Sunday, September 4, 2022

Everything I Never Told You by Celeste Ng

 Everything I Never Told You by Celeste Ng

📕Fiction, Family Drama


.........ဇာတ်လမ်းအကျဉ်း.....

၁၉၇၀ ဝန်းကျင်ကာလ တရုပ်၊အမေရိကန် ဖြစ်တဲ့

"လီ" မိသားစု  ကို အခြေတည်ထားတယ်။


အဖေဖြစ်သူ James က "ကာလီဖိုးနီးယား" မှာ မွေးတဲ့ "တရုပ်_အ‌မေရိကန် ကပြား၊  "ဟားဗတ်" ကဘွဲ့ရ ထားတဲ့ ပါမောက္ခ တစ်ယောက်၊ 


အမေဖြစ်သူ Maryln ကတော့  "အမေရိကန်_ လူဖြူ အမျိုးသမီး "၊ သူဟာ ဆရာဝန်ဖြစ်ချင်တဲ့ ဆန္ဒကို စွန့်လွှတ်ပြီး တခြား မိန်းကလေးတွေ အတိုင်း အိမ်ထောင်ပြု၊ ကလေး ၃‌ယောက်အတွက် အချိန်ပေးခဲ့တဲ့ မိခင်တစ်ယောက် ။


တော်ပြီး အားကိုးရတဲ့ သားကြီး Nath ၊Marilyn တို့အရမ်းချစ်ပြီး မျှော်လင့်ချက်ကြီးတဲ့ သမီးလတ် Lydia  နဲ့ သမီးငယ် Hannah နဲ့အတူ မိသားစု အချင်းချင်း နားလည် ပျော်ရွှင်တယ်လို့ ထင်ကြရင်း နေထိုင်ကြတယ်။


အပြင်ကကြည့်ရင်တော့ ပြည့်စုံတဲ့ မိသားစုပေါ့။



တနေ့မှာတော့ သူတို့မိသားစုကို ကပြောင်းကပြန် ဖြစ် စေမယ့် ကိစ္စတခုဖြစ်လာခဲ့တယ်။ ဒါကတော့ spoiler မဟုတ်သေးဘူးနော်။ စာအုပ်အစမှာ ကတည်းကပါ ပါတယ်။


Lydia is dead. But they don't know yet.


Lydia ပျောက်ဆုံးသွားတာ ။ ပျောက်ဆုံးသွားတာကို သတိထားမိလို့ရှာကြရင်း ရေ‌ကန် မှာ  Lydia ရဲ့ အလောင်းကိုတွေ့ကြတယ်။ ရဲတွေကလည်း စုံစမ်းစစ်ဆေးမှု့တွေလုပ်တယ်။


Lydiaရဲ့အကိုကြီးNathကတော့ အိမ်နီးချင်းလည်းဖြစ် ငရှုပ်‌ငပွေလေးလို့ ယူဆထားကြတဲ့ Jack ကို မသင်္ကာဘူး။ Jackမှာ လည်း လူမသိစေချင်တဲ့ အရာတခုရှိတယ်။ 


Lydia တို့ မိသားစု တစ်ယောက်ချင်းစီမှာ ဖွင့်မပြောတဲ့ လျှို့ဝှက်ချက်တွေရှိတယ် ။

 

Lydia ရဲ့ အဖေဖြစ်သူ James ဟာ ကာလီဖိုးနီးယားမှာ မွေးလာတဲ့ Chinese, အမေဖြစ်သူ Marilyn က  White, American။ အဲ့ဒီ 50s/ 70s ဝန်းကျင် ကာလမှာ လူမျိုးမတူ လက်ထပ်တာတွေမှာ ကန့်သတ်ချက်တွေ ရှိသလို အဲ့ဒီအချိန်က ခွဲခြားဆက်ဆံခံရမှု့တွေကြောင့် လူမျိုး  မတူညီတဲ့ မိဘ‌ကမွေးဖွားလာတဲ့ သားသမီးတွေ ဟာလည်း ဖြစ်ထွန်းအောင်မြင်တာ သိပ်မရှိကြဘူး။ 


Marilyn ရဲ့ အမေဖြစ်သူဟာ တရုပ်လူမျိုးဖြစ်တဲ့ James နဲ့လက်ထပ်မယ်ဆိုကတည်းက သိပ်သဘောမကျဘူး။

မင်္ဂလာဆောင်တဲ့ နေ့မှာ တခုပြောခဲ့တယ်။


"You'll change your mind,"

"You'll regret it later."

" You'll be sorry for the rest of your life."


