📕 The Paris Apartment by Lucy Foley
📕 Mystery,Thriller
ဒီစာအုပ်က ၂၀၂၂ ၊ ဖေဖော်ဝါရီ လမှ ထွက်ထားတဲ့ Lucy Foley ရဲ့ အသစ်။ Lucy Foley ရဲ့စာအုပ်တွေဟာ slow paced Thriller တွေ များတယ်။
ဒီမှာရော ၊ နိုင်ငံခြားက စာဖတ်သူ ၊ စာအုပ် review ရေးတဲ့သူတွေ တချို့မှာ bestseller စာရေးဆရာအစွဲပေါ် မူတည်ပြီး အဲ့ စာရေးဆရာ ဘာရေးရေး ကောင်းတယ် ညွှန်းတဲ့သူ တချို့လည်းရှိတယ်။ ဒါပေမယ့် ဒီစာအုပ် ဟာ mix review တွေ ပြည့်နေတဲ့ စာအုပ် ။
......................ဇာတ်လမ်းအကျဉ်း .....................
ဒီစာအုပ်ထဲက ဇာတ်ကောင် Jess ဆိုတဲ့ အမျိုးသမီးဟာ ဘဝကို အသစ်ကပြန်စဖို့ လိုအပ် နေတယ်။ ပိုက်ဆံက ပြတ်၊ တကိုယ်တည်းဖြစ်၊ နေစရာကမရှိ၊ အလုပ်က ထွက်ရ ၊ အဲ့တော့ သူ့အတွက် အသက်ရှုချောင်စေမယ့် လမ်းဟာ ပဲရစ်က Luxury apartment တခုမှာနေတဲ့
"အကိုဝမ်းကွဲ " ဖြစ်သူ Ben ဆီမှာ ခဏသွားနေဖို့ပဲ။
မောင်နှမ ဝမ်းကွဲ နှစ်ယောက် အဆက်အသွယ် သိပ်မရှိကြပေမယ့် အခု Jess လိုအပ်နေတဲ့အချိန်မှာ
Ben ကလည်း မငြင်းဘူး၊ "လာခဲ့ပေါ့ "။
တခုပဲ...ဒီလောက် ဈေးကြီးတဲ့ တိုက်မှာ Benတစ်ယောက် အခန်းဝယ်ဖို့ တက်နိုင်ပါ့မလား....။
Ben က တိုက်ရဲ့ တတိယထပ်မှာနေတယ် ။ တိုက်ရဲ့ ၄ထပ်ထိ နေတဲ့သူ တချို့ရှိတယ် ။ Jess အကိုဝမ်းကွဲ Benဟာလည်း ဒီတိုက်ကို မကြာသေးခင်ကမှ ရောက် လာတာ၊ Ben ရောက်လာတဲ့နေ့စပြီး အဲ့တိုက်မှာနေတဲ့
လူတစ်ယောက်စီရဲ့ Ben အပေါ် အမြင်ကို တလှည့်စီ ရေးထားတယ်။
Jess မရောက်ခင်မှာ Ben ဆီဖုန်းဆက်တော့ တိုက်ခန်း နံပါတ် ပြောပြီး လာခဲ့၊ ရောက်ရင် ဘဲလ်တီးလိုက်ပဲ ပြောခဲ့တယ် ။ ပြောနေရင်း အဲ့ဖုန်းနောက်ခံမှာ အသံ သဲ့သဲ့ တခုကြားခဲ့တယ်။
နောက် တညနေ Jess ရောက်လာတယ် ။ ဘဲလ်တီးတယ်၊ ဖုန်းဆက်တယ် ၊ မက်ဆေ့ခ်ျ ပို့တယ်။
ဒါပေမယ့် Ben ကို ဆက်သွယ်လို့မရတော့ဘူး။
ဘဲလ်တီးပေမယ့် Ben လည်း လာမဖွင့်သလို တိုက်က လူတွေ ကလည်း မသိချင်ယောင် ဆောင်ပြီး Jess
လို လူစိမ်းတစ်ယောက်ကို သူတို့ တိုက်ခန်းထဲ အဝင် မခံ ၊ မလာစေချင်ဘူး ။ နောက်တော့ လူတစ်ယောက် ကြောင့် ဝင်လို့ရသွားတယ်။
တတိယထပ် Ben အခန်းကို ရောက်တဲ့အချိန်ကစပြီး
Ben ကို မတွေ့ရ၊ ဆက်သွယ်လို့မရတဲ့ Jess ဟာ တိုက်က လူတွေဆီကနေ အစအန ရလိုရငြား သိရဖို့ ရှာဖွေရေး စလုပ်တော့တယ်။
Ben ပျောက်နေတာကိုရှာရင်း ဒုတိယထပ်ကလူချောလေး Nick၊ စတုတ္ထထပ်က MiMi၊ အောက်ထပ်က အမျိုးသမီး Sophieတို့ ဆီမှာ မေးရင်းမြန်းရင်း ဒီတိုက်က လူတွေရဲ့ လျှို့ဝှက်ချက်ကို Jessတဖြည်းဖြည်း ရိပ်မိလာတဲ့ အခါ ...
အကိုဝမ်းကွဲ ဖြစ်သူ Ben ကို ပြန်တွေ့ရဖို့၊ Jess တစ်ယောက် အပြင်ဘက်ကBen မိတ်ဆွေလို့ ယူဆရသူ တွေဆီမှာလည်း သတင်း ရလိုရငြား လိုက်ရှာတယ် ။
ဒီတိုက် မှာ Ben နေတဲ့ အထပ်ကို တခြားအထပ်ကနေ လာလို့ရတဲ့ လျို့ဝှက် တံခါး၊ လမ်းတွေရှိသလို ၊တိုက်က လူတွေမှာလည်း လူမသိစေချင်တဲ့ လျှို့ဝှက်ချက်၊ အတိတ်ခါးခါးတွေရှိတယ် ။
မြေအောက်ထပ်မှာလည်း တံခါး သော့ခတ်မထားတဲ့ ဝိုင်တွေရှိတယ် ။
ဒီတိုက်မှာ နေတဲ့သူတွေက ဘယ်သူက ရိုးသားလဲ ၊တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ဆက်နွယ်မှု့
တွေ ရှိကြသလဲ ။
Ben ပျောက်ဆုံးမှု့မှာ ဒီ တိုက်က လူတွေ ဘယ်လိုတွေ ပတ်သတ်နေသလဲ ။
Ben တစ်ယောက် ဒီတိုက်ခန်းကို ဘယ်သူ့ကြောင့် ရောက်လာရသလဲ၊ ဒီ တတိယထပ်က အခန်းကရော Ben အခန်း ဟုတ်ရဲ့လား... ။
Benတစ်ယောက် တိုက်ကနေ ရုတ်တရက်ကြီး ဘာအကြောင်းကြောင့် ပျောက်ဆုံးသွားရသလဲ .....။
Jessတစ်ယောက် Ben ကို ပြန်ရှာတွေ့နိုင်ပါ့မလား။
ဒီတိုက်ကလူတွေ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲဆိုတာ.....။
📕📕📕📕📕📕📕📕📕📕
AudioBook length က ၁၂ နာရီကြာတယ်။
AudioBook နားထောင်တာတောင် ဇာတ်အသွားအလာ က တော်တော်လေး နှေးတယ်။ 70%နောက်ပိုင်းမှာတော့
ဇာတ်လမ်းက ပိုကောင်းလာတယ်။
အဲ့ တိုက်ထဲကလူတွေရဲ့" ပတ်သတ်ဆက်နွယ်မှု့"ကို ရေးပြထားတာလေးက ကောင်းပါတယ် ။ ဒါပေမယ့်
နာမည်ကြီး စာရေးဆရာ တစ်ယောက်ရဲ့ရေးဟန်၊ဒီစာအုပ်ထဲကဇာတ်လမ်း နဲ့ ဇာတ်ကောင်တွေက ရိုးလွန်းတယ်။ အဆုံးထိ ထူးထူးခြားခြား ဘာမှ ဖြစ်မသွားဘူး။ Thriller ထက် Mystery, suspense ပိုဆန်တယ်။
ကိုယ့်အကြိုက်အရဆိုရင် အစောပိုင်းနှေးတာ နဲ့
ဇာတ်သိမ်း ထူးထူးခြားခြား ဘာမှ မဖြစ်ပဲ အမြန်သိမ်း သွားတာတွေတော့ သိပ်မကြိုက်လှဘူး ။
📌ဒါပေမယ့် အဲ့ဒီတိုက်က လူတွေရဲ့ ပတ်သတ်
ဆက်နွယ် မှု့ ကို ရေးပြတဲ့ အခန်းလေး၊ သူတို့အချင်းချင်း ပတ်သတ်မှု့ ဇာတ်ကြောင်းလေးကို ရေးထားတာတော့ သဘောကျမိ တယ်။
Lucy Foley ကြိုက်ရင်တော့ ဖတ်ကြည့်ပါ ။ နှေးပေမယ့် တမျိုးလေးပေါ့ ။ 😁
#The_Paris_Apartment by Lucy Foley
#AudioBook_Review by Bookish In Fiction Land
5 April , 2022
No comments:
Post a Comment