📕The Hole by Hye Young Pyun
📕Thriller
📕“To be human is to be saddled with emptiness.”
ကိုရီယား လူမျိုး စာရေးဆရာမ Hye Young Pyun ရဲ့ The Hole ဝတ္ထုဟာ claustrophobic horror ၊
ဒီစာအုပ်ကို ကိုရီးယားကနေ အင်္ဂလိပ်ကို ဘာသာပြန်တဲ့ စာရေးဆရာ Sora Kim-Russell ကတော့ “gripping psychological thriller "လို့ပြောတယ်။
2017 Shirley Jackson Awardလည်း ရထားတယ်။
ကိုရီးယား ၊ ဂျပန် ဘာသာပြန် ဝတ္ထုတွေကို ဖတ်ရတာ သဘောကျတာတခုက ဝတ္ထု အများစုဟာ စာမျက်နှာ ၂၀၀ နီးပါးလောက်ပဲရှိတယ် ။
ဒီစာအုပ်ဟာ fast-pacedမဟုတ်ဘူး ၊ slow-moving literary novel တအုပ် ဖြစ်တယ်ဆိုတာ မဖတ်ခင် သိထားရမယ်။ အရှေ့တိုင်း ဝတ္ထု တွေရဲ့ ထုံးစံအတိုင်း Character ကို ဦးစားပေးတယ်။
ဇာတ်သိမ်း မှာလည်း အနောက်တိုင်း ဝတ္ထုအများစုလို ၊ ဘယ်သူက ဘာဖြစ်တယ်၊ ဘယ်လိုဖြစ်သွားတယ် ဆိုတာမျိုး ရှင်းရှင်းလင်းလင်း ရေးထားမှာ မဟုတ်ဘူး။အရှေ့တိုင်း ဝတ္ထု အများစုရဲ့ ထုံးစံအတိုင်း ကိုယ့် ဘာကိုယ် တွေးပြီး ဇာတ်သိမ်းရမယ်။
📕 ဒီစာအုပ် ထဲက ဇာတ်ကောင် Oghi ဟာ တနေ့မှာ
ကား မတော်တဆမှု့ တခုကြောင့် ဆေးရုံပေါ်မှာ Coma ဖြစ်ပြီးမှ နိုး ထလာခဲ့တယ် ။ သူသိလိုက်ရတာက မိန်းမဖြစ်သူဟာ ကား အက်စီးဒန့် မှာပဲ ပွဲချင်းပြီး ဆုံးသွားပြီ ဆိုတာပဲ ။
Oghi ကိုယ်တိုင်ကလည်း" paralyzed " ဖြစ်ပြီး ကုတင်ပေါ်မှာပဲ မလှုပ် မရှားနိုင် ဖြစ်သွားတယ်။ အက်စီးဒန့်
မဖြစ်ခင်တော့ ၊ Oghi ဟာ အသက် ၄၀ ဝန်းကျင်တက္ကသိုလ်က ဆရာတစ်ယောက်။
Oghi မှာ လည်းမိဘတွေ မရှိတော့သလို အက်စီးဒန့်မှာ သေသွားတဲ့ မိန်းမ ဘက်မှာလည်း ..မိန်းမရဲ့ အမေတစ်ယောက်ပဲ ရှိတော့တယ် ။ မိန်းမရဲ့ အဖေ ဖြစ်သူကလည်း လွန်ခဲ့တဲ့ နှစ်များက ကွယ်လွန်ခဲ့ပြီ။ ( အဲ့လူကလည်း ဇာတ်လမ်းရှိခဲ့ဖူးတယ်။)
မိန်းမက သေ ၊ မိဘက မရှိတော့ ၊ အက်စီးဒန့်ဖြစ်ပြီး
မလှုပ်မရှားနိုင် ဖြစ်နေတဲ့အချိန်မှာ သူ့ကို ပြုစု စောင့်ရှောက်ဖို့ ယောက္ခမပဲ ရှိတော့တယ်။
Oghi ဟာ ဆေးရုံမှာ သူ့ကို မေးသမျှ မျက်လုံးပုတ်ခတ်.. ပုတ်ခတ် (blink) လုပ်ပြီးတော့သာ ဖြေရတယ်။ လုပ်ခိုင်းစရာရှိတဲ့ ချီး၊သေး ၊ အစာကျွေးတာကအစ ၊ကိစ္စ အဝဝကို ဝစီ မှုတ်ပြီးတော့ ခေါ် လုပ်ခိုင်းရတယ်။
