📔 Winter in Sokcho by Elisa Shua Dusapin
📔Literary Fiction
ဒီစာအုပ်ဟာ National Book Award for Translated Literature ဆုရထားတဲ့ စာအုပ် တအုပ် ။
ဒီဝတ္ထုမှာ မြောက်ကိုရီးယားနယ်စပ်နားက
( sixty kilometers ပဲ ဝေးတဲ့ ) Sokcho ဆိုတဲ့ တောင်ကိုရီးယား မြို့လေးမှာ ဇာတ်အိမ် တည်ထား တယ်။
ဇာတ်ဆောင် အမျိုးသမီး ( နာမည်ရေးမထား )ရဲ့ ရည်းစား Jun-Oh ဟာ Plastic surgery နည်းနည်း လုပ်ပြီး Seoul က modelling agency မှာ သွားလုပ် တော့မှာ။ ရည်းစားဖြစ်သူကတော့ သူနဲ့ seoul မှာ လိုက်နေဖို့ ခေါ်တယ်။
ဒါပေမယ့် ဇာတ်ဆောင် အမျိုးသမီးဟာ အမေ ဖြစ်သူကို Sokcho မှာ တစ်ယောက်ထဲ မထားခဲ့ချင်တာကြောင့် Sockcho မြို့လေး က Mr.Park ရဲ့ Guest House တခုမှာပဲ အလုပ် ဝင်လုပ်နေတယ် ။
ဇာတ်ဆောင် အမျိုးသမီးရဲ့အဖေဖြစ်သူက ပြင်သစ်၊ အမေက ကိုရီးယား ။ သူ့ကို မမွေးခင်မှာ ပြင်သစ်လူမျိုး အဖေက ထွက်သွားခဲ့တယ်လို့ ဆိုတယ် ။ အဲ့ဒါကြောင့် အဖေဖြစ်သူကို မမြင်ဖူးဘူး။
တနေ့တော့ Graphic Cartoon တွေ ဆွဲတဲ့
ပြင်သစ်လူမျိုး တစ်ယောက်ဖြစ်တဲ့ "Yan Kerrand" ဟာ ပြင်သစ် ကနေ Sokcho ကို အလည်ရောက် လာ တယ် ။ သူ့ရဲ့ နောက်ထွက်မယ့် Graphic series တခုကို Sokcho မှာ အခြေတည်ပြီး ပုံတွေဆွဲချင်တယ်။
Kerrand ရဲ့ ထွက်ပြီးသား Graphic series တိုင်းဟာ နေရာတခုခုကို ကိုယ်စားပြုထားတာချည်းပဲ ။
Kerrand က နယ်စပ်ကို သွားလေ့လာချင်တယ်ဆိုလို့ ကန့်သတ်ချက်များတဲ့ နယ်စပ်နားကို သွားဖို့ ဇာတ်ဆောင် အမျိုးသမီးက ကားနဲ့ လိုက်ပို့ပေးတယ်။
ဒီစာအုပ်ထဲမှာ ဇာတ်လမ်းထက် ၊character ဦးစားပေး မို့ ထူးထူးခြားခြားတွေတော့ ဆက်ဖြစ်မှာ မဟုတ်ဘူး ။အေးအေးဆေးဆေးလေးပဲ ဆက်သွားမှာ ။
သူနဲ့ အဲဒီ့ပြင်သစ် လူမျိုး ရဲ့ ခင်မင်မှု့တွေ၊ သံယောဇဉ် တွေ၊ ဇာတ်ဆောင်အမျိုးသမီးမှာ မွေးကတည်းက မတော်တဆမှု့တခုကြောင့် ရခဲ့တဲ့ အမာရွတ်လေးရယ်၊ ပြင်သစ်လူမျိုး Kerrandဆွဲခဲ့တဲ့ ပုံတွေ ၊
Guest Houseက ဇာတ်ဆောင်အမျိူးသမီးရဲ့ နေ့စဉ်ဘဝ
၊ Lunar Year မှာ ဆုံကြတဲ့ ဇာတ်ဆောင် အမျိုးသမီး ရဲ့ ဆွေမျိုးတွေ ပုံစံတွေ၊ သူ့အမေကဇာတ်ဆောင်
အမျိုးသမီး ကို surgery လုပ်ပြီး seoul မှာ အလုပ် ကောင်းကောင်း လုပ်စေချင်တာလည်း တွေ့ရမယ် ။
ဒီစာအုပ် ကို စဖတ်ကတည်း ကိုရီးယားအငွေ့အသက် တွေရတယ် ။ ကိုရီးယား ဒရမ်မာကား ထဲက အခန်းတခန်းကို ကြည့်နေရသလို ခံစားရ တယ်။
စာအုပ်ဖတ်နေရင်း အရှေ့အရပ်က ပင်လယ်ကြီးနဲ့
အနောက်အရပ် တောင်တန်းတွေကြားက
လေကောင်းလေသန့်ရတဲ့ ဆောင်းတွင်းဒေသ Sokcho ရဲ့ သဘာဝ အလှတွေ ဖတ်ရင်း ခံစားရမယ်။
Sokcho ၊ ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့အတွက် အကင်တွေ၊ ပင်လယ်စာ အစားအသောက်မျိုးစုံ အကြောင်း အများကြီးပါတယ် ။ soju ပါမယ်၊ ဒီထဲမှာ ထပ်ခါထပ်ခါ ပါတာက " tteok" ။
ရေးတဲ့သူက ပြင်သစ်၊ ကိုရီးယားကပြားအမျိုးသမီး
Elisa Shua Dusapin ဖြစ်တယ်။ ၂၀၁၆ သူ့အသက်၂၄ ဝန်းကျင် မှာရေးတဲ့ ပထမဆုံး စာအုပ်ဖြစ်တဲ့ ဒီစာအုပ်မှာပဲ ဆုတွေရထားတယ်။
ဒီစာအုပ်ကို ပြင်သစ်ကနေ အင်္ဂလိပ်ကို ဘာသာပြန် ထားတာ ။ သူ ပြင်သစ်လို ထွက်ပြီးသား စာအုပ်
၃အုပ်ရှိတယ် ဆိုတယ်။ နောက်ဆုံး တအုပ်က သိပ်မကြာခင်ကာလ တွေမှာ အင်္ဂလိပ်ဘာသာပြန် ထွက်မယ်ပြောတယ်။
စာအုပ်က ၁၅၉ မျက်နှာပဲရှိတယ်။ အရေးအသား လွယ်တယ် ။ Kindle Paperwhite Typical Reading Time နဲ့ဆို 1 hour and 23minutes လောက်ပဲ
အချိန်ပေးဖတ်ရင် ရတယ်။
#Winter_in_Sokcho by Elisa Shua Dusapin
#Book_Review by Bookish In Fiction Land
7 Feb, 2022
No comments:
Post a Comment