The Stationery Shop by Marjan Kamali
5 Star ⭐⭐⭐⭐⭐ Romance Book for me.
နှစ်စက ရေးပြီးသား စာအုပ် အညွှန်းလေးပါ ။
ပထမ ပိုစ့်မှာ အညွှန်း နှစ်ခုရောနေလို့ ခွဲထုတ်ပြီး ပြန်တင်တာပါ ။
ရင်ထဲထိမယ့် အချစ်ဝတ္ထု ကောင်းကောင်း ဖတ်ချင် ရင် ဒီစာအုပ်လေးဖတ်ဖို့ အကြံပြုချင်ပါတယ်။
အချစ်ဝတ္ထုထဲမှာ ရင်ထဲကနေ တကယ် ကြိုက်တဲ့ စာအုပ်ဟာ လက်ဆယ်ချောင်းတောင် မပြည့်ပါဘူး။ ဒီစာအုပ်ကို ကိုယ် တော်တော်လေးကို ကြိုက်တာပါ ။
မြန်မာဘာသာပြန် ထွက်လာနိုင်ချေရှိတဲ့ စာအုပ်ကောင်း တအုပ်ပါ ။
ဒီစာအုပ်ကို YouTube က BookTuber တစ်ယောက် ဖြစ်တဲ့ Clockwork Reader က သူ့ဗီဒီယိုတွေမှာ ခဏ ခဏ ညွှန်းနေတာ တွေ့ခဲ့ပေမယ့် ပျင်းဖို့ ကောင်းတယ် ထင်ပြီး မဖတ်ဖြစ်ခဲ့ဘူး။ တကယ်ဖတ်ကြည့်လိုက်တော့ ရင်ထဲ တကယ်ထိတာပါ ။
မြန်မာစာရေးဆရာနဲ့ ယှဉ်ပြရရင် Marjan Kamali ရဲ့ The Stationery Shop ဟာ အကြောင်းအရာ အချက်အလက် တခုခုကို အခြေခံရေးတဲ့ "ဂျုး "ရဲ့အရင် ပုံစံမျိုး ။ ( နောက်ပိုင်းထွက်တဲ့ ဂျုးဝတ္ထုတွေတော့ မကြိုက်တော့ပါဘူး။)
Marjan Kamali ရဲ့The Stationery Shop AudioBook နားထောင်ရတာ ရင်ထဲ တကယ်ခံစားရပါတယ်။
🖌️️The Stationery Shop ဇာတ်လမ်းအကျဉ်း🖌️🖌️
၁၉၅၃ ဝန်းကျင် အီရန် Coup နောက်ခံ နိုင်ငံရေး အခြေအနေတွေ နဲ့ မိသားစု အခြေအနေတွေ ကြောင့် ဝေးကွာသွားရပေမယ့် နောက်ဆုံးချိန်ထိ ချစ်ခြင်း
မေတ္တာကို ဖော်ပြခဲ့တဲ့ အချစ်ဇာတ်လမ်းလေးပါ ။
ဝတ္ထုထဲမှာ ဇာတ်လမ်း စစချင်း ဖြစ်နေတဲ့ coup အခြေအနေ တွေဟာ ကိုယ်တွေဆီမှာ ဖေဖော်ဝါရီက ဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ တော်တော်လေး ဆင်ပါ တယ် ။
ကောင်လေးနဲ့ ကောင်မလေး ဟာ ၁၉၅၃ ဝန်းကျင်၊
ဆယ်ကျော်သက်အရွယ် မှာ အီရန်က
Stationery Shop တခုမှာ တွေ့ ၊ ချစ်မိခဲ့ကြပြီး ၊
လက်ရှိမျက်မှောက်ခေတ် အမေရိက က Stationery Shop မှာ အဆုံးသတ်တဲ့ ဇာတ်လမ်းလေး။
Roya ဆိုတဲ့ ကောင်မလေးဟာ အီရန်က " Stationery Shop " ဆိုတဲ့ စာရေးကိရိယာကအစ စာအုပ်ပါ အစုံရ တဲ့ ဆိုင်လေးမှာ Rumi စာအုပ် သွားဝယ်ဖတ်နေကျ ။
တနေ့ Stationery Shop မှာ စာအုပ် ရွေးနေတုန်း ကမ္ဘာကြီးကို ပြောင်းလဲ ချင်တဲ့ Bahman Aslan ဆိုတဲ့ ကောင်လေး နဲ့ မျက်စိခလုပ်တိုက်ပြီး ချစ်မိသွားကြ တယ် ။
