနဲ့ မိသားစုအပေါ်လည်း မကောင်းတဲ့သူ ။


🍎Molly ဟာ အခန်းသန့်ရှင်းရေး လုပ်ဖို့ ဝင်လာတဲ့

အချိန် သူပထမဆုံး မျက်မြင် ဖြစ်တဲ့အတွက် လူသတ်မှု့နဲ့ စွပ်စွဲခံရတယ် ။



🍎Molly ဟာ အရာအားလုံးကို သန့်ရှင်းနေမှ ကြိုက်တဲ့အတွက် အခန်းကအစ အကုန် အပြောင်ရှင်းတာ။ Mr. Black ရဲ့ အခန်းထဲက အရာတချို့ ကိုလည်း  လူတစ်ယောက်အတွက် Molly အပြောင်ရှင်းပေးခဲ့တယ်။ 


🍎Mr.Black အခန်းကို နေ့တိုင်းရှင်းနေကြဆို Mr.Black သေတဲ့အချိန် သူ့အနား၊အခန်းထဲက အထားအသို အရာဝတ္ထု မှန်သမျှကို Mollyက မှတ်မိတယ် ။


🍎အမျိုးသမီး စုံထောက်က လာစစ်ပြန်တော့လည်း Mollyဟာ  ရိုးသားလွန်းတာကြောင့် အမှန်အတိုင်း ဖြေခဲ့တယ်။ တခုပဲချန်ခဲ့တာ၊ ခေါင်းအုံးတလုံး ပျောက်ဆုံးနေတဲ့ အကြောင်း ။


🍎အဲ့နောက် Molly  ထိန်းသိမ်းခံထားရာကနေ ပြန် လွတ်တယ်။ နောက်ပိုင်း ချောက်ချထားတဲ့ သက်သေ တချို့က Molly ဆီကိုပဲ ညွှန်ပြနေပြန်တော့ တခါ အိမ် ကိုလာပြီး ပြန်ဖမ်းခံထိတယ် ။ Mollyက ရိုးသား လွန်း တော့ သူကို ထပ်ဖမ်းမယ်လို့ ဘယ် ထင် မတုန်း လေ ။


🍎ဒီတခါတော့ ပန်းရောင် ညဝတ်အင်္ကျီနဲ့ မူးလဲ ပြီး

 á€Ąá€á€ťá€Żá€•á€şá€‘ဲပဍ ရောက်သွားတာ ။


🍎အခက်အခဲဖြစ်နေတဲ့အချိန် Mollyအကူအညီ တောင်းစရာဆိုလို့ သူ့အပေါ်ကောင်းတဲ့၊ ပတ်ဝန်းကျင် 

က လူတိုင်းကို မယူံဖိူ့ပြောတဲ့ Hotel Doorman တစ်ယောက်ဖြစ်တဲ့ Mr.Preston နဲ့ သူ့သမီး ရှေ့နေ Charlotte ကိုပဲ  အကူအညီတောင်းရတယ်။  


 đŸŽá€Ąá€á€ťá€Żá€•á€şá€á€”်းက လွတ်ဖို့ တရားရုံးမှာ သက်သေတန်း ထွက်ဆိုရမယ်ဆိုတော့ Molly က ပန်းရောင် ညဝတ် အင်္ကျီနဲ့  မို့ မသပ်မရပ်ဖြစ်နေလို့ အင်္ကျီလဲချင်လို့  ဈေးဆစ်ချင်သေးတာ။   


🍎AudioBook နားထောင်ရင်းက စုံထောက်အမျိုးသမီး ရယ်၊ တရားသူကြီးရဲ့ အမေးကို ဖြေတဲ့ ၊ စစ်တဲ့နေရာမှာ Mollyရဲ့ ထွက်ဆိုချက်တွေ ရယ်လည်း ရယ်ရတယ်။  ဘယ်သူတွေ ဘယ်လောက် ချောက် ချပစေ၊ Molly ရဲ့ ရိုးသားမှု့ဟာ ဖုံးလို့မရဘူး ။ တရားသူကြီးတောင် Molly ကို ဆလံသ ရတယ်။

 

🍎အခက်အခဲဖြစ်နေတဲ့ အချိန်ကျမှ Mollyတစ်‌ယောက် သူ့အပေါ် ဘယ်သူကောင်းသလဲ၊ ဘယ်သူက တကယ် ကူညီတာလဲ၊ ဘယ်သူက ချောက်ချတာလဲ ဆိုတာ Molly ကောင်းကောင်းနားလည် သွားတယ်။


🍎Mr.Black ကို ဘယ်သူသတ်တာလဲဆိုတာတော့ နောက်ဆုံး မှာပါတယ်။ ဘယ်သူဆိုတာ 

မပြောတော့ဘူးနော် ။  


🍎The Maid AudioBook က ပေါ့ပေါ့ပါးပါးနဲ့ နားထောင်လို့ အရမ်းအဆင်ပြေတယ်။ 


🍎Lock Room Murder Mystery ကို ပေါ့ပါ့ပါးပါးဖတ်ချင်သူတွေ အတွက် The Maid ဟာ သင့်တော်တယ် ။


📕The Maid by Nita Prose E-Book 📕

https://t.me/mobi_epub_ebook_and_Movie/1762?single

#The_Maid_by_Nita_Prose

#AudioBook_Review by Bookish In Fiction Land 

8 Feb, 2022

The Perfect Murder by Peter James

 The Perfect Murder by Peter James

ဒီစာအုပ်ကို ရိုက်ထားတဲ့ ရုံတင်ပြဇာတ်ရှိတယ် ။

Peter James ရဲ့အရေးအသားတွေဟာလည်း အရမ်းလွယ်တယ် ။အခုမှ English Novel စဖတ်မယ့်သူတွေ ရွေးသင့်တဲ့ စာရေးဆရာ ။


စာမျက်နှာ ၁၂၇ ပဲ ရှိလို့ Quick Readsဆိုတဲ့ အတိုင်း

မအီပဲ  ခပ်သွက်သွက် ဖတ်ပြီးမယ့် စာအုပ်ပေါ့ ။၁၈+ နည်းနည်း ပါတယ် ။ တချို့အခန်းတွေဆို ရယ်ရတယ် ။

🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


📖📖 ဇာတ်လမ်းအကျဉ်း 📖📖


#Victor နဲ့ #Joan တို့ လင်မယား နှစ်ယောက်ဟာ အိမ်ထောင်သက် အနှစ် ၂၀ နီးပါးရှိလာတဲ့ အခါ 

တစ်ယောက်နဲ့ တစ်ယောက် စိတ်ကုန်လာကြတယ် ။  


Victor ဟာ သူ့မိန်းမကို မုန်းတယ် ။သူ့မိန်းမဟာလည်း 

ထိုနည်းလည်းကောင်းပဲ ။#Joan ဟာလည်း #Victor အပေါ်ငြီးငွေ့လာတယ်။ Victor ရဲ့ ဟောက်သံကြီးကို လည်း မခံစားနိုင်၊ မုန်းလာတယ်။


ကလေးမရနိုင် ၊ စီးပွားရ အလုပ်အကိုင် ကအစ ၊ 

ငယ်ငယ်တုန်းက တစ်ယောက် နဲ့တစ်ယောက် 

အထင်ကြီးပြီး ယူခဲ့သလို ၊ အနှစ်နှစ်ဆယ်ကျော် လောက်ထိ  မျှော်လင့်သလို တွေ ဖြစ်မလာတော့ သူတို့အိမ်ထောင်ရေး ဟာ အက်ကြောင်း ထင်လာတယ် ။

 


Victor ဟာ သူ့မိန်းမကို ရှင်းထုတ်ဖို့ ကြိုးစားလာယ် ။


မိန်းမ Joanကို ရှင်းထုတ်ပြီး အသက် အာမခံ ဘာညာ အာမခံ ကိစ္စအတွက် အမှု့မပတ်အောင် ၁နှစ်လောက် အချိန်ယူစောင့်တယ် ။သူ့လိုပဲ အပျော်မယ် Kamila  

ကလည်း အကြံအောင်ဖို့ နှစ်ပေါက်အောင် သည်းခံ

စောင့်ရှာတယ်။ 


ညဏ်ကြီးရှင် ကိုVictor က  Googleမှာ Perfect Murder ဆိုပြီး ရှာတယ် ။ အဆိပ်အကြောင်းလည်းရှာတယ် ။ 


သူရှာတဲ့ Perfect Murder ဖြစ်ဖို့ အချက် ၅၂ချက်ထဲက အချက်တွေ ကို အမှားအယွင်းမဖြစ်အောင်  သေချာ လေ့လာ ပြုစုပြီး Plan A လို့ ပေးလိုက်တယ် ။ 


တကယ်လို့  တခုခုမှားခဲ့ရင်ရော....

Plan B အတွက် Victor မှာ အကြံမရှိသေးဘူး။


ဒါပေမယ့် သူ့လိုပဲ သတ်ပြစ်ချင်နေတဲ့ #Joan မှာတော့ Plan B ထိ ရှိနေတာကို Victor မသိရှာဘူး ။


#Victor က Google မှာ အဓိကထား ရှာတာက #Cyanide အဆိပ်အကြောင်း ။ Cyanide ကို  သုတ်ဆေးပုံး Prussian Blue မှာ ထည့်သုံးကြောင်း သိလိုက်ရတယ် ။ 


Victor ပြုံးမိသွားတယ် ။ Prussian Blue ဆိုတာ Joan သိပ်ကြိုက်တဲ့အရောင် ။


နောက်ရက်တော့ အသက်ရှု maskတွေ၊ဆေးသုတ်ဝတ်စုံအပြည့်စုံနဲ့ Victorရဲ့ ဟောက်သံကို မခံနိုင်လို့ သူ့မိန်းမ Joan ခွဲအိပ်၊ပြောင်းအိပ်နေတဲ့ အခန်းကို 

" ကိုယ့်နတ်သမီးလေးအတွက် " ဆိုပြီး Prussian Blue သေချာသုတ်ပေးနေတယ် ။


Joan သာ ည ဘက် အခန်းတံခါးပိတ်ပြီး အိပ်လိုက်ရင် ရက်နည်းနည်း ကြာလာတဲ့အခါ Victor က သူ့ရဲ့ Cyanide အစွမ်း ပြလာလိမ့်မယ်လို့တွေးမိတယ် ။


တကယ်လို့ Joan သေသွားတဲ့အခါ အလောင်းခွဲစိတ်လို့ Cyanide အဆိပ်တွေ့ခဲ့ရင်တောင်  အခန်းထဲက Prussian Blue သုတ်တာပဲ အပြစ်ဖြစ်မယ်ပေါ့ ။


Cyanide တွေအများကြီး ထည့်သုတ်ထားတဲ့ Prussian Blue သုတ်ဆေးပုံးကိုတော့ ရှင်းပြစ်မယ်ပေါ့ ။ ဒါကတော့ Victor ရဲ့ အတွေး ။


ဒါပေမယ့် သူ့မိန်းမ Joan က သူ့ထက်ပါးနပ်တယ်၊ 

သူ့ထက် မြန်တယ်။ 


Victor မှာ ဆီးချို ရှိတယ်၊ သကြားဓာတ်များလာရင် အချိန်ကြာကြီး အိပ်ပျော်သွားတယ် ။ Victor သုံးနေကျ  အင်ဆူလင် အစား၊သကြားကို အစားထိုးထားလိုက်တယ်။

 

ယောကျာ်း Victor က အချိန်ကြာကြီး အိပ်ပျော်သွား၊ ဟောက်သံတွေရပ်သွားတဲ့အချိန်ယောကျာ်းကို တူနဲ့ 

ထု သတ် ၊ ပြီးတော့  #Joan က သူ့ #ရည်းစားDon ကို 

မက်ဆေ့ခ်ျပို့ လှမ်းခေါ် ၊ ရည်းစား Don ရဲ့ အကူအညီနဲ့ ယောကျာ်း Victor ကို    အောက်ထပ်က freezer ထဲ ထည့်၊ သန့်ရှင်းရေးလုပ်၊ ရှင်း။


Joanက နည်းနည်းတော့ လန့် နေတယ်။ ဒါပေမယ့် သူ့ ရည်းစားDon နဲ့ တိုင်ပင်ပြီး Joan တစ်ယောက် ရဲစခန်းကို သွားတယ် ။ 


