Monday, September 5, 2022

Heaven by Mieko Kawakami

 👫 Heaven by Mieko Kawakami

🎧 AudioBook Review

📕 Literary Fiction     


 

👫 ဒီစာအုပ်ဟာ ကျောင်းသား ဘဝက ကြီးနိုင် ငယ်ညှင်း Bullying လုပ်ခံရတဲ့ တချို့တွေရဲ့ ဘဝကို အမှတ်ရစေတယ် ။ 


👫စာအုပ်ထဲမှာ lazy eyes ရှိတဲ့ ၁၄ နှစ်အရွယ် ကျောင်းသားလေး နဲ့  ဆင်းရဲပြီး နွမ်းဖတ်ဖတ် ဖြစ်နေတဲ့ အပြင် standard hygiene မရှိလို့ဆိုပြီး Bullying လုပ်ခံရတဲ့  Kojima ဆိုတဲ့ ကျောင်းသူတစ်ဦး၊ သူတို့ နှစ်ယောက် သူငယ်ချင်းဖြစ်သွားကြပြီး 

စာပေးစာယူ လုပ်ပြီး အချင်းချင်း ဆက်သွယ်ကြတယ်။ အပြင်ထွက်လည်ကြတယ်၊ 



👫သူတို့ နှစ်ယောက်ကို Bully လုပ်သူတွေထဲမှာ အဆိုးဆုံးက Momose တို့ အုပ်စု ပေါ့ ။


👫Bully လုပ်တာ ဘယ်လောက်ဆိုးသလဲ ဆိုရင်

အရိုက်ခံရတယ်၊အကန်ခံရတယ်၊အိမ်သာရေ သောက်ခိုင်းတယ်၊ မြေဖြူတွေစားခိုင်းတယ်၊ မျက်လုံးတွေဖူးယောင်ပြီးဆေးရုံတက်လောက်အောင် အလုပ်ခံရတယ်၊ 


👫Kojima ရော ကောင်လေးကိုရော နောက်ဆုံး အဝတ်အစားတွေ အကုန်ချွတ်ခိုင်းတယ်။ Momose ကျောင်းသား ကျောင်းသူတွေက အုပ်စုဖွဲ့ပြီး အမြဲအနိုင်ကျင့်တယ်။ 


👫နှစ်ယောက်စလုံးက မတွန်းလှန်ရဲလေ၊ ဘယ်သူ့ကိုမှ မပြောလေ၊ တဖက်က ပို အနိုင်ကျင့်လို့ ကောင်းတဲ့ 

အပြင်၊ Momose အတွက် ဒီbully လုပ်တဲ့ လုပ်ရပ်ဟာ မှားတဲ့ လုပ်ရပ်လို့၊ ‌ယောင်လို့တောင် မတွေးမိဘူး ။


👫Heaven  ဆိုတာ နွေရာသီပိတ်ရက်မှာ Kojima နဲ့ Eyes ဆိုတဲ့ ကောင်လေး museum တခုကို အလည်သွားကြရင်း Kojima က သူကြိုက်တဲ့  "Heaven " ဆိုတဲ့ပန်းချီကားလေး ကောင်လေးကိုပြတာ ( A painting of two lovers eating cake on a room with a red carpet and a table.)   ။


👫စာအုပ် နာမည်က "Heaven" ဆိုပေမယ့်  စာအုပ်ထဲ မှာတော့ သာယာတဲ့ ဘ‌ဝတွေ မဟုတ်ဘူး။

အားနည်းသူ ကို အင်အားကြီးသူက ပျော်ပျော်ကြီး

Bully လုပ်ကြတာတွေ ခံရတယ်၊ Eyes ဆိုတဲ့ ကောင်လေးဟာ သူ့ကိုယ်သူ သတ်‌သေ ဖို့ တောင် စဉ်းစားခဲ့သေးတယ် ။ နောက်ဆုံး ကျ Eyes နဲ့ Kojima ဘယ်လိုရုန်းထွက်ကြမလဲ ။


👫 ၁၉၂ မျက်နှာပဲရှိတဲ့ အတွက် စာအုပ်က ခပ်ပါးပါး ပါပဲ။


👫အရင်အတိုင်းပြန်ပြောရရင် ဂျပန်ဝတ္ထုတွေဟာ သူများ နားလည်အောင် ရှင်းပြရခက်တာမို့ ကိုယ့်ဘာ ကိုယ် ဖတ်ရင်း တွေးရင်း၊ ခံစားတာ ပိုကောင်းပါတယ်။


👫"The weak can't handle  reality. They can't deal with the pain or sadness let alone the obvious fact that nothing in life actually had any meaning. "


👫"My eyes was behind all my problems."


👫"We do it  for everyone who's weak everywhere, in the name of actual strength. Everything we take , all of the abuse, we do it to rise above."


👫"We all see the world in our own way "(Kojima)


👫"After everything, after all the pain, they made it here. It looks like a normal room, but it's really  heaven."


📚Heaven by Mieko Kawakami E-Book 📚

https://t.me/mobi_epub_ebook_and_Movie/1766?single


#Heaven_by_Mieko_Kawakami

#AudioBook_Review by Bookish In Fiction Land 

Feb 8.2022

No comments: