Monday, September 5, 2022

The Perfect Murder by Peter James

 The Perfect Murder by Peter James

ဒီစာအုပ်ကို ရိုက်ထားတဲ့ ရုံတင်ပြဇာတ်ရှိတယ် ။

Peter James ရဲ့အရေးအသားတွေဟာလည်း အရမ်းလွယ်တယ် ။အခုမှ English Novel စဖတ်မယ့်သူတွေ ရွေးသင့်တဲ့ စာရေးဆရာ ။


စာမျက်နှာ ၁၂၇ ပဲ ရှိလို့ Quick Readsဆိုတဲ့ အတိုင်း

မအီပဲ  ခပ်သွက်သွက် ဖတ်ပြီးမယ့် စာအုပ်ပေါ့ ။၁၈+ နည်းနည်း ပါတယ် ။ တချို့အခန်းတွေဆို ရယ်ရတယ် ။

🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


📖📖 ဇာတ်လမ်းအကျဉ်း 📖📖


#Victor နဲ့ #Joan တို့ လင်မယား နှစ်ယောက်ဟာ အိမ်ထောင်သက် အနှစ် ၂၀ နီးပါးရှိလာတဲ့ အခါ 

တစ်ယောက်နဲ့ တစ်ယောက် စိတ်ကုန်လာကြတယ် ။  


Victor ဟာ သူ့မိန်းမကို မုန်းတယ် ။သူ့မိန်းမဟာလည်း 

ထိုနည်းလည်းကောင်းပဲ ။#Joan ဟာလည်း #Victor အပေါ်ငြီးငွေ့လာတယ်။ Victor ရဲ့ ဟောက်သံကြီးကို လည်း မခံစားနိုင်၊ မုန်းလာတယ်။


ကလေးမရနိုင် ၊ စီးပွားရ အလုပ်အကိုင် ကအစ ၊ 

ငယ်ငယ်တုန်းက တစ်ယောက် နဲ့တစ်ယောက် 

အထင်ကြီးပြီး ယူခဲ့သလို ၊ အနှစ်နှစ်ဆယ်ကျော် လောက်ထိ  မျှော်လင့်သလို တွေ ဖြစ်မလာတော့ သူတို့အိမ်ထောင်ရေး ဟာ အက်ကြောင်း ထင်လာတယ် ။

 


Victor ဟာ သူ့မိန်းမကို ရှင်းထုတ်ဖို့ ကြိုးစားလာယ် ။


မိန်းမ Joanကို ရှင်းထုတ်ပြီး အသက် အာမခံ ဘာညာ အာမခံ ကိစ္စအတွက် အမှု့မပတ်အောင် ၁နှစ်လောက် အချိန်ယူစောင့်တယ် ။သူ့လိုပဲ အပျော်မယ် Kamila  

ကလည်း အကြံအောင်ဖို့ နှစ်ပေါက်အောင် သည်းခံ

စောင့်ရှာတယ်။ 


ညဏ်ကြီးရှင် ကိုVictor က  Googleမှာ Perfect Murder ဆိုပြီး ရှာတယ် ။ အဆိပ်အကြောင်းလည်းရှာတယ် ။ 


သူရှာတဲ့ Perfect Murder ဖြစ်ဖို့ အချက် ၅၂ချက်ထဲက အချက်တွေ ကို အမှားအယွင်းမဖြစ်အောင်  သေချာ လေ့လာ ပြုစုပြီး Plan A လို့ ပေးလိုက်တယ် ။ 


တကယ်လို့  တခုခုမှားခဲ့ရင်ရော....

Plan B အတွက် Victor မှာ အကြံမရှိသေးဘူး။


ဒါပေမယ့် သူ့လိုပဲ သတ်ပြစ်ချင်နေတဲ့ #Joan မှာတော့ Plan B ထိ ရှိနေတာကို Victor မသိရှာဘူး ။


#Victor က Google မှာ အဓိကထား ရှာတာက #Cyanide အဆိပ်အကြောင်း ။ Cyanide ကို  သုတ်ဆေးပုံး Prussian Blue မှာ ထည့်သုံးကြောင်း သိလိုက်ရတယ် ။ 


Victor ပြုံးမိသွားတယ် ။ Prussian Blue ဆိုတာ Joan သိပ်ကြိုက်တဲ့အရောင် ။


နောက်ရက်တော့ အသက်ရှု maskတွေ၊ဆေးသုတ်ဝတ်စုံအပြည့်စုံနဲ့ Victorရဲ့ ဟောက်သံကို မခံနိုင်လို့ သူ့မိန်းမ Joan ခွဲအိပ်၊ပြောင်းအိပ်နေတဲ့ အခန်းကို 

" ကိုယ့်နတ်သမီးလေးအတွက် " ဆိုပြီး Prussian Blue သေချာသုတ်ပေးနေတယ် ။


Joan သာ ည ဘက် အခန်းတံခါးပိတ်ပြီး အိပ်လိုက်ရင် ရက်နည်းနည်း ကြာလာတဲ့အခါ Victor က သူ့ရဲ့ Cyanide အစွမ်း ပြလာလိမ့်မယ်လို့တွေးမိတယ် ။


တကယ်လို့ Joan သေသွားတဲ့အခါ အလောင်းခွဲစိတ်လို့ Cyanide အဆိပ်တွေ့ခဲ့ရင်တောင်  အခန်းထဲက Prussian Blue သုတ်တာပဲ အပြစ်ဖြစ်မယ်ပေါ့ ။


Cyanide တွေအများကြီး ထည့်သုတ်ထားတဲ့ Prussian Blue သုတ်ဆေးပုံးကိုတော့ ရှင်းပြစ်မယ်ပေါ့ ။ ဒါကတော့ Victor ရဲ့ အတွေး ။


ဒါပေမယ့် သူ့မိန်းမ Joan က သူ့ထက်ပါးနပ်တယ်၊ 

သူ့ထက် မြန်တယ်။ 


Victor မှာ ဆီးချို ရှိတယ်၊ သကြားဓာတ်များလာရင် အချိန်ကြာကြီး အိပ်ပျော်သွားတယ် ။ Victor သုံးနေကျ  အင်ဆူလင် အစား၊သကြားကို အစားထိုးထားလိုက်တယ်။

 

ယောကျာ်း Victor က အချိန်ကြာကြီး အိပ်ပျော်သွား၊ ဟောက်သံတွေရပ်သွားတဲ့အချိန်ယောကျာ်းကို တူနဲ့ 

ထု သတ် ၊ ပြီးတော့  #Joan က သူ့ #ရည်းစားDon ကို 

မက်ဆေ့ခ်ျပို့ လှမ်းခေါ် ၊ ရည်းစား Don ရဲ့ အကူအညီနဲ့ ယောကျာ်း Victor ကို    အောက်ထပ်က freezer ထဲ ထည့်၊ သန့်ရှင်းရေးလုပ်၊ ရှင်း။


Joanက နည်းနည်းတော့ လန့် နေတယ်။ ဒါပေမယ့် သူ့ ရည်းစားDon နဲ့ တိုင်ပင်ပြီး Joan တစ်ယောက် ရဲစခန်းကို သွားတယ် ။ 


သူ့ယောကျာ်း မနေ့ည က အိမ် ပြန်မလာလို့ဆိုပြီး တိုင်ချက်ဖွင့်တယ် ။ ယောကျာ်းပျောက်ပြီး ပူဆွေး နေတဲ့ မိန်းမ တစ်ယောက် အနေနဲ့ပေါ့ ။ 


ယောကျာ်းက အလုပ်ပြုတ်လို့ စိတ်မတည်ငြိမ် ဖြစ်နေကြောင်း၊ အိမ်ထောင်သက် ၁၉ နှစ်ကျော်အတွင်း ဒီလို 

တခါမှ မဖြစ်ဘူးကြောင်း၊ 


ရဲအရာရှိက Victor တစ်ယောက် တခြား ဇာတ်လမ်း ရှိသလား မေးတော့ Joanက မရှိကြောင်း၊ 


သူ့ယောကျာ်း Victor က သူ့ကို အရမ်းချစ် သလို ၊ လင်မယား နှစ်ယောက်စလုံး အရမ်းချစ်ကြကြောင်း 

လန်ကြုတ်ဇာတ်လမ်းလေးတွေ နဲ့ပြော၊ တိုင်ချက်ဖွင့်ပြီး ပြန်သွားတယ် ။


နောက်တရက် ရဲနှစ်ယောက်က Joan တို့အိမ်ကို လာစစ်မေးပြီးတဲ့ အခါ သေသွားတဲ့ Victor ရဲ့ ဖုန်းကို 

အမည်မသိ ဖုန်းကောလ် တွေ ဝင်လာတယ်။ 


Joan ကလည်း သူ့ကိုယ့်သူ မလုံ၊ မကိုင်ရဲ။


တဖက်က ဆက်သူက Kitten Parlour က Victor ကြိုက်နေတဲ့ အပျော်မယ်လေး Kamila ။


ပုံမှန်ဆို  Victor က မနက်  အလုပ်ကနေ  အပျော်မယ် #Kamila ဆီ ဖုန်းဆက်တယ်၊ ညဆိုလည်း မက်ဆေ့ခ်ျ 

အမြဲ ပို့တယ် ။


ဒါပေမယ့် ထူးထူးဆန်းဆန်း  မနေ့က တနေကုန်  Victor သူ့ဆီအဆက်အသွယ် မလုပ်လို့ Kamila တစ်ယောက် စိတ်ပူနေတယ် ။ 


အပျော်မယ် Kamila ရဲ့ ရည်းစား #Kaspar ဆိုတဲ့ကောင်ကလည်း သူ့ဆီ အမြဲ ခြိမ်းခြောက်စာတွေပို့တယ် ။  


အိမ်ကမိန်းမကိုတောင် ဂရုမစိုက်တဲ့သူရဲကောင်းကြီး 

ကို Victor က အပျော်မယ်လေး Kamila ကို သူ့ရည်းစား Kaspar လက်ကနေ ကယ်တင်မယ်၊ စောင့်ရှောက်မယ် ပြောထားတဲ့သူ ။ 


Kamila စိတ်ထဲမှာ Victor ဟာ ချမ်းသာတဲ့သူလို့ ထင်နေတယ် ။


တဖက်မှာလည်း Joan နဲ့ သူ့ရည်းစား Don ဟာ Victor အလောင်းကို ကားဂိုဒေါင်ထဲမှာ တွင်းတူးပြီး မြှုပ်ဖို့ လုပ်နေတယ် ။ 


Joan နဲ့ Don တို့ Victor အလောင်းကို Freezer ထဲက ထုတ်၊ Victor ရဲ့ ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးဟာ #Don 

တူးထားတဲ့ မြေကျင်း ခပ်တိမ်တိမ်လေးထဲ ရောက်သွားတယ်။ 


Victor သေပြီးပြီးချင်းတော့ Joan စိတ်ထဲပျော်မိတယ် ။ သူ့ရည်းစား  Don အပေါ် အရင်ကထက် အချစ်တွေ ပိုလာမယ် တွေးခဲ့ဖူးတယ် ။ 


အခုကားဂိုဒေါင် ထဲက မြေကျင်းထဲ ရောက်သွားတဲ့ 

အရင်ကချစ်ခဲ့ဖူးတဲ့ ယောကျာ်းဖြစ်သူ Victor အလောင်း ကို ကြည့်ပြီးJoan ရဲ့ စိတ်ထဲမှာ မပျော်မိပဲ ၊ ဝမ်းနည်းတာရော၊ ကြောက်တာရော၊ အပြစ်ရှိသလိုပါ ခံစားရလာတယ် ။


ဒါပေမယ့် ကားဂိုဒေါင်ထဲမှာ တူးထားတဲ့ ကျင်းထဲ က Victorအလောင်းပေါ်  မြေပြန်ဖို့၊ အပေါ်က ဘိလပ်မြေလောင်းတဲ့ ကိစ္စ အဝဝဟာ မနက် ၄နာရီလောက်မှာ ပြီးသွားတယ် ။


အဲ့ဒီနောက်ပိုင်း အိမ်ထဲမှာ ပေါ်ပေါ်လာတက်တဲ့ Victor 

ပုံရိပ်၊ Victor သောက်နေကျ စီးကရက် အနံ့ ။


နောက်ရက် စုံထောက် Brett နဲ့  Badger တို့နှစ်ဦး ထပ်လာတယ် ။ Joan ကို စစ်ဆေးမေးမြန်းပြီး ရဲက ....


ပျောက်ဆုံးသွားတဲ့ Victor ဟာ အပျော်မယ် Kamila နဲ့ ငြိနေခဲ့‌ကြောင်း ၊ အပျော်မယ် Kamila နဲ့ Victor တို့ နှစ်ဦးဟာ ထွက်သွားဖို့ ကြံစည်ခဲ့ဖူးကြောင်း Kamila ကရဲစခန်းမှာ ထွက်ဆိုချက် လာပေးခဲ့တာကို ပြန်ပြောပြတယ် ။  


ရဲတွေ ပြောနေတဲ့ အချိန် Joanရဲ့ ခေါင်းမူးနောက်နေတယ်။ 


သူ့ယောကျာ်းက sex club ကအပျော်မယ် ဆီသွားတယ်တဲ့လား...


ရဲတွေပြန်ပြီးနောက် Joanဟာ ပြတင်းပေါက်ကနေ

ငေးကြည့်နေတယ် ။ 


စိတ်ထဲတော့ ဒေါသတွေ ဆူပွက်လို့ပေါ့ ။ Victor ဟာ 

သူ့ကို လှည့်စားခဲ့တယ် ။ 


မိန်းမပျက်ဆီတောင် သွားခဲ့သေးတယ်။သွားနေတာ ဘယ်လောက်တောင် ကြာပြီလဲ ။အဲ့မိန်းမပျက်ဆီ မှာ 

ငွေတွေ ဘယ်လောက်တောင် ဖြုန်းတီးထားခဲ့ပြီလဲ ။ 


ဒေါသတွေ ဆူပွက်နေတယ်။ သူ ကားဂိုဒေါင် တံခါးကိုဖွင့်၊ ဂိုဒေါင် မျက်နှာပြင်က  ချောမွတ်နေအောင် ဖုံးထားတဲ့ ဘိလပ်မြေ ကြမ်းပြင်ကို ကြည့်ပြီး အော်ပစ်လိုက်တယ် ။ ' YOU BASTARD !!!!! '

(မိန်းမဒေါသဆိုတာ  အဲ့ဒါပဲ 😆)



ရဲကလည်း  Joan ကို မယုံဘူး။ အာမခံကိစ္စနဲ့များပတ်သတ်နေမလားပေါ့ ။ ဝရမ်းတောင်းပြီး Joan တို့အိမ် အနှံ့ ရှာတယ် ။ နောက်ဆုံး ကားဂိုဒေါင်....


ဂိုဒေါင်ကို စစ်ဆေးဖို့ ရဲက အထဲက ကားကို အပြင်ထုတ်လိုက်တယ် ။ ထုတ်လိုက်တဲ့အချိန်မှာ Joan နဲ့  Don တို့ ခင်းထားတဲ့ အင်္ဂတေ ဟာ ကျွံပြီး ဝက်ဗိုက်သားလိုဟာမျိုးကြီးက အပေါ်ကိုကြွတက်လာတယ် ။ 


ဝက်ခေါက်တော့ မဟုတ်ဘူး ။ အဲ့ဒါ Victor ရဲ့ဗိုက်ပူကြီး။ ရဲတွေက တရွင်းပြားတွေနဲ့ တူးဆွပြီး အလောင်းကို ဖော်။ 


၄ ရက်အကြာ မှာ Joan ဟာ အာမခံနဲ့ လွတ်လာတယ် ။

ခံလိုက်ရသူကတော့ Don ပေါ့ ။ Don တစ်ယောက် 

ကံမကောင်းရှာဘူး။ Victor ကို သတ်မှူ့ နဲ့ အဖမ်းခံလိုက်ရတယ် ။  


Joanကတော့ အော်စကာတောင် ရနိုင်လောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ပေါ့ ။ 


ရဲကလည်း Joan ရဲ့ ဇာတ်အခင်းအကျင်းကို ယုံတယ် ။


တနေ့ Victor ပြန်လာတဲ့အချိန် Don ကို  တွေ့မိပြီး အချင်းချင်း တိုက်ခိုက်ကြတယ် ။ Don က Victor ကို တူနဲ့ ရိုက်မိသွားတယ် ။ နောက်  ရဲကို Joan သတ်တာပါလို့ပြောဖို့ Donက အကျပ်ကိုင်တယ်ပေါ့ ။ 


အဲ့ဒီနောက် Don ဟာ Victor ကို ကားဂိုဒေါင် အောက်မှာ မြှုပ်လိုက်တယ်ပေါ့ ။ အဲ့ဒီအချက်ဟာလည်း ရဲတွေအတွက် မှန်နေတယ် ။ 



Victor အလောင်းကို တွေ့ပြီးတဲ့နောက် Donရဲ့ အိမ်ကို မနက်အာရုံတက်ချိန်မှာ တန်းရှာတဲ့အခါ  သွေး‌စွန်းနေတဲ့ တူရော ၊ Donရဲ့လက်ဗွေရာပါ တွေ့တယ်။ 


ပုံမှန်ဆို‌ရင်တော့ ရက်သတ္တပတ် အနည်းငယ်ထိ Joan လွတ်လာစရာမရှိဘူး ။ ဒါပေမယ့် တရားသူကြီးလည်း  Joan ရဲ့ ဇာတ်လမ်းကို ယုံတယ် ။ နောက်ဆုံးတော့ သံသယကင်းပြီး  Joan လွတ်လာတယ် ။


ပြန်ရောက်တော့ တွေးမိတယ် ။ Don အတွက်တော့ 

စိတ်မကောင်းပေမယ့် ယောကျာ်းတွေပေါပါတယ်၊ Dating Agency တွေ ၊ Dancing Club တွေကနေ ရှာလို့ရနေသေးတာပဲ ။ 


အပျော်ဆုံးကတော့  Victor မရှိတော့‌တာပဲ ။ 


အမှတ်ရစရာတွေ အများကြီး ဖြစ်နေတဲ့ ဒီအိမ်ကိုလည်း သူရောင်းပြစ်မယ် စိတ်ကူးထားတယ် ။ 


အဲ့ဒီနောက် ဝိုင်တွေ အရမ်းသောက် မူးပြီး အိပ်ရာထဲ ဝင်တယ် ။ Victor အိပ်တဲ့အခြမ်းမှာအိပ်လိုက်တယ် ။ 



အိပ်ပြီးသိပ်မကြာဘူး ၊ Joan မုန်းတဲ့ Victor ရဲ့ ဟောက်သံကြီး ကြားလိုက်ရတယ်။ ရုတ်တရက်တော့ Joan လန့်သွားတယ် ။ မီးဖွင့်ကြည့်လိုက်တယ် ။  တိတ်ဆိတ်ပြီး ဘယ်သူမှ မရှိဘူး။


ဟောက်သံကြီး နောက် ထပ်ကြားပြန်တယ် ။ Joan နှလုံးခုန်သံ‌ကတော့ မြန်လာတယ် ။  


အိုကေ...ငါတော့ ရှယ်ပြင်ထားတဲ့ ငါ့အခန်းသစ်ပဲ သွားအိပ်တော့မယ် ပေါ့ ။ 


အဲ့ဒီ့နောက်(အစပိုင်းမှာ Joanကို သတ်ဖို့  ) Victor ကိုယ်တိုင် Cyanide တွေ အများကြီး ထည့်သုတ်ထားတဲ့ Prussian Blue ရောင်နဲ့ ‌ အခန်းသစ်ကို ရောက်သွားတယ်၊


ပွင့်နေတဲ့ တံခါးတွေ ပိတ်လိုက်တယ်  ။


ည အိပ်ရာ ဝင် မီးကိုပါ ပိတ်လိုက်တယ် ။


သုတ်ထားတဲ့ ‌ဆေးကနေ အယ်လမွန် နံ့ ခပ်သင်းသင်း

ရတယ် ။ Victor ဆီက ရတဲ့ အနံ့ထက်တော့ သာသေးတယ်ပေါ့ ။


အဲ့ဒီနောက် ဖြေးဖြေးလေး .....

တည်တည်ငြိမ်ငြိမ်လေးနဲ့ .....


Victor စီရင်ထားတဲ့ Cyanide အလွန်အကြူး သုံးထားတဲ့ 

အခန်းထဲ မှာ မိန်းမလည် Joan တစ်ယောက် အိပ်မောကျ သွားတယ် ။


A very deep sleep. Bit by bit by bit.......


(ကံဆိုတာ အဲ့ဒါပဲ..ဝဋ်လည်တာပဲ..ဥပဒေကို Joan လှည့်စားလို့ရခဲ့ပေမယ့်  ကံကိုတော့ လှည့်စားလို့မရခဲ့ဘူး။ ) 😊

ပြီး ပါ ပြီ ။ ။


Victor + Joan  = လင်မယား

Don + Mandy  =  လင်မယား

Kamila = အပျော်မယ်

Kaspar = အပျော်မယ် ၏ ခပ်ဆိုးဆိုး ရည်းစား


ဖောက်ပြန်ကြတာက ..

Joan နဲ့ Don

Victor နဲ့ Kamila


The Perfect Murder by Peter James

#Book_Summary_by Hnin Yi Pwint 

Nov 6. 2020

No comments: