📕I'm Glad My Mom Died by Jennette McCurdy
📕Memoir
ဩဂုတ်လ ၉ရက်နေ့ကမှ ထွက်ထားတဲ့ စာအုပ်၊
အခုလ အတွင်း အရမ်းဟော့ 🔥ဖြစ်နေတဲ့ စာအုပ် တအုပ်ပါ။ တချို့ပြည်နယ် စာအုပ်ဆိုင်တွေမှာ physical copy မရကြတော့ဘူးလို့တောင် ပြောကြပါတယ် ။
Nickelodeon TV series ဖြစ်တဲ့ I Carly , Sam & Cat စီးရီးထဲမှာပါတဲ့ ကလေးထိန်း နှစ်ယောက် ဖြစ်တဲ့ Sam နဲ့Cat သရုပ်ဆောင်တာ ကြည့်မိတိုင်း ရယ်ရ တယ် ၊ သဘောကျလို့ clip လေးတွေတင်တိုင်း ကြည့် ဖြစ်တယ် ။ Cat နေရာမှာ သရုပ်ဆောင်တာက Ariana Grande..
💛အခု Memoir က Sam နေရာမှာ သရုပ်ဆောင်တဲ့
Jennette McCurdy အကြောင်း ။
"Sam " ဇာတ်ကောင်ကြည့်ဖူးရင် တီဗီစီးရီးထဲမှာပါတဲ့ Sam ဟာ အစားကို အရမ်းခုံမင်တဲ့ သွက်သွက် လက်လက် ၊ ဆယ်ကျော်သက်အရွယ် ဇာတ်ကောင်၊ မြင်ရသူတွေကို ကျေနပ်စေတယ် ။ ပျော်စေတယ် ။
I'm Glad My Mom Died ဆိုတဲ့ ခေါင်း စဉ်ကို ကြည့်ပြီး တော့ Jennette McCurdy ကို "ဘယ်လို သမီးမျိုး ပါလိမ့် ၊ သမီးဆိုးလား" လို့ မထင်လိုက်ပါနဲ့ဦး ။
တကယ်တော့ Jennette McCurdy ဟာ အမေကို အရမ်းချစ်လွန်းသူ၊ အမေဖြစ်သူ ဖြစ်ချင်တဲ့ ဆန္ဒမှန်သမျှ ၊ ထိန်းချုပ်၊ ချုပ်ချယ် ၊ ပုံသွင်းသမျှ ကို အမေ မျက်နှာမညှိုးရအောင် အမေ ကင်ဆာရောဂါနဲ့ ဆုံးတဲ့အချိန်ထိ စကား နာခံခဲ့သူ ပါ။
Jennette အသက် ၆နှစ်မှာ ရုပ်ရှင်ဖျော်ဖြေရေးလောက
ကို ဝင်ဖို့အတွက် အမေဖြစ်သူက သူ့ဆန္ဒအတိုင်း လမ်းဖောက်ပေးတယ် ။ အမေဖြစ်သူက Jennette ကို သရုပ်ဆောင်လောကမှာ ကြယ်တပွင့်ဖြစ်စေချင်တာ ။
အသက်၆နှစ်ကစပြီး ကလေးသရုပ်ဆောင်လူရွေးပွဲ တွေ ဝင်ပြိုင်ပြီး သရုပ်ဆောင်ပြရတယ် ။ Jennetteက
ဒီ သရုပ်ဆောင် လောကကို မဝင်ချင်ဘူး ၊ဝါသနာမပါ ဘူး ။ ငယ်ငယ်လေးကတည်းက အကသင်တန်းတွေ၊သရုပ်ဆောင်သင်တန်းတွေ ဆက်တိုက် တက်ရတယ် ၊ရွေးခံရဖို့ ဖိအား မျိုးစုံ၊ အပယ်ခံရတာတွေ၊ ကြုံရတယ် ။
ဆယ်ကျော်သက်အရွယ်မှာ ပုံမှန်ကလေးတွေရဲ့ ဘဝလို ပျော်ရွှင်မှု့မရခဲ့ဘူး ။ အမေ ဖြစ်သူ ပျော်ရွှင်စိတ်ချမ်းသာ ဖို့ပဲ အဓိကဖြစ်ခဲ့တယ် ။
Jennette သူဖြစ်ချင်တာက စာရေးချင်တာ .
