Monday, September 5, 2022

The_Seven_Husbands_Of_Evelyn_Hugo by Taylor Jenkins Reid

 đŸ“—The_Seven_Husbands_Of_Evelyn_Hugo by Taylor Jenkins Reid 

နာမည်နဲ့တင် စိတ်ဝင်စားဖို့ကောင်းနေတဲ့စာအုပ်။

 Wow...လက်ထပ်ခဲ့တာ ၇ယောက်နော်...

👨👨👨👨👨👨👨


ဒီစာအုပ်ဟာ သူတို့ဆီမှာ အရမ်းညွှန်းကြ ၊ (အထူးသဖြင့် အမျိုးသမီးတွေ )ဖတ်ကြလို့ စိတ်ဝင်စားပြီး ဖတ်ဖြစ်သွားတဲ့ စာအုပ်။ 

🛑Spoiler Alert...🛑


ဒီစာအုပ်ထဲက ဇာတ်ကောင်ဟာ ခုနှစ် 50s ကနေ 60s 70s လောက်ထိ နာမည်ကြီးခဲ့တဲ့ #Evelyn_Hugo ဆိုတဲ့ ဟောလိဝုဒ် မင်းသမီးတစ်ယောက်ကို အခြေခံ ပုံဖော်ထားတယ် ။


ဒီထဲက ဇာတ်ကောင် ဟောလိဝုဒ် မင်းသမီးကြီး #Evelyn_Hugo ဟာ အသက် ၇၉ မှာ နောက်ဆုံးအင်တာဗျူးအဖြစ်၊ မင်းသမီးတစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့တဲ့ သူ့ ဘဝ ၊ ချစ်ခဲ့တဲ့သူတွေ၊လက်ထပ်ခဲ့တဲ့ အိမ်ထောင်ရေးတွေရဲ့ နောက်ကွယ်က အမှန်တရားတွေ ၊ သူ ပါဝင်  ရိုက်ခဲ့တဲ့ ဇာတ်ကားနောက်ကွယ်က အကြောင်းတွေကို  မထင်မရှား ဂျာနယ်လစ်တဦး ဖြစ်တဲ့ #Monique_Grant ကို  ပြန်ပြောပြတဲ့ပုံစံကနေ ဇာတ်လမ်းစထားတယ် ။


နာမည်ကြီး ဂျာနယ်လစ်တွေ အများကြီးရှိသားနဲ့ Monique Grantလို မထင်မရှား ဂျာနယ်လစ် တစ်ယောက်ကို Evelyn Hugo က သူ့ဘဝအကြောင်း အကုန်ပြောပြခဲ့ပြီး ၊ သူသေသွားပြီးရင် စာအုပ်ထုတ်လို့ရတယ်၊ ဒါနဲ့ ငွေရှာလို့ရတယ် ဆိုပြီး အခွင့်အရေးပေးခဲ့တယ် ။


Why Monique Grant ?

နောက်ဆုံးကျမှ Monique Grantကို ရွေးချယ်ရတဲ့ အကြောင်းကို ပြောထားတယ် ။


အမှန်တော့ ဒီစာအုပ်ကို ဖတ်ပြီး 

ဘယ်ကစပြီး review ရေးရမလဲ မသိဘူး ။ 

ပတ်သတ်မှု့တွေကို အကုန်ရေးရင် ရှုပ်တယ် ။ 


Evelyn Hugo သူ လက်ထပ်ခဲ့တဲ့ ယောကျာ်း ( ၇ ) ယောက်လုံးအကြောင်း ရေးရရင်လည်း တော်တော်ရှည်မယ် ။


 Wow...သူ လက်ထပ်ခဲ့တာ ၇ယောက်တောင်နော်...


Evelyn ဟာ လှတယ် ၊ ငယ်စဉ်ဘဝမှာပဲ သူ့ အမေ

ဆုံးတယ်၊ အဖေကအရက်သမား၊ နှိပ်စက်တယ် ။


အဲ့ဒီ‌တော့ သူ့အသက် ၁၆မှာပဲ သူ့ခန္ဓာကိုယ် ၊ယောကျာ်းတွေကို အသုံးချပြီး Hollywood ကို

ခြေလှမ်းဖို့  လှုပ်ရှားတယ်။



#Evelyn... သူ လက်ထပ်ခဲ့တာ ယောကျာ်း(၇)ယောက်ဆိုပေမယ့် အဲ့ဒီ့ ယောကျာ်းတွေရဲ့အချစ် မခံခဲ့ရဘူး။ 


အိမ်ထောင်ရေးရဲ့ နောက်ကွယ်က‌ သူ လက်ထပ်ခဲ့တဲ့ ယောကျာ်းတွေရဲ့ အတ္တတွေ ၊ဆန္ဒတွေ ၊မိန်းမအပေါ် လက်ပါတဲ့ ယောကျာ်းမျိုး ၊ အတ္တကြီးတဲ့ သူမျိုး၊ လိင်ဆန္ဒပဲ သာယာချင်တဲ့သူမျိုး ကြင်နာတက်တဲ့သူမျိုး၊ ကွယ်ရာမှာ ဖောက်ပြန်နေတဲ့ယောကျာ်းမျိုးကိုလည်း မြင်ရမယ် ။


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑

Evelyn လက်ထပ်ခဲ့တဲ့ ယောကျာ်း ( ၇ )ယောက်မှာ 

( ၆ )ယောက်ဟာသူတို့ Evelyn ကိုချစ်တယ်လို့တော့ 

ပြောကြတယ် ။  


ဒါ‌ပေမယ့် သူတို့ အချစ်ဟာ ချစ်တယ်ဆိုတာထက် သွေးသားဆန္ဒကြောင့်ဆိုတာ #Evelyn သိတယ် ။


Evelyn လက်ထပ်ခဲ့တဲ့ ၇ယောက်ထဲက 

#Harry_Cameron တစ်ယောက်ကပဲ Evelynအပေါ်  မေတ္တာ မှန်တာ။ 


#Harry_Cameron ဆိုတာက တကယ်တော့ Gay 

တစ်ယောက် ။ နောက်ပိုင်းမှာ Evelyn ကတောင်းဆိုလို့ cover အနေနဲ့ ယူပြလိုက်တာ ။ 


#Harry_Cameron ဟာ  Evelyn ရဲ့ Producer ၊ မင်းသမီးစဖြစ်ကတည်းက Evelyn ရဲ့ အားနည်းချက် တွေကို အကုန်သိပြီး အကို တစ်ယောက်လို ၊ သူငယ်ချင်းကောင်း တစ်ယောက်လို၊ ဘယ်လိုအခြေအနေရောက်ရောက် Evelyn နောက်ကနေ မားမားမတ်မတ် ရပ်တည် စောင့်‌ရှောက် ပေးခဲ့တဲ့သူ ။ 


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


#Harry နဲ့ချစ်နေတာက #John ဆိုတဲ့ တစ်ယောက်။


အဲ့ဒီ #John ဆိုတာကလည်းGay ။ 

မင်းသမီး #Celia နဲ့ ဟန်ပြယူ။


ချစ်တာက Gay နှစ်ယောက်ဖြစ်တဲ့

Producer Harry နဲ့ John ။👨👨


Lesbian ဖြစ်ကြတဲ့ Evelyn နဲ့ Celia ။👩👩


Evelyn ကို အင်တာဗျုးတဲ့ Monique Grant က မေးတယ် ။ ယူခဲ့တဲ့ ယောကျာ်းတွေထဲမှာ ဘယ်သူ့ကို အချစ်ဆုံးလဲ တဲ့ ။


အချစ်ဆုံး .. Evelyn အရမ်းချစ်မိသွားတာ  Celia...


တကယ်တော့ Evelyn ဟာ Lesbian ...

