📕 Before We Were Yours by Lisa Wingate
📕 Historical Fiction
📕 Domestic Fiction
ဒီစာအုပ်ဟာ ၁၉၂၀ ကနေ ၁၉၅၀ အတွင်း
Georgia Tann ရဲ့ Tennessee Children's Home Society Orphanage မှာ တကယ် ဖြစ်ခဲ့တဲ့
အဖြစ်အပျက် တွေကို အခြေတည်ပြီး fictional character အဖြစ် ပြန်ပြောင်း ရေးထားတာပေါ့ ။
Georgia Tann ဆိုတဲ့ မကောင်းတဲ့ မိန်းမကြီးဟာ ခြေတံလက်တံရှည်တယ်။ သူ့ကို မဖမ်းအောင် နိုင်ငံရေးသမား၊တရားသူကြီး၊ ရဲက အစ ငွေနဲ့ ပေါက်ပြီး အပိုင်ပေါင်းထားတာ။
Georgia Tann တို့ ကလေးခိုးဂိုဏ်းဟာ ဆင်းရဲတဲ့ မိသားစုက ကလေးတွေ၊ မိဘအဝေးထွက်နေတဲ့ အချိန်မျိုးတွေမှာ ကလေးတွေကို နည်းမျိုးစုံနဲ့ ဆွယ် ၊ ရအောင်ခိုးပြီးတော့ မိဘမဲ့ ကလေးတွေဆိုပြီး သူ့ဂေဟာမှာထား၊ ကလေးလိုချင်တဲ့ နိုင်ငံတဝှမ်းက ချမ်းသာတဲ့ မိသားစုတွေဆီ ရောင်းစားတယ်။
Georgia Tann တို့ဟာ သူတို့ ကျွေးသလို စား၊ သူတို့ထား သလိုနေ ၊ မနာခံရင် အငတ်ထား ၊ မတိုင်ရဲအောင်၊ အမှန်မပြောရဲအောင် ဗီဒိုထဲ ထည့်လှောင်ပိတ် ၊
နိုင်ငံအနှံ့က မွေးစားမယ့် လူချမ်းသာတွေဆီက တခါ ရောင်း၊ အကြောင်းတခုပြပြီး ကလေးကိုပြန်ခေါ် ၊နောက်တခါ ပိုက်ဆံထပ်ရအောင် အမြတ်ထုတ်တယ်။
ကလေးတွေကို မိဘအရင်းတွေက ပြန်ရှာလို့မရအောင် အသက်နဲ့ နာမည် နဲ့ မြို့တွေပါ တခါတည်း ပြောင်းလိုက် တယ်။ ရောင်းစားခံရတဲ့ကလေးတွေမှာ အမြတ်ထုတ်ခံရ တာတွေ ၊ နှိပ်စက်ခံရတာတွေ၊ မတရားပြုခံရတာ လည်း ရှိတယ်။ Gegoria Tann ရဲ့ တကယ့် အပြင်က ကိစ္စမှာဆို သေဆုံးသွားတဲ့ ကလေးတွေကလည်း အများကြီး ။
The Gegoria Tann Adoption Scandal လို့ google မှာ ရှာကြည့်ရင် အချက်အလက်တွေ အများကြီး တွေ့ပါ လိမ့်မယ်။ ကလေး ၅၀၀၀ လောက် အခိုး ခံရပြီး၊ သူရဲ့ စောင့်ရှောက်မှု့ မကောင်းတာကြောင့် ကလေး ၅၀၀ကျော်လောက် သေဆုံးခဲ့ရတယ်ဆိုကြတယ်။
ဒီစာအုပ်ထဲမှာ ၁၉၃၉၊ Mississippi မြစ်ပေါ်က shanty boat house မှာ မိဘတွေနဲ့ နေတဲ့ မောင်နှမ၅ယောက် ရှိတဲ့ Foss family ။
တနေ့ တော့ အမေဖြစ်သူ ဆေးရုံ တက် နေလို့ အဖေဖြစ်သူ က စောင့်ရှောက်နေတော့ အိမ်မှာ လူကြီးတွေမရှိကြဘူး ။ ၁၂ နှစ်အရွယ် Rill Foss က သူ့မောင်နှမတွေကို စောင့်ရှောက်နေတုန်း Mississippi မြစ်ပေါ်က လှေအိမ်မှာ ရှိတဲ့ Rill တို့ မောင်နှမတွေကို
ခိုးဖို့ မကောင်းတဲ့ ရဲတချို့ နဲ့ ကလေးခိုးဂိုဏ်းက လူတွေက ဖျားယောင်းပြီး ခိုးသွားကြတယ်။
Rill ဟာ အစတုန်းကတော့ အခိုးခံရတယ်လို့ မထင်ခဲ့မိ ဘူး ။ အချိန်တန်ရင် သူတို့ မိဘတွေဆီ ပြန်ရမယ်ပဲ တွေး တာ ။ တကယ်တမ်း ရောက်သွားတော့ အခြေအနေ Rill ထင်သလို မဟူတ်တဲ့အပြင် သူတို့ကို မိဘမဲ့အဖြစ် စာရင်း
သွင်းပြီး ရောင်းစားဖို့ ကလေးလိုချင် တဲ့သူတွေနဲ့ပေးတွေ့
တော့တယ်။ Rillတို့လိုပဲ ငယ်လွန်းလို့အခိုးခံရမှန်းတောင် မသိပဲ ရောက်နေတဲ့ ကလေးတွေလည်း အများကြီး။
Rill ရဲ့မောင်နှမတွေထဲက တချို့ဟာ ရောင်းစားခံရတယ်။
ရောင်းစားခံရတဲ့ မောင်နှမတွေနဲ့ မိဘတွေ ကို Rillတစ်ယောက် ဘယ်တော့မှ ပြန်မတွေ့တော့ဘူး။
တစ်ယောက်ထဲ ရင်ထဲမှာ ဘယ်လောက်တောင် အထီးကျန် လွမ်းဆွတ်နေမလဲ။
Rill တစ်ယောက် ကွဲကွာသွားတဲ့ ညီမတစ်ယောက်နဲ့ အသက်တွေကြီးပြီး နှစ်ပေါင်းများစွာကြာတဲ့ အခါမှ
ပြန်လည်ဆုံတွေ့ရဖို့ ကံပါလာတဲ့အခါ ...
Timeline နှစ်ခုဖြစ်တဲ့ Memphis,Tennessee 1939 နဲ့ Aiken , South Carolina, present day ကို တလှည့်စီ ရေးထားတယ်။1939 က character က ပို ကောင်းတယ်။ စစချင်းတော့ နှေးသလိုရှိပေမယ့် timeline နှစ်ခုဟာ နောက်ဆုံးမှာ happy ending လေး ဖြစ်သွားတယ်။
အပြင်မှာ မိဘနဲ့ မောင်နှမချင်း သေကွဲ၊ရှင်ကွဲ၊ ခွဲခံရ နှိပ်စက်ခံရတဲ့ ကလေးတွေဘဝ ဆို ဘယ်လောက် ဝမ်းနည်း ကြေကွဲစရာ ကောင်းလိုက်မလဲ ။
နိုင်ငံခြား စာအုပ် ဂရုတွေထဲ က ဒီစာအုပ်ဖတ်တဲ့သူတွေရဲ့ မန့်အောက်ဝင်ဖတ်ကြည့်မိတော့ အမျိုးသမီးတစ်ယောက် ဆိုရင် သူ့အမေရဲ့ မောင်နှမတွေ ဒီ scandal ထဲမှာ ပါခဲ့ဖူး ကြောင်း၊ နှစ်ပေါင်း ၅၂ နှစ်ကြာမှ မောင်နှမတွေ ပြန်လည် ဆုံစည်းခဲ့ရကြောင်း ရေးထားတယ်။
ဒီစာအုပ်လည်း ထုံးစံအတိုင်း AudioBook ပဲ နားထောင် လိုက်တာ ။ AudioBook ကြာချိန်က 14hr ရှိပေမယ့် ဇာတ်လမ်းကကောင်းနေတော့ ကြာတယ်လို့တောင် မထင်ရဘူး ။ ဒီစာအုပ်ဖတ်ပြတဲ့ AudioBook Narrator ဟာလည်း အရမ်းကောင်းတယ်။
ဒီစာအုပ်မဖတ်ရသေးသူတွေ ဖတ်ကြည့်ပါ ။ တကယ် ကောင်းပါတယ်။
#Before_We_Were_Yours
#AudioBook_Review byBookish In Fiction Land
17 Feb, 2022
No comments:
Post a Comment