ဒါပေမယ့် အမေဖြစ်သူ က စာရေးတာထက် ၊သရုပ်ဆောင်လုပ်ဖို့ပဲ တွန်းအား၊ ဖိအားတွေပေးတယ် ။
ကလေး သရုပ်ဆောင်လောကကို ရောက်သွားပြန်တော့ လည်း Nickelodeon နဲ့ The Creator ( Dan Schneider )က အတင်းအကျပ် အရက်သောက်စေတာ ၊ ဘီကီနီဝတ်ခိုင်းပြီး အတင်းအကျပ် ဓာတ်ပုံရိုက်စေတာ မျိုး တွေ လုပ်သလို၊ နောက် တီဗီရှိုးမှာ Sam မပါအောင် လုပ်တာ ၊ Nickelodeon,The Creator ( Dan Schneider)ရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု့တွေကို အပြင်ကို သတင်း မပျံ့အောင် $300k ပေးပြီး နှုတ်ပိတ်ခိုင်းတယ် ။
Ariana grande ကို Jennette အမြဲ အားကျ မနာလိုဖြစ်ရတယ် ။ လှတယ်၊ပြည့်စုံတယ် ။လိုသမျှကိုအမေဖြစ်တဲ့သူကဖြည့်ဆည်းပေးနိုင်တယ်။
Jennette တို့ဘဝနဲ့မတူဘူး ၊ ရွယ်တူဖြစ်တဲ့ Ariana Grande က အောင်မြင်မှု့တွေ ဆက်တိုက်ရလေလေ၊ သူ့ဘဝနဲ့ ယှဉ်ပြီး Jennette စိတ်ဓာတ်ကျလေလေပဲ ။
ဒါ့အပြင် Jennette အသက်၁၁ ဝန်းကျင် အပျိုဖော် ဝင်စ ရင်သား ဖွံဖြိုးလာတဲ့အချိန်၊ ဖွံ့ဖြိုးမှု့ အားနည်း အောင်၊ ပိန်အောင် အမေဖြစ်သူက တလွဲအယူအဆ တွေနဲ့ အစားအသောက် ကယ်လိုရီ ထိန်းချုပ်တယ်။
ဆရာဝန်က Jennette အမေကို ခေါ်တွေ့ပြီး Jennette မှာ Bulimia, Anorexia တွေ ဖြစ်လာ နိုင်ချေရှိတယ်
ဆိုတာပြောခဲ့ပေမယ့် အမေဖြစ်သူ က တော့ ဆရာဝန် ပြောတာတွေ လက်မခံပဲ သမီး Jeannette ကို ကယ်လိုရီ တအားထိန်းချုပ်ပြီး စားခိုင်းတာပဲ ။
Jennette ဟာ အစားအသောက် ပုံမှန်မဖြစ်တော့ပဲ ၊ ဝိတ် အင်မတန်ကျဆင်းပြီး bulimia၊ anorexia ဖြစ်လာသလို စိတ်မတည်ငြိမ်မှု့တွေဖြစ်လာတယ်။
Therapist နဲ့လည်း အမြဲတွေ့ရတယ်။
သူ့အမေဟာ သူ့လို ကင်ဆာဖြစ်မှာစိုးလို့ အကျိတ်၊ ဘာညာ) ရင်သားရော၊ မိန်းမကိုယ် အောက်ပိုင်း ကအစ စစ်ဆေးမှု့တွေ အမြဲ လုပ်တယ် ။ Jennette အသက် ၁၇နှစ်အထိ သီးသန့်ရေချိုးခွင့်မရဘူး ။ အမေဖြစ်သူ ကပဲရေချိုးပေးတယ် ။
ဒီလို လုပ်ခံရတာတွေအတွက် Jennetteဟာ မွန်းကျပ် ပေမယ့် အမေကို မလွန်ဆန် နိုင်ဘူး ။ ကလန်ကဆန် လုပ်လိုက်လို့ သူ့ကြောင့် အမေဖြစ်သူ စိတ်မချမ်းသာမှာ စိုးရိမ်တယ် ။
Jennette ရဲ့ အီးမေးလ်၊ ဒိုင်ယာရီ၊ သရုပ်ဆောင် ဝင်ငွေက အစ အမေဖြစ်တဲ့သူကပဲ ထိန်းချုပ်ထားတာ ။
ဒါ့အပြင် အမေ ဖြစ်သူက ကင်ဆာရောဂါနဲ့ သေသွား တော့ အဖေဖြစ်သူက နောက်မိန်းမ ယူတယ် ။(အမေရဲ့ သူငယ်ချင်းပဲထင်တယ် ) ။ တနေ့တော့ သူတို့ နှစ်ယောက်က Jennette ကို ပြောစရာရှိလို့ ခေါ်တယ်။ Jennetteကတော့ ဘာများပါလိမ့်ပေါ့ ။
ဖွင့်ပြောတော့မှ သိလိုက်ရတာက အခု Jennette အဖေလို့ ယူဆထားရ သူက "သူဟာ Jennette ရဲ့ တကယ့်အဖေအရင်း မဟုတ်ကြောင်း " ပြောပြလာတယ် ။
Jennette ကတော့ ခေါင်းတွေချာချာလည်သွားရှာရမှာ။
တသက်လုံး အဖေလို့ သတ်မှတ်ထားသူက အဖေအရင်း မဟုတ်ဘူးတဲ့ ။ တကယ့်အဖေအရင်းကို တွေ့ဖို့ သိရဖို့ Jennette ကြိုးစားတယ် ။
သူ့အမေဟာ သေတဲ့အထိ Jennette ကို အဖေအရင်း အကြောင်း ဖွင့်ပြောမသွားခဲ့ဘူး။ သားသမီးကို အရုပ်တခုလို သဘောထားပြီး ဆယ်ကျော်သက်အရွယ်
ပျော်ရွှင်မှု့ဆိုတာ ဘာမှန်းမသိ ၊ အရွယ်နဲ့မလိုက်အောင် ထိန်းချုပ်ခဲ့၊ချုပ်ချယ်ခဲ့သူ ၊ ဝါသနာပါတာကို လုပ်ခွင့် မပေးခဲ့သူ ၊ သမီးဖြစ်သူရဲ့ ခန္ဓာကိုယ် မဖွံဖြိုး အောင် အစားအသောက်ပုံစံကိုပြင် ၊ကယ်လိုရီကို အဆမတန် ထိန်းချုပ်ခဲ့သူ ဟာ အခုတော့ ကင်ဆာရောဂါနဲ့ ဆုံးသွားပြီ ။
What am I supposed to do with myself? My life purpose has always been to make Mom happy, to be who she wants me to be. So without my mom, who am I supposed to be now?
အခု သူ့အမေ မရှိတော့တဲ့နောက် Jennette တစ်ယောက် သူရေးချင်တဲ့ စာ ရေးခွင့်ရခဲ့ပြီ ။ သူ့ ဝါသနာအတိုင်း စာရေးခွင့်ရခဲ့ပြီး၊ စာအုပ်လည်း တအား ဟော့ ဖြစ်ပြီးစာအုပ်တွေ ဝယ်မရဖြစ် ၊ ပေါက်ခဲ့တယ် ။
ပုံမှန် အချစ်ခံရတဲ့ မိဘကနေ ကြီးပြင်းလာတဲ့
လူ့ဂွစာ စာဖတ်သူတချို့ ပြောကြတာတွေ့မိတယ် ..
"ဘာလို့ ဒီစာအုပ်ဖတ်နေမှာတုန်း၊ သူ့ဘာသူ နာမည် ကြီးချင်လို့ ပိုက်ဆံလိုချင်လို့ ထုတ်တာ၊ လူတိုင်းက သူ့အကြောင်း စိတ်ဝင်စားမယ်ထင်လို့လား..ဘာညာ"
တကယ်က ဒီလို ခံရတဲ့ ကလေးတွေ အများကြီး ရှိကြောင်း သတိပြုမိလာစေတယ် ။
လူတိုင်းမှာက တူညီတဲ့ မိဘတွေ မရှိကြဘူး။ တချို့တွေ
ဟာ အချစ်ခံရတဲ့ မိသားစု၊ ကောင်းမွန်တဲ့ မိဘတွေရဲ့ စောင့်ရှောက်မှု့အောက်မှာ ကြီးပြင်းခွင့် မရကြဘူး ။
ကလေးကို ခံစားချက်မဲ့တဲ့ အရုပ်တရုပ်လို ၊ကိုယ်ဖြစ်စေချင်တာပဲ ပုံသွင်းဖို့ သိတဲ့ ၊ အတ္တကြီး ပြီး မိဘ မပီသတဲ့ ၊ မိဘမျိုးတွေ အများကြီးရှိတယ် ။
ရုပ်ရှင်ပိတ်ကားနောက်ကွယ်က Sam (သို့) Jennette McCurdy ရဲ့တကယ့် လက်တွေ့ဘဝဟာ သနားဖို့ ကောင်းသလို အရွယ်နဲ့မလိုက် ၊ အဲ့ဒီအရွယ်မှာ ကြုံခဲ့ရ တဲ့ ဖိအားတွေက ဖတ်ရသူကို စိတ်မကောင်းဖြစ်စေ တယ်။
Audiobook ကို Jennette McCurdy သူကိုယ်တိုင် အသံသွင်းဖတ်ပြထား တာပါ ။
You Tube မှာတင်ထားတဲ့ အင်တာဗျုးလေးတွေ အောက်မှာ ချပေးထားပါတယ်။
📕E Book ဒေါင်းချင်ရင် 📕
I'm Glad My Mom Died by Jennette McCurdy Audiobook Review by BookishInFictionLand
20 August 2022
No comments:
Post a Comment