Oghi ဟာ ယောက္ခမနဲ့ မနေချင်ဘူး။ ဆေးရုံ ဆက်တက်နေရင် သူ့အခြေအနေ ကောင်းလာနိုင်ချေ အများကြီးရှိလို့ ဆေးရုံပေါ်က မဆင်းချင်ဘူး။
ဒါပေမယ့် အခြေအနေ အရပ်ရပ်ကြောင့် ဆေးရုံက ဆင်းလာပြီး အိမ်ကို ပြန်ရောက်လာတဲ့အချိန်မှာ ယောက္ခမက အစွမ်းတွေ ပြတော့တာပဲ ။
Horror ဆိုတဲ့နေရာမှာ တစ်စုံတစ်ယောက်၊ ( သို့) အရာဝတ္ထု တခုခု က အပြင် ကနေ ခြောက်လှန့်ပြမှ Horror မဟုတ်ဘူး။
ကိုယ့် ဘာကိုယ် ဘာမှ မလှုပ်ရှားနိုင်၊ စကားတောင်
မပြောနိုင် ဖြစ်နေတဲ့အခြေအနေမျိုးမှာ တဦးတစ်ယောက် ရဲ့ ထိန်းချုပ်ခံရတာလည်း ကြောက်ရွံ့ တုန်လှုပ်စရာပဲ။
The Hole, its focus is on the horror of the human condition.
အိမ်ပြန်ရောက်တဲ့အချိန်မှာ ယောက္ခမဖြစ်သူဟာ သေသွားတဲ့ သူ့သမီး မပြီးပြတ်သေးတဲ့ ဆန္ဒကို ဆက်ပြီး အကောင်အထည်ဖော်ပေးနေတယ်။
Oghi မိန်းမ ဟာ သစ်ပင် ၊ပန်းပင်တွေ စိုက်ရတာ သဘော ကျတယ်။ အခုလည်း ယောက္ခမဖြစ်သူဟာ သူ့သမီးမပြီးသေးတဲ့ တွင်း တခု၊ ခြံကွက်လပ် ပန်းခြံလုပ်မယ့် နေရာမှာ ဧရာမ တွင်း အကြီးကြီး ကို သူ့ဘာသူ ဆက်တူးနေတယ်။
Oghi ကိုလည်း အကြောင်းမျိုးစုံ ပြပြီး ၊ ဝှီးချဲနဲ့ အပြင် ထွက်ခွင့် မပေးဘူး။အခန်းထဲ က အိပ်ရာမှာပဲ ထားတယ်။
တဖြည်းဖြည်း နဲ့ Oghi ဆီကို မိတ်ဆွေတွေ လာလည်လို့မရအောင် ကန့်သတ်လိုက်တယ်။ ဆေးရုံကို ထပ်ပြီး မပြရအောင် အကြောင်းမျိုးစုံပြတယ်။
မလှုပ်မရှားနိုင် ၊စကားတောင်မပြောနိုင်တဲ့ Oghi အခန်းကို သံတိုင်တွေ တပ်လိုက်တယ်။
📕 ဒီစာအုပ်ဟာ ဘာမှ မတွေးပဲ ဒီအတိုင်း ဖတ်လိုက်ရင်တော့ 3 🌟 star လောက်ပဲ ပေးလို့ရတယ်။
📕ဒါပေမယ့် ဖတ်နေရင်း၊ Audiobook နားထောင်နေရင်း ငါသာ Oghi နေရာမှာ ဖြစ်ခဲ့ရင်ကော..ငါ ဘယ်လို ထွက်ပြေးမတုန်း.... Oghi ယောက္ခမရဲ့ အပြုအမူတွေ၊ ဆက်ဆံပုံတွေ၊ မိတ်ဆွေတွေရှေ့မှာ အရှက်ခွဲပုံတွေကို ဖတ်ရင်း တွေးမိရင် ကြက်သီးထတယ် ။ ကိုယ့်အတွက်တော့ 4 🌟 star ပေးလို့ရတယ် ။
စာအုပ် cover မှာ " A Korean take on Misery "-Time
က ရေးထားတယ်။
