#The_Family_Upstairs_by_Lisa_Jewell
ဒီစာအုပ်မှာ past နဲ့ present ကို Libby ,Lucy, Henry တို့ လူ ၃ယောက်ရဲ့ တစ်ဦးစီ ပြောပြချက်တွေကနေ ရေးထားတယ် ။ ဇာတ်လမ်းက ထင်မထားတဲ့ မိသားစုအရှုပ်တွေ ။
သေဆုံးသွားပြီဖြစ်တဲ့( Henry & MartinaLamb)
Libby ရဲ့ မိဘဆိုသူတွေက ယုံ ကြည်ရတဲ့သူကို အပ်ထားခဲ့တဲ့ အမွေ စာရွက်စာတမ်း ဟာ Libby ဆီကို သူ့အသက်၂၅နှစ်ပြည့် ပြီး နောက်ရက်မှာ ရောက်လာခဲ့တယ် ။
စာထဲမှာLondon, Chelsa က သန်းချီတန်ဖိုးရှိတဲ့
အိမ်ကြီး ၁လုံး ကိုအမွေဆက်ခံဖို့ ပေါ့ ။
ဒီလိုနေ့ကိုပဲ စောင့်နေတဲ့ တခြားသူတွေလည်း ရှိတယ်။
အတိတ် ...လွန်ခဲ့သော ၂၅နှစ် အခု Libby အမွေရမယ်ဆိုတဲ့ London, Chelsa , No16, Cheyne Walk က အိမ်ကြီးမှာ လူသတ်မှု့ ဖြစ်ခဲ့တယ် ။
ရဲတွေရဲ့ အစီရင်ခံစာအရ သူတို့ရောက်သွားတဲ့အချိန်၊ ဒုတိယထပ် အိပ်ခန်းထဲက ပုခက်ထဲမှာ ၁၀လအရွယ် ကလေးမလေးတစ်ယောက်သာ အသက်ရှင်ကျန်ခဲ့ပြီး ငိုနေတာ တွေ့လိုက်ရတယ်။
အောက်ထပ် မီးဖိုခန်းထဲမှာ အနက်ရောင် အဝတ်အစားတွေ ဝတ်ထားတဲ့ လူ ၃ယောက် သေဆုံးနေတာကို
တွေ့ရတယ် ။ suicide note နဲ့ ရဲတွေက လူသတ်မှု့ထက် သတ်သေမှု့လို့ပဲ ဆုံးဖြတ်ခဲ့ကြတယ် ။
အဲ့ဒီအိမ်မှာနေကြတယ်ဆိုတဲ့ လူငယ် ၄ယောက်ကလည်း ပျောက်ဆုံးနေခဲ့တယ်။ ရဲတွေကလည်း
အဲ့ဒီ့ ကလေးတွေကို ရှာမတွေ့ခဲ့ဘူး ။
မိသားစု ၂ ခုပတ်သတ်ရှုပ်ထွေးနေတဲ့ ဘယ်လို
အိမ်တွင်းရေးအရှုပ်က လူသတ်မှု့ကိုဖြစ်စေသလဲ ...
အိမ်ကိုအမွေဆက်ခံရမယ့် Libby က ဒီအိမ်ကြီးကို
စရောက်တဲ့ အချိန်၊ ညဘက်မှာ ထပ်ခိုးထပ်က အသံကြားလိုက်ရတယ် ။
ဒီအိမ်ကြီး အကြောင်း စိတ်ထဲမှာ မသင်္ကာဖြစ်မိပြီး အိမ်ထဲကို ရှာပြီး စုံစမ်းဖို့ လုပ်တော့တယ်။
သူ့သူငယ်ချင်းမလေး Dido နဲ့ အိမ်ထဲရှာကြည့်တော့ သူ့ကလေးဘဝ ပုခက်ထဲမှာ ယုန်ခြေထောက်တခု (ဘယ်လိုအစီအရင်မျိုးလဲ) နဲ့ ခြံထဲမှာ ဆေးပင်စိုက်ခင်းဟောင်းကိုလည်းတွေ့ရတယ် ။
အဲ့ထဲက ဆေးပင်တမျိုးနဲ့ မိသားစုဝင်တွေကို ဆေးခတ်ခဲ့ဖူးတဲ့ Henry...
နောက် Lucy Character မှာလည်း သမီးရင်း (Libby) ဆီ အသက် ၂၅ နှစ်ပြည့်ပြီးမှာ ပြန်ဆုံနိုင်ဖို့ ပြင်သစ်
ကနေ လန်ဒန်ကို လာဖို့ ကြိုးစားနေတဲ့ Lucy...
Lucy အသက်၁၄ နှစ် မှာ Chelsea အိမ်မှာရှိတဲ့ အသက်၄၀အရွယ်နဲ့ လူ ရခဲ့တဲ့ ကလေး Libby..
Lucy မှာလည်း ပထမအိမ်ထောင်က နှိပ်စက်၊ နောက်အိမ်ထောင်ကျ သူ့နဲ့ကလေးနှစ်ယောက်ကို
ထားသွားပြန်တယ်။
Lucy ဟာ နောက်အိမ်ထောင်နဲ့ရတဲ့သား Marco၊ သမီးStella ၊Fitz ဆိုတဲ့ ခွေးတကောင်နဲ့ ကြုံသလိုနေ ၊အလုပ်လက်မဲ့ဖြစ်နေတယ်။
သမီးရင်းဆီကို သွားနိုင်ဖို့ အဆင်တွေပြေ ၊
ကောင်းစားနေတဲ့ ပထမယောကျာ်း Michael ဆီကိုသွား၊ passport ရနိုင်ဖို့ အကူအညီတောင်းခဲ့တယ်။
အဆင်ပြေတော့မလိုလိုနဲ့ Michaelက ဇာတိရုပ်ပေါ်၊ရုန်းရင်းကန်ရင်း Lucy က မတော်တဆ သတ်မိသွားတယ်။
ဒါပေမယ့် Lucy တစ်ယောက် Ex-husband ကို မတော်တဆ သတ်မိတဲ့ လူသတ်မှု့ကို သက်သေမကျန်အောင်လက်စဖျောက်နိုင်ခဲ့တယ် ။
သက်တမ်းလွန် passport ၊ကလေးနှစ်ယောက်၊
ခွေးတကောင်နဲ့ ပြင်သစ်ကနေ Londonကို ရထားနဲ့ရောက်အောင်လာ၊ သမီးဖြစ်သူ Libby နဲ့ ဆုံနိုင်အောင် ၊ Chelsea က အိမ်ကိုသွားစောင့်တယ်။
အဲ့ဒီအိမ်မှာပဲ Lucyကို စောင့်နေတဲ့ တခြားသူတစ်ယောက် လည်းရှိနေတယ် ။
Libby ...ဒီအိမ်ကို အမွေပေးခဲ့တဲ့ သူ့မိဘဆိုသူတွေ ဘယ်လိုသေသွားကြရတာလဲဆိုတာ Libby အရမ်းသိချင်နေမိတယ် ။
ဒါကြောင့် ရှာရင်း Guardian သတင်းစာမှာ သူ့မိဘတွေ အသတ်ခံရတဲ့အကြောင်း ရေးခဲ့တဲ့ ဂျာနယ်လစ် Miller ကို သွားတွေ့၊ အကူအညီတောင်းပြီး Libby၊ သူငယ်ချင်းမလေး Dido ၊ ဂျာနယ်လစ် William တို့နဲ့ စုံစမ်းရေးစတင်တော့တယ် ။
Chelsa က Libby အမွေရမယ်ဆိုတဲ့ အိမ်ကြီးရဲ့ လျှို့ဝှက်ချက်..
1980 ဝန်းကျင်ကစပြီး အဲ့အိမ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေ ...
ဘာကြောင့် လူသတ်မှု့ ဖြစ်ရတာလဲ ဆိုတာကို Libby အဖြေ ရှာလို့တွေ့မလား....
သူ့အမေအရင်း နဲ့ အဲ့အချိန်တုန်းက ပျောက်သွားခဲ့တဲ့ မောင်နှမတွေနဲ့ ပြန်ဆုံစည်းနိုင်မလား ဆိုတာ......
ဒီစာအုပ်ထဲမှာပါတဲ့ Character နဲ့ နာမည်ပြောင်း က များတယ် ။ စ စဖတ်ချင်းကတော့ နာမည်တွေ များလို့ နည်းနည်းစိတ်ပျက်မိတယ် ။
ဇာတ်လမ်း ဇာတ်ရှိန်က တရှိန်ထိုး တက်တဲ့ဇာတ်လမ်း မျိုးတော့မဟုတ်ဘူး ။ဖြေးဖြေးမှန်မှန်လေးနဲ့ ရေးပြထားတဲ့ ဇာတ်လမ်း ။
ကိုယ့်အကြိုက်မဟုတ်ပေမယ့် မဆိုးပါဘူး ။
စာအုပ်ထဲက Characterတွေက...⬇️⬇️
Libby or Serenity Lamb
Dido
Miller
Henry
Lucy Smith or Marie Caron or Lucy Amanda Lamb
Marco
Stella
Fitz(Dog)
Samiar
Michael (Ex-husband)
Joy (Ex-husband's son)
David
Birdie
Sally
Justin
Phin
Mindy(Cat)
The Family Upstairs by Lisa Jewell
#Book_Review_By Hnin Yi Pwint
Sept 29,2020
No comments:
Post a Comment