Marilyn ကတော့ James နဲ့ သူ့တို့ ဘဝသူတို့ ရပ်တည်နိုင်တယ်ပေါ့။ အဲ့ဒီနေ့ပြီးကတည်းက Marilyn နဲ့ သူ့အမေ ထပ်မတွေ့ဖြစ်ကြတော့ဘူး ။


🚫📌ဇာတ်ကြောင်း spoiler အနည်းငယ် ပါပါတယ်။🚫

🚫

 

သမီးဖြစ် Lydia အသုဘပြီးတဲ့နောက်မှာ Marilynဆီကို  သူ့အမေဆုံးသွားကြောင်း ဖုန်းတခုဝင်လာတယ်။ Marilyn တစ်ယောက် Virginia ကို ပြန်သွားတယ်။


သူ့အမေ အိမ်ထဲဝင်တော့ သူ့အမေပုံတွေထက် ဘောင်သွင်းထားတဲ့ Maryln ငယ်ငယ်တုန်းက ပုံတွေအများကြီးတွေ့ရတယ်။ အမေဖြစ်သူဟာ တစ်ယောက်တည်း အထီးကျန်စွာနေထိုင်ခံရတဲ့ပုံ ပါပဲ ။ 


အမေဖြစ်သူရဲ့ အသုဘ ကိစ္စ စီစဉ်ပြီးလို့ Virgina က ပြန်လာတဲ့ အခါMarilyn ခေါင်းထဲ အထီးကျန်မှု့တွေ၊ ဖြစ်ချင်တဲ့ ဆရာဝန်ဘဝ မဖြစ်ခဲ့ရတဲ့ မကျေနပ်မှု့တွေ၊


သူ့ရဲ့မျှော်လင့်ချက်ဖြစ်တဲ့ အချစ်ဆုံး သမီးလတ်လေး Lydia သေဆုံးသွား တဲ့အချိန်မှာဖြစ်တဲ့ ဝမ်းနည်း ပူဆွေးမှု့ တွေ၊ စတဲ့ 

အတွေးပေါင်း သောင်းခြောက်ထောင်နဲ့ ။


Lydia ဆုံးသွားတော့  အကိုကြီးဖြစ်တဲ့ Nath နဲ့ ညီမအငယ်ဆုံး Hannah တို့ ဟာ Lydia ဆုံးသွားတဲ့ ရေကန်ဘေးမှာ လှဲနေရင်း Nath ကအမေဖြစ်သူ Marilyn ဟာ Hannah ကိုယ်ဝန်မရှိခင်  Nath တို့ ငယ်စဥ် က အိမ်ကနေ အချိန်အတော်ကြာ 

ထွက်သွား ဖူးကြောင်း၊ Lydiaနဲ့Nathတို့ အဲ့ကာလမှာ မနည်းဖြတ်သန်းခဲ့ရတာတွေ၊ မိန်းမဖြစ်သူ Marilyn က ထွက်သွားတော့ အဖေဖြစ်သူက အလုပ်မှာ စိတ်မကြည် ၊အိမ်ပြန်ရောက်တော့ သားအပေါ် မဲတယ်။


Marilyn ဟာ ယောကျာ်းနဲ့ ကလေးနှစ်ယောက်ကို ထားပြီး အိမ်ကနေ ထွက်သွားတဲ့ ကာလမှာ ကျောင်းတွေဘာတွေ ပြန်တက်ပြီး၊သူဖြစ်ချင်တဲ့ ဆရာဝန်ဘဝ ရောက်အောင် လုပ်မယ်ပေါ့ ။ ဒါပေမယ့်  ဘဝက ထင်ထားသလိုမဟုတ်ခဲ့ဘူး ။ သူ့မှာ တတိယကိုယ်ဝန် (Hannah ) လွယ်ထားရပြီ။


အဲ့ဒါနဲ့ အိမ်ပြန်လာ၊ ကလေးမွေး၊ ယောကျာ်းဖြစ်သူ James ကလည်း နွေးနွေးထွေးထွေးပဲကြိုဆိုခဲ့တယ်။


ဒီကြားထဲမှာ Marilyn ရဲ့ ယောကျာ်းဖြစ်သူ Jamesဟာ သူ့ကျောင်းသူ(တရုပ်)တစ်ယောက်နဲ့ ကွယ်ရာမှာ ဖောက်ပြန်နေသေးတယ် ။


ရဲကလည်း Lydia သေဆုံးမှု့အတွက် စုံစမ်းစစ်ဆေးမှု့ တွေလုပ်တယ်။


Marilyn ကတော့ သူ့သမီးကို တခြားတစ်‌ယောက် ယောက် ရေကန်ဆီကို သွေးဆောင် ခေါ်သွားတာ ဖြစ်နိုင်တယ်ပေါ့ ။ရဲတွေကတော့  စုံစမ်းစစ်ဆေးရေး လုပ်ကြရင်း သမီးဖြစ်သူမှာ သူငယ်ချင်း တစ်ယောက်မှ မရှိတာ သိသွားကြတယ်။ 