သူ့ယောကျာ်း မနေ့ည က အိမ် ပြန်မလာလို့ဆိုပြီး တိုင်ချက်ဖွင့်တယ် ။ ယောကျာ်းပျောက်ပြီး ပူဆွေး နေတဲ့ မိန်းမ တစ်ယောက် အနေနဲ့ပေါ့ ။ 


ယောကျာ်းက အလုပ်ပြုတ်လို့ စိတ်မတည်ငြိမ် ဖြစ်နေကြောင်း၊ အိမ်ထောင်သက် ၁၉ နှစ်ကျော်အတွင်း ဒီလို 

တခါမှ မဖြစ်ဘူးကြောင်း၊ 


ရဲအရာရှိက Victor တစ်ယောက် တခြား ဇာတ်လမ်း ရှိသလား မေးတော့ Joanက မရှိကြောင်း၊ 


သူ့ယောကျာ်း Victor က သူ့ကို အရမ်းချစ် သလို ၊ လင်မယား နှစ်ယောက်စလုံး အရမ်းချစ်ကြကြောင်း 

လန်ကြုတ်ဇာတ်လမ်းလေးတွေ နဲ့ပြော၊ တိုင်ချက်ဖွင့်ပြီး ပြန်သွားတယ် ။


နောက်တရက် ရဲနှစ်ယောက်က Joan တို့အိမ်ကို လာစစ်မေးပြီးတဲ့ အခါ သေသွားတဲ့ Victor ရဲ့ ဖုန်းကို 

အမည်မသိ ဖုန်းကောလ် တွေ ဝင်လာတယ်။ 


Joan ကလည်း သူ့ကိုယ့်သူ မလုံ၊ မကိုင်ရဲ။


တဖက်က ဆက်သူက Kitten Parlour က Victor ကြိုက်နေတဲ့ အပျော်မယ်လေး Kamila ။


ပုံမှန်ဆို  Victor က မနက်  အလုပ်ကနေ  အပျော်မယ် #Kamila ဆီ ဖုန်းဆက်တယ်၊ ညဆိုလည်း မက်ဆေ့ခ်ျ 

အမြဲ ပို့တယ် ။


ဒါပေမယ့် ထူးထူးဆန်းဆန်း  မနေ့က တနေကုန်  Victor သူ့ဆီအဆက်အသွယ် မလုပ်လို့ Kamila တစ်ယောက် စိတ်ပူနေတယ် ။ 


အပျော်မယ် Kamila ရဲ့ ရည်းစား #Kaspar ဆိုတဲ့ကောင်ကလည်း သူ့ဆီ အမြဲ ခြိမ်းခြောက်စာတွေပို့တယ် ။  


အိမ်ကမိန်းမကိုတောင် ဂရုမစိုက်တဲ့သူရဲကောင်းကြီး 

ကို Victor က အပျော်မယ်လေး Kamila ကို သူ့ရည်းစား Kaspar လက်ကနေ ကယ်တင်မယ်၊ စောင့်ရှောက်မယ် ပြောထားတဲ့သူ ။ 


Kamila စိတ်ထဲမှာ Victor ဟာ ချမ်းသာတဲ့သူလို့ ထင်နေတယ် ။


တဖက်မှာလည်း Joan နဲ့ သူ့ရည်းစား Don ဟာ Victor အလောင်းကို ကားဂိုဒေါင်ထဲမှာ တွင်းတူးပြီး မြှုပ်ဖို့ လုပ်နေတယ် ။ 


Joan နဲ့ Don တို့ Victor အလောင်းကို Freezer ထဲက ထုတ်၊ Victor ရဲ့ ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးဟာ #Don 

တူးထားတဲ့ မြေကျင်း ခပ်တိမ်တိမ်လေးထဲ ရောက်သွားတယ်။ 


Victor သေပြီးပြီးချင်းတော့ Joan စိတ်ထဲပျော်မိတယ် ။ သူ့ရည်းစား  Don အပေါ် အရင်ကထက် အချစ်တွေ ပိုလာမယ် တွေးခဲ့ဖူးတယ် ။ 


အခုကားဂိုဒေါင် ထဲက မြေကျင်းထဲ ရောက်သွားတဲ့ 

အရင်ကချစ်ခဲ့ဖူးတဲ့ ယောကျာ်းဖြစ်သူ Victor အလောင်း ကို ကြည့်ပြီးJoan ရဲ့ စိတ်ထဲမှာ မပျော်မိပဲ ၊ ဝမ်းနည်းတာရော၊ ကြောက်တာရော၊ အပြစ်ရှိသလိုပါ ခံစားရလာတယ် ။


ဒါပေမယ့် ကားဂိုဒေါင်ထဲမှာ တူးထားတဲ့ ကျင်းထဲ က Victorအလောင်းပေါ်  မြေပြန်ဖို့၊ အပေါ်က ဘိလပ်မြေလောင်းတဲ့ ကိစ္စ အဝဝဟာ မနက် ၄နာရီလောက်မှာ ပြီးသွားတယ် ။


အဲ့ဒီနောက်ပိုင်း အိမ်ထဲမှာ ပေါ်ပေါ်လာတက်တဲ့ Victor 

ပုံရိပ်၊ Victor သောက်နေကျ စီးကရက် အနံ့ ။


နောက်ရက် စုံထောက် Brett နဲ့  Badger တို့နှစ်ဦး ထပ်လာတယ် ။ Joan ကို စစ်ဆေးမေးမြန်းပြီး ရဲက ....


ပျောက်ဆုံးသွားတဲ့ Victor ဟာ အပျော်မယ် Kamila နဲ့ ငြိနေခဲ့‌ကြောင်း ၊ အပျော်မယ် Kamila နဲ့ Victor တို့ နှစ်ဦးဟာ ထွက်သွားဖို့ ကြံစည်ခဲ့ဖူးကြောင်း Kamila ကရဲစခန်းမှာ ထွက်ဆိုချက် လာပေးခဲ့တာကို ပြန်ပြောပြတယ် ။  


ရဲတွေ ပြောနေတဲ့ အချိန် Joanရဲ့ ခေါင်းမူးနောက်နေတယ်။ 


သူ့ယောကျာ်းက sex club ကအပျော်မယ် ဆီသွားတယ်တဲ့လား...


ရဲတွေပြန်ပြီးနောက် Joanဟာ ပြတင်းပေါက်ကနေ

ငေးကြည့်နေတယ် ။ 


စိတ်ထဲတော့ ဒေါသတွေ ဆူပွက်လို့ပေါ့ ။ Victor ဟာ 

သူ့ကို လှည့်စားခဲ့တယ် ။ 


မိန်းမပျက်ဆီတောင် သွားခဲ့သေးတယ်။သွားနေတာ ဘယ်လောက်တောင် ကြာပြီလဲ ။အဲ့မိန်းမပျက်ဆီ မှာ 

ငွေတွေ ဘယ်လောက်တောင် ဖြုန်းတီးထားခဲ့ပြီလဲ ။ 


ဒေါသတွေ ဆူပွက်နေတယ်။ သူ ကားဂိုဒေါင် တံခါးကိုဖွင့်၊ ဂိုဒေါင် မျက်နှာပြင်က  ချောမွတ်နေအောင် ဖုံးထားတဲ့ ဘိလပ်မြေ ကြမ်းပြင်ကို ကြည့်ပြီး အော်ပစ်လိုက်တယ် ။ ' YOU BASTARD !!!!! '

(မိန်းမဒေါသဆိုတာ  အဲ့ဒါပဲ 😆)



ရဲကလည်း  Joan ကို မယုံဘူး။ အာမခံကိစ္စနဲ့များပတ်သတ်နေမလားပေါ့ ။ ဝရမ်းတောင်းပြီး Joan တို့အိမ် အနှံ့ ရှာတယ် ။ နောက်ဆုံး ကားဂိုဒေါင်....


ဂိုဒေါင်ကို စစ်ဆေးဖို့ ရဲက အထဲက ကားကို အပြင်ထုတ်လိုက်တယ် ။ ထုတ်လိုက်တဲ့အချိန်မှာ Joan နဲ့  Don တို့ ခင်းထားတဲ့ အင်္ဂတေ ဟာ ကျွံပြီး ဝက်ဗိုက်သားလိုဟာမျိုးကြီးက အပေါ်ကိုကြွတက်လာတယ် ။ 


ဝက်ခေါက်တော့ မဟုတ်ဘူး ။ အဲ့ဒါ Victor ရဲ့ဗိုက်ပူကြီး။ ရဲတွေက တရွင်းပြားတွေနဲ့ တူးဆွပြီး အလောင်းကို ဖော်။ 


၄ ရက်အကြာ မှာ Joan ဟာ အာမခံနဲ့ လွတ်လာတယ် ။

ခံလိုက်ရသူကတော့ Don ပေါ့ ။ Don တစ်ယောက် 

ကံမကောင်းရှာဘူး။ Victor ကို သတ်မှူ့ နဲ့ အဖမ်းခံလိုက်ရတယ် ။  


Joanကတော့ အော်စကာတောင် ရနိုင်လောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ပေါ့ ။ 


ရဲကလည်း Joan ရဲ့ ဇာတ်အခင်းအကျင်းကို ယုံတယ် ။


တနေ့ Victor ပြန်လာတဲ့အချိန် Don ကို  တွေ့မိပြီး အချင်းချင်း တိုက်ခိုက်ကြတယ် ။ Don က Victor ကို တူနဲ့ ရိုက်မိသွားတယ် ။ နောက်  ရဲကို Joan သတ်တာပါလို့ပြောဖို့ Donက အကျပ်ကိုင်တယ်ပေါ့ ။ 


အဲ့ဒီနောက် Don ဟာ Victor ကို ကားဂိုဒေါင် အောက်မှာ မြှုပ်လိုက်တယ်ပေါ့ ။ အဲ့ဒီအချက်ဟာလည်း ရဲတွေအတွက် မှန်နေတယ် ။ 



Victor အလောင်းကို တွေ့ပြီးတဲ့နောက် Donရဲ့ အိမ်ကို မနက်အာရုံတက်ချိန်မှာ တန်းရှာတဲ့အခါ  သွေး‌စွန်းနေတဲ့ တူရော ၊ Donရဲ့လက်ဗွေရာပါ တွေ့တယ်။ 


ပုံမှန်ဆို‌ရင်တော့ ရက်သတ္တပတ် အနည်းငယ်ထိ Joan လွတ်လာစရာမရှိဘူး ။ ဒါပေမယ့် တရားသူကြီးလည်း  Joan ရဲ့ ဇာတ်လမ်းကို ယုံတယ် ။ နောက်ဆုံးတော့ သံသယကင်းပြီး  Joan လွတ်လာတယ် ။


ပြန်ရောက်တော့ တွေးမိတယ် ။ Don အတွက်တော့ 

စိတ်မကောင်းပေမယ့် ယောကျာ်းတွေပေါပါတယ်၊ Dating Agency တွေ ၊ Dancing Club တွေကနေ ရှာလို့ရနေသေးတာပဲ ။ 


အပျော်ဆုံးကတော့  Victor မရှိတော့‌တာပဲ ။ 


အမှတ်ရစရာတွေ အများကြီး ဖြစ်နေတဲ့ ဒီအိမ်ကိုလည်း သူရောင်းပြစ်မယ် စိတ်ကူးထားတယ် ။ 


အဲ့ဒီနောက် ဝိုင်တွေ အရမ်းသောက် မူးပြီး အိပ်ရာထဲ ဝင်တယ် ။ Victor အိပ်တဲ့အခြမ်းမှာအိပ်လိုက်တယ် ။ 



အိပ်ပြီးသိပ်မကြာဘူး ၊ Joan မုန်းတဲ့ Victor ရဲ့ ဟောက်သံကြီး ကြားလိုက်ရတယ်။ ရုတ်တရက်တော့ Joan လန့်သွားတယ် ။ မီးဖွင့်ကြည့်လိုက်တယ် ။  တိတ်ဆိတ်ပြီး ဘယ်သူမှ မရှိဘူး။


ဟောက်သံကြီး နောက် ထပ်ကြားပြန်တယ် ။ Joan နှလုံးခုန်သံ‌ကတော့ မြန်လာတယ် ။  


အိုကေ...ငါတော့ ရှယ်ပြင်ထားတဲ့ ငါ့အခန်းသစ်ပဲ သွားအိပ်တော့မယ် ပေါ့ ။ 


အဲ့ဒီ့နောက်(အစပိုင်းမှာ Joanကို သတ်ဖို့  ) Victor ကိုယ်တိုင် Cyanide တွေ အများကြီး ထည့်သုတ်ထားတဲ့ Prussian Blue ရောင်နဲ့ ‌ အခန်းသစ်ကို ရောက်သွားတယ်၊


ပွင့်နေတဲ့ တံခါးတွေ ပိတ်လိုက်တယ်  ။


ည အိပ်ရာ ဝင် မီးကိုပါ ပိတ်လိုက်တယ် ။


သုတ်ထားတဲ့ ‌ဆေးကနေ အယ်လမွန် နံ့ ခပ်သင်းသင်း

ရတယ် ။ Victor ဆီက ရတဲ့ အနံ့ထက်တော့ သာသေးတယ်ပေါ့ ။


အဲ့ဒီနောက် ဖြေးဖြေးလေး .....

တည်တည်ငြိမ်ငြိမ်လေးနဲ့ .....


Victor စီရင်ထားတဲ့ Cyanide အလွန်အကြူး သုံးထားတဲ့ 

အခန်းထဲ မှာ မိန်းမလည် Joan တစ်ယောက် အိပ်မောကျ သွားတယ် ။


A very deep sleep. Bit by bit by bit.......


(ကံဆိုတာ အဲ့ဒါပဲ..ဝဋ်လည်တာပဲ..ဥပဒေကို Joan လှည့်စားလို့ရခဲ့ပေမယ့်  ကံကိုတော့ လှည့်စားလို့မရခဲ့ဘူး။ ) 😊

ပြီး ပါ ပြီ ။ ။


Victor + Joan  = လင်မယား

Don + Mandy  =  လင်မယား

Kamila = အပျော်မယ်

Kaspar = အပျော်မယ် ၏ ခပ်ဆိုးဆိုး ရည်းစား


ဖောက်ပြန်ကြတာက ..

Joan နဲ့ Don

Victor နဲ့ Kamila


The Perfect Murder by Peter James

#Book_Summary_by Hnin Yi Pwint 

Nov 6. 2020

An_UnWanted_Guest by Shari Lapena

 #An_UnWanted_Guest by Shari Lapena (Murder/Mystery) Good Reads မှာ  တော်တော်များများဖတ်ပြီး ကြိုက်ကြတဲ့ စာအုပ်တအုပ် ။


 Agatha Christie ပုံစံမျိုး ရေးထားပြီး တရားခံ 

ဘယ်သူလဲ ရှာရမယ့် စာအုပ် ။ဒီစာအုပ်ထဲမှာ Hotel ကို လာတည်းတဲ့ လူတွေရဲ့ ပုံစံမျိုးစုံ ၊ သူတို့တွေ ဖွင့်ချမပြချင်တဲ့ အတိတ်ဇာတ်လမ်းတွေ ။


🚧 ဇာတ်လမ်းအကျဉ်း 🚧

မြို့ပြကနေ အလှမ်းဝေးလွန်းတဲ့ တောင်တွေကြားက  Mitchell's Inn ကို အပန်းဖြေဖို့ မတူညီတဲ့နေရာတွေက

ရောက်လာကြတဲ့ ဧည့်သည် ၁၀ယောက် ။ 



Mitchell's Inn....

နှင်းတွေဖုံးလွှမ်းပြီး လူသူဝေးတဲ့နေရာလေးမှာ တည်ရှိတယ် ။ မြို့ပြရဲ့ မွန်းကြပ်မှု့တွေကနေလွတ်မြောက်ချင်သူတွေအတွက် ရည်ရွယ်ထားတဲ့ မိသားစုပိုင် Hotel လေးမို့ ၊ wifi မရှိသလို ၊ cctv လည်း တပ်မထားဘူး ။


အဲ့ဒီ Hotel ကို သူတို့ရောက်လာတဲ့နေ့မှာပဲ နှင်းမုန်တိုင်း အပြင်းအထန် ကျလို့ ဝန်ထမ်းတွေ မလာနိုင်‌တော့ဘူး ။ဧည့်ခံဖို့ Hotel  ပိုင်ရှင် James နဲ့ ၂၂နှစ်အရွယ် သားဖြစ်သူ Bradley ပဲရှိတယ် ။


Ian & Lauren စုံတွဲ ။

👨#Ian ရဲ့ အတိတ် ၊ 👩  #Lauren ရဲ့ အတိတ်ဆိုး ။


👨Matthew  & 👩 Dana Hart ။

#Dana ကလှတယ် ၊ ယောကျာ်းတိုင်း 

စကားလက်ဆုံ ကျချင်ကြတယ် ။


ဘယ်သူမှမသိကြတဲ့ Dana  နဲ့ Lauren တို့ အချင်းချင်းသာ သိပြီး ၊ဖုံးကွယ်ချင်တဲ့ အတိတ် ။


ဧည့်သည်တွေ ရောက်ပြီး နောက်ရက်မှာပဲ ချမ်းသာကြွယ်ဝတဲ့ Matthew ရဲ့ဇနီးလောင်းဖြစ်လာမယ့် Dana တစ်ယောက် Hotelရဲ့ အခမ်းနားဆုံး လှေကားပေါ်က ပြုတ်ကျ သေဆုံးသွားတယ်။ 

 

Dana  ပြုတ်ကျတဲ့အချိန်မှာ နှင်းမုန်တိုင်းကြောင့် Hotel ရဲ့ ပါဝါ လိုင်းရော ၊ဖုန်းလိုင်းတွေရော ပြတ်နေတဲ့အချိန် ၊မနက်စောစော မှောင်မှောင် မဲမဲ၊ လှေကားခြေရင်းမှာ Dana ရဲ့အလောင်းကို အဲ့ဒီ Hotel မှာ

တည်းတဲ့ Lauren ဆိုတဲ့ အမျိုးသမီးက စတွေ့တယ်။


အဲ့ဒီမှာပဲ အပန်းဖြေဖို့ရောက်နေတဲ့ 👨ရှေ့နေ David က Dana ရဲ့ သေဆုံးမှု့ဟာ သွေးရိုးသားရိုး ပြုတ်ကျတာမဟုတ်ဘူး၊ အသတ်ခံရတာလို့ ထင်မြင်ချက်ပေးတယ်။


အားလုံးက Dana နဲ့ တခန်းထဲ အတူနေတဲ့ Matthew ကိုပဲ သံသယ စ ဝင်ကြတာပေါ့။


👨#David_Paley ။ ။ ရှေ့နေတစ်ယောက်၊  မိန်းမ

ဖြစ်သူ ကို ရက်ရက်စက်စက် သတ်တယ်လို့ စွပ်စွဲခံရပြီးမှ အပြစ်ကင်းတယ်ဆိုပြီး ပြန်လွတ်လာတဲ့ ရှေ့နေ David ...


👩 #Candice_White

ဖြစ်ရပ်မှန်မှု့ခင်းတွေကို ရေးတဲ့ စာရေးဆရာမ Candice  ထပ် အသတ်ခံရတယ် ။ Candice ကတစ်ယောက်တည်း သီးသန့်နေပြီး စာလာရေးတဲ့သူ ။

ဖြစ်ရပ်မှန် မှု့ခင်းဆိုတော့သူမရေးနေတဲ့ ၊ရေးလက်စစာအုပ်က ဘယ်သူ့ အကြောင်း ဖြစ်နေမလဲ ။


တကယ်တော့  👩Candice Whiteကို 

👩#လူသတ်သမား က သူ့ဆီ blackmail ပို့‌တဲ့သူထင်လို့  လူမှားသတ်လိုက်တာ ။ 


နောက်တည်းခိုခန်းပိုင်ရှင်ရဲ့ သား Bradley အသတ်ခံရတယ်  ။


🤷 #Bradley ။  ။Hotelပိုင်ရှင်ရဲ့သား၊အသက်၂၂ နှစ်အရွယ်၊ မူယစ်ဆေးကိစ္စတွေလုပ်ဖူးတဲ့ Bradley ....

အခုတော့ ဖခင် James နဲ့အတူ  မိသားစုပိုင်ဟိုတယ်လေးမှာ ကူညီလုပ်ကိုင်ပေးနေသူ ။


Riley & Gwen ဆိုတဲ့အမျိုးသမီးနှစ်ယောက် ။


#Riley ဆိုတာNY Times မှာလုပ်ခဲ့ဖူးတဲ့ ဂျာနယ်လစ်တစ်ယောက်၊အာဖဂန်မှာ ဂျာနယ်လစ် တာဝန်နဲ့သွားတုန်းပြန်ပေးဆွဲခံရဖူးတယ် ။ လူသတ်မှု့တွေ မျိုးစုံကြုံခဲ့ရတယ် ။ ပြန်လာတဲ့အခါ စိတ်‌အာရုံထွေပြားနေပြီး ၊ စိတ်ရောဂါကု ဆရာဝန်‌နဲ့ပြနေရသူ။


မြို့ပြ နဲ့ဝေးတဲ့ တောင်တန်းတွေကြားက Hotel လေးကို သူငယ်ချင်း Gwen ကခေါ်လို့ လိုက်လာတဲ့သူ ။ Hotel ကိုရောက်လာကတည်းက ဘယ်သူ့ကို မှ အမြင်မကြည် အဆင်မပြေသူ ။


#Gwen ရဲ့ အတိတ် ။  ။ Gwen ဟာလည်း ပါတီပွဲ တခုက အပေါ်ထပ် အခန်းထဲမှာ နားနေတုန်း  မိန်းကလေးတစ်ယောက်ကို  ယောကျာ်း ၃ယောက်က ဝိုင်းမုဒိန်းကျင့်တာကို အမှတ်မထင်ကြုံခဲ့ရသူ ။ အောက်ထပ် ပါတီပွဲကလည်း ဆူညံနေတော့ကောင်မလေး ရဲ့အော်ဟစ်သံကို မကြားကြဘူး။


Gwen ဟာ သူ့ဘက်ကို လှည့်လာမှာစိုးလို့ မုဒိန်းကျင့်ခံရတဲ့ ကောင်မလေးအဖြစ်ကို ထွက်ဆို ချက်မပေးပဲ 

ရေငုံနှုတ်ပိတ်နေခဲ့သူ ။ အဲ့ဒီမုဒိန်းကျင့်ခံရတဲ့ မိန်းကလေးဟာလည်း သိပ်မကြာဘူး သူ့ဘာသူ သတ်သေသွားတယ် ။ Gwen တစ်ယောက် ကောင်မလေး သေရတာဟာ သူ့အပြစ်မကင်းဘူး ခံစားနေရသူ  ။


Hotel မှာအသတ်ခံရပြီး သေသွားတာက

👩 Dana ၊ 

👩စာရေးဆရာမCandice၊ 

Hotelပိုင်ရှင်ရဲ့သား 👨Bradley၊ 

👩ဂျာနယ်လစ် Riley 

( လူသတ်သမား ဘယ်သူဆိုတာ မပြောဘူး 😁 )


အပေါ်က လူသုံးယောက်ကို သတ်တဲ့ လူသတ်သမား လက်ချက်မဟုတ်ပဲ နောက်တစ်ဦးရဲ့ လက်ချက်နဲ့ သေဆုံးသွားရတာက ဖောက်ပြန်ပြီး ရွချင်တဲ့ ယောကျာ်း 🧔Henry Sullivan....


🕵️(ရဲတွေက လူသတ်သမား တစ်ဦးတည်းလို့ပဲ ကောက်ချက်ချသွားတာ ) 


🚫တကယ်က ၃ယောက်ကို သတ်တဲ့ လူသတ်သမားက သီးသန့် ။


🚫 Henry Sullivan က လူတစ်ယောက်ကြောင့်

 á€žá€ą သွားရတာ ။ (ဘယ်သူဆိုတာ မပြောဘူး 😁 )


🧔 #Henry_Sullivan ဆိုတာ 👩  #Beverly_Sullivan ရဲ့ ခင်ပွန်း ၊ သက်လတ်ပိုင်းတွေ ၊အိမ်ထောင်ရေး အေးတိအေးစက်ဖြစ်လို့ ပြန်ပြီးနီးစပ်အောင် ကလေးတွေကို ချန်ခဲ့ပြီး  နှစ်ယောက်တည်း အပန်းဖြေခရီးထွက်လာကြတာ ။


Hotel ရောက်တော့ မိန်းမက  sexy nightgown နဲ့ ယောကျာ်းကို ဆွယ်ပေမယ့် ယောကျာ်း က စိတ်မပါဘူး ငြင်းတယ် ။ 


Henry က ဘယ်စိတ်ပါမတုန်းလေ ။ ယူထားတဲ့ မိန်းမကို မချစ်တော့ဘူးတဲ့ ၊ ကလေးတွေ မျက်နှာကြောင့်သာ မကွာသေးတာ ။


Henry ဒင်းကဘာမဟုတ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ အဖော်အချွတ်‌ပုံတွေ ပို့၊‌ ဖောက်ပြန်ပြီး ငြိနေကြတာကိုး ။ ဖောက်ပြန်သာနေတာ ၊Henry Sullivan ကလည်း ပိုက်ဆံရှိတာမဟုတ်ဘူး။


မိန်းမဖြစ်သူ Beverly Sullivanက သာ ရှာနိုင်တာ ။Beverly ကလည်းမခေဘူး ။ယောကျာ်း သူ့အပေါ်မဖောက်ပြန်ဘူး ထင်မိပေမယ့် မသင်္ကာလို့ ဖုန်းကို ခိုး ၊စကားဝှက်ရအောင်ဖော်ပြီး အလုပ် emailတွေထဲ ရှာကြည့်တော့မှ စာပေးစာယူတွေ၊အဖော်အချွတ်ပုံတွေတွေ့ ပြီး ဖောက်ပြန်နေမှန်း သိတာ။ 🙄


🕵️🕵️🕵️

ရဲတွေရောက်လာတဲ့အချိန် အသက်ရှင်ကျန်နေတာက Hotel ပိုင်ရှင် James🧔


Berverly ဆိုတဲ့အမျိုးသမီး 👩


သတို့သမီးလောင်း Dana ကိုဆုံးရှုံးလိုက်ရတဲ့ Matthew🧔


သူငယ်ချင်း Riley ကို ဆုံးရှုံးလိုက်ရတဲ့ Gwen 👩


ရှေ့နေ David 🧔


🧔 Ian  နဲ့ 👩 Lauren တို့အတွဲ ။


ဘယ်သူက တရားခံဖြစ်မလဲ....💭💭


တစ်ယောက်ပြီး တစ်ယောက်အသတ်ခံနေရတဲ့အချိန်မှာ ကျန်ရစ်နေတဲ့သူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မယုံကြတော့ဘူး ။


အတိတ်တွေကို ဖော်ကြတယ်။ ဟိုတယ်ထဲမှာ တခြားလူသတ်သမား ရှိမလား လိုက်ရှာကြတယ်။

 

နှင်းမုန်တိုင်းကြောင့် မီးပျက်နေတော့ အေးတိအေးစက် အမှောင်ထဲမှာ လူသတ်သမားများ ပုန်းနေ သလား 

ဆိုပြီး မီးအိမ်နဲ့ လိုက်ရှာကြတယ် ။


သွေးနံ့ရလို့ လာတဲ့ ကြွက်ရန်ကရော၊ 

ကျန်တဲ့လူတွေလည်း ခြောက်ခြားမှု့ ကင်းအောင်

အရင်ဦးဆုံး အသတ်ခံရတဲ့ လူသုံးယောက်ရဲ့အလောင်းတွေကိုHotel ပိုင်ရှင်  Jamesတို့မိသားစု  ဆောင်းရာသီအတွက် ရေခဲတွေနဲ့  ဆောက်ထားတဲ့ အရမ်းလှပတဲ့ Ice House မှာ သွားထားရတယ်။


Hotelရဲ့ အပြင်ဘက်မှာနှင်းမုန်တိုင်းတွေတအားထန်နေတဲ့ အချိန်၊ မီးလိုင်း၊ဖုန်းလိုင်း‌တွေပျက်၊ အကူအညီတောင်းလို့လည်းမရ ၊ လူသေလောင်းတွေနဲ့ ၊ မှောင်မဲပြီး အေးတိအေးစက် ပတ်ဝန်းကျင်။ 


တစ်ယောက်နဲ့ တစ်ယောက် သံသယတွေပွား ၊ဟိုတယ်ထဲ မီးအိမ်နဲ့လိုက်ရှာ ၊ ဒါမျိုးကို ရုပ်ရှင်သာကြည့်ရရင် တကယ့်ကို ကြောက်စရာကြီးနေမှာ။


ရုပ်ရှင်ဆို တော်တော်ကြည့်ကောင်းမှာ ။


ဖတ်နေရင်းကိုယ်တောင်မှောင်မဲ အေးခဲနေတဲ့ ဟိုတယ်ထဲ ရောက်နေသလိုပါပဲ ။


ဒီဝတ္ထုကို စဖတ်တုန်းက စာမျက်နှာ ၅၀ လောက်မှာတင် ပျင်းဖို့ကောင်းတယ်ဆိုပြီး တခြားစာအုပ် ပြောင်းဖတ်မယ် စိတ်ကူးခဲ့သေးတယ်။ 


စာမျက်နှာ ၅၀ ကျော် Dana ဆုံးပြီးနောက်ပိုင်း ဇာတ်ရှိန် နည်းနည်းတက်လာလို့ ဘယ်သူ‌ တရားခံဖြစ်မလဲ  ဆက်ဖတ်ရင်း နောက် လူသတ်မှု့တွေ ဆက်ဖြစ်လာတယ် ။


ထုံးစံအတိုင်းပဲ လူတွေ ဆက်တိုက်သေပြီးမှ နှင်းမုန်တိုင်းလည်း ရပ် ၊ ရဲ‌တွေလည်းရောက် ၊

crime team တွေလည်းရောက်ပေါ့ ။


ဒီစာအုပ်မှာ ထူးခြားချက်က တရားခံ ဘယ်သူဆိုတာ 

လုံးဝ မှန်းလို့မရဘူး ။ နောက်ဆုံးစာမျက်နှာလောက်မှာ Inspectorက တရားခံ ဘယ်သူဆိုတာ ပြောလိုက်မှ wow.. မထင်မိသူပါလားပေါ့ ။


အကြိုက်ကြီး မဟုတ်ပေမယ့် နောက်ဆုံးအထိ 

တရားခံ ဘယ်သူမှန်း မသိအောင် ရေးနိုင်လို့ သဘောကျမိတယ် ။ 


#BookReviewby Hnin Yi Pwint

Sep 9.2020

Frankenstein in Baghdad by Ahmed Saadawi

 đŸ“•Frankenstein in Baghdad by Ahmed Saadawi

📕Translated from the Arabic by Jonathan Wright


ဒီစာအုပ် ဟာ  IPAF award (International Prize for Arabic Fiction) for 2014 ရထားပြီး Man Booker International Prize Finalist ဝင်ခဲ့တဲ့ စာအုပ် တအုပ်။


မကြာခင်ကာလမှာ ဘာသာပြန် ထွက်လာမယ့် စာအုပ်မို့ ဇာတ်သိမ်း 


ဘာဖြစ်မလဲဆိုတာရယ်၊ spoiler တွေ ထည့်မရေးတော့ပါဘူး ။ ဒါပေမယ့် ဘယ်လိုဇာတ်အိမ် ဆိုတာ သိအောင်တော့ ဇာတ်ကြောင်း နည်းနည်းလေး ပြောပြထားပါတယ်။

 

ဒီစာအုပ် ဟာ ၂၀၀၃ ဝန်းကျင် အီရတ်ကို အမေရိကန်တွေကျုးကျော် ဝင်ရောက်လာတဲ့ ကာလ၊ နိုင်ငံရေးအဖွဲ့အစည်းတွေအပြောင်းအလဲကာလ ၊ အသေခံ ကားဗုံးခွဲမှု့တွေ ဆက်တိုက်ဖြစ်နေတဲ့ နိုင်ငံရေးမတည်မငြိမ် ဖြစ်နေတဲ့ကာလ ကို ဇာတ်အိမ်တည်ထားတယ်။ 


ဒီကာလမှာ အစိုးရကို ဆန့်ကျင်တဲ့အတိုက်အခံတွေ၊ အမေရိကန်ကိုဆန့်ကျင်တဲ့သူ‌တွေဟာ အသေခံကားဗုံးခွဲ မှု့တွေ ဆက်တိုက်လုပ်နေတော့ အသေအပျောက် အရမ်းများပြီး ပေါက်ကွဲမှု့ကြောင့် တစစီ ဖြစ်နေတဲ့ အလောင်းတွေကို မြှုပ်နှံဖို့တောင် အချိန်မပေးနိုင်၊မလုပ်ကြဘူး။


တနေ့တော့ ပစ္စည်းဟောင်း အရောင်း အဝယ်လုပ် တဲ့ Hadi ဆိုတဲ့ သူ ၊ သူ့ရဲ့ အရင်နှီးဆုံးမိတ်ဆွေဟာလည်း ဗုံးပေါက်ကွဲမှု့ကြောင့် တစစီဖြစ်သွားတယ်။ အဲ့ဒီနောက်ပိုင်း Hadi ဟာ စကား သိပ်မပြောတော့ဘူး။


Hadi ဟာ လမ်းပေါ်မှာ ပေါက်ကွဲမှု့ကြောင့် တစစီဖြစ်နေတဲ့ အလောင်း အပိုင်းအစတွေ ကို တွေ့တယ်။ သူဟာ အဲ့ဒီ ဗုံးပေါက်ကွဲမှု့က လူ‌သေ အပိုင်းအစ တချို့ကို စုပြီး အိမ်ကို ယူလာခဲ့တယ် ။ Hadi သူ့အိမ်ကို ယူလာတဲ့ အဲ့ဒီ့အပိုင်းအစတွေထဲမှာ အသေခံဗုံးခွဲတဲ့လူ‌ရဲ့ ခန္ဓာကိုယ် အပိုင်းအစလည်း ပါချင်ပါမယ် ။ Victim လူပေါင်းစုံ ရဲ့ ခန္ဓာကိုယ် အပိုင်းအစတွေမျိုးစုံလည်း ပါမယ်။  


Hadi ဟာ  ဗုံးပေါက်ကွဲမှု့ကြောင့် သွေးအလိမ်းလိမ်းနဲ့ တစစီ ဖြစ်နေတဲ့ Victim ပေါင်းစုံရဲ့ အဲဒီ့ အပိုင်းအစတွေကို ယူလာပြီး  ခနွာကိုယ် အစိတ်အပိုင်းတွေကို Dead Bodyဖြစ်အောင် ကြိုး နဲ့ သီလိုက်တာ နောက်ဆုံး နှာခေါင်း တခုပဲလိုတော့တယ် ။ အဲ့နှာခေါင်းကိုလည်း

တနေရာကနေ  ရလိုက်တယ်။ 


ဗုံးပေါက်ကွဲမှု့က ခန္ဓာကိုယ် အပိုင်းအစတွေကို  Hadi ကြိုးနဲ့ သီထားတဲ့ ချုပ်ရာတွေ ဗရပွနဲ့ ရုပ်ဆိုးပန်းဆိုး Dead Body ကြီးဟာ Hadi အိမ်ခန်းထဲက ခုံပေါ်မှာ စင်းစင်းကြီး ။


Hadi တစ်ယောက် ဗုံးပေါက်ကွဲမှု့က ခန္ဓာကိုယ် အပိုင်းအစတွေကို  အဲ့လို သီရတဲ့ ရည်ရွယ်ချက်က ၊ 

ဒီသီထားတာတွေ ကို လူအများသိမယ့်နေရာမှာထားပြီး 

ပေါက်ကွဲမှု့ကြောင့်ခံရတဲ့ အပြစ်မဲ့ လူအများစုကို  သေချာ သိက္ခာရှိရှိ မြှုပ်နှံခွင့်ရဖို့ပေါ့ ။


Hadi ဟာ  အဲ့ဒီ Dead Body ကို "Whatsitname" သို့ Frankenstein လို့ခေါ်တယ်။ အာဏာပိုင်တွေကတော့ Criminal X  လို့ ခေါ်ကြတယ် ။ 


Hadi ဟာ သူသောက်နေကျ ဟိုတယ်အောက်က ကော်ဖီဆိုင်မှာ သူ့မိတ်ဆွေတွေကို "Whatsitname" အကြောင်း

Storytelling လုပ်ပြောပြတယ်။ သူ့မိတ်ဆွေတွေဟာ  Hadi တစ်ယောက် ၊ မဟုတ်က ဟုတ်က ယုံတမ်း ပုံ‌ပြင်တွေလုပ်ပြောနေတာလို့ပဲထင်ကြတယ်။ Whatsitname ဟာ တကယ့်အပြင်မှာရှိတယ် လို့ ဘယ်သူမှမထင်ကြဘူး။


 á€á€”္အတ္ဏအ Hadi ဟာ သူသောက်နေကျ ဟိုတယ်အောက်က ကော်ဖီဆိုင်ကို သွားဖို့လမ်းလျှောက်လာတယ်။  အဲဒီ့အချိန် သူ့အိမ်မှာထားခဲ့တဲ့ ကြိုးနဲ့သီထားတဲအလောင်း ကောင်အကြောင်း တွေးမိနေတယ်။ 


မတော်တဆ အိမ်နီးချင်းတစ်ယောက်ယောက်ကများ အလောင်းကောင်ကို တွေ့ပြီး  အာဏာပိုင်တွေဆီတိုင်လိုက်လို့ သံသယဝင်ပြီး စစ်တာဆေးတာလုပ်ရင် Hadi တော့ ပြဿနာတွေများဦးမယ်ဆိုပြီး တွေးပူမိနေတယ်။ အိမ်ပြန်သွားရင်တော့ အလောင်းကို နဂိုအတိုင်း တစစီပြန်ဖြုတ်ပြီး အစိတ်အပိုင်းတွေကို  မူရင်းနေရာမှာ ပဲ သွားမြှုပ်လိုက်တော့မယ်ပေါ့။ ( စိတ်ထဲကတွေးနေတာ )။ 


ဟိုတယ်နားက မရောက်ခင်အချိန်လေးမှာ အသေခံ ဗုံးခွဲတဲ့ ကားတစီး ဟိုတယ်ရှေ့ ဆိုက်ပြီး ပေါက်ကွဲမှု့ဖြစ်သွားတယ်။ Hadi ခပ်လှမ်းလှမ်းက လာ‌နေတာမြင်တော့ ထွက်လာတဲ့ ဧည့်ကြိုဟိုတယ်ဝန်ထမ်းဟာလည်း ပေါက်ကွဲမှု့ကြောင့် တစစီဖြစ်သွားတယ်။  ( ပေါက်ကွဲမှု့ကြောင့် တစစီဖြစ်သွားတဲ့ *ဟိုတယ်ဝန်ထမ်း character*  ဟာလည်း ဒီစာအုပ်ထဲမှာအရေးပါတယ်နော် )


Hadi ကတော့  ဗုံးခွဲခံရတာက‌နေ ကပ်သီလေး လွတ်သွားတယ်။  ကားဗုံးခွဲ မှု့တခုနဲ့ ကိုယ်တွေ့ ကြုံလိုက်ရတော့ Hadiဟာ အူကြောင်ကြာင် ၊ ကြောင်တောင်တောင်ဖြစ်ပြီးတော့ အိမ်ကိုပဲ လှည့်ပြန်လာခဲ့တယ် ။ မအီမလည်ဖြစ်နေတဲ့ Hadi ဟာ အိမ်တံခါးတောင် မပိတ်နိုင်တော့ပဲ  အိပ်ရာထဲဝင်ထိုးအိပ်လိုက်မိတော့တယ်။ 


အဲ့ဒီအချိန်မှာပဲ ပေါက်ကွဲမှု့ကြောင့် ခန္ဓာကိုယ်မဲ့ တစစီဖြစ်သွားတဲ့ "soul" တခုရှိတယ် ။ 


( ကြားထဲမှာ‌တော့ အဲ့ soul လျှောက်သွားပြီး ခန္ဓာကိုယ်ရှာတဲ့ အကြောင်းတွေရှိတယ် ) 


အဲ့ဒီ့ပေါက်ကွဲမှု့မှာ ကျန်ခဲ့တဲ့ "Soul "တခုဟာ Hadi အိမ်ရှေ့က ဖြတ်အလျှောက်မှာ အိမ်တံခါးဖွင့်ထားတဲ့ ခုံပေါ်မှာ စင်းစင်းကြီ ဖြစ်နေတဲ့ Hadi သီထားတဲ့ Dead Body ကိုတွေ့ပြီး  အဲဒီ့ Dead Body ထဲကို ဝင်နေလိုက်တော့တယ်။


နောက်တနေ့ Hadi နိုးလာတဲ့အချိန်မှာ အခန်းထဲက သူ

သီထားတဲ့  Dead Body ကြီးဟာ ပျောက်ချင်းမလှပျောက်သွားတာကို တွေ့လိုက်ရတယ်။ 


ဒီစာအုပ်ထဲမှာ Elishva ဆိုတဲ့ အဘွားကြီးတစ်ယောက် လည်း ရှိသေးတယ် ။  Elishva က လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ဝန်းကျင် အီရန်၊အီရတ် စစ်ပွဲမှာတုန်းက ပြန်မလာ ပျောက်ဆုံးသွားခဲ့ တဲ့  သားဖြစ်သူ Daniel  တနေ့ သူ့ထံပြန်လာမယ်လို့ အစွဲကြီးနေတယ်။ အီရတ် ၊အီရန်စစ် ပွဲမှာကတည်းက  Danielအလောင်းတောင် မရ၊မတွေ့လို့၊  သားဖြစ်သူအတွက် အလောင်းမရှိပဲ အုတ်ဂူ လုပ်ထားတာ ရှိတယ်။


Elishva မှာ Daniel အပြင် Melbourne မှာနေနေတဲ့ သမီးနှစ်ယောက်လည်းရှိသေးတယ် ။ အမေဖြစ်သူ Elishva ကို သူတို့ဆီမှာ လာနေစေချင်ပေမယ့်  Elishva က အစွဲ တခုကြောင့် သူမသိတဲ့အရပ်ဒေသမှာ သွားမနေချင်ဘူး။ အဲ့ဒီအစွဲက သားဖြစ်သူ တနေ့သူ့ဆီ ပြန်လာမယ်ချည်း စိတ်ထဲစွဲနေတယ်။ 


ပုံမှန်ဆိုရင်တော့ Elishva  တစ်ယောက် Melbourne မှာရှိတဲ့ သမီးတွေ မြေးတွေနဲ့ ဆက်သွယ်ဖို့ Church ကျောင်းမှာ ရှိတဲ့ ရိုးရိုးဖုန်းလိုင်းနဲ့ပဲ အမြဲဆက်သွယ်နေကြ။


အမေရိကန်တပ်တွေ ဘက်ဂ္ဂဒက်ကို ဝင်ရောက်လာတဲ့အချိန်မှာ ပုံမှန်တယ်လီဖုန်းလိုင်းတွေကို ဖျက်ဆီးပစ် လိုက်ကြတယ်။


မူဆလင် ရော ခရစ်ရှန် ပါ နိုင်ငံခြားက  ဆွေမျိုးသားချင်းတွေနဲ့ ဆက်သွယ်နိုင်ဖို့ ဂျပန်ကလှုဒါန်းထားတဲ့  ဂြိုလ်တုဖုန်းနဲ့ Church ကျောင်းမှာ ဖုန်းလာပြောကြတယ်။


ဘဂ္ဂဒက်မှာ မတည်ငြိမ်တဲ့ကာလ ၊ဗုံးပေါက်ကွဲမှူ့တွေ ဆက်တိုက်ဖြစ်နေတော့ Melbourne မှာရှိတဲ့ Elishva ရဲ့ သမီးနှစ်ယောက်က အမေဖြစ်သူကို စိတ်မချဘူး။ အပတ်တိုင်း အဆင်ပြေလား သိရဖို့ ဖုန်းခေါ်ရတယ်။ 


အိပ်ခန်း ၇ခန်းနဲ့ Nabuဆိုတဲ့ ကြောင်အို တကောင် ပဲနေတဲ့ Elishvaရဲ့ အိမ်အကျယ်ကြီးကို လိုချင်နေတဲ့ Faraji ဆိုတဲ့ အိမ်ပွဲစားလည်းရှိတယ်။  Faraji တွေးတာက ဒီအိမ်ကိုရောင်းပြီး လေဝင်‌ လေထွက်ကောင်းတဲ့ အိမ်သေးသေးမှာပြောင်းနေရင်  Elishva နေရမယ့် အချိန်တွေ အတွက်   á€„ွ္တ္ဏင် ပိုထွက်လာဦးမယ်ပေါ့ ။


Hadi သီထားတဲ့ Dead Body ထဲကို ဝင်နေတဲ့ Soul တခုဟာ Elishva ရဲ့ အိမ်ကိုလည်း ညဘက်ကြီးရောက်သွားတယ်။  Elishvaအဘွားကြီးကတော့ အစပိုင်းမှာ သူ့သား Daniel သူ့ဆီပြန်လာတယ်ဆိုပြီး ချက်ပြုတ်ကျွေးမွေးနေလိုက်သေးတယ် ။ 



"Whatsitname " ဟာ ပေါက်ကွဲမှု့ကြောင့် ဖြစ်ရတဲ့ victim တွေကိုယ်စား လက်စားချေဖို့ လုပ်လာတယ်။


အဲ့ဒီနောက် မြို့ထဲက တံတားမှာ လူသတ်မှု့တွေ ဆက်တိုက်ဖြစ်လာတဲ့အခါမှာ ....


ဘာတွေ ဆက်ဖြစ်မလဲ......


.

.

.

.

.


ဒီလို မတည်မငြိမ် ကာလ မှာ အရေးကြီးပုဂ္ဂိုလ်တွေ၊ ဗုံးခွဲတိုက်ခိုက်မှု့တွေ၊တခြားလုပ်ကြံမှု့တွေကို ကိုင်တွယ်ဖို့ ပြည်သူတွေ မသိစေပဲ ဖွဲ့ထားတဲ့ အမေရိကန်‌တွေရဲ့ စီမံခန့်ခွဲမှု့အောက်မှာရှိတဲ့ Tracking and Pursuit Department ဆိုတာလည်းရှိတယ်။ 


အဲ့ဌာနက အရေးပါတဲ့ အကောင်ကြီးကြီးတွေနဲ့ရော၊ လက်ရှိ အစိုးရအဖွဲ့က အကောင်တွေနဲ့ရော ၊ တခြားနိုင်ငံရေးအဖွဲ့အစည်းကသူတွေနဲ့ သာမက အမေရိကန် တပ်ကလူတွေနဲ့ လည်း ဝင်ရောလိုက်၊ အားလုံးနဲ့ ပနံသင့်သလိုနဲ့  နောက်ဆုံးမှာ American Aids တွေကို millions နဲ့ချီပြီး ကိုယ်ကျိုးအတွက် အမြတ်ထုတ်သွားတဲ့ (S.....) လို လူမျိုးလည်း ရှိတယ်။


ကိုယ်တွေဆီမှာလည်း နောက်ပိုင်းကာလတွေမှာ ဒီလိုလူမျိုးတွေ  ရှိလာနိုင်တာပဲ ။ 😆

 


ဒီထဲမှာ(S....)  ‌ဆိုတဲ့  နိုင်ငံရေးသမားတစ်ယောက်နဲ့ 

ဘုမသိ ဘမသိ မလည်မဝယ် ( S.....)အသုံး ချတာခံရတဲ့ (M....) ဆိုတဲ့ သတင်းသမားတစ်ယောက်ရှိတယ် ။ 


(S....) သူဟာနောက်ဆုံးမှာတောင် (M....) ကို အီမေးလ်

နဲ့  အခါတော်ပေး၊ရှေ့ဖြစ်ဟော ဆရာတစ်ယောက်က 

(M....)ဟာ နောက် ၁၅နှစ်အတွင်းမှာဝန်ကြီးချုပ်ဖြစ်မှာ၊ဒါပေမယ့် S က M ကို  လမ်းမှန်တည့်ပေးဖို့လို‌တယ်ဘာညာပေါ့ ။  အီရတ်နိုင်ငံသစ်မှာ S နဲ့ M အတူ လက်တွဲပြီး  ဆက်လုပ်လို့ရတယ်ဆိုပြီး နှာနပ်ပြီး အပျော့ဆွဲခဲ့ချင်သေးတာ။  


သူတို့ဆီမှာလည်း ကြိုတင်ဟောကိန်းထုတ်တဲ့ ရှေ့ဖြစ်ဟောဆရာတွေ၊အခါတော်ပေးဆိုတာ အဖွဲ့လိုက် ရှိတယ်။


ဇာတ်ကြောင်းတွေကတော့ ဒီထက်ပိုပြီး အများကြီး ထပ်မပြောတော့ဘူး။ တခြား character တွေထည့်မပြောတော့ဘူး ။ ဒီလောက်ပဲ ။ 


ဒီစာအုပ်ဟာ Frankenstein character ကို ဦးစားပေးတာတော့ မဟုတ်ဘူး။  အဲ့မတည်ငြိမ်တဲ့ ကာလ၊အာဏာပိုင် အဖွဲ့ အစည်းတွေရဲ့  ပါဝါအသုံးချမှု့တွေ၊  အဲ့ကာလ ဖြတ်သန်းတဲ့ နိုင်ငံရေးထဲပါဝင်ပတ်သတ်တဲ့  လူတစု ရယ် ၊ အဲ့ကာလ မှာ ဗုံးခွဲတိုက်ခိုက်ခံရတဲ့ ပြည်သူတချို့

ရဲ့  အဖြစ်အပျက် အကြောင်း ပိုများပါတယ်။ 


တချို့နေရာတွေမှာ မလိုအပ်တဲ့  ဇာတ်ပို့ ဇာတ်ကောင်တွေအများကြီး ထည့်ပြီး ဇာတ်ရှည်‌အောင် လုပ် ထားတဲ့ အခန်းတွေလည်း ပါတယ် လို့ ခံစားရတယ်။


Jonathan Wright က မူရင်း Arabicကနေ Englishကို ဘာသာပြန်ထားတာဆိုတော့ မူရင်း Arabic စာအုပ်ကပဲ အရေးအသားထောင့်လို့လား  မသိ၊  ဒီ အင်္ဂလိပ်ဘာသာပြန်မှာ ဖတ်ရတာ ချောချောမွေ့မွေ့ မရှိဘူးလို့ ခံစားရတယ်။


ဒီစာအုပ်ထဲမှာ  Character များတယ် ၊ Arabic နာမည်တွေ များတဲ့အတွက် မြန်မာ ဘာသာပြန် ထွက်တဲ့အချိန်ကျမှ ပြေပြေပြစ်ပြစ် အရသာရှိရှိ တဖြောင့်တည်း ဖတ်ရမယ်ဆိုရင်တော့  ပုံမှန်စာဖတ်သူအတွက် ပိုကောင်းမယ်လို့ ထင်တယ်။ 


ဒီစာအုပ်ထဲမှာပါတဲ့ သဘာကျမိတဲ့ စာကြောင်းတချို့..


🚩" Money  was the key to everything ; it was the magic lamp in this life. "


🚩" The American army is unable or unwilling to stop the violence, so at least a balance or an equivalence of violence has to be created. Without it, there won't be a successful political process. "


🚩"There are no innocents who are completely innocent or criminals who are completely criminal."


Frankenstein in Baghdad by Ahmed Saadawi

Book Review by Hnin Yi Pwint 

Jan 6. 2022

Squid_Game နဲ့ #Vibe ဆင်တဲ့ Stephen King ရဲ့ စာအုပ် ‌၂အုပ် ။

 á€Ąá€›á€„á€şá€œá€€ နာမည်ကြီးခဲ့တဲ့ ကိုရီးယား #Squid_Game နဲ့ #Vibe ဆင်တဲ့ ( ဦးကင်း )Stephen King ရဲ့ စာအုပ် ‌၂အုပ် ။ 



သတ်ခံရတာတွေက  က #The_Long_Walk နဲ့ ဇာတ်လမ်း ပိုဆင်တယ်။ 


ဂိမ်းတွေ ပါတာက Richard Bachman အနေနဲ့ပဲ ရေးခဲ့တဲ့  The Running Man ..(ကိုရီးယား ဂိမ်းတော့ မဟုတ်ဖူးပေါ့ 😁 )



The Long Walk မှာက ဒီကစားနည်းထဲမှာ လူငယ်  

အယောက် ၁၀၀ လမ်းလျှောက်ရတာ။ သတ်မှတ်ချက်ပြည့်အောင် မလျှောက်နိုင်ရင်  bang ..bang...bang !!!!  သတ်ခံရမယ်။

 

ကစားသမား လမ်းလျှောက် လူငယ်တစ်ယောက်စီရဲ့

Character ကို ရေးတဲ့နေရာမှာတော့ ဦးကင်း က 

ဆရာ့.. ဆရာကြီး ။


"The Long Walk " ရဲ့ ထူးခြားချက်က  Stephen King လို့ ဖြစ်မလာခင် Richard Bachman  ဆိုတဲ့ "Pseudonym" အနေနဲ့ ပထမဆုံး စရေးခဲ့တဲ့ လက်ရာ ။


"The Long Walk" ကို 1967 ဝန်းကျင်မှာ ပထမဆုံး စရေးခဲ့ပေမယ့်  စာအုပ်အနေနဲ့  ပထမဆုံး 1974မှာ ထွက်လာတာက "Carrie "။  


"The Long Walk" က 1978 ကျမှ စာအုပ်အနေနဲ့ ထွက်လာတာ ။


စာအုပ်ကို အရင်က ဖတ်ဖူးတယ် ။ ကြာပြီ။ ဦးကင်းရဲ့ constant reader တွေဆို သိကြတယ်။


AudioBook ကတော့ အခုမှ ရလို့  နားထောင်မလို့။ 😁


စာအုပ်အကြောင်း အသေးစိပ် ရဗြူး ကတော့ မရေးနိုင်သေးဘူး။ အလုပ်မအားလို့  ။ 😁 အားမှ တန်းစီရေးမယ်။


Book Trailer

https://youtu.be/t29nlkm--Es


အခုတော့  အလုပ်ပြန်လုပ် လိုက်ပါဦးမယ် ။ 


သီတင်းကျွတ်မှာ သူငယ်ချင်းအားလုံး ကိုယ်စိတ်နှလုံးကျန်းမာအေးချမ်းကြပါစေ ။🙏🏻🙏🏻

Pearl by Josh Malerman

 Pearl by Josh Malerman

On This The Day of The Pig

🐷🐷🐷🐷🐷🐷🐷


🐷 Bird Box ,Malorie တို့ရေးတဲ့ စာရေးဆရာ 

Josh Malerman ရဲ့ စာအုပ် အသစ် ။ စထွက်ခါစက

"On This The Day of The Pig" ဆိုတဲ့ နာမည်နဲ့ ထွက်ဖူးတယ် ။ 


🐷ပထမ cover က ပိုပြီးပေါ်လွင်တယ်။  နောက်တော့ Pearl လို့ နာမည်ပြောင်းပြီး cover ပါ အဖြူနဲ့ ပြောင်းလိုက်တယ် ။



🐷Walter Kopple's farm က ထူး‌ဆန်းတဲ့ Pearl ဆိုတဲ့ ဝက် တကောင်အကြောင်း။ 


🐷ဝက် ဆိုပြီး လျှော့တွက်ရင်တော့ မှားမယ်။ Charlotte's Web ထဲ Wilbur လို " ခရုတီ ဝက်ကလေး" တော့ မဟုတ်ဘူး။ 


🐷 စိတ်ညှို့တက် ၊ လူကို စိတ်ဖောက်အောင် လုပ်ပြီး အချင်းချင်း သတ်ခိုင်းနိုင်တဲ့ မကောင်းဆိုးဝါး ဝက် Pearl  


🐷စာအုပ်ဖတ်ရင်တော့ ဘာကြီးပါလိမ့်ဆိုပြီး 

အူကြောင် ကြောင်နိုင်လိမ့်မယ်။ 



🐷Audiobook က ဝက်အသံ ကတော့ နည်းနည်း Creepy ဖြစ်တယ်။ 


🐷🎵🎶 Sing For Me 🎶 Sing for your precious Pearl 🎵🎶  ဆိုတဲ့ ဆိုက်ကို မကောင်းဆိုးဝါး

ဝက်အသံနဲ့ ...😱


🐷 ဒီစာအုပ်အကြောင်းက ပြောစရာ ရေရေရာရာ သိပ် 

မရှိဘူး။ လူ့လောကအကြောင်း ပိုသိချင်နေတဲ့မကောင်းဆိုးဝါး ဝက် ။ 


🐷"Pearl "သူ့ကို သတ်ဖို့ကြိုးစားပေမယ့် သတ်လို့ မရဘူး။ လူတချို့  စိတ် အညှို့ခံရမယ်။ စိတ်ဖောက်အောင် လုပ်မယ် ။ ဝက်ရဲ့ ညစ်ညမ်းတဲ့အတွေးတချို့တောင် ပါသေးတယ် ။ 😆


🐷မယုံလို့ ဝက်ခြံကို သွားစူးစမ်းပြီး အညှို့ခံရ၊ အကြောင်း သိသွားတဲ့သူတွေကတော့  Pearl ကို ကြောက် ကုန်မယ်။ 


🐷အကြောင်းမသိတဲ့သူတွေကတော့ စိတ်ညှို့ပြီး လူသတ်နိုင်တဲ့ ဝက် (Pearl) ဆိုတာကို မယုံကြဘူးပေါ့။


🐷Josh Malerman ရဲ့အတွေး ဟာ ထူးဆန်းတယ်။

အခုစာအုပ်ဟာလည်း မတူတဲ့အမြင် နဲ့ ရေးထားတဲ့ စာအုပ် ။  

 

🐷Pearl by Josh Malerman

On This The Day of The Pig

⭐⭐⭐ 3 Star

#Audiobook_Review by Hnin Yi Pwint 

Nov 17.2021


E Book 📕📓

https://t.me/mobi_epub_ebook_and_Movie/1745?single

I'm Thinking of Ending Things by Iain Reid

 I'm Thinking of Ending Things by Iain Reid

⭐⭐⭐⭐ 4 star for me


..................... ဇာတ်လမ်း အကျဉ်း .......….............


Jake ဟာ သူ့ ရည်းစား ကောင်မလေး  ( နာမည်မပါ )ကို လယ်တောတွေရှိပြီး  နည်းနည်းခေါင်တဲ့  Jake ရဲ့ မိဘတွေရှိရာ ဒေသ ဆီ အလည်ခေါ်သွားတာက စတယ် ။ 

🌳

ဒီစာအုပ်မှာ girlfriend view ကနေ ရေးထားတယ်။ 

အဲ့ကောင်မလေးက လမ်းခရီးမှာကတည်းက Jakeနဲ့ လမ်းခွဲ ဖို့ စဉ်းစားနေတယ်။



🌳

စာအုပ်ထဲမှာJakeက Handsome၊ အလုပ်အကိုင်ကောင်း၊ ပညာလည်း တက်၊  ကောင်မလေးက သူ့ဘက်ကပြသာနာရှိလို့သာ Jakeနဲ့ လမ်းခွဲဖို့စဉ်းစားတာ ။ 

Jake အမှား တခုမှမရှိဘူး။ 

🌳

အဲ့လိုနဲ့ နှင်းထူထပ်တဲ့ နေရာတွေကို ကျော်ဖြတ်ရင်း ခြောက်ခြားစရာ၊ အူတိအူကြောင် နိုင်လှတဲ့ Jake မိဘတွေ ရှိရာ နေရာကိုရောက်တယ်။ 

🌳

သူတို့နဲ့ စကားပြောတယ်။ ပန်းချီကားတွေ၊ အသုံးမပြုတာကြာပြီဆိုတဲ့  မြေအောက်ခန်း၊ နားမကောင်းဘူးဆိုတဲ့ အူတိအူကြောင်၊ ကြောင်တောင်တောင် Jake ရဲ့  အမေ ၊  အကို သူတို့နဲ့ ညစာ စားတယ်၊ စကားပြောကြတယ်။ 

🌳

တခုခု တော့  မှားယွင်းနေတယ်။


Jake မိဘအိမ်မှာ ချိတ်ထားတဲ့ ဓာတ်ပုံတွေကို ‌ကြည့်တယ်။ ဒါဘယ်သူလဲ... ဒါကဘယ်သူ...လိုက်မေးတယ်။ 

🌳

အဲ့ကတည်းက girlfriend က Jake ငယ်စဉ်ဘဝပုံတွေကို ကြည့်ရင်း ဒီပုံက ဘယ်သူ့ပုံလဲဆိုတော့Jake က သူ့ပုံလေ တဲ့ ။ 

🌳

Grilfriend ကတော့ အဲ့ပုံကို ကြည့်ရင်းအဲ့ ပုံက Jake နဲ့

မတူပါဘူး၊ သူ့နဲ့ ပိုတူတာပါတဲ့။

(အဲ့ကတည်းက စာရေးဆရာက Clue ပေးထားတယ်။ )

🌳

စာအုပ်စဖတ်တုန်းက ငါ..ဘာတွေ ဖတ်နေရပါလိမ့် တွေးနေတုန်း Jake တို့ ဒေသကိုရောက်တော့ creepy ဖြစ်စရာတွေ ကြုံလာတော့တာပဲ။


လမ်းခုလတ် Diary Queen ဆိုင်က စားပွဲထိုးနှစ်ယောက်၊သူတို့ထဲက တစ်ယောက်ရဲ့ သတိပေးချက်၊ စွန့်ပြစ်ထားတာကြာပြီ ဖြစ်တဲ့ ကျောင်း ၊ အဲ့ထဲက အရပ်ရှည်ရှည်နဲ့ hunting လုပ်နေတဲ့သူ.... 