ကောင်လေးအမေက သူ့သားနဲ့ ကောင်မလေးကို မပေးစားချင်ဘူး။ ဘယ်သဘောတူမတုန်းလေ၊ ကောင်မလေး မိသားစုက လူလတ်တန်းစား ပေမယ့် ပညာတက် ခေတ်မှီတယ်ပြောရမယ်။
ကောင်မလေးက အင်္ဂလိပ် ၊ရုရှား အစရှိတဲ့ ဘာသာပြန် ဝတ္ထုတွေဖတ်တယ်။ Rumi fan တစ်ယောက် ။
၁၉၅၀ ဝန်းကျင် အီရန် မှာ အမျိုးသမီးတွေ အိမ်တွင်းပုန်းကုလားမလုပ်ပြီး အိမ်ရှင်မတာဝန်တွေ လုပ်ရမယ့်အချိန်မှာ ကောင်မလေးလို ဘာသာပြန်တွေ ၊ စာအုပ်တွေ ဖတ်နေတဲ့ မိန်းကလေးမျိုးကို ကောင်လေး အမေက အထင်မကြီးဘူး။
ကောင်လေးအမေ သဘောတူတာက တစ်ယောက် ။
ဒါပေမယ့် ကောင်လေးက ကောင်မလေးကို အရမ်းချစ် လို့ အမေ သဘောမတူတဲ့ကြားက ရအောင် စေ့စပ်ခဲ့ တယ် ။ မလွှဲသာ မရှောင်သာ စေ့စပ်ပွဲလာရတဲ့ ကောင်လေးရဲ့ အမေ လာတဲ့စတိုင် က ကိုယ်တွေ မြန်မာကားထဲက ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့ အမေစတိုင်မျိုး ။
အဲ့အချိန် အီရန် မှာ Coup က ဖြစ် Prime Minister Mossadegh ကို ထိန်းသိမ်း ၊ ဆန္ဒပြ ပွဲဖြစ်၊ ဇာတ်ဆောင် ကောင်လေးကလည်း Democratic Politicanနဲ့ပတ်သတ်နေလို့ရှောင်ရ။
အင်တာနက်ဆိုတာ ဝေးလာဝေးခေတ် ဖုန်းနဲ့ တောင် အဆက်အသွယ်လုပ်လို့ မရလို့၊Stationery Shop က လူကြီး အကူအညီနဲ့ စာပေးစာယူ ဖလှယ်ကြတယ် ။
ကောင်လေး ဟာ သူ့အမေ သဘောမတူပေမယ့် ကောင်မလေးသာ သူ့ကိုတကယ်ချစ်ရင် သူ့နောက် လိုက်ခဲ့ဖို့ ခေါ်တယ်။
နေရာတခုကို ချိန်းတယ်။ အဲ့ဒီအချိန်မှာ အဲ့ထဲက ကောင်လေးပေးတဲ့ စာနဲ့ လက်ရေး တူအောင်ရေး၊ တွေ့မယ့်နေရာ ဖလှယ်ထားပြီး ကောင်လေးနဲ့ ကောင်မလေး ဝေးအောင် လုပ်ခဲ့တဲ့လူတစ်ယောက် ရှိခဲ့တယ် ။
ကောင်မလေး ရောက်သွားတဲ့ ရင်ပြင်က ဆန္ဒပြသူ တွေကိုနှိမ်နှင်းနေတဲ့ ရင်ပြင်၊ ကောင်လေး ရောက် သွားတဲ့ ရင်ပြင်က လူသူ ရှင်းနေတဲ့ ရင်ပြင် တခု ။
ကောင်မလေးက လည်း ချိန်းထားတဲ့နေရာမှာ ကောင်လေးကို မတွေ့လို စိတ်ထဲ အစိုင်အခဲဖြစ်၊ ကောင်လေးကလည်း ကောင်မလေး သူချိန်းထား တဲ့နေရာကို မလာလို့ စိတ်ထဲ အစိုင်အခဲဖြစ်။
ကောင်လေးဟာ Political အခြေအနေတွေကြောင့် ရှောင်နေရတယ် ။ သူ့အမေကလည်း ကောင်မလေးကို လက်ထပ်ရင် သူ့ကိုယ်သူ သတ်သေမယ်ဆိုပြီး ခင်မို့မို့အေး စတိုင်နဲ့ စန်းစန်းတင့်တွေ ဖြစ်ပြတယ် ။
၁၇နှစ်အရွယ်ကောင်မလေးဟာ အသဲတွေကွဲ ။
၁၉၅၃ ဝန်းကျင် အခြေအနေမှာတောင် ကောင်မလေးရဲ့ အဖေဟာ သူ့သမီးနှစ်ယောက်ကို အမေရိက ကိုသွားစေ ချင်တယ် ။ သမီးဖြစ်သူကို scientist ဖြစ်စေချင်တယ် ။
Coup မဖြစ်တဲ့ အမေရိကမှာ သူ့သမီးရှေ့ရေး အတွက် ပညာသင် စေချင် တယ်။ လူလတ်တန်းစားတွေမို့ သမီးတွေ အမေရိက ကို သွားရအောင် ရှိတာတွေနဲ့ ကြံဖန်ပေးတယ်။
အီရန်သူတွေကို ပေးတဲ့ ပညာသင်ဆု ရပြီး အသဲကွဲတာတွေ မေ့ထားလို့ ညီမနှစ်ယောက် အမေရိက မှာ ပညာသွားသင်ကြတယ်။
ကြားထဲမှာ အမေရိက ကို ရောက်သွားတဲ့ ကောင်မလေး ဖူးစာဆုံတဲ့ အချစ်ဇာတ်လမ်းလည်း ပါသလို၊ ကောင်လေး ရဲ့ အိမ်ထောင်သည် ဘဝလည်းပါတယ် ။
နိုင်ငံရေးအခြေအနေတွေကြောင့် ရှောင်ခဲ့ရတဲ့ ကောင်လေးနဲ့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့အချိန်
(အသက်၇၀ ကျော်လို့ထင်) အမေရိက မှာ ပြန်ဆုံတယ်။
ကောင်လေးက အဘိုးကြီးအဖြစ် နဲ့ရောဂါရနေပြီ။ အိမ်ထောင်ကိုယ်စီဖြစ်ကုန်ကြပြီ။
နှစ်ယောက်စလုံးရဲ့ ရင်ထဲမှာ မေးစရာ တခုရှိ တယ်။ ၁၉၅၃ ဝန်းကျင်က ချိန်းထားတဲ့နေရာ ကို ဘာလို့ ရောက်မလာခဲ့သလဲဆိုတာ ။
နှစ်ယောက် ဆုံတဲ့အချိန်မှာ စာရင်းရှင်း မေးကြည့်မှ အဲ့ဒီခေတ် သူတို့ စာပေးစာယူ လုပ်တဲ့အချိန်မှ လက်ရေးတုနဲ့ သူတို့ ချစ်သူနှစ်ယောက်ကို ဝေးကွာ အောင် လုပ်ခဲ့တဲ့ သူရှိခဲ့ကြောင်း သိလိုက်ရတယ်။
Coupကာလ နိုင်ငံရေးနောက်ခံ Protesters တွေ
ကို နှိမ်နင်းနေတဲ့အချိန်၊ မိဘသဘောမတူမှု့တွေ၊ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာရခဲ့ပေမယ့်
နောက်ဆုံးချိန်ထိ ချစ်ခဲ့ကြတဲ့ ချစ်သူ နှစ်ယောက် အကြောင်း ရေးထားတယ် ။
စိတ်ကူးယဉ်ထက် သဘာဝနဲ့ နီးစပ်တယ် ။
စာပေးစာယူ လုပ်တုန်းက ပေးတဲ့ စာလေးတွေ
ဟာလည်း လှတယ် ။ ဖတ်ကြည့်ပါ။
ကိုယ်ပြောပြနိုင် တာထက်ဇာတ်လမ်းဟာ အများကြီး ပိုကောင်းပါတယ် ။
"The minute I heard my first love story, I started looking for you, not knowing how blind that was. Lovers don't finallly meet somewhere. They are in each other all along."(စာအုပ်ထဲမှာပါတဲ့ Rumi quoteလေးပါ ) .
The Stationery Shop by Marjan Kamali
Audiobook Review by BookishInFictionLand
Jan 28, 2022
5star ⭐⭐⭐⭐⭐ Romance Book for me.
📔 E Book Link 📔
No comments:
Post a Comment