Monday, September 5, 2022

The Good Son by Jeong You Jeong

 📕The Good Son by Jeong You Jeong

🇰🇷Psychological Thriller, Suspense


မနက်ခင်းတခုမှာ Yu Jin တစ်ယောက်  သွေးအလိမ်း လိမ်းနဲ့ အိပ်ရာက နိုးထလာခဲ့တယ် ။ သတိထားမိတဲ့ အချိန်မှာ သူ့မိခင် က အိမ်ထဲမှာပဲ လည်ပင်းပြတ်ရှ ဒဏ်ရာ နဲ့ သေဆုံးနေပြီ။


သူ့အမေ ဘာကြောင့် သေသွားရသလဲဆိုတာ မှတ်မိ နိုင် ဖို့  Yu Jin တစ်ယောက် အရင် ညက အဖြစ်အပျက် ကို ပြန် စဉ်းစားနေရပြီ ။


ဒီဝတ္ထု မှာ "ဘယ်သူ " သတ်သလဲဆိုတာ အစပိုင်းက တည်းက ပြောထားတဲ့အတွက် လူသတ်သမား ဘယ်သူ ဆိုတာ ထွေထွေထူးထူး စဉ်းစားစရာမလိုဘူး။


ဒါပေမယ့် "ဘာကြောင့် " သတ်ရသလဲဆိုတာ အဖြေရှာ ရမယ့် စာအုပ် ။



နောက် ၃ရက်အတွင်း Yu Jin ရဲ့ သိစိတ် နဲ့ မသိစိတ် ထဲမှာ အပြန်အလှန် ဖြစ်နေတဲ့ အတွေးတွေ ၊ သူ့အမေ ရဲ့ နေ့စဉ်မှတ်တမ်းမှာ ရေးထားတဲ့ Yu Jin အကြောင်း။ 


Yu Jin  နဲ့ သူ့မိခင် ဆက်ဆံရေး၊ ရေကူး ဝါသနာပါ တာ ကို မလုပ်ရ ပဲ ထိန်းချုပ်ခံနေရတဲ့ Yu Jin ။ 


သူ့အဒေါ် Psychological Therapist ။ Yu Jin သောက်ရတဲ့ဆေးတွေ နဲ့ ဆေးရဲ့ ဆိုးကျိုးတွေ ။


လွန်ခဲ့တဲ့ ၁၆နှစ်က မိသားစု အပန်းဖြေခရီး ထွက်ရင်း 

ဖြစ်ခဲ့တဲ့မတော်တဆမှု့ ( အဲ့မှာ Yu Jin အကိုအရင်း(YuMin)နဲ့ အဖေ သေဆုံးခဲ့တယ် )။


အမေဖြစ်သူ အသတ်ခံရတာကို သူ့အဒေါ်၊ သူ့မွေးစားအကို တို့ မသိအောင်  Yu Jin တစ်ယောက် ဘယ်လို ဖုံးကွယ်ထားမလဲ ။  


Yu Jin တစ်ယောက် သူ့အမေ အလောင်းကို သူများတွေ မသိအောင် ဘယ်လိုဖျောက်ထားမလဲ။


နောက် လူသတ်မှု့တွေ ထပ်ဖြစ်လာဦးမလား ။



Yu Jin၊ အမေ ၊ အဒေါ်၊ လွန်ခဲ့တဲ့ ၁၆နှစ်က ဖြစ်ခဲ့တဲ့ မိသားစု မတော်တဆမှု့ နဲ့ Yu Jin ဘယ်လိုတွေ ဆက်စပ်နေသလဲ  ။ လူသတ်မှု့ကရော ဘာအကြောင်းကြောင့် ဖြစ်သွားရသလဲ‌ ။


ရဲစခန်းကို ခေါ်သွားမယ့် အကိုဝမ်းကွဲ  Hae Jin ကို လှည့်ရင်း ပတ်ရင်း နောက်ဆုံး  Yu Jin  တစ်ယောက် ဘယ်လိုတွေ ရှောင်ပြေးမလဲ ဆိုတာ...


🔪🔪🔪🔪🔪🔪🔪🔪🔪🔪🔪


ဒီစာအုပ်ဟာ Psychological Thriller တအုပ်ဆိုပေမယ့် ရင်ခုန်စိတ်လှုပ်ရှားစရာ Thriller တအုပ်တော့ မဟုတ်ဘူး ။


အစပိုင်းက စပြီး တော်တော်လေး နှေး၊ ပျင်းဖို့ ကောင်း တယ် ။ Audiobook Narratorက ဖတ်ပြတဲ့ အသံ ကောင်းနေ တာတောင် မူရင်း ဇာတ်လမ်းကိုက နှေးနေတဲ့အတွက် နားထောင်ရင်း တချက်တချက် ငိုက်မိသေးတယ် ။


ဘယ်နေရာက စကောင်းသလဲဆိုရင် Audiobook ရဲ့ 75% နဲ့ 80% လောက်ကျမှ ဇာတ်က သွက်လာတယ်။

အဲဒီ့နောက်ပိုင်း အခန်းတွေတော့ ကြိုက်တယ်။အရှေ့ပိုင်းခန်းတွေကတော့ တကယ်ကို အိပ်ငိုက်ရလောက်အောင် ပျင်းဖို့ကောင်းတယ် ။


ဘယ်သူသတ်သလဲဆိုတာ ရှေ့မှာတင်ပြထားတဲ့ အတွက်၊ စာအုပ်က သိသိသာသာ ရင်ခုန် စိတ်လှုပ်ရှားစရာမရှိသလို ၊  Thriller တအုပ်မှာ ပါရမယ့် Twist လည်း ဟုတ်တိပတ်တိ မရှိလှဘူး ။


ကိုယ့်အတွက်တော့....

ရှေ့ပိုင်းကနေ 75% ထိ 2 star  ⭐⭐

75% နောက်ခန်းတွေအတွက်တော့ 3 star⭐⭐⭐


#The_Good_Son by Jeong You Jeong

#AudioBook_Review by Bookish In Fiction Land 

4 May 2022

No comments: