I'm Thinking of Ending Things by Iain Reid
⭐⭐⭐⭐ 4 star for me
..................... ဇာတ်လမ်း အကျဉ်း .......….............
Jake ဟာ သူ့ ရည်းစား ကောင်မလေး ( နာမည်မပါ )ကို လယ်တောတွေရှိပြီး နည်းနည်းခေါင်တဲ့ Jake ရဲ့ မိဘတွေရှိရာ ဒေသ ဆီ အလည်ခေါ်သွားတာက စတယ် ။
🌳
ဒီစာအုပ်မှာ girlfriend view ကနေ ရေးထားတယ်။
အဲ့ကောင်မလေးက လမ်းခရီးမှာကတည်းက Jakeနဲ့ လမ်းခွဲ ဖို့ စဉ်းစားနေတယ်။
🌳
စာအုပ်ထဲမှာJakeက Handsome၊ အလုပ်အကိုင်ကောင်း၊ ပညာလည်း တက်၊ ကောင်မလေးက သူ့ဘက်ကပြသာနာရှိလို့သာ Jakeနဲ့ လမ်းခွဲဖို့စဉ်းစားတာ ။
Jake အမှား တခုမှမရှိဘူး။
🌳
အဲ့လိုနဲ့ နှင်းထူထပ်တဲ့ နေရာတွေကို ကျော်ဖြတ်ရင်း ခြောက်ခြားစရာ၊ အူတိအူကြောင် နိုင်လှတဲ့ Jake မိဘတွေ ရှိရာ နေရာကိုရောက်တယ်။
🌳
သူတို့နဲ့ စကားပြောတယ်။ ပန်းချီကားတွေ၊ အသုံးမပြုတာကြာပြီဆိုတဲ့ မြေအောက်ခန်း၊ နားမကောင်းဘူးဆိုတဲ့ အူတိအူကြောင်၊ ကြောင်တောင်တောင် Jake ရဲ့ အမေ ၊ အကို သူတို့နဲ့ ညစာ စားတယ်၊ စကားပြောကြတယ်။
🌳
တခုခု တော့ မှားယွင်းနေတယ်။
Jake မိဘအိမ်မှာ ချိတ်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်တယ်။ ဒါဘယ်သူလဲ... ဒါကဘယ်သူ...လိုက်မေးတယ်။
🌳
အဲ့ကတည်းက girlfriend က Jake ငယ်စဉ်ဘဝပုံတွေကို ကြည့်ရင်း ဒီပုံက ဘယ်သူ့ပုံလဲဆိုတော့Jake က သူ့ပုံလေ တဲ့ ။
🌳
Grilfriend ကတော့ အဲ့ပုံကို ကြည့်ရင်းအဲ့ ပုံက Jake နဲ့
မတူပါဘူး၊ သူ့နဲ့ ပိုတူတာပါတဲ့။
(အဲ့ကတည်းက စာရေးဆရာက Clue ပေးထားတယ်။ )
🌳
စာအုပ်စဖတ်တုန်းက ငါ..ဘာတွေ ဖတ်နေရပါလိမ့် တွေးနေတုန်း Jake တို့ ဒေသကိုရောက်တော့ creepy ဖြစ်စရာတွေ ကြုံလာတော့တာပဲ။
လမ်းခုလတ် Diary Queen ဆိုင်က စားပွဲထိုးနှစ်ယောက်၊သူတို့ထဲက တစ်ယောက်ရဲ့ သတိပေးချက်၊ စွန့်ပြစ်ထားတာကြာပြီ ဖြစ်တဲ့ ကျောင်း ၊ အဲ့ထဲက အရပ်ရှည်ရှည်နဲ့ hunting လုပ်နေတဲ့သူ....
🌳
အဲ့ကျောင်း ထဲက ပြန်ထွက်ဖို့ ၊လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ Jake ရဲ့girlfriend..တိတ်ဆိတ်နေတဲ့ ကျောင်းထဲမှာ ခြောက်ခြားစရာ တောက်လျှောက်ဖွင့် နေတဲ့ သီချင်း..
အဲဒီ့နောက်........ဘာတွေ ဆက်ဖြစ်မလဲ...
🌳
.........................................................................
Jake အိမ်ကို ရောက်တဲ့အချိန်ကစပြီး အရေးအသားက ပထမပိုင်းထက် နည်းနည်း creepy ဖြစ်လာတယ်။
🌳
စာအုပ်ထက် AudioBook နားထောင်ရင် နောက်ပိုင်းမှာ ယောကျာ်းသံ၊ မိန်းမသံ၊ အသံ ပြောင်းလဲချက် ပို သိသာသလို ၊ ပိုပြီး creepy ဖြစ်တယ်။
🌳
နောက်ဆုံး အခန်းကိုရောက်ခါနီးကျ၊ Narrator ရဲ့ မိန်းမ အသံကနေ ယောကျာ်း အသံပြောင်းသွားတဲ့အချိန်က မိုက်တယ်။
🌳
ဒီစာအုပ်ဟာ Good Readsမှာ rating နည်းတယ်။
ဖတ်တဲ့သူအများစုဟာ ဒီစာအုပ်ကို ပုံမှန်
Psychological Thriller တွေလို ထင်လို့ ဖတ်ကြပြီး ဇာတ်လမ်း ဆိုလိုချက်ကို သေချာမသိလို့ စိတ်တိုင်းမကျကြတာ ဖြစ်မယ်။
🌳
Netflix movie လည်းထွက်ထားပြီး၊ စာအုပ်နဲ့ တော်တော် ကွာခြားချက်ရှိတယ် ။ ဇာတ်သိမ်းလည်း ကွာတယ်။
🌳
စာအုပ်ဇာတ်သိမ်း မှာ Jake သနားဖို့ကောင်းတယ်။
🌳
ဒီစာအုပ်ကို Audiobook နားထောင်နေတုန်းက ဘာတွေ နားထာင်နေရပါလိမ့်ဆိုပြီး 3star ပဲ ပေးဖို့စဉ်းစားခဲ့သေးတယ်။
🌳
အစပိုင်းအခန်းတွေ မှာ ဘာတွေ မှန်း မသိ အီခဲ့ပေမယ့် ၊ Jake အိမ်ကို ရောက်တဲ့ အချိန်ကစပြီး ဇာတ်သိမ်းထိ နောက်ပိုင်းအခန်းတွေ ကြိုက်မိတယ်။
🛑Spoiler Ahead 🛑
⛔
⛔
⛔
⛔Spoiler Alert ! ⛔
စာအုပ်နာမည် I'm Thinking of Ending Things ဆိုတာ...
🌳
ဇာတ်လမ်း အစမှာ စာရေးဆရာက girlfriend နေရာကနေ girlfriend က Jake နဲ့ relationship အဆုံးသတ်ချင်တဲ့သဘော ရေးထားပေမယ့်...
🌳
တကယ် ဇာတ်သိမ်း I'm Thinking of Ending Things က Old man Jake ဟာ Schizophrenia ခံစားနေရတဲ့အတွက် သူ့ကိုယ်သူအဆုံးစီရင်ဖို့ တွေးနေတာပါ။
တကယ်လည်းစာအုပ်နောက်ဆုံးခန်းမှာ စီရင်သွားပါတယ်။ Jake ဟာ သနားဖို့ကောင်းတယ်။
🌳
Spoiler Keywords :
Jake : a man suffering with a serious mental illness
a very sick man playing in his own head.
🌳
#Schizophrenia အဓိပ္ပာယ်ကို သိရင် စာအုပ်ကို နားလည်ပါပြီ။
🌳
ပုံမှန်နဲ့မတူတဲ့ အတွေးအခေါ်ရှု့ထောင့်ကနေ ရေးထားတဲ့ စာအုပ်လေး တစ်အုပ်ပါ ။
🌳
E-book link 📙📕
https://t.me/mobi_epub_ebook_and_Movie/1679?single
#Audiobook_Review_by Hnin Yi Pwint
September 21.2021
No comments:
Post a Comment