🌳

အဲ့ကျောင်း ထဲက ပြန်ထွက်ဖို့ ၊လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ Jake ရဲ့girlfriend..တိတ်ဆိတ်နေတဲ့ ကျောင်းထဲမှာ ခြောက်ခြားစရာ တောက်လျှောက်ဖွင့် နေတဲ့ သီချင်း..


အဲဒီ့နောက်........ဘာတွေ ဆက်ဖြစ်မလဲ...

🌳

.........................................................................



Jake အိမ်ကို ရောက်တဲ့အချိန်ကစပြီး အရေးအသားက ပထမပိုင်းထက် နည်းနည်း creepy ဖြစ်လာတယ်။

🌳

စာအုပ်ထက် AudioBook နားထောင်ရင် နောက်ပိုင်းမှာ ယောကျာ်းသံ၊ မိန်းမသံ၊ အသံ ပြောင်းလဲချက် ပို သိသာသလို ၊ ပိုပြီး creepy ဖြစ်တယ်။

🌳

နောက်ဆုံး အခန်းကိုရောက်ခါနီးကျ၊ Narrator ရဲ့ မိန်းမ အသံကနေ ယောကျာ်း အသံပြောင်းသွားတဲ့အချိန်က မိုက်တယ်။

🌳

ဒီစာအုပ်ဟာ Good Readsမှာ rating  နည်းတယ်။ 

ဖတ်တဲ့သူအများစုဟာ ဒီစာအုပ်ကို ပုံမှန်  

Psychological Thriller တွေလို ထင်လို့ ဖတ်ကြပြီး ဇာတ်လမ်း ဆိုလိုချက်ကို သေချာမသိလို့ စိတ်တိုင်းမကျကြတာ ဖြစ်မယ်။ 

🌳

Netflix movie လည်းထွက်ထားပြီး၊ စာအုပ်နဲ့ တော်တော် ကွာခြားချက်ရှိတယ် ။ ဇာတ်သိမ်းလည်း ကွာတယ်။ 

🌳

စာအုပ်ဇာတ်သိမ်း မှာ Jake သနားဖို့ကောင်းတယ်။

🌳

ဒီစာအုပ်ကို Audiobook နားထောင်နေတုန်းက ဘာတွေ နားထာင်နေရပါလိမ့်ဆိုပြီး  3star ပဲ ပေးဖို့စဉ်းစားခဲ့သေးတယ်။  

🌳

အစပိုင်းအခန်းတွေ မှာ ဘာတွေ မှန်း မသိ  အီခဲ့ပေမယ့် ၊ Jake အိမ်ကို ရောက်တဲ့ အချိန်ကစပြီး ဇာတ်သိမ်းထိ နောက်ပိုင်းအခန်းတွေ ကြိုက်မိတယ်။ 


🛑Spoiler Ahead 🛑


⛔


⛔


⛔


⛔Spoiler Alert ! ⛔


စာအုပ်နာမည် I'm Thinking of Ending Things ဆိုတာ...

🌳

ဇာတ်လမ်း အစမှာ စာရေးဆရာက girlfriend နေရာကနေ girlfriend က Jake  နဲ့  relationship  အဆုံးသတ်ချင်တဲ့သဘော ရေးထားပေမယ့်... 

🌳


တကယ် ဇာတ်သိမ်း I'm Thinking of Ending Things က Old man Jake ဟာ Schizophrenia ခံစားနေရတဲ့အတွက် သူ့ကိုယ်သူအဆုံးစီရင်ဖို့ တွေးနေတာပါ။

တကယ်လည်းစာအုပ်နောက်ဆုံးခန်းမှာ စီရင်သွားပါတယ်။ Jake ဟာ သနားဖို့ကောင်းတယ်။


🌳

Spoiler Keywords : 

Jake : a man suffering with a serious mental illness

a very sick man playing in his own head.

🌳

#Schizophrenia  အဓိပ္ပာယ်ကို သိရင် စာအုပ်ကို နားလည်ပါပြီ။

🌳

ပုံမှန်နဲ့မတူတဲ့ အတွေးအခေါ်ရှု့ထောင့်ကနေ ရေးထားတဲ့ စာအုပ်လေး တစ်အုပ်ပါ ။

🌳

E-book link 📙📕

 https://t.me/mobi_epub_ebook_and_Movie/1679?single


#Audiobook_Review_by Hnin Yi Pwint 


September 21.2021

We Have Always Lived In The Castle by Shirley Jackson

 We Have Always Lived In The Castle by 

Shirley Jackson


🖤ဒီစာအုပ်ဟာ  Shirley Jackson မဆုံးခင် နောက်ဆုံးထွက်ခဲ့တဲ့စာအုပ်လို့ပြောကြတယ် ။ စာအုပ်အနေနဲ့ဆို 

ပါးတယ်။ ebook အနေနဲ့ဆိုလည်း စာမျက်နှာ သိပ်မများဘူး။ Audiobook နဲ့ဆို 6 hr ပဲ နားထောင်ရမယ်။ စာအရေးအသားလည်း ဖတ်ရ လွယ်တယ်။


🖤တခုပဲ စာအုပ်က  တခြားစာအုပ်တွေနဲ့ မတူဘူး။


        ✍️✍️✍️ဇာတ်လမ်းအကျဉ်း....✍️✍️✍️


🖤လွန်ခဲ့တဲ့ ၆နှစ်ခန့် က  Blackwood family ရဲ့ ညစာစားမယ့် အစားအသောက်ထဲ မှာ လူတစ်ယောက်က အဆိပ်ခပ်လိုက်လို့  အစာအဆိပ်သင့်ပြီး မိသားစုဝင်တချို့ သေဆုံးသွားခဲ့ကြတယ်။ 



🖤 မိသားစုထဲမှာ မသေပဲ ကျန်ခဲ့တာဆိုလို့၂၈ နှစ်အရွယ် Constance ၊၁၈ နှစ်အရွယ် Mary Katherine နဲ့ Uncle Julian ပဲ ကျန်ခဲ့တော့တယ်။ 


🖤Uncle Julianက ဝှီးချဲနဲ့သွားနေရတဲ့သူ။  စိတ်ပိုင်းဆိုင်ရာ နည်းနည်း ချို့တဲ့သွားတယ်။ Mary Katherineကို လည်း သေသွားတာကြာပြီလို့ အမြဲပြောတဲ့သူ ။ သူက အမြဲစာ‌တွေရေးတယ်။ သူ့အကို... Mary Katherineရဲ့ အဖေ ၊မကောင်းတဲ့သူ အကြောင်းကိုလည်း ပြောပြတယ်။


🖤MaryKatherine တို့မိသားစုက ချမ်းသာကြွယ်ဝကြတယ်။ Mary Katherine တို့အဖေရှိကတည်းက သူတို့အိမ်ဘေးကနေ ဖြတ်သွားလို့ရတဲ့ ဖြတ်လမ်း လမ်းကြားထဲကို  ပတ်ဝန်းကျင်ကလူတွေ ဖြတ်တာလည်း မကြိုက်ဘူး ။ အဲ့လမ်းကြားကို တံခါးလုပ်ပြီး လုံခြုံအောင် သော့ခတ်လိုက်တယ်။  


🖤အနား ပတ်ဝန်းကျင်က လူတွေကတွေကလည်း သူတို့ကို မကြိုက်ကြဘူး။ မိသားစုလိုက် အဆိပ်သင့်ပြီး ဆုံးသွားပြန်တော့လည်း ကျန်ခဲ့တဲ့ ညီအမနှစ်ယောက်ဟာ မိသားစုကို အဆိပ်ခပ်သတ်တဲ့လူလို့ စွပ်စွဲလှောင်ပြောင်ခံကြရတယ်။ 


🖤သူတို့ အိမ်နားကိုလည်း ဘယ်သူမှ မလာရဲကြဘူး။ သူတို့အိမ်မှာ တနင်္ဂ‌‌နွေနေ့တိုင်းTea လာသောက်ပြီး Uncle Julian နဲ့   á€…á€€á€Źá€¸á€•á€źá€ąá€Źá€á€Źá€†á€­á€Żá€œá€­á€Żá€ˇ Helen Clarke နဲ့ Mr.Wright တို့ပဲရှိတယ်။


🖤Mary Katherine က ၁၈ နှစ်ဆိုပေမယ့် သူ့အတွေးအခေါ်က ကလေးတစ်ယောက်လို စိတ်ကူးယဉ်ဆန်နေတဲ့အတွေးတွေ ဖတ်ရမယ်။


🖤သူ့အမ  Constance တခြားသူ လက်ထဲရောက်မှာကို အဖြစ်မခံနိုင် ၊အပျောက်မခံနိုင်၊ ပတ်ဝန်းကျင် နဲ့ မထိတွေ့လိုပဲ  ညီ အမနှစ်ယောက်ထဲပဲ ပျော်ရွှင် နေချင်တဲ့  သဝန်တို လောဘကိုလည်း တွေ့ရမယ်။  မကောင်းတဲ့ 

လူတွေရဲ့ ရန်ကလွတ်အောင် သူ့တို့ညီအမ အချင်းချင်း ဖေးမကြတာကိုလည်း တွေ့ရမယ် ။


🖤အဲ့ဒီနောက် အကိုဝမ်းကွဲ Charles ရောက်လာတဲ့အချိန်မှာတော့ အိမ်ကြီးမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်လာတယ်။ Mary Katherine တို့အဖေရဲ့ အခန်းမှာ Charles လာနေတယ်။ သူ့အဖေရဲ့ အဝတ်တွေကို ဝတ်တယ်။ သူ့အဖေရဲ့ အသုံးအဆောင်တွေကိုသုံးတယ်။ Mary Katherine ဟာ Charles ကိုလုံးဝမကြိုက်ဘူး။


🖤နောက်..သူတို့အိမ်မီးလောင်တယ်။ မီးလောင်‌နေတဲ့အချိန် အနားပတ်ဝန်းကျင်က လူတွေ လာကြည့်ပြီး ဝိုင်းလှောင်ကြတယ်၊ အကုန်လောင်စေချင်ကြတယ်။ 

မီးသတ်ကားလာတော့ တချို့နေရာပဲလောင်ပြီး မီးငြိမ်းသွားတယ်။


🖤(ဒီ အခန်းမှာ မီးလောင်နေတဲ့အချိန် အိမ်မီးလောင်တာကိုကြည့်နေတဲ့ လူတွေနဲ့ ဝေးရာ ၊အိမ်ရဲ့ မလှမ်းမကမ်းက တောအုပ်လေးထဲမှာ ပြေးပြီး သွားရှောင်နေကြတဲ့ ညီအမ နှစ်ယောက် သနားဖို့ကောင်းတယ်။ )


🖤 မီးလောင်ပြီးတဲ့နောက် Uncle  Julian ဆုံးသွားတယ်။

 á€™á€­á€žá€Źá€¸á€…ု ဆရာဝန်ရော မိတ်ဆွေတချို့ကရော သူတို့ညီအမကို သနားလို့   á€žá€°á€á€­á€Żá€ˇá€Ąá€­á€™á€şá€á€˝á€ąá€™á€žá€Ź ညီအမနှစ်ယောက်ကို လာနေစေချင်ကြတယ်။


🖤 ညီအမနှစ်ယောက်ကလည်း ပတ်ဝန်းကျင်ကို ကြောက်၊ မယုံ၊ ပတ်ဝန်းကျင်ကလည်း သူတို့ကို ကြောက်

သူတို့ညီမ‌တွေ နေတဲ့ အိမ်ကြီးအနား မလာရဲ။


🖤အထီးကျန် လောကကြီးထဲက ညီ အမနှစ်ယောက်လို့ပြောရမလား ။


🖤နောက်ပိုင်း...မိသားစုပိုင်ဆိုင်မှု့တွေကို Charles က ဘယ်လို အုပ်စိုးလာမလဲ။


🖤Blackwoodမိသားစု ထမင်းဝိုင်းမှာ အဆိပ်ခပ်လိုက်တာကရော ဘယ်သူဖြစ်မလဲ။


🖤 မီး‌လောင်ပြီးတဲ့နောက် အနားပတ်ဝန်းကျင်က လူတွေနဲ့ရော သူတို့ ညီအမ သဟဇာတဖြစ်ပြီး အဆင်ပြေသွားကြမလား။


🖤 ဒါပဲ ..စာအုပ်က ဘယ်သူလုပ်တာလဲ မှန်းရနေတဲ့အတွက် တခြား ဘာမှ သိပ်ပြောစရာ မရှိဘူး။


🖤အတက်အကျမရှိပဲ ဇာတ်က  တဖြောင့်တည်း သွားနေတာ ။ အင်း....ပြီးသွားတော့လာည်း ဇာတ်က ဘာမှမဟုတ်ပဲ flat... Unusual Story.


🖤သေချာတာက ဒီစာအုပ်က ကိုယ်ကြိုက်တဲ့စာအုပ်မဟုတ်ဘူး။ 


🖤Movieလည်း ထွက်ထားတယ်။

 

🎬Movie Trailer Link

https://youtu.be/NQg-nUoMCBo


📓📕 E-book link

https://t.me/mobi_epub_ebook_and_Movie/1669?single


We Always Lived In The Castle by Shirley Jackson

#Audiobook_Review by Hnin Yi Pwint 

September 10.2021

Made In Korea by Sarah Suk

 đŸ“•Made In Korea by Sarah Suk

💄YA Romance


💄 🌸🌼ဒီတခါကတော့ ကျောင်းတဖက်နဲ့ တပိုင်တနိုင် cosmetics ရောင်းရင်း အပို စရိတ်ရှာနေသူတွေ ဖတ်သင့်တဲ့ YA ,Romance, Comedy စာအုပ်လေး ။


ဒီစာအုပ် ထဲမှာ High School senior year ရောက်နေတဲ့ ကိုရီးယား၊အမေရိကန် ကပြား ကောင်လေး နဲ့ ကောင်မလေး  နှစ်ယောက်။



Valerie Kwon ဆိုတဲ့ကျောင်းသူဟာ ဈေးရောင်း တကယ် ကျွမ်းတဲ့သူ ၊ မောင်နှမဝမ်းကွဲ Charlie နဲ့ ကျောင်းက

lockerလေးထဲမှာ  V&C K-BEAUTY  cosmetics ထည့် ရောင်းရင်း စပ်တူ အလုပ်လုပ်နေကြတာ ။

 

သူတို့ရဲ့ V & C K-BEAUTY ကရောင်းတဲ့  K beauty ပစ္စည်းတွေဟာလည်း  ရောင်းသမျှ ကျောင်း မှာ ဝက်ဝက်ကွဲ ရောင်းထွက်၊ ရောင်းသွက်နေတဲ့ ပစ္စည်းတွေ ။


ဒီထဲမှာ "အာရှ "မိဘတွေရဲ့ထုံးစံအတိုင်း  မိဘဖြစ်စေချင် တာ နဲ့ သားသမီးဖြစ်ချင်တာမကိုက်ညီ၊  အစေးမကပ်ကြ တာကိုလည်း တွေ့ရမယ် ။



Valerie ရဲ့ အဖေဖြစ်သူဟာလည်း Valerie ထက် သူ့ သမီးအကြီး ကို ပိုပြီး ထောက်ပံ့‌ပေးတယ်။ အမေဖြစ်သူ ကလည်း Valerie ကို သူ့အမနဲ့ ခဏခဏ နှိုင်းယှဉ်ပြီး ပြောတက်သူမို့ Valerie ဟာ သူ့အမေနဲ့ ဆက်ဆံရေး သိပ်ပြီး မပြေလည် ။ 


အဲ့တော့Valerie ဟာ  ကျောင်းမှာ cosmetics တွေရောင်း ၊ အပိုဝင်ငွေရှာ ရင်း အဘွားဖြစ်သူ နဲ့ ပြင်သစ်ကို ခရီးထွက်ချင်လို့ ပိုက်ဆံစုနေတယ် ။ 


Valerie သူဟာ တခုခုမှာ အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတာလည်း သူ့အမေ ကို ပြချင်တယ်။ 


တနေ့တော့ ‌ကျောင်းမှာ Valerie ရဲ့ အောင်မြင် 

ရောင်း အားကောင်း နေတဲ့K Pop beauty products ဖောက်သည်တွေကို လုယူသွားမယ့် ကျောင်းသားအသစ်

တစ်ယောက် သူတို့ကျောင်းကို ပြောင်းလာတယ်။



သူ့နာမည်က Wes Jung ဆိုတဲ့ ကျောင်းသားလေး ။

High School ပြီးတဲ့အချိန်မှာ music ကျောင်း တက်ချင်ပေမယ့် Wes Jung ရဲ့ မိဘတွေက ခါးခါးသီးသီး သဘောမတူဘူး ။  


ကျောင်းက သူ့သားရဲ့ သူငယ်ချင်း‌အသစ်တွေကို လက်ဆောင် ပေးဖို့ ၊သူ့အမေဟာ သူရတဲ့ K beauty cosmetics sample တွေကို သား ဖြစ်သူကို ပေးလိုက် တယ် ။


Wes Jung ဟာ saxophone လည်း တီးတယ် ။ အဲ့တော့ Wes Jung တစ်ယောက် 🎷 saxophone ဝယ်ဖို့ ၊ Music School Tuition Fees ရဖို့ အကြံအဖန်လုပ်တော့တယ်။ 

music school tuition fees ရဖို့အတွက် လက်ဆောင် မပေးပဲ အဲ့ပစ္စည်းတွေကို ကျောင်းမှာရောင်းတော့တယ် ။


Asian မိဘတွေ ဖြစ်တဲ့အတွက်  Valerie မိဘရော၊  Wes Jung မိဘပါ သားသမီးအပေါ် မျှော်လင့်ချက်ကြီးတယ် ။ Wes Jung ဆို သူ့မိဘက  ဆေး‌ကျောင်းတက်၊ ဆရာဝန် ဖြစ်စေချင်တယ်။


Valerie  နဲ့  Wes Jung  တို့ နှစ်ယောက်စလုံးဟာ မိဘ ဖြစ်စေ ချင်တာနဲ့ သူတို့ဖြစ်ချင်တဲ့ ဝါသနာနဲ့ ထပ်တူမကျ လို့ မိဘနဲ့ သားသမီး  သိပ် အစေးမကပ် ကြဘူး ။


Valerie  နဲ့  Wes Jung  တို့နှစ်ယောက်စလုံးဟာ ကျောင်း မှာ အပြိုင်အဆိုင် ကျောင်းသား ဈေးကွက်လုကျ ၊ ရောင်းကျရင်း  Valerie ဟာ  Wes Jung အပေါ် အမြင်ကပ်လာခဲ့တယ် ။


Valerie တစ်ယောက် Wes Jung ကို အယူအဆမှားတွေနဲ့  ပြိုင်ရင်းဆိုင်ရင်း  နောက်ပိုင်းမှာ တစ်ယောက် ဖြစ်ချင်တာကို တစ်ယောက် နားလည်၊ သိသွားကြပြီး နှစ်ယောက် အဆင်ပြေ သွားကြမလား ဆိုတာ.....


ဇာတ်လမ်းလေးက senior high school YA  ဇာတ်လမ်း လေးဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါးပါးလေးနဲ့ ချစ်စရာ ကောင်းတယ် ။

 

#Made_In_Korea by Sarah Suk

#AudioBook_Review by Bookish In Fiction Land 

29 April 2022

Five_Feet_Apart

 #Five_Feet_Apart ⭐⭐2star

2018ကုန်ခါနီးမှာ စာအုပ်ထွက်ပြီး 2019 မှာ movie ထွက်ထားတဲ့ ဒီ စာအုပ်နဲ့ ဇာတ်ကားဟာ နာမည်ကြီးပေမယ့် ကိုယ့်အကြိုက်မဟုတ်ခဲ့ဘူး။


တချိူ့စာအုပ်‌တွေ ဖတ်ကြည့်တဲ့အခါ မကြိုက်ပေမယ့် စာအုပ်ဖိုးနှမြောလို့ ဖတ်လိုက်ရတဲ့ အခိုက်တန့်တွေရှိတယ်။


ဒီစာအုပ်က Cystic Fibrosis (CF) ခံစားနေရတဲ့ teenage လူငယ်လေး နှစ်ယောက်ရဲ့ ဝမ်းနည်းစရာ အချစ်ဇာတ်လမ်းလေး။



ဒီရောဂါ ခံစားနေရတဲ့ လူနာတွေ ဟာ တဦးနဲ့ တဦး ၆ပေအကွာမှာ နေရတယ် ။ ၆ ပေအကွာမှာနေရမယ့် ထိတွေ့လို့ ကိုင်လို့မရတဲ့  အဆုတ်အစားထိုးမယ့်

 Will နဲ့  Stella ဆိုတဲ့ လူငယ်နှစ်ဦးရဲ့ အချစ် ။


ဇာတ်ကားနာမည်က 5 Feet Apart ထက်

6 Feet Apart ဖြစ်သင့်တယ် ။ 🙄


ဆေးရုံကိုအိမ်လိုလုပ်နေရတဲ့ CFရောဂါ ခံစားနေရတဲ့ #Stella ဆိုတဲ့ ခပ်သွက်သွက် ‌ကောင်မလေး ။ အဆုတ် အစားထိုးဖို့စောင့်နေရင်း You Tube မှာ CFရောဂါ ခံစားနေရတဲ့သူတွေကြုံတွေ့ရတဲ့ ဗဟုသုတ တွေကို မျှဝေပေးနေတဲ့ ကောင်မလေး ။


CF အပြင် B.Cepacia ပါ ခံစားနေတဲ့ #Will ဆိုတဲ့ ခပ်ပေပေ၊ ဂျစ်ကပ်ကပ်၊ ဆေးရုံ ward ကနေ ခိုးထွက်ပြီး အပြင်လေထွက်ရှုတဲ့ ကောင်လေး ။


🛑🛑⚠️ Spoiler Alert

🛑🛑⚠️ Spoiler Ahead


ဒီစာအုပ်ရဲ့ အရေးသားက လွယ်တယ်။ စာမျက်နှာ280နီးပါးပဲ ရှိလို့ The Wife Between Us

 á€™á€–တ်ခင် မြန်မြန်ဖတ်လိုက်မယ်ဆိုပြီး ဖတ်လိုက်တာ #ဖတ်ရတာ_မသွက်ဘူး ။ 


#ဇာတ်လမ်းက_အီနေတယ်။ ဒီထဲမှာ #Poe ဇာတ်ကောင် ဆိုလည်း Will ရဲ့မွေးနေ့ကျမှ ဆုံးသွားရတာ ။


မလိုပဲ တချို့နေရာတွေမှာ အပိုဇာတ်နာပြနေတာ ။


အဲ့ဒါနဲ့ မဖတ်ပဲ ပြစ်ထားတာ ။  


အခုစာအုပ်ဖိုး နှမြောလို့ ပြန်ဖတ်ကြည့်တယ် ။ 


မကြိုက်ဘူး ။


စာအုပ်ထဲမှာတော့ 8 months later ဆိုတဲ့ ဇာတ်သိမ်းလေးပါတယ် ။ Will နဲ့ Stella ပြန်တွေ့ကြတယ်။ 

Will ကတော့ ကျန်းမာရေး မကောင်းသေးပေမယ့် အသက်ရှင်တုန်းပဲ။ Stella ကတော့ လူကောင်းပတိအတိုင်းဖြစ်သွားတယ် ။


ဒါပေမယ့် စာအုပ်ရော ဇာတ်လမ်းရော 

ကိုယ်မကြိုက်ဘူး ။ The Fault In Our Stars လို 

မျှော်လင့်ထားပေမယ့် ပေါ့ရွှတ်ရွှတ်နဲ့ 

ရင်ထဲ ခံစားချက် မထိရောက်ဘူး ။


#Review_by Hnin Yi Pwint

July 27.2020


🎬🎬 Movie Link 🎬🎬

https://vk.com/wall599551902_2