အရင်လက နာမည်ကြီးခဲ့တဲ့ ကိုရီးယား #Squid_Game နဲ့ #Vibe ဆင်တဲ့ ( ဦးကင်း )Stephen King ရဲ့ စာအုပ် ၂အုပ် ။
သတ်ခံရတာတွေက က #The_Long_Walk နဲ့ ဇာတ်လမ်း ပိုဆင်တယ်။
ဂိမ်းတွေ ပါတာက Richard Bachman အနေနဲ့ပဲ ရေးခဲ့တဲ့ The Running Man ..(ကိုရီးယား ဂိမ်းတော့ မဟုတ်ဖူးပေါ့ 😁 )
The Long Walk မှာက ဒီကစားနည်းထဲမှာ လူငယ်
အယောက် ၁၀၀ လမ်းလျှောက်ရတာ။ သတ်မှတ်ချက်ပြည့်အောင် မလျှောက်နိုင်ရင် bang ..bang...bang !!!! သတ်ခံရမယ်။
ကစားသမား လမ်းလျှောက် လူငယ်တစ်ယောက်စီရဲ့
Character ကို ရေးတဲ့နေရာမှာတော့ ဦးကင်း က
ဆရာ့.. ဆရာကြီး ။
"The Long Walk " ရဲ့ ထူးခြားချက်က Stephen King လို့ ဖြစ်မလာခင် Richard Bachman ဆိုတဲ့ "Pseudonym" အနေနဲ့ ပထမဆုံး စရေးခဲ့တဲ့ လက်ရာ ။
"The Long Walk" ကို 1967 ဝန်းကျင်မှာ ပထမဆုံး စရေးခဲ့ပေမယ့် စာအုပ်အနေနဲ့ ပထမဆုံး 1974မှာ ထွက်လာတာက "Carrie "။
"The Long Walk" က 1978 ကျမှ စာအုပ်အနေနဲ့ ထွက်လာတာ ။
စာအုပ်ကို အရင်က ဖတ်ဖူးတယ် ။ ကြာပြီ။ ဦးကင်းရဲ့ constant reader တွေဆို သိကြတယ်။
AudioBook ကတော့ အခုမှ ရလို့ နားထောင်မလို့။ 😁
စာအုပ်အကြောင်း အသေးစိပ် ရဗြူး ကတော့ မရေးနိုင်သေးဘူး။ အလုပ်မအားလို့ ။ 😁 အားမှ တန်းစီရေးမယ်။
Book Trailer
https://youtu.be/t29nlkm--Es
အခုတော့ အလုပ်ပြန်လုပ် လိုက်ပါဦးမယ် ။
သီတင်းကျွတ်မှာ သူငယ်ချင်းအားလုံး ကိုယ်စိတ်နှလုံးကျန်းမာအေးချမ်းကြပါစေ ။🙏🏻🙏🏻
No comments:
Post a Comment