📕The Island by Adrian McKinty
📕 Action-packed Thriller
📕ဒီစာအုပ်ဟာ May 17, 2022 ကမှ ထွက်ထားတဲ့
action-packed Thriller တအုပ် ။
........ဇာတ်လမ်းအကျဉ်း .....
အမေရိကန် မိသားစုတစု ၊ ကျွန်းတကျွန်းပေါ်ကို
အပန်းဖြေခရီးထွက်လာရင်း မမျှော်လင့်တာတွေ ဖြစ်လာတဲ့အခါ....
Tom ဟာ ဆရာဝန်တစ်ယောက် ။ ပထမ ဇနီး မရှိတော့တဲ့နောက် Heather ဆိုတဲ့ အမျိုးသမီးနဲ့ နောက်အိမ်ထောင်ပြုပေါင်းဖက်နေတာကို သူ့ကလေး နှစ်ယောက်က သိပ်သဘောမတွေ့လှဘူး။
တနေ့ Tom ဟာ အလုပ်ကိစ္စ အစည်းအဝေး တခု အတွက် Australia ကို သွားရမှာ ။ နောက်ဇနီးဖြစ်တဲ့ Heather နဲ့ ကလေးတွေ ပိုရင်းနှီး အဆင်ပြေသွား အောင် တခါတည်း ခရီးထွက်ကြမယ်ပေါ့။
Tom ရဲ့ ဆယ်ကျော်သက် အရွယ် ကလေးနှစ်ယောက် ဖြစ်တဲ့ Olivia(၁၄) နဲ့ Owen(၁၂) ဟာလည်း Australia ကို သွားရတော့မယ်ဆိုတော့ သူငယ်ချင်းတွေကို Australiaရဲ့ တောရိုင်းသဘာဝ စွန့်စားခန်းတွေကို ပြန်ဖောက်သည်ချခွင့် ရတော့မှာမို့ ပျော်နေကြတယ်။
ဒါပေမယ့် သူတို့ရောက်နေတဲ့မြို့ပေါ်မှာ ကလေးနှစ်ယောက် ထင်သလို Australia Wildlife ရဲ့ အရသာကို မရတဲ့အပြင် သူငယ်ချင်း တွေကို ပြန်ကြွားဖို့ ဓာတ်ပုံကောင်းကောင်းတောင် မရ၊ သူတို့ မြင်ချင်သလို Kangaroo တွေ၊ Koala တွေ မမြင်ရတော့ မကျေနပ် ကြဘူး။
အဲ့ဒီမှာTom ဟာ Jacko ဆိုတဲ့ မော်တော်ဘုတ် ဖယ်ရီ မောင်းတဲ့သူနဲ့တွေ့တယ် ။
Tomဟာ သူ့မိသားစုကို Australia Wildlife ရဲ့ အရသာကိုလည်း ခံစားစေချင်တာကြောင့် Jackoရဲ့ အကူအညီနဲ့ ကျွန်းတကျွန်းပေါ်ကို အရောက်သွားခဲ့ ကြတယ် ။ ငှားလာတဲ့ ကားလေးကို အဲ့ကျွန်းပေါ်မှာ မောင်းရင်း သူတို့မြင်ချင်တဲ့ Koala တွေ တွေ့လို့ မိသားစုတွေ ဓာတ်ပုံရိုက်ရင်း ကျေနပ်နေကြတယ်။
Jacko ကတော့ ဒီကျွန်းဟာ အပြင်လူ မလာကြတဲ့ သီးသန့်ကျွန်းဖြစ်တာမို့ ကျွန်းပေါ်မှာ သိပ်မကြာဖို့နဲ့၊
သူ ဖယ်ရီ ပေါ်မှာ စောင့်နေမယ့်အကြောင်း ပြောခဲ့ တယ်။
Tomတို့ မိသားစုဟာ ကျွန်းရဲ့ကြမ်းတမ်းတဲ့လမ်း ပေါ် မှာ အရှိန်နဲ့ ကားမောင်းရင်း ၊ လမ်းတနေရာမှာ သူတို့ ကားရှေ့ကို ဖြတ်လာတဲ့ စက်ဘီးတစီးနဲ့ အမျိုးသမီး တစ်ယောက်ကို ဝင်တိုက်မိပြီး အဲဒီ့ အမျိုးသမီး သေသွားခဲ့တယ်။
အားလုံးတုန်လှုပ်ပြီးတဲ့နောက် အနားမှာ အကူအညီ ရလိုရငြား ရှာကြည့်ပေမယ့် ခပ်လှမ်းလှမ်း လယ်တောအိမ် မှာ မြင်နေရတဲ့ လူတွေဟာ ရိုင်ဖယ်တွေနဲ့ နှစ်လိုဖွယ်မရှိလှဘူး။
အဲ့လိုနဲ့ Tom တို့ မိသားစု ဘာလုပ်လို့ လုပ်ရမှန်း မသိတဲ့အချိန်မှာ သေသွားတဲ့အလောင်းကို သစ်ပင်သစ်ရွက်တွေနဲ့ လုံအောင် ဖုံးပြီး "ဖယ်ရီ"ဆီကို အရောက်ပြန်ဖို့ပဲ ဆုံးဖြတ်ရတော့တယ်။
ကျွန်းပေါ်မှာ ဖုန်းလိုင်းလည်း မမိတော့ မြို့ရောက်မှ ရဲကို အကြောင်းကြားမယ်ပေါ့ ။
ဖယ်ရီပေါ်ကို တော့ရောက်ပြီ။ဖယ်ရီမောင်းတဲ့လူ
ကလည်း အလောတကြီးပြန်လာတဲ့ သူတို့မိသားစုကို မသင်္ကာဘူး။ ကားမှာလည်း သွေးစက်နည်းနည်း ရှိတာကိုး ။ Tom တို့က ပိုက်ဆံပိုပေးပြီး ဖယ်ရီ ထွက်ခိုင်းဖို့ လုပ်နေတဲ့ အချိန်မှာပဲ ကျွန်းပေါ်က လူတွေက လိုက်လာတော့တယ် ။
ကျွန်းပေါ်က လူတစုဟာ Tom တို့ မတော်တဆ တိုက်သတ်မိသွားတဲ့ အမျိုးသမီးသေဆုံးမှု့နဲ့ ပတ်သတ်ပြီး Tom တို့ မိသားစုကို ဖမ်းခေါ်သွားတယ်။
Tom တို့က သေဆုံးတဲ့ အမျိုးသမီးအတွက် ပိုက်ဆံပေးပါမယ်၊ ဒါမှ မကျေနပ်သေးရင်လည်း ရဲခေါ်လို့ရပါတယ်ဆိုတာတောင် ကျွန်းပေါ်က လူတွေက လက်မခံကြဘူး ။
ကျွန်းပေါ်မှာ ရဲကို တရားစီရင် ခွင့်မပေးဘူး။
ကျွန်းပေါ်က မိသားစုကြီး ပေါ်မှာ ဩဇာညောင်းတဲ့ _ "Ma " ဆိုတဲ့ အမျိုးသမီးကြီးရှိတယ်။
" Ma" ဆိုတဲ့ အမျိုးသမီးကြီး ဦးဆောင်ပြီး သူတို့ဘာသူတို့ပဲ Tom တို့ မိသားစုကို စီရင်ကြမှာ။ သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ ယောကျာ်းဖြစ်သူ Danny ကလည်း မကျေနပ်ဘူး ။
Tom တို့ကို အမှုန့်ကြိတ်ပစ်ချင်နေတဲ့အပြင် Tomရဲ့ သမီး ဖြစ်သူ Oliviaကို (သေသွားတဲ့ အမျိုးသမီးရဲ့ ယောကျာ်း )Danny က မျက်စိကျ လိုချင်နေတယ်။
အဲ့မှာ အငြင်းအခုန်တွေဖြစ်ကြရင်း Tomကို ဓားထိုး မိသွားပြီး သေမလို ဖြစ်သွားခဲ့တယ် ။ အဲ့ဒီတော့
Heather ကပဲ ဦးဆောင်ပြီး ကလေးနှစ်ယောက်နဲ့ ကျွန်းပေါ်က လွတ်မြောက်အောင် ကြိုးစားတော့တယ် ။
အစပိုင်းတော့ Tom ရဲ့ ကလေးနှစ်ယောက်ဟာ Heather ရဲ့ ထွက်ပြေးဖို့စီမံမှု့တွေကို လက်မခံဘူး။
နောက်ပိုင်းHeather ရဲ့ အနစ်နာခံမှု့တွေကို ကလေး နှစ်ယောက် ဘယ်လိုနားလည် လက်ခံသွားကြမလဲ ။
ကျွန်းပေါ်မှာနေတဲ့ လူတွေရဲ့နောက်ကြောင်း ရာဇဝင် ဘာတွေရှိဦးမလဲ ။
ကျွန်းပေါ်မှာ ဘယ်သူတွေ စတေးပြီး ဘယ်သူတွေ ပြန်ထွက်ခွင့်ရမလဲ ဆိုတာ...
"You should not have come to the Island".
"You should not have been speeding".
"You should not have tried to hide the body" .
"You should not have told your children that you could keep them safe ".
"NO ONE CAN RUN FOREVER ".....
Australia ကျွန်းပေါ်က အပူချိန်မြင့်မားမှု့ရယ်၊
ကျွန်းပေါ်က လူစုကို ရှောင်ရင်းတိမ်းရင်း ၊ရေနဲ့ အစာရေစာပြတ်လပ်တဲ့ ဒဏ်တွေ... audiobook နားထောင်ရင်း ကိုယ်တောင် ရေငတ်လာသလိုပဲ ။
Audiobook နားထောင်ရင်း ကျွန်းပေါ်က လူစုက ရိုင်ဖယ်တွေ တကားကား ၊ ကားတွေနဲ့ လိုက်၊ ကျွန်းပေါ်မှာ Heather တို့ ၃ယောက်က ထွက်ပြေး နဲ့ ဟောလိဝုဒ် အက်ရှင်ကားကြည့်နေရသလိုပါပဲ ။
လာတုန်းက အပျော်ခရီး၊ ဖြစ်သွားတာက တမျိုး ။
ကျွန်းပေါ်က အသက်ရှင်လွတ်မြောက်ဖို့ လွတ်လမ်း ရှာကြရမယ့် ခပ်သွက်သွက် action-packed Thriller မျိုး ဖတ်ချင်တဲ့ သူတွေအတွက် သင့်တော်ပါတယ်။
📕E-Book link⬇️⬇️⬇️
https://t.me/mobi_epub_ebook_and_Movie/1783
#The_Island by Adrian McKinty
#audiobook_review by Bookish In Fiction Land
4 June 2022
No comments:
Post a Comment