သမီးဖြစ်သူ Lydia ပျော်ခဲ့လား၊ အထီးကျန်ခဲ့လား။

ရည်စားရှိလား ....စသဖြင့် မေးခွန်းပေါင်းစုံအောက်မှာ Marilyn တစ်ယောက်ကတော့ ခေါင်းချည်းခါရင်း "သူ့သမီးပျော်ခဲ့တယ်"၊ "ကျောင်းစာတွေများလို့သာ သူငယ်ချင်းအပေါင်းအသင်းဘာညာ မထားနိုင်တာ၊ ဘာညာ " ဖြေတွေးလေး တွေနဲ့...

 

Marilyn တစ်ယောက် Lydia အခန်းထဲမှာနေတယ်။

ရဲတွေ ရှာတုန်းက မတွေ့လိုက်တဲ့ ခဲတံအိတ်ထဲက အိတ်ထဲမှာ Marilynဘာတွေမိသွားတယ်ထဲလဲ ။ (............)

မနက် ရဲတွေ မေးတုန်းကတောင် သူ့သမီးဟာ ၁၆နှစ်ပဲရှိသေးတာမို့ ဘယ်လိုဖြစ်နိုင်မတုန်း လို့ ဖြေခဲ့သေးတယ်။(၁၉၇၀ ကာလဝန်းကျင်ကာလက ဆယ်ကျော်သက်)


အဖေဖြစ်သူက ဟားဗတ်မှာ ပရော်ဖက်ဆာ ။ သမီးဖြစ်သူLydia ကို အပေါင်းအသင်း ဝင်ဆန့်စေချင်တယ်။  Christmas တို့၊ မွေးနေ့တို့ လက်ဆောင်ပေးရင် Lydiaဟာ လူငယ်ပီပီ အမှတ်တရ ဖန်စီ လက်ဆောင် လေးတွေ လိုချင်တယ်၊ မျှော်လင့်တယ်။ ဒါပေမယ့် အဖေနဲ့ အမေက  ပေးလိုက်ရင် ကျောင်းနဲ့ပတ်သတ်တဲ့ စာအုပ်၊ အဖေဖြစ်သူကျ အပေါင်းအသင်းဝင်ဆန့်ဖို့ စာအုပ်မျိုးတွေ ။


အဖေဖြစ်သူ Jamesဟာ သမီးLydiaတစ်ယောက် ဖုန်းဘေးနားမှာ ဖုန်းခွက်ကိုင်ပြီး စကားပြောနေလို့ သမီးမှာ သူငယ်ချင်းတွေရှိတယ်ပဲထင်တာ။ တကယ်ကLydiaမှာ သူငယ်ချင်းမရှိဘူး။ အဖေဖြစ်သူ ထင်အောင်သာ ဖုန်းခွက်ကိုင်ပြီး စကားပြောနေသလို သူပြောချင်တဲ့စကားတွေ၊ ရင်ဖွင့်ချင်တဲ့ စကားတွေကို တဖက်က နားထောင်သူမဲ့နေတဲ့ ဖုန်းခွက်ကြီး ကိုင်ပြီးသာ ပြောနေတာ။  


Lydia မှာသူငယ်ချင်းရှာဖို့အချိန်မရှိဘူး။

အမေဖြစ်သူ ဖြစ်စေချင်တဲ့အတိုင်းgradeကောင်းဖို့၊ ဆရာဝန်ဖြစ်ဖို့ ၊ စာကိုပဲ‌လေ့လာနေရတယ်။


တနေ့ အကိုဖြစ်သူ Nath ဟားဗတ်မှာ တက်ဖို့ ဆင့်ခေါ်စာရောက်လာတယ်။ အဖေဖြစ်သူ  James နဲ့Marilyn တို့ သာ သားဖြစ်သူ Nath အတွက် ဂုဏ်ယူ ဝမ်းသာနေရတဲ့အချိန်မှာ သမီးဖြစ်သူ Lydiaက Physic ကျ တယ်ဆိုတော့ မကျေနပ်မှု့တွေ၊ အားမလို အားမရ ဖြစ်မှု့တွေနဲ့ မိသားစု အပျော်တွေ ပျောက်ရပြန် တယ်။

 

သားသမီးမှာ ဖြစ်လာတဲ့ ဖိအားတွေ၊ ပွင့်လင်းမှု့မရှိတဲ့ မိသားစု ဆက်ဆံရေးတွေဟာ ကိုယ်စီ ကျိတ်ခံစားကြရင်း ပွင့်ထွက်လာတဲ့အချိန်မှာတော့...


My P.O.V 📕📖

တခါတလေကျရင် စာအုပ်တွေဟာ ဖတ်တဲ့ အချိန်ကာလ အပေါ် မူတည်ပြီး ခံစားချက်ပြောင်းသွားတက်တယ် ။


ဒီစာအုပ်ကို အရင်နှစ်က ဖတ်တုန်းက အရေးအသား မကြိုက်ခဲ့လို့ 2 star  ပဲ ပေးခဲ့ဖူးတယ်။


အခု Audiobook နဲ့ နားထောင်ရင်း  ကိုယ်လည်း Marilyn တို့ရဲ့" လီ" မိသားစုထဲ ရောက်သွားသလို ခံစားလိုက်ရတယ်။


ဒီစာအုပ်ဖတ်ပြီး  သားသမီးနဲ့ မိဘ ဆက်ဆံရေး ပွင့်လင်းဖို့ လိုတယ်ဆိုတာ သိလာရမှာဖြစ်သလို ၊


အမျိုးသမီးတွေနဲ့အနေနဲ့လည်း အိမ်ထောင်မပြုခင် ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကို ဖြစ်အောင် အရင် လုပ်၊ အိမ်ထောင်ပြုပြီး မှ ဖြစ်ချင်တာဖြစ်အောင် လုပ်ဖို့ဆိုတာ မလွယ်ကူလှဘူး။ သားသမီး တွေ မွေးလာရင် ကလေးကိစ္စတွေနဲ့ ပိုဆိုး၊ 


တချို့အမေတွေဟာ အကြောင်းအမျိုးမျိုးကြောင့် သူတို့ဖြစ်ချင်တာတွေ  ဖြစ်မလာခဲ့တဲ့အခါ၊ သားသမီးအပေါ် ကိုယ်ဖြစ်လိုတဲ့ ဆန္ဒတွေ နဲ့ ရည်မှန်းချက်တွေ ချပေးပြီး၊ ကြိုးစားခိုင်းတော့တယ်။


သားသမီး ဖြစ်ချင်တဲ့ ဆန္ဒကို တချို့ မိဘတွေ မကြည့်၊မမြင်တက်ကြဘူး ။ တဖက်က ထိန်းချုပ်ခံရတဲ့ သားသမီးက၊ ကိုယ်ဖြစ်ချင်တာ ဘာမှန်းမသိ၊ မလွန်ဆန်ရဲ ၊ ပျော်ရွှင်မှု့ ဆိုတာ ဘာမှန်းမသိ ဖြစ်ချင်တာတွေ မျိုသိပ်ရင်း ၊ စိတ်ထဲ ဖိအားတွေ ဗရပွနဲ့ ။


မိဘနဲ့ သားသမီး၊ လင်နဲ့မယား အလုပ်ကိုရှေ့တန်းတင်၊  နွေးထွေးမှု့ မရှိရင်၊ အိမ်ထောင်ရေး၊ မိသားစုဟာ  အုံ့ပုန်းတွေ ကိုယ်စီ နဲ့ သာယာမှု့မရှိ ။


အမေဖြစ်သူ Marilynဟာ သူ့ငယ်စဉ်ဘဝက စွန့်လွှတ် ခဲ့ရတဲ့ ဆရာဝန် ဘဝကို သမီးဖြစ်သူ Lydiaဆီမှာ ဖိအားပေး ကြိုးစား စေလာတဲ့အခါ...


သားသမီးမှာ ဖြစ်လာတဲ့ ဖိအားတွေ၊ ပွင့်လင်းမှု့မရှိတဲ့ မိသားစု ဆက်ဆံရေးတွေဟာ ကိုယ်စီ ကျိတ်ခံစားကြရင်း ပွင့်ထွက်လာတဲ့အချိန်မှာတော့...


Lydia is dead. 

Lydia is dead


ကိုယ်တွေ မြန်မာနိုင်ငံမှာတော့ အခုထိ Marilyn လို အမေမျိုးတွေ အများကြီးရှိတယ်။


E-Book📚

Everything I Never Told You

https://t.me/mobi_epub_ebook_and_Movie/1524?single


အ‌ရေးအသားကို သဘောမကျလှပေမယ့်

ဇာတ်လမ်းအတွက် 4star ⭐⭐⭐⭐ ပါ။

Everything I Never Told You by Celeste Ng

Audiobook Review by Bookish In Fiction Land 

21 May 2022


Awards

Everything I Never Told You was a New York Times bestseller, Amazon's #1 Best Book of 2014, and named a best book of the year by over a dozen publications. It won the Massachusetts Book Award, the Asian/Pacific American Award for Literature, the American Library Association's Alex Award, and the Medici Book Club Prize.

No comments: