One True Love by Taylor Jenkins Raid
📕 Romance
❤အချစ်ဝတ္ထု တောင်းဆိုထားသူတွေအတွက်
Romance ထဲမှာ Seven Husbands of Evelyn Hugo ရေးတဲ့ Taylor Jenkins Raid ရဲ့ အရေးအသားကို သဘောကျတယ် ။ ( Evelyn Hugo စာအုပ် review လည်း ရေးထားတာ ရှိတယ်နော် ) ။
❤️........ဇာတ်လမ်းအကျဉ်း .......❤️
Emma Blair ဆိုတဲ့ မိန်းကလေးဟာ အသက် ၂၀ ဝန်းကျင် မှာပဲ ကျောင်းတုန်းက အချစ်ဦး Jesse နဲ့ လက်ထပ်လိုက်တယ်။ Emmaဟာ သူဝါသနာမပါတဲ့
Massachusetts က မိဘဖြစ်သူရဲ့ စာအုပ်ဆိုင်မှာ အလုပ်မလုပ်တော့ပဲ အချစ်ဦး Jesse နဲ့ နှစ်ကိုယ်တူ ဘဝတည်ထောင်ပြီး သူ့ဘဝမှာ လုပ်ချင်တဲ့ အရာတွေ လုပ်၊ ကမ္ဘာအနှံ့ စွန့်စားခန်းတွေထွက် ခဲ့တယ်။
Jesse ကရေကူးသမား၊ တနေ့ ပြိုင်ပွဲအတွက် Jesseနဲ့ အတူ လူ၃ယောက် ဟယ်လီကော်ပတာ နဲ့ အသွား၊ ပစိဖိတ် သမုဒ္ဒရာ အလယ်မှာ Jesse တို့ ရဟတ်ယာဉ် ပျောက်သွားခဲ့တယ်။ အဲဒီ့နေ့က Jesse နဲ့ Emma တို့ရဲ့ ပထမ မင်္ဂလာနှစ်ပတ်လည်နေ့။
ကယ်ဆယ်ရေးတွေ လိုက်ရှာပေမယ့် မတွေ့ခဲ့ဘူး။
အစရှာမရ ပျောက်ဆုံးသွားခဲ့တယ် ။
ဒီလိုနဲ့ Jesse သေဆုံးသွားပြီဆိုတာ Emma လက်ခံဖို့ ၊ ရှေ့ဆက်ဖို့သူ့အသိုင်းအဝိုင်းက တိုက်တွန်းကြတယ်။ ကျောင်းမှာကတည်းက Jesse ကလူချော လူခန့် လူကြိုက်များသူ ဖြစ်တဲ့အပြင် အချစ်ဦးမို့ Jesse ကို Emma က အရမ်းချစ်တာ ။
သေမလားရှင်မလားမသိ Jesse ပျောက်ဆုံးသွားတော့ Emma ဟာ ဆောက်တည်ရာမရာဖြစ်ပြီး လဲကျမတက် ဖြစ်ခဲ့ရတယ်။ မဖြစ်နိုင်မှန်း သိပေမယ့် ဘယ်လောက် တောင် ရူးသွပ်ခဲ့လဲဆိုရင် Emma ဟာ ခေါင်မိုးထပ်ကနေ ပင်လယ်ဘက်ကို မှန်ပြောင်းနဲ့ နေ့တိုင်းကြည့်ပြီး Jesseသူ့ဆီကို များ ကူးခတ်လာမလား မျှော်လင့်ချက်နဲ့ အမြဲရှာတာ ။
တနေ့တော့ Emma ရဲ့ညီမက Emma ဒီလို ဖြစ်နေတာကို မကြည့်နိုင်တော့ဘူး။ Jesse သေဆုံးသွားတယ်ဆိုတာ လက်ခံပြီး ရှေ့ဆက်ဖို့ Emma ကို နားချတယ်။
အချစ်ဦးမို့ Emmaဟာ Jesseကို တနေ့မှ မေ့မရတဲ့အပြင် သတိရတိုင်း Jesse ကို လွမ်းဆွတ်ကြောင်း စာတွေ အမြဲ ရေးထားတယ်။
Emma က အလုပ်က Travel Blogger လားမသိ( သေချာ မမှတ်မိတော့လို့ 😁) Emma ဟာ သူ့ အလုပ်က ထွက်ပြီး မိဘတွေရဲ့ စာအုပ်ဆိုင်ကို ပြန်ဦးစီးလုပ်ခဲ့တယ်။
နောက်ပိုင်းတော့ ကျောင်းတုန်းက ခင်ခဲ့တဲ့ Samနဲ့ ဆိုင်တဆိုင်မှာ ပြန်တွေ့လိုက်တယ်။ Sam ကျောင်းသား ဘဝ က Emma မိဘတွေရဲ့ စာအုပ်ဆိုင်မှာ အလုပ်ဝင်ခဲ့ ဖူးသေးတယ်။ အဲ့ကတည်းက Sam က Emma ကို ကြိုက်နေတာ။ ကျောင်းသားဘဝက ဒိတ်လုပ်ဖို့ တခါပြောခဲ့ပေမယ့် Emmaက လက်မခံခဲ့ဘူး။ Jesseမှ Jesse ဖြစ်နေခဲ့တာ။
အခု အသက်၃၀ ဝန်းကျင် Samနဲ့ စန္ဒယား ဆိုင်မှာ တခါ ပြန်တွေ့တော့ Sam က လူချော ၊လူခန့်ကြီး၊ စန္ဒယား တီးသင်ပေးနေတဲ့ ဆရာဖြစ်နေပြီ။ Emma လိုအပ်ရင် စန္ဒယားတီးသင်ပေးမယ့်အကြောင်း Samက ပြောတော့ Emma ကလည်း လက်ခံလိုက်တယ်၊ နောက်တော့ တဆင့်တက် ဒိတ် ကြတယ်။
နောက် Sam နဲ့Emma စေ့စပ်လိုက်ကြတယ်။
Jesse ပျောက်ဆုံးသွားတာလည်း ၂နှစ်ကျော် ၃နှစ်နီးပါး ရှိပြီကိုး။
What happens if your true love dies and you get the chance to have another true love, do you forget your past and step into the future ?
Emma တစ်ယောက် Jesse မရှိတော့တဲ့နောက်ပိုင်း ပျောက်ဆုံးသွားတဲ့ ပျော်ရွှင်မှု့တွေကို Sam နဲ့မှ ပြန်ရ ပျော်ရွှင်ခံစားနေတုန်းရှိသေး....
တနေ့ Jesse ကိုပြန်ရှာတွေ့ပြီ ဆိုတဲ့ သတင်း ရလာတယ်။ Jesse လေယာဉ်နဲ့ ပြန်လာနေပြီဆိုတာ..
Sam ကတော့ ဒီသတင်းကိုကြားပြီး သူ့အတွက် ထည့်မစဉ်းစားဖို့ သူထွက်သွားဆိုလည်း ထွက်သွားပေမယ့် အကြောင်း Emmaကို ပြောတယ်။ Sam ဟာ Emmaကို ချစ်တဲ့အတွက် အမြဲ သဘောထားကြီးတယ်။ အမြအသည်းကွဲခံတယ်။
Emmaတစ်ယောက် Jesse မိသားစုနဲ့အတူ Jesse ကို လေဆိပ်သွားကြိုတယ်။ Jesse ကလည်း သမုဒ္ဒရာထဲက ဘယ်ကျွန်းမှာ ကယ်သူမဲ့ ခက်ခဲစွာ ဘယ်လို ရှင်သန်ခဲ့ရ တယ်ဆိုတဲ့အကြောင်း၊ Jesseရဲ့ လက်တဖက်... 😢
Jesse နဲ့ပြန်တွေ့တဲ့အခါ Emma ဟာ ပြောင်းလဲနေပြီ။အရင် Jessie သိတဲ့ Emma ဆိုတဲ့ မိန်းကလေးဟာ California မှာနေချင်တယ်၊ မိဘတွေရဲ့ စာအုပ်ဆိုင်မှာ မလုပ်ချင်ဘူး ။ သူက ကမ္ဘာအနှံ့၊ စွန့်စားခန်း ထွက်ရတာ မျိုးကို လိုချင်သ၊ူ piano notes ဆိုတာ ဘာမှန်းမသိ Long brown hair နဲ့ Jessie တစ်ယောက်တည်းကိုပဲ ချစ်ခဲ့တဲ့သူ။ အခုတော့ short blond hair နဲ့ piano အတီးသင်ပြီး၊ မိဘစာအုပ်ဆိုင်မှာ လုပ်ရတာ နှစ်သက် နေသူ ဖြစ်နေပြီ ၊ စေ့စပ်ထားသူလည်း ရှိနေပြီ ၊အများကြီးပြောင်းလဲသွားပြီ။
နှစ်ယောက်စလုံးကိုလည်း ချစ်တယ်၊ နှစ်ယောက်စလုံးက လည်း ချစ်နေတဲ့အခါ ....
သေသွားပြီးလို့ယူဆခဲ့တဲ့ Husband နဲ့ Fiance ကြား
Emma တစ်ယောက် ဘယ်သူ့ကို ရွေးချယ်မလဲ။
Who is her One True Love ?
What does it mean to love truly ?
📌 My P.O.V
📌Jesse ပြန်ပေါ်လာပြီးတဲ့နောက်ပိုင်း Emmaရဲ့ တွေဝေနေတဲ့ character အားနည်းချက် တခုပဲ အပြစ် ပြောစရာရှိတယ်။
ကျန်တာတော့ အချစ်ဝတ္ထုထဲမှာ ဇာတ်လမ်း မဆိုးဘူး။ အရေးအသားကောင်းတယ်။တချို့စာသားလေးတွေ ကောင်းတယ်။ ဒီစာအုပ် AudioBook ကလည်း တော်တော် နားထောင် လို့ ကောင်းတယ်။
#One_True_Love by Taylor Jenkins Raid
22. Feb. 2022
#AudioBook_Review by Bookish In Fiction Land
No comments:
Post a Comment