📕Made In Korea by Sarah Suk
💄YA Romance
💄 🌸🌼ဒီတခါကတော့ ကျောင်းတဖက်နဲ့ တပိုင်တနိုင် cosmetics ရောင်းရင်း အပို စရိတ်ရှာနေသူတွေ ဖတ်သင့်တဲ့ YA ,Romance, Comedy စာအုပ်လေး ။
ဒီစာအုပ် ထဲမှာ High School senior year ရောက်နေတဲ့ ကိုရီးယား၊အမေရိကန် ကပြား ကောင်လေး နဲ့ ကောင်မလေး နှစ်ယောက်။
Valerie Kwon ဆိုတဲ့ကျောင်းသူဟာ ဈေးရောင်း တကယ် ကျွမ်းတဲ့သူ ၊ မောင်နှမဝမ်းကွဲ Charlie နဲ့ ကျောင်းက
lockerလေးထဲမှာ V&C K-BEAUTY cosmetics ထည့် ရောင်းရင်း စပ်တူ အလုပ်လုပ်နေကြတာ ။
သူတို့ရဲ့ V & C K-BEAUTY ကရောင်းတဲ့ K beauty ပစ္စည်းတွေဟာလည်း ရောင်းသမျှ ကျောင်း မှာ ဝက်ဝက်ကွဲ ရောင်းထွက်၊ ရောင်းသွက်နေတဲ့ ပစ္စည်းတွေ ။
ဒီထဲမှာ "အာရှ "မိဘတွေရဲ့ထုံးစံအတိုင်း မိဘဖြစ်စေချင် တာ နဲ့ သားသမီးဖြစ်ချင်တာမကိုက်ညီ၊ အစေးမကပ်ကြ တာကိုလည်း တွေ့ရမယ် ။
Valerie ရဲ့ အဖေဖြစ်သူဟာလည်း Valerie ထက် သူ့ သမီးအကြီး ကို ပိုပြီး ထောက်ပံ့ပေးတယ်။ အမေဖြစ်သူ ကလည်း Valerie ကို သူ့အမနဲ့ ခဏခဏ နှိုင်းယှဉ်ပြီး ပြောတက်သူမို့ Valerie ဟာ သူ့အမေနဲ့ ဆက်ဆံရေး သိပ်ပြီး မပြေလည် ။
အဲ့တော့Valerie ဟာ ကျောင်းမှာ cosmetics တွေရောင်း ၊ အပိုဝင်ငွေရှာ ရင်း အဘွားဖြစ်သူ နဲ့ ပြင်သစ်ကို ခရီးထွက်ချင်လို့ ပိုက်ဆံစုနေတယ် ။
Valerie သူဟာ တခုခုမှာ အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတာလည်း သူ့အမေ ကို ပြချင်တယ်။
တနေ့တော့ ကျောင်းမှာ Valerie ရဲ့ အောင်မြင်
ရောင်း အားကောင်း နေတဲ့K Pop beauty products ဖောက်သည်တွေကို လုယူသွားမယ့် ကျောင်းသားအသစ်
တစ်ယောက် သူတို့ကျောင်းကို ပြောင်းလာတယ်။
သူ့နာမည်က Wes Jung ဆိုတဲ့ ကျောင်းသားလေး ။
High School ပြီးတဲ့အချိန်မှာ music ကျောင်း တက်ချင်ပေမယ့် Wes Jung ရဲ့ မိဘတွေက ခါးခါးသီးသီး သဘောမတူဘူး ။
ကျောင်းက သူ့သားရဲ့ သူငယ်ချင်းအသစ်တွေကို လက်ဆောင် ပေးဖို့ ၊သူ့အမေဟာ သူရတဲ့ K beauty cosmetics sample တွေကို သား ဖြစ်သူကို ပေးလိုက် တယ် ။
Wes Jung ဟာ saxophone လည်း တီးတယ် ။ အဲ့တော့ Wes Jung တစ်ယောက် 🎷 saxophone ဝယ်ဖို့ ၊ Music School Tuition Fees ရဖို့ အကြံအဖန်လုပ်တော့တယ်။
music school tuition fees ရဖို့အတွက် လက်ဆောင် မပေးပဲ အဲ့ပစ္စည်းတွေကို ကျောင်းမှာရောင်းတော့တယ် ။
Asian မိဘတွေ ဖြစ်တဲ့အတွက် Valerie မိဘရော၊ Wes Jung မိဘပါ သားသမီးအပေါ် မျှော်လင့်ချက်ကြီးတယ် ။ Wes Jung ဆို သူ့မိဘက ဆေးကျောင်းတက်၊ ဆရာဝန် ဖြစ်စေချင်တယ်။
Valerie နဲ့ Wes Jung တို့ နှစ်ယောက်စလုံးဟာ မိဘ ဖြစ်စေ ချင်တာနဲ့ သူတို့ဖြစ်ချင်တဲ့ ဝါသနာနဲ့ ထပ်တူမကျ လို့ မိဘနဲ့ သားသမီး သိပ် အစေးမကပ် ကြဘူး ။
Valerie နဲ့ Wes Jung တို့နှစ်ယောက်စလုံးဟာ ကျောင်း မှာ အပြိုင်အဆိုင် ကျောင်းသား ဈေးကွက်လုကျ ၊ ရောင်းကျရင်း Valerie ဟာ Wes Jung အပေါ် အမြင်ကပ်လာခဲ့တယ် ။
Valerie တစ်ယောက် Wes Jung ကို အယူအဆမှားတွေနဲ့ ပြိုင်ရင်းဆိုင်ရင်း နောက်ပိုင်းမှာ တစ်ယောက် ဖြစ်ချင်တာကို တစ်ယောက် နားလည်၊ သိသွားကြပြီး နှစ်ယောက် အဆင်ပြေ သွားကြမလား ဆိုတာ.....
ဇာတ်လမ်းလေးက senior high school YA ဇာတ်လမ်း လေးဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါးပါးလေးနဲ့ ချစ်စရာ ကောင်းတယ် ။
#Made_In_Korea by Sarah Suk
#AudioBook_Review by Bookish In Fiction Land
29 April 2022
No comments:
Post a Comment