📕Stephen King ရဲ့ Misery နဲ့ တူတာဆိုလို့ မလှုပ်မရှားနိုင် အခြေအနေမှာ တဦးတစ်ယောက်ရဲ့ ထိန်းချုပ်ခံရတာ တူတယ်။ ခြေတရွတ်တိုက်ဆွဲပြီး ထွက်ပြေးဖို့ ကြိုးစားတာ တူတယ်။
Misery ထဲက Paul Sheldon က စကားပြောနိုင်သေးတယ်။ Misery ထဲက Annie Wilkes ကပိုပြီးpsychopath ဆန်တယ်။
📕ဒီ The Hole စာအုပ်ထဲက Oghi ဟာ စကား တောင်မပြောနိုင်တော့ဘူး။
ယောက္ခမ ဖြစ်သူ မှာ အကြောင်း တခုရှိတယ် ။
"I want you to get better. What else could I possibly want? That’s what my daughter would have wanted. So that’s what I’ll do. What my daughter couldn’t. What she meant to do. What she wanted to do. I have to do it for her. And I will. You know she was all I had.”
သူ့သမီး မလုပ်ခဲ့ရတဲ့ဆန္ဒ တခုအတိုင်း သားမက်ဖြစ်သူ Oghi ကို တခုခု လုပ်ချင်တာ ။ အဲ့ဆန္ဒ တခုက ဘာဖြစ်
မတုန်း.... ။
Oghi ဟာ ကားအက်စီးဒန့်မဖြစ်ခင်မှာ သူ့မိန်းမအပေါ် ဘယ်လိုတွေ ဆက်ဆံခဲ့လဲ၊ လင်မယားနှစ်ယောက်အတွင်း ဘာအကြောင်း၊ အထင်လွဲစရာတွေ ရှိခဲ့လဲ။
📕တနေ့တော့ ညနေ မှောင်ခါနီး ယောက္ခမ အပြင်ထွက်သွားတုန်း Oghi ဟာ တရွတ်တိုက် နဲ့ အခန်းအပြင်ကို မရရအောင် ကြိုးစားထွက်တယ်။ အခန်းအပြင်က လေကိုရှုလိုက်ရတာ လန်းဆန်းသွားတယ်။
သူ့ယောက္ခမ တူးထားတဲ့ ဧရာမ တွင်း ကြီး ကို တွေ့တယ် ။တရွတ်တိုက်ဆွဲပြီး ခြံထိပ်ဘက်ကို ရောက်အောင် သွားတယ်။
လမ်းသွားလမ်းလာ တစ်ယောက်ယောက်က သူ့ကို မြင်ပြီး အကူအညီရအောင် တောင်းမယ်ပေါ့ ။ ခက်တာက အသံမထွက်၊ စကားမပြောနိုင်၊ တရွတ်တိုက် ၊ ခြံထိပ်နားရောက်ချိန်မှာပဲ ယောက္ခမဖြစ်သူ ကပြန်လာတယ်။
Oghi မှောင်ရိပ်ကွယ်နေလိုက်တယ် ။ အဲ့ဒီနောက်မှာ ယောက္ခမ က အတွင်း တံခါးမကြီး ပွင့်နေတာ သတိထား မိသွားတယ်။
အဲဒီ့နောက်.........
ဘာဆက်ဖြစ်မလဲ ဆိုတာ........
😁
📕 The Hole by Hye Young Pyun e-book 📕
https://t.me/mobi_epub_ebook_and_Movie/1735?single
The Hole by Hye Young Pyun
#Audiobook_Review_by Hnin Yi Pwint
Nov 4. 2021
No comments:
Post a Comment