The Unhoneymooners by Christina Lauren
💛 enemies to lovers trope 💛
Me after reading this book : Can some romantic shit to me already ...Damn !
ဒီစာအုပ်က ကိုယ့်ဆီမှာ သောင်တင်နေတာ ၁နှစ်ပြည့်ပါပြီ။ စာအုပ်ပုံ ရိုက်ပြထားပေမယ့် အလုပ်လုပ်ရင်း ဖတ်ရ တာဆိုတော့ စာအုပ် တခါပဲကိုင်လိုက်ရပြီး Audiobook နားထောင်ရင်းပဲ ပြီးသွားပါတယ်။
💛
အမှန်ပြောရရင် Romance က ကိုယ်ဖတ်နေကျ လိုင်း မဟုတ်ပါ။ Romance/Drama သီးသန့် ဆို ဖတ်ဖို့ စိတ်
မရှည်ပါဘူး။ဒီစာအုပ်ဟာ Romance /Comedy မို့ ဖတ်တာပါ ။
💛
"ရိုမန့်တစ်" ဖြစ်တာ ကြိုက်ပေမယ့် စာအုပ်ဖတ်နေရင်း အထဲက ဇာတ်ကောင်တွေက ရိုမန့်ဆန်ပြတာတွေ ၊ကောက်နေတာတွေ ၊အဆင်ပြေတာတွေ၊မပြေတာတွေကို စိတ်ရှည်လက်ရှည် မဖတ်ချင်တာပါ။
💛
Audiobook နားထောင်တော့ ဇာတ်လမ်း စစချင်း ပေါက်ကရတလွဲတွေဖြစ်ပြီး၊ တော်တော်လေးသွက်ပြီး ရယ်ရပါတယ်။ အလယ်ပိုင်းကျ သူတို့ပြောတာတွေ စိတ်မရှည်လို့ တခြားစာအုပ် ပြောင်း နားထောင်မယ် စိတ်ကူးခဲ့ပေမယ့် တဝက်ရောက်နေပြီ မို့ ဆက်နားထောင်လိုက်တာ မှန်သွားပါတယ်။
💛
ဒီစာအုပ်ဟာ စိတ်ကိုပျော်ရွှင်စေပါတယ်။
💛
စာအုပ်ဖတ်သည်ဖြစ်စေ၊ Audiobook နားထောင်သည်ဖြစ်စေ၊ ဒီစာအုပ် ဖတ်နေရင်း သင် ပြုံးနေ ရမယ့် အချိန်တွေ များပါလိမ့်မယ်။
💛
တချို့ အခန်းတွေဆို တစ်ယောက်တည်း အူတက် ရယ်နေရပါလိမ့်မယ်။
🟥 Spoiler Alert 🟥
🟥ဇာတ်လမ်း အကြောင်း Spoiler တွေပါပါတယ် ။🟥
✍️✍️✍️ ဇာတ်လမ်းအကျဉ်း✍️✍️✍️
Olive နဲ့ Ami ဆိုတဲ့ အမွှာ ညီအမ နှစ်ယောက်ရှိတယ်။ အမွှာသာ ဆိုတယ်၊ ကံတရားက ဆန့်ကျင်ဖက်ပါပဲ ။ Amiက အချစ်ရေး အလုပ်ကအစ ယုံကြည်မှု့အပြည့်နဲ့ အရာရာ ကံကောင်းသလောက်၊ Oliveကတော့ တကယ့်ဆန့်ကျင်ဘက် အချစ်ရေးကအစ အလုပ်အဆုံး
ကံ မကောင်းသူပါ။
💛
တနေ့ Amiက သူ့ချစ်သူ နဲ့ မင်္ဂလာပွဲ ကျင်းပနေတုန်းမှာ မင်္ဂလာပွဲ လာတဲ့သူတွေရော သတို့သား သတို့သမီးရော ပင်လယ်စာတွေ အဝစား၊ ဝမ်းလျောကြပြီး အစာအဆိပ်သင့်သွားကြပါတယ်။
💛
Honeymoonအတွက် ရတဲ့ raffle ticket ကလည်း အချိန်ရွှေ့လို့မရဘူး၊ပြောင်းလို့မရဘူး။
မင်္ဂလာဆောင် တခုလုံးမှာ အစာအဆိပ်သင့်တဲ့ ဒဏ်က လွတ်တာ သတို့သမီးရဲ့ အမွှာဖြစ်တဲ့ Olive နဲ့ သတို့သားရဲ့ အကိုဖြစ်တဲ့ Ethan နှစ်ယောက်ပဲ။
💛
အစာအဆိပ်သင့်ပြီး ဝမ်းလျှောနေကြတဲ့ သတို့သမီးAmi က Hawaiiက ကျွန်းကို ၁၀ရက် သွားရမယ့် ဟန်းနီးမွန်း လက်မှတ်ကို အဆုံးမခံချင်တာနဲ့ သူ့အမွှာ Olive နဲ့ သတို့သားရဲ့ အကိုဖြစ်တဲ့ Ethan ကို လက်ထပ်ပြီးခါစ စုံတွဲဟန်ဆောင်ပြီး သွားခိုင်းတော့တာပဲ။
💛
Ethan နဲ့ Olive ဆိုတာဟာလည်း တစ်ယောက်နဲ့ တစ်ယောက် အမြင်မကြည် ၊ရန်ဘက်နှစ်ယောက်။
Olive က အဆိုးမြင် ဝါဒီသမားအမြဲ သူများအပေါ်ကို
မကောင်းတဲ့အမြင်ကကြည့်တက်တယ်လို့ အထင်ခံရတဲ့သူ။
Olive က Ethan ကိုမကောင်းမြင်ပေမယ့်တကယ်တမ်း ခရီးသွားကြည့်တော့ Ethanဟာ သူထင်သလိုမျိုး
မဟုတ်တာ သိလာတယ်။
💛
စုံတွဲလို ဟန်ဆောင်ပြီး အပန်းဖြေခရီး ကိုရောက် အခန်းလု၊ Hotel က Spa ကို ရောက်ပြီး ဇိမ်ယူနေတုန်း Olive အင်တာဗျုးဖြေရမယ့် အလုပ်ရှင်နဲ့ ပက်ပင်းတိုးပြန်တယ်။
💛
အဲ့ဒီအချိန်မှာပဲ ဟိုတယ်ကTherapist အမျိုး သမီးက
လာနှူတ်ဆက်တဲ့အခါ အလိမ်မပေါ်အောင် ၊ ဟိုတယ်က နှင်ထုတ်မခံရအောင် အခုမှ အိမ်ထောင်ကျပြီး ထွက်တဲ့ပုံစံ ဆက်ဟန်ဆောင်ရပြန်တယ်။
💛
Olive အင်တာဗျုးဖြေရမယ့် အလုပ်ရှင်က သူတို့ မင်္ဂလာနှစ်ပတ်လည်အတွက် ဒီရောက်နေတာဖြစ်ကြောင်း သူတို့နဲ့ ညစာ လစားဖို့ပြော တဲ့အခါ ... ညစာ စားပွဲမှာ အင်တာဗျုး ဖြေရမယ့် အလုပ်ရှင်ရဲ့ဇနီး အမျိုးသမီးက အရွှန်းဖောက်တက်တဲ့ Ethanကို သဘောတွေကျ...
💛
Ethan နဲ့ Olive တို့ နှစ်ယောက်ကလည်းဟန်ဆောင်ပန်ဆောင်နဲ့ ပေါက်ကရတွေ ဆက်ဖြစ်...
ညစာ စားပွဲပြီး နောက်တနေ့မှာ Hotelမှာ Ethan ရဲ့ Ex ကောင်မလေး နဲ့ ထပ်တွေ့ပြန်တော့ တလွဲတွေဖြစ်ပြီး ရယ်ရပြန်တယ်။
💛
အပန်းဖြေခရီးမှာပဲ Ethan နဲ့ Olive နားလည်မှု့တွေရပြီး အဆင်ပြေ သွားကြတယ်။ Oliveက Ethanနဲ့ သူ့ တို့နှစ်ယောက် အဖြစ်အပျက်က မြန်လွန်းလို့ မယုံနိုင်ပေမယ့်
💛
လွန်ခဲ့တဲ့ နှစ်တွေ သူ့ညီDane နဲ့ Ami စတွေ့ ကတည်းက Ethanက Olive ကို သဘောကျပြီး Date ဖို့ကြံတုန်း Dave က Olive မကောင်းကြောင်းပြောပြီး ကဖျက်ကယက်လုပ်ပြီး ဒိတ်မလုပ်ဖို့ တားခဲ့တာ။
💛
ဟန်ဆောင်အတွဲအနေနဲ့ သွားရာကနေ မတည့်အတူနေ
နှစ်ယောက်သား အဆင်တွေပြေ ချစ်ကြိုက်ပြီး အပန်းဖြေ ခရီးက ပြန်လာပြန်တော့ အင်တာဗျုးသွားဖြေတယ်။
💛
Olive အင်တာဗျုး ဖြေရမယ့် အလုပ်ရှင်က လိမ်တာ မကြိုက်တဲ့သူ ။ Oliveကလည်း လိမ်ရမှာ လိပ်ပြာမသန့်တဲ့သူ။
အင်တာဗျုးမှာ ပိုင်ရှင်ကို အပန်းအဖြေခရီး တုန်းက သူ့ အမွှာ ကိုယ်စား ခရီးထွက်ခဲ့ရတဲ့ အခြေအနေတွေ ရှင်းပြပြီးတဲ့နောက် ၊ အခြေအနေတွေကို သမာဓိ အလုပ်ရှင်က လက်ခံပေယ့် သူ့ အရူးလုပ်ခံရတယ်၊ လှည့်စားခဲ့တယ်ဆိုပြီး အလုပ်ဆင်းမယ့် ပထမနေ့မှာပဲ Oliveအလုပ်ဖြုတ်ခံပြန်တယ် ။😆
💛
ကံဆိုးမလေး Oliveသွားလေရာ မိုးလိုက်လို့ရွာဆိုရမလားမသိ၊ Olive ဟာ သူ့အမွှာ Ami ရဲ့ ယောကျာ်း Dane
ကွယ်ရာ မှာ တခြားမိန်းကလေးတွေနဲ့ ဖောက်ပြန်တာ
သိသွားတဲ့အခါ...
💛
Ami ကိုပြောတယ် မယုံဘူး။
Ethan သန့်စင်ခန်းသွားတဲ့အချိန် Daneနဲ့ Olive စကားကတောက်ကဆဖြစ်ပြီး Oliveကို ပါးချမိသွားတယ်။
အဲ့ဒါကို သန့်စင်ခန်းကပြန်လာတဲ့ Ethanက မသိလိုက်ဘူး။ သူ့ညီ Dane ဖောက်ပြန်နေတယ်ဆိုတာရော Olive ပါးချခံရတယ်ဆိုတာရော Oliveပြောပြတာကိုမယုံ၊ပြတ်
မယ်လုပ်ကြ။ အလုပ်ကပြုတ် ၊ ချစ်တဲ့ရည်းစားနဲ့ ပြတ်။
💛
သူ့ညီအမအမွှာ Amiကလည်း Dane ဖောက်ပြန်တယ်၊Olive ပါးချခံရတယ်ဆိုတာလည်းမယုံ။
Ethan နဲ့ Ami က Oliveဟာ ဘာမှ အဖြစ်ရှိအောင်
မလုပ်နိုင်ပဲ Ami ရဲ့ ဖြစ်တည်မှု့တွေ၊ပိုင်ဆိုင်ရတဲ့ အချစ်ရေးတွေကို Oliveဟာ မနာလို ဖြစ်နေတာလို့ ထင်။
အထင်လွဲ ၊ စကားတွေများ၊ပြန်အဆင်ပြေ။
💛
Olive တို့ Mexican Big Family ကြီးက အဖွား ၊ အမေ နဲ့ gay cousin " Diego" တို့ လည်းရယ်ရတယ်။
အလုပ်ပြုတ်တာသိသွားတဲ့ အခါ သူ့အမျိုးဆိုင်မှာ
စားပွဲထိုးအနေနဲ့ အလုပ်သွင်းပေးတယ်။ 😄
💛
အဲ့အချိန်မှာပဲ Olive စားပွဲ ထိုး လုပ်နေတဲ့ ဆိုင်ကို Olive အင်တာဗျုး ဖြေရင်း ပထမနေ့မှပဲ အလုပ်ဖြုတ်လိုက်တဲ့ သမာဓိဘက်တော်သား အလုပ်ရှင်လင်မယား လာစားတဲ့အခါ ....
💛
အလုပ်ရှင် ရဲ့ ဇနီး ဖြစ်သူက Oliveကို အလုပ်ပြန်ပေးဖို့ သူ့ယောကျာ်းကို တိုက်တွန်း... ပြော..
Ethanကလည်း အဲ့ဆိုင်ကို လာစားတာနဲ့ကြုံ။
( အဲ့အခန်းလေးလည်း သိပ်ချစ်ဖို့ကောင်းတယ် )
နောက်ဆုံးခန်းမှာ မြန်မာကား စတိုင်လေး နဲ့ Olive , Ethan ,Dane, တို့ Amiရဲ့ အိမ်မှာ ဆုံမယ့်အချိန်ကိုက်ပြီး သူ့ယောကျာ်း Dane ရှုပ်ထားတဲ့ မိန်းကလေးတွေကို
အိမ်ခေါ် ပြီး ဖြေရှင်းတာလေးတွေ ...
💛
ကံဆိုးသူ Olive ဟာ အရင်လို ကံမဆိုးတော့ပဲ
ချစ်တဲ့ လူချောလေး Ethanနဲ့ ရ ကလေးမွေး၊
အဆင်ပြေ ပျော်ရွှင် ပေါင်းဖက်...
💛
အဆုံးသတ်ရေးထားတဲ့ ဇာတ်သိမ်းလေးလည်း ကောင်းတယ် ။ ဇာတ်လမ်း လည်းသွက်တယ်။
Romance ကြိုက်သူတွေ ဖတ်သင့်တဲ့ စာအုပ်ကောင်း
တအုပ်။
ဒီစာအုပ် ဖတ်ရတာ ၊ Audiobook နားထောင် လိုက်ရတာ ပေါ့ပါ့ပါးပါးနဲ့ ပျော်စရာ အရမ်း ကောင်းတယ်။
စိတ်အမောတွေကို ပျော်ရွှင်စေမယ့် စာအုပ် တအုပ်။ 😁
E book 📙
https://t.me/mobi_epub_ebook_and_Movie/1666?single
The Unhoneymooners by Christina Lauren
#Audiobook_Review by Hnin Yi Pwint
September 8.2021
No comments:
Post a Comment