ဒီတခါ အခုလ ဖတ်တဲ့ စာအုပ်ထဲမှာ ကိုယ်ကြိုက်မိတဲ့ စာအုပ်တအုပ်ဖြစ်တဲ့ Kim Michele Richardson ရဲ့
The Book Woman of Troublesome Creek ဆိုတဲ့ စာအုပ်အကြောင်း ။
🔷ဒီစာအုပ်ဟာ ၂၀၁၉ တုန်းက ထွက်ခဲ့တာ ။ Book Group တွေ၊ Librarian တွေ ထဲမှာ သိပ်ရွေးခဲ့ပြီး ကြိုက်ခဲ့ကြတဲ့ စာအုပ်။
🔷ဒီစာအုပ်ထဲမှာ Eastern Kentucky မှာ တကယ်ရှိခဲ့တဲ့ အချက် ၂ ချက်ကို အခြေခံပြီး ဝတ္ထု အနေနဲ့ရေးထားတယ်။
🔷ပထမ တချက် " Book Woman" ဆိုတာ ၁၉၃၅ ကနေ ၁၉၄၃ ထိ သမ္မတ President Franklin D. Roosevelt ရဲ့ အစီအစဉ်နဲ့ လုပ်ခဲ့တဲ့ ပရောဂျက်တခုဖြစ်တဲ့ Works Project Administration (WPA) program : အမျိုးသမီးတွေကို အလုပ်အကိုင် အခွင့်အလမ်းတိုးစေဖို့ အရှေ့ Kentucky ပြည်နယ်ဘက်မှာ တောင်တွေကြား မြင်းနဲ့ စာအုပ် လိုက်ငှား ၊ ပို့ပေးရတဲ့ Packhorse Librarians အလုပ် ။
( Comment မှာ ပုံတချို့ တင်ထားပါတယ် )
🔷 နောက်တချက်က Eastern Kentucky ပြည်နယ်မှာ တကယ်ရှိခဲ့တဲ့ genetic disorder ကြောင့် ဖြစ်ရတဲ့
အပြာရောင် အရေပြားနဲ့ Blue Skin People လူမျိုးစု တစုအပေါ် အသားအရောင် ခွဲခြားဆက်ဆံခံရတာတွေ၊
🔷အဲ့ခေတ်ကာလ၊ အရှေ့ Kentuckyပြည်နယ်ဘက်က လူတချို့ရဲ့ အတွေးအခေါ် ညဏ်တိမ်တာတွေ၊ငတ်မွတ် ခေါင်းပါးတာတွေကို တကယ့် Historical facts တွေအပေါ် အခြေတည်ပြီးရေးထားတဲ့ ဝတ္ထု Fiction တအုပ် ။
🔍🔍Note : 🔷🔷 Google မှာ Blue Skin People of Kentucky လို့ ရှာလိုက်ရင် အချက်အလက်တွေ အများကြီး တွေ့ပါလိမ့်မယ်။
🔷Genre တခုကြောင့် အရေပြား အပြာရောင်ဖြစ်နေတာပါ ။ သွေးက ချောကလက်အရောင် လို့ ဆိုပါတယ်။ ၁၉၃၀ ဝန်းကျင်က U.S .. Kentucky ပြည်နယ်မှာ တကယ်ရှိခဲ့တဲ့ လူမျိုးစုပါ ။ အခုကာလမှာတော့ Blue Skin လူမျိုးစု မကျန်တော့ဘူးဆိုပါတယ် ။
🔷ဒီစာအုပ်ထဲမှာ အဲ့ဒီခေတ်ကာလအတွင်းက အရေပြား အပြာရောင် ဖြစ်နေလို့ ခွဲခြားဆက်ဆံခံရတာ ၊ အနှိမ်ခံရတာတွေ၊ မတူတဲ့ အရောင်ဖြစ်နေလို့ မကောင်းဆိုးဝါးလို ဆက်ဆံခံရတာအပြင် အဲဒီ့ ခေတ်ကာလက စာအုပ်တွေကို ချစ်မြတ်နိုးပြီး Pack Horse Librarian ဖြစ်ချင်တဲ့
အပြာရောင် အရေပြားရှိတဲ့ ၁၉နှစ်အရွယ် "Cussy Mary" ဆိုတဲ့ မိန်းကလေးတစ်ယောက် အကြောင်း ။
သူ့ကို Bluet လို့လည်း ခေါ်ကြတယ်။
🔷"Cussy Mary" ဟာPack Horse Librarian အလုပ် ကို သူ့အမေ ဆုံးပြီးတဲ့နောက် ၁လကြာမှာ လျှောက်ခဲ့တယ်။
🔷စလုပ်ချင်းတော့ အဖေဖြစ်သူက မြင်းစီးပြီး ခက်ခဲကြမ်းတမ်းစွာ စာအုပ်ပို့ရမယ့် အလုပ်ကို သဘောမတူ၊
မလုပ်စေချင်ဘူး။
🔷အဖေဖြစ်သူက သူမရှိတော့တဲ့နောက် ဒီခက်ခဲ ကြမ်းတမ်းတဲ့ဒေသမှာ တစ်ယောက်တည်း ထားခဲ့ဖို့ စိတ်မချဘူး။ အားကိုးဖို့ သမီးဖြစ်သူကို အိမ်ထောင်ပြုစေချင်တယ်။ ဒါပေမယ့် သမီးဖြစ်သူက အိမ်ထောင်မပြုချင်ဘူး။ သူ့လို Blue Peopleကို ဘယ်သူက လက်ထပ်မှာလဲလို့ပြောတယ်။
🔷Cussy က အလုပ်ပဲ လုပ်ချင်တယ် ။ ဒီကြမ်းတမ်းတဲ့ ဒေသမှာ အစိုးရရဲ့ အသစ်စတင်မယ့် Pack Horse Program မှာ စာအုပ်တွေကို ချစ်မြတ်နိုးပြီး စာအုပ်ပို့ပေးရမယ့် Pack Horse Librarian ဖြစ်ချင်တယ်။
🔷အဖေဖြစ်သူက coal miner၊ Blue people
တစ်ယောက် ဖြစ်တဲ့အတွက် သူများ မလုပ်ချင်တဲ့ ခက်ခဲပင်ပန်းတဲ့ အရာမှန်သမျှကို လုပ်ရတယ်။
🔷Cussy တစ်ယောက် Pack Horse Librarian အနေနဲ့ အလုပ်ရ လို့ စာအုပ် ပို့ ပြန်တော့ ဒေသထဲမှာ စာအုပ်ပို့တဲ့ အလုပ်ကို အထင်သေးခံရတာတွေ၊ တချို့ မိန်းကလေးတွေ၊အိမ်ရှင်မတွေက အချက်အပြုတ် မဂ္ဂဇင်းငှားဖတ်ကြ....
🔷လတိုင်း Cussy စာအုပ် လာလဲတဲ့အချိန်မှာ သူတို့ ဖတ်ချင်တာလေးတွေကို ယူလာခိုင်းတဲ့ ကလေးတွေ၊ ဂွတိုက် ပြောချင်တဲ့ တချို့လူတွေ၊ Cussy ကို တချို့အတွေးခေါင်တဲ့သူတွေ က သူတို့ရဲ့ သား သမီးကို Cussy အနားမကပ်စေချင်ကြဘူး။
🔷တနေ့ မြို့က ဆရာဝန်က Cussy ကို စမ်းသပ်ပေးချင်တယ်ဆိုလို့ သွေးဖောက် စမ်းသပ်ပေးပြီး၊ ငတ်နေတဲ့ ကလေးတွေစားဖို့ မုန့် ရိက္ခာနဲ့ လဲယူလာပေးတယ် ။
🔷Cussy ရဲ့ အဖေဖြစ်သူကတော့ တောင်ပေါ်ဒေသက ကလေးတွေ ၊ သက်ကြီးရွယ်အိုတွေ အစာရေစာ ငတ်ပြတ်ပြီး သေနေကြတာ၊သူတို့အတွက်အဓိကလိုအပ်တာ စာအုပ်ထက် အစာရေစာလို့ပြောတယ်။
🔷သမီးဖြစ်သူ Cussy ကတော့" But folks tell me that books eases their burdens, it's the best thing that could happen to them,"လို့ ပြန်ငြင်းတယ်။
