Monday, September 5, 2022

My Brilliant Life by Ae Ran Kim

 My Brilliant Life by Ae Ran Kim

Translated by Chi Young Kim


ဒီ ကိုရီးယား ဝတ္ထု မှာ  အသက် ၂နှစ်လောက်စပြီး Progeria ခံစား နေရတဲ့ Areum ဆိုတဲ့ ကောင်လေး 

တစ်ယောက် နဲ့ သူ့မိဘနှစ်ယောက် ရဲ့  အကြောင်း ။


Areum ဟာ ပုံမှန် အသက်အရွယ်နဲ့မလိုက်အောင်

ကြီးပြင်းမှု့နှုန်းမြန်နေတာ။  Areum ရဲ့ အသက်၁၆နှစ်ဟာ ၈၀‌ကျော် အဘိုးကြီး ရုပ်ရည်လိုဖြစ်နေတာမျိုး။


ဒီရောဂါဟာ ဖြစ်ခဲပေမယ့်  တကယ်လည်း အပြင်‌

လောကမှာ ဖြစ်နေကြဆဲဖြစ်တဲ့ရောဂါ တမျိုး။


 Progeria( Progeroid syndromes are a group of diseases that cause victims to age faster than usual, leading to them appearing older than they are. Patients born with progeria typically live to an age of mid-teens to early twenties.


ဒီစာအုပ်ဟာ မူရင်းဘာသာစကား နဲ့ ကိုရီယားမှာ ၂၀၁၁ တုန်းကထွက်ခဲ့တယ်။ ၂၀၁၄ မှာတော့ Song Hye Kyo က Areum ရဲ့ အမေနေရာ (Mira) မှာ သရုပ်ဆောင်ထားတဲ့ movie ထွက်ခဲ့တယ်။  



စာအုပ်ထဲမှာတော့ Areum ရဲ့ ခံစားချက်တွေနဲ့  တခြားအချက်တွေ ပိုစုံတယ်။ 


အင်္ဂလိပ် လို စာအုပ် ဘာသာပြန် က 2021 Jan (သို့ ) Feb  ကမှ ထွက်ခဲ့တာ ။ ဘာသာပြန်တဲ့ Chi Young Kim ကလည်း ကိုရီးယား နာမည်ကြီး စာအုပ်တော်တော်များများ ပြန်ခဲ့ဖူးတယ်။

 

Areum ဟာ ကျောင်းမတက်ရဘူး။ သူ့အသက် ၁၆နှစ်ပြည့်ပြီးတဲ့ အချိန် ၊ အသက် ၁၇နှစ်အတွက် အသက်ရှင်ဖို့ မသေချာတဲ့အချိန်မှာ သူ့မိဘတွေအတွက် အမှတ်တရအနေနဲ့ တခုခုချန်ခဲ့ချင်လို့ ဝတ္ထုသဘောမျိုး ရေးခဲ့တယ်။


Areumရဲ့ မိဘတွေဟာ အသက်၁၆နှစ်အရွယ် ကျောင်းသား ဘဝမှာတင် အမှတ်မထင် ကိုယ်ဝန်ရပြီး အခက်အခဲတွေ၊ ဒုက္ခတွေ၊ ဝေဖန်အပြစ်တင်မှု့တွေကြားထဲက Areum ကို မွေးဖွားလာခဲ့တယ်။ 



မွေးလာမယ့် သားလေးကို မျိုးစုံ  စိတ်ကူးယဉ်ခဲ့ကြပေမယ့် Areum ၂ နှစ်သား မှာတင် Progeria ရောဂါ ခံစားနေရတာကို သိလာခဲ့တယ် ။

 

လူငယ် မိဘဖြစ်ပေမယ့် ဒီလိုရောဂါအခြေအနေနဲ့ မွေးလာတဲ့ သားဖြစ်သူကို ၁၆နှစ်အရွယ်ထိ ရောက်အောင် ကြံ့ကြံ့ခိုင်ပြီးတော့ ဂရုစိုက် စောင့်ရှောက် လာခဲ့ကြတယ်။


Areum ဟာ ရောဂါကြောင့် ကျောင်းမနေရ၊

မိဘဖြစ်သူတွေကို ငွေတွေ၊ ဘွဲ့တွေ မပေးနိုင်တော့ သူ့အသက် ၁၇နှစ်မှာ သူ့ကို စောင့်ရှောက်လာခဲ့တဲ့ မိဘနှစ်ပါးရဲ့အကြောင်းကိုရေးပြီးတော့ နောက်ဆုံး လက်ဆောင်အနေနဲ့ ပေးခဲ့ချင်တယ်။


Areum ဟာ  ရောဂါကြောင့် ကျောင်းမနေရပေမယ့် စာ အရမ်းဖတ်တယ်။ စာဖတ်ရတာ ကြိုက်တယ်။ သူဖတ်သမျှကိုလည်း သူ့အဖေနဲ့ အမေက အမြဲ ဘာတွေဖတ်လဲမေးပြီး၊Areum ကောင်းတယ်လို့ ပြောတဲ့စာအုပ်တွေကို သူတို့လည်းလိုက်ဖတ်တယ်။ Areum ဟာ သူ့ကို computer ဝယ်ပေးဖို့တောင်းဆိုတယ်။ အဲ့ဒါနဲ့ပဲ စာတွေရေးတယ်။ 


Areum မှာ အိမ်နီးချင်း အဘိုးကြီးတစ်ယောက်ဖြစ်တဲ့ Grandpa Jang နဲ့ မိတ်ဆွေလုပ်ပြီး စကားတွေ အများကြီးပြောသလို Areum က သူသိချင်တဲ့  မေးခွန်းတွေ အများကြီးမေးတယ်။ အရွယ်မတူတဲ့ သူတို့ရဲ့ ခင်မင်မှု့ဟာလည်း အရမ်းချစ်ဖို့ကောင်းတယ်။


Areum ဟာ အသက် ၁၆နှစ်ပြည့်ပြီးရုံပဲ ရှိပေမယ့် ရောဂါကြောင့် အပြင်ရုပ်ရည်ကတော့  အဘိုးကြီးပေါက်စလို ဖြစ်နေပြီ ။


ဒီလိုနဲ့ Areum ရဲ့ ရောဂါဟာ တဖြည်းဖြည်းနဲ့ ဆိုးလာတယ်။ ပထမ မျက်စိတဖက် မမြင်ရတော့ဘူး။ အဲ့တော့ ဆေးရုံသွား တက်ရပြန်တယ်။ နှစ်ရှည် ဆေးကုလာရတော့ မိဘတွေလည်း ဆေးဖိုး အတွက် အခက်အခဲ ဖြစ်လာကြတယ်။  


တနေ့ တီဗီ အစီအစဉ် တခုကနေ Areumတို့ မိသားစုကို အင်တာဗျုး လုပ်ပေးပြီး ဆေးဖိုး အလှုရှင် ရှာပေးဖို့ ကူညီပေးတယ်။


အဲ့ဒီ ပရိုဂရမ်က အစီစဉ် တင်ဆက်သူဟာ Areum အမေ Mira ရဲ့ ကျောင်းနေဖက် သူငယ်ချင်း။


သူ့တို့ မိသားစု အင်တာဗျုးဟာ လူသိများလာပြီး ဆေးဖိုး အထောက်အပံ့တွေလည်း ရသလို  Areum ဆီကို အားပေး စကားပြောကြတဲ့ email တွေအများကြီးလည်းရောက်လာတယ်။ 


အဲ့ဒီ့ email တွေထဲကမှ Lee Seoha လို့ သူ့ကိုယ်သူ ပြောလာတဲ့မိန်းကလေးတစ်ယောက်နဲ့ အချိန်ကြာကြာ email ပို့ပြီး Lee Seoha နဲ့ Areum ဟာ ရင်းနှီး သံယောဇဉ် တွယ်လာခဲ့တယ်။


Lee Seoha ဟာ ၁၆နှစ်အရွယ်၊ ဆေးရုံတက်ပြီး ရောဂါခံစားနေရတယ် လို့ ဆိုတယ်။ ဒါပေမယ့် တကယ့် Lee Seoha ရဲ့ သရုပ်မှန်က ၁၆နှစ် (?..........?) (Lee Seoha လို့ နာမည်ခံထားသူက ) သူ့ရည်ရွယ်ချက် ကိုယ်ကျိုးတခုအတွက် Areum ရဲ့ ခံစားချက် အချစ်ကို အသုံးချခဲ့တယ်။


အဲ့အခန်းမှာ Areum အရမ်းသနားဖို့ကောင်းတယ်။  ရောဂါခံစားနေရတဲ့အပြင် အလိမ်ခံရတော့ ဆယ်ကျော်သက်အရွယ်အလေးမှာ အသဲပါကွဲ ။ 


ဆေးရုံပေါ်မှာစိတ်ညစ်ညစ်နဲ့တဖက်ပဲမြင်ရတော့တဲ့ မျက်လုံးနဲ့ ဂိမ်းထပ်‌ဆော့ ၊စာအုပ်တွေအများကြီး ဖတ်၊ မိဘတွေကတော့ Areum မျက်လုံးကို သိပ်အသုံးမချစေချင်ဘူး။ 


ဒါပေမယ့်Areumက သူ့မျက်လုံးမြင်နေရတုန်း ဖတ်ချင်တာလေးတွေ ဖတ်သွားခဲ့ချင်၊ လုပ်ချင်တာလေးတွေ 

လုပ်ခဲ့ချင်တာ ။ 


ဒီလိုနဲ့  Areum မျက်လုံး နောက်တဖက်ကွယ်ခဲ့တယ်။  ဘာမှမမြင်ရပေမယ့် သူ့အဖေကို အကူအညီနဲ့ မေးလ်တွေဘာတွေပို့တယ်။


 မိဘနှစ်ပါးလုံးနဲ့ အခင်ဆုံးသူငယ်ချင်းတစ်ယောက်က Lee Seoha  ဘယ်သူ လဲဆိုတာ  သိသွားကြတယ် ။ Areum  စိတ်ထိခိုက်သွားမှာစိုးလို့ မပြောကြပေမယ့်  Areum ကိုယ်တိုင်ကလည်း Lee Seoha ဘယ်သူဆိုတာ သိလိုက်တယ် ။ 


တနေ့တော့ ဆေးရုံမှာ Areum မျက်စိနှစ်ဖက်လုံး  မမြင်တော့ တဲ့အချိန်မှာ  သူ့အခန်းကို အခန်းမှားဝင်သလိုနဲ့ သူ့အနားမှာ လူတစ်ယောက် ရောက်လာပြီး အခန်းမှားသလိုနဲ့ ဘာအကြောင်းမှာမပြောပဲ စိတ်မကောင်းတဲ့အသံ၊ ရှိုက်သံနဲ့ တောင်းပန်သွားတယ်။  Areum သိလိုက်တယ် ဒါဟာ (Lee Seoha ဆိုတဲ့ သူ )။


Areum ရဲ့ရောဂါအခြေအနေဟာ တဖြည်းဖြည်းဆိုးဝါးလာခဲ့တယ်။  ဇာတ်သိမ်းဘာဖြစ်မလဲဆိုတာ ခန့်မှန်းလို့ လွယ်ပါတယ်။


အရှေ့တိုင်း ဝတ္ထုတွေရဲ့ ထုံးစံအတိုင်းCharacter ကို ဦးစားပေးတယ်။ ဒါပေမယ့် ဒီစာအုပ်မှာ ဇာတ်လမ်းလေးလည်း မဆိုးဘူး ကောင်းတယ်။ 


ဒီခေတ်ကြီးထဲမှာ  သာမန် ကလေးတစ်ယောက်ကိုတောင် ကြီးပြင်းအောင်  မွေးဖို့မလွယ်ဘူး။  သူတို့ကလေး ဟာရောဂါကြောင့် အမြဲ ဆေးရုံနဲ့ ကူးသန်းခတ်နေရ ၊ အသက်ရှည်ရှည်မနေရဘူး ဆိုတာ သိပေမယ့် စိတ်မလျှော့ပဲအခက်အခဲ ကြားထဲကနေ မိသားစုလေး ပျော်အောင်ကြံဖန်နေခဲ့ကြတယ် ။


Areum မိဘနှစ်ပါးဟာ အသက် ၁၆နှစ်အရွယ် မှာ ကိုယ်ဝန်ရပြီး Areum အသက်၂အရွယ် အရွယ် မှာ ရောဂါဆိုးကြီးခံစားနေရတာဆိုတာ သိခဲ့ပေမယ့် စွန့်မပြစ်ခဲ့ဘူး ။ စီးပွားရေး အဆင်မပြေတဲ့ကြားထဲက Areum အပေါ် နွေးထွေးတဲ့ မေတ္တာတွေ အများကြီးပေးခဲ့တယ်။ 


ဒီစာအုပ်ဖတ်ပြီး ရင်ထဲနွေးရတယ်။

စာအုပ်ဖတ်ရတာထက် အလုပ်လုပ်ရင်း Audiobook နားထောင်ရင်း ပြီးသွားတယ်။  ဒီ Audiobook က အသံတွေကလည်း အသံနဲ့ ရုပ်ရှင်ကြည့်နေရသလိုပါပဲ ။ ကောင်းတယ်။


Note 🔷 🔷 ကိုယ်တွေဆီမှာ ကလေးခြေစုံလက်စုံ ရောဂါမပါ ၊ အကောင်းအတိုင်း မွေးလာတာတောင်  

တာဝန်မယူ၊ ကလေးတွေ ကို  စွန့်ပစ်နေကြတဲ့ မိန်းမတွေ၊ ယောကျာ်းတွေ၊ ဒီဝတ္ထုထဲက Areum ရဲ့ မိဘတွေကိုကြည့်ပြီး ရှက်သင့်တယ်။


My Brilliant Life by Ae Ran Kim

Translated by Chi Young Kim

⭐⭐⭐⭐ 4 Star

#Audiobook_Review_by Hnin Yi Pwint

Nov 17. 2021


E-book 📕

https://t.me/mobi_epub_ebook_and_Movie/1741?single


Movie

https://youtu.be/uWCN8RwbrVw

No comments: