We Have Always Lived In The Castle by
Shirley Jackson
🖤ဒီစာအုပ်ဟာ Shirley Jackson မဆုံးခင် နောက်ဆုံးထွက်ခဲ့တဲ့စာအုပ်လို့ပြောကြတယ် ။ စာအုပ်အနေနဲ့ဆို
ပါးတယ်။ ebook အနေနဲ့ဆိုလည်း စာမျက်နှာ သိပ်မများဘူး။ Audiobook နဲ့ဆို 6 hr ပဲ နားထောင်ရမယ်။ စာအရေးအသားလည်း ဖတ်ရ လွယ်တယ်။
🖤တခုပဲ စာအုပ်က တခြားစာအုပ်တွေနဲ့ မတူဘူး။
✍️✍️✍️ဇာတ်လမ်းအကျဉ်း....✍️✍️✍️
🖤လွန်ခဲ့တဲ့ ၆နှစ်ခန့် က Blackwood family ရဲ့ ညစာစားမယ့် အစားအသောက်ထဲ မှာ လူတစ်ယောက်က အဆိပ်ခပ်လိုက်လို့ အစာအဆိပ်သင့်ပြီး မိသားစုဝင်တချို့ သေဆုံးသွားခဲ့ကြတယ်။
🖤 မိသားစုထဲမှာ မသေပဲ ကျန်ခဲ့တာဆိုလို့၂၈ နှစ်အရွယ် Constance ၊၁၈ နှစ်အရွယ် Mary Katherine နဲ့ Uncle Julian ပဲ ကျန်ခဲ့တော့တယ်။
🖤Uncle Julianက ဝှီးချဲနဲ့သွားနေရတဲ့သူ။ စိတ်ပိုင်းဆိုင်ရာ နည်းနည်း ချို့တဲ့သွားတယ်။ Mary Katherineကို လည်း သေသွားတာကြာပြီလို့ အမြဲပြောတဲ့သူ ။ သူက အမြဲစာတွေရေးတယ်။ သူ့အကို... Mary Katherineရဲ့ အဖေ ၊မကောင်းတဲ့သူ အကြောင်းကိုလည်း ပြောပြတယ်။
🖤MaryKatherine တို့မိသားစုက ချမ်းသာကြွယ်ဝကြတယ်။ Mary Katherine တို့အဖေရှိကတည်းက သူတို့အိမ်ဘေးကနေ ဖြတ်သွားလို့ရတဲ့ ဖြတ်လမ်း လမ်းကြားထဲကို ပတ်ဝန်းကျင်ကလူတွေ ဖြတ်တာလည်း မကြိုက်ဘူး ။ အဲ့လမ်းကြားကို တံခါးလုပ်ပြီး လုံခြုံအောင် သော့ခတ်လိုက်တယ်။
🖤အနား ပတ်ဝန်းကျင်က လူတွေကတွေကလည်း သူတို့ကို မကြိုက်ကြဘူး။ မိသားစုလိုက် အဆိပ်သင့်ပြီး ဆုံးသွားပြန်တော့လည်း ကျန်ခဲ့တဲ့ ညီအမနှစ်ယောက်ဟာ မိသားစုကို အဆိပ်ခပ်သတ်တဲ့လူလို့ စွပ်စွဲလှောင်ပြောင်ခံကြရတယ်။
🖤သူတို့ အိမ်နားကိုလည်း ဘယ်သူမှ မလာရဲကြဘူး။ သူတို့အိမ်မှာ တနင်္ဂနွေနေ့တိုင်းTea လာသောက်ပြီး Uncle Julian နဲ့ စကားပြောတာဆိုလို့ Helen Clarke နဲ့ Mr.Wright တို့ပဲရှိတယ်။
🖤Mary Katherine က ၁၈ နှစ်ဆိုပေမယ့် သူ့အတွေးအခေါ်က ကလေးတစ်ယောက်လို စိတ်ကူးယဉ်ဆန်နေတဲ့အတွေးတွေ ဖတ်ရမယ်။
🖤သူ့အမ Constance တခြားသူ လက်ထဲရောက်မှာကို အဖြစ်မခံနိုင် ၊အပျောက်မခံနိုင်၊ ပတ်ဝန်းကျင် နဲ့ မထိတွေ့လိုပဲ ညီ အမနှစ်ယောက်ထဲပဲ ပျော်ရွှင် နေချင်တဲ့ သဝန်တို လောဘကိုလည်း တွေ့ရမယ်။ မကောင်းတဲ့
လူတွေရဲ့ ရန်ကလွတ်အောင် သူ့တို့ညီအမ အချင်းချင်း ဖေးမကြတာကိုလည်း တွေ့ရမယ် ။
🖤အဲ့ဒီနောက် အကိုဝမ်းကွဲ Charles ရောက်လာတဲ့အချိန်မှာတော့ အိမ်ကြီးမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်လာတယ်။ Mary Katherine တို့အဖေရဲ့ အခန်းမှာ Charles လာနေတယ်။ သူ့အဖေရဲ့ အဝတ်တွေကို ဝတ်တယ်။ သူ့အဖေရဲ့ အသုံးအဆောင်တွေကိုသုံးတယ်။ Mary Katherine ဟာ Charles ကိုလုံးဝမကြိုက်ဘူး။
🖤နောက်..သူတို့အိမ်မီးလောင်တယ်။ မီးလောင်နေတဲ့အချိန် အနားပတ်ဝန်းကျင်က လူတွေ လာကြည့်ပြီး ဝိုင်းလှောင်ကြတယ်၊ အကုန်လောင်စေချင်ကြတယ်။
မီးသတ်ကားလာတော့ တချို့နေရာပဲလောင်ပြီး မီးငြိမ်းသွားတယ်။
🖤(ဒီ အခန်းမှာ မီးလောင်နေတဲ့အချိန် အိမ်မီးလောင်တာကိုကြည့်နေတဲ့ လူတွေနဲ့ ဝေးရာ ၊အိမ်ရဲ့ မလှမ်းမကမ်းက တောအုပ်လေးထဲမှာ ပြေးပြီး သွားရှောင်နေကြတဲ့ ညီအမ နှစ်ယောက် သနားဖို့ကောင်းတယ်။ )
🖤 မီးလောင်ပြီးတဲ့နောက် Uncle Julian ဆုံးသွားတယ်။
မိသားစု ဆရာဝန်ရော မိတ်ဆွေတချို့ကရော သူတို့ညီအမကို သနားလို့ သူတို့အိမ်တွေမှာ ညီအမနှစ်ယောက်ကို လာနေစေချင်ကြတယ်။
🖤 ညီအမနှစ်ယောက်ကလည်း ပတ်ဝန်းကျင်ကို ကြောက်၊ မယုံ၊ ပတ်ဝန်းကျင်ကလည်း သူတို့ကို ကြောက်
သူတို့ညီမတွေ နေတဲ့ အိမ်ကြီးအနား မလာရဲ။
🖤အထီးကျန် လောကကြီးထဲက ညီ အမနှစ်ယောက်လို့ပြောရမလား ။
🖤နောက်ပိုင်း...မိသားစုပိုင်ဆိုင်မှု့တွေကို Charles က ဘယ်လို အုပ်စိုးလာမလဲ။
🖤Blackwoodမိသားစု ထမင်းဝိုင်းမှာ အဆိပ်ခပ်လိုက်တာကရော ဘယ်သူဖြစ်မလဲ။
🖤 မီးလောင်ပြီးတဲ့နောက် အနားပတ်ဝန်းကျင်က လူတွေနဲ့ရော သူတို့ ညီအမ သဟဇာတဖြစ်ပြီး အဆင်ပြေသွားကြမလား။
🖤 ဒါပဲ ..စာအုပ်က ဘယ်သူလုပ်တာလဲ မှန်းရနေတဲ့အတွက် တခြား ဘာမှ သိပ်ပြောစရာ မရှိဘူး။
🖤အတက်အကျမရှိပဲ ဇာတ်က တဖြောင့်တည်း သွားနေတာ ။ အင်း....ပြီးသွားတော့လာည်း ဇာတ်က ဘာမှမဟုတ်ပဲ flat... Unusual Story.
🖤သေချာတာက ဒီစာအုပ်က ကိုယ်ကြိုက်တဲ့စာအုပ်မဟုတ်ဘူး။
🖤Movieလည်း ထွက်ထားတယ်။
🎬Movie Trailer Link
https://youtu.be/NQg-nUoMCBo
📓📕 E-book link
https://t.me/mobi_epub_ebook_and_Movie/1669?single
We Always Lived In The Castle by Shirley Jackson
#Audiobook_Review by Hnin Yi Pwint
September 10.2021
No comments:
Post a Comment