🔷Cussy Mary ခေါ် Bluet ဟာ စာအုပ်တွေကို ချစ်တယ်။
🛑Spoiler Alert...🛑
🛑Spoiler Ahead 🛑
🛑Spoiler Alert...🛑
🛑Spoiler Ahead 🛑
🔷တနေ့တော့ Bluet ရဲ့ သူငယ်ချင်းAngeline ဆိုတဲ့
သူတို့ အခေါ် Colored ( အရေပြား အပြာရောင် ကာလာ ) နဲ့ မိန်းကလေး ဟာ သမီးလေး မွေးတယ်။
🔷 Angeline ရဲ့ ကလေး ဟာ ပုံမှန် white လည်း မဟုတ်သလိုအပြာရောင်ကြီးလည်း မဖြစ်သေးဘူး။ soft blue လေးဖြစ်နေပြီ။ သမီးလေးကို Angeline က Honeyလို့ နာမည်ပေးလိုက်တယ်။
🔷Angeline ရဲ့ ရည်းစား လား ယောကျာ်းလားတော့
မသိ.. အဲ့လူက Angeline သာ အပြာရောင် သမီးလေးမွေးတာ သိရင် သတ်လိမ့်မယ်၊ အဲ့လူက သူဟာ လူဖြူကို ပဲ လက်ထပ်မယ်လို့ Angeline ကို ပြောထားတာ ၊ အဲ့ဒီလူ ကလေးကို တခုခု လုပ်လိုက်မှာ စိုးတယ်။
🔷Angeline ဟာ ကလေးမွေးရင်း မီးတွင်းထဲမှာ သွေးလွန်နေပြီ ။ သူသေတော့မှာသိတယ်။ မသေခင် သူ့သမီး Honey လေးကို စိတ်ချရတဲ့သူ လက်ထဲ ထားခဲ့ချင်တယ်။
🔷အဲ့ဒါနဲ့ Cussy ကို Honey ရဲ့ အမေအဖြစ်နေပေးဖို့ Honey မွေးစား စောင့်ရှောက်ပေးဖို့ ကတိတောင်းတယ်။
🔷 Cussy လည်း ဘာလုပ်ရမှန်း မသိပေမယ့်Angeline ဆန္ဒ အတိုင်း လက်ခံလိုက်တယ်။ အဲ့နောက် Angeline ဟာ မီးတွင်းထဲ သွေးလွန်နေပေမယ့် Honey ကို နို့တိုက်ပေးလိုက်သေးတယ်။ အဲ့ဒီအချိန်မှာ သူ့ကိူ စာအုပ်ဖတ်ပြခိုင်းလို့ Cussy က စာအုပ်ဖတ်ပြပေးတယ်။Cussy က မြို့က ဆရာဝန်သွားခေါ်ပေးမယ် ပြောပေမယ့် အချိန်မမှီတော့မှန်း နှစ်ယောက်လုံး သိတယ် ။အဲ့နောက် Angeline ဆုံးသွားတယ်။
🔷 Cussy ဟာ ကလေးကို အိမ် ယူလာတယ်။
အဖေဖြစ်သူကတော့ အစပိုင်း သဘောမကျဘူးပေါ့။ နောက်ပိုင်းတော့ သူ့သမီး ဆန္ဒအတိုင်း ကလေးကို မွေးစားခွင့်ပြုလိုက်တယ်။
🔷Cussy အဖေက သူ့သမီးကို အိမ်ထောင်ပြုဖို့ ထပ်တိုက်တွန်းပြန်တယ် ။
🔷 Cussy ကတော့ ထုံးစံအတိုင်း သူဟာ ကလေးကိုလည်း စောင့်ရှောက်နိုင်တယ် ။ မလိုပါဘူးပေါ့။
🔷Cussy ကို ချစ်ပြီး လက်ထပ်မယ့် လူဖြူတစ်ယောက် လည်း ရှိနေ တယ်။အဲ့ဒီလူဟာ Honey ကို မွေးစားထားတာကိုလည်း လက်ခံပေးမယ့် ယောကျာ်းမျိုး။
🔷အဲ့နောက်မှာ Cussy အဖေဟာ မိုင်းတွင်း မတော်တဆမှု့ တခုကြောင့် သေသွားတယ်။
🔷သူ့သမီး ကို အရမ်း အိမ်ထောင်ပြုစေချင်ခဲ့တဲ့ ဖခင်ဖြစ်သူ ဟာ သမီးဖြစ်သူ လက်ထပ်မယ့်နေ့ထိတောင်
မနေလိုက်ရရှာဘူး။ 😭
🔷အစစအရာရာ အဆင်ပြေလို့ လက်ထပ်၊မင်္ဂလာဆောင် တဲ့ နေ့မှာတော့ မင်္ဂလာဆောင်ကို လာတဲ့ လူတိုင်း ပျော်ရွှင်ပြီး ကောင်းချီးပေးနေတဲ့ အချိန်မှာ
ရဲစုတ် တကောင် ရောက် လာတယ်။
🔷Blue ကို လက်ထပ်လို့ မရတဲ့ ဥပဒေ ဘာညာ သာရကာ ရစ်ပြီး သတို့သားကို လက်ထိပ်ခတ်လိုက်တယ်။
🔷သတို့သားကလည်း သူကျေနပ်လို့ လက်ခံနိုင်လို့ လက်ထပ်ပြီးသားဆိုတာ ပြောတယ် ။ မင်္ဂလာဆောင်က သူတွေ အကုန်ဝိုင်းပြောပေးကြတယ်။
🔷ဆရာဝန်ကလည်း Blue ဖြစ်ရတာ ဘာကြောင့်မို့သာ ဖြစ်ရတာ ရှင်းပြပေမယ့် ရဲစုတ်က နားမဝင်ဘူး။ ဗြူး ဗြဲ လုပ်ပြီး ပြဿနာ ရှာတယ် ။ အဲ့နောက် သတို့သားကို အချုပ်ထဲ ထည့်တယ်။ ဒါပေမယ့် သိပ်မကြာခင် နောက်ကနေ Cussy တို့ လိုက်ရှင်းလို့ ရလိုက်တယ်။
🔷နောက်ပိုင်းတော့Cussy ရယ် ၊ သူတို့ ချစ်တဲ့ စာအုပ်တွေရယ် ၊ သူ့ယောကျာ်းရယ်၊ မွေးစားထားတဲ့ Honey ဆိုတဲ့ သမီး လေးရယ် Ohioကို ပြောင်းသွားကြတာလား မသိ ( မမှတ်မိလို့ 😁 ) ။
ဇာတ်သိမ်းလေးလည်း ကောင်းပါတယ်။
🔷 E-bookရဲ့ နောက်ဆုံးမှာ Historical Facts တချို့နဲ့ Packhorse Librarian ပုံ တွေ ပါသလို
Author's Note မှာလည်း Blue People of Kentucky အကြောင်း ပါပါတယ်။
📘📘📘 E- Book 📘📘📘
https://t.me/mobi_epub_ebook_and_Movie/1738?single
🔷 အောက်က ဒီစာအုပ် စာရေးဆရာရဲ့ ဗီဒီယို ထဲမှာ
Eastern Kentucky ပြည်နယ်က Packhorse Librarians တွေအကြောင်း ပုံ အနည်းငယ် ပါပါတယ်။
https://www.facebook.com/KimMicheleRichardson/videos/319190235689593/
P.S 🔷🔷🔷 ဒီစာအုပ် ရဲ့ နောက်အဆက်အနေနဲ့ 2022 May 3 ရက်မှာ The Book Woman's Daughterဆိုတဲ့ စာအုပ် အသစ်ထွက်မှာတဲ့။ ဒီစာအုပ်ကို ကြိုက်တဲ့ အတွက် ဆက်မျှော်ရဦးမယ်။
🎵🎶 မျှော်နိုင်သမျှတော့... မျှော်ဦးနော် 🎶🎵😁
The Book Woman Of Troublesome Creek
⭐⭐⭐⭐
#Audiobook_Review_& Summary by Hnin Yi Pwint
Nov 7. 2021
No comments:
Post a Comment