Sunday, September 4, 2022

Finlay Donovan Is Killing It by Elle Cosimano

 📕 Finlay Donovan Is Killing It by Elle Cosimano 

Audiobook Review



📕 Finlay Donovan Series Book- 1

📕Mystery,Thriller,  Humorous Fiction

📕 Published - May 14,2021


 Finlay Donovan ဆိုတဲ့ အမျိုးသမီး ဟာ ငွေကြေး အဆင်မပြေတဲ့  single mom ၊  မအောင်မြင်သေး‌တဲ့ စာရေးဆရာ တစ်ယောက် ၊ ကလေးနှစ်ယောက် စရိတ် အတွက် အရင် ယောကျာ်း ဆီက တောင်းနေ ရသူ ။


တနေ့  စားသောက်ဆိုင် တဆိုင်မှာ Finlay Donovan ရဲ့ murder, mystery စာမူသစ်ကို မြန်မြန် အပြီးသတ် ပေးဖို့ ၊ Finlay ရဲ့Literary Agent ကပြောတယ် ။  မပြီးရင် ဘာညာသာရကာ သဟောက်သဟာ လုပ်ပြီး literary agent က  Finlay ကို နောက်ဆုံး စာမူအပ်ရမယ့်နေ့ due date ပေးပြီး ထွက်သွားတယ်။ 


Literary Agent နဲ့ Finlay တို့ murder,mystery စာမူကိစ္စပြောနေကြတာကို ဘေးစားပွဲက အမျိုးသမီးတစ်ယောက်က  ကြားပြီး Finlay ကို "contract killer"  ထင်သွားခဲ့တယ် ။ အဲ့နောက် သူ့ ဖုန်းနံပါတ်နဲ့ ပိုက်ဆံ စရံပေးပြီး သူယောကျာ်းကို  အစဖျောက်ပေးဖို့ တောင်းဆိုခဲ့တယ်။ 



Finlay ဟာ အမျိုးသမီးကို ပိုက်ဆံပြန်ပေးဖို့ စဉ်းစားခဲ့ ပေမယ့် အမျိုးသမီးက အလျင်အမြန်ထ ထွက်သွားခဲ့ တာကြောင့်  မမှီတော့ ဘူး။

 

အိမ်‌ပြန်ရောက်တော့ Finlayဟာ အမျိူသမီးရဲ့ ဖုန်းနံပါတ်ကို ဆက်ပြီး Finlay ဟာ contract killer မဟုတ်ကြောင်း၊ အထင်မလွှဲဖို့ ပိုက်ဆံပြန်ယူဖို့ ပြောပေမယ့် အမျိုးသမီးက လက်မခံခဲ့ဘူး ။ ခပ်ဆိုးဆိုး သူ့ယောကျာ်းကိုသာ ကိစ္စရှင်းပေးပြီးရင် ကျန်တဲ့ပိုက်ဆံ ထပ်ပေးမယ်ပေါ့ ။


နောက်ဆုံး Finlayဟာ ဘယ်လိုငြင်းငြင်း ငြင်းလို့မရ၊ ငွေကြေးခက်ခဲနေတဲ့အတူတူ လုပ်ကြည့်မယ်ဆိုပြီး

သူရှင်းပစ်ရမယ့် အမျိုးသား ထိုင်တက်တဲ့  "အရက်ဘား" ကို ဆံပင်တုတွေ နဲ့ ဒီဇိုင်းပြောင်းပြီး သွား လေ့လာတယ် ။ အဲ့လူကို ခပ်လှမ်းလှမ်းက လေ့လာ နေ တုန်း ၊ အဲ့အမျိုးသားဟာ ကောင်မလေး တစ်ယောက် သောက်မယ့်ခွက်ကို ဆေးခပ် လိုက်တာကို Finlay က မြင်လိုက်တယ် ။ 


အဲ့ဒါနဲ့ အမျိုးသားကို စကားရော ဖော‌ရောဝင်ရောပြီး ၊ ဆေးခပ်ထားတဲ့ ခွက်နဲ့ ခွက်ချင်းလဲထားလိုက်တယ် ။အဲ့အမျိုးသားဟာ  ဆေးခပ်ထားတဲ့ ခွက် မှားသောက်မိ ပြီး၊ မူး ၊သတိလစ်သွားတယ် ။ Finlay ဟာ အဲ့လူကို သူ့ဗန်ကား ထဲရောက်အောင် ထည့်ပြီး အိမ်က ကား ဂိုထောင်ကိုပဲ သယ်လာခဲ့တယ် ။ သတ်ဖို့တော့ ရည်ရွယ်ချက်မရှိဘူး။ 




အိမ်က ကားဂိုဒေါင်ထဲရောက်တော့  သတိလစ်နေတဲ့ အဲ့အမျိုးသားကို ကားပေါ်မှာပဲ ထားပြီး Finlay ကတော့ အိမ် ထဲ ခဏ ဝင်သွားခဲ့တယ်။


ပြန်ထွက်လာတဲ့အချိန်မှာ အဲ့အမျိုးသားက ကားပေါ်မှာ သေနေပြီ။  Finlayသတ်လိုက်တာတော့ မဟုတ်ဘူး။ တစ်ယောက်ယောက်က သူ့ကားဂိုဒေါင် တံခါးကို ဖွင့်ပြီး  သတ်သွားတာ။ ကျန်တဲ့အမှိုက်ကို Finlay ကရှင်းရဦး မယ်။ အဲအလောင်းကြီးနဲ့ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း Finlay တို့ကလေးနှစ်ယောက် ရဲ့ ကလေးထိန်း ကောင်မလေးက ရောက်လာပြန်တယ်။


ကလေးထိန်း နာမည်က Vero ။ ကျောင်းတက်ရင်း တဖက်က ဝင်ငွေရအောင် ကလေးထိန်း လုပ်နေသူ ။

Finlay ရဲ့ အရင်ယောကျာ်းက  Veroကို ပိုက်ဆံမပေးပဲ အလုပ်ထုတ်လိုက်တယ်။


အခုကလေးထိန်းက  Finlayရဲ့ အကြောင်းစုံကို သိသွား ပြန်‌တော့ အလောင်းဖျောက်ဖို့ သူပါ ကူညီပြီး လုပ်ပေး မယ်။ သူ့ကို ၄၀ရာခိုင်နှုန်းတော့ ငွေ ခွဲပေးရမယ် ပေါ့ ။အဲ့လိုနဲ့ ဟိုအမျိုးသားကို ကားဂိုဒေါင်ထဲ ဘယ်သူ လာသတ်သွားတာပဲဖြစ်ဖြစ်၊ Finlayနဲ့ Vero တို့

အလောင်းဖျောက်ပြီး ကိစ္စရှင်းပေးလိုက်တော့ ပိုက်ဆံရလာတယ်။


အဲ့နောက် ကိစ္စက မပြီးသေးဘူး။ ပထမသတ်ခိုင်းတဲ့ အမျိုးသမီးရဲ့ အသိ နောက် ရုရှား အမျိုးသမီး တစ်ယောက် ဟာလည်း  သူ့ယောကျာ်းကို ရှင်းချင် နေတာမို့ Finlay ကို အကူအညီတောင်းပြန်တယ် ။ 


ဒီတခါတော့Finlay ငြင်းမရအောင် တဖက်က အကျပ်ကိုင်တယ်။ ဒီတခါခိုင်းတဲ့အမျိုးသမီးဟာ ထက်ပြီး လည်သလို၊ သူ ရှင်း စေချင်တဲ့ သူ့ယောကျာ်းကလည်း ရုရှား မာဖီးယား ဂိုဏ်းက အင်မတန် ရက်စက်တဲ့ လူသတ်သမား။


ဒီကိစ္စတွေကို အကြောင်းပြုပြီး  နေ့ချင်းညချင်း နာမည်ကြီး စာရေးဆရာအဖြစ် Finlay ဘယ်လို ပြောင်းလဲသွားမလဲ ။


"Hit Mom" Finlay နဲ့ ကလေးထိန်း Vero တို့ နှစ်ယောက်  သူတို့ရှင်းပစ်ရမယ့်လူကို သတ်နိုင်ဖို့ ဘယ်လို အကြံဖန်တွေထုတ်ကြမလဲ ဆိုတာတော့ ဖတ်ကြည့်ကြပါ ။


ကြားထဲမှာ  Finlay နဲ့ ဘားဆိုင်မှာ လုပ်တဲ့ ဥပဒေကျောင်းသားလေးရဲ့ရိုမန့်စ် လေးလည်း ပါတယ်။


Finlay ရဲ့ ညီမက စုံထောက်၊သူတို့ရုံးက ခပ်ချောချော စုံထောက်နဲ့ Finlay ရဲ့ အီစီကလီ ဇာတ်လမ်းလေးလည်း ပါတယ်။


Finlay အရင်ယောကျာ်းရဲ့ နောက်မိန်းမဖြစ်သူ နဲ့  Finlayတို့ သတ်ရမယ့် လူ ရဲ့ ပတ်သတ်မှု့‌တွေလည်း ပါတယ်။


ဇာတ်ကြောင်း အကုန်ပြောပြလိုက်ရင် ဖတ်စရာလိုမှာ မဟုတ်တော့လို့ ကြားထဲမှာ ကောင်းခန်းတွေ အများကြီး မပြောပဲ ချန်ခဲ့တယ် ။ 😉


Finlay နဲ့ ကလေးထိန်း Vero တို့ရဲ့ ခင်မင်မှု့ဟာလည်း ချစ်စရာ ။ နှစ်ယောက်စလုံး တကယ့်ဗရုတ်သုတ်ခတွေ။


AudioBook နားထောင်ရင်း အစအဆုံး တချက်မှ မပျင်းရသလို Hit Mom ညဏ်ကြီးရှင် Finlay နဲ့   Vero တို့ ရဲ့ တလွဲတွေနဲ့ ရယ်နေရတယ် ။


ဇာတ်လမ်း တခုလုံး အစက အဆုံး ခပ်သွက်သွက်ပဲ ။

ကလေးနှစ်ယောက်ကလည်း အလည်လေးတွေ ။ 

Vero ရဲ့ ခပ်သောသော  ဒိုင်ယာလော့ တွေဟာလည်း ရယ်ရတယ် ။


နားထောင်နေရင်း တကယ်ကို တပြုံးပြုံးပါပဲ ။


ဒီစာအုပ်က ၂၀၂၁ မှာ ထွက်ခဲ့တဲ့ ပထမ စာအုပ်။

နိုင်ငံခြား စာအုပ်  ဂရုတွေ ထဲမှာ မနှစ်က အရမ်း "ဟော့ " ဖြစ်ခဲ့တဲ့ စာအုပ်။


အခု ၂၀၂၂ မှာ ဒုတိယတအုပ် ထွက်ထားတယ်။

ဒုတိယတအုပ်က ပိုကောင်းလာတယ်လည်း ပြောကြတယ်။ 


၂၀၂၃ မှာ တတိယ တအုပ် ထပ်ထွက်ဖို့ရှိတယ်။စာအုပ်ကာဗာလည်း ထွက်နေပြီ။


စာအုပ်ဖတ်ချင်စိတ်မရှိတဲ့အချိန်မျိုးမှာ  ခပ်သွက်သွက် ဟာသနှောပြီး ချစ်စရာ ဇာတ်လေးမျိုးလေးနဲ့ စိတ် အပန်းဖြေစရာ စာအုပ်မျိုး ဖတ်ချင်သူတွေအတွက် သင့်တော်ပါတယ်။


E Book Link ⬇️⬇️⬇️

https://t.me/mobi_epub_ebook_and_Movie/1385


#Finlay_Donovan_Is_Killing_It by Elle Cosimano #Audiobook Review by Bookish In Fiction Land 

10 Jun 2022

No comments: