Monday, September 5, 2022

Pride and Prejudice by Jane Austen

 📙 Pride and Prejudice by Jane Austen 

📙 မာန နဲ့ အာဃာတ(တင့်တယ်)

📕 Classic  , Romance 


ဘဝမှာ နှစ်သက်စွဲလမ်း ကြိုက်ခဲ့ဖူးတဲ့ဇာတ်လမ်း၊စာအုပ်..မင်းသမီးချော (ကီရာနိုက်တလေ)ကြောင့်

စတင်စွဲလမ်းခဲ့ရသော....#ကမ္ဘာ့ကျော် #စာအုပ်၁ဝဝ ထဲပါသော..Jane Austen ရဲ့ စာအုပ်  ။



စာအုပ်ထဲက (Elizabeth) ဇာတ်ကာင်စရိုက်ကိုလည်း ကြိုက်၊ဇာတ်လမ်းလေး ကြိုက်၍ 

စာအုပ် ရှာ‌ဖွေဖတ်လိုက်ရသောအခါ....

ရုပ်ရှင်ထက် စာအုပ်က ဇာတ် ပိုရှုပ်သော....


အကြိုက်ဆုံး..အရမ်းကြိုက်သည်ထက်ပိုသော

ဘယ်နှစ်ခါ ဖတ်ဖတ်..ကြည့်ကြည့် မရိုးသော

စသည်ဖြင့်.... သော... ပေါင်း များစွာဖြင့် 😜




#ဇာတ်လမ်းအကျဉ်း...🎬

သမီးပျို ၅ယောက် ၏ အမေ#မစ္စက်ဘင်းနက် ၏ ရည်မှန်းချက်မှာ တခုတည်း၊ သမီးတွေ

ယောကျာ်းကောင်းရဖို့ ၊ ဟန်ကျပန်ကျ 

အိမ်ထောင်ချပေးဖို့ သာ အဓိက။


တနေ့ ..နယ်သာဖီး အိမ်ကြီးကို ကျိကျိတက်ချမ်းသာ၍ ရုပ်ရည်ချောမောပြီး လူကြီးလူကောင်းပီသလှတဲ့  မစ္စတာ ဘင်ဂလေ တို့ ပြောင်းလာတော့ ကပွဲပေးကြ ၊ 


မစ္စက်ဘင်းနက်ဂာလည်း 

သမီးတွေ နဲ့ ရင်းနှီးအောင် ကပွဲသွားကြ ။

အဲ့ဒီမှာ Mr.Dacy နဲ့ ထပ်တွေ့ ။


Mr.Dacy ဟာ ကပွဲတခုလုံးက လူတွေရဲ့ မျက်စိအာရုံကို ဆွဲဆောင်နိုင်လောင်သည် အထိ

ချောမော ခန့်ညားလှသူ ၊မစ္စတာဘင်ဂလေထက် ပို၍လိမ္မာပါးနပ်သူ၊ ကြွယ်ဝ ချမ်းသာသူ၊

 သိုသိပ်လျှို့ဝှက်လွန်းသူ ၊အလွန်မာနတက်ကြွသူ၊ မည်သူနှင့်မှ အဖက်မတန်သည့်ပုံမျိုးနေတက်သူ ၊ဆက်ဆံရအခက်ဆုံးသူ ။ လူမုန်းများခံရသူ ။




သိပ်လှပြီး သဘောထားပျော့ပျောင်းတဲ့ သမီးအကြီးဆုံး #Jane


အဓိက ဇာတ်ဆောင် #Elizabeth

ခေါင်းမာသူ ၊ ထက်မြတ်၍ လူကဲခတ်မြန်သူ ၊သူ့အမ #Jane လောက် သဘောထားမပျော့ပျောင်းသူ ။


 #မာနကြီးပြီး ဂုဏ်မောက်တဲ့ Mr.Dacyဟာ 

#Elizabeth ကို စစတွေ့ချင်း 

လှသည် မထင် ၊ အဖက်လုပ်သင့်ဟုပင် မထင် ၊

တောကျသည်ပင် ထင်သေး။


နောက်တွေ့ဖန်များလာတော့ ကြည့်လေကြည့်လေ ပိုစိတ်ဝင်စားလာလေ...



#Elizabeth ဆိုသူမှာလည်း မခေ ၊သူ့လို ဘာမှမရှိတဲ့ လူမျိုးကို စိတ်ဝင်စားနေမှန်းသိတဲ့


#MrDacy လိုမာနကြီးမောက်မာ တဲ့သူမျိုးကိုတောင် စကားချက်ပိုင်ပိုင်နဲ့ ထိုးနှက်တက်သူ ။


Elizabeth ရဲ့ အပြုံးချိုချိုနဲ့ ချက်နဲ့လက်နဲ့ 

အပြောလေးတွေကို စွဲလမ်းသွားတဲ့ Mr.Dacy


မစ္စတာဘင်ဂလေ နဲ့ ဂျိန်း

မစ္စတာ ဒါစီနဲ့ အဲလိဇဘက်



အခြေအနေတွေ မတူညီကြတဲ့

သူတို့ရဲ့ အချစ်ဇာတ်လမ်း

နောက်ပိုင်းတော့.....


ကိုယ့်ဘာကိုယ် ဆက်ဖတ်ကြည့်ကြပါ 😁


#Pride_and_Prejudice_Movie_Link 🎬🎬


https://drive.google.com/file/d/184_1EL0fEdDU_SMC_UKEB9Mlyws4Ptr6/view?usp=drivesdk


#Pride_and_Prejudice_by_Jane_Austen

#Book_Review

Hnin Yi Pwint

May18.2020

No comments: