The Shadow Of The Wind by Carlos Ruiz Zafón
📕 Gothic, Mystery,Drama, Thriller
ယခုလအတွက် ကြိုက်မိတဲ့ 5 Star⭐⭐⭐⭐⭐ စာအုပ်တအုပ်ပါ ။
ဒီစာအုပ်ဟာ နိုင်ငံခြားက စာဖတ်အားကောင်းတဲ့ booktuberတချို့ အကြိုက်များခဲ့ကြတဲ့ စာအုပ်ပါ ။
ဘာအကြောင်းရေးထားတာလဲဆိုရင် စာအုပ် ထဲ က ဝတ္ထုစာအုပ်တအုပ်နဲ့ ၊စာရေးဆရာတစ်ယောက် ၊ သူရေးတဲ့ စာအုပ်တွေအကုန် မီးရှို့ခံရပြီး စာရေးဆရာ ကလည်း အစရှာမရ ပျောက်ဆုံးသွားရတဲ့ အကြောင်းအရင်း ကို လိုက်လံရှာဖွေမိတဲ့ Daniel ဆိုတဲ့ကောင်လေး နဲ့ Julián Carax ရဲ့ မိသားစု ၊အချစ်၊ အမုန်း ၊အာဃာတ နဲ့ ဘဝတွေအကြောင်း ။
၁၉၄၅ ခုနှစ် ဝန်းကျင် စပိန်နိုင်ငံ " ဘာစီလိုနာ " မှာ ဇာတ်အိမ်တည်ထားတယ်။ Daniel ဆိုတဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေးဟာ မိခင်ဆုံးပါး သွား ပြီမို့ စာအုပ်ဆိုင်ဖွင့်ထားတဲ့ ဖခင်ဖြစ်သူနဲ့ အတူ နေထိုင်တယ်။
ညတညမှာ Daniel ရဲ့ ဖခင်ဖြစ်သူဟာ သူ့သား Daniel ကို "ဘာစီလိုနာ " က လျှို့ဝှက် နေရာတခု ဖြစ်တဲ့ "Cementery Of Forgotten Books "ကို ခေါ်သွားခဲ့ တယ် ။
အဲ့ဒီနေရာဟာ ရှေးဟောင်းစာကြည့်တိုက်တခု၊ သက်ဆိုင်သူ အချင်းချင်းသာ ဝင်ခွင့်ရှိတဲ့နေရာ ၊
ဒီနေရာမှာ မြင်သမျှကြုံသမျှကို ဘယ်သူ့မှ မပြောဖို့ ၊ Daniel ကိုမှာတယ်။
ရိုးရာတခုအနေနဲ့ ပထမဆုံးလာတဲ့သူဟာ ဒီရှေ့ဟောင်း စာကြည့်တိုက်ထဲက စာအုပ်တအုပ်ကို ယူခွင့်ရှိတယ်၊ ဒါပေမယ့် အဲ့စာအုပ်ကို တဘဝလုံး မပျောက်အောင် အမြဲထိန်းသိမ်းထားရမယ်။
Daniel ရွေးလိုက်တဲ့ စာအုပ်က
"Julián Carax ရေးခဲ့တဲ့ The Shadow Of The Wind "
Julián Carax ရေးခဲ့တဲ့ Shadow Of The Wind စာအုပ် ကို ရပြီးတဲ့အချိန်မှာပဲ Daniel ဖတ်လိုက်တဲ့အခါ ကြိုက် သွားသလို အဲ့စာအုပ် ရေးတဲ့ စာရေးဆရာရဲ့ အကြောင်း ပါ စိတ်ဝင်စားလာလို့ စုံစမ်းကြည့်တဲ့အခါ ဘယ်သူမှ အဲ့စာရေးဆရာအကြောင်း မသိခဲ့ကြဘူး ။
ဘာလို့လဲဆိုတော့ အဲ့စာရေးဆရာရဲ့ စာအုပ်တွေရှိသမျှ ထွက်ခဲ့သမျှဟာ တချိန်က မီးရှို့ဖျက်ဆီးခံခဲ့ရသလို ၊စာရေးဆရာလည်း အစရှာမရ ၊ပျောက်ဆုံးသွားခဲ့တယ် ။
ပြင်သစ်ဘက်မှာ Julián Carax ရဲ့ စာအုပ်တွေကို ရသမျှ လိုက် ၊ ရှာ ၊စုနေတဲ့ လူတစ်ယောက်၊
Julián Carax ရဲ့ စာအုပ်ကို Daniel ရပြီးတဲ့ အချိန်
က စပြီး Daniel နောက်ကို ခိုးကြောင်ခိုးဝှက်လိုက်
နေတဲ့သူတွေ ၊ စာအုပ်ကို လိုချင်တဲ့သူတွေ၊
ရန်ပြုမယ့်သူတွေ ၊ Daniel ကလည်း Julián Carax စာအုပ် တွေ မီးရှို့ခံရတဲ့အကြောင်းအရင်း၊ ပျောက်ဆုံးသွားတဲ့ စာရေးဆရာတစ်ယောက်ရဲ့ နောက်ကြောင်း ကို တောက်လျှောက် ရေစုန်ရေဆန် လိုက်ပြီးရှာမိဖွေတဲ့အခါ.....
စာအုပ်ထဲမှာ မှတ်စရာ quotes လေးတွေ တော်တော်များတယ် ။ ဒီထဲကမှ Shadow Of The Wind ဆိုတာနဲ့ တွဲမြင်ကြတဲ့ quoteလေးတခုကို အောက်မှာ ရေးပြထားပါတယ် ။
Julián Carax ရဲ့ မိသားစုက ဖိနပ်ချုပ်ပြီး အသက်မွေး ရတာ ။ တနေ့ သူတို့ဆိုင်ကို "ဘာစီလိုနာ" က အချမ်းသာဆုံး သူဌေးကြီး Aldya က ဖိနပ်ဆိုင်ကို လာတော့ စာဖတ်နေတဲ့ Julián Carax ကို
သဘောကျ သွားတယ် ။သူ့ကို အကောင်းဆုံးကျောင်းမှာ ထားပေးမယ်ပေါ့ ။
အရင်ဆုံးစာဖတ်ဝါသနာပါတဲ့ Julián Carax ကို သူဌေးကြီးကသူ့အိမ်ကို ခေါ်လာတယ်။ သူဌေးကြီးရဲ့ သားအရင်းဖြစ်သူက စာဖတ်ဝါသနာမပါဘူး ။
အဖေဖြစ်တဲ့ သူဌေးကြီး Aldyaက သူ့ကိုယ်ပိုင် စာကြည့်တိုက်မှာ စာအုပ်တွေအများကြီးရှိတဲ့အကြောင်း ၊ သူ့သမီး Penélopeပဲ စာဖတ်ဝါသနာ ပါကြောင်း ၊ ( pg.171)
အဲ့မှာ သူဌေးကြီး Aldya ရဲ့ သား Jorge က
'Books are boring .'လို့ပြောတယ်။
Julián Carax က
"Books are mirrors: you only see in them what you; already have inside you ," လို့ ပြန်ဖြေတယ်။
အရွယ်မတူပေမယ့် Daniel အပေါ် သံယောဇဉ်ကြီးမား တဲ့ Fermín၊ ၊သူကလူကြီးဆို တော့ လူပျိုလေး Daniel ကို သင်ပေးတဲ့ Fermín ရဲ့ တချို့အခန်းတွေ၊ ဒဿနတွေ ဟာလည်း ဖတ်ရင်း၊ နားထောင်ရင်း ပြုံးစရာပါ ။
Fermín နဲ့ Daniel ရဲ့ အရွယ်မတူတဲ့ သူငယ်ချင်း မိတ်ဆွေ နှစ်ယောက် Julián Carax အကြောင်း "ဘာစီလိုနာ "တခွင် ပြဲပြဲစင်အောင် သတင်းအစအန
လိုက်လံ ၊ တူးဆွကြရင်း Julián Carax ရဲ့
ဘဝ နောက်ကြောင်း ဘာတွေ ရှာဖွေ့တွေ့ရှိမလဲ ။
Daniel နဲ့ Julián Carax တို့ နှစ်ယောက်ရဲ့ မတူညီတဲ့ Timeline နှစ်ခုက အချစ်၊ အမုန်း၊ အာဃာတတွေ ဆန်းကြယ်မှု့တွေကို 'ဂေါ့သစ်' ဆန်ဆန် ရေးထားတဲ့ ဇာတ်လမ်း ။
ဒီစာအုပ်ဟာ ဇာတ်အိမ်လည်း ကျယ်တယ်၊ စပိန် နာမည်တွေ၊ Julián Carax ရဲ့အတိတ် timeline မှာလည်း ဇာတ်ကောင်တွေများတဲ့အတွက် တချို့က
ပျင်းလို့ ဆက်ပြီး မဖတ်နိုင်ကြတာတွေရှိတယ်။
အဲ့ဒီလူတွေအတွက် Audiobook နဲ့ စာအုပ် တွဲဖတ်ဖို့ အကြံပေးချင်ပါတယ် ။ Audiobook Narrator ဟာ အရမ်း ၊ အရမ်းကောင်းသလို ဖတ်ပြတဲ့ စပိန်နာမည် တွေကို နားထောင်ရတာ အရမ်း အရသာရှိပါတယ် ။ တချို့အပိုဒ်ခွဲတွေမှာ တီးလုံးသံငြိမ့်ငြိမ့်လေးတွေ ပါ ထည့်ပေးထားတယ်။
ဒီစာအုပ်မှာ timeline ၂ခုရှိပါတယ် ။ Julián Carax ရဲ့အကြောင်းက စာလုံးစောင်းတွေနဲ့ ရေးထားပါတယ်။
မူရင်း စပိန်ကနေ ဘာသာပြန်ထားတဲ့ Lucia Graves ရဲ့ အရေးအသားကလည်း တကယ် ကြိုက်ချင်စရာပါ ။ စာအုပ်ကအတွဲ ၄အုပ်ရှိပါတယ်။ အများစုကတော့ Shadow Of The Wind ကိုပဲ သီးသန့် stand alone အနေနဲ့ ဖတ်ကြတာ များပါတယ် ။
ဒီစာအုပ်မှာ လည်း နှစ်ဖွဲ့ ကွဲပါတယ် ။ ပျင်းစရာကောင်းလို့ မကြိုက်တဲ့သူတွေရှိသလို၊
ဖတ်ရင်း ကြိုက်မိ စွဲသွားတဲ့သူကတော့ စာအုပ်ထဲက ဇာတ်ကောင်တွေ နဲ့အတူ စီးမျောဝင်သွားပြီး
ကြယ်၅လုံးပါပဲ ⭐⭐⭐⭐⭐ ။
မူရင်း စပိန်စာရေးဆရာ Carlos Ruiz Zafón ကတော့ ဇွန်လ ၁၉၊ ၂၀၂၀ ၊ အသက်၅၅နှစ် အရွယ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီမို့ ဒီလို ဇာတ်အိမ်၊ ဒီလို လက်ရာအရေးအသားမျိုးကို ထပ်ပြီး ဖတ်ခွင့် မရှိတော့ပါဘူး ။
စာအုပ်ကောင်းတယ်၊ မကောင်းဘူးကတော့ ဖတ်တဲ့သူရဲ့ အကြိုက်နဲ့ပဲ ဆိုင်ပါတယ် ။
E- Book Link ⬇️⬇️⬇️
Ellias တို့ book gp ပြောတဲ့ Shadow Of The Wind
စာရေးဆရာ ပြောထားတဲ့ Angel's Games Vs Shadow Of The Wind
#The_Shadow_Of_The_Wind by #Carlos_Ruiz_Zafón
AudioBook Review by Bookish In Fiction Land
June 18.2022
No comments:
Post a Comment