အစကတော့ သူ့ကိုယ်သူ အဲ့လို မထင်မိဘူး။


သူနဲ့ ခေတ်ပြိုင် Celia နဲ့ တွေ့မှ သူ့ကိုယ်သူ ဘာဆိုတာ သတိထားမိတယ် ။ 


ဒုတိယ ယောကျာ်းဖြစ်တဲ့ မင်းသား #Don  နဲ့ အိမ်ထောင်ရေး အဆင်မပြေတော့ ခေတ်ပြိုင် မင်းသမီး တစ်ယောက်ဖြစ်တဲ့  #Celia အပေါ် 

စိတ် ပို ယိုင်သွားတဲ့ပုံ ။


မင်းသမီး #Celia တစ်ယောက်ဟာလည်း Lesbian ..

သူတို့ နှစ်ယောက် သိပ်ချစ်မိသွားကြတာ။


Public ချပြခွင့်မရ ပဲ သေတဲ့အထိ နှစ်တွေ အကြာကြီး ချစ်သွားကြတယ်။


Lesbian လည်း ဆိုသေးတယ် ။ ဒါဆို ဘာလို့ ယောကျာ်း၇ ယောက်တောင် ယူခဲ့တာတုန်းမေးရင်...


Hollywood က နာမည်ကြီး အတွဲတွေဟာ Producer နဲ့ မင်းသား ယောကျာ်းအချင်းချင်းကြိုက်မိတဲ့ Gay တွေ ရှိတယ်။


Evelyn နဲ့ Celia တို့လို မိန်းမချင်း ချစ်မိတဲ့ Lesbianတွေ ရှိတယ် ။ 


အဲ့‌ခေတ်က Gay, Lesbian  တွေကို အခုလို  နားလည်လက်ခံပေးတဲ့ ခေတ်မျိုးမဟုတ်သေးဘူး ။ 


အဲ့ဒါမျိုးတွေဆို နှာရှုံ့ချင်ကြ ၊ အားမပေးချင်ကြ

တဲ့ ခေတ်ကိုး ။


အဲ့တော့ လိင်တူချင်း ချစ်မိတဲ့ သူတို့ဟာ ၊

သူတို့ Gay , Lesbian ဖြစ်တယ် ဆိုတာကို ဖုံးကွယ်ဖို့ ၊ 

အောင်မြင်မှု့ကို ထိန်းဖို့ #ကာဗာအနေနဲ့ ယောကျာ်းတွေ၊ မိန်းမတွေ ယူပြကြတယ် ။


Gay တွေဟာလည်း မိန်းမ ယူပြကြတယ် ။


Hollywoodမင်းသား၊ မင်းသမီးတွေဟာ ၊

သူတို့ ဒီထက် ပိုနာမည်ကြီးဖို့ ၊ ပိုက်ဆံပိုရဖို့ ၊ နာမည်ကြီး အချင်းချင်းတွေ ယူကြတယ် ။

  

ကွယ်ရာ ထပ်ရှုပ်ကြတယ် ။


နာမည် ကျသွားရင် ဂယက်တွေထအောင် လုပ်ပြပြီး နာမည်ကြီးအချင်းချင်း ထပ်တွဲပြ ၊ဟန်ပြယူကြတယ်။ ပြီးတော့ တအိမ်ထဲမှာခွဲနေကြတယ် ။တကယ်ချစ်လို့ မဟုတ်ဘူး ။



နာမည်ကျမှာစိုးလို့  မိန်းမချင်း Lesbian ချစ်မိတယ်ဆိုတာ  ထုတ်မပြရတဲ့ #Evelyn နဲ့ #Celia တို့ အဖြစ် ။


ဒါပေမယ့်  သူတို့ လိင်တူချင်းအချစ်ဟာ အရမ်းချစ်ကြတယ် ။ နားလည်ပေးကြတယ် ။ ယောကျာ်း မိန်းမဆက်ဆံရေးလောက် သွေးသားဆန္ဒ သိပ်မပါကြဘူး ။ 


Evelyn ဟာ ထက်တယ်၊သွက်တယ်၊လှတယ်။ 


သူ Hollywoodကို စခြေလှမ်းဖို့ ၊ မင်းသမီးဖြစ်ဖို့ ၊ ပိုက်ဆံရဖို့၊  နာမည်ကြီးဖို့ ၊ အသက်၁၆နှစ်ကတည်းကသူ့အလှ၊ ခန္ဓာကိုယ် နဲ့ ယောကျာ်းတွေကို  အသုံးချပြီး Hollywoodမှာ အောင်မြင်တဲ့  မင်းသမီးတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့တယ် ။


သူချစ်တဲ့ မင်းသမီး #Celia ရဲ့ အောင်မြင်မှု့ကို 

ထိန်းဖို့အတွက်ရော ၊သူ့ အောင်မြင်ကျော်ကြားမှု့ကို ထိန်းသိမ်း ထားဖို့အတွက် အချစ်ကို ပေါ်တင်ချပြခွင့်မရခဲ့ကြဘူး ။


နောက်ဆုံး #Evelyn တစ်ယောက် သူလိုချင်တဲ့ 

အောင်မြင်‌ကျော်ကြားမှု့ကို ဆယ်စုနှစ် ၃ခုလောက် ထိန်းနိုင်ခဲ့တယ် ။ ပူပန်စရာမရှိ ၊ကြွယ်ဝချမ်းသာလာတယ် ။ 


ဒါပေမယ့် သူ ချစ်တဲ့သူတွေကတော့ သူ့အနား မရှိကြတော့ဘူး။


သူ့အပေါ်  အကိုတစ်ယောက်လို ၊

သူငယ်ချင်းတစ်ယောက်လိုကောင်းခဲ့ဖူးတဲ့ 

Producer HarryCameron....


နှစ်တွေ အကြာကြီး publicချ ပေါ်တင် တွဲခွင့် 

မရလိုက်ပဲ Evelyn အရမ်းချစ်ခဲ့ တဲ့ Celia..


#Harry_Cameron ရဲ့ချစ်သူ #John အရင်ဆုံးတယ် ။ပြီးတော့  Harry ဆုံးတယ်။နောက် Celia ဆုံးတယ် ။ 


Harry နဲ့ Evelyn ကမွေးတဲ့ #Connor ဆိုတဲ့ ကလေးမလေးကလည်း ကင်ဆာဖြစ်ပြီး ‌Evelyn ကို အရင် ခွဲသွားရတာပဲ ။



အပေါ်ယံ ပြည့်စုံတဲ့ Evelyn ရဲ့ ဘဝကြီးဟာ

 á€žá€­á€•á€ş နာကျင်စရာ၊ သနားဖို့ကောင်းတယ်။


Evelyn လည်း သိပ်မကြာခင် ကင်ဆာနဲ့ ဆုံးတော့မယ်ဆိုတာ  သူ့ကိုယ်သူသိတယ် ။ 


အဲ့ဒါကြောင့် #Monique_Grant ကို သူ့အကြောင်း

ရေးခွင့်၊စာအုပ်ထုတ်ခွင့် ၊အကျိုးခံစားခွင့် ပေးလိုက်တာ ။


အစပိုင်းကပါသလို ဘာလို့ မထင်မရှား ဂျာနယ်လစ် Monique ကို ရွေးတာ လဲ ?


အဲ့ဒါက အောက်မှာ စာပိုဒ်ပုံလေး တင်ထားတယ်။


Evelyn အပေါ် အကို တစ်ယောက်လို အရမ်းကောင်းခဲ့သူ Gay တစ်ယောက် ဖြစ်တဲ့👨 Producer Harry နဲ့ Monique👩 ရဲ့ အဖေJames 👨ဟာ ယောကျာ်းချင်း ကြိုက်ခဲ့ဖူးတယ် ။😳


 á€‚á€ťá€Źá€”á€šá€şá€œá€…á€ş #Moniqueရဲ့ အဖေ #James 👨ဟာ နှစ်ဖက်ချွန်ပဲပြောရမယ် ။ Gayတဦးဖြစ်တဲ့ Producer Harry နဲ့ ပေါင်းလို့မဖြစ်တဲ့ အခြေအနေတွေကြောင့် မိန်းမယူတယ် ။

 

 Moniqueကိုမွေးတယ်။ ဒါပေမယ့် မိန်းမအပေါ် ၊ကလေး အပေါ် လုပ်ကျွေးတယ်၊ သစ္စာရှိတယ် ။

ဒါပေမယ့်  သူ့မိန်းမကို  Harryလိုမချစ်ခဲ့ဘူး။




 ( တိန်...အဲ့လို အဖြစ်မှန် မသိ၊ အရှခံရတဲ့ မိန်းမတွေ ဘယ်နှစ်ယောက်တောင် ရှိမလဲ 🙄)

 

 #James ဟာ Accidentနဲ့  သေ သာ သွားတယ် ၊James ရဲ့ မိန်းမဟာ သူ့ယောကျာ်း ဟာ လိင်တူချင်းကြိုက်ခဲ့သူပါလား ဆိုတာတောင် မသိခဲ့ဘူး ။

 

 á€Ąá€á€Żá€™á€ž  Evelyn ပြောလို့ သမီးဖြစ်သူ မထင်မရှား ဂျာနယ်လစ် #Monique က ဆုံးသွားတဲ့ သူ့အဖေ နဲ့ Producer Harry တို့ အချစ်ဇာတ်လမ်းအကြောင်း  သိလိုက်ရတာ ။

 

 á€›á€„်ထဲ မခံချင့်မခံသာ ဖြစ်မိမှာပဲ ။


ဒီစာအုပ်ထဲက  Evelyn Hugo ဇာတ်ကောင် ဟာ

တကယ့် အပြင်မှာလည်း ယောကျာ်း ၇ယောက်နဲ့ လက်ထပ်ခဲ့ဖူးတဲ့ မင်းသမီးကြီး Elizabeth Tylor ၊ မင်းသမီး  Rita Hayworth ရဲ့ပုံစံ၊  ဟောလိဝုဒ်မင်းသမီးတစ်ဦးဖြစ်တဲ့  Ava Gardner ဆိုတဲ့ မင်းသမီးကြီး၊(သူမဟာလည်း သူ့ရဲ့လျှို့ဝှက်ချက်တွေ၊ဘဝဇာတ်ကြောင်းတွေကို ဒီထဲက ဇာတ်ကောင်လိုပဲ  ဂျာနယ်လစ်တစ်ဦးကို ပြောပြခဲ့ပြီး စာအုပ်ထုတ်ဝေခဲ့ဖူးတယ်။) 


အခု ဒီစာအုပ်ကိုရေးတဲ့ Talylor Jenkins Reid ဟာ ၊အပေါ်က မင်းသမီးကြီး‌တွေရဲ့အကြောင်း အနည်းအငယ်ကို အခြေခံပြီး  ဒီစာအုပ်ထဲက Evelyn Hugo နဲ့  ဂျာနယ်လစ် Monique Grant ဆိုတဲ့ ဇာတ်ကောင် ကို  ဖန်တီးထားတယ်လို့ သိရတယ် ။


P.S ။  ။ Review ဖတ်ရင်း ရှုပ်သွားမယ် ဆိုတာသိပါတယ် 😁 


ဒါတောင် ယောကျာ်း ၇ ယောက် အကြောင်း လုံးစေ့ပတ်စေ့ ရေးပြရင် ပိုရှုပ်ဦးမှာ  ။😆


Aug 23.2020

 #Book_Review_by Hnin Yi Pwint

No comments: