📕City Of Thieves by David Benioff
📕 Historical Fiction
ဒီစာအုပ်အစမှာ L.A screen writer တစ်ယောက်ဖြစ်တဲ့ David ဟာ Florida မှာနေတဲ့ အဖိုးဆီသွားလည်ရင်း စစ်အတွင်း Leningrad ကို Nazi တွေ ဝန်းရံထား တုန်း က အဖြစ်အပျက် တွေကို ပြောပြဖို့ အဖိုးဖြစ်သူကို တောင်းဆိုတယ်။
ဒုတိယကမ္ဘာစစ်အတွင်း Leningrad ကို ရက်ပေါင်း၉၀၀ နီးပါး Nazi တွေ ဝန်းရံထားတဲ့ အချိန်ကာလ.....
Lev Beniovဆိုတဲ့ ဆယ်ကျော်သက်အရွယ် ရုရှား ကောင်လေး တစ်ယောက်၊Lev က အသက်၁၇နှစ်အရွယ် ညဏ်ထက်တယ်၊ တခါတလေတော့ ခပ်ကြောင်ကြောင် အတွေးတွေ ရှိတယ် ။
Lev ရဲ့ဖခင်ဖြစ်သူဟာ Stalin ဆန့်ကျင်သူတွေထဲ မှာ ဖမ်းဆီးခံရပြီး ပျောက်ဆုံးသွားတဲ့အထဲပါတဲ့ Soviet Jewish ကဗျာ ဆရာတစ်ယောက်) ။
Lev ရဲ့ ကျန်တဲ့မိသားစုတွေကလည်း "မော်စကို" ကို ရောက်အောင် စစ်ရှောင်သွားနေကြပြီ ။ Lev ကတော့ နာဇီတွေရန်ကို ကာကွယ်ချင်လို့ " မော်စကို" ကိုမလိုက်ပဲ ကျန်ခဲ့တာ။
ဆောင်းတညမှာ Lev Beniov ဟာ ညကင်း စောင့်နေတုန်း ကောင်းကင်ပေါ်က အရာဝတ္ထုတခုက မလှမ်းမကမ်းမှာ ပြုတ်ကျလာတာ မြင်လိုက်တယ်။
လေထီးနဲ့ ပြုတ်ကျလာတဲ့ ဂျာမန်လေထီးစစ်သား တစ်ယောက် ၊ curfew ထုတ်ထားတဲ့အချိန်မှာ စောင့်နေ တဲ့နေရာကိုခွာပြီး၊ ပြုတ်ကျလာတဲ့ ဂျာမန်စစ်သားဆီ သွားကြည့်တယ်၊ သေနေပြီ ။ အေးခဲပြီး သေသွားတာ လည်း ဖြစ်ချင်ဖြစ်မယ်လို့ Lev တွေးတယ် ။
ဂျာမန်စစ်သားပေါ်ကအကြွင်းအကျန်စားစရာသောက်စရာများတွေ့မလားရှာတယ်၊ ရတာယူတယ်။ ဓားတချောင်း ပါတွေ့လို့ ယူလိုက်တယ် ။
မကြာလိုက်ပါဘူး ။ ကင်းလှည့်လာတဲ့ ဆိုဗီယက် စစ်သား တွေ Lev တို့ကို တွေ့သွားလို့ လိုက်ဖမ်းတယ်၊မိသွားတယ် ။ Curfew မိန့်ကို ဖောက်ဖျက်လို့၊ ကျုးကျော် ဝင်ရောက် လို့၊ နာဇီစစ်သား ပြုတ်ကျလာတဲ့အကြောင်း သတင်း မပို့လို့ စတဲ့ စွပ်စွဲချက်တွေနဲ့ Lev တစ်ယောက် အချုပ်
ထောင်ထဲရောက်တယ်။
Lev သူ့လို့ပဲ စွပ်စွဲခံပြီးအကြောင်း တခု ကြောင့် ပြစ်ဒဏ် ချခံရတဲ့Koylaဆိုတဲ့ လူငယ်တစ်ယောက်လည်းရှိတယ်။ Koylaက Lev ထက် ၃နှစ်လောက်ပိုကြီးတယ်၊ လူရည်ပိုလည်တယ်၊ သတ္တိရှိတယ် ။
သူတို့ နှစ်ယောက် ပြစ်ဒဏ်ချခံရတဲ့ အခြေအနေက
လွတ်အောင် Colonel Grechko ကြီးက
ကိစ္စအောင်မြင်ရင် နှစ်ယောက်လုံးကို လွှတ်ပေးမယ်ဆိုပြီး အချိုသပ်၊အကျပ်ကိုင်ပြီး ကိစ္စတခု ခိုင်းတယ်။
Colonel Grechko မိန်းမက သူ့သမီး မင်္ဂလာဆောင်မှာ ရိုးရာအတိုင်း မင်္ဂလာကိတ်တခုတော့ ပါမှ ရမယ်ဆိုတော့
သူ့သမီး မင်္ဂလာကိတ်မှာ အသုံးပြုဖို့ ကြက်ဥ ၁၂လုံး လိုနေတယ်၊ ကျန်တဲ့ ဂျုံတွေဘာတွေက ရပြီးပြီ။
Colonel Grechkoက Lev နဲ့ Koyla ကို ပိုက်ဆံပေး၊ curfewကာလအတွင်း ဖြတ်သန်းခွင့် စာတွေဘာတွေ ပေးပြီး ကြက်ဥ ၁၂လုံးရဖို့ ရှာခိုင်းလိုက်တယ်။
ကြက် ဥ ?????
ကျန်တဲ့အချိန်မှာတော့ ကြက်ဥ ၁၂လုံးဆိုတာ လွယ် လိမ့် မယ် ။ အစာရေစာငတ်ပြတ်အောင် ရိက္ခာပြတ်အောင် ရက်ပေါင်း ၉၀၀ နီပါး နာဇီ တွေ ဝန်းရံထားတဲ့ စစ်အတွင်း ဒီလောက်အစာရှာပါးနေတဲ့ ကာလမှာ ကြက်ဥဆိုတာ ရွှေထက်ရှားလိမ့်မယ် ။
Lev နဲ့ Koyla တို့ လမ်းကြောင်းကို အနှောင့်အယှက်ပေး မယ့် လူတစုကလည်း ရှိနေတယ် ။
Lev နဲ့ Koyla လမ်းခရီးမှာ ဘာတွေရင်ဆိုင်ရမလဲ ။
နှစ်ယောက်စလုံး အသက်ရှင်လျှက်
ပြန်လာနိုင် ကြပါ့မလား... ဆိုတာ....
စာအုပ်ထဲမှာ အခု အကျဉ်းချုံး ပြောပြတာထက် အကြောင်းအရာ အများကြီး ပို ကောင်းတယ်၊ပိုလေးနက်တယ် ။
ဆိုဗီယက် တွေရဲ့ အုပ်ချုပ်မှု့အောက်က အနိုင်ကျင့်ရက်စက်မှု့တွေ၊ နာဇီတွေ "လီနင်ဂရက်" ကို ရက်ပေါင်း ၉၀၀ လောက် ဝိုင်းထားတော့ အစာရေစာပြတ်၊ အေးခဲနေတဲ့ ဆောင်းတွင်းမှာ အငတ်ဘေးဆိုက်ပြီး အများကြီး သေကြတာတွေ... ။
The Seige of Leningrad လို့ google မှာရှာလိုက်ရင်လည်း အချက်အလက်တွေ အများကြီး ထွက်လာပါလိမ့်မယ် ။
https://www.google.com/amp/s/www.history.com/.amp/news/the-siege-of-leningrad
#City_Of_Thieves_by_David_Benioff
Book Review by Bookish In Fiction Land
29 April 2022
No comments:
Post a Comment