Sunday, September 4, 2022

Salt To The Sea by Ruta Sepetys

📕 Salt To The Sea by Ruta Sepetys

📕 Historical Fiction


ဒီစာအုပ်ဟာ တခြားနိုင်ငံက စာဖတ်သူတွေကြားမှာ အကြိုက်များခဲ့တဲ့ စာအုပ်ပါ ။


🚢🛳 ဇာတ်လမ်းအကျဉ်း 🚢🛳️


1945 , Eastern Prussia (Poland) ကို Soviet ရဲ့ 

Red Army နီးကပ်လာတယ် ။ Red Army က လေကြောင်းကနေ ဗုံး တွေ ကျဲချတဲ့အချိန် ဒီထဲက ဇာတ်ကောင်တွေဟာ သူတို့ အသက်ရှင်ရေးအတွက် မျှော်လင့်ချက်တခုဖြစ်တဲ့ "သင်္ဘောတခုစီ " ရောက်ဖို့ ရုန်းကန်ရင်း  ပြေးနေရတယ်... သင်္ဘောနာမည်က

" The Wilhelm Gustloff " ဂျာမန်သင်္ဘော ။


အဲ့ဒီသင်္ဘောဆီရောက်ဖို့ တောထဲမှာ  အန္တရယ်မျိုးစုံ ကိုလည်း ရှောင်ရတယ်။ အေးခဲနေတဲ့ ရေခဲမြစ်လည်း ဖြတ်ရတယ်၊ ကြားထဲမှာ သင်္ဘောဆီမရောက်နိုင်တော့ပဲ အေးခဲပြီး သေသွားကြတဲ့သူတွေလည်း အများကြီး ။



ဒီစာအုပ်ထဲမှာ အဓိက ဇာတ်ကောင် လေးယောက် ရှိတယ်။ 

👩 Lithuanian သူနာပြု ၊ 

👩ကိုယ်ဝန်လွယ်ထားရတဲ့ ၁၅နှစ်အရွယ် Polish မိန်းကလေး ၊ 


👨လျှို့ဝှက် mission တခု ထမ်းဆောင်နေသလို ပုံဖမ်းထားပေမယ့် ၊ တကယ်က "Amber Room" က အဖိုးတန် ပစ္စည်းတွေ ကို ခိုးယူဖို့ အကြံအစည် ရှိတဲ့ East Prussia လူငယ်တစ်ယောက်၊  


👨အဝေးရောက်နေတဲ့ ရည်းစားကို စာရေးရင်း သူ့ကိုယ်သူ သင်္ဘောပေါ်မှာ အရေးကြီး တာဝန် ထမ်း‌ဆောင် နေရသလို ကြီးကျယ်ပြနေတဲ့ German သင်္ဘောသားလေး ...


စတဲ့   ဇာတ်ကောင် ၄ယောက်ရယ်၊ ဒုက္ခသည် အဖွဲ့တဖွဲ့ အတူ စစ်ဘေးရှောင်ကြ ရင်း ၊ တစ်ယောက်စီ ရဲ့ အမြင်ကို ရေးထားတယ်။  အပိုင်း ၁ခုစီဟာ မရှည်ဘူး၊ တိုတိုလေး တွေ နဲ့ ဇာတ်ကောင်တခုစီရဲ့ အဖြစ်အပျက် တွေကို ချိတ်ဆက် ထားတယ် ။


စစ်‌ဘေးဒုက္ခသည်တွေကို  ဘေးလွတ်ရာ ဒေသကို ရွှေ့ပေးတဲ့ ဂျာမန် တွေရဲ့ The Wilhelm Gustloff သင်္ဘောပေါ်ကို လူတိုင်း တက်ခွင့်မရှိဘူး ။ ခွင့်ပြုချက် စာရွက်စာတမ်းတွေ လိုတယ် ။ အဲ့အတွက် တချို့က အတုတွေ လုပ်ကြတယ် ။ စိစစ်ထားပြီး စာရွက်စာတမ်း ပါတဲ့သူမှ တက်လို့ရတာ ။



အဲ့တော့  ဒီထဲက လူစုထဲက တချို့ကစာရွက် စာတမ်း လုပ်ပြီးသား ၊ဒီထဲက ကိုယ်ဝန်ကြီး နဲ့ Prussia ကောင်မလေးသာ စာရွက်စာတမ်းမပါတော့၊ သူတို့လိုပဲ စစ်ဘေးရှောင်ရင်း လမ်းမှာ အေးခဲသေသွားတဲ့ အမျိုးသမီးတစ်ယောက်ဆီက မှတ်တမ်းစာရွက်နဲ့  ရုပ်ချင်းဆင်သလို လုပ်ပြီး သင်္ဘောပေါ်တက်ခွင့်ရဖို့ ကြံရဖန်ရတယ် ။ သူတို့ အားလုံးဟာ အသက်ဆက်ရှင် ဖို့အတွက် သင်္ဘောပေါ် တက် ခွင့်ရဖို့ ။


သင်္ဘောပေါ်တက်ခွင့်ရတဲ့ လူတွေကလည်း မိသားစုနဲ့ ပြန်ဆုံဖို့၊အသက်ရှင်လွတ်မြောက်ဖို့ မျှော်လင့်ချက် ကိုယ်စီနဲ့ ။


ဂျာမန်တွေရဲ့ ကယ်ဆယ်ရေး "The Wilhelm Gustloff" ဟာ ဒုက္ခသည် များများတင်နိုင်ဖို့ ဇိမ်ခံသင်္ဘောပေါ်က ပရိဘောဂတွေ အဆောင်အယောင်တွေ ဖယ်၊ ရေကူးကန်ထဲကရေတွေပါ စုပ်ထုတ်ပစ်လိုက်တယ် ။ 


သင်္ဘောပေါ်ကို သတ်မှတ်ထားတဲ့ လူဦးရေထက် အဆများစွာ တင်ခဲ့တယ် ။ တကယ်လို့များ  Soviet ရဲ့  Torpedoes သာ လာခဲ့ရင်  zig zag တောင် ရှောင်လို့မရနိုင်တဲ့ လူပမာဏ တင်လာခဲ့တယ် ။



🚫Spoiler Alert 🚫

🚫 Spoiler Ahead🚫


ဒါပေမယ့် Baltic Sea အောက် မှာ  ဆိုဗီယက် ရေငုပ်သင်္ဘာက ရှိနေတယ် ဆိုတာ သ‌င်္ဘောပေါ်က ဒုက္ခသည်တွေ မသိခဲ့ကြဘူး။  


အဲ့ဒီ ဆိုဗီယက် ရေငုပ်သင်္ဘောက ပစ်လိုက်တဲ့  torpedoes ၃ ခုဟာ The Wilhelm Gustloff ကိုထိမှန်ပြီး  ဇန်နဝါရီ၊ ၃၀၊ ၁၉၄၅ မှာ....


📌လူပေါင်း ၉၅၀၀ကျော်၊( အဲ့ထဲက ၅၀၀၀ကျော်ဟာ ကလေးတွေ)  ၊ အများစုက အမျိုးသမီးတွေ၊ ကလေးတွေ၊   ၊ တနာရီအတွင်း နစ်မြုပ်အသက်ဆုံးရှုံးခဲ့ရတယ်။ ၁၀၀၀ ကျော်လေးကိုပဲအသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့

တယ် ။


📌 Titanic  သင်္ဘော မြုပ်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ လူဦးရေထက်  ၆ဆ လောက် ပိုခဲ့တယ် ။ ဒါပေမယ့်

Titanic လောက် လူသိပ်မသိခဲ့ကြဘူး ။  လူနည်းစုသာ သိခဲ့ကြတယ်။


The Wilhelm Gustloff (သို့) The Ghost Ship မှာ သေဆုံးသွားခဲ့တဲ့ ၉၅၀၀ကျော်အတွက် အမှတ်ရစေဖို့

Ruta Sepetys က သူ့ရဲ့ Salt To The Sea စာအုပ်မှာ  Historical Fiction အဖြစ် ပြောင်းလဲရေးသားထားတယ်။


ဒီစာအုပ်Audiobook က တော်တော်လေး ကောင်းတယ် ။နောက်ဆုံးခန်းနားနီးလေ၊ ရင်ထဲ မကောင်းလေပဲ ။ ဒီထဲမှာ  Emilia ကို အရမ်းသနားတယ် ။

 🚫 Spoiler Alert 🚫

 🚫 Spoiler Ahead 🚫

 

Emilia ရဲ့ကိုယ်ဝန်ဟာလည်း  ရုရှားတပ်တွေ ၊"ပိုလန်" ထဲ ဝင်လာတော့ ရုရှားစစ်သားတွေက ပစ္စည်းတွေ၊ခိုးတယ်၊ယူတယ်။ အဲ့ထဲကတစ်ယောက်က မိန်းမ ပျော်ပါးချင်တယ်။


Emilia နေတဲ့ အိမ်က မိသားစုက  သူ့သမီးကို ရုရှားစစ်သား က မျက်စိကျနေတုန်း "သူ့သမီးထက်လှတဲ့ မိန်းကလေးရှိပါတယ်၊ သူ့သမီးတော့ မလုပ်ပါနဲ့ " ဆိုပြီး Emilia ကို ရုရှားစစ်သားဆီ ထိုးကျွေးလိုက်တယ်။ 


အသက် ၁၅ နှစ်ငယ်ငယ်ရွယ်ရွယ်နဲ့  ကိုယ်ဝန်ရ တယ်။ စစ်ဘေးရှောင်နေရတဲ့အချိန်မှာ ကိုယ်ဝန်ကြီးနဲ့ ။ Emilia ဟာ စိတ်ဒဏ်ရာရသွားတာကြောင့် ဒီကိုယ်ဝန်ဟာ တကယ်မရှိတဲ့ သူ့ရည်းစား (....) နဲ့ ရတာလို့ အမြဲ စိတ်ထဲ သွင်းနေတယ်။ တကယ်က Emilia ဟာရည်းစားမရှိတဲ့ နုနုထွတ်ထွတ်လေး။ ကိုယ်ဝန် လွယ်ပြီး စစ်ဘေးဒုက္ခသည် ၊ စစ်ရဲ့သားကောင် ဖြစ်ရတယ်။  နောက်ဆုံးထိ Emilia ကံမကောင်းခဲ့ရှာ ဘူး ။ 


🛳️🚢 အခုလ ဖတ်တဲ့စာအုပ်ထဲမှာ ကြိုက်မိတဲ့ စာအုပ်တအုပ်အနေနဲ့ ပါတယ် ။


📕📕 Ruta Sepetys ကို ကြိုက်သွားလို့ သူ့စာအုပ် တွေ ထပ်ဖတ်ဦးမယ် ။


🚢🛳စာရေးဆရာပြောပြတဲ့ The Wilhelm Gustloff (သို့) The Ghost Ship ဒီစာအုပ်နောက်ခံနဲ့ ရေးဖြစ်တဲ့အကြောင်း ။

📕 https://youtu.be/C8sROvInDBk


📕The Wilhelm Gustloff အမှတ်တရ website 

https://www.wilhelmgustloffmuseum.com/post_wwii_publications


#Salt_To_The_Sea by Ruta Sepetys

#AudioBook_Review by Bookish In Fiction Land 

18, April, 